Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နိုင်ငံအလိုက် အချမ်းသာဆုံးနိုင်ငံများ

by Thutamm
January 19, 2021
Reading Time: 3min read
0
နိုင်ငံအလိုက် အချမ်းသာဆုံးနိုင်ငံများ
Share on FacebookShare on Twitter

သုတဇုန်က တင်ခဲ့တဲ့ အရင်ပိုစ့်မှာတော့ နိုင်ငံသားတွေရဲ့ ဝင်ငွေအလိုက် အချမ်းသာဆုံးနိုင်ငံတွေ အကြောင်းကို ဖော်ပြခဲ့ပြီးပါပြီ။ ဒီတခါတော့ နိုင်ငံအလိုက် ဘယ်နိုင်ငံတွေက အချမ်းသာဆုံးလဲ ၊ စီးပွားရေးအင်အား အကောင်းဆုံးလဲ ဆိုတာကို ဝေမျှလိုက်ပါတယ်။ နိုင်ငံ (သို့) နယ်မြေဒေသ တခုရဲ့ ကြွယ်ဝမှုကို ဂျီဒီပီ(Gross Domestic Product) စနစ် နဲ့ တိုင်းတာပါတယ်။ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု ၊ ထုတ်ကုန်တွေရဲ့ ဈေးကွက်တန်ဖိုးကို ဆိုလိုတာပါ။ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းရဲ့ ၂၀၂၀ ခုနှစ်စာရင်းအရ နိုင်ငံ ဂျီဒီပီအလိုက် ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတွေကတော့-

၁၀။ တောင်ကိုရီးယား

အာရှရဲ့ အဖွံ့ဖြိုး အတိုးတက်ဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားကတော့ နိုင်ငံအလိုက် ကြွယ်ဝမှုစာရင်းမှာ နံပါတ် ၁၀ မှာ ရှိနေပါတယ်။ ကိုရီးယားစစ်ပွဲပြီးကတည်းက တောင်ကိုရီးယားရဲ့ စီးပွားရေးဟာ တဖြည်းဖြည်း တိုးတက်လာခဲ့တာဖြစ်ပြီး ၈၀ ၊ ၉၀ ကာလတွေမှာဆိုရင် တိုးတက်မှုအမြန်ဆုံး စာရင်းဝင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း အာရှရဲ့ စက်မှု နဲ့ နည်းပညာထိပ်တန်း နိုင်ငံတနိုင်ငံအဖြစ် ဦးဆောင်နေတဲ့ တောင်ကိုရီးယားရဲ့ ဂျီဒီပီ ကတော့ အမေရိကန်ဒေါ်လာ ၁၅၈၆ ဘီလျံ(၁,၅၈၆,၇၈၆) ဖြစ်ပါတယ်။

၉။ ကနေဒါ

နံပါတ် ၉ နေရာမှာတော့ ကမ္ဘာပေါ်မှာ ဒုတိယ နယ်မြေအကြီးဆုံးနိုင်ငံဖြစ်တဲ့ ကနေဒါက ရပ်တည်နေပါတယ်။ ကနေဒါဟာလည်း သဘာဝအရင်းမြစ်ပေါများတဲ့အပြင် စက်မှု ၊ နည်းပညာ နဲ့ ကုန်သွယ်မှု ဈေးကွက်တွေမှာလည်း အင်အားတောင့်တင်းတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၁,၆၀၀ ဘီလျံ (၁,၆၀၀,၂၆၄) ဖြစ်ပြီး နိုင်ငံသားတဦးချင်းစီရဲ့ပျမ်းမျှဝင်ငွေကလည်း ဒေါ်လာ ၄၂၀၀၀ ဝန်းကျင်ရှိကာ ကမ္ဘာ့အဆင့် ၁၇ ဖြစ်ပါတယ်။

၈။ အီတလီ

တချိန်က ရောမနိုင်ငံအဖြစ် ထင်ရှားခဲ့တဲ့ အီတလီဟာလည်း ဟိုးယခင်ကနေ ယခုချိန်ထိတိုင် စီးပွားရေးအင်အား ထိပ်တန်းအဆင့်မှာ ရှိနေဆဲပါ။ ဒုတိယ ကမ္ဘာစစ်ကာလကတည်းက စိုက်ပျိုးရေးအခြေခံ နိုင်ငံကနေ စက်မှုနိုင်ငံအဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အတိုးတက်ဆုံး ဖွံ့ဖြိုးပြီးနိုင်ငံ တနိုင်ငံအဖြစ် ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ စက်မှု ၊ မော်တော်ယာဉ် နဲ့ အစိတ်အပိုင်း ၊ ဆေးဝါး စတဲ့ထုတ်ကုန်တွေကို အဓိကတင်ပို့လျက်ရှိပြီး ဖရာရီ တို့ လန်ဘော်ဂီနီ တို့လို ကမ္ဘာကျော် တန်ဖိုးကြီးကားတွေကိုလည်း ထုတ်လုပ်လျှက်ရှိပါတယ်။ အီတလီရဲ့ ၂၀၂၀ ခုနှစ် ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၁၈၄၈ဘီလျံ (၁,၈၄၈,၂၂၂) ဖြစ်ပါတယ်။

၇။ ပြင်သစ်

နပိုလီယန်နဲ့အတူ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ပြင်သစ်နိုင်ငံဟာလည်း အစဉ်အဆက် စီးပွားရေး အင်အားကြီးနိုင်ငံ တနိုင်ငံဖြစ်ခဲ့တာ ယခုအချိန်အထိပါ။ ပြင်သစ်ရဲ့အဓိက စီးပွားရေးလုပ်ငန်းတွေက ငွေကြေးဝန်ဆောင်မှု၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းတို့ဖြစ်ပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေး ထုတ်ကုန်တွေကိုလည်း အမြောက်အများ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၂၅၅၁ ဘီလျံ (၂,၅၅၂,၄၅၁) ဖြစ်ပါတယ်။

၆။ အိန္ဒိယ

ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေအများဆုံး နိုင်ငံလို့ သိကြတဲ့ အိန္ဒိယနိုင်ငံဟာလည်း နိုင်ငံအလိုက်ဆိုရင်တော့ ကမ္ဘာ့အဆင့် ဆဋ္ဌမ နေရာမှာ ရှိနေပါတယ်။ အိန္ဒိယရဲ့ စီးပွားရေးကဏ္ဍတွေကို အပိုင်းလိုက်ခွဲခြားမယ်ဆိုရင်တော့ စိုက်ပျိုးရေး ၁၆% ၊ စက်မှု ၂၅% ၊ ထုတ်လုပ်မှု ၁၄% ၊ ဝန်ဆောင်မှု ၄၉.၉% တို့ဖြစ်ပါတယ်။ စိုက်ပျိုးရေးကို အားထားနေရပြီး စက်မှု နဲ့ နည်းပညာလုပ်ငန်းတွေကို တဖြည်းဖြည်း တိုးချဲ့လုပ်ကိုင်လျှက်ရှိပါတယ်။ အိန္ဒိယရဲ့ ဂျီဒီပီက အမေရိကန်ဒေါ်လာ ၂၅၉၃ဘီလျံ (၂,၅၉၂,၅၈၃) ဖြစ်ပေမယ့် လူဦးရေများလွန်းတဲ့အတွက် နိုင်ငံသားတဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေကတော့ ၁၈၇၇ ဒေါ်လာသာ ရှိပါတယ်။

၅။ ယူကေ

တချိန်က ကမ္ဘာပေါ်မှာ အကြီးဆုံးအင်ပါယာကို ထူထောင်နိုင်ခဲ့တဲ့ ယူကေဟာလည်း လက်ရှိအချိန်မှာ နံပါတ် ၁ နေရာမှာ မရှိတော့ပေမယ့် ထိပ်တန်းစာရင်းမှာတော့ ဝင်နေပါသေးတယ်။ ဘဏ် နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ၊ လေယာဉ် နဲ့ အခြားယာဉ်များထုတ်လုပ်ခြင်း ၊ ဆေးဝါးထုတ်လုပ်ခြင်း ၊ ရေနံ နဲ့ ဓာတ်ငွေ့ ထုတ်လုပ်ခြင်း နဲ့ အခြားစီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်လျှက်ရှိပါတယ်။ ၂၀၂၀ ခုနှစ်စာရင်းအရ ယူကေ ရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၂၆၃၈ ဘီလျံ (၂,၆၃၈,၂၉၆) ဖြစ်ပြီး နိုင်ငံသားတဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေကတော့ ၃၉,၂၂၉ ဒေါ်လာ ဖြစ်ပါတယ်။

၄။ ဂျာမနီ

ကမ္ဘာစစ်ကာလတွေမှာ အထင်ကရ နိုင်ငံဖြစ်ခဲ့ဖူးတဲ့ ဂျာမနီဟာလည်း ယခုအချိန်ထိ ဥရောပတိုက်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံးနိုင်ငံ အဖြစ် ရပ်တည်နေဆဲပါ။ ဂျာမနီဟာ အဓိကစီးပွားရေးအနေနဲ့ မော်တော်ကားထုတ်လုပ်ခြင်း၊ စက်မှု လုပ်ငန်း၊ လျှပ်စစ်နှင့် စံညွှန်းကိုက်အင်ဂျင်နီယာလုပ်ငန်း၊ ဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာနည်းပညာ၊ မျက်မှန်ပစ္စည်းများ၊ ဆေးကုသမှုနည်းပညာ၊ ဇီဝနည်းပညာနှင့် မျိုးရိုးဗီဇသုတေသနပညာ၊ နာနိုနည်းပညာ၊ လေကြောင်းနှင့် အကာသပညာထောက်ပံ့ရေး စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိပါတယ်။ ဂျာမနီနိုင်ငံရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၃၇၈၁ဘီလျံ (၃,၇၈၀,၅၅၃) ဖြစ်ပါတယ်။

၃။ ဂျပန်

ဒုတိယ ကမ္ဘာစစ်ပြီးဆုံးချိန်မှာ စစ်ရှုံးမှုနဲ့အတူ စီးပွားရေး အလွန်ကျဆင်းသွားခဲ့တဲ့ ဂျပန်နိုင်ငံဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ ထိပ်တန်းနေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး ယခုအချိန်မှာတော့ ကမ္ဘာပေါ်မှာ တတိယ စီပွားရေးအင်အား အတောင့်တင်းဆုံးနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိပါတယ်။ ဂျပန်နိုင်ငံဟာ ဖွံ့ဖြိုးပြီးနိုင်ငံတခုဖြစ်သလို လူနေမှုအဆင့်နှင့် လူ့ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း အလွန် မြင့်မားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ စက်မှု နဲ့ နည်းပညာ ဆိုင်ရာမှာ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိနေပြီး မော်တော်ကားထုတ်လုပ်ခြင်း ၊ အီလက်ထရောနစ် နဲ့ စက်မှုထုတ်ကုန် တွေက အဓိကလုပ်ငန်းတွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၄၉၁၀ ဘီလျံ (၄,၉၁၀,၅၈၀) ဖြစ်ပြီး နိုင်ငံသားတဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၉,၀၄၈ ဖြစ်ပါတယ်။

၂။ တရုတ်

ကမ္ဘာ့နံပါတ် ၁ ဖြစ်ဖို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံဟာ ဒီစာရင်းမှာတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ တကယ်လို့သာ ကုန်စည်အမျိုးအစားအလိုက် ဈေးနှုန်းဖြစ်တဲ့ PPP နဲ့ သာတွက်ချက်မယ်ဆိုရင်တော့ တရုတ်ဟာ နံပါတ် ၁ နေရာကို ရောက်သွားမှာပါ။ တရုတ်နိုင်ငံဟာ လူဦးရေ များပြားခြင်းနဲ့အတူ မတူညီတဲ့ စီးပွားရေး လုပ်ငန်းများစွာကို လုပ်ကိုင်လျက်ရှိနေသလို တခြားကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်လုပ်ကိုင်လျှက်ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၅ခုမှာ ၃ခုက တရုတ်နိုင်ငံက ကုမ္ပဏီတွေဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စာရင်းအရ တရုတ်နိုင်ငံရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၁၄,၈၆၀ ဘီလျံ (၁၄,၈၆၀,၇၇၅) ဖြစ်ပါတယ်။

၁။ အမေရိကန်

စူပါ ပါဝါနိုင်ငံလို့ အများစုက ကင်ပွန်းတပ်ထားသလို အမေရိကန်နိုင်ငံဟာ နည်းပညာ ၊ စစ်ရေး ကဏ္ဍအသီးသီးမှာထိပ်တန်းက ရှိနေသလို ဒီစာရင်းမှာလည်း ကမ္ဘာ့စီးပွားရေး အတောင့်တင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ အမေရိကန်ဟာ ရေနံ ၊ ဓာတ်ငွေ့ နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားသလို ကွန်ပျူတာ နဲ့ နည်းပညာထုတ်ကုန်တွေ ၊ ဆေးဝါး ၊ လေယာဉ် ၊ စစ်ဘက်ဆိုင်ရာထုတ်ကုန်တွေကို အဓိက ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ လက်ရှိကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီအများစုကလည်း အမေရိကန်တနိုင်ငံတည်းမှ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စာရင်းအရ အမေရိကန်နိုင်ငံရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၂၀,၈၀၇ ဘီလျံ (၂၀,၈၀၇,၂၆၉) ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံရဲ့ အကြောင်းကိုဖော်ပြပြီးပေမယ့် အခြားနိုင်ငံတချို့ရဲ့ စီးပွားရေးတောင့်တင်းမှု အဆင့်တွေကို သုတဇုန် မိတ်ဆွေများ သိချင်ကြမယ် ထင်ပါတယ်။ ကမ္ဘာ့အဆင့် ၁၁ ၊ ၁၂ နဲ့ ၁၃ နေရာမှာတော့ ရုရှား ၊ ဘရာဇီး နဲ့ သြစတြေးလျနိုင်ငံတွေ ရှိနေပါတယ်။ နိုင်ငံသားတဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေနဲ့တိုင်းတာရင် ကမ္ဘာ့အချမ်းသာဆုံးဖြစ်တဲ့ လူဇင်ဘတ် နိုင်ငံငယ်လေးကတော့ ဒီစာရင်းရဲ့ နံပါတ် ၇၀ နေရာမှာ ရှိနေပါတယ်။ ဒီစာရင်းမှာ စုစုပေါင်း ကမ္ဘာ့နိုင်ငံ ၁၉၄ နိုင်ငံပါဝင်နေပြီး အောက်ဆုံး ၃နိုင်ငံကတော့ ကျွန်းနိုင်ငံငယ်လေးတွေဖြစ်တဲ့ ခီရီဘတ်တီ၊ နော်ရူး နဲ့ တူဗာလူ နိုင်ငံတွေဖြစ်ပါတယ်။

အရှေ့တောင်အာရှရဲ့ စီးပွားရေးအတောင့်တင်းဆုံးနေရာမှာတော့ အင်ဒိုနီးရှားနိုင်ငံက ဂျီဒီပီ အမေရိကန်ဒေါ်လာ ၁၀၈၉ ဘီလျံ နဲ့ ကမ္ဘာ့အဆင့် ၁၅ ဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံက ကမ္ဘာ့အဆင့် ၂၅ (၅၀၉ဘီလျံ) ၊ ဖိလစ်ပိုင်ကတော့ ကမ္ဘာ့အဆင့် ၃၂ ( ၃၆၇ဘီလျံ) ၊ ဗီယက်နမ်က အဆင့် ၃၇ (၃၄၀ဘီလျံ) ၊ စင်ကာပူကတော့ ကမ္ဘာ့အဆင့် ၃၉ (၃၃၇ဘီလျံ) ၊ မလေးရှားကတော့ ကမ္ဘာ့အဆင့် ၄၀ (၃၃၆ဘီလျံ) တို့မှာ အသီးသီး ရပ်တည်နေပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ဒီစာရင်းမှာ ကမ္ဘာ့အဆင့် ၆၉ ဖြစ်ပြီး ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၇၁ ဘီလျံ ဖြစ်ပါတယ်။ အပေါ်က အရှေ့တောင်အာရှနိုင်ငံတွေ နဲ့ နှိုင်းယှဉ်ရင်တော့ ၄ဆ ကျော် ကွာဟ လျက်ရှိနေပါတယ်။

Ref : countries by GDP : International Monetary Fund (2020 estimates)

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
အင်ပါယာစတိတ် အဆောက်အဦးကြီး အကြောင်း

အင်ပါယာစတိတ် အဆောက်အဦးကြီး အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!