Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နှစ် ၂၀လုံး ရုန်းကန်ခဲ့ရသူ (သို့) IDOL ပွဲစဉ်တွေရဲ့ အဓိကပုဂ္ဂိုလ်တစ်ယောက်

by Thutamm
July 24, 2019
Reading Time: 1min read
0
နှစ် ၂၀လုံး ရုန်းကန်ခဲ့ရသူ (သို့) IDOL ပွဲစဉ်တွေရဲ့ အဓိကပုဂ္ဂိုလ်တစ်ယောက်
Share on FacebookShare on Twitter

ဆိုင်မွန် ကို ကျွန်တော်တို့အများစုသိကြတာကတော့ American Idol ရဲ့ ထူးထူးခြားခြား ဒိုင်တစ်ယောက်အဖြစ်နဲ့ပါ။ ဒိုင်တွေမှာ သူက အဓိကဒိုင်ဖြစ်သလို သူ့ရဲ့မှတ်ချက်တွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကောင်းတဲ့လူကို ဖက်ကဲတလှင်းချီးမွမ်းတတ်သလို စိတ်တိုင်းမကျတဲ့သူတွေ့ရင်လည်း

“ကျွန်တော်ရိုင်းတာတော့မဟုတ်ပါဘူး၊ ဒါပေမယ့်ဗျာ..” ဆိုတဲ့ စကားအစချီကာ ပြစ်ပြစ်နှစ်နှစ်ဝေဖန်တတ်သူ တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလောက်လူတွေစိတ်ဝင်စားရတဲ့သူဟာ ဘယ်သူပါလဲ ၊ အဆိုတော်လား ၊ ဟောလိဝုဒ်က သရုပ်ဆောင်လား… မဟုတ်ပါဘူး၊ ဆိုင်မွန်ဟာ သီချင်းထုတ်လုပ်သူ တီဗီအစီအစဉ်တွေကို တင်ဆက်သူတစ်ယောက်သာဖြစ်ပါတယ်။

ဂီတနယ်ထဲကို ဝင်ဖို့ကြိုးစားနေတဲ့ လူငယ်ခြောက်ယောက်နဲ့ဖွဲ့စည်းထားတဲ့ အိုင်းရစ်ဂီတအဖွဲ့လေးတစ်ဖွဲ့ဟာ သူတို့ကို ကူညီမယ်ဆိုတဲ့  ပရိုဂျူစာတစ်ယောက်နဲ့ သွားတွေ့ပါတယ်။ အဲဒီလူက “မင်းတို့ အသံတွေ မဆိုးပါဘူး။ ဒါပေမယ့် ရုပ်တော့အတော်ဆိုးတယ်ကွာ။ ငါတွေ့ဖူးသမျှထဲမှာတော့ ရုပ်အဆိုးဆုံးပဲ” လို့ လူငယ်အဖွဲ့ကို မညှာမတာပြောခဲ့ပါတယ်။

ပြီးတော့ အဲဒီသူက ဆက်ပြီးတော့ ” မင်းတို့ထဲက သုံးယောက်ကိုတော့ ထုတ်မှရမယ်ကွ” လို့ဆက်ပြောခဲ့ပါတယ်။ လူငယ်အဖွဲ့မှာ တကယ်ပဲ သုံးယောက်အထုတ်ခံခဲ့ရပြီး အသစ်နှစ်ယောက်နဲ့ထပ်ပေါင်းခြင်းခံခဲ့ရပြီး အဖွဲ့သစ်တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ နောက်ပိုင်းမှာ မသိသူမရှိအော်ငမြင်ခဲ့တဲ့ Westlife အဖွဲ့ပဲဖြစ်ပါတယ်။ သူတို့ကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့တဲ့ထုတ်လုပ်သူကတော့ တခြားသူမဟုတ်ပါဘူး။ Simon Cowell ပဲဖြစ်ပါတယ်။

Simon ဟာ တိုုင်းမ်မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှုအရှိဆုံး လူ၁၀ဝ စာရင်းမှာပါဝင်ခဲ့ဖူးသူဖြစ်တာကြောင့် နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ သူ့ရဲ့အရည်အချင်းကတော့ လူတစ်ယောက်ဟာ Talent ဘယ်လောက်ရှိတယ် ၊ အောင်မြင်နိုင်တယ်ဆိုတာ တွက်ဆနိုင်တာပဲဖြစ်ပါတယ်။ သူစင်တင်ပေးပြီး အောင်မြင်ခဲ့တဲ့သူတွေ မနည်းမနောပေါ်ထွက်ခဲ့ပါတယ်။ ဒီအထဲမှာ နောက်တစ်ဖွဲ့ကတော့ One Direction အဖွဲ့ဖြစ်ပါတယ်။

အောက်က အချက်တွေကတော့ ဆိုင်မွန် နဲ့ ပတ်သတ်တဲ့အချက်အလက်တချို့ဖြစ်ပါတယ်။

သူဟာ Pop Idol, The X Factor, American Idol နဲ့ Britain’s Got Talent အစီအစဉ်တွေရဲ့ အဓိကစီစဉ်သူဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။

ဆိုင်မွန်ရဲ့ နာမည်အပြည့်အစုံက Simon Phillip Cowell ဖြစ်ပါတယ်။ ဆိုင်မွန်ကို 7 October 1959 မှာ အင်္ဂလန်နိုင်ငံ Brighton မှာမွေးခဲ့ပါတယ်။ အဖေက အိမ်ခြံမြေပွဲစား နဲ့ ဂီတဆိုင်ရာစီးပွားရေးသမားဖြစ်ပြီး အမေကတော့ ဘဲလေးကချေသည်တစ်ဦးပါ။

ဆိုင်မွန်ဟာ သက်သက်လွတ်သမားဖြစ်ပြီး တိရစ္ဆာန်ချစ်မြတ်နိုးသူတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ တီရှပ်ကြီးပဲဝတ်တတ်သူဖြစ်ပြီး အကြောင်းပြချက်ကတော့ ဝတ်ရချွတ်ရလွယ်လို့ ပေါ့ပါးလို့ပဲဖြစ်ပါတယ်။ သူ့မှာ  Armani အမျိုးအစားတီရှပ်ချည်းပဲ အထည် ၃၀ကျော်ရှိပါတယ်။

အသက် ၁၂ နှစ်အရွယ်မှာ ဘတ်စ်ကားကို အရုပ်သေနတ်နဲ့ ဓားပြတိုက်ခဲ့ဖူးပါတယ်။ ဒီအတွက် သူအဖမ်းခံခဲ့ရပါတယ်။

ငယ်စဉ်က အလွန်ဆိုးသွမ်းလွန်းတာကြောင့် ကျောင်းပေါင်း ၁၆ကျောင်း ပြောင်းတက်ခဲ့ရပါတယ်။

Windsor နည်းပညာကောလိပ် နဲ့ Dover College ကောလိပ်တို့မှာ ဘာသာစကား ၊ စာပေ နဲ့ လူမှုဆက်ဆံရေးပညာတွေကိုတက်ရောက်ခဲ့ပေမယ့် သူ့ပညာရေး ဆုံးခန်းမတိုင်ခဲ့ပါဘူး။

ဒါရိုက်တာတစ်ယောက်ရဲ့ တောက်တိုမယ်ရအလုပ်လုပ်ဖူးသလို ဂီတဆိုင်ရာအလုပ်တော်တာ်များများကို လုပ်ခဲ့ဖူးပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ၊ အထက်လူကြီးတွေနဲ့ အဆင်မပြေမှုတွေဖြစ်တာကြောင့် ထွက်ခဲ့ရပါတယ်။ အဖေဖြစ်သူလုပ်နေတဲ့ EMI Music Publishing မှာ သွင်းပေးခဲ့ပေမယ့် တိုးတက်ဖို့လမ်းမရှိတာကြောင့် ထွက်ခဲ့ပြန်ပါတယ်။

ကိုယ်ပိုင် ဂီတထုတ်လုပ်ရေးတည်ထောင်ခဲ့ပြီး မနားမနေ ကြိုစားခဲ့ပေမယ့် အရှုံးသာပေါ်ခဲ့ပါတယ်။ အားကစားလေ့ကျင့်ခန်းဗီဒီယိုတွေ ၊ သီချင်းခွေ ၊ အော်ပရာခွေတွေ မျိုးစုံထုတ်လုပ်ရေးလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပြန်ပါဘူး။ တခွေအနည်းငယ်ပေါက်ခဲ့ပေမယ့် မပေါက်တာက ခပ်များများဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာတော့ လုံးဝမလုပ်နိုင်တော့တဲ့အထိ ချွတ်ခြုံကျသွားခဲ့ပြီး မိဘအိမ်မှာပြန်နေခဲ့ရတဲ့အထိ ဖြစ်သွားပါတယ်။

ဒါပေမယ့် သူအရှုံးမပေးခဲ့ပါဘူး။ အနုပညာလောကထဲကိုပဲ ပြန်ဝင်ခဲ့ပြီး တစိုက်မတ်မတ်ပြန်လုပ် ပြန်ကြိုးစားခဲ့ပါတယ်။ နှစ်ပေါင်း ၂၀နီးပါး အရှုံးမပေးပဲကြိုးစားခဲ့တဲ့အခါမှာတော့ သူဟာ အောင်မြင်တဲ့ဂီတခွေပေါင်းများစွာကို ထုတ်လုပ်နိုင်ခဲ့သလို ၊ ရွက်ပုန်းသီးအချို့ကိုလည်း အောင်မြင်သူတွေဖြစ်အောင်ပံ့ပိုးနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းတော့ သူစီစဉ်တဲ့အစီအစဉ်တွေဆက်တိုက်အောင်မြင်ခဲ့ပြီး ၂၀၁၃ ကနေ ၂၀၁၄ အထိမှာတင် သူ့ရဲ့  လစာငွေစုစုပေါင်း ဟာ ဒေါ်လာ ၉၅သန်း အထိရရှိခဲ့ပါတယ်။ အခုဆိုရင် သူရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ သန်း ၃၀ဝကျော်သွားပါပြီ။

သူ့ရဲ့အောင်မြင်ရေး စည်းမျဉ်း ၁၀ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ စိတ်ရှည်ရှည်ထားပါ။

၂။ အကြောက်တရားနဲ့ မနေပါနဲ့။

၃။ မလျှော့တမ်းကြိုးစားပါ။

၄။ စွန့်စားသင့်တဲ့နေရာမှာ ရဲရဲဝံ့ဝံ့စွန့်စားပါ။

၅။ ရေရှည်အတွက်လည်း စဉ်းစားထားပါ။

၆။ ကိုယ်ဝါသနာပါတဲ့ အရာတွေကိုပဲဖန်တီးပါ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုပဲလုပ်ပါ။

၇။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။

၈။ ဘယ်သူကိုမဆို အသိအမှတ်ပြုဖို့ဝန်မလေးပါနဲ့။

၉။ အလုပ်လုပ်တဲ့နေရာမှာ ရေမြုပ်တုံးလိုကျင့်ပါ။ ကြုံလာသမျှ သင်ခန်းစာ အတွေ့အကြုံတွေကို စုပ်ယူဖို့ကြိုးစားပါ။

၁၀။ အမှားကို ဝန်ခံပါ။ ရက်ရက်စက်စက်ရိုးသားလိုက်ပါ။

သုတဇုန် မိတ်ဆွေများအတွက် တတ်နိုင်သလောက် ရှာဖွေရေးသားထားတာဖြစ်လို့ လိုတာတွေရှိရင် ထပ်ဖြည့်သွားကြပါဦး 🙂

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
သမိုင်းတလျှောက် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်အကြောင်း

သမိုင်းတလျှောက် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!