Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နှလုံး တခုမကရှိတဲ့ သက်ရှိများ

by Thutamm
October 19, 2020
Reading Time: 2min read
0
နှလုံး တခုမကရှိတဲ့ သက်ရှိများ
Share on FacebookShare on Twitter

လူတစ်ယောက် အသက်ရှင်ဖို့အတွက် အဓိက မောင်းနှင်ပေးနေတာဟာ နှလုံးဖြစ်တဲ့အတွက် နှလုံးမှာ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းလို့ ဆိုနိုင်ပါတယ်။ သွေးများကို သွေးကြောများတွင်းသို့ မောင်းနှင်ပေးရန်အတွက် ဆက်တိုက် အချိန်မှန်မှန် ကျုံ့ခြင်းပွခြင်း တို့ဖြင့် လုပ်ဆောင်ပေးဖို့က နှလုံးရဲ့တာဝန်ဖြစ်ပါတယ်။ လူ နဲ့ တိရစ္ဆာန် အားလုံးနီးပါးမှာ နှလုံးတခုစီသာ ပါရှိကြပေမယ့် အချို့သက်ရှိတွေမှာတော့ နှလုံးဟာ တခုထက်မက အပိုပါရှိနေတာကို စိတ်ဝင်စားစွာ တွေ့ရှိရပါတယ်။

တချိန်ကတော့ ပိုးဟပ်တွေမှာ နှလုံး ၁၃ ခု ရှိခဲ့တယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဒီအယူအဆဟာ ပျက်ပြယ်သွားခဲ့ပါတယ်။ အကြောင်းကတော့ ပိုးဟပ်တွေမှာ နှလုံး ၁၃ ခု ရှိတာမဟုတ်ပဲ နှလုံး ၁ ခုသာ ရှိနေလို့ပါ။ ထူးခြားတာကတော့ သူတို့ရဲ့နှလုံးဟာ ပြွန်ပုံစံ အခန်းပေါင်း ၁၃ ခန်း ပါဝင်နေတာပါ။ ဒီအတွက် နှလုံး ၁ခန်းပျက်စီးပေမယ့် ဆက်လက်ပြီး ကောင်းစွာ အလုပ်လုပ်နိုင်သေးတယ်လို့ သိရပါတယ်။ ဒီတခါတော့ နှလုံး တခုမက ရှိတဲ့ သက်ရှိ ၃ မျိုး အကြောင်းကို ဝေမျှသွားပါမယ်။

၁။ တီကောင်

တီကောင်တွေမှာ နှလုံးငါးခု ပါရှိပါတယ်။ နှလုံးအစစ်မဟုတ်ပဲ pseudo-hearts လို့ခေါ်ပြီး တခုချင်းစီမှာ နှလုံးရဲ့အလုပ်လုပ်ပုံနဲ့ တူညီတဲ့ aortic arches တစုံစီပါရှိပါတယ်။ သူတို့ရဲ့နှလုံးမှာတော့ အခန်း ၁ခုစီပဲ ပါရှိပြီး တီကောင်ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာရှိသလဲဆိုရင်တော့ ပါးစပ်နားမှာ တည်ရှိပါတယ်။

တီကောင်တွေဟာ သူတို့ရဲ့အရေပြားကို ဖြတ်ပြီး အသက်ရှုနိုင်ပါတယ်။ သူတို့ရဲ့အသက်ရှုလမ်းကြောင်းစနစ်အတွက် အစိုဓာတ်ပေါ်ကို မှီခိုနေရပြီး အောက်ဆီဂျင်ကတော့ ပင်မအင်္ဂါအစိတ်အပိုင်းအဖြစ် ထမ်းဆောင်တဲ့ aortic arch တစုံကို ဖြတ်ကာ ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီနောက်တော့ ကျန်တဲ့ arch တွေထံ သွေးတွေကို တွန်းထုတ်ပေးလိုက်ပြီးတဲ့နောက် အောက်ဆီဂျင်ပါတဲ့သွေးတွေဟာ နာ့ဗ်ဆဲလ်တွေကိုအသုံးပြုခြင်းအားဖြင့် သူတို့ရဲ့ခန္ဓာကိုယ်တခုလုံးကို ပျံနှံ့သွားစေပြီး အသက်ရှုစေတာဖြစ်ပါတယ်။

၂။ ရေဘဝဲ နဲ့ ကင်းမွန်

ဟုတ်ပါတယ်။ ရေဘဝဲ နဲ့ ကင်းမွန်တွေမှာလည်း နှလုံး ၃ခုစီ ရှိကြပါတယ်။ တခုကတော့ ပင်မနှလုံးဖြစ်ပြီး အောက်ဆီဂျင်ပါတဲ့သွေးတွေကို ခန္ဓာကိုယ်တခုလုံးကို ဖြတ်သန်းစေပါတယ်။အရံနှလုံးနှစ်ခုရဲ့တာဝန်ကတော့ oxygenation ပြုလုပ်ဖို့ သွေးတွေကို ပင်မနှလုံးထံ ပို့ဆောင်ပေးတာဖြစ်ပါတယ်။

သူတို့ရဲ့သွေးတွေဟာ ကြေးနီပါတဲ့ hemocyanin တွေပေါများစွာပါတဲ့အတွက် အပြာရောင်ဖြစ်နေတာပါ။ သမုဒ္ဒရာကြမ်းပြင်လို အေးမြပြီး အောက်ဆီဂျင်နည်းပါးတဲ့ နေရာမျိုးမှာ ဆိုရင်လည်း hemocyanin ဟာ ဟေမိုဂလိုဘင်ထက် အောက်ဆီဂျင်ကို ပိုမိုကောင်းမွန်စွာ ပို့ဆောင်ပေးနိုင်ပါတယ်။ အရံနှလုံး နှစ်ခုဟာ လိုအပ်လာရင် ပင်မနှလုံးကို ထောက်ပံ့ကူညီနိုင်စွမ်းရှိပါတယ်။

၃။ Hagfish

Hagfish ကတော့ အရိုးမဲ့ငါးတမျိုးဖြစ်ပြီး ငါးရှဉ့်လို ပုံစံမျိုးရှိပါတယ်။ ပုံမှန်အရွယ်အစားအားဖြင့် ၂ပေနီးပါးထိရှိတတ်ပြီး သမုဒ္ဒရာကြမ်းပြင်တွေမှာ ခွေနေလေ့ရှိပါတယ်။ သူတို့တွေမှာ ပါးဟပ် ၅စုံကနေ ၁၅စုံအထိပါရှိတတ်ပြီး ရွှံ့ထဲမှာမြုပ်နေရင်တောင်မှ အရေပြားကိုဖြတ်ကာ အသက်ရှုနိုင်ကြပါတယ်။

သူတို့တွေမှာတော့ နှလုံး ၄ ခု ရှိနေပါတယ်။ နှလုံးတခုက သွေးတွေကို မောင်းနှင်ပေးပြီး main pump ဖြစ်ကာ ကျန်တဲ့ နှလုံးတွေကတော့ accessory pump တွေအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ အခြားသက်ရှိတွေရဲ့နှလုံးတွေနဲ့ မတူညီတာကတော့ သူတို့ရဲ့နှလုံးဟာ အောက်ဆီဂျင်မရှိရင်တောင်မှ ၃၆နာရီလောက် ဆက်လက်ခုန်နေနိုင်သေးတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အောက်ဆီဂျင်နည်းပါး ပြတ်လပ်တဲ့ သမုဒ္ဒရာကြမ်းပြင်လို နေရာမျိုးတွေမှာ နေနိုင်ကြတာဖြစ်ပါတယ်။

—– —— ——-

(Zawgyi)

ႏွလုံး တခုမကရွိတဲ့ သက္ရွိမ်ား

လူတစ္ေယာက္ အသက္ရွင္ဖို႔အတြက္ အဓိက ေမာင္းႏွင္ေပးေနတာဟာ ႏွလုံးျဖစ္တဲ့အတြက္ ႏွလုံးမွာ ကြၽန္ေတာ္တို႔ခႏၶာကိုယ္ရဲ႕ အေရးႀကီးဆုံး အစိတ္အပိုင္းလို႔ ဆိုႏိုင္ပါတယ္။ ေသြးမ်ားကို ေသြးေၾကာမ်ားတြင္းသို႔ ေမာင္းႏွင္ေပးရန္အတြက္ ဆက္တိုက္ အခ်ိန္မွန္မွန္ က်ဳံ႕ျခင္းပြျခင္း တို႔ျဖင့္ လုပ္ေဆာင္ေပးဖို႔က ႏွလုံးရဲ႕တာဝန္ျဖစ္ပါတယ္။ လူ နဲ႔ တိရစာၦန္ အားလုံးနီးပါးမွာ ႏွလုံးတခုစီသာ ပါရွိၾကေပမယ့္ အခ်ိဳ႕သက္ရွိေတြမွာေတာ့ ႏွလုံးဟာ တခုထက္မက အပိုပါရွိေနတာကို စိတ္ဝင္စားစြာ ေတြ႕ရွိရပါတယ္။

တခ်ိန္ကေတာ့ ပိုးဟပ္ေတြမွာ ႏွလုံး ၁၃ ခု ရွိခဲ့တယ္လို႔ ထင္မွတ္ခဲ့ၾကေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဒီအယူအဆဟာ ပ်က္ျပယ္သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ ပိုးဟပ္ေတြမွာ ႏွလုံး ၁၃ ခု ရွိတာမဟုတ္ပဲ ႏွလုံး ၁ ခုသာ ရွိေနလို႔ပါ။ ထူးျခားတာကေတာ့ သူတို႔ရဲ႕ႏွလုံးဟာ ႁပြန္ပုံစံ အခန္းေပါင္း ၁၃ ခန္း ပါဝင္ေနတာပါ။ ဒီအတြက္ ႏွလုံး ၁ခန္းပ်က္စီးေပမယ့္ ဆက္လက္ၿပီး ေကာင္းစြာ အလုပ္လုပ္ႏိုင္ေသးတယ္လို႔ သိရပါတယ္။ ဒီတခါေတာ့ ႏွလုံး တခုမက ရွိတဲ့ သက္ရွိ ၃ မ်ိဳး အေၾကာင္းကို ေဝမွ်သြားပါမယ္။

၁။ တီေကာင္

တီေကာင္ေတြမွာ ႏွလုံးငါးခု ပါရွိပါတယ္။ ႏွလုံးအစစ္မဟုတ္ပဲ pseudo-hearts လို႔ေခၚၿပီး တခုခ်င္းစီမွာ ႏွလုံးရဲ႕အလုပ္လုပ္ပုံနဲ႔ တူညီတဲ့ aortic arches တစုံစီပါရွိပါတယ္။ သူတို႔ရဲ႕ႏွလုံးမွာေတာ့ အခန္း ၁ခုစီပဲ ပါရွိၿပီး တီေကာင္ခႏၶာကိုယ္ရဲ႕ ဘယ္ေနရာမွာရွိသလဲဆိုရင္ေတာ့ ပါးစပ္နားမွာ တည္ရွိပါတယ္။

တီေကာင္ေတြဟာ သူတို႔ရဲ႕အေရျပားကို ျဖတ္ၿပီး အသက္ရႈႏိုင္ပါတယ္။ သူတို႔ရဲ႕အသက္ရႈလမ္းေၾကာင္းစနစ္အတြက္ အစိုဓာတ္ေပၚကို မွီခိုေနရၿပီး ေအာက္ဆီဂ်င္ကေတာ့ ပင္မအဂၤါအစိတ္အပိုင္းအျဖစ္ ထမ္းေဆာင္တဲ့ aortic arch တစုံကို ျဖတ္ကာ ခႏၶာကိုယ္အတြင္းကို ဝင္ေရာက္လာတာျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ က်န္တဲ့ arch ေတြထံ ေသြးေတြကို တြန္းထုတ္ေပးလိုက္ၿပီးတဲ့ေနာက္ ေအာက္ဆီဂ်င္ပါတဲ့ေသြးေတြဟာ နာ့ဗ္ဆဲလ္ေတြကိုအသုံးျပဳျခင္းအားျဖင့္ သူတို႔ရဲ႕ခႏၶာကိုယ္တခုလုံးကို ပ်ံႏွံ႔သြားေစၿပီး အသက္ရႈေစတာျဖစ္ပါတယ္။

၂။ ေရဘဝဲ နဲ႔ ကင္းမြန္

ဟုတ္ပါတယ္။ ေရဘဝဲ နဲ႔ ကင္းမြန္ေတြမွာလည္း ႏွလုံး ၃ခုစီ ရွိၾကပါတယ္။ တခုကေတာ့ ပင္မႏွလုံးျဖစ္ၿပီး ေအာက္ဆီဂ်င္ပါတဲ့ေသြးေတြကို ခႏၶာကိုယ္တခုလုံးကို ျဖတ္သန္းေစပါတယ္။အရံႏွလုံးႏွစ္ခုရဲ႕တာဝန္ကေတာ့ oxygenation ျပဳလုပ္ဖို႔ ေသြးေတြကို ပင္မႏွလုံးထံ ပို႔ေဆာင္ေပးတာျဖစ္ပါတယ္။

သူတို႔ရဲ႕ေသြးေတြဟာ ေၾကးနီပါတဲ့ hemocyanin ေတြေပါမ်ားစြာပါတဲ့အတြက္ အျပာေရာင္ျဖစ္ေနတာပါ။ သမုဒၵရာၾကမ္းျပင္လို ေအးျမၿပီး ေအာက္ဆီဂ်င္နည္းပါးတဲ့ ေနရာမ်ိဳးမွာ ဆိုရင္လည္း hemocyanin ဟာ ေဟမိုဂလိုဘင္ထက္ ေအာက္ဆီဂ်င္ကို ပိုမိုေကာင္းမြန္စြာ ပို႔ေဆာင္ေပးႏိုင္ပါတယ္။ အရံႏွလုံး ႏွစ္ခုဟာ လိုအပ္လာရင္ ပင္မႏွလုံးကို ေထာက္ပံ့ကူညီႏိုင္စြမ္းရွိပါတယ္။

၃။ Hagfish

Hagfish ကေတာ့ အ႐ိုးမဲ့ငါးတမ်ိဳးျဖစ္ၿပီး ငါးရွဥ့္လို ပုံစံမ်ိဳးရွိပါတယ္။ ပုံမွန္အ႐ြယ္အစားအားျဖင့္ ၂ေပနီးပါးထိရွိတတ္ၿပီး သမုဒၵရာၾကမ္းျပင္ေတြမွာ ေခြေနေလ့ရွိပါတယ္။ သူတို႔ေတြမွာ ပါးဟပ္ ၅စုံကေန ၁၅စုံအထိပါရွိတတ္ၿပီး ႐ႊံ႕ထဲမွာျမဳပ္ေနရင္ေတာင္မွ အေရျပားကိုျဖတ္ကာ အသက္ရႈႏိုင္ၾကပါတယ္။

သူတို႔ေတြမွာေတာ့ ႏွလုံး ၄ ခု ရွိေနပါတယ္။ ႏွလုံးတခုက ေသြးေတြကို ေမာင္းႏွင္ေပးၿပီး main pump ျဖစ္ကာ က်န္တဲ့ ႏွလုံးေတြကေတာ့ accessory pump ေတြအျဖစ္ တာဝန္ထမ္းေဆာင္ပါတယ္။ အျခားသက္ရွိေတြရဲ႕ႏွလုံးေတြနဲ႔ မတူညီတာကေတာ့ သူတို႔ရဲ႕ႏွလုံးဟာ ေအာက္ဆီဂ်င္မရွိရင္ေတာင္မွ ၃၆နာရီေလာက္ ဆက္လက္ခုန္ေနႏိုင္ေသးတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေအာက္ဆီဂ်င္နည္းပါး ျပတ္လပ္တဲ့ သမုဒၵရာၾကမ္းျပင္လို ေနရာမ်ိဳးေတြမွာ ေနႏိုင္ၾကတာျဖစ္ပါတယ္။

Tags: animals
Next Post
ဒိန်းမတ်နိုင်ငံ အကြောင်း သိကောင်းစရာ

ဒိန်းမတ်နိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!