Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြိတ်ကျွန်းစု တလွှားက ကျွန်းတွေအကြောင်း

by Thutamm
September 23, 2020
Reading Time: 1min read
0
မြိတ်ကျွန်းစု တလွှားက ကျွန်းတွေအကြောင်း
Share on FacebookShare on Twitter

မြိတ်ကျွန်းစုသည် တနင်္သာရီတိုင်းဒေသကြီးတွင် ပါဝင်ကာ မြန်မာနိုင်ငံ၏ တောင်ဖက်စွန်းတွင် တည်ရှိသည်။ အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းပေါင်း ၈၀၀ ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ မလေး ကျွန်းဆွယ်၏ အနောက်ဖက်ကမ်းခြေဖက်ရှိ ကပ္ပလီပင်လယ်တွင်းတွင် တည်ရှိသည်။ တစ်ခါတစ်ရံ ပသျှူးကျွန်းစုဟုလည်း ခေါ်ဆိုလေ့ရှိသည်။

ပထဝီဝင်

ကတန်ကျွန်းသည် မြိတ်ကျွန်းစုရှိ အကြီးဆုံးကျွန်းဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၁၇၀ ကျယ်ဝန်းကာ ‌မြိတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။ ဒုတိယအကြီးဆုံးကျွန်းက ကက်သရင်း ကျွန်း ဖြစ်ကာ၊ တောဖုံးနေပြီး ကမ်းစပ်၌ လမုတောများ ပေါက်ရောက်နေသည်။ အခြား ထင်ရှားသော ကျွန်းများမှာ – ပြင်စဘုကျွန်း ၊ ခရစ္စတီးကျွန်း၊ ဒေါင်းကျွန်း ၊ ကွမ်းသီးကျွန်း ၊လမင်းကျွန်း ၊ လန်ပိကျွန်း ၊လက်စွပ်အော်ကျွန်း ၊မလိကျွန်း ၊ ငွေကျွန်း ၊စခန်းသစ်ကျွန်း ၊ တနင်္သာရီကျွန်း ၊သူဌေးကျွန်း ၊သံကျွန်း နှင့် သရောသဟန်ကျွန်းတို့ ဖြစ်ကြသည်။

ကတန်ကျွန်း

ကတန်ကျွန်း သည် မြိတ်ကျွန်းစုအတွင်းရှိ အကြီးဆုံးကျွန်းဖြစ်ကာ ၄၅၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ကျွန်းရှိ French Bay Peak သည် ၇၆၇ မီတာ (၂၅၁၆ ပေ) မြင့်ကာ မြိတ်ကျွန်းစုတွင် အမြင့်ဆုံးနေရာဖြစ်သည်။ ဗြိတိသျှအုပ်စိုးစဉ်အခါက ဘုရင်ကျွန်း King’s Island ဟု ခေါ်ဝေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒေသအခေါ်အဝေါ်ဖြစ်သည့် ကတန်ကျွန်းဟု ပြောင်းလဲခဲ့သည်။

မြိတ်မြို့၏အနောက်ဘက် ၁၀မိုင်ခန့်အကွာတွင်တည်ရှိသည်။ ကျွန်းအလျား ၂၃ မိုင်ခန့်ရှိပြီး အနံသည် ၁၁မိုင်ခန့်ရှိသည်။ ကျွန်းပေါ်မှ အမြင့်ဆုံးတောင်သည် ပေပေါင်း ၂၅၃၀ ပေ ရှိသည်။ ယခုအခါ ကျွန်းစုမြို့တည်ရှိပြီ ရေတပ်စခန်းဌာနချုပ် ရှိရာ ကျွန်းဖြစ်သည်။

ကံမော်ကျွန်း /ကက်သရင်းကျွန်း

မြိတ်မြို့၏တောင်ဘက် မိုင် ၄၀အကွာတွင်ရှိသည်။ အလျား ၁၈ မိုင် အနံ ၁၁မိုင်ကျယ်သည်။ မြောက်ပိုင်းတွင် ကျယ်၍ တောင်ဘက်တွင် စုချွန်သွားသည်။ အမြင့်ဆုံးတောင်မှာ ပေးပေါင်း ၁၁၇၀ မြင့်သည်။ တောများဖုံးလွှမ်းနေပြီး ကမ်းစပ်တွင် လမုတောများရှိသည်။

ဇာဒက်ကြီးကျွန်း

တတိယအကြီးဆုံးကျွန်း မြိတ်မြို့၏အနောက်တောင်ဘက် မိုင် ၁၅၀ ခန့်အကွာ ကော့သောင်းမြို့နယ်အတွင်းရှိ ကျွန်းကြီး တစ်ကျွန်းဖြစ်သည်။ အလျား ၁၈မိုင် အနံ ၇ မိုင်ကျယ်သည်။ကျွန်း၏အမည်ဟောင်းမှာ စိန့်မက်သရူး (Saint Mathew island) ဖြစ်သည်။ ယခု မြန်မာ့တပ်မတော် ရေတပ်စခန်းရှိရာ ဇာဒက်ကြီးကျွန်းဖြစ်သည်။

ကွမ်းသီးကျွန်း

ကွမ်းသီးကျွန်း သည် မြိတ်ကျွန်းစုတွင် ပါဝင်သော ကျွန်းတစ်ခုဖြစ်ကာ ၇ ကီလိုမီတာခန့် ရှည်လျားသည်။ လေးထောင့်ဆန်ဆန် ပုံသဏ္ဌာန်ရှိကာ တနင်္သာရီကျွန်း၏ မြောက်ဖက် ၁၅ ကီလိုမီတာခန့်အကွာ မြိတ်ကျွန်းစု၏ အနောက်မြောက်ဖက်စွန်းတွင် တည်ရှိသည်။ သစ်ပင်များနှင့် တောင်ကုန်းထူထပ်သော ကျွန်းဖြစ်သည်။ အမြင့်ဆုံးနေရာမှာ ၃၉၆ မီတာမြင့်သည်။

တနင်္သာရီကျွန်း

တနင်္သာရီကျွန်း သည် မြိတ်ကျွန်းစုတွင် ပါဝင်သော ကျွန်းတစ်ခုဖြစ်သည်။ ကွမ်းသီးကျွန်း၏ တောင်ဖက် ၁၅ ကီလိုမီတာအကွာ၊ မြိတ်ကျွန်းစု၏ အနောက်မြောက်ဖက်စွန်းတွင် တည်ရှိသည်။ ၁၀ ကီလိုမီတာခန့် ရှည်လျားပြီး မညီမညာပုံသဏ္ဌာန်ရှိသည့် ကျွန်းဖြစ်သည်။ တောထူထပ်သည့်ကျွန်းတစ်ခုဖြစ်ကာ ၄၉၄ မီတာအမြင့်ရှိသော မတ်စောက်သည့် တနင်္သာရီတောင်ထွတ်သည် ကျွန်းရှိ အမြင့်ဆုံးနေရာ ဖြစ်သည်။

နတ်သမီးရေတွင်းကျွန်း

နတ်သမီးရေတွင်းကျွန်း သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုများအတွင်း၊ ကပ္ပလီပင်လယ်ပြင်ဝယ် မြောက်လတ္တီကျု ၁၂°၀၃’၅၅.၈၄၉” နှင့် အရှေ့လောင်ဂျီကျု ၈၉°၀၀’၅၁.၉၁၀” တွင် ရှိသည့် ကျွန်း တစ်ကျွန်း ဖြစ်ပြီး၊ ဝေဟင်မှ ရှုမျှော်ပါက နတ်သမီးတပါး ကနေဟန် ရှိသည်။ ကျွန်း တခုလုံး၏ မြေအကျယ်အဝန်းမှာ ဧက ၅၀၀ ခန့်ရှိကာ၊ အရှေ့အနောက် အရှည် ၃.၂၁ ကီလိုမီတာ၊ တောင်မြောက်အကျယ် ၂ ကီလိုမီတာ ရှိသည်။ ယနေ့ထိတိုင် ခုတ်လှဲခြင်း မခံရသေးသော မူလသစ်ပင်ကြီးများစွာ ပေါက်ရောက်နေကာ၊ ကမ်းခြေတွင် နူးညံ့သန့်ရှင်းသည့် သဲသောင်ကို ပိုင်ဆိုင်ထားပြီး၊ ကျောက်ဆောင်များမှာ ထည်ဝါသည်။

မလိကျွန်း

မလိကျွန်း သည် မြိတ်ကျွန်းစုတွင် ပါဝင်သည့် ကျွန်းတစ်ခုဖြစ်သည်။ မြိတ်ကျွန်းစု၏ မြောက်ဖက်အစွန်ဆုံးတွင် တည်ရှိသည်။ ၉၉ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြောက်မှတောင်သို့ ၃၁ ကီလိုမီတာရှိသော ရှည်လျားသေးသွယ်သည့် ကျွန်းဖြစ်သည်။

လန်ပိကျွန်း

လန်ပိကျွန်း သည် မြိတ်ကျွန်းစုရှိ ကျွန်းဖြစ်ပြီး ၁၈၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ မြိတ်ကျွန်းစုတွင်းရှိ အကြီးဆုံးကျွန်းများတွင် ပါဝင်သည်။၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ငလျင်နှင့် ဆူနာမီကြောင့် လန်ပိကျွန်းရှိ ဆလုံလူမျိုး ၂၀၀ ခန့် သေဆုံးခဲ့သည်။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်သည့် လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

သူဌေးကျွန်း

သူဌေးကျွန်း  သည် မြိတ်ကျွန်းစုရှိ ကျွန်းငယ်တစ်ခုဖြစ်သည်။ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တို့၏ အနီးတွင် တည်ရှိသည်။ သူဌေးကျွန်းကို မြန်မာနိုင်ငံအစိုးရမှ ထိုင်းနိုင်ငံအခြေစိုက် VSE Group ထံသို့ ခရီးသွားလုပ်ငန်းအတွက် နှစ်ရှည်ငှားရမ်းထားသည်။ ကျွန်းပေါ်တွင် အက်ဒမန်ကလပ် အမည်ရ ကြယ်ငါးပွင့်အဆင့်ရှိ ကာစီနိုနှင့် အပန်းဖြေဂေါက်ကွင်းကို ဖွင့်လှစ်ထားသည်။

ညောင်ဦးဖီးကျွန်း

ညောင်ဦးဖီးကျွန်းသည် ကော့သောင်းမြို့နှင့် ရေမိုင် ၄၂မိုင် အကွာအဝေးတွင် တည်ရှိသည်။ ထိုကျွန်းသို့သွားသည့်လမ်းတလျှောက်တွင်  ဇာဒတ်ကြီး၊ ဇာဒတ်ကလေး နှင့် တခြားကျွန်းများကို ကျော်ဖြတ်သွားရမည်ဖြစ်ပြီး Speed boat နှင့် သွားလျှင် ၁၅မိနစ်ခန့်ကြာမြင့်မည်ဖြစ်သည်။ ထိုကျွန်းပေါ်တွင် ဖြူဖွေးသောသဲသောင်ပြင် ၊ ရေပေါ်ရေအောက်ရှု့ခင်းများနှင့်  သန္တာ ကျောက်တန်းများ၏ အလှအပများကို ခံစားရမည် ဖြစ်သည်။

ကိုးကား

တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်
ဦးစိုးနိုင် (၂၀၁၅-၂၀၁၆). မြိတ်ကျွန်းစုရှိ ကျွန်းများ(Drakes island)တွင် တွေ့ရှိရသော ငှက်မျိုးစိတ်များ

Myanmar Wikipedia

——- ——- ———

(Zawgyi)

ၿမိတ္ကြၽန္းစု တလႊားက ကြၽန္းေတြအေၾကာင္း

ၿမိတ္ကြၽန္းစုသည္ တနသၤာရီတိုင္းေဒသႀကီးတြင္ ပါဝင္ကာ ျမန္မာႏိုင္ငံ၏ ေတာင္ဖက္စြန္းတြင္ တည္ရွိသည္။ အ႐ြယ္အစား အမ်ိဳးမ်ိဳးရွိေသာ ကြၽန္းေပါင္း ၈၀၀ ေက်ာ္ခန႔္ ပါဝင္ဖြဲ႕စည္းထားသည္။ မေလး ကြၽန္းဆြယ္၏ အေနာက္ဖက္ကမ္းေျခဖက္ရွိ ကပၸလီပင္လယ္တြင္းတြင္ တည္ရွိသည္။ တစ္ခါတစ္ရံ ပသွ်ဴးကြၽန္းစုဟုလည္း ေခၚဆိုေလ့ရွိသည္။

ပထဝီဝင္

ကတန္ကြၽန္းသည္ ၿမိတ္ကြၽန္းစုရွိ အႀကီးဆုံးကြၽန္းျဖစ္ၿပီး စတုရန္းမိုင္ေပါင္း ၁၇၀ က်ယ္ဝန္းကာ ‌ၿမိတ္ၿမိဳ႕ အေနာက္ဘက္ ၁၀ မိုင္ခန႔္အကြာတြင္ ရွိသည္။ ဒုတိယအႀကီးဆုံးကြၽန္းက ကက္သရင္း ကြၽန္း ျဖစ္ကာ၊ ေတာဖုံးေနၿပီး ကမ္းစပ္၌ လမုေတာမ်ား ေပါက္ေရာက္ေနသည္။ အျခား ထင္ရွားေသာ ကြၽန္းမ်ားမွာ – ျပင္စဘုကြၽန္း ၊ ခရစၥတီးကြၽန္း၊ ေဒါင္းကြၽန္း ၊ ကြမ္းသီးကြၽန္း ၊လမင္းကြၽန္း ၊ လန္ပိကြၽန္း ၊လက္စြပ္ေအာ္ကြၽန္း ၊မလိကြၽန္း ၊ ေငြကြၽန္း ၊စခန္းသစ္ကြၽန္း ၊ တနသၤာရီကြၽန္း ၊သူေဌးကြၽန္း ၊သံကြၽန္း ႏွင့္ သေရာသဟန္ကြၽန္းတို႔ ျဖစ္ၾကသည္။

ကတန္ကြၽန္း

ကတန္ကြၽန္း သည္ ၿမိတ္ကြၽန္းစုအတြင္းရွိ အႀကီးဆုံးကြၽန္းျဖစ္ကာ ၄၅၀ စတုရန္းကီလိုမီတာ က်ယ္ဝန္းသည္။ ကြၽန္းရွိ French Bay Peak သည္ ၇၆၇ မီတာ (၂၅၁၆ ေပ) ျမင့္ကာ ၿမိတ္ကြၽန္းစုတြင္ အျမင့္ဆုံးေနရာျဖစ္သည္။ ၿဗိတိသွ်အုပ္စိုးစဥ္အခါက ဘုရင္ကြၽန္း King’s Island ဟု ေခၚေဝၚခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေဒသအေခၚအေဝၚျဖစ္သည့္ ကတန္ကြၽန္းဟု ေျပာင္းလဲခဲ့သည္။

ၿမိတ္ၿမိဳ႕၏အေနာက္ဘက္ ၁၀မိုင္ခန႔္အကြာတြင္တည္ရွိသည္။ ကြၽန္းအလ်ား ၂၃ မိုင္ခန႔္ရွိၿပီး အနံသည္ ၁၁မိုင္ခန႔္ရွိသည္။ ကြၽန္းေပၚမွ အျမင့္ဆုံးေတာင္သည္ ေပေပါင္း ၂၅၃၀ ေပ ရွိသည္။ ယခုအခါ ကြၽန္းစုၿမိဳ႕တည္ရွိၿပီ ေရတပ္စခန္းဌာနခ်ဳပ္ ရွိရာ ကြၽန္းျဖစ္သည္။

ကံေမာ္ကြၽန္း /ကက္သရင္းကြၽန္း

ၿမိတ္ၿမိဳ႕၏ေတာင္ဘက္ မိုင္ ၄၀အကြာတြင္ရွိသည္။ အလ်ား ၁၈ မိုင္ အနံ ၁၁မိုင္က်ယ္သည္။ ေျမာက္ပိုင္းတြင္ က်ယ္၍ ေတာင္ဘက္တြင္ စုခြၽန္သြားသည္။ အျမင့္ဆုံးေတာင္မွာ ေပးေပါင္း ၁၁၇၀ ျမင့္သည္။ ေတာမ်ားဖုံးလႊမ္းေနၿပီး ကမ္းစပ္တြင္ လမုေတာမ်ားရွိသည္။

ဇာဒက္ႀကီးကြၽန္း

တတိယအႀကီးဆုံးကြၽန္း ၿမိတ္ၿမိဳ႕၏အေနာက္ေတာင္ဘက္ မိုင္ ၁၅၀ ခန႔္အကြာ ေကာ့ေသာင္းၿမိဳ႕နယ္အတြင္းရွိ ကြၽန္းႀကီး တစ္ကြၽန္းျဖစ္သည္။ အလ်ား ၁၈မိုင္ အနံ ၇ မိုင္က်ယ္သည္။ကြၽန္း၏အမည္ေဟာင္းမွာ စိန႔္မက္သ႐ူး (Saint Mathew island) ျဖစ္သည္။ ယခု ျမန္မာ့တပ္မေတာ္ ေရတပ္စခန္းရွိရာ ဇာဒက္ႀကီးကြၽန္းျဖစ္သည္။

ကြမ္းသီးကြၽန္း

ကြမ္းသီးကြၽန္း သည္ ၿမိတ္ကြၽန္းစုတြင္ ပါဝင္ေသာ ကြၽန္းတစ္ခုျဖစ္ကာ ၇ ကီလိုမီတာခန႔္ ရွည္လ်ားသည္။ ေလးေထာင့္ဆန္ဆန္ ပုံသဏၭာန္ရွိကာ တနသၤာရီကြၽန္း၏ ေျမာက္ဖက္ ၁၅ ကီလိုမီတာခန႔္အကြာ ၿမိတ္ကြၽန္းစု၏ အေနာက္ေျမာက္ဖက္စြန္းတြင္ တည္ရွိသည္။ သစ္ပင္မ်ားႏွင့္ ေတာင္ကုန္းထူထပ္ေသာ ကြၽန္းျဖစ္သည္။ အျမင့္ဆုံးေနရာမွာ ၃၉၆ မီတာျမင့္သည္။

တနသၤာရီကြၽန္း

တနသၤာရီကြၽန္း သည္ ၿမိတ္ကြၽန္းစုတြင္ ပါဝင္ေသာ ကြၽန္းတစ္ခုျဖစ္သည္။ ကြမ္းသီးကြၽန္း၏ ေတာင္ဖက္ ၁၅ ကီလိုမီတာအကြာ၊ ၿမိတ္ကြၽန္းစု၏ အေနာက္ေျမာက္ဖက္စြန္းတြင္ တည္ရွိသည္။ ၁၀ ကီလိုမီတာခန႔္ ရွည္လ်ားၿပီး မညီမညာပုံသဏၭာန္ရွိသည့္ ကြၽန္းျဖစ္သည္။ ေတာထူထပ္သည့္ကြၽန္းတစ္ခုျဖစ္ကာ ၄၉၄ မီတာအျမင့္ရွိေသာ မတ္ေစာက္သည့္ တနသၤာရီေတာင္ထြတ္သည္ ကြၽန္းရွိ အျမင့္ဆုံးေနရာ ျဖစ္သည္။

နတ္သမီးေရတြင္းကြၽန္း

နတ္သမီးေရတြင္းကြၽန္း သည္ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ကြၽန္းစုမ်ားအတြင္း၊ ကပၸလီပင္လယ္ျပင္ဝယ္ ေျမာက္လတၱီက်ဳ ၁၂°၀၃’၅၅.၈၄၉” ႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ ၈၉°၀၀’၅၁.၉၁၀” တြင္ ရွိသည့္ ကြၽန္း တစ္ကြၽန္း ျဖစ္ၿပီး၊ ေဝဟင္မွ ရႈေမွ်ာ္ပါက နတ္သမီးတပါး ကေနဟန္ ရွိသည္။ ကြၽန္း တခုလုံး၏ ေျမအက်ယ္အဝန္းမွာ ဧက ၅၀၀ ခန႔္ရွိကာ၊ အေရွ႕အေနာက္ အရွည္ ၃.၂၁ ကီလိုမီတာ၊ ေတာင္ေျမာက္အက်ယ္ ၂ ကီလိုမီတာ ရွိသည္။ ယေန႔ထိတိုင္ ခုတ္လွဲျခင္း မခံရေသးေသာ မူလသစ္ပင္ႀကီးမ်ားစြာ ေပါက္ေရာက္ေနကာ၊ ကမ္းေျခတြင္ ႏူးညံ့သန႔္ရွင္းသည့္ သဲေသာင္ကို ပိုင္ဆိုင္ထားၿပီး၊ ေက်ာက္ေဆာင္မ်ားမွာ ထည္ဝါသည္။

မလိကြၽန္း

မလိကြၽန္း သည္ ၿမိတ္ကြၽန္းစုတြင္ ပါဝင္သည့္ ကြၽန္းတစ္ခုျဖစ္သည္။ ၿမိတ္ကြၽန္းစု၏ ေျမာက္ဖက္အစြန္ဆုံးတြင္ တည္ရွိသည္။ ၉၉ စတုရန္းကီလိုမီတာ က်ယ္ဝန္းၿပီး ေျမာက္မွေတာင္သို႔ ၃၁ ကီလိုမီတာရွိေသာ ရွည္လ်ားေသးသြယ္သည့္ ကြၽန္းျဖစ္သည္။

လန္ပိကြၽန္း

လန္ပိကြၽန္း သည္ ၿမိတ္ကြၽန္းစုရွိ ကြၽန္းျဖစ္ၿပီး ၁၈၈ စတုရန္းကီလိုမီတာ က်ယ္ဝန္းကာ ၿမိတ္ကြၽန္းစုတြင္းရွိ အႀကီးဆုံးကြၽန္းမ်ားတြင္ ပါဝင္သည္။၂၀၀၄ ခုႏွစ္ အိႏၵိယသမုဒၵရာ ငလ်င္ႏွင့္ ဆူနာမီေၾကာင့္ လန္ပိကြၽန္းရွိ ဆလုံလူမ်ိဳး ၂၀၀ ခန႔္ ေသဆုံးခဲ့သည္။ ျမန္မာႏိုင္ငံ၏ တစ္ခုတည္းေသာ အဏၰဝါအမ်ိဳးသားဥယ်ာဥ္ျဖစ္သည့္ လန္ပိကြၽန္း အဏၰဝါအမ်ိဳးသားဥယ်ာဥ္ကို ၁၉၉၆ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့သည္။

သူေဌးကြၽန္း

သူေဌးကြၽန္း  သည္ ၿမိတ္ကြၽန္းစုရွိ ကြၽန္းငယ္တစ္ခုျဖစ္သည္။ ေကာ့ေသာင္းၿမိဳ႕ႏွင့္ ထိုင္းႏိုင္ငံေတာင္ပိုင္း ရေနာင္းၿမိဳ႕တို႔၏ အနီးတြင္ တည္ရွိသည္။ သူေဌးကြၽန္းကို ျမန္မာႏိုင္ငံအစိုးရမွ ထိုင္းႏိုင္ငံအေျခစိုက္ VSE Group ထံသို႔ ခရီးသြားလုပ္ငန္းအတြက္ ႏွစ္ရွည္ငွားရမ္းထားသည္။ ကြၽန္းေပၚတြင္ အက္ဒမန္ကလပ္ အမည္ရ ၾကယ္ငါးပြင့္အဆင့္ရွိ ကာစီႏိုႏွင့္ အပန္းေျဖေဂါက္ကြင္းကို ဖြင့္လွစ္ထားသည္။

ေညာင္ဦးဖီးကြၽန္း

ေညာင္ဦးဖီးကြၽန္းသည္ ေကာ့ေသာင္းၿမိဳ႕ႏွင့္ ေရမိုင္ ၄၂မိုင္ အကြာအေဝးတြင္ တည္ရွိသည္။ ထိုကြၽန္းသို႔သြားသည့္လမ္းတေလွ်ာက္တြင္  ဇာဒတ္ႀကီး၊ ဇာဒတ္ကေလး ႏွင့္ တျခားကြၽန္းမ်ားကို ေက်ာ္ျဖတ္သြားရမည္ျဖစ္ၿပီး Speed boat ႏွင့္ သြားလွ်င္ ၁၅မိနစ္ခန႔္ၾကာျမင့္မည္ျဖစ္သည္။ ထိုကြၽန္းေပၚတြင္ ျဖဴေဖြးေသာသဲေသာင္ျပင္ ၊ ေရေပၚေရေအာက္ရႈ႕ခင္းမ်ားႏွင့္  သႏၲာ ေက်ာက္တန္းမ်ား၏ အလွအပမ်ားကို ခံစားရမည္ ျဖစ္သည္။

ကိုးကား

တင္ႏိုင္တိုး (ဒီဇင္ဘာလ၊ ၂၀၁၃). ျမန္မာျပည္တစ္ခြင္ လမ္းၫႊန္
ဦးစိုးႏိုင္ (၂၀၁၅-၂၀၁၆). ၿမိတ္ကြၽန္းစုရွိ ကြၽန္းမ်ား(Drakes island)တြင္ ေတြ႕ရွိရေသာ ငွက္မ်ိဳးစိတ္မ်ား

Myanmar Wikipedia

Tags: myanmar knowledgemyanmar places
Next Post
ဆေးဖက်ဝင်တဲ့ ခွေးလှေးယားပင် အကြောင်း သိကောင်းစရာ

ဆေးဖက်ဝင်တဲ့ ခွေးလှေးယားပင် အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!