• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သြစတြေးလျ နဲ့ သြစတြီးယား ဘာတွေကွာ

by Thutamm
August 18, 2019
Reading Time: 1min read
0
သြစတြေးလျ နဲ့ သြစတြီးယား ဘာတွေကွာ
Share on FacebookShare on Twitter

အများစုကတော့ သြစတြေးလျ နဲ့ သြစတြီးယားကို ကွဲကွဲပြားပြားသိကြပေမယ့် အနည်းငယ်ရောထွေးနေတဲ့ မိတ်ဆွေတချို့လည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒီတစ်ခါတော့ သြစတြေးလျ နဲ့ သြစတြီးယား တို့ရဲ့ ကွာခြားချက်တွေကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ မျှဝေသွားပါမယ်။

သြစတြေးလျကတော့ အိန္ဒိယသမုဒ္ဒရာထဲက သြစတြေးလျတိုက်မှာ ရှိတဲ့နိုင်ငံဖြစ်ပြီး သြစတြီးယားကတော့ ဥရောပတိုက်က ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံကတော့ တစ်နိုင်ငံတည်း သီးသန့်တည်ရှိနေတာဖြစ်ပြီး ဥရောပက သြစတြီးယားနိုင်ငံကိုတော့ ချက် ၊ ဂျာမနီ ၊ ဟန်ဂေရီ ၊ စလိုဗေးနီးယား ၊ အီတလီ ၊ လက်ချင်းစတိန်း နဲ့ ဆွစ်ဇာလန်နိုင်ငံတွေက ဝန်းရံထားပါတယ်။

သြစတြေးလျ (Australia) ရဲ့ အဓိပ္ပါယ်က တောင်ပိုင်းနယ်မြေ (South Land) ဖြစ်ပြီး
သြစတြီးယား (Austria) ရဲ အဓိပ္ပါယ်ကတော့ အရှေ့တိုင်းနိုင်ငံတော်(Eastern Realm) ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံဟာ နယူးဇီလန်နိုင်ငံရဲ့ အနောက်ဘက်မှာ တည်ရှိနေတာဖြစ်ပြီး သြစတြီးယားကတော့ စလိုဗေးနီးယားနိုင်ငံရဲ့အနောက်ဘက်မှာတည်ရှိနေပါတယ်။ သြစတြီးယားဟာ ဥရောပတိုက်ရဲ့အလယ်တည့်တည့်မှာရှိနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ နှစ်နိုင်ငံရဲ့ အကွာအဝေးဟာ မြို့တော်တွေကနေ တွက်မယ်ဆိုရင် မိုင်ပေါင်း ၉၀၀၀နီးပါး(အတိအကျအားဖြင့် ၈၈၂၅မိုင်) ကွာဝေးပါတယ်။

သြစတြေးလျနိုင်ငံဟာ စတုရန်းမိုင်ပေါင်း ၂.၉၆၉သန်း ကျယ်ဝန်းပြီး ကမ္ဘာပေါ်မှာ ၆ခုမြောက်အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။ သြစတြီးယားကတော့ စတုရန်းမိုင် ၃၂၃၈၆ သာ ကျယ်ဝန်းပြီး ကမ္ဘာပေါ်မှာ ၁၁၃ ခုမြောက်အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။ သြစတြီးယားဟာ ဟစ်တလာ နဲ့ ရုပ်ရှင်မင်းသား အာနိုးတို့ရဲ့ ဇာတိမြေလည်း ဖြစ်ပါတယ်။

သြစတြေးလျမှာ Timezone ၃ခုရှိပြီး သြစတြီးယားမှာတော့ ၁ခုပဲ ရှိပါတယ်။ ဒီနိုင်ငံဟာ ပျမ်းမျှအားဖြင့် အချိန် ၁၀နာရီ ကွာခြားပြီး သြစတြေးလျမြို့တော် ကင်ဘာရာမှာ ည ၇ နာရီဖြစ်နေချိန်မှာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာတော့ မနက် ၉ နာရီ ဖြစ်နေပါလိမ့်မယ်။

သြစတြေးလျနိုင်ငံရဲ့ စုစုပေါင်း လူဦးရေကတော့ ၂၅.၅ သန်းရှိပြီး ထင်ရှားတဲ့မြို့ကြီးတွေကတော့ မြို့တော်ကင်ဘာရာ နဲ့ ဆစ်ဒနီ ၊ မဲလ်ဘုန်း ၊ ပါ့သ်မြို့တွေဖြစ်ပါတယ်။ သြစတြီးယားရဲ့ လူဦးရေကတော့ ၈.၈၆သန်း ဖြစ်ပြီး ထင်ရှားတဲ့ မြို့ကြီးတွေကတော့ မြို့တော်ဗီယင်နာ ၊ ဂရာ့ဇ် နဲ့ လင့်ဇ်မြို့တွေ ဖြစ်ပါတယ်။

ဘာသာစကား အနေနဲ့ သြစတြေးလျ အင်္ဂလိပ်ဘာသာကို အသုံးပြုပြီး သြစတြီးယားကတော့ ဂျာမန်ဘာသာကို အဓိက ဘာသာစကား အနေနဲ့ အသုံးပြုပါတယ်။ သြစတြီးယားမှာ ကိုယ်ပိုင်ငွေကြေးစနစ်မရှိပဲ ယူရိုကိုသာ သုံးပါတယ်။ သြစတြေးလျကတော့ သြစတြေးလျဒေါ်လာကို သုံးပြီး  အမေရိကန်ဒေါ်လာ ၁ဒေါ်လာဟာ ၁.၄၇ AUD နဲ့ ညီမျှပါတယ်။

သြစတြေးလျနိုင်ငံ ရဲ့အုပ်ချုပ်ရေးစနစ်က ပြည်ထောင်စု လွှတ်တော် စည်းမျဉ်းခံဘုရင်စနစ်ဖြစ်ပြီး သြစတြီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကတော့ ပြည်ထောင်စု လွှတ်တော် သမ္မတစနစ် ဖြစ်ပါတယ်။

သြစတြေးလျရဲ့ ထင်ရှားတဲ့ တိရစ္ဆာန်လေးတွေကတော့ သားပိုက်ကောင် ၊ မြေအောင်းဝက်ဝံ နဲ့ Quokka (သားပိုက်ကောင်နွယ်ဝင် အငယ်စားတိရစ္ဆာန်) တို့ဖြစ်ပြီး သြစတြီးယားရဲ့ ထင်ရှားတဲ့ တိရစ္ဆာန်တွေကတော့ ရစ်ငှက် ၊ ခွေးတူဝက်တူ နဲ့ groundhog ရှဉ့်တွေပဲ ဖြစ်ပါတယ်။

သြစတြေးလျအလံမှာတော့ အပြာရောင်နောက်ခံပေါ်မှာ ဗြိတိသျှတို့ အခြေချခဲ့ကြောင်း အမှတ်အသားဖြစ်တဲ့ ယူနီယံဂျက်အလံ အပြင် အောက်ဘက်မှာ ကြယ်ကြီးတစ်လုံးရဲ့ ညာဘက်မှာတော့ ကြယ်ငါးလုံးပါ အစုကို တွေ့ရမှာဖြစ်ပါတယ်။ ကြယ်ကြီးကတော့ ဓနသဟာယနိုင်ငံ အမှတ်အသားဖြစ်ပြီး ကြယ်ရဲ့ အစွန်း ၇ခုကတော့ သြစတြေးလျပြည်နယ် ၆ ခု နဲ့ တချိန်က သြစတြေးလျလက်အောက်ခံဖြစ်ခဲ့တဲ့ ပါပူအာနယူးဂီနီနိုင်ငံကို ရည်ညွှန်းပါတယ်။ ညာဘက်က ကြယ်စုကတော့ Southern Cross ကြယ်စု လို့ခေါ်ပြီး သြစတြေးလျတောင်ပိုင်း ကောင်းကင်ယံမှာ ရှိတဲ့ကြယ်စု ကိုရည်ညွှန်းပါတယ်။

သြစတြီးယားရဲ့ အလံကတော့ ရိုးရှင်းပါတယ်။ အနီအစင်း ၂ခုကြားမှာ အဖြူအစင်း ၁ ခုကို ခြယ်ထားပါတယ်။ အနီရောင်ဟာ ရဲရင့်ခြင်း ၊ သန်မာခြင်း ၊ ပြတ်သားခြင်းကို ရည်ညွှန်းပြီး အဖြူရောင်ကတော့ အမှန်တရားမြတ်နိုးခြင်း နဲ့ ရိုးသားမှု ကို ရည်ညွှန်းပါတယ်။

ဒီလောက်ဆိုရင် ဒီ ၂နိုင်ငံရဲ့ ကွဲပြားမှုတွေကို အနည်းငယ်တော့ သိသွားလောက်ပြီထင်ပါတယ်။

သုတဇုန်

Tags: countries
Next Post
ဂရိ ဒဏ္ဍာရီ သူရဲကောင်း အာခိလိ

ဂရိ ဒဏ္ဍာရီ သူရဲကောင်း အာခိလိ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!