၂၀၀၆ ခုနှစ်တည်းက ဂြိုဟ်ကြီး ၈ လုံးသာရှိကြောင်း ပြောင်းလဲသတ်မှတ်ခဲ့တာပါ။ ကြာပြီဖြစ်ပေမယ့် ယခုထက်တိုင် မရှင်းလင်းသေးတဲ့မိတ်ဆွေများအတွက် Myanmar Astronomy မှ ‘ခွန်း’ ရေးခဲ့တဲ့ပိုစ့်ကို ပြန်လည်ဝေမျှလိုက်ပါတယ်။
ပလူတို ကို ဘာကြောင့် ဂြိုဟ်သိမ် အဖြစ် အဆင့် လျှော့ချရတာလဲ
IAU က ၂၀၀၆ ခုနှစ် မှာ definition of planet ကို သတ်မှတ်လိုက် တဲ့ အချိန် မတိုင်ခင် အထိ ပလူတို ဟာ ဂြိုဟ် အဖြစ် ရှိခဲ့ပါတယ်။ အဲဒီ defination ကို ထုတ်ပြီးတဲ့ အခါမှာတော့ ပလူတိုဟာ ဂြိုဟ်သိမ် ဖြစ်သွားပါပြီ။ အရင်ကတော့ ကောင်းပြီ ကောင်းရက်နဲ့ ဂြိုဟ် လုပ်ထားပြီးတော့ မှ အခုမှ ဂြိုဟ်သိမ် ဆိုပြီး ကောက် လုပ်လိုက်တဲ့ အတွက် စတင်တွေ့ရှိခဲ့သူ Clyde W. Tombaugh ရဲ့ အသိုင်းအဝိုင်းနဲ့ သူ့ကို လေးစားကြည်ညိုသူများရဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲလို မလုပ်လို့ မရတဲ့ အကြောင်း အရာကလည်း ရှိနေပါတယ်။
၁၉၅၁ ခုနှစ်မှာ ကွေပါခါးပါတ် (kuiper belt) ကို တွေ့ရှိပြီးတဲ့ အချိန်ကစလို့ ပလူတို နဲ့ ပါတ်သတ်ပြီး စဉ်းစား စရာတွေ စဖြစ်လာခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာ KBO 50000 Quaoar ကို စပြီး တွေ့ခဲ့ ပါတယ်။ အချင်း အားဖြင့် ၁၂၈၀ ကီလို မီတာ ရှိပြီးတော့ ပလူတိုရဲ့ တဝက် ရှိပါတယ်။ ၂၀၀၄ ခုနှစ်မှာ Sedna ကို တွေ့ခဲ့ ပါတယ်။ သူ့အချင်းက ကီလိုမီတာ ၁၈၀၀ ဖြစ်တဲ့အတွက် အချင်း ကီလိုမီတာ ၂၃၂၀ ပဲ ရှိတဲ့ ပလူတိုနဲ့ မတိမ်းမယိမ်း ရှိနေ ပါပြီ။ ၂၀၀၅ ခုနှစ် ဇူလိုင် ၂၉ ခုနှစ်မှာ တော့ နက်ပကျွန်းအလွန် အရာဝတ္ထုတွေ့ ရှိကြောင်း ကြော်ငြာချက် ထွက် ပေါ်ခဲ့ပါတယ်။
အသစ် တွေ့ရှိတဲ့ အရာဝတ္ထု အမည်က Eris ဖြစ်ပြီးတော့ သူက ပလူတို ထက် ပိုကြီးပါတယ်။ ၁၈၄၆ ခုနှစ်က Triton ကို တွေ့ရှိပြီးတဲ့ နောက်ပိုင်းမှာ နေစကြာဝဠာ အတွင်း အကြီးမားဆုံး အရာဝတ္ထု တွေ့ရှိတာ ဖြစ်ပါတယ်။ တရားဝင် သတ်မှတ်မှု မရှိသေးပေမယ့် ၁၀ ခုမြောက် ဂြိုဟ် လို့ ခေါ်ခဲ့ကြပါတယ်။ Eris ကို ဂြိုဟ် အဖြစ် သတ်မှတ်လိုက်ရင် သူ့ လိုပဲ သတ်မှတ်စရာ ဂြိုဟ် တွေ အများကြီး ကျန်ပါသေးတယ်။
ဂြိုဟ်တွေ အများကြီး ဖြစ်လာပြီး စကြာဝဠာ လေ့လာမှု အတွက် ရှုပ်ထွေးလာတော့ မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ နက္ခတ္တပညာရှင် အသိုင်းအဝိုင်း မှာ ပလူတိုကို ဂြိုဟ်သိမ် အဖြစ် သတ်မှတ်ဖို့ ဖိအား ပိုများ လာခဲ့ပါတယ်။ အခြားဂြိုဟ် တွေရဲ့ ပါတ်လမ်းတွေကို ထောင့်တစ်ခု ခံဆောင်ပြီး ပါတ်နေတဲ့ သူရဲ့ ပါတ်လမ်းကို ဘေးက ပုံမှာ တွေ့နိုင်ပါတယ်။ ပလူတို ကို ဂြိုဟ်အဖြစ် သတ်မှတ် နိုင်စရာ တစ်ခုထဲသော အကြောင်းအရာ အဖြစ် သူ့ရဲ့ ခပ်ကြီးကြီး လ တစ်လုံး ဖြစ်တဲ့ Charon ပဲ ကျန်ပါတယ်။ ဒါပေမယ့် ၂၀၀၅ စက်တင်ဘာမှာ Eris မှာ ဂြိုဟ်ရံလ Dysnomia ရှိကြောင်း တွေ့ ရှိ ခဲ့တဲ့ အတွက် ပလူတို ကို ဂြိုဟ် အဖြစ် ဆက်လက် ထားရှိရေး ကိစ္စ အဆုံးသတ်သွား ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ IAU က definition of planet ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်အရ အရာဝတ္ထုတစ်ခု ဟာ ဂြိုဟ် အဖြစ် သတ်မှတ် ခံရနိုင်ဖို့ အောက် ပါ အချက်သုံးချက်နဲ့ ညီ ဖို့ လိုအပ်ပါတယ်။
၁။ အရာဝတ္ထုဟာ နေကို ပါတ်တဲ့ ပါတ်လမ်း အတွင်းမှာ ရှိရပါမယ်။
၂။ အရာဝတ္ထုဟာ သူ့ကိုယ်ပိုင် ဆွဲငင်အား နဲ့ လုံးဝန်းတဲ့ ပုံစံ ဖြစ်စေဖို့ လုံလောက်တဲ့ ဒြပ်သား ပမာဏ ရှိရပါမယ်။ သူ့ရဲ့ ပုံစံကို hydrostatic equilibrium ဖြစ်စေဖို့ လုံလောက်တဲ့ ဆွဲငင်အား ရှိရပါမယ်။
၃။ အရာဝတ္ထုမှာ ရှင်းလင်းတဲ့ နေပါတ်လမ်းကြောင်း ရှိရပါမယ်။ သူ့ ပါတ်လမ်း တွင်း မှာ အခြား အရာဝတ္ထု များ မရှိရပါဘူး။
ပလူတိုဟာ တတိယအချက်နဲ့ မညီပါဘူး။ သူ့ ရဲ့ ဒြပ်ထုဟာ သူ့ ပါတ်လမ်း အတွင်း မှာရှိတဲ့ အရာဝတ္ထု စုစု ပေါင်း ဒြပ်ထုရဲ့ ဝ.၀၇ ဆ ပဲ ရှိပါတယ်။ (ကမ္ဘာရဲ့ ဒြပ်ထုဟာ သူ့ပါတ်လမ်းထဲရှိ အခြား အရာစုစုပေါင်းရဲ့ ၁.၇ သန်း ဆ ရှိပါတယ်။)
၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ IAU က ဂြိုဟ်သိမ် (minor planet) စာရင်းကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ စာရင်းထဲက အကြီးဆုံး အရာဝတ္ထု ၁၀ခု ရဲ့ ပုံကို အောက်မှာ ပြထားပါတယ်။
ခွန်း( Myanmar Astronomy )
Discussion about this post