ရေးသားသူ – Aung Kaung Htet (GAD)
ပထမကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်ရေတပ်က တီထွင်သူ အနုပညာရှင်တယောက်ဖြစ်တဲ့ Norman Wilkinson ဆိုသူဟာ စစ်သင်္ဘောတွေကို ဆေးရောင်တွေနဲ့ ရုပ်ဖျက်ပြီး ရန်သူဂျာမန် ရေငုပ်သင်္ဘောတွေကိုအထင်မှား၊အမြင်မှားအောင်ဖန်တီးနိုင်ခဲ့ပါတယ်။ အစပိုင်းမှာသူရဲ့ဖန်တီးမှုဟာ ပေါကြောင်ကြောင်နိုင်တယ်လို့ဝေဖန်မှုတွေခံခဲ့ရပေမယ့် လက်တွေ့စမ်းသပ်သုံးစွဲချိန်မှာတော့ ဗြိတိန်တော်ဝင်ရေတပ်အတွက်များစွာအကျိုးကျေးဇူးရရှိခဲ့ပါတယ်။
(၁၉၁၇)ခုနှစ်က ဗြိတိသျှစစ်ရေယာဉ်တွေဟာ ဂျာမန် U-boat တွေရဲ့တိုက်ခိုက်မှုကိုအလူးအလဲခံခဲ့ရပါတယ်။ ယင်းကာလကရေအောက်တိုက်ပွဲတွေမှာဆိုရင် တော်ပီဒိုတပ်ဆင်ထားတဲ့ ရာပေါင်းများစွာသော စစ်ရေယာဉ်တွေနဲ့ အပြိုင်နွှဲကြတာပါ။ ဂျာမန်ရေတပ်ရဲ့ U-boat တွေလို လှိုင်းကြားမှာကွယ်ဖျောက်နိုင်ခြင်းမျိုးမပြုလုပ်နိုင်တဲ့ ဗြိတိန်စစ်တပ်ရဲ့စစ်ရေယာဉ်တွေဟာဆိုရင် ကောင်းကင်နဲ့ပင်လယ်ပြင်မှာကြားက အလင်းရောင်ပေါ်မူတည်ပြီးအရောင်ပြောင်းလဲလေ့ရှိတာကြောင့် ရန်သူတွေအနေနဲ့ ပစ်မှတ်ကိုအလွယ်တကူ ခန့်မှန်းပစ်ခတ်နိုင်ပါတယ်။
ဂျာမန်U-Boat တွေကြောင့်ဗြိတိန်စစ်သည်ပေါင်းများစွာနေ့စဉ်လိုလိုဆုံးနေချိန်မှာပဲ ဗြိတိန်ရေတပ် ဝန်ထမ်းတယောက်ဖြစ်တဲ့ Norman Wilkinson ဟာဗြိတိန်စစ်ရေယာဉ်တွေကိုပုံဖျက်တဲ့နည်းနဲ့ လှည့်စားဖို့ကြံစဉ်ခဲ့ပါတယ်။ ဒီအကြောင်းကိုသူက
“ကျွန်တော် ရုတ်တရက်တွေးမိတာက ဂျာမန်သင်္ဘောတွေရဲ့အမြင်အာရုံကိုလှည့်စားနိုင်ဖို့အတွက်ပါပဲ၊ သင်္ဘောကြီးတစ်စီးလုံးကို ဖျောက်ပစ်ဖို့တော့မဖြစ်နိုင်တာကြောင့် သင်္ဘောရဲ့ပုံရိပ်ကိုပဲ ပတ်ဝန်းကျင်အနေအထားအပေါ်မူတည်ပြီးပြောင်းလဲပစ်ဖို့သာဖြစ်လာခဲ့ပါတယ်”လို့ဆိုပါတယ်။
သူရဲ့အစီစဉ်ကိုတော့ dazzle camouflage မျက်စိကျိန်းစေသောပုံဖျက်မှု လို့အမည်ပေးခဲ့ပြီး အနက်ရောင်၊အဖြူရောင်၊ အပြာရောင်နဲ့ အစိမ်းရောင်ကဲ့သို့သောအရောင်တွေကို အနက်နဲ့ အစင်းကြားတွေအဖြစ်ရောစပ်ထားတာဖြစ်ပါတယ်။ဒီရောစပ်ထားတဲ့အရောင်တွေကို ဗြိတိန် တိုက်ပွဲဝင်စစ်သင်္ဘောတွေမှာသုတ်လိမ်းခဲ့ပြီး ပင်လယ်ပြင်တိုက်ပွဲတွေမှာ ရန်သူဂျာမန်စစ်သည်တွေကိုမျက်စိလည်စေခဲ့ပါတယ်။
အမှန်လည်းဂျာမန် U-boat ပေါ်ကပစ်မှတ်ရှာဖွေသူတွေအတွက် အရောင်ကွဲများစွာဖြစ်နေတဲ့ဗြိတိန်စစ်သင်္ဘောတွေရဲ့ချက်ကောင်းကိုချိန်ရွယ်ဖို့ဆိုတာ အတော်ကို မလွယ်ကူတဲ့ကိစ္စဖြစ်သွားခဲ့တာကြောင့် ရိုးရှင်းတဲ့ဖန်တီးမှုကနေ အင်္ဂလိပ်တွေအသာရဖို့အခြေအနေဖြစ်လာခဲ့ပါတယ်။ အဲဒီစစ်ရေယာဉ်ခြယ်သရေးအစီအစဉ် ပညာရှင် Norman Wilkinson သာမက Vorticist တစ်ဦးဖြစ်တဲ့ Edward Wadsworth ကပါ ဦးဆောင်ပူးပေါင်းပါဝင်ခဲ့ကြပြီး တစ်နှစ်တာကာလအတွင်းမှာဗြိတိန်ရေတပ်ရဲ့စစ်ရေယာဉ်စီးရေ (၂၀၀၀)လောက်ကို dazzle camouflage ပုံစံဆေးရောင်ခြယ်သနိုင်ခဲ့ကြပါတယ်။
ဗြိတိန်ရေတပ်ရဲ့ dazzle camouflage ဖန်တီးမှုနည်းစဉ်ဟာဆိုရင်အင်္ဂလိပ်တွေရဲ့အဓိကမဟာမိတ်အမေရိကန်ပြည်ထောင်စုအထိရောက်ရှိသွားခဲ့ပြီး Everett Warner နဲ့ Thomas Hart Benton လိုပန်းချီ၊ဒီဇိုင်းပညာရှင်တွေပေါ်ပေါက်လာခဲ့ပြီးနောက်အမေရိကန်ရေတပ်မတော်အတွင်းမှာ စီးရေ(၁၀၀၀)ကျော်လောက်အထိ ဆေးခြယ်သထားတဲ့ စစ်ရေယာဉ်တွေပေါ်ပေါက်လာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အရောင်ကာလာစပ်တွေနဲ့ စစ်ရေယာဉ်ပုံဖျက်နည်းစဉ်တွေကို ထပ်မံမိတ်ဆက်ပေးခဲ့သူကတော့ Abbot Handerson Thayer ဆိုသူဖြစ်ပြီး (၁၉၀၉)ခုနှစ်ထုတ် Concealing-Coloration in the Animal Kingdom အမည်ရစာအုပ်မှာစတင်ဖော်ပြခဲ့ပါတယ်။
(၁၉၂၀)ခုနှစ်မှာတော Royal Society of Arts က dazzle camouflage ကိုစတင်ဖန်တီးသူ Wilkinson ရဲ့ကာလမျိုးစုံခြယ် စစ်ရေယာဉ်တွေဟာ လက်တွေ့တိုက်ပွဲစစ်မြေပြင်မှာ အမှန်တကယ်ကိုထိရောက်မှုရှိခဲ့ကြောင်းကို ဖမ်းဆီးရမိတဲ့ဂျာမန်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ဖွင့်ဟဝန်ခံမှုကြောင့်သိခဲ့ရပါတယ်။
ဖြစ်စဉ်တစ်ခုမှာဆိုရင့်dazzle camouflage ပုံစံဖန်တီးထားတဲ့အင်္ဂလိပ်ရေတပ်ယာဉ်တစ်စီးဖြစ်တဲ့ J ဟာဆိုရင် Kiel မှာလေ့ကျင့်မှုတွေပြုလုပ်နေဆဲမှာပဲ ဂျာမန်ရေငုပ်ယာဉ်တွေရဲ့ရှာဖွေတွေ့ရှိခြင်းကိုခံခဲ့ရပါတယ်။ ဒါပေမဲ့ ယင်းယာဉ်မှာခြယ်သထားတဲ့ ဆေးရောင်စုံတန်းတွေကြောင့် ဂျာမန်ရေငုပ်သင်္ဘောတွေက ဝိုင်းဝန်းတိုက်ခိုက်ဖို့ဝန်းရံပြီးချိန်မှ ဂျာမန်ဘက်ကကုန်တင်သင်္ဘောလို့ထင်မှတ်ပြီးမတိုက်ခိုက်တော့ပဲပြန်လည်ဆုတ်ခွာခဲ့တဲ့ဖြစ်စဉ်တွေအမှန်တကယ်ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ Wilkinson ဦးဆောင်တဲ့အင်္ဂလိပ်၊မဟာမိတ်တပ်တွေရဲ့အောင်မြင်မှုပဲဖြစ်ပါတယ်။
စစ်ဘက်ဆိုင်ရာ အချက်အလက်စုဆောင်းသူတစ်ယောက်ဖြစ်တဲ့ Roy R.Behrens ကLeonardo ကတော့ အမေရိကန်စစ်မြေပြင်ဆိုင်ရာအချက်အလက်တွေအရ တော်ပီဒိုကြောင့် နစ်မြုပ်ခံရတဲ့ dazzle စစ်ရေယာဉ်ရာခိုင်နှုန်းဟာ(၁)ရာခိုင်နှုန်းပမာဏထက်တောင် လျော့နည်းနေခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလရောက်ချိန်မှာတော့ ရေဒါတွေပေါ်လာတာကြောင့်ရယ်၊ ဆေးရောင်ခြယ်သတဲ့ ကျွမ်းကျင်လုပ်သားနည်းပါးတယ်ဆိုတဲ့ အချက်ကြောင့် dazzle စစ်ရေယာဉ်အသုံးပြုမှုဟာတစ်စစ ပျောက်ကွယ်လို့သွားခဲ့ပါတယ်။ ဒါပေမဲ့သင်္ဘောတွေမှာ dazzle ခြယ်သခြင်းဟာတိုက်ပွဲကာလရန်သူကိုလှည့်စားဖို့အတွက်သာမက သာမန်ထက်ကွဲထွက်နေတဲ့သင်္ဘောဒီဇိုင်းတစ်ခုလည်းဖြစ်နိုင်တယ်ဆိုတဲ့ အိုင်ဒီယာကတော့ဆက်လက်ကျန်ရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊နယူးယောက်က ပန်းချီဒီဇိုင်းပညာရှင်တစ်ယောက်ဖြစ်တဲ့ Tauba Auerbach ရဲ့ Flow Separation အမည်ရ အများပြည်သူအနုပညာရန်ပုံငွေဆိုင်ရာပရောဂျက်အတွင်းမှာ ပညာရှင်John J. Harvey (၁၉၃၀)ခုနှစ်က dazzle ပုံစံနဲ့ဖန်တီးထားတဲ့မီးသတ် သင်္ဘောတစ်စီးပါဝင်နေပါတယ်။ အဲဒီရန်ပုံငွေပရောက်ဂျက်ကိုပဲ အင်္ဂလန်မှာအခြေစိုက်တဲ့ 14-18NOW အမည်ရ ပထမကမ္ဘာစစ်ခေတ်ဟောင်း ဒီဇိုင်းပုံစံခေတ်ဟောင်းအနုပညာဖန်တီးမှုအသင်းကြီးကနေ ပံ့ပိုးကူညီပေးခဲ့ပါတယ်။
14-18NOW ဟာဆိုရင် ပထမကမ္ဘာစစ်ကာလသုံး Dazzle ရေယာဉ်တွေကိုစီးရီးအလိုက်ပုံဖော်တည်ဆောက်ခဲ့တာဖြစ်ပြီးယခုချိန်ထိလီပါပူးလ်မြို့ရဲ့ Mersey မာဆေးမြစ်အတွင်း ခုတ်မောင်းနေတဲ့ Sir Blake’s flamboyant ပုံစံဒီဇိုင်းရေးဆွဲထားတဲ့ Snowdrop အမည်ရ ကူးတို့ယာဉ်ဟာဆိုရင်လည်း dazzle ပုံစံခြယ်သထားပါတယ်။ ရာစုနှစ်တစ်ခု ကြာညောင်းပြီးတဲ့နောက် Wilkinson ဖန်တီးထားတဲ့ dazzle camouflage တွေဟာ စစ်ပွဲလိုနေရာမျိုးတွေမှာ ပျောက်ကွယ်သွားကြတာမှန်ပေမဲ့ ယခုကာလလိုခေတ်ဟောင်းဖက်ရှင်ဒီဇိုင်းပုံတွေပြန်လည်ခေတ်စားလာတဲ့အချိန်ရောက်ချိန်မှာတော့ ဆန်းပြားတဲ့ဖက်ရှင်ဒီဇိုင်းကာလာတွေနဲ့ ပြန်လည်ခေတ်စားလာခဲ့တာလည်းဖြစ်ပါတယ်။
——— ——— ———–
(Zawgyi)
ၿဗိတိန္တုိ႔ စစ္သေဘၤာေတြကို ဘယ္လုိရုပ္ဖ်က္ခဲ့ၾကသလဲ
ေရးသားသူ – Aung Kaung Htet (GAD)
ပထမကမာၻစစ္ကာလအတြင္းက ၿဗိတိန္ေရတပ္က တီထြင္သူ အႏုပညာရွင္တေယာက္ျဖစ္တဲ့ Norman Wilkinson ဆိုသူဟာ စစ္သေဘၤာေတြကို ေဆးေရာင္ေတြနဲ႔ ရုပ္ဖ်က္ျပီး ရန္သူဂ်ာမန္ ေရငုပ္သေဘၤာေတြကိုအထင္မွား၊အျမင္မွားေအာင္ဖန္တီးနိုင္ခဲ့ပါတယ္။ အစပိုင္းမွာသူရဲ့ဖန္တီးမႈဟာ ေပါေၾကာင္ေၾကာင္နိုင္တယ္လို႔ေဝဖန္မႈေတြခံခဲ့ရေပမယ့္ လက္ေတြ႔စမ္းသပ္သံုးစြဲခ်ိန္မွာေတာ့ ၿဗိတိန္ေတာ္ဝင္ေရတပ္အတြက္မ်ားစြာအက်ိဳးေက်းဇူးရရွိခဲ့ပါတယ္။
(၁၉၁၇)ခုနွစ္က ျဗိတိသ်ွစစ္ေရယာဥ္ေတြဟာ ဂ်ာမန္ U-boat ေတြရဲ့တိုက္ခိုက္မႈကိုအလူးအလဲခံခဲ့ရပါတယ္။ ယင္းကာလကေရေအာက္တိုက္ပြဲေတြမွာဆိုရင္ ေတာ္ပီဒိုတပ္ဆင္ထားတဲ့ ရာေပါင္းမ်ားစြာေသာ စစ္ေရယာဥ္ေတြနဲ႔ အျပိဳင္ႏႊဲၾကတာပါ။ ဂ်ာမန္ေရတပ္ရဲ့ U-boat ေတြလို လိႈင္းၾကားမွာကြယ္ေဖ်ာက္နို္င္ျခင္းမ်ိဳးမျပဳလုပ္နိုင္တဲ့ ၿဗိတိန္စစ္တပ္ရဲ့စစ္ေရယာဥ္ေတြဟာဆိုရင္ ေကာင္းကင္နဲ႔ပင္လယ္ျပင္မွာၾကားက အလင္းေရာင္ေပၚမူတည္ျပီးအေရာင္ေျပာင္းလဲေလ့ရိွတာေၾကာင့္ ရန္သူေတြအေနနဲ႔ ပစ္မွတ္ကိုအလြယ္တကူ ခန္႔မွန္းပစ္ခတ္ႏုိင္ပါတယ္။
ဂ်ာမန္U-Boat ေတြေၾကာင့္ျဗိတိန္စစ္သည္ေပါင္းမ်ားစြာေန႔စဥ္လိုလုိဆံုးေနခ်ိန္မွာပဲ ျဗိတိန္ေရတပ္ ၀န္ထမ္းတေယာက္ျဖစ္တဲ့ Norman Wilkinson ဟာျဗိတိန္စစ္ေရယာဥ္ေတြကိုပံုဖ်က္တဲ့နည္းနဲ႔ လွည့္စားဖို႔ႀကံစဥ္ခဲ့ပါတယ္။ ဒီအေၾကာင္းကိုသူက
“ကၽြန္ေတာ္ ရုတ္တရက္ေတြးမိတာက ဂ်ာမန္သေဘၤာေတြရဲ့အျမင္အာရံုကိုလွည့္စားနိုင္ဖို႔အတြက္ပါပဲ၊ သေဘၤာၾကီးတစ္စီးလံုးကို ေဖ်ာက္ပစ္ဖို႔ေတာ့မျဖစ္နိုင္တာေၾကာင့္ သေဘၤာရဲ့ပံုရိပ္ကိုပဲ ပတ္ဝန္းက်င္အေနအထားအေပၚမူတည္ျပီးေျပာင္းလဲပစ္ဖို႕သာျဖစ္လာခဲ့ပါတယ္”လို႔ဆိုပါတယ္။
သူရဲ့အစီစဥ္ကိုေတာ့ dazzle camouflage မ်က္စိက်ိန္းေစေသာပုံဖ်က္မႈ လို႔အမည္ေပးခဲ့ျပီး အနက္ေရာင္၊အျဖဴေရာင္၊ အျပာေရာင္နဲ႔ အစိမ္းေရာင္ကဲ့သို႔ေသာအေရာင္ေတြကို အနက္နဲ႔ အစင္းၾကားေတြအျဖစ္ေရာစပ္ထားတာျဖစ္ပါတယ္။ဒီေရာစပ္ထားတဲ့အေရာင္ေတြကို ၿဗိတိန္ တိုက္ပြဲဝင္စစ္သေဘၤာေတြမွာသုတ္လိမ္းခဲ့ၿပီး ပင္လယ္ျပင္တိုက္ပြဲေတြမွာ ရန္သူဂ်ာမန္စစ္သည္ေတြကိုမ်က္စိလည္ေစခဲ့ပါတယ္။
အမွန္လည္းဂ်ာမန္ U-boat ေပၚကပစ္မွတ္ရွာေဖြသူေတြအတြက္ အေရာင္ကြဲမ်ားစြာျဖစ္ေနတဲ့ျဗိတိန္စစ္သေဘၤာေတြရဲ့ခ်က္ေကာင္းကိုခ်ိန္ရြယ္ဖို႕ဆိုတာ အေတာ္ကို မလြယ္ကူတဲ့ကိစၥျဖစ္သြားခဲ့တာေၾကာင့္ ရိုးရွင္းတဲ့ဖန္တီးမႈကေန အဂၤလိပ္ေတြအသာရဖို႔အေျခအေနျဖစ္လာခဲ့ပါတယ္။ အဲဒီစစ္ေရယာဥ္ျခယ္သေရးအစီအစဥ္ ပညာရွင္ Norman Wilkinson သာမက Vorticist တစ္ဦးျဖစ္တဲ့ Edward Wadsworth ကပါ ဦးေဆာင္ပူးေပါင္းပါဝင္ခဲ့ၾကျပီး တစ္နွစ္တာကာလအတြင္းမွာျဗိတိန္ေရတပ္ရဲ့စစ္ေရယာဥ္စီးေရ (၂၀၀၀)ေလာက္ကို dazzle camouflage ပံုစံေဆးေရာင္ျခယ္သနိုင္ခဲ့ၾကပါတယ္။
ျဗိတိန္ေရတပ္ရဲ့ dazzle camouflage ဖန္တီးမႈနည္းစဥ္ဟာဆိုရင္အဂၤလိပ္ေတြရဲ့အဓိကမဟာမိတ္အေမရိကန္ျပည္ေထာင္စုအထိေရာက္ရွိသြားခဲ့ျပီး Everett Warner နဲ႔ Thomas Hart Benton လိုပန္းခ်ီ၊ဒီဇိုင္းပညာရွင္ေတြေပၚေပါက္လာခဲ့ျပီးေနာက္အေမရိကန္ေရတပ္မေတာ္အတြင္းမွာ စီးေရ(၁၀၀၀)ေက်ာ္ေလာက္အထိ ေဆးျခယ္သထားတဲ့ စစ္ေရယာဥ္ေတြေပၚေပါက္လာခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စုရဲ့ အေရာင္ကာလာစပ္ေတြနဲ႔ စစ္ေရယာဥ္ပံုဖ်က္နည္းစဥ္ေတြကို ထပ္မံမိတ္ဆက္ေပးခဲ့သူကေတာ့ Abbot Handerson Thayer ဆိုသူျဖစ္ျပီး (၁၉၀၉)ခုနွစ္ထုတ္ Concealing-Coloration in the Animal Kingdom အမည္ရစာအုပ္မွာစတင္ေဖာ္ျပခဲ့ပါတယ္။
(၁၉၂၀)ခုနွစ္မွာေတာ Royal Society of Arts က dazzle camouflage ကိုစတင္ဖန္တီးသူ Wilkinson ရဲ့ကာလာမ်ိဳးစံုျခယ္ စစ္ေရယာဥ္ေတြဟာ လက္ေတြ႔တိုက္ပြဲစစ္ေျမျပင္မွာ အမွန္တကယ္ကိုထိေရာက္မႈရွိခဲ့ေၾကာင္းကို ဖမ္းဆီးရမိတဲ့ဂ်ာမန္ေရတပ္ဗိုလ္ခ်ဳပ္ၾကီးတစ္ဦးရဲ့ဖြင့္ဟဝန္ခံမႈေၾကာင့္သိခဲ့ရပါတယ္။
ျဖစ္စဥ္တစ္ခုမွာဆိုရင္ ့dazzle camouflage ပံုစံဖန္တီးထားတဲ့အဂၤလိပ္ေရတပ္ယာဥ္တစ္စီးျဖစ္တဲ့ J ဟာဆိုရင္ Kiel မွာေလ့က်င့္မႈေတြျပဳလုပ္ေနဆဲမွာပဲ ဂ်ာမန္ေရငုပ္ယာဥ္ေတြရဲ့ရွာေဖြေတြ႔ရိွျခင္းကိုခံခဲ့ရပါတယ္။ ဒါေပမဲ့ ယင္းယာဥ္မွာျခယ္သထားတဲ့ ေဆးေရာင္စံုတန္းေတြေၾကာင့္ ဂ်ာမန္ေရငုပ္သေဘၤာေတြက ဝိုင္းဝန္းတိုက္ခိုက္ဖို႔ဝန္းရံျပီးခ်ိန္မွ ဂ်ာမန္ဘက္ကကုန္တင္သေဘၤာလို႔ထင္မွတ္ျပီးမတိုက္ခိုက္ေတာ့ပဲျပန္လည္ဆုတ္ခြာခဲ့တဲ့ျဖစ္စဥ္ေတြအမွန္တကယ္ရွိခဲ့တာပဲျဖစ္ပါတယ္။ ဒါဟာ Wilkinson ဦးေဆာင္တဲ့အဂၤလိပ္၊မဟာမိတ္တပ္ေတြရဲ့ေအာင္ျမင္မႈပဲျဖစ္ပါတယ္။
စစ္ဘက္ဆိုင္ရာ အခ်က္အလက္စုေဆာင္းသူတစ္ေယာက္ျဖစ္တဲ့ Roy R.Behrens ကLeonardo ကေတာ့ အေမရိကန္စစ္ေျမျပင္ဆိုင္ရာအခ်က္အလက္ေတြအရ ေတာ္ပီဒိုေၾကာင့္ နစ္ျမဳပ္ခံရတဲ့ dazzle စစ္ေရယာဥ္ရာခိုင္နႈန္းဟာ(၁)ရာခိုင္နႈန္းပမာဏထက္ေတာင္ ေလ်ာ့နည္းေနခဲ့တယ္လို႔ထုတ္ျပန္ခဲ့ပါတယ္။
ဒုတိယကမာၻစစ္ကာလေရာက္ခ်ိန္မွာေတာ့ ေရဒါေတြေပၚလာတာေၾကာင့္ရယ္၊ ေဆးေရာင္ျခယ္သတဲ့ ကၽြမ္းက်င္လုပ္သားနည္းပါးတယ္ဆိုတဲ့ အခ်က္ေၾကာင့္ dazzle စစ္ေရယာဥ္အသံုးျပဳမႈဟာတစ္စစ ေပ်ာက္ကြယ္လို႔သြားခဲ့ပါတယ္။ ဒါေပမဲ့သေဘၤာေတြမွာ dazzle ျခယ္သျခင္းဟာတိုက္ပြဲကာလရန္သူကိုလွည့္စားဖို႔အတြက္သာမက သာမန္ထက္ကြဲထြက္ေနတဲ့သေဘၤာဒီဇိုင္းတစ္ခုလည္းျဖစ္နိုင္တယ္ဆိုတဲ့ အိုင္ဒီယာကေတာ့ဆက္လက္က်န္ရွိခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စု၊နယူးေယာက္က ပန္းခ်ီဒီဇိုင္းပညာရွင္တစ္ေယာက္ျဖစ္တဲ့ Tauba Auerbach ရဲ့ Flow Separation အမည္ရ အမ်ားျပည္သူအနုပညာရန္ပံုေငြဆိုင္ရာပေရာဂ်က္အတြင္းမွာ ပညာရွင္John J. Harvey (၁၉၃၀)ခုနွစ္က dazzle ပံုစံနဲ႔ဖန္တီးထားတဲ့မီးသတ္ သေဘၤာတစ္စီးပါဝင္ေနပါတယ္။ အဲဒီရန္ပံုေငြပေရာက္ဂ်က္ကိုပဲ အဂၤလန္မွာအေျခစိုက္တဲ့ 14-18NOW အမည္ရ ပထမကမာၻစစ္ေခတ္ေဟာင္း ဒီဇိုင္းပံုစံေခတ္ေဟာင္းအနုပညာဖန္တီးမႈအသင္းၾကီးကေန ပ့ံပိုးကူညီေပးခဲ့ပါတယ္။
14-18NOW ဟာဆိုရင္ ပထမကမာၻစစ္ကာလသံုး Dazzle ေရယာဥ္ေတြကိုစီးရီးအလိုက္ပံုေဖာ္တည္ေဆာက္ခဲ့တာျဖစ္ျပီးယခုခ်ိန္ထိလီပါပူးလ္ျမိဳ႔ရဲ့ Mersey မာေဆးျမစ္အတြင္း ခုတ္ေမာင္းေနတဲ့ Sir Blake’s flamboyant ပံုစံဒီဇိုင္းေရးဆြဲထားတဲ့ Snowdrop အမည္ရ ကူးတို႕ယာဥ္ဟာဆိုရင္လည္း dazzle ပံုစံျခယ္သထားပါတယ္။ ရာစုနွစ္တစ္ခု ၾကာေညာင္းျပီးတဲ့ေနာက္ Wilkinson ဖန္တီးထားတဲ့ dazzle camouflage ေတြဟာ စစ္ပြဲလိုေနရာမ်ိဳးေတြမွာ ေပ်ာက္ကြယ္သြားၾကတာမွန္ေပမဲ့ ယခုကာလလိုေခတ္ေဟာင္းဖက္ရွင္ဒီဇိုင္းပံုေတြျပန္လည္္ေခတ္စားလာတဲ့အခ်ိန္ေရာက္ခ်ိန္မွာေတာ့ ဆန္းျပားတဲ့ဖက္ရွင္ဒီဇိုင္းကာလာေတြနဲ႔ ျပန္လည္ေခတ္စားလာခဲ့တာလည္းျဖစ္ပါတယ္။
Discussion about this post