Special forces လို့ခေါ်တဲ့ အထူးတပ်ဖွဲ့တွေဟာ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တခုဖြစ်ပြီး အထူးစစ်ဆင်ရေးတွေမှာ ပါဝင်ဆင်နွဲလေ့ရှိပါတယ်။ SOF လို့ ခေါ်တဲ့ ဒီအထူးတပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေး နဲ့ နည်းစနစ်ပေါင်းစုံကို လေ့ကျင့်ထားလေ့ရှိပြီး အထူးတာဝန်ရှိမှသာ ပေါ်ထွက်လာလေ့ရှိကြပါတယ်။
အထူးတပ်ဖွဲ့တွေဟာ ၂၀ ရာစုအစောပိုင်းကတည်းက စတင်ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ကာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာတော့ ဒီတပ်ဖွဲ့တွေရဲ့ ပါဝင်မှုဟာ ကြီးထွားလာခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ နိုင်ငံတော်တော်များများမှာ အထူးတပ်ဖွဲ့တွေကို ဖွဲ့စည်းထားရှိပြီး တချို့နိုင်ငံကြီးတွေဆိုရင် အထူးတပ်ဖွဲ့ပေါင်း ၃၀ ထက် မနည်းရှိနေပါတယ်။
ကမ္ဘာပေါ်က အထူးတပ်ဖွဲ့တွေထဲမှာ ဗြိတိသျှတို့ရဲ့ SAS ၊ အမေရိကန်ရဲ့ Navy SEALs ၊ အစ္စရေးရဲ့ Sayeret Matkal ၊ ပြင်သစ်ရဲ့ GIGN ၊ ရုရှားရဲ့ Alpha စတဲ့ အထူးတပ်ဖွဲ့တွေဟာ အလွန် ထင်ရှားပါတယ်။ အထူးတပ်ဖွဲ့ဆိုတဲ့အတိုင်း အထူးလေ့ကျင့်ထားရသလို လိုအပ်တဲ့ ဝတ်စုံ နဲ့ လက်နက်ကိရိယာတွေကို အပြည့်အ၀ တပ်ဆင်ပေးထားလေ့ရှိပါတယ်။ ဒီနေရာမှာ တချို့အထူးတပ်ဖွဲ့တွေရဲ့ ဝတ်စုံဒီဇိုင်းတွေဟာ ပုံမှန်နဲ့ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒီတခါမှာတော့ နိုင်ငံတကာက အထူးတပ်ဖွဲ့အချို့ရဲ့ ဝတ်စုံဒီဇိုင်းတွေကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။
Discussion about this post