• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နိုင်ငံကိုကာကွယ်ဖို့ နှစ်ပေါင်း ၄၀ကျော် မရပ်မနား သစ်ပင်စိုက်ခဲ့သူ

by Thutamm
May 24, 2020
Reading Time: 1min read
0
နိုင်ငံကိုကာကွယ်ဖို့ နှစ်ပေါင်း ၄၀ကျော် မရပ်မနား သစ်ပင်စိုက်ခဲ့သူ
Share on FacebookShare on Twitter

(Unicode)

အသက် ၈၃နှစ်အရွယ် Antonio Vicente ဟာ သူ့ဘဝရဲ့ ဆယ်စုနှစ် ၄စုကို သစ်ပင်စိုက်ပျိုးဖို့အတွက်ပဲ လုံးပန်းခဲ့ပါတယ်။ ဘရာဇီးက မြေပိုင်ရှင်တွေဟာ သစ်တောတွေကိုဖျက်ပြီး အိမ်တွေဆောက်လုပ်ရောင်းချလာခဲ့တဲ့အတွက် မိုးသစ်တောတွေတဖြည်းဖြည်း နည်းပါးလာခဲ့ပါတယ်။

အဘိုးအို Antonio ဟာ ငယ်စဉ်ဘဝက သစ်တောထဲမှာပဲ ကြီးပြင်းလာခဲ့သူဖြစ်တဲ့အတွက် အဲဒီအချိန်တုန်းကလိုမျိုး သစ်ပင်တွေကို သာသာယာယာရှိစေချင်ခဲ့ပါတယ်။ ဒါကြောင့် သူအသက် ၄၀ ဝန်းကျင်မှာ သစ်တောတွေပြန်ဖြစ်လာစေဖို့ သစ်ပင်တွေစစိုက်ပါတော့တယ်။

၁၉၇၃ခုနှစ်မှာ သူဟာ ဆော်ပေါ်လိုမြို့အစွန်အဖျားက မြေ ၃၁ဟက်တာကို ဝယ်ယူပြီး သူ့စိန်ခေါ်မှုကို စတင်ခဲ့ပါတယ်။ အများစုကတော့ မြေတွေဝယ်ယူပြီးရင် သီးနှံများစိုက်ပျိုးလေ့ရှိပေမယ့် Antonio ကတော့ သစ်တောအတွက်သာ ရည်ရွယ်ပြီး အပင်ကြီးတွေကိုသာ စိုက်ပျိုးခဲ့ပါတယ်။

ဒီအတွက် “မြေတွေရှိရက်နဲ့ သီးပင်စားပင်တွေ စိုက်ရောင်းပါလား ၊ ဒါမှမဟုတ် စားကျက်မြေလုပ်ပြီး မွေးမြူရေးလုပ်ပါလား ၊ မင်း သစ်ပင်တွေစိုက်တော့ ပိုက်ဆံတစ်ပြားမှ မရတဲ့အပြင် မင်းဆီကပဲထွက်နေမှာ” စတဲ့မိတ်ဆွေတွေ အိမ်နီးချင်းတွေရဲ့ အမျိုးမျိုး အပြစ်တင်ခြင်းကိုခံရပါတယ်။ ဒါပေမယ့် Antonio ဟာ သူ့ရဲ့အိပ်မက်ကို မစွန့်ခဲ့ပါဘူး။

“ကျောက်မီးသွေးထုတ်လုပ်မှု နဲ့ စားကျက်မြေဖန်တီးမှုတွေကြောင့် သစ်ပင်သစ်တောတွေ ဆုံးရှုံးနေရပြီ။ ကျွန်တော်တို့ဟာ ပိုက်ဆံထက် သန့်ရှင်းလတ်ဆတ်တဲ့လေနဲ့ ရေကို ပိုလိုအပ်ပါတယ်။ ဒါကြောင့် သစ်ပင်တွေဟာ လူသားတို့ရှင်သန်ရေးမှာ ပိုက်ဆံထက်ပိုအရေးကြီးတယ်လို့ ကျွန်တော်ခံယူထားတယ်။”

သူဟာ သူ့ဘဝတစ်ဝက်လုံးလုံးကို သစ်ပင်စိုက်ရင်းနဲ့ ချို့တဲ့စွာအချိန်ကုန်ခဲ့ပါတယ်။ သူ့ရဲ့မနက် နေ့လည် ည အစားအစာတွေဟာ ငှက်ပျောသီး နဲ့ ဆင်းဒ်ဝစ်အချို့သာဖြစ်ပါတယ်။ ယခု အချိန်နှစ်ပေါင်း ၄၀ ကြာပြီးတဲ့နောက်မှာ သူ့အိပ်မက်ဟာ တကယ်ဖြစ်လာခဲ့ပါပြီ။

သူ့ရဲ့စွမ်းဆောင်မှုကြောင့် သူ့ရဲ့မြေဟာ သစ်တောကြီးဖြစ်လာခဲ့ပြီး တောရိုင်းတိရစ္ဆာန်လေးတွေရဲ့ အိမ်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့သစ်တောအတွင်းမှာ ရေအရင်းမြစ် ရရှိနိုင်တဲ့ နေရာ ၂၀ လည်းရှိခဲ့ပြီလို့ အဘိုးအိုက ဆိုပါတယ်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပေမယ့် သူဟာ ယခုတိုင် သစ်ပင်တွေကို စိုက်ပျိုးနေဆဲပါ။

အဘိုးအိုဟာ နှစ် ၄၀အတွင်းမှာ သစ်ပင်ပေါင်း ၅သောင်းကျော်ကို သူ့ရဲ့ ၃၁ဟက်တာမြေပေါ်မှာ စိုက်ပျိုးခဲ့ပါတယ်။ ဘရာဇီးဟာ ၂၀၁၅-၂၀၁၆ နှစ်အတွင်းမှာတင် သစ်တောဧက ၈၀၀၀ခန့်ဟာ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့် ဒီအနေအထားနဲ့ နှိုင်းယှဉ်ရင် အဘိုးအိုရဲ့ ၃၁ဟက်တာ ဟာ ရေပေါက်လောက်ပဲ ရှိပါတယ်။

ရာသီဥတုကောင်းမွန်ဖို့ သစ်တောတွေဟာ မရှိမဖြစ်အရေးပါတယ်လို့ ခံယူထားတဲ့ အဘိုးအိုကတော့ သူ့ဘဝတစ်လျှောက်လုံးကြိုးစားမှုအတွက် နောင်တမရပဲ ပျှော်ရွှင်လျှက်ရှိပါတယ်။

——— ——– ————-

(Zawgyi)

ႏိုင္ငံကိုကာကြယ္ဖို႔ ႏွစ္ေပါင္း ၄၀ေက်ာ္ မရပ္မနား သစ္ပင္စိုက္ခဲ့သူ

အသက္ ၈၃ႏွစ္အ႐ြယ္ Antonio Vicente ဟာ သူ႔ဘဝရဲ႕ ဆယ္စုႏွစ္ ၄စုကို သစ္ပင္စိုက္ပ်ိဳးဖို႔အတြက္ပဲ လုံးပန္းခဲ့ပါတယ္။ ဘရာဇီးက ေျမပိုင္ရွင္ေတြဟာ သစ္ေတာေတြကိုဖ်က္ၿပီး အိမ္ေတြေဆာက္လုပ္ေရာင္းခ်လာခဲ့တဲ့အတြက္ မိုးသစ္ေတာေတြတျဖည္းျဖည္း နည္းပါးလာခဲ့ပါတယ္။

အဘိုးအို Antonio ဟာ ငယ္စဥ္ဘဝက သစ္ေတာထဲမွာပဲ ႀကီးျပင္းလာခဲ့သူျဖစ္တဲ့အတြက္ အဲဒီအခ်ိန္တုန္းကလိုမ်ိဳး သစ္ပင္ေတြကို သာသာယာယာရွိေစခ်င္ခဲ့ပါတယ္။ ဒါေၾကာင့္ သူအသက္ ၄၀ ဝန္းက်င္မွာ သစ္ေတာေတြျပန္ျဖစ္လာေစဖို႔ သစ္ပင္ေတြစစိုက္ပါေတာ့တယ္။

၁၉၇၃ခုႏွစ္မွာ သူဟာ ေဆာ္ေပၚလိုၿမိဳ႕အစြန္အဖ်ားက ေျမ ၃၁ဟက္တာကို ဝယ္ယူၿပီး သူ႔စိန္ေခၚမႈကို စတင္ခဲ့ပါတယ္။ အမ်ားစုကေတာ့ ေျမေတြဝယ္ယူၿပီးရင္ သီးႏွံမ်ားစိုက္ပ်ိဳးေလ့ရွိေပမယ့္ Antonio ကေတာ့ သစ္ေတာအတြက္သာ ရည္႐ြယ္ၿပီး အပင္ႀကီးေတြကိုသာ စိုက္ပ်ိဳးခဲ့ပါတယ္။

ဒီအတြက္ ” ေျမေတြရွိရက္နဲ႔ သီးပင္စားပင္ေတြ စိုက္ေရာင္းပါလား ၊ ဒါမွမဟုတ္ စားက်က္ေျမလုပ္ၿပီး ေမြးျမဴေရးလုပ္ပါလား ၊ မင္း သစ္ပင္ေတြစိုက္ေတာ့ ပိုက္ဆံတစ္ျပားမွ မရတဲ့အျပင္ မင္းဆီကပဲထြက္ေနမွာ” စတဲ့မိတ္ေဆြေတြ အိမ္နီးခ်င္းေတြရဲ႕ အမ်ိဳးမ်ိဳး အျပစ္တင္ျခင္းကိုခံရပါတယ္။ ဒါေပမယ့္ Antonio ဟာ သူ႔ရဲ႕အိပ္မက္ကို မစြန႔္ခဲ့ပါဘူး။

“ေက်ာက္မီးေသြးထုတ္လုပ္မႈ နဲ႔ စားက်က္ေျမဖန္တီးမႈေတြေၾကာင့္ သစ္ပင္သစ္ေတာေတြ ဆုံးရႈံးေနရၿပီ။ ကြၽန္ေတာ္တို႔ဟာ ပိုက္ဆံထက္ သန႔္ရွင္းလတ္ဆတ္တဲ့ေလနဲ႔ ေရကို ပိုလိုအပ္ပါတယ္။ ဒါေၾကာင့္ သစ္ပင္ေတြဟာ လူသားတို႔ရွင္သန္ေရးမွာ ပိုက္ဆံထက္ပိုအေရးႀကီးတယ္လို႔ ကြၽန္ေတာ္ခံယူထားတယ္။”

သူဟာ သူ႔ဘဝတစ္ဝက္လုံးလုံးကို သစ္ပင္စိုက္ရင္းနဲ႔ ခ်ိဳ႕တဲ့စြာအခ်ိန္ကုန္ခဲ့ပါတယ္။ သူ႔ရဲ႕မနက္ ေန႔လည္ ည အစားအစာေတြဟာ ငွက္ေပ်ာသီး နဲ႔ ဆင္းဒ္ဝစ္အခ်ိဳ႕သာျဖစ္ပါတယ္။ ယခု အခ်ိန္ႏွစ္ေပါင္း ၄၀ ၾကာၿပီးတဲ့ေနာက္မွာ သူ႔အိပ္မက္ဟာ တကယ္ျဖစ္လာခဲ့ပါၿပီ။

သူ႔ရဲ႕စြမ္းေဆာင္မႈေၾကာင့္ သူ႔ရဲ႕ေျမဟာ သစ္ေတာႀကီးျဖစ္လာခဲ့ၿပီး ေတာ႐ိုင္းတိရစာၦန္ေလးေတြရဲ႕ အိမ္ျဖစ္လာခဲ့ပါတယ္။ သူ႔ရဲ႕သစ္ေတာအတြင္းမွာ ေရအရင္းျမစ္ ရရွိႏိုင္တဲ့ ေနရာ ၂၀ လည္းရွိခဲ့ၿပီလို႔ အဘိုးအိုက ဆိုပါတယ္။ အသက္အ႐ြယ္ႀကီးရင့္ေနၿပီျဖစ္ေပမယ့္ သူဟာ ယခုတိုင္ သစ္ပင္ေတြကို စိုက္ပ်ိဳးေနဆဲပါ။

အဘိုးအိုဟာ ႏွစ္ ၄၀အတြင္းမွာ သစ္ပင္ေပါင္း ၅ေသာင္းေက်ာ္ကို သူ႔ရဲ႕ ၃၁ဟက္တာေျမေပၚမွာ စိုက္ပ်ိဳးခဲ့ပါတယ္။ ဘရာဇီးဟာ ၂၀၁၅-၂၀၁၆ ႏွစ္အတြင္းမွာတင္ သစ္ေတာဧက ၈၀၀၀ခန႔္ဟာ ဖ်က္ဆီးျခင္းကို ခံခဲ့ရပါတယ္။ ဒါေၾကာင့္ ဒီအေနအထားနဲ႔ ႏႈိင္းယွဥ္ရင္ အဘိုးအိုရဲ႕ ၃၁ဟက္တာ ဟာ ေရေပါက္ေလာက္ပဲ ရွိပါတယ္။

ရာသီဥတုေကာင္းမြန္ဖို႔ သစ္ေတာေတြဟာ မရွိမျဖစ္အေရးပါတယ္လို႔ ခံယူထားတဲ့ အဘိုးအိုကေတာ့ သူ႔ဘဝတစ္ေလွ်ာက္လုံးႀကိဳးစားမႈအတြက္ ေနာင္တမရပဲ ေပွ်ာ္႐ႊင္လွ်က္ရွိပါတယ္။

Tags: amazingworld people
Next Post
“ရော့ကက်”  ခေါ် “ဒုံးပျံ” တို့ရဲ့ သမိုင်းကြောင်း

“ရော့ကက်”  ခေါ် “ဒုံးပျံ” တို့ရဲ့ သမိုင်းကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!