Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သြစတြေးလျ ကို အလည်သွားချင်ရင် (သို့) အခြေချနေထိုင်ချင်ရင်

by Thutamm
July 29, 2019
Reading Time: 1min read
0
သြစတြေးလျ ကို အလည်သွားချင်ရင် (သို့) အခြေချနေထိုင်ချင်ရင်
Share on FacebookShare on Twitter

သြစတြေးလျနိုင်ငံကို အလည်လာလိုပါသလား၊ ဒါမှမဟုတ် အခြေချနေထိုင်နိုင်လိုပါသလား။ နည်းလမ်းတွေ တခုထက်မနည်း ရှိပါတယ်။

By : Kerrie Armstrong
Presented by Mu Laing Thein (SBS မြန်မာပိုင်း အစီအစဉ်)

အချုပ်အားဖြင့်တော့သြစတြေးလျနိုင်ငံကို လာရောက်ဖို့ အဓိက လမ်းကြောင်း ၂ ခု ရှိပါတယ်။

တခုကတော့ ယာယီလာရောက်နေထိုင်ခြင်းဖြစ်ပြီး နောက်တခုကတော့ အမြဲတမ်း ပြောင်းရွှေ့နေထိုင်ခြင်း ဖြစ်တယ်လို့ Kerrie Armstrong ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အဓိက လမ်းကြောင်း ၂ ခုထဲမှာမှ သြစတြေးလျနိုင်ငံကို လာရောက်နိုင်တဲ့ လမ်းသွယ်လေးတွေ အများကြီး ရှိပါတယ်။

သြစတြးလျနိုင်ငံ အမျိုးသား တက္ကသိုလ်က လူဝင်မှုဆိုင်ရာဥပဒေပညာရှင် Marianne Dickie ရဲ့အဆိုအရ သြစတြေးလျနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ ကိစ္စဟာ အင်မတန် ရှုတ်ထွေးလွန်းတဲ့အတွက် အေးဂျင့်တွေ ဒါမှမဟုတ် လူဝင်မှုဆိုင်ရာ ရှေ့နေကို လူအများစုက ငှားရမ်းပြီး လုပ်ေဆောင်နေကြရတယ်လို့ ဆိုပါတယ်။

ဖောင်ဖြည့်တတ်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပဲ ဘယ်ပုံ ဘယ်နည်း ဒါမှမဟုတ် ဘယ်ဗီဇာအမျိုးအစားကို လျှောက်ရမလဲ ဆိုတာကို သိဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါကြောင့်လည်း သြစတြေးလျနိုင်ငံမှာ လူဝင်မှုနဲ့ပတ်သက်တဲ့ အေးဂျင့်အခုပေါင်း ၅၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ သြစတြေးလျမှာ ဝင်ရောက်ဖို့အတွက် ဘယ်ဗီဇာအမျိုးအစားကို လျှောက်သင့်သလဲ ဆိုတဲ့နေရာမှာ ရှုတ်ထွေးလွန်းသလို လူဝင်မှု ဥပဒေကလည်း အမျိုးမျိုး ပြောင်းလဲနေတဲ့အတွက် အခက်အခဲတွေ ဖြစ်နေရပါတယ်။ ဒါ့အပြင် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ရတာလည်း ဖြစ်ပါတယ်။

ယာယီလာရောက်နေထိုင်ခြင်း

ယာယီလာရောက်နေထိုင်ခြင်း အစီအစဉ်အောက်မှာ ပြည်ပကနေ ၃ လ ကနေ ၁ နှစ်အလည်လာတာတွေ၊ နှစ်နဲ့ချီ ကျောင်းလာတက်တာတွေ၊ အလုပ်အတွက် ခေတ္တ ရွှေ့ပြောင်းလာတာတွေနဲ့ အလည်လာရင်းတနှစ်လောက် အလုပ်လုပ်ခွင့်ရှိတဲ့ ဗီဇာတွေ ပါဝင်ပါတယ်။

သြစတြေးလျနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် ရချင်ရင်တော့ အဲဒီအတွက် နှစ်နဲ့ချီစောင့်ပြီး လျှောက်ထားနိုင်သလို ဒုက္ခသည်အဖြစ် ဝင်ရောက်လိုရင်လည်း လျှောက်ထားနိုင်ပါတယ်။

အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်အောက်မှာလည်း နည်းလမ်းအမျိုးမျိုး ရှိပြန်ပါတယ်။

ကျောင်းသားဗီဇာ

ယာယီလာရောက်နေထိုင်ခြင်း အောက်မှာ ကျောင်းသားဗီဇာနဲ့လည်း နေထိုင်နိုင်ပါတယ်။ Chart of temporary visa holders.

သြစတြေးလျနိုင်ငံမှာ မူလတန်းဘဝကနေ တက္ကသိုလ်အထိ ကျောင်းသားဗီဇာနဲ့ ကျောင်းလာတက်နိုင်ပါတယ်။

ကျောင်းသားဗီဇာမှာလည်း အမျိုးအစားကွဲပြားမှု ရှိပါတယ်။

Subclass 500 ဗီဇာအမျိုးအစားကတော့ သြစတြေးလျနိုင်ငံမှာ အချိန်ပြည့် ကျောင်းသားအနေနဲ့ ကျောင်းလာတက်ဖို့အတွက် လျှောက်ထားနိုင်ပါတယ်။

subclass 590 visa ကတော့ အသက် ၁၈ နှစ်အောက် ကျောင်းသားတွေအတွက် ဖြစ်ပြီး အဲဒီဗီဇာက ကျောင်းသားအပြင် အဲဒီကျောင်းသားကို အုပ်ထိန်းဖို့ အုပ်ထိန်းသူ တစ်ယောက်ကိုပါ ကျောင်းတက်နေသမျှ ကာလပတ်လုံး သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ပေးတဲ့ ဗီဇာအမျိုးအစား ဖြစ်ပါတယ်။ အုပ်ထိန်းသူကတော့ အနည်းဆုံး အသက် ၂၁ ရှိရမှာ ဖြစ်ပြီး မိဘ ဒါမှမဟုတ် အုပ်ထိန်းပိုင်ခွင့်ရှိသူ တဦးဦး ဖြစ်ရမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ကျောင်းလာတက်တာ မဟုတ်ပဲ အရည်အချင်းမြင့်တင်ဖို့အတွက် သင်တန်းလာတက်မယ်ဆိုရင်လည်းTraining visa (subclass 407) ကို လျှောက်ထားနိုင်ပါတယ်။

တခါ သြစတြေးလျနိုင်ငံမှာ ကျောင်းပြီးလို့ သြစတြေးလျနိုင်ငံမှာပဲ အလုပ်လုပ်ချင်တယ်ဆိုရင်လည်း ကျောင်းပြီးသူတွေကို ခေတ္တနေထိုင်ခွင့်ပေးပြီး အလုပ်ရှာလုပ်နိုင်တဲ့ subclass 485. ဗီဇာအမျိုးအစားကိုလည်း လျှောက်ထားနိုင်ပါတယ်။

Skilled migration

နောက်တခါ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေနဲ့ သြစတြေးလျနိုင်ငံမှာ လိုအပ်တဲ့ အလုပ်ကို လာလုပ်နိုင်တဲ့ Skilled migration ဗီဇာလည်း ရှိပါတယ်။

အဲဒီအစီအစဉ်အောက်မှာတော့ သြစတြေးလျနိုင်ငံမှာ လိုအပ်တဲ့ အရည်အချင်းတွေတော့ ရှိဖို့ လိုအပ်ပါတယ်။ ဥပမာ အင်ဂျင်နီယာလို၊ လိုအပ်တဲ့ ချက်ပြုတ်ရေးကျွမ်းကျင်သူတွေ၊ ရေနံနဲ့ သဘာဝ လုပ်ငန်းမှာ လုပ်ကိုင်သူတွေ အစရှိသဖြင့် လူအမျိုးမျိုး အရည်အချင်းအမျိုးမျိုးအတွက် အကျူံးဝင်ပါတယ်။

ပြည်ပက အထွေထွေအရည်အချင်းရှိသူ လုပ်သားတွေ၊ ကမ်းလွန်ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ လုပ်ကိုင်သူတွေ၊ ဟိုတယ်လုပ်ငန်းက လူတွေအပြင် ပြည်ပက စီးပွားရှင်တွေနဲ့ ရင်းနှီးမြုပ်နှံသူတွေလည်း အဲဒီဗီဇာကို ရယူနိုင်ပါတယ်။

အရင်တုန်းက အဲဒီဗီဇာကို ၄၅၇ ဗီဇာလို့ ခေါ်ပေမယ့် မရှင်းလင်းမှုတွေ၊ အမြတ်ထုတ်မှုတွေ များလွန်းတဲ့အတွက် ၂၀၁၈ မတ်လကစပြီး ၄၅၇ ဗီဇာကို ပယ်ဖျက်ပြီး Temporary Skills Shortage (TSS) visa နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ TSS visa ရရှိသူတွေအနေနဲ့ အဲဒီဗီဇာနဲ့သြစတြေးလျမှာ ၂ နှစ်ကနေ ၄ နှစ်အထိ နေထိုင် အလုပ်လုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သြစတြေးလျနိုင်ငံမှာ လိုအပ်နေတဲ့ အရည်အချင်းကို ခေတ္တလာရောက်ဖြည့်ဆည်းပေးဖို့အတွက် ဖြစ်ပါတယ်။

Working holiday visas

ဆက်လက်ပြီးတော့ Working holiday visa program (subclass 417) ကတော့ သြစတြေးလျနိုင်ငံကို အလည်လာရင်း အလုပ်လုပ်ခွင့်ရတဲ့ ဗီဇာအမျိုးအစား ဖြစ်ပါတယ်။ အဲဒါကတော့ ဘုရားလည်းဖူး လိပ်ဥလည်းတူးနိုင်အောင် ဒါမှမဟုတ် သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို သြစတြေးလျနိုင်ငံက လူတွေရဲ့ ယဉ်ကျေးမှုတွေ ဖလှယ်နိုင်အောင် လုပ်ဆောင်ပေးထားတဲ့ ဗီဇာဖြစ်ပါတယ်။ အဲဒီဗီဇာအရ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အကြား လူငယ်တွေအနေနဲ့ သြစတြေးလျနိုင်ငံကို တနှစ်ကြာ နေထိုင်ခွင့်ရပြီး အလုပ် ၆ လ လုပ်ခွင့်ရှိသလို ကျောင်းတက်ရင်လည်း ၄ လ ကြာ တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

စိုက်ပျိုးခြံတွေသွားပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ အလုပ်အကိုင်တွေ လုပ်ကိုင်ခွင့်ပေးထားပေမယ့် မကြာသေးခင်တုန်းကပဲ အင်္ဂလိပ်စကား မတတ်ပဲ အဲဒီ လုပ်ငန်းမှာ လုပ်ကိုင်တဲ့ နိုင်ငံခြားသား တချို့ကို အလုပ်ရှင်တွေက အမြတ်ထုတ်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အဲဒီဗီဇာအရ နယ်ဒေသမှာ အလုပ်လုပ်မယ်ဆိုရင် ၈၈ ရက်ကြာလုပ်နိုင်ပြီး အဲဒီနှောက် ၁ နှစ်ဗီဇာရဖို့ လျှောက်ထားနိုင်ပါတယ်။ ဒါပေမဲ့ တချို့အလုပ်ရှင်တွေက ၈၈ ရက်စာ အလုပ်အတွက် ပိုက်ဆံမပေးချင်တာတွေ၊ ပိုက်ဆံအပေးနည်းတာမျိုး ကျင့်သုံးပြီး တိုင်တောမှုတွေလုပ်ရင် ၁ နှစ်ကြာ အလုပ်လုပ်ခွင့် ဗီဇာလျှောက်လို့ မရအောင် လုပ်မယ်လို့ ခြိမ်းခြောက်ပြီး အမြတ်ထုတ်တာမျိုး ရှိပါတယ်။

အဲဒါတွေကတော့ သြစတြေးလျနိုင်ငံမှာ ခေတ္တခဏ ဝင်ရောက်ခွင့်ပေးတဲ့ ဗီဇာတွေဖြစ်ပါတယ်။

အမြဲတမ်းနေထိုင်ခွင့်ဗီဇာ

အခုဆက်လက်ပြီးတော့ သြစတြေးလျနိုင်ငံမှာ အမြဲတမ်းအခြေချခွင့်ပေးတဲ့ ဗီဇာအစီအစဉ်တွေအကြောင်း တင်ပြမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရဖို့အတွက် လျှောက်ထားနိုင်တဲ့ ဗီဇာအမျိုးအစား အမျိုးမျိုး ရှိပါတယ်။

၂၀၁၆ -၂၀၁၇ ခုနှစ်အတွက် လူပေါင်း ၁၉ ၀၀၀၀ အထိ အမြဲတမ်းနေထိုင်ခွင့် ဗီဇာပေးဖို့ အစိုးရက ရာထားပါတယ်။ တစ်သိန်းကိုးသောင်းထဲမှာမှ နေရာအခုပေါင်း ၅၇၄၀၀ ကို မိသားစုဝင်တွေ အခြေချဖို့အတွက် ရာထားပြီး နေရာ ၅၆၅ ခုကိုတော့ အရင်တုန်းက သြစတြေးလျမှာ နေထိုင်ခဲ့ဖူးပြီး သြစတြေးလျနဲ့ အဆက်အသွယ်မပြတ်သူတွေ ပြန်လည် အခြေချနေထိုင်နိုင်ဖို့အတွက် ရာထားပေးပါတယ်။

သြစတြေးလျနိုင်ငံ နယ်ဒေသမှာ နေထိုင်နိုင်မယ်ဆိုရင် စပွန်ဆာနဲ့ Regional Sponsored Migration Scheme ဗီဇာလျှောက်ထားနိုင်ပါတယ်။ အဲဒီဗီဇာက နယ်ဒေသ တနေရာရာမှာ အနည်းဆုံး ၂ နှစ်နေရမှာဖြစ်ပြီး အနည်းဆုံး ၁ နှစ်လောက် အလုပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်က နယ်ဒေသမှာ နေထိုင်တဲ့ မိသားစုဝင်တွေအနေနဲ့ ပြည်ပက သူတို့ရဲ့ မိသားစုဝင်တွေကို စပွန်ဆာပေးပြီး အတူတူ နေနိုင်အောင် လုပ်ဆောင်တဲ့ ဗီဇာဖြစ်ပါတယ်။

သားသမီးတွေက သြစတြေးလျမှာ ရှိရင် မိဘတွေကို မိဘဗီဇာနဲ့ ခေါ်နိုင်သလို မိဘတွေ သြစတြေးလျမှာ နေထိုင်ရင်လည်း သားသမီးတွေကို သားသမီးဗီဇာနဲ့ ခေါ်နိုင်ပါတယ်။

အဲဒီဗီဇာတွေအတွက် လျှောက်လွှာစစ်ဆေးတဲ့ ကာလက ကြာမြင့်ပြီး သားသမီးဗီဇာက မိဘဗီဇာရဖို့ထက် ပိုလွယ်ကူပါတယ်။ သားသမီးဗီဇာက ၂ နှစ် ၃ နှစ် ကြာအောင် စောင့်ရနိုင်ပေမယ့် မိဘဗီဇာ ရရှိဖို့က နှစ်ပေါင်း ၅၀ တောင် စောင့်ရနိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် သြစတြေးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရဖို့ တစ်နည်းကတော့ အမြဲတမ်းနေထိုင်ခွင့်ရသူ တဦးဦး ဒါမှမဟုတ် နိုင်ငံသား တဦးဦးနဲ့ လက်ထပ်ဖို့ ဖြစ်ပါတယ်။ အဲဒီလို လက်ထပ်ထားလို့ သြစတြေးလျနိုင်ငံကို လိုက်လာမယ်ဆိုရင် ဗီဇာအတွက် ဒေါ်လာ ၆၀၀၀ ပေးရမှာဖြစ်ပါတယ်။

လိုက်လာသူ ဇနီး ဒါမှမဟုတ် ခင်ပွန်းသည်က အမြဲတမ်းဗီဇာရဖို့ ၂ နှစ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ လက်ထပ်သူ နှစ်ဦးရဲ့ အိမ်ထောင်ရေးမြဲမမြဲ ဆိုတာကို စောင့်ကြည့်တာ ဖြစ်ပါတယ်။

မိသားစုတွေ ဆွေမျိုးတွေကို ခေါ်ယူဖို့က တခါတလေ နှစ်ပေါင်း ၁၀ နဲ့ချီ ကြာမြင့်တတ်ပေမယ့် စီးပွားရေးဗီဇာနဲ့ ခေါ်ရင် ပိုပြီး မြန်ဆန်လေ့ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သြစတြေးလျနိုင်ငံမှာ လိုအပ်တဲ့ အရည်အချင်းမျိုးနဲ့ လုပ်ငန်းမျိုး ကိုယ့်မှာ ရှိရင် ဗီဇာရရှိလွယ်တာ ဖြစ်ပါတယ်။

ဗီဇာအမျိုးအစား အမျိုးမျိုး လျှောက်ထားနိုင်ပေမယ့်လည်း အင်္ဂလိပ်စာ အရည်အချင်းတွေ၊ ကျန်းမာရေး ကောင်းမွန်မှုအပေါ်တွေလည်း မူတည်နိုင်တဲ့အတွက် ကျန်းမာရေး စစ်ဆေးမှုတွေလည်း အောင်မြင်မှသာ ဗီဇာရရှိမှာ ဖြစ်ပါတယ်။

Refugee and humanitarian program

နောက်ထပ် သြစတြးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရစေနိုင်တဲ့ ဗီဇာအမျိုးအစားကတော့ လူသားခြင်းစာနာတဲ့ အစီအစဉ်အရ ဒုက္ခသည်အဖြစ် သြစတြေးလျမှာ နေထိုင်ခြင်း ဖြစ်ပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ် အတွင်း လူသားခြင်းစာနာထောက်ထားရေး အစီအစဉ်နဲ့ လူပေါင်း ၁၃၇၅၀ ကို ခေါ်ယူဖို့ အစိုးရက ရာထားပါတယ်။ ဒါ့အပြင် ဆီးရီးယားနိုင်ငံက ဒုက္ခသည် အယောက်ပေါင်း ၁၂၀၀၀ ကို ထပ်မံ သီးသန့်ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကနေ ဒုက္ခသည်အဖြစ် သတ်မှတ်ထားတဲ့ လူတွေကို အစိုးရက ရွှေးပြီး ခေါ်ယူလက်ခံတာ ဖြစ်ပါတယ်။ ခေါ်ယူတဲ့အခါမှာလည်း ဒေသအလိုက် နိုင်ငံအလိုက် ဦးစားပေးပြီး ခေါ်ယူတာမျိုး လုပ်လေ့ရှိပါတယ်။ အရင်နှစ်တွေတုန်းက မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ဦးစားပေးခေါ်ယူတဲ့အတွက် အများအပြား ရောက်လာတာ ရှိသလို အာဖရိကတိုက်က တောင်ဆူဒန်လို့ နိုင်ငံက ဒုက္ခသည်တွေကိုလည်း ခေါ်ယူလက်ခံတာ ရှိပါတယ်။

သြစတြေးလျနိုင်ငံကို အရင်ရောက်လာပြီးမှ ဒုက္ခသည်အဖြစ် သတ်မှတ်ဖို့ ခိုလှုံခွင့်တောင်းတဲ့လူတွေကိုလည်း အစိုးရက Immigration Advice and Application Assistance Scheme (IAAAS) အစီအစဉ်အောက်မှာ ထားပြီး လျှောက်လွှာစိစစ်လေ့ရှိပါတယ်။

လှေတွေနဲ့ သြစတြေးလျနိုင်ငံထဲ ဝင်လာတဲ့လူတွေကိုတော့ IAAAS အစီအစဉ်အောက်မှာ မထားပဲ ပြည်ပမှာ ဖွင့်လှစ်ထားတဲ့ သြစတြေးလျ လူဝင်မှုထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းထားပါတယ်။

လှေနဲ့ ရောက်လာသူတွေကို တခြားနိုင်ငံတခုခုက လက်ခံရင် ပြီးတော့ အဲဒီဒုက္ခသည်တွေကလည်း တခြားနိုင်ငံတခုခုမှာ သွားဖို့ သဘောတူရင် အစိုးရက အခြေချဖို့အလိုပ် လိုအပ်တဲ့ အကူအညီပေးပြီး ပို့ဆောင်ပေးနေပါတယ်။

လူသားခြင်း စာနာတဲ့ ဗီဇာကလည်း နှစ်နဲ့ချီကြာနိုင်သလို တခြားဗီဇာလိုပဲ ကျန်းမာရေးအခြေအနေပေါ်လည်း မူတည်နိုင်ပါတယ်။ လူသားခြင်း စာနာတဲ့အနေနဲ့ ပေးတဲ့ ဗီဇာမှာလည်း subclass အမျိုးမျိုး ကွဲပြားနေပြီး တချို့ ဗီဇာအတွက် လုံးဝ အခမဲ့ ဖြစ်ပေမယ့် တချို့ဗီဇာအမျိုးအစားကတော့ ကျန်းမာရေးစစ်ဆေးခနဲ့ လေယာဉ်ခတွေကို ကိုယ်တိုင် ဒါမှမဟုတ် ဆွေမျိုးမိသားစုနဲ့ စပွန်ဆာတွေက ပေးဆောင်ရတာမျိုးလည်း ရှိပါတယ်။


Tags: countriesworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော အဓိက တီထွင်မှုကြီးများ

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော အဓိက တီထွင်မှုကြီးများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!