• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကြာနီကန်ဆရာတော် အကြောင်း သိချင် ဖတ်ချင်နေသူများအတွက် 

by Thutamm
May 31, 2020
Reading Time: 1min read
0
ကြာနီကန်ဆရာတော် အကြောင်း သိချင် ဖတ်ချင်နေသူများအတွက် 
Share on FacebookShare on Twitter

ကြာနီကန်ဆရာတော်အကြောင်းကို သေသေချာချာလေး သိချင်သူများအတွက်  အရှင်တေဇပုလဲ  ရေးသားထားတဲ့စာစုကို ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။

မွေးဖွားခြင်း

စစ်ကိုင်းတိုင်း ငါန်းဇွန်မြို့နယ်၊ ရွှေတွင်းကုန်းကျေးရွာနေ ဦးရှိန်+ဒေါ်ဒွန်းတို့သည် ၁၂၉၄ ခုနှစ် တော်သလင်းလဆန်း ၁၄ ရက် အင်္ဂါနေ့ ၈ နာရီတိတိအချိန်တွင် ကြာနီကန်ဆရာတော်လောင်းလျာ ကို မွေးဖွားသန့်စင်ခဲ့ကြသည်။ မတင်၊ မမှုန်ကြီး၊ မလှဖွေး၊ မောင်စိုးတင်၊ မောင်စိုးရှင်ဟူ၍ သားသမီးငါးဦးရှိရာ ကြာနီကန်ဆရာတော် လောင်းလျာ မောင်စိုးတင်သည် လေးဦးမြောက်သားရတနာဖြစ်သည်။

၁၃၀၀ ပြည့် အရေးတော်ပုံကြီးပေါ်ပေါက်နေချိန်တွင် မိုးခေါင်ရေရှားမှုကြောင့် ကျွဲ၊ နွား တိရစ္ဆာန်များ သေကြေပျက်စီးကြသောကြောင့် ဦးရှိန်နှင့် ဒေါ်ဒွန်းတို့သည် သားသမီးများနှင့်အတူ ကြာနီကန်ရွာ၏ အရှေ့အရပ်ရှိ လျှော်ဖြူပင်ရွာသို့ ပြောင်းရွေ့ကာ လယ်လုပ်ခြင်း၊ ကျွဲနွား၊ သိုး၊ ဆိတ် မွေးမြူခြင်းအလုပ်ဖြင့် အသက်မွေး ဝမ်းကြောင်းကြသလို မိခင်ကြီးကလည်း ဒေသထွက်ကုန်များကို ရောင်းဝယ်ဖောက်ကားလျက် ဘဝကို ဖြတ်သန်းခဲ့ကြသည်။ ထိုလျှော်ဖြူပင်ရွာသည်လည်း မကြာခဏဆိုသလို လူဆိုးဓားပြများ၏ လုယက်တိုက်ခိုက်မှုကို ခံနေရသောကြောင့် ၁၃၀၂ ခုနှစ်တွင် ကြာနီကန်ရွာသို့ ပြောင်းရွေ့ခဲ့ကြရပြန်သည်။

ဤသို့ဖြင့် မောင်စိုးတင်မှာ တဖြည်းဖြည်း ကျောင်းနေအရွယ်သို့ပင် ရောက်ရှိလာခဲ့သည်။ တစ်နေ့ မောင်စိုးတင် နှင့် မောင်စိုးရှင်တို့ ညီအစ်ကိုနှစ်ယောက်အား ဖခင်ကြီးက လယ်တောသို့ ခေါ်လာခဲ့သည်။ ညီမောင်စိုးရှင်မှာ ထင်းတို၊ထင်းစလေးများ ကောက်၍ ဖခင်အား စွမ်းသမျှ ကူညီလုပ်ကိုင်ပေးသော်လည်း ကြာနီကန်လောင်းလျာ မောင်စိုးတင် သည်ကား အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်တွင် ပုဆိုးခင်း၍ ခဲပြားခေါင်းခု အိပ်တော့သည်။ ထိုအခါ ဖခင်ဦးရှိန်က ရိုက်နှက်ခြင်းမပြုဘဲ “မင်း ကတော့ ကြီးလာရင် ဘုန်းကြီးဖြစ်မယ့်ကောင်”ဟု မှတ်ချက်ပြုလေသည်။ ဆိုသည့်အတိုင်း မောင်စိုးတင်သည် နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော် ဖြစ်လာလိမ့်မည်ဟူ၍ကား ဖခင်ကြီးဦးရှိန် သိမသွားခဲ့ရှာပေ။

ပညာသင်ရန်အပ်နှံ

များမကြာမီတွင် မောင်စိုးတင်နှင့် မောင်စိုးရှင်တို့အား ပညာသင်ကြားရန်အလို့ငှာ နာမည်ကျော် ဓမ္မကထိက ဒုတိယ တောင်ကြာနီကန်ဆရာတော် ဦးဝဏ္ဏထံ သို့ အပ်နှံလိုက်ကြသည်။ ဆရာတော်ဦးဝဏ္ဏသည် ကျမ်းဂန်ပိဋကတ် ကျွမ်းကျင်နှံ့စပ်၍ မတ္တရာ တစ်နယ်လုံးရှိ ဝိနိစ္ဆယအဆုံးအဖြတ်များကို တာဝန်ယူ ဆောင်ရွက်ပေးရသော မဟာနာယက ဆရာတော်တစ်ပါးဖြစ်သည်။ ထို့အပြင် ဗိသုကာပညာ၊ ဂဏန်းသင်္ချာပညာနှင့် ပန်းရန်အတတ်၊ ကနုတ်ပန်းအတတ်ပညာတို့ကိုပါ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသလို ဘုရားတည်ဆောက်ပုံ သတ္တဌာနထားရှိပုံနှင့် နက္ခတ်ဗေဒင်ကအစ ရင်းနှီးကျွမ်းဝင်သည့် ဆရာတော်တစ်ပါးဖြစ်သည်။

ဘက်စုံတော်သည့် ဆရာတော်တစ်ပါးမို့ အပွေးမြင် အပင်သိကာ မောင်စိုးတင်တို့ ညီအစ်ကို နှစ်ဦးအား အများနှင့်ခွဲကာ က,ကြီး ခ,ကွေးမှစ၍ ကျနစွာ သင်ကြားပေးတော်မူသည်။ ဆရာတော်ကြီး၏ လက်ထပ်သင်ပြမှုကြောင့် အခြေခံ စာပေများကို တစ်နှစ်အတွင်း ပြီးမြောက်အောင်မြင်ခဲ့သည်။ သုံးနှစ်ခန့် သင်ကြားပြီးသောအခါ မောင်စိုးတင်သည် ကျောင်းသားကိုရင် လေးဆယ်ကျော်တို့အား ထပ်ဆင့် သင်ကြားပေးရသည့် လက်ထောက် ဆရာပေါက်စလေးတစ်ဦး ဖြစ်လာခဲ့သည်။

ရှင်သာမဏေဝတ်ခြင်း

မောင်စိုးတင် ၁၂ နှစ်သားအရွယ်ရောက်သောအခါ မိဘနှစ်ပါးက သားသမီးများကို ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲကြီး ကျင်းပပေးလေသောကြာင့် မောင်စိုးတင်မှာ ကိုရင်ဇဋိလ၊ မောင်စိုးရှင်မှာ ကိုရင်ဝိမလဟူ၍ အမည်ဘွဲ့တော်များ ရရှိခဲ့ကြ၍ အူမြူးပျော်ရွှင်နေကြလေသည်။

ထို့နောက်တွင် ကိုရင်ဇဋိလနှင့် ရှင်ဝိမလတို့သည် သဒ္ဒါ၊ သြင်္ဂိုဟ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဋီကာ၊ ရူပသိဒ္ဓိ၊ ဝိနည်း၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဌာန်း၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ နျာသ၊ မောဂ္ဂလာန်၊ ဂဠုန်ပျံဝိဂြိုဟ်နှင့် ရှင်နှောင်းငယ်ပျိုု့တို့ကို သင်ကြားတတ်မြောက်ခဲ့သည်။ ထို့အပြင် ဆရာတော်ဦးဝဏ္ဏမှ တရားဟောပုံဟောနည်း၊ စကားပြောပုံပြောနည်း၊ အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ရေဆေးဓာတ်ပုံပညာနှင့် စက်မှုပညာပါမကျန် သင်ကြားခွင့် ရရှိခဲ့ကြသည်။ ထို့ကြောင့် ရှင်ဇဋိလအသက် ၁၆နှစ်ကျော် ၁၇ နှစ်အရွယ်ရောက်သောအခါ ဆရာတော်ဦးဝဏ္ဏ အုပ်ချုပ်သည့် သံဃာ့ဥပုသ်ပြု ဂိုဏ်းနှစ်ခုလုံးမှာ ရှင်မွန်လှတစ်ပါး ဟု ရေပန်းစားကျော်ကြားခဲ့သည်။

သီချင်းဝါသနာကြီးမားပုံ

ဤသို့ ကျော်ကြားသလို တစ်ဖက်မှာလည်း ဆရာတော်လစ်ရင် လစ်သလို သီချင်း ခိုးခိုးဆိုတတ်သည်။ သီချင်းမှာ သူ အလွန်ဝါသနာကြီးရသည့် အင်မတန် ချစ်မြတ်နိုးရသည့် အရာတစ်ခုဖြစ်သည်။ သီချင်းတစ်ပုဒ်ကို သုံးခေါက်နားထောင်ရုံနဲ့ အလွတ်ရသည်။ ထို့ကြောင့်လည်း သီချင်းအပုဒ်ရေ လေးရာကျော်အထိ အလွတ်ရသည်။ ခင်မောင်ရင်၊ ရွှေကျီးညို၊ ပဲခူးမြတို့ကတော့ သူ့အကြိုက်ဆုံး အဆိုတော်များဖြစ်ကြသည်။ အံ့အားသင့်စရာ ကောင်းသည်က ထိုအဆိုတော်များ၏ အသံကိုတုပြီး တူအောင် ဆိုနိုင်ခြင်းဖြစ်သည်။ ကျောင်းမှာလည်း ဓာတ်စက် တစ်လုံး အသင့်ရှိနေသည်မို့ အခွင့်သင့်လာတိုင်း သီချင်းဖွင့်လေ့ရှိသည်။ ဖွင့်သည့်အခါ ရွာထဲက လူငယ်လူရွယ်များလည်း လာရောက်နားထောင်ကြသည်။ ဆရာတော်ဦးဝဏ္ဏကလည်း အားကိုးရသည့် တပည့်ကြီးမို့ အတန်အသင့် အခွင့်အရေးပေးထားသည်။

တစ်ရက်မှာတော့ ရှင်ဇဋိလ သီချင်းဆိုနေစဉ် ဆရာတော်ဦးဝဏ္ဏနှင့် ပက်ပင်းမိလေသည်။ ထိုအခါက ဆရာတော်က ရှင်ဇဋိလအား တောင်ဝှေးနဲ့ သုံးလေးချက်ရိုက်ပြီး ရေဒဏ်ထမ်းခိုင်းသည်။ ရေဒဏ်မှာ ရေအိုးကြီးတစ်ခုထဲကို ရေထမ်းထည့်ရခြင်းဖြစ်သည်။ ထမ်းရသည့် အရာက ရေပုံးလို ကြီးကြီးမားမားမဟုတ်ဘဲ ညောင်ရေအိုးဖြစ်သည်။ ထို့ကြောင့် ရှင်ဇဋိလမှာ ညောင်ရေအိုးနှင့် ရေထမ်းလာပြီး ရေအိုးကြီးထဲ လောင်းထည့်နေရသည်။ ဘယ်တော့ပြည့်မလဲ ငုံ့ကြည့်လိုက်တဲ့အခါ ရေစပင် မမြင်ရ၍ စိတ်ဓာတ်ကျသွားသည်။ အတန်ကြာအောင် ထမ်းထည့်ပြီးသောအခါ ရှင်ဇဋိလ တွေးသည်။ “ဒါ သက်သက် ငါ့ ကို နှိပ်စက်တာ၊ ဒီတစ်ခါ ရိုက်ရင် အပြေးပဲ” ဟု တွေးနေစဉ် ပိုးများက တရွရွ ထလာ၍ “ပပ ဝတီ”သီချင်းကို ကောက်ဟဲလိုက်သည်။

“ရာသက်ပန် လင်မလုပ်ချင်လို့ အသွင်ယုတ်တယ်တဲ့ ပပဝတီရေ နှင်ထုတ်တယ်လေး အဲ…ဟဲ…အဲဟယ်ခိုင်းရက်တယ်” ဆိုပြီး ငယ်သံပါအောင် အော်ဆိုရာ ဘုန်းကြီးက မျက်မှန်ကြီးနှင့် လှမ်းကြည့်သည်။ ထိုအခါ ရှင်ဇဋိလက “ကြည့်ချင်ကြည့် ဒီခါ ရိုက်ရင် အလစ်ပဲ” ဟု သဘောပိုက်ကာ သီချင်းကို ဆက်ဆိုသည်။ ထိုအခါဘုန်းကြီးက “ဟိုကောင် လာစမ်း”ဟု ခေါ်တော့သည်။ ရှင်ဇဋိလက “ဘုရား”ဟု အသံကျယ်ကျယ်နှင့် လျှောက်တော့ “ဘုရားလုပ်မနေနဲ့ သိမ်းတော့” ဟု မိန့်ကြားလေမှ ရှင်ဇဋိလ အလုံးကြီးကျ ဝမ်းသာရလေတော့သည်။ ရှင်ဇဋိလသည် ဤသို့ မကြာမကြာ ဒဏ်ထမ်းရလေ့ရှိသည်။

နောင်မှာတော့ ဆရာတော်က တပည့်၏ ပညာရေး မနှောင့်နှေးလေရအောင်ဆိုပြီး ဓာတ်စက်ကို သိမ်းလိုက်သည်။ တစ်ရက်မှာတော့ ရှင်ဇဋိလနှင့် အခြားကိုရင်တစ်ပါး စာအံပြိုင်ကြရာ ရှင်ဇဋိလက အနိုင်ရလေသည်။ ထိုအခါ ပျော်လွန်းလို့ ရှင်ဇဋိလ မှာ ညသန်းခေါင်ရောက်သည့်တိုင် အိပ်မပျော်နိုင်ဘဲရှိချေ၏ ။

သူသည် ဓာတ်စက်တွင် ဓာတ်ပြားတင်ပြီး ဖွင့်တဲ့အသံနှင့် တူအောင်လည်း လုပ်တတ်သေးသည်။ ထို့ကြောင့် ရေအိုးထဲ ခေါင်းစွပ်ပြီး လက်က ဓာတ်ပြားသံနှင့်တူအောင် အိုးခြမ်းကွဲနှင့် ရေအိုးဖင်ခြစ်လျက် ပါးစပ်က “ပဒကုသလ” အမည်ရှိ သီချင်းကို တစ်ယောက်တည်း ဆိုလေသည်။ “အကြံရ ခက်ပါသနော်” ဟု ဆိုလိုက်စဉ်မှာပဲ “ဖြန်း”ဆိုတဲ့ အသံကြီးနှင့်အတူ သူ့ဖင်မှာ ကျိန်းစပ်သွားသည်။ ထို့ကြောင့် အိုးထဲက ခေါင်းကို ဆွဲထုတ်ရာ စွပ်တုန်းကရပြီး ပြန်ထုတ်ကာမှ ထုတ်မရဖြစ်နေသည်။ ဘယ်လို ထုတ်ထုတ် ထုတ်မရသည့်အဆုံး ကျောင်းတိုင်နဲ့ ရိုက်ခွဲလိုက်ရာ အိုးကွဲသွားပေမဲ့ အိုးလည်ပင်းက ခေါင်းမှာ စွပ်လျက်ကျန်နေခဲ့သည်။

ထိုအခါမှ မိမိဖင် ရိုက်တဲ့လူကို အသန်အသန်ရှာရာ ထန်းလက်ပြားကြီးကိုင်ပြီး ရပ်နေသည့် ဘုန်းကြီးဦးဝဏ္ဏကို တွေ့ရလေသည်။ သည်တော့မှ ကြောက်ကြောက်နဲ့ အိပ်ယာထဲ ပြေးဝင်ခဲ့ရသည်။ အိပ်ယာထဲရောက်မှ လည်ပင်းက ရေအိုးအနားသပ်ကို ဆွဲချွတ်ရာ နားရွက်တွေ ပွန်းအောင်ချွတ်မှ ကျွတ်သွားတော့သည်။

ဝါသနာက ကြီးလှသည်မို့ မည်သို့ ခံရခံရ အမှတ်သည်းခြေမရှိပေ။ ဆောင်းညတွေရောက်လေတိုင်း သီချင်းလေးတစ်ပုဒ် နှစ်ပုဒ်ဟပြီးမှ အိပ်ပျော်လေ့ရှိသည်။ ခုတော့ ဆောင်းရာသီမို့ မြူနှင်းတို့ဝေဆိုင်းပြီး မြောက်လေ တသွေးသွေးနှင့် အေး၍ မဆုံးဖြစ်နေသည်။

ရှင်ဇဋိလသည် ဆွမ်းစားပြီးစ တစ်ရေးတမော အိပ်စက်ရန် စောင်လိပ်လေးကို ခြေရင်းချလိုက်သည်။ သို့သော် ဆော့မြူးနေတဲ့ ဆောင်းလေကြားမှာ သည်အတိုင်း အိပ်လိုက်ရမှာကို သူနှမျောသည်။ ထို့ကြောင့် ဝါသနာပိုးအတိုင်း သီချင်းလေးတစ်ပုဒ်လောက် ညည်းလိုက်ဦးမည်ဟု တွေးကာ မေလှမြိုင်၏ သီချင်းတစ်ပုဒ်ကို ကောက်ဆိုလိုက်သည်။

“မြောက်လေ အပြန်၊ ဟေမန်ဆောင်းရာသီ၊ ငွေချည် ငွေနှင်းကလေးတွေ ဖျန်းပက်နေတော့ …”ဖုန်း”

ဤအထိသာ ဆိုလိုက်ရသည် ။”ဖုန်း”ဟူသော အသံနှင့်အတူ ခြေထောက်ပေါ်သို့ ပြင်းထန်သော အားတစ်ခု ကျရောက်လာသောကြောင့် “သည်”ဆိုတာလေးတောင် ဆုံးအောင် မဆိုနိုင်တော့ဘဲ ကမန်းကတန်း မျက်စိ ဖွင့်ကြည့်ရာ ဘယ်ချိန်က ရောက်နေမှန်းမသိတဲ့ ဘုန်းကြီးဦးဝဏ္ဏကို တွေ့ရလေသည်။ သည်တော့မှ စောင်ဆွဲခြုံပြီး အိပ်လေတော့၏။

သူလည်းလေလောကီသားမို့

ရှင်ဇဋိလတွင် မောင်မြမောင် ဆိုသည့် သီချင်းဆိုဘက် သူငယ်ချင်းတစ်ယောက်ရှိသည်။ မောင်မြမောင် ကျောင်းလာတိုင်း ဘင်ဂျိုလေး အမြဲပါသည်။ မောင်မြမောင် ဘင်ဂျို တီးရင် ရှင်ဇဋိလက စည်းဝါးလိုက်သည်။ ရှင်ဇဋိလ တီးလျှင် မောင်မြမောင်က စည်းဝါးလိုက်သည်။ ထိုသို့ အနုပညာ ချစ်ကြသူချင်းမို့ သံယောဇဉ်ကြီးကြသည်။

တစ်နေ့ အချစ်ကြောင့်လားရယ်မသိ မောင်မြမောင်မှာ ကြိုးဆွဲချ သေသွားလေသည်။ ညနေပိုင်းမှာ ကြိုးတန်းလန်းနှင့် သေနေသည့် ဂီတသူငယ်ချင်းကြီးကို သွားကြည့်မိသည်။ မျက်လုံးကြီး ပြူးပြီး လျှာကြီးက အပြင်ဘက် ရှည်ထွက်နေသည်။ စိတ်မကောင်းလွန်း၍ ပြန်လာတဲ့ လမ်းတလျှောက် ထိုမြင်ကွင်းက မျက်လုံးထဲက မထွက်။ ကျောင်း ပြန်ရောက်သောအခါ ကျောင်းတော်ကြီးတစ်ခုလုံးက တိတ်ဆိတ် မည်းမှောင်နေသည်။ ကျောင်းဆောင် တံခါး ဆွဲဖွင့်ပြီး လှမ်းဝင်လိုက်စဉ်မှာ ကျောတပြင်လုံး ချမ်းသီးများ ထသွားသည်။ ထိုစဉ် “ဝုန်း”ဆိုပြီး တစ်ခုခုပြုတ်ကျသံလို အသံကြီးလည်း ထိတ်ထိတ်လန့်လန့် ကြားရသည်။ မြမောင် လိုက်လာပြီဆိုတာ စိတ်ထဲက ထင်လိုက်၍ ရှင်ဇဋိလ မတရား ကြောက်လန့် ပျာယာခတ်သွားသည်။

တုန်ယင်သော လက်တို့နှင့် ဖရောင်းတိုင်ကို လိုက်စမ်းယူပြီး မီးခြစ်ကို ခြစ်မည်အပြု ဗီရိုပေါ်မှ “ညောင်” ဟူသော အသံထွက်လာသည်။ မြမောင် မဟုတ်ဘဲ အလှကြောင် ဖြစ်နေကြောင်း သိလိုက်ရတော့ ကြောက်စိတ်မှ ဒေါသစိတ်ပြောင်းကာ ထိုကြောင်ကို လိုက်ရိုက်မိလေသည်။ ကံကောင်းလို့ မကျိုး။ သည်အဖြစ်အပျက်မှာ သူငယ်ချင်း အချစ်ကြောင့် ကြုံခဲ့ရသည့် ဒုက္ခတစ်ခု ဖြစ်သည်။ နှလုံးသား အချစ်ကြောင့်လည်း ဒုက္ခတစ်ခု ကြုံဖူးသည်။

တစ်နေ့ ကြာနီကန်ကျောင်းတိုက်သို့ ညအိပ်ဧည့်သည်များ ရောက်ရှိလာကြသည်။ ထိုအထဲတွင် ရှင်ဇဋိလနှင့် အရွယ် မိန်းမပျိုလေးတစ်ဦးလည်း ပါလေ၏။ ၁၆၊ ၁၇ ဆိုသည်မှာ စိတ် ကစားတတ်သည့်အရွယ်မို့ အရွယ်တူ မိန်းမလှလေး မြင်ရသည့်အခါ ရှင်ဇဋိလမှာ လူငယ်တို့ ဘာသာဘာဝ မြင်မြင်ချင်း ချစ်ခင်စုံမက်မိသည်။ ထိုမိန်းကလေးအား ရင်တွင်းအသည်းက စွဲမြဲစွာ ချစ်နေမိသော်လည်း သူမထံသွား၍ ဇက်ဇက်ရဲရဲ စကား မဆိုရဲ။ ဝေးရာကသာ ငေးကာကြည့်ခြင်းကသာ သူ၏ အပြောင်မြောက်ဆုံး သတ္တိ။ မြတ်နိုးစွာ ခိုးကြည့်မိတိုင်း သူမမှာ ထိုင်လျက်သာ တွေ့မြင်ရသည်မို့ ဆင်မယဉ်သာ လမ်းလျှောက်ဟန်လေးကိုလည်း မြင်ချင်စမ်းပါဘိ။

ရှင်ဇဋိလ ခိုးခိုးကြည့်နေတာကို ကျောင်းရှိဦးပဉ္ဇင်းများပင် ရိပ်မိသိရှိသွားသည်။ ထိုအခါ ဦးပဉ္ဇင်းများက “ကြိုက်ရင် ခိုးကြည့်မနေနဲ့ စာပေးရတယ်ကွ” ဟု စနောက် မြှောက်ပင့်ပေးကြသည်။ နောက်ဆုံးမှာတော့ အရဲစွန့်ပြီး စာပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အမြဲထိုင်နေတတ်သည့် မိန်းမချောလေး ထံသွား၍ ရေးထားသော ရည်းစားစာကို မျက်စိစုံမှိတ် ပေးလိုက်တော့သည်။

နောက်တစ်ရက်တွင် ထိုမိန်းမချောလေးက ရှင်ဇဋိလအား သူမနှင့် လာတွေ့ရန် ချိန်းဆိုသည်။ ချိန်းဆိုသည့် နေရာက လူသူကင်းရှင်းသည့် ချောင်ကျကျ နေရာမဟုတ်ဘဲ ကျောင်းထိုင် ဆရာတော်ကြီး၏ ရှေ့မှောက်တွင် ဖြစ်သည်။ မည်သို့ဖြစ်ဖြစ် မြတ်နိုးသူက ချိန်းဆိုသည်မို့ ဆရာတော့်ကျောင်းဆောင်သို့ ချိန်းထားသည့် အချိန်တွင် အရောက်လာခဲ့ရာ ဆရာတော့်ရှေ့တွင် ထိုင်လျက် ရောက်နှင့်နေသည့် သူမကို တွေ့ရသည်။

ရှင်ဇဋိလ ဝင်လာသည်အား မိန်းမချောလေး မြင်လေသောအခါ ထိုမိန်းမချောလေးက ဆရာတော်အား ဦးချ၍ ထသွားလေတော့သည်။ ထိုအခါ ရှင်ဇဋိလ မှာ အံ့အားသင့်သွားသည်။ အကြောင်းမှာ ထိုမိန်းမချောလေးသည် မွေးရာပါ ခြေမသန်စွမ်းသူ ဒုက္ခိတမလေး တစ်ဦးဖြစ်နေသောကြောင့်တည်း။
“တပည့်တော်မလို ဒုက္ခိတမကြောင့် မြင့်မြတ်တဲ့ ကိုရင်ဘဝကို မစွန့်လွှတ်ချင်ပါနဲ့ ဘုရား” ဟု နှုတ်နှင့် မပြောဘဲ အပြုအမူဖြင့် ပညာသားပါပါ ဆုံးမသွားခြင်း ဖြစ်ပေသည်။ ချစ်မိပြီဆိုလျှင် ကျောက ဘုကြီးတောင် မြင်နိုင်စွမ်း မရှိ ဟု ဆိုစကားရှိသည်။ သို့သော်လည်း မိန်းမပျိုလေးက ကောင်းကောင်းကြီး ဆုံးမသွားသည်မို့ ချစ်ပင် ချစ်ငြား ရှေ့မတိုးအားတော့ပေ။

ဖခင်ကြီးအနိစ္စရောက်ခြင်း

ဘုန်းကြီးဦးဝဏ္ဏသည် ရှင်ဇဋိလအား မကြာမကြာ ဒဏ်ပေးတတ်သော်လည်း စာတော်သည့် ရှင်ဇဋိလကို အလွန်ချစ်ခင်သည်။ အားလည်းကိုးသည်။ ထို့ကြောင့် အနီးတွင် ခေါ်ထားပြီး မိမိကြွရာကိုလည်း အပါခေါ်သွားလေ့ရှိသည်။ အနီးတွင် ခေါ်ဆောင်ထားသော်လည်း တပည့်၏ တက်လမ်းကို ပိတ်ပင်ခြင်းမပြုဘဲ မန္တလေးသို့ ပညာသင်လွှတ်ရန် စီမံလေ၏။ ထိုသို့ စီမံနေဆဲတွင် ရှင်ဇဋိလ၏ ဖခင်ကြီးမှာ ကွယ်လွန်အနိစ္စ ရောက်ရှာသည်။ ထို့ကြောင့် ဖခင်၏ လုပ်ငန်း အမွေဆက်ခံရန် အစ်ကိုဖြစ်သူ ရှင်ဇဋိလကို မိခင်ကြီးက အားကိုးတကြီးနှင့် လူထွက်ရန် တောင်းဆိုလေသည်။

ရှင်ဇဋိလသည် ယခင်က ကိုရင် တစ်ကြိမ်ထွက်ခဲ့ဖူးသည်။ လူအများကြား ပုဆိုးခဏခဏ ကျွတ်ကျွတ်ကျ၍ ရှက်ပြီး ကိုရင်ပြန်ဝတ်ခဲ့ရသည်။ ယခု မိခင်ကြီးက ကိုရင်ထွက်ပါဟု တောင်းဆိုလာသောအချိန်တွင်ကား ရှင်ဇဋိလသည် ဘုရားသာသနာတော်မြတ်ကြီးကို အလွန်ချစ်မြတ်နိုးနေမိပြီဖြစ်သည်။ ထို့ကြောင့် ကိုရင်မထွက်လိုဟု ငြင်းဆိုလိုက်၍ ညီဖြစ်သူ ရှင်ဝိမလမှ ကိုရင်ထွက်ပေးခဲ့ရသည်။

ရဟန်းဖြစ်ခြင်း

သို့နှင့် ရှင်ဇဋိလမှာ အသက်နှစ်ဆယ် ပြည့်မြောက်ခဲ့လေသည်။ ထို့ကြောင့် တပည့်ရင်းမို့ သားရင်းပမာ ချစ်ခင်ရှာသည့် ဘုန်းကြီးဦးဝဏ္ဏက ကိုယ်တိုင် ရဟန်းခံပေးရန် စီစဉ်သည်။ သို့သော် ရှင်ဇဋိလ၏ မယ်တော်ကြီးက ကိုယ်တိုင် ပဉ္ဇင်းခံပေးလိုပါသည်ဟု အကြိမ်ကြိမ် တောင်းပန်မှုကြောင့် “ကဲ…ဒါဖြင့် မအေ ဆိုတော့ ဘယ်ငြင်းသာမလဲ ခွင့်ပြုပေးရမှာပေါ့”ဟုဆိုကာ နောက်ဆုတ်ပေးလိုက်သည်။ ထို့ကြောင့် မယ်တော်ကြီး ဒေါ်ဒွန်းမှ ရှင်ဇဋိလအား ၁၃၁၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၅ ရက်နေ့တွင် ဆရာရင်း ဦးဝဏ္ဏအား ဥပဇ္ဈာယ်ပြုလျက် ဦးဇင်းတစ်ပါးအဖြစ်သို့ ရောက်ရှိခဲ့သည်။

ထိုရဟန်းခံပွဲ ပြီးသောအခါတွင် ဆရာတော်ဦးဝဏ္ဏက မိမိတပည့်၏ ပညာအစွမ်းကို အရောင်ထင်စေလိုသောဆန္ဒနှင့် အရှင်ဇဋိလအား ပထမဆုံးအနေနှင့် တရားဟော ရေစက်ချ ခိုင်းလေသည်။ အရှင်ဇဋိလသည်လည်း ပညာရဲရင့်၍ ပွဲအလယ်တွင် တွန့်မနေဘဲ ခြောက်ပေ၊ သုံးလက်မခန့်ရှိ သူ့အရပ်ကြီးနှင့် ပရိသတ်အကြားသို့ ခြင်္သေ့တစ်ကောင်ကဲ့သို့ ရဲရင့်စွာ လှမ်းဝင်ခဲ့သည်။ ဓမ္မာသန ပလ္လင်ရင်းသို့ ရောက်သောအခါ အော်ဒါမှာစီးရသည့် ဆယ့်နှစ်လက်မခွဲခန့်ရှိ ဖိနပ်ကြီးကို ချွတ်လိုက်သည်။ ပလ္လင်ပေါ် ထိုင်လိုက်သောအခါ ၁၆၄ ပေါင်ရှိသည့် သူ့ခန္ဓာကိုယ်၏ အလေးချိန်ကြောင့် ပလ္လင်မှာ ညွှတ်သွားသည်ဟုထင်ရသည်။

ထို့နောက် စူးရှတောက်ပသော မျက်လုံးများနှင့် ပရိသတ်အား အသံအားကောင်းကောင်းနှင့် နှုတ်စွမ်းပြ ဟောကြားလေသည်။ ရေစက်ချပြီးသောအခါ ပရိသတ်များက အသံကောင်း၊ အဟောကောင်း၊ အပြောကောင်းပြီး ဥပဓိရုပ် ကောင်းလှသည်ဟု ချီးကျူးကြပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြလေသည်။ နိုင်ငံကျော် ဓမ္မကထိကကြီးဖြစ်ပါစေဟုလည်း ဆုတွေ အထပ်ထပ် ပေးသွားကြလေသည်။ ဘုန်းကြီးဦးဝဏ္ဏသည် ကိုယ်တိုင်လည်း ဓမ္မကထိကဖြစ်ပြီး ပါဠိသက်သက်ဖြင့် သုတ္တန်အဟောတွေမှာ နာမည်ကြီးသလို တပည့်တွေကိုလည်း လက်တွေ့သင်တန်း ပေးသည့်အနေနှင့် သာရေး နာရေးများတွင် ဟောပြောစေခဲ့သည်။ အရှင်ဇဋိလကိုကား အထူးမျှော်လင့်ထားသည်။ မျှော်လင့်ထားသလို ဘုန်းကြီးဦးဝဏ္ဏတပည့် တရားဟောကောင်းသည်ဟု ထိုနယ်တဝိုက်တွင် နာမည်ကျော်ကြားလာလေသည်။

စာသင်တိုက်သို့ပို့ခြင်း

ဆရာတော်ဦးဝဏ္ဏသည် မိမိတပည့်၏ ကိုယ်ရည်ကိုယ်သွေးအား ဤမျှနှင့် တင်းတိမ်မနေဘဲ မန္တလေးမြို့ စာသင်တိုက်သို့ ပို့ရန် စီစဉ်သည်။
“မင်း မန္တလေးမှာနေရင် စ,ဒ,ဘ,ဝ ဆိုတဲ့ အင်္ဂါလေးချက်နဲ့ အညီနေရမယ်။ စ – စောစောထ၊ ဒ – ဒုန်းပြေး၊ ဘ – ဘုံလောင်းတိုးပြီး၊ ဝ – ဝဝစားနိုင်ရမယ် ။ ဒီလေးချက်နဲ့ ညီမှ မင်း မန္တလေးမှာ နေနိုင်လိမ့်မယ်”ဟု ဆုံးမပြီး ခင်မကန်တိုက် အရှင်ဇဋိလ၏ ဦးရီးတော်စပ်သူ စာချဆရာတော် ဦးဇာဂရထံ အပ်နှံကာ ပညာရေနို့ သောက်စို့စေခဲ့ပြန်ပါသည်။

အရှင်ဇဋိလသည် ဆရာသမား၏ သြဝါဒအတိုင်း စောစောထ၊ ဒုန်းပြေးမတတ် ဘုံလောင်းကြွနေသော်လည်း ဝဝစားရသည့် ရက်က နည်းပါးလှသည်။ ယနေ့လည်း ထုံးစံအတိုင်း ဆွမ်းခံကြွလာရာ အိမ်တစ်အိမ်ရှေ့တွင် အငွေ့တထောင်းထောင်းနှင့် ဆွမ်းဇလုံကြီး ချထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ခပ်သွက်သွက်လျှောက်ပြီး ဆွမ်းရပ်လိုက်သည်။ သို့သော် အတန်ကြာ ရပ်မိသည့်တိုင် ဆွမ်းလာလောင်းသည်ကို မတွေ့ရပေ။ ထို့ကြောင့် အိမ်ထဲသို့ လှမ်း၍ အကဲခတ်ကြည့်ရာ ဆေးပေါ့လိပ်ကြီး လက်ကြားညှပ်ပြီး ရေနွေးကြမ်းသောက်နေသည့် ပွဲစားကြီးကို တွေ့ရသည်။

ထိုအခါကျမှ ပွဲစားဒကာကြီးက သတိထားမိသွားပြီး “ဟေ့…အဒေါ်ကြီး ကိုယ်တော်လေး ဆွမ်းရပ်နေတာကြာပြီ၊ မဏိနေပူလှပြီ၊ ဆွမ်းထွက်လောင်းလိုက်ဦး”ဆိုပြီး မိန်းမကို အော်ပြောလိုက်သည်။ ထိုအခါ မယားလုပ်သူက “တော်ကလည်း ကိုယ်တိုင် လောင်းတော့ ငရဲကြီးမှာကျလို့ “ဟု ပြန်ပြောလေရာ ပွဲစားကြီးက ဆောင့်ကြီး အောင့်ကြီးနှင့် ထလာပြီး အရှင်ဇဋိလ သပိတ်ထဲသို့ ဆွမ်းများ အကုန်လောင်းထည့်လိုက်လေသည်။

သည်ကိုလှမ်းမြင်လိုက်တဲ့ အဒေါ်ကြီးက ” အဖိုးကြီး နောက်ကိုယ်တော်တွေ ကျန်သေးတယ်နော်”ဟု လှမ်းသတိပေးလေရာ ပွဲစားကြီးက “ဆွမ်းလောင်းတာပဲ ကုန်သွား ပြီးရော့ပေါ့၊ ဖောက်သည်ချ မလောင်းနိုင်ဘူး”ဟု ပြန်အော်သဖြင့် လင်မယား အခြေအတင် စကားများပြီး နပမ်းမလုံးခင် အရှင်ဇဋိလမှာ သော့သော့ နှင်ခဲ့ရလေသည်။ သို့သော်လည်း ပွဲစားကြီးကျေးဇူးကြောင့် နေ့တွက်ကိုက်ပြီး စ၊ ဓ၊ ဘ၊ ဝ – ဆောင်ပုဒ်လေးနှင့် ညီညွတ်ရပေတော့မည်။

တစ်နေ့တွင်လည်း မြို့တွင်းသို့ ဆွမ်းခံကြွလာစဉ် ကျောင်းသူတစ်ယောက် စီးလာသော စက်ဘီးနှင့် ဝင်တိုက်မိလေသည်။ သပိတ်လွတ်ကျ ၊ ဆွမ်းအစ်ခွက်တွေ မြေပေါ် ပြန့်ကျဲပြီး ရထားသမျှ ဆွမ်းနှင့် ဆွမ်းဟင်းတွေ မြေပြင်ပေါ် ပလဲကုန်သည်။ ယောင်္ကျားခြင်းဆိုရင် နပမ်းချရ အကောင်းသား မိန်းမသားဖြစ်နေ၍ မနည်း သီးခံပြန်ခဲ့ရသည်။ ကျောင်းပြန်ရောက်သောအခါ ထိုအဖြစ်အပျက်ကို ကဗျာကောက်စပ်ပြီး မန္တလေးထုတ် သတင်းစာတစ်စောင်မှာ ထည့်လိုက်ရာ ထိုကဗျာ ပါလာတော့သည်။

နောက်ရက် ဆွမ်းခံကြွချိန် စက်ဘီးနှင့် တိုက်ခံရသော နေရာသို့ ရောက်လာသောအခါ ရပ်စောင့်နေသည့် ကျောင်းသူလေးကို တွေ့ရသည်။ ပြီးနောက် အရှင်ဇဋိလကို တောင်းပန်ရှာသည်။ နောက် သတင်းစာထဲက ကဗျာက “တပည့်တော်မကို စောင်း ရေးတာ မဟုတ်လားဘုရား”ဟု မေးရာ မျက်နှာပူပူဖြင့် “အဲဒါ တည့်တည့်ရေးတာပဲ”ဟု ပြန်ပြောရလေ၏။ ထိုအခါက ကျောင်းသူလေးက သူမ အိမ်သို့ ဆွမ်းခံကြွရန် လျှောက်ထားသဖြင့် ဆွမ်းခံအိမ်တစ်အိမ်တိုးခဲ့ရလေတော့သည်။

တစ်ရက်တွင်လည်း ဦးဇဋိလ ဆွမ်းခံကြွလာခဲ့သည်။ ဗမာအမျိုးသမီးနှင့် ညားထားသည့် တရုတ်ကြီး အိမ်ရှေ့ ရောက်သောအခါ ထိုအမျိုးသမီးကို မြင်လိုက်ရ၍ ဆွမ်းရပ်လိုက်သည်။ ထိုစဉ် သတင်းစာဖတ်နေသည့် တရုတ်ကြီးက အရင်မြင်ပြီး သူ့မျက်နှာကို သတင်းစာနှင့် ကွယ်သွားသည်။ တခဏအကြာ သတင်းစာရွက် နှိမ့်ပြီး လှမ်းကြည့်ရာ အရှင်ဇဋိလ မပြန်သေး၍ ပြန်ကွယ်သွားသည်။ ဗမာအမျိုးသမီးက မီးဖိုဆောင်ထဲ အလုပ်ရှုပ်နေ၍ ဦးဇဋိလ အား မတွေ့ပေ။ တရုတ်ကြီးက တတိယအကြိမ် ခိုးကြည့်ပြန်ရာ ရပ်နေဆဲ ဦးဇဋိလကို တွေ့ရ၍ စိတ်မရှည်နိုင်တော့ဘဲ “ဟေ့..ဘုန်းကြီး ဆွား… ဆွား (သွား) ဟု နှင်ထုတ်တော့သည်။

ဦးဇဋိလကလည်း မသွားဘဲ ပေကပ်ရပ်နေသည်။ “ဟေ့..ဘုန်းကြီး ဆွားလို့ ပြောနေတာ မကြားဘူးလား ဆွားလေ” ဟု ထပ်၍ နှင်ထုတ်ပြန်သည်။ ထိုအခါ ဦးဇဋိလလည်း လူပါးဝသည့် တရုတ်ကြီးအား အဟုတ်ကြီးဒေါပွားကာ သပိတ်ကတ္တရာပေါ်ချပြီး နပမ်းဝင်လုံးတော့သည်။ သည်အခါမှ မီးဖိုဆောင်ထဲက အမျိုးသမီးက အသံကြားလို့ ပြေးဝင်လာပြီး တောင်းပန်ရှာသည်။ ဦးဇဋိလအား ကျကျနနထိုင်ခိုင်းပြီး ကန်တော့သည်။ နောင် အမြဲဆွမ်းခံကြွဖို့လည်း လျှောက်ထားလေ၏။ ဦးဇဋိလမှာ နပမ်းတန်ခိုးနှင့် ဆွမ်းခံအိမ် တစ်အိမ်တိုးခဲ့ရပြန်လေ၏။

အရှင်ဇဋိလသည် ယင်းခင်မကန်တိုက်မှာပင် အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းတို့ကို မပင်မပမ်း အောင်မြင်တော်မူလေသည်။ ဦးရီးတော်က ငယ်လတ်ကြီးအတန်းတွေကို စာဝါပို့ချခိုင်းစေသောကြောင့်လည်း ပို့ချပေးရသည်။ ရဟန်းဝါ လေးဝါအရတွင် ဦးရီးတော်က စာချတန်းကို ကိုးကျမ်းလုံး နှစ်ချင်းပေါက် ပြီးစေလိုသောကြောင့် နေ့ညမအား ကြိုးစား၍ ပို့ချပြသပေးသည်။

သို့သော် ထိုအချိန်မှာ အရှင်ဇဋိလက တရားပွဲများ ဟောကြားနေရပြီမို့ ဆွမ်းကွမ်းမရှား၊ လာဘ်လာဘလေးများလည်း ရွှင်လာသည်။ ပင်ကိုယ်က အဟောအပြော ဝါသနာကြီးလှသည်မို့ စာပေသင်ယူရေးထက် ဟောရေးကို ပိုအားသန်သလိုရှိလာသည်။ မန္တလေးမြို့နေ ကြာနီကန်ရွာသား ပွဲစားများဖြစ်ကြသည့် ဦးဘလွန်း ဒေါ်မြမေ၊ ဦးသူတော်၊ ဦးမြဲ၊ စာရေးကြီးဦးစံအေး ဒေါ်သိန်းခင် ၊ ဦးနက်-ဒေါ်ပြိုင်၊ ဦးတင်မောင်-ဒေါ်နှင်းနွယ်၊ ဦးပေ – ဒေါ်နှင်းမယ် စသော ရွာခံဒါယကာများက အရှင်ဇဋိလကို ပွဲထုတ်ပေးကြသည်။ ရပ်ကွက်ဓမ္မာရုံတွင်လည်း သီလပေးတရား ဥပုသ်နေ့တိုင်း ဟောရသည်။ ထို့ကြောင့် မကြာမကြာ ဝါစာနောက်ကျရသည်။ သီလပေး တရားဟောပြီးကာမှ မြင်းလှည်းနှင့် ကတိုက်ကရိုက်ရောက်လာတတ်သည်။

ထို့ကြောင့် တစ်ရက်တွင် ဦးရီးတော် ဦးဇာဂရက ဤသို့ သြဝါဒပေးလေ၏။
“ပညာသင်ကြားနေသူဆိုတာ ဥဒေါင်းကလေးများကဲ့သို့ ကျင့်ကြရမယ်၊ ခွေးကလေးများကဲ့သို့ မကျင့်ရဘူး။ ဥဒေါင်းဆိုတာ ငယ်စဉ်က အင်မတန် ရုပ်ဆိုးပြီး လူမုန်းတဲ့ရုပ်မျိုး ၊ ကြီးပြင်းလာတဲ့အခါကျမှ အတောင်အလက်တွေစုံပြီး အလှမျိုး စုံလာတဲ့အတွက် အများနှစ်သက်ကြတယ်။
“ခွေးလေးများကျတော့ မွေးစမှာ တယ်လှကြတယ်။ ကြီးလာတဲ့ အခါကျတော့ ပုံမပြေ ရုပ်ဆိုးလာတယ်။ ဒါကြောင့် ငယ်ရွယ်စဉ် ပညာသင်ချိန်မှာ ဒေါင်းလိုနေကြ၊ ခွေးလိုမနေကြနဲ့”စသည်ဖြင့် ဆုံးမသည်။ သို့သော် အရှင်ဇဋိလ၏ ဓမ္မကထိကပိုးမှာ အရိုးထဲအထိ စိမ့်ဝင်နေပြီဖြစ်ရာ ဦးရီးတော်၏ သြဝါဒသည်လည်း မတိုးသာတော့ပေ။

ကြာနီကန်ဆရာတော်အကြောင်းကို သေသေချာချာလေး သိချင်သူများအတွက်  အရှင်တေဇပုလဲ  ရေးသားထားတဲ့စာစုကို ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။

ဓမ္မကထိကဖြစ်ရန်ရူးသွပ်ပုံ

အရှင်ဇဋိလ၏ ဓမ္မကထိက ပိုးမှာ ဗန္ဓုလဦးဆိုင်၏ တိုက်သစ်တက်ပွဲတွင် ရန်ကုန်မှ နိုင်ငံကျော် ဓမ္မကထိက ဦးေဥယျ၏ ကြိတ်ကြိတ်တိုး တရားပွဲကို သုံးညတိုင်တိုင် နာယူမိသောအခါ ပိုတိုးလို့ သွားတော့သည်။ တစ်နေ့ ငါလည်း ဦးေဥယျလို နိုင်ငံကျော် ဓမ္မကထိက ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချလိုက်သည်။

ထို့ကြောင့်လည်း ထိုတရားပွဲပြီးသောအခါ ဦးေဥယျထံ ဝင်ရောက်ဖူးတွေ့ပြီး ခွင့်တောင်းသည် ။ “တပည့်တော် ဓမ္မကထိက ဖြစ်ဖို့ ဝါသနာ ကြီးလွန်းပါတယ်ဘုရား၊ တပည့်တော် ဆရာတော်ကဲ့သို့ ဟောလို၍ ဆရာတော်နောက် လိုက်ခွင့်ပြုပါ” ဟူ၍ လျှောက်ထားလေသည်။ ထိုအခါ ဆရာတော်ဦးေဥယျက “ဟောချင်ရင် ငါ့လို ပရိသတ်ကြီးများလို့ လေယူလေသိမ်း ကိုက်အောင် ဆိုကြည့်စမ်း”ဟု စေခိုင်းရာ အရှင်ဇဋိလက ဦးေဥယျ၏ လေယူလေသိမ်း အသံအတိုင်း တူအောင် “ပရိသတ်ကြီးများ”ဟုဆိုပြလျှင် ဦးေဥယျမှာ အရှင်ဇဋိလကို စိတ်ကြိုက်တွေ့သွားသည်။

ထို့ကြောင့် ဆရာတော်က “နောက်ပွဲတွေခေါ်မယ်၊ အခုတော့ ပညာပဲ ဆက်သင်ဦး”ဟု မိန့်ကြားသွားခဲ့သည်။ ၎င်းနောက်မှာတော့ အရှင်ဇဋိလသည် ဦးေဥယျ၏ အသံသွင်း ကြိုးခွေများကို နားထောင်ပြီး ဦးေဥယျကဲ့သို့ မတ်တတ်ရပ်၍ ဟောဟန်၊ လေယူလေသိမ်းနှင့် “ပရိသတ်ကြီးများ” ဟု ခေါ်ပုံကအစ အရူးအမူး လေ့ကျင့်တော့သည်။

ထိုစဉ်က ခုခေတ်လို လွယ်လွယ် တရားနာယူခွင့်မရသေးပေ။ ဗန္ဓုလဦးဆိုင်ထံတွင် သွင်းယူထားသည့် တရားခွေများရှိ၍ သိုသိုသိပ်သိပ်ဖွင့်သည်။ ဗန္ဓုလဦးဆိုင်သည် နံနက်လေးနာရီတွင် ဘုရားဝတ်တက်ပြီး ငါးနာရီတွင် ဆွမ်းလောင်းသည်။ ငါးနာရီနှင့် ခုနှစ်နာရီအကြား၌ ဦးေဥယျ၏ တရားတော်များကို ဖွင့်လေ့ရှိသည်။ ထိုအချိန်ဆိုလျှင် အရှင်ဇဋိလသည် ၎င်းအိမ်နား မြက်ခင်းပြင်တွင် သပိတ်ချ ၊ သင်္ကန်းခင်းပြီး ဖွင့်သမျှ မပြီးမချင်း နာယူသည်။ အိမ်ထဲသို့ ဝင်ခွင့်ရလျှင်လည်း ဝင်ပြီး “ကျုပ် သိပ်ဝါသနာကြီးလွန်းလို့ပါဗျာ ၊ ဦးေဥယျ တရားခွေတွေ ဖွင့်ပေးစမ်းပါ”လို့ ခခယယတောင်းပန်ပြီး မပြီးမချင်း နာယူတတ်သည်။ ဗန္ဓုလဦးဆိုင်ကလည်း တစ်ပုဒ်ဆုံးသည်နှင့် “တပည့်တော်တို့ မအားသေးလို့ပါ ဘုရား၊ ဒါပဲ”ဆိုပြီး ပိတ်လိုက်၍ အားမလို အားမရ ပြန်ခဲ့ရသည်။

ပြန်လာရာလမ်းတွင်လည်း ဦးေဥယျတရားဖွင့်သံကြားက ကြားတဲ့နေရာမှာ ရပ်ပြီး မဆုံးမချင်း နာယူသည်။ ဘယ်လောက်နာနာ ကြီးငွေ့သွားခြင်းမရှိသည့်အပြင် တရားဆုံးသွားမှာကိုပင် နှမျောနေသည်။ တစ်ခါတလေများဆို လမ်းမှာရပ်ပြီး တရားနာနေလို့ ဆွမ်းခံပင် မကြွလိုက်ရပေ။ ထိုအချိန်မျိုးဆိုလျှင် ဆွမ်းဒကာရင်း ပွဲစားကြီး ဦးမြဲ အိမ်သို့ ခပ်သုတ်သုတ်ကြွကာ ” ကျုပ် တရားနာနေလို့ နေမြင့်သွားတယ်၊ ဆွမ်းသာ လောင်းလိုက်ပါ” ဟု အလှူခံပြီး ကျောင်းပြန်ခဲ့ရတာလည်း အကြိမ်ပေါင်းမနည်းပင်။

ဆရာတော်ဦးေဥယျ၏ အဂုၤလိမာလတရားကို နာပြီး ညတစ်နာရီထိုးချိန်ကြီးမှာ မအိပ်သေးဘဲ ဦးေဥယျဟန်အတိုင်း မတ်တတ်ရပ်ပြီး လေ့ကျင့်သည်။ ဦးေဥယျ၏အသံသည် မထေ့တထေ့လေးနှင့် “ပရိသတ်ကြီး မှန်ရဲ့လား” ဆိုပြီး “လား”ကို မပီတပီ ဆိုလေ့ရှိသည်။ ပြီးတော့မှ “ဟေ့…ပရိသတ်ကြီး မှန်ကြရဲ့လား”ဆိုတာကို အသံမြှင့်ပြီး မင်းသားကြီးအသံနှင့် ထပ်ဆင့်တတ်သည်။ ပြီးလျှင် တစ်ဆင့်တက်ပြီး “မှန်တယ် ပရိသတ်တို့ မှန်လွန်းလို့ ခက်ကုန်ပြီ” ဟု ဆိုကာ ပရိသတ်ကို အပါခေါ်သွားလေ့ရှိသည်။

အရှင်ဇဋိလလည်း ထိုနည်းအား အတုယူကာ အဂုၤလိမာလ တရားကိုဟောရင်း “ပရိသတ်ကြီး မှန်ရဲ့လား” ဟု မေးမေးပြီး လေ့ကျင့်နေလေသည်။ ထိုစဉ်မှာပဲ အောက်ထပ်မှာ ကျိန်းနေတဲ့ ဦးရီးတော်ဘုန်းကြီးက “သူတောင်းစားနှယ် သူများတွေ အိပ်နေ ၊ နင်က ဘယ်သူ့ လက်နက်ချခိုင်းနေတာလဲ” ဆိုသည့် ဆူသံကြီးကြားရ၍ ကပျာကယာ ထိုင်ချလိုက်ရသည်။ ထိုတစ်ညတော့ ဆက် မဟောရဲတော့ပေ။

နောက်ပိုင်းတွင် အရှင်ဇဋိလသည် မည်သည့်ဓမ္မကထိက ဖြစ်စေ နာတတ်လျှင် အမြတ် ဟုမှတ်ကာ တရားပွဲရှိရာ မေးမြန်းစုံစမ်းပြီး အရောက်သွားပြီး နာယူသည်။ နည်းယူလေ့လာခဲ့သော အကျော်အမော်ဆရာတော်များမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်၊ သီတဂူဆရာတော်၏ ငယ်ဆရာ အနီးစခန်းဆရာတော်၊ ဝိဇ္ဇောဒယဆရာတော်၊ ဆေးဝင်္ကဘာဆရာတော်၊ ကျိုက်ဝိုင်း ဦးဣန္ဒက၊ မန္တလေး ရိပ်သာဆရာတော်၊ နံယောဆရာတော် စသည်ဖြင့် မနာဖူးသည်မှာ မရှိသလောက်ပင်။

ထိုတင်မက လူပုဂ္ဂိုုုုလ် ဓမ္မကထိက အကျော်များဖြစ်သည့် ဦးလှသိန်း၊ ရွှေပြည် ဦးဘတင်၊ ဦးဆန်းထွန်း၊ ရတနာပုံ ဆရာချစ်၊ ဦးတင်အေး၊ ဦးအောင်ဒင်၊ ဦးချစ်မောင်နှင့် အမျိုးသမီး ဓမ္မကထိက မန္တလေး မထွန်းရှင်တို့ကိုပင် အလွတ်မပေး အပြေးနာယူခဲ့သည်။ ထို့ကြောင့် အရှင်ဇဋိလ၏ ဟောပြောမှု စွမ်းရည်မှာလည်း အံ့မခန်း တိုးတက်နေလေတော့သည်။

အရှင်ဇဋိလက ဤသို့ တရားပွဲမှန်သမျှ နာယူပြီး ပြန်ရောက်သည်နှင့် လေ့ကျင့်တော့သည်။ ဒါကို ဦးရီးတော်က ပညာရေး ဆုံးခန်း မတိုင်သေး၍ သဘောမကျလှပေ။ ထို့ကြောင့် အရှင်ဇဋိလမှာ နေ့စဉ်ဆိုသလို အဆူခံနေရသည်။

အရှင်ဇဋိလလူထွက်တော့မည်

တစ်နေ့ အရှင်ဇဋိလ ဂါထာတစ်ပုဒ်ကို စိတ်ပါလက်ပါ ရွတ်ဆိုနေစဉ် ဦးရီးတော်ရောက်လာပြီး ဆူငေါက်လေ၏။ သည်တစ်ကြိမ်တွင် အရှင်ဇဋိလမှာ အင်မတန် ဝမ်းနည်းသွားသည်။ မကျစဖူး စိတ်ဓာတ်လည်း ကျသွားသည်။ ဓမ္မကထိက လုပ်ရန် အိပ်မက်ပင် ဝေဝါးသွားတော့သည်။ မိမိဖြစ်ချင်သည့် ဓမ္မကထိက ဖြစ်ခွင့်မရမှတော့ သာသနာ့ဘောင် မနေ ၊ လူထွက်တော့မည် ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် လူဝတ်ကြောင် ဘဝတွင် အသက်မွေးမြူနိုင်ရန် လက်နှိပ်စက်ရိုက်ပညာ၊ နာရီပြင်ပညာ၊ ဓာတ်ပုံပညာနှင့် စက်ချုပ်ပညာများကို သင်ယူလေတော့သည်။

ထိုသတင်းကို ဦးရီးတော်ဦးဇာဂရ ကြားသိသောအခါ အရှင်ဇဋိလအား ရှေ့မှောက်သို့ခေါ်လေ၏။ ခေါ်ပြီးတဲ့အခါ “ဒီနေ့ ညနေ လေးနာရီ၊ လမ်းလယ်ဘုရားမှာ သီလပေး ပင့်ထားတယ်၊ အဲဒါ မင်းလိုက်သွားပြီး တရားလေး ဘာလေး တတ်သလောက် မှတ်သလောက် ဟောခဲ့ပေါ့ကွာ” ဟု ဆိုကာ ချော့မော့ စေလွှတ်လိုက်လေသည်။

တူတော်မောင်၏ ဝါသနာကို ဘယ်လိုမှ ထိန်းမရနိုင်သည်ကို ကောင်းကောင်း သိရသောအခါ ဓမ္မကထိက အလုပ်ဟာလည်း သာသနာ ပြန့်ပွားရေးပါပဲ ဟု စိတ်လျော့ကာ အရှင်ဇဋိလ၏ အိပ်မက်ကို ခွင့်ပြုပေးလိုက်ရတော့သည်။ လုပ်ချင်တာ လုပ်ခွင့်ရသွားသည့်အတွက် အရှင်ဇဋိလသည်လည်း လူထွက်မည့် အစီစဉ်ကို ပယ်ဖျက်လိုက်လေတော့သည်။ ထိုစဉ်က အရှင်ဇဋိလ လူထွက်ဖြစ်ခဲ့လျှင် ယနေ့ လူအများမှာ ကြာနီကန်တရားဆိုသည်ကို နာယူခွင့် ရကြလိမ့်မည် မဟုတ်ပေ။

တရားဟောဖို့လမ်းစပေါ်ပြီ

မြစ်သားမြို့ အရှေ့ဘက် ၊ ကသဲကုန်းရွာတွင် ဆောက်လုပ်ဆဲ ဓမ္မာရုံကြီးတစ်ခုရှိသည်။ ထိုဓမ္မာရုံကြီးတွင် တရားဟောလိုလျှင် နိုင်ငံ မကျော်သော်လည်း ဖြစ်ဖြစ်မြောက်မြောက် ဟောတတ်လျှင် ဟောခွင့်ပြုသည်။ တရားဟော လေ့ကျင့်ရေး စခန်းတစ်ခု ဟု ဆိုလျှင် ပိုမှန်မည်ထင်သည်။ နိုင်ငံကျော်ဓမ္မ
ထိုသို့ ဟောလာရင်းက ဦးသောင်းတင်၊ ဦးချစ်ပို၊ ဦးတင်၊ ဦးကြည်အေး တို့လို အကျိုးတော်ဆောင် ဒကာရင်းများ ပေါ်ပေါက်လာရသလို ပရိသတ်လည်း အတန်အသင့် ရရှိခဲ့လေသည်။ ဤဓမ္မာရုံကြီးသည် အရှင်ဇဋိလအား ကြာနီကန်ဆရာတော်ဟူ၍ နိုင်ငံကျော်ဖြစ်လာစေရန် များစွာ အကူအထောက်ပြုခဲ့ပါသည်။

သီချင်းလည်းရေးသည်။

ဤသို့ ဓမ္မကထိကဖြစ်ရန် ကြိုးစားနေသလို တစ်ဖက်မှာလည်း “မောင်ညွန့်ဝေ” ကလောင်အမည်နှင့် သီချင်းများကို ကိုယ်တိုင် ရေးစပ်သည်။ အရှင်ဇဋိလ ကိုယ်တိုင်ရေးသည့် “ကြာနီကန် ဖိတ်ခေါ်သံ”သီချင်းမှာ လွန်စွာနာမည်ကြီးသည်။ ဓာတ်ပြားသီချင်းများစွာကိုလည်း ကူးယူကျက်မှတ်ခဲ့သည်။ ထိုစဉ်က နာမည်ကျော် အဆိုတော်များထဲမှ တက္ကသိုလ် မြကြီး နှင့် မေလှမြိုင်တို့ကိုလည်း အသည်းစွဲသည်။ ဘယ်လောက် အသည်းစွဲသလဲဆိုလျှင် လူချင်းတွေ့ပြီး သီချင်းဆိုပြခိုင်းသည်အထိပင်။

တစ်ခါက မန္တလေးကျုံးနဘေးတွင် မေလှမြိုင်၊ ရန်နိုင်စိန်နှင့် ဝေသာလီ မောင်ဖုန်းတို့ လာရောက် ဖျော်ဖြေကြသည်။ ထိုအခါ အရှင်ဇဋိလသည် ဦးဇနက ဆိုသည့် အတန်းဖော် သူငယ်ချင်းတစ်ပါးကိုခေါ်ကာ ဇာတ်ရုံနောက်ပေါက်မှဝင်၍ မေလှမြိုင်နှင့် သွားတွေ့သည်။ မေလှမြိုင်ကလည်း ရိုရိုသေသေ ဦးချပြီး စကားစမြည် မေးမြန်းလျှောက်ထားရာ အရှင်ဇဋိလက “လက်စွမ်းပြချိန်”အမည်ရသည့် သီချင်းကို ဆိုပြရန် တောင်းဆိုလေ၏။

မေလှမြိုင်သည် ဆိုခိုင်းသည့် သီချင်းအား ကြည်ကြည်ဖြူဖြူနှင့်ပင် မေးကလေး ထိုးကာ ဇက်ကလေး ငဲ့ကာနှင့် လည်ပင်းကြောထောင်ခြင်း အလျင်းမရှိဘဲ သာသာယာယာ ဆိုပြရာ အရှင်ဇဋိလမှာ နားထောင်လို့ မဝအောင်ဖြစ်ခဲ့ရသည်။ ဓမ္မကထိက ပိုးကြီးသလို သီချင်းရောဂါမှာလည်း နောက်ဆုံးအဆင့် ရောဂါသည် တစ်ယောက်ဟု ဆိုရမည့် သူပါတကား။

ကြာနီကန်ရွာသို့ပြန်ရခြင်း

တစ်နေ့တော့ ဓမ္မကထိကရူး သီချင်းရူး အရှင်ဇဋိလထံမှာ ကျောက်ကြီးရောဂါ ပြင်းထန်စွာ စွဲကပ်လာတော့သည်။ မန်ကျီးစေ့ခန့် ကျောက်ပေါက်ခွက်တို့သည် မျက်နှာတပြင်လုံး ပြန့်နှံ့နေသည်မို့ လူတောမတိုးရဲအောင် ဆိုးဝါးလာသည်။ ရောဂါပြင်းထန်လွန်း၍ ငယ်ဆရာ ဦးဝဏ္ဏနှင့် တူရင်း ကိုကျော်သိန်း၊ မပိုက်မိ တို့က မန္တလေးအထိ လိုက်လာပြီး ကိုယ်ဖိရင်ဖိ ပြုစုပေးကြရသည်။ အနည်းငယ် သက်သာစပြုလာချိန်မှာတော့ ကြာနီကန်ရွာသို့ ပြန်ခေါ်ခဲ့ရပါတော့သည်။ နေ့စဉ်ရက်ဆက် သနပ်ခါးရွက်ကြိတ်ရည်၊ သနပ်ခါးမြစ် သွေးရည်စသည့် ဆေးအမျိုးမျိုးဖြင့် လိမ်းလည်းလိမ်း၊ တိုက်လည်းတိုက်ပြီး ကုသပေးကြရသည်။ တစ်နှစ်ခန့်ကြာမှ အရာအစင်းများပင် မရှိတော့ အောင် ကုသပေးနိုင်ခဲ့ကြပါတော့သည်။

ဤသို့ ရောဂါပျောက်သောအခါ အရှင်ဇဋိလက မန္တလေးသို့ပြန်ပြီး စာချတန်း ပြီးအောင်ဖြေဆိုဖို့ ကြံရွယ်သည်။ သို့သော်လည်း ငယ်ဆရာဦးဝဏ္ဏက “မောင်ဇဋိလ ရာ အောက်ခြေသိမ်း စာပေ ကျွမ်းကျင်မှုရှိသားပဲ တော်လောက်ရော့ပေါ့၊ မင်း မယ်တော်ကြီးလည်း အသက်ကြီးပါပြီ၊ လက်ရှိ ကိုရင်တွေကို စာချကွာ၊ တရားလည်း နယ်ထဲ လှည့်ဟောပေါ့၊ ငါ့ သဘောတော့ ဒီအတိုင်း ကြိုက်တာပဲ”ဟု မိန့်ကြားလေသောကြောင့် ဆရာ့ဆန္ဒအတိုင်း ကြာနီကန်ရွာကျောင်းရှိ ဦးဇင်း၊ ကိုရင်နှင့် ကျောင်းသားများကို စာချပေးရင်းနှင့် တရားဟောရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပါတော့သည်။

တရားဟောစထွက်ပြီ

ဦးဇဋိလသည် စာပေများ ပို့ချနေရင်းက တရားဟောရန် အကြောင်းဖန်လာသည်။ ဆရာတော်ဦးဝဏ္ဏ၏ ရဟန်းဒကာမိသားစုမှ ဦးအောင်ဘ၏ ခမည်းတော် ကွယ်လွန်လေရာ ထိုပွဲတွင် ဆရာတော်ဦးဝဏ္ဏက တပည့်ဇဋိလ အား တရားဟော စေလွှတ်လိုက်သည်။ ထို့ကြောင့် ဦးဇဋိလ ကြွသွားပြီး တရားပွဲများ ဟောကြားရသည်။ ဟောကြားခဲ့သော တရားတော်များမှာ နိုင်ငံကျော် လူဓမ္မကထိက ဦးလှသိန်း၏ အနန္တဂုဏ်ရည်တွင် ဧရကပတ္တ နဂါးမင်း နှင့် ဥတ္တရလုလင် တို့ ကဿ ပဘုရားလက်ထက်တွင် ကျွတ်တမ်းဝင်ကြပုံကို အသံတူ၊ ဟန်တူ ဟောပြောလိုက်ရာ ပရိသတ်အများမှာ လွန်စွာ အံ့အားသင့် ချီးကျူးပြောဆိုကြလေ၏။

ဦးဇဋိလသည် ထို့နောက်ပိုင်း ဟိုတစ်စ၊ သည်တစ်စ တရားပွဲများဟောနေရင်းက ဒကာရင်းများဖြစ်ကြသော ဦးချစ်ပို ၊ ဦးကြည်အေး၊ ဦးတင် တို့က ပင့်လျှောက်သဖြင့် မိမိ စတင်အဟော ကျင့်ခဲ့သည့် ကသဲကုန်းသို့ ကြွကာ ပရိသတ် ၁၀၀၊ ၁၅၀ တို့အား တစ်ည တစ်ဇာတ်ထုပ်နှုန်းဖြင့် ခြောက်ညဆက်တိုက် ဟောကြားပေးခဲ့သည်။ ဟောခဲ့သောတရားများမှာ အောင်ခြင်းရှစ်ပါး၊ အရှင်သာရိပုတ္တရာ မယ်တော်ချွတ်ခန်း ၁ ၊ ၂ ၊ သုဝဏ္ဏသျှံ၊ အဂုၤလိမာလ၊ သံယောဇ တို့ဖြစ်ကြသည်။

ထို ကသဲကုန်း ပြီးနောက် အင်းဝ ဥယျဉ်ရွာသို့ ကြွ၍ စာသင်ဖက် သူငယ်ချင်းတစ်ပါး၏ ဆောက်လုပ်စ သိမ်တော်ကြီးကို ပြီးစီးအောင်မြင်နိုင်အောင် သူ၏ အဟောစွမ်းရည်ဖြင့် ပြီးမြောက်အောင် ကူညီပေးခဲ့သည်။ ဤသို့နှင့် ဦးဇဋိလသည် တစ်နေရာတွင် တစ်ပွဲမှ ဆယ်ပွဲအထိ ဟောကြားလာခဲ့ရကာ မတ္တရာနယ်သူကြီး ၆၄ တစ်ခုလုံးတွင် မလပ်အောင် ဟောကြားခဲ့ပြီး ဖြစ်သည်။ တရားဟောကြားရင်း နဝကမ္မလေးလည်း အတန်အသင့် ရရှိခဲ့၍ ထိုဝတ္ထုငွေလေးနှင့် အသံချဲ့စက် တစ်လုံး ဝယ်လိုက်သည်။ အသံချဲ့စက်တွင်လည်း “ရတနာပုံ ညွန့်ဝေ” ဆိုပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးလိုက်သည်။

နောက်ပိုင်းတွင် သာသနာပြု အသုံးစရိတ်အတွက် ပင့်သည့်နေရာသာမက မပင့်သည်နေရာများသို့လည်း ကြွရောက်ပြီး ဟောကြားရန် စိတ်ကူးရလာသည်။ ထို့ကြောင့် လှည်းပေါ် အသံချဲ့စက်တင်ကာ တပည့်များဖြစ်ကြသည့် ကိုဘိုနီနှင့် ကိုကြီးမောင် တို့နှင့်အတူ သာသနာပြုခရီး ထွက်ခဲ့ကြသည်။

မောင်းထုတ်ခံရခြင်း

သို့နှင့် ပထမဆုံး ကြွလာခဲ့သည့် ရွာမှာ သုံးဆယ်ပြေး ရွာဖြစ်သည်။ ထိုရွာလူကြီးမှာ ဘုန်းကြီးလူထွက်ဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော် ၇၀၀ ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။ ထိုရွာထဲသို့ လှည်းမောင်း ဝင်ရန် အားထုတ်ရာ အဝင်မခံဘဲ သူကြီးအမိန့်ဖြင့် တားမြစ်ခံရလေသည်။ သို့သော် လွယ်လင့်တကူ ဇွဲလျော့ခြင်း မပြုဘဲ ရွာအနောက်ဖျားရှိ ကြာနီကန်ရွာသား ကိုသောကြာ၏ အိမ်ရှေ့ ကုက္ကိုလ်ပင်ပေါ် အသံချဲ့စက်တင်ပြီး ဦးလှသိန်း၏ ဥတ္တရလုလင်ဇာတ်ကို ဦးလှသိန်းအသံအတိုင်း ဟောကြားလေ၏။

ထိုအခါ သူကြီးကိုယ်တိုင် လာရောက်၍ ဆရာတော်ဦးဝဏ္ဏ၏ တပည့်မှန်း မသိ၍ တားမြစ်မိကြောင်း တောင်းပန်ပြီး ညတရားပွဲ လျှောက်ထားကာ စီစဉ်ပေးလေ၏။ ထိုဒုတိယည တရားပွဲတွင် ပရိသတ် ၂၀၀ ခန့်ရှိပြီး ဝတ္ထုငွေနှင့် လှူဖွယ်အစုစုတို့ကိုလည်း လှူဒါန်းကြလေသည်။

ထိုမှတဖန် ထိုရွာနှင့် သုံးလေးမိုင်ဝေးသော ဒုန်းကုန်းရွာသို့ ခရီးဆက်ခဲ့ကြလေသည်။ ထိုရွာလူကြီးသည်လည်း ရွာထဲဝင်ရန် တားမြစ်ခံရပြန်သည်။ ဤသို့ တားမြစ်ခံရ၍ စိတ်ပျော့ လက်လျော့လိုက်မည်ဆိုပါက ကြာနီကန်ဟူ၍ နိုင်ငံကျော်ခွင့် ရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် မည်ကဲ့သို့ အခက်အခဲ ကြုံကြုံ ဇွဲမလျော့ ရွာထဲလည်း မဝင်ဘဲနှင့် ရွာထိပ်ရှိ ကုက္ကိုလ်ပင်ပေါ်မှာ အော်လံကို တင်၊ သေတ္တာပေါ် ပုဆိုးခင်း ၊ တင်ပလ္လင်ခွေထိုင်ကာ တစ်ကိုယ်တည်း ပရိသတ်မပါ ဗလာ တရားဟောကြားလေတော့သည်။

ဦးဇဋိလ ဟောကြားလိုက်သော တရားအား ကြားနာလိုက်ရသောရွာသားများသည် ထွက်လာကြပြီး တောင်းပန်စကား လျှောက်ထားကြလေ၏။ ရွာထဲသို့ ပင့်ကာ ညတရားပွဲလည်း စီစဉ်ပေးကြလေ၏။ နိုင်ငံကျော် ကြာနီကန်ဆရာတော် ဟု ဖြစ်လာရန် ဤသို့သော ခါးသီးမှုများကို ကျော်လွှားခဲ့ရသည်။ အောင်မြင်မှု သရဖူကို လွယ်လင့်တကူ ရယူနိုင်ခဲ့ခြင်း မဟုတ်ပေ။

ဦးဇဋိလသည် ထိုသို့သော အခက်အခဲ အငြိုအငြင် များစွာကို ကြုံတွေ့ရပြီးနောက် ကြံခင်းမြို့ ၊ ကံကြီး၊ ကံပြင်၊ မင်းဂံ၊ ဘုတ်၊ လွန်ဒေါင်း၊ စလွန်ဖြူ၊ တောင်ပြုန်း၊ ငါန်းဇွန်၊ ကသာ၊ မဘိမ်း၊ မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနားမြို့တို့တွင် ဘောလုံးကွင်းအပြည့် ပရိသတ်များကို တရားဟောကြားခဲ့ရသည်။ ထိုပွဲများကိုတော့ သာသနာပြုအသုံးစရိတ်အတွက် မဟုတ်တော့ဘဲ မိမိကျောင်းတွင် သုံးထပ်သာသနာ့ဗိမာန်ကြီး ဆောက်လုပ်ရန် ဟောကြားခဲ့ခြင်းဖြစ်သည်။ ဤဗိမာန်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိဆရာဦးဝဏ္ဏအား ကျောင်းကောင်းကောင်းနှင့် သီတင်းသုံးစေလို၍ ဖြစ်သည်။

ဦးဇဋိလ နာမည်ရစပြုလာချိန်မှာ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးရှိ ဒေါ်တင်မိသားစုမှ တလတိတိ တရားပွဲပင့်ဖိတ်သဖြင့် ကြွရောက်ဟောကြားခဲ့ရာ တရားတစ်ပုဒ်မှ ထပ်ခြင်းမရှိ၍ တရားနာပရိသတ်မှာ ကြည်ညိုလေးစား အံ့အားသင့်ကြလေ၏။ သို့နှင့် မတ္တရာ၊ ပုသိမ်ကြီးတို့တွင် မဟောဖူးသည့် နေရာမရှိ ဟောပြီးသောအခါ အမရပူရ၊ မန္တလေးတို့သို့ ခြေဆန့်လာခဲ့သည်။ မန္တလေးတွင် စက်ရှင်ရပ် မီးပြဓမ္မာရုံ၊ မြို့မရုပ်ရှင်ရုံ၊ တရုတ်တန်းနှင့် ကုသိုလ်တော်ဘုရားတို့တွင် ဟောကြားခဲ့ရသည်။ သို့သော်လည်း ပရိသတ်မှာ ထောင်ဂဏန်းပင် မပြည့်ပါ။ ထိုအချိန်အထိ ကြာနီကန်ဆရာတော်ဟူ၍ ဖြစ်မလာသေးပေ။

အောင်မြင်မှုလမ်းစ

ဦးဇဋိလ အောင်မြင်ရန် လမ်းစအစစ်မှာ မြင်းခြံမြို့ ၁၂ မုဒ်စေတီဟု ဆိုရမည်။ ထိုစေတီပွဲမှာပင် နိုင်ငံကျော် ဓမ္မကထိက ဦးဇဋိလ ဟု ဆိုင်းဘုတ်ဆွဲကာ တစ်လခွဲတိတိ ဇာတ်ပွဲများနှင့် ယှဉ်ပြိုင်ဟောခဲ့သည်။ မြို့တော်သိန်းအောင်က ယနေ့ည က,ပြမည့် ပြဇာတ်အမည်မှာ “မိခင်ရွှေလက် တေးပုခက်” ကြော်ငြာထားလျှင် ဦးဇဋိလက “မေမေ နှင်ထုတ် တေးတစ်ပုဒ်” အမည်ပေး၍ အငို၊ အလွမ်း၊ အလင်္ကာ ၊ ဆောင်ပုဒ်၊ ပုံတိုပတ်စများ ညှပ်ထည့်ကာ ဝေဝေဆာဆာ ဟောကြားသည်။ “သဘင်သည် မဝင်ရ” အမည်နှင့် က,ပြလျှင် ဦးဇဋိလက “အနုပညာရှင် ဝင်ချင်ဝင်”တရားအမည်နှင့် ကြော်ငြာ၍ အမည်နှင့်တရား လိုက်လျောညီစွာ ဟောကြားခဲ့သည်။

ထို့ကြောင့် ပရိသတ်မှာ ဇာတ်ရုံက ထွက်လျှင် တရားပွဲရောက်လာကြသည်။ ဇာတ်ပွဲများဖြစ်ကြသည့် ဝင်းဗိုလ်၊ ကနက်စိန်၊ ပန်တျာ မြဝင်း၊ ရွှေနန်းတင်၊ ငါးမည်ရ တင်သိန်းတို့ ဇာတ်သမားများ ပြောင်းသွားကြသော်လည်း ကြာနီကန်တရားပွဲက ရှိမြဲပင်။ ပရိသတ်များမှာလည်း မြင်းခြံမြို့ပေါ်ကသာ မက နွားထိုးကြီး တောင်သာ၊ တလုတ်မြို့၊ မိတ္ထီလာ၊ တပ်ကုန်း၊ ပျဉ်းမနားတို့မှ လာကြ၍ အလင်းပေါက် နာယူကြသည်။ ထို့ကြောင့်လည်း ဦးဇဋိလ၏ နာမည်ဂုဏ်သတင်းသည် အထူးကျော်ကြားလာခဲ့သည်။ တရားဟောစဉ်ကိုလည်း ယခင်လို ယပ်ထောင် မဟုတ်တော့ဘဲ ယပ်လှဲတရားကို ကိုယ်ပိုင်ဟန်နှင့် ပေါင်းစပ်ပြီး ကောင်းသထက် ကောင်းအောင် ဟောကြားသည်။

ကြာနီကန်ဟု နိုင်ငံကျော်စေရန် ဒုတိယ အကြောင်းရင်းမှာ သပြေတေးသံသွင်းမှ တစ်ပြည်လုံးသို့ ဖြန့်ချိလိုက်ခြင်းဖြစ်သည်။ ထိုအခါ ကြာနီကန်၏ တရားဟောဟန်၊ ခေတ်နှင့်ညီသည့် ဆန်းသစ်မှုတို့ကြောင့် ဦးဇဋိလ၏ တရားများမှာ တောမီးပမာ တစ်ပြည်လုံးသို့ ပြန့်နှံ့သွားတော့သည်။ ထိုမှတစ်ဆင့် ရန်ကုန်မြို့ စူပါဟိုက်တေးသံသွင်းမှ ထပ်ဆင့် သွင်းယူ ဖြန့်ချိပြန်သောကြောင့် အထက်ပိုင်းနှင့် အောက်ပိုင်းတွင် တဟုန်ထိုး ကျော်ကြားသွားသည်။ နောက်ပိုင်းတွင် တေးသံသွင်းများဖြစ်ကြသည့် စေတမန်၊ အကိုင်း၊ ကရဝိတ်၊ ပုဂံ၊ တေးပုလဲတို့ကလည်း သွင်းယူ ဖြန့်ချိကြရာ တစ်ပြည်လုံးသို့ လွှမ်းခြုံကျော်ကြားသွားတော့သည်။

ဆရာတော်သည် အစပိုင်းတွင် ဝိပဿ နာတရား ဟောကြားပြီး နောက်ပိုင်းကို ဇာတ်ထုပ်ကို ဟောလေ့ရှိသည်။ တေးသံသွင်းများက အရောင်းသွက်သည့် ဇာတ်ထုပ်များကိုသာ သွင်းယူဖြန့်ချိကြသောကြောင့် အချို့က “သီချင်းဆိုပြီး ငိုနေတဲ့ ဘုန်းကြီး” ဟု အထင်လွဲကြသည်။ ဆရာတော့်တရားမှာ စီ၉၀ သွင်းမှ ပြည့်စုံမည်ဖြစ်သော်လည်း တေးသံသွင်းများက စီ ၆၀ ထဲ ထည့်သွင်းပြီး ရောင်းချသဖြင့် ဇာတ်ကြော ဖြတ်သွားသည်များလည်းရှိသလို ဇာတ်လမ်းပျက်သွားသည်များလည်းရှိသည်။ ထို့ကြောင့် ဆရာတော်က တရားခွေများအား မိမိမသိဘဲ မဖြတ်တောက်၊ မဖြန့်ချိကြဖို့ မေတ္တာ ရပ်ခံခဲ့ရသည်။ နောင်တွင်တော့ ဆရာတော်နှင့် ဦးဝဏ္ဏတို့ တည်းဖြတ်ပေးပြီးမှသာ တစ်နိုင်ငံလုံးကို ဖြန့်ချိခွင့်ပြုခဲ့သည်။ ၎င်းနောက်မှာတော့ အထက်မြန်မာပြည် အောက်မြန်မာပြည် တရားပွဲများ အားလပ်ရက်မရှိ ဟောကြားရတော့၏။

ငယ်ဆရာပျံလွန်တော်မူပြီ

ထိုသို့ တရားပွဲများ လှည့်လည် ဟောကြားနေရင်းက အဖလည်းဟုတ်၊ ဆရာလည်းဟုတ်သည့် ဆရာတော် ဦးဝဏ္ဏ ပျံလွန်တော်မူသည့် သီတင်းကို စို့နင့်ကြေကွဲစွာ ကြားသိရသည်။ ထို့ကြောင့် ကြာနီကန်ရွာသို့ ချက်ခြင်း ပြန်လာခဲ့ပြီး ဦးဝဏ္ဏ၏ အန္တိမဈာပနကို ဇာတ်သဘင်၊ အငြိမ့်များဖြင့် တခမ်းတနားပြုလုပ်ပေးသည်။ အရိုးတော်များကို ရွှေလောင်းတောင်ပေါ်တွင် ဂူဘုရားအဖြစ် တည်ထားလေသည်။ ထို့နောက်မှာတော့ ကြာနီကန်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။

အောင်မြင်မှုအထွဋ်အထိပ်

သည့်နောက်တွင် ဆရာတော်၏ အောင်မြင်မှုမှာ အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ စိန်အောင်မင်း၊ စိန်မာဒင်၊ ဒဂုန်အောင် စသည့် ဇာတ်၊ ရုပ်သေးများဖြင့် ယှဉ်ပြိုင်ဟောကြားသော်လည်း မည်သည့်အခါမှ ရှုံးလေ့မရှိဘဲ နိုင်သည်ချည်းဖြစ်သည်။ ပရိသတ်မှာလည်း တရားပွဲမို့ ငြီးငွေ့သွားသည်မရှိဘဲ ဇာတ်ရုံထရံများ ဖွင့်ပေးရသည်အထိ ကြိတ်ကြိတ်တိုး များပြားခဲ့သည်။

မြင်းခြံမြို့ ၁၂ မုဒ်စေတီတွင် ကနက်စိန်ဇာတ်နှင့် သူ့ဟွန်းသံကိုယ်ကြား၊ ကိုယ့်ဟွန်းသံ သူကြား မျက်နှာချင်းဆိုင် ဟောရသည်။ ဆရာတော် ဟောနေစဉ် ကနက်စိန်ဇာတ်က”ဒက်..ဒက်…ဒက် …ဒုန်း” ဆိုတဲ့ ပြဇာတ်တိုက်ပွဲ ပစ်ခတ်သံတွေ ဆူညံစွာထွက်လာပြီး ဇာတ်ရုံထက်သို့ မီးခိုးလုံးကြီးများ တက်တက်လာသည်။ အတိုင်းသား ကြားနေရ၍ တရားနာပရိသတ်မှာ ဟိုဘက်စိတ်ရောက်သွားကြသည်။ ဆက်ဟော၍ မဖြစ်တော့မှန်း သိလိုက်တဲ့ ဆရာတော်က “ကဲ ခင်များတို့ ပြဇာတ် နားထောင်ချင် နားထောင်လိုက်ကြဦး၊ ကျုပ် မောလို့ ခဏနားဦးမယ် ” ဟု အချိုသပ် ရပ်ပေးလိုက်သည်။

ထိုသို့ ရပ်ပေးခြင်းမှာ အကြောင်းရှိသည်။ တဝုန်းဝုန်းနှင့် ခွဲနေသော ဗြောက်အိုးတစ်လုံးလျှင် ရှစ်ကျပ်တန်သည်။ အကုန်ကျများ၍ ကြာကြာ မပစ်နိုင်မှန်း ဆရာတော်က သိပြီးဖြစ်သောကြောင့် ခဏရပ်ပေးလိုက်ခြင်းဖြစ်သည်။ အတန်ကြာသောအခါ တွက်ထားသည့်အတိုင်း အသံတွေ ငြိမ်သက်သွားသည်။ ထိုအချိန်ကို စောင့်နေသည့် ဆရာတော်က တရားပွဲ ပြန်စကာ “အမှောင်ဘဝ သူ့နောင်တ”တရားမှ မယား၏ နှင်ထုတ်ခြင်းကို ခံရရှာသည့် မောင်သံယောဇ၏ ငိုပုံအား စွဲစွဲငင်ငင် အသံအားကောင်းကောင်းနှင့် ဤသို့ ငိုလေတော့သည်။

“ရှု့မဝတဲ့ အခါမှာ……..သုတ ခင်ကညာ မယဉ်ကျေးလိုက်ပုံက နောက်မှတွေ့တဲ့ လင်ငယ်လေးကို အားရစေဖို့ လင်ကြီးမောင် ဗျာပါပွေရအောင် ဟေး…….မယ်သုတရဲ့..နှင်ရက်လေအား…………နှင်ရက်လေအား…………..။ ဆိုပြီး ချွဲချွဲပစ်ပစ် ငိုချင်းလေး ဟစ်လိုက်သည်ဆိုလျှင်ပဲ “ဟာ…ဟေ့ကောင်တွေ ဘုန်းကြီးလည်း ငိုသဟ” ဟု ဆို၍ ဇာတ်ရုံထဲက လူတွေ အလုအယက် ပြေးထွက်လာကြရာ တရားပွဲရုံကြီးပင် ပြည့်လျှံသွားတော့သည်။ ဆရာတော်က ဆက်၍ ငိုသည်။

“တွေးဆလို့ ရှု့လိုက်ပါဦး မယ်သုတရဲ့…လေးဝါစု ဆိုတာဟာ အပါယ်ဘုံ ဒုဂ္ဂတိလမ်း…ပေမို့….ကြည့်စမ်းကွယ် ကျုပ် တကယ် သွားရမယ်တဲ့ …..အမယ် မင်း တွေးဆလို့ သနား …….သနား…..” ဟု ဆရာတော် ကိုယ်တိုင်ရေးငိုချင်းသံကို ကြားရသော ပရိသတ်များမှာ ငိုနေသည့်ပါးစပ်အား ကြည်လို၍ ရှေ့သို့ တိုးကာ တိုးကာတက်လာကြလေသည်။ အံ့ဖွယ်ဆရာတော်ပါပေ။

အလွမ်းဇာတ်သိမ်း မမငြိမ်း (ပဋာစာရီ) တရားကို ဟောကြားစဉ်က အလွမ်းတွေကို ပစ်စလက်ခတ်သုံးပြီး ဟောကြားရာ ပရိသတ်အလယ်က အမေကြီးတစ်ဦးသည် “သား…ဇဋိလ” ဟု အော်ခေါ်ပြီး တက်လာသည်။ ဆရာတော်လည်း မိမိဘွဲ့ခေါ်သံကြား၍ ဘာဖြစ်ပါလိမ့် အရင်ဘဝက မိခင်ဟောင်းလား ဟု တွေးကာ တရားပွဲခဏ ရပ်ပေးလိုက်ရသည်။ မေးမြန်းစုံစမ်းကြည့်ကာမှ မကြာသေးမီက ပျံလွန်တော်မူသွားသည့် သူ့သားပဉ္ဇင်း အရှင်ဇဋိလကို သတိရပြီး အလွမ်းဓာတ်ခံဖြင့် ထငိုခြင်းဖြစ်ကြောင်း သိရလေသည်။

ဆရာတော်သည် ဤသို့ တရားနာပရိသတ်ကို လွမ်းအောင်၊ သနားအောင် ဆွဲဆောင် ဟောနိုင်သလို တဝေါဝေါ ပွဲကျအောင်လည်း ဟောစွမ်းနိုင်သည်။ ဆရာတော်၏ ဟောပြောမှုစွမ်းရည်ကြောင့် ပရိသတ်၏ ရယ်မောသံမှာ ဝေါကနဲ၊ ဝေါကနဲ ထွက်ထွက်လာသည့် အသံကြားပြီး ဇာတ်သဘင် အတီးသမားများမှာ ဟိုခေါက်၊ သည်တီးနှင့် အယောင်ယောင် အမှားမှားတွေ ဖြစ်နေ၍ ဟွန်းဘက်ပြောင်းပေးရန် လာတောင်းပန်ကြရသည့် ဇာတ်သမားများ အများအပြားရှိလေသည်။ တော်တန်ရုံ ဇာတ်လောက်ကတော့ ကြာနီကန်ဆရာတော်က လိမ့်ထွက်သွားအောင် ဟောနိုင်သည်။ ဆရာတော် ဟောသံကို နားထောင်ရုံဆိုလျှင် လည်ပင်းကြော ထောင်အောင် အော်နေသည် ဟု အထင်မှားတတ်ကြသော်လည်း တကယ်တမ်းမှာ မပင်မပမ်း ပါးစပ်လှုပ်ရုံသာ ဟောသည်မို့ ဘယ်လောက်ဟောဟော မောပမ်းသွားသည်မရှိပေ။

ထိုသို့ ဟောကြားနေရင်းက အမြင်မတူသူတို့၏ နှောက်ယှက်မှုကိုလည်း ကြုံရသည်။ တစ်ခါက အရက်၏ ဆိုးကျိုးများကို ကောင်းကောင်းကြီး ဟောကြားနေစဉ် အရက်သမားတစ်ယောက် ဝင်လာပြီး “ကိုယ်နဲ့ မဆိုင်ဘဲနဲ့ သူများကို ဘာလို့ စော်ကားတာလဲ”ဟု လက်ညှိုးလျက် ကြိမ်းလေသည်။ ရုတ်တရက်မို့ ကြာနီကန်ဆရာတော်က ရပ်လိုက်ရာ တရားပွဲမှာ တိတ်ဆိတ်သွားသည်။ လုံခြုံရေးများကို ဆွဲထုတ်၊ မောင်းနှင်ပစ်ကြဖို့လည်း ဆရာတော်က မခိုင်းဘဲ သည်တိုင်းသာ အသာကြည့်နေသည်။ အတန်ကြာသောအခါ ပရိသတ်ထဲက အမျိုးသမီးကြီးတစ်ဦး ထလာပြီး ထိုအမူးသမားအား ခေါ်ထုတ်သွားလေ၏။ ထိုအခါမှ တရားကို ဆက်ဟောခဲ့လေသည်။

နောက်တစ်ရက်တွင် ထိုအမူးသမားနှင့် သူ၏ မိခင်တို့ ဆရာတော့်ထံ လာတောင်းပန်သည်။ ငမူးမှာလည်း အမူးပြေနေပြီမို့ ဆရာတော်အား ရှိခိုးကန်တော့ကာ အရက်ကို နောင် မသောက်တော့ပါဟု လှူလေ၏။ ဆရာတော်ကလည်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပေးခဲ့ပြီး နောင် ဤသို့ မပြုမိစေရန် ဆုံးမပေးလိုက်လေ၏။

ကြာနီကန်ဆရာတော်မှာ အရက်သမားနှင့် အကျိုးပေးသည် ဆိုရမည်။ မြင်းခြံမြို့မှ ကိုမောင်ငွေ ဆိုသော သူသည်လည်း အရက်မူးနေလျက်က ကြာနီကန်တရားကို ရှေ့ဆုံးက လာနာသည်။ ဆရာတော် ဟောသောအခါ အရက်သံနှင့် “တင်ပါ့” လိုက်နေသည်မှာ တရားဆုံးသည်အထိပင်။ နောက်ရက်တွင် “မူးကြောင်၊ မူးကြောင်နှင့် “တင်ပါ့” လုပ်ရကောင်းလား” ဟု ညီအစ်ကို၊ မောင်နှမတို့က ပြောဆိုကြရာ ရှက်လွန်းလို့ ဆိုပြီး ကြာနီကန်ဆရာတော်ထံ လာ လျှောက်ကြားပြီး အရက်ကို စွန့်လှူသွားလေသည်။ ကြာနီကန်ဆရာတော်ထံတွင် ဤသို့ အရက်လာလှူ သွားသူ အများအပြားရှိလေသည်။

အောက်ခြေဓမ္မကထိက

ကြာနီကန်ဆရာတော်၏ တရားများသည် စာမတတ်သူနှင့် ကလေးသူငယ်တို့အတွက် အဓိကထား ဟောကြားသော တရားများဖြစ်သည်။ ထို့ကြောင့် အောက်ခြေ လှေကားထစ် ဓမ္မကထိက ဖြစ်ကြောင်း မကြာမကြာ ရိုးသားစွာ ဝန်ခံလေ့ရှိသည်။ ဘာသာခြားများပင် ကြာနီကန်တရားကို နာပြီး ဗုဒ္ဓအကြောင်း ကောင်းကောင်းသိခဲ့ရသည်။

ပြည်မြို့ ရွှေဆံတော်ခြေရင်းက လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးမောင်နီဆိုသော ပေါက်ဖော်ကြီး တစ်ယောက်ရှိသည်။ ထိုပေါက်ဖော်ကြီးဆိုလျှင် ကြာနီကန်တရား မနာဖူးခင်က ဘုရားမသိ တရားမသိသလို ဘုန်းကြီးလည်း မရှိခိုးပေ။ ကြာနီကန်ဆရာတော်၏ တရားကို နာယူမိသောအခါ ကြိုက်လွန်းလို့ ရန်ကုန်အထိ တက်ပြီး တရားဇာတ်ထုပ်ပေါင်း ရှစ်ဆယ်ခန့်အထိ ဝယ်ကာ သူ့ဆိုင် လာသမျှ လူတိုင်းကို ကြာနီကန်တရား ဖွင့်ပြလေ့ရှိသည်။

တစ်နေ့ သူ့ဆိုင် လက်ဖက်ရည် လာသောက်သူတစ်ဦးက “ဒီဆရာတော် သီချင်းဆိုပြီး ငိုနေတာ မဖွင့်ပါနဲ့ဗျာ” ဟု ဆိုလာ၍ ပေါက်ဖော်ကြီးက ” မင်း ဝိပဿ နာ တရားဆို နာမှာလား”ဟု မေးရာ ထိုလူက “ဒီဘုန်းကြီး ဘယ်တုန်းက ဝိဿ နာ ဟောလို့လဲ” ဟု သရော်လေသည်။ ထိုအခါ ပေါက်ဖော်ကြီးက “ဒီမယ် တရားဆုံးအောင် နာရင် လက်ဖက်ရည်၊ မုန့်၊ ဆေးလိပ် အလကားတိုက်မယ် မင်း ဝိဿ နာ အခွေကို ဆုံးအောင် နာမလား” ဟု ပြန်မေးရာ” အံမာ ဒီကိုယ်တော် ဝိဿ နာဟောရင် ဆုံးအောင် နာမယ်ဗျာ”ဟု ဆိုလေ၏ ။ ထိုအခါ ပေါက်ဖော်ကြီးက ကြာနီကန်ဆရာတော် ဟောကြားထားသည့် “သက္ကာယ ဒိဌိဖြုတ်ခန်း” ဝိဿ နာ တရားကို ဖွင့်ပြလေ၏။ အတန်ကြာ နာယူပြီးသောအခါ ထိုလူက “ကောင်းပါတယ်ဗျာ၊ ကျုပ်က ဒီလို မဟောဘူးမှတ်လို့ ၊ ကျုပ် အိမ်မှာ အလုပ်လေးရှိလို့”ဟု ဆိုကာ ထရပ်လေသည်။

ပေါက်ဖော်ကြီးက ” ခင်များ ပြန်တော့ မလို့လား”မေးတော့ ပြန်တော့မယ် ဟု ဆိုသည်။ သည်တော့ ပေါက်ဖော်ကြီးက “မုန့်ဖိုးက ဘယ်လောက်၊ လက်ဖက်ရည်ဖိုးက ဘယ်လောက်၊ ဆေးလိပ်ဖိုးက ဘယ်လောက်”ဟု ပြောကာ ပိုက်ဆံတောင်းလေ၏။ ထိုလူက “ခင်များပြောတော့ အလကားတိုက်မယ်ဆိုဗျ”ဟု မေးရာ “ဟုတ်တယ်လေ ၊ မင်းမှ တရား ဆုံးအောင် မနာတာ အဲတော့ ပိုက်ဆံပေးရမှာပေါ့”ဟု ပြောကာ တောင်းယူလေ၏။

ပေါက်ဖော်ကြီး ရိပ်သာတစ်ခုသို့ တရားစခန်း ဝင်နေစဉ်ကလည်း လူကြီးတချို့က ကြာနီကန်ဆရာတော်ကို ဝေဖန်နေကြသည်ကို ပေါက်ဖော်ကြီး ကြားလိုက်ရသည်။

“ကြာနီကန်ဆရာတော် တရားက သီချင်း ဆိုသံတွေနဲ့ ဆိုတော့ ကျုပ်တို့ ဝိပဿ နာလုပ်ငန်းတွေ ခွကျကုန်တော့မှာပဲ”ဟု ကြားသဖြင့် ပေါက်ဖော်ကြီး ဦးမောင်နီက မခံနိုင်ဘဲ”ကြာနီကန်ဆရာတော်ကို အပြစ်မပြောကြပါနဲ့ဗျာ၊ ခင်များတို့ ရိပ်သာကို ကျုပ် တရုတ်မောင်နီရောက်လာတာ ကြာနီကန်ဆရာတော် တပ်ပေးလိုက်တဲ့ လှေကားနဲ့ ရောက်လာတာပါ၊ ကျုပ် က ဘုန်းကြီးလည်း မရှိခိုးဘူး၊ တရားလည်း မနာဘူး၊ ကြာနီကန်ဆရာတော် တရားနာပြီးမှ ဝိပဿ နာ ကူးမယ်ဆိုပြီး ခင်များတို့ဆီ ရောက်လာတာ ၊ ခင်များတို့ ရိပ်သာ လူတစ်ယောက်တိုးတာ ကြာနီကန်ဆရာတော်ကြောင့်ပါ၊ ဒီလိုသာ ကြာနီကန်ဆရာတော်ကို အပြစ်ပြောနေမယ်ဆိုရင် ခင်များတို့ ရိပ်သာ လူတစ်ယောက် လျော့ပြီသာမှတ်၊ ကျုပ် ပြန်မယ်” ဟု ဝင်ပြောပြီး ထပြန်မည်ပြုရာ ထိုလူတစ်စုက “ဟာဗျာ ကြာနီကန်ဆရာတော်လည်း ဝိပဿ နာ ဟောရင် တကယ် ကောင်းပါတယ်၊ အဆိုအငိုလေးတွေ နည်းနည်း လျှော့ရင် ကောင်းပါတယ်”ဟု ပြောကာ ဝိုင်းတားကြလေ၏။

အပုပ်ချခံရခြင်း

ကြာနီကန်ဆရာတော် ဤသို့ လျှမ်းလျှမ်းတောက် ကျော်ကြားလာသောအခါ အောင်မြင်သူတို့၏ ထုံးစံအတိုင်း မကောင်းသတင်းများ အလွှင့်ခံရသည်။ ကြာနီကန်ဆရာတော် လူထွက်သွားပြီ ဟု သတင်း အမျိုးမျိုး ထုတ်ခံရသည်။ ဇာတ်သဘင်များက ကြာနီကန်ဆရာတော်အား ပျက်လုံးများဖြင့် ထိုးဆွလာကြသည်။ ဆရာတော်အား အငြိမ့်မင်းသမီးတစ်ဦးနှင့် ပေးစား၍လည်း အပုပ်ချကြသည်။ ရန်ကုန်မြို့က သိန်းသုံးဆယ် ချမ်းသာသည့် မင်းသမီးတစ်ယောက်နှင့် ခိုးပြေးပြီ ဟုလည်း သတင်းအမှားများ ဖြန့်ကြသည်။

ထို့ပြင် ဇာတ်ရုံထဲမှာ ဖျာတစ်ချပ် သုံးဆယ်ကျပ်နှင့် ဟောစားနေသည်။ ကန်ထရိုက်တွေနှင့် လုပ်စား၊ ရိုက်စားလုပ်နေသည်ဟု အတင်းစကားအမျိုးမျိုးနှင့် ထိုးနှက် တိုက်ခိုက်ကြသည်။ သို့သော် ဆရာတော်မှာ စိတ်ဆိုးအမျက်ထွက်ခြင်း အလျင်းမရှိပေ။ မည်သူတွေ လုပ်ကြံသတင်းများ လွှင့်နေသည်ကို သိသော်လည်း အပြစ်တင်စကား မပြောကြားသလို တရားထဲ ထည့်၍လည်း ဘယ်သောအခါမှ မဟောခဲ့ပေ။ မိမိက ဘုန်းကြီးတန်နှင့် ငိုမိ၊ ဆိုမိလို့သာ အပြစ်ပြောခံရသည်ဟု နှလုံးသွင်းလျက် ခွင့်လွှတ်ပေးခဲ့သည်ချည်းဖြစ်သည်။ အသက်အားဖြင့်လည်း ၄၅ နှစ်ပြည့်ခဲ့ပြီမို့ လိုင်းပြောင်းပြီး အဆို၊ အငိုမပါ ပုံတိုပတ်စတို့ဖြင့်သာ ဟောရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

မင်းကွန်းဆရာတော်စသောဆရာတော်ကြီးများ၏ အားပေးထောက်ခံမှု

ဆိုတာ ငိုတာကို ကြိုက်သူနှင့် မကြိုက်သူတို့တွင် ကြိုက်သူက အပြတ်အသတ် ပိုမိုများပြားသည်။ ထိုကြိုက်သည့် အထဲတွင် မင်းကွန်းဆရာတော်ကြီးလည်း အပါအဝင်ဖြစ်သည်။ ဉာဏ်အကောင်းဆုံးသူအဖြစ် ကမ္ဘာ့မှတ်တမ်းဂင်းနစ်စံချိန်ဝင် မင်းကွန်းဆရာတော်ကြီးနှင့် မြင်းခြံမြို့တွင် တွေ့ဆုံခဲ့စဉ်က ဆရာတော်ကြီးက ” ဦးဇဋိလ ဆရာတော်တို့ကို အားနာပြီးတော့ မဟောရဲ၊ မပြောရဲ မဖြစ်နဲ့၊ ဦးဇဋိလ ဟောတဲ့ တရားတွေဟာ ဓမ္မဓိဌာန်ကျပြီး လူငယ်လူရွယ်တွေအတွက် အောက်ခြေသိမ်းတွေ အများကြီးပါတယ်။ ဟောသာဟောပါ။

ဆရာတော်တို့က တိပိဋကဓရနှင့် ကိုက်ညီအောင် ပိဋကတ် တွေရွတ်ပြီး ပါဠိအတိုင်း မြန်မာပြန် ဟောနေရပေမဲ့ ပုံတိုပတ်စတွေနဲ့ ပဒေသာလို စုံနေအောင် ဟောလို့ မရပါဘူး။ ဦးဇဋိလလည်း ပါရမီထူးတဲ့ ပုဂ္ဂိုလ်ပါ။ ပါရမီထူးတဲ့အတိုင်း ရှေ့ဆက်ပြီး ဟောသာ ဟောပါ” ဟု အားပေးတိုက်တွန်းခဲ့သလို ဆရာတော်၏ ဇာတိရွာသို့ပင် သုံးညဆက် တရားဟောရန် တောင်းဆို၍ လယ်တီဦးဝိလာသ က ရှေ့ပိုင်းဟောပြီး ပရိသတ်ထိန်းနိုင်သည့် ကြာနီကန်ဆရာတော်က နောက်ပိုင်းဟောအဖြစ် တာဝန်ယူ ဟောကြားပေးခဲ့ဖူးသည်။ မင်းကွန်းဆရာတော်ကြီးသည် အဆိုအငိုတို့ကို အားပေးခြင်းမဟုတ်ဘဲ ထိုအဆိုအငိုတို့ကြောင့် များစွာသော လူငယ်လူရွယ်တို့ ရတနာသုံးပါး၏ ကျေးဇူးကို သိရှိကိုးကွယ်လာရသောကြောင့် ဆိုးကျိုးထက် ကောင်းကျိုးများမှု့ကြောင့် ထိုသို့ အားပေးထောက်ခံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

တစ်ခါ မြင်းခြံမြို့မှာပင် ထူးကြီးဆရာတော်ကြီးနှင့် ဖူးတွေ့ရစဉ်က “ဦးဇဋိလ အသံကောင်းတယ်ဆိုတာ အခုမှပဲ တွေ့ဖူးတော့တယ်။ ဘယ်နှစ်ဝါ ရှိပြီလဲ” ဟု မေးသည်။

ကြာနီကန်ဆရာတော်က “တပည့်တော် ဆရာတော်နှင့် တွေ့ရတာ ဝမ်းမြောက်ပါတယ်။ အသံကောင်းတယ်ဆိုပေမဲ့ တပည့်တော် ဟောနေတာတွေက ဓမ္မကထိကထဲမှာ အောက်ဆုံး လှေကားထစ်ပါဘုရား။ တရားပွဲ မလာချင်တဲ့ ကလေးတွေ တရားပွဲ ရောက်လာအောင်၊ ဘယ်တုန်းကမှ တရားမနာတဲ့ စာမတတ်တဲ့ ဒကာ၊ ဒကာမတွေ တရားပွဲ ရောက်လာအောင် ဆွဲဆောင်ပြီး ယခုလို တပည့်တော် ဟောရတာပါဘုရား။ တပည့်တော်က အရှင်ဘုရားတို့လို ပါဠိတွေကို ကျက်လည်း မကျက်နိုင်၊ ဟောလည်း မဟောနိုင်ပါဘူး ဘုရား” ဟု မိမိကိုကိုယ် နှိမ့်ချစွာ လျှောက်သည်။

ထူးကြီးဆရာတော်က “ဝမ်းမြောက်တယ် ဦးဇဋိလရေ…သာသနာကို ကိုယ်ပြုနိုင်တဲ့ဘက်က ပြုပါဗျာ။ ကျုပ်က ပါဠိတော်တွေ ကျက်ဟောနိုင်လို့ ဦးဇဋိလ မဟောနိုင်သလို ဦးဇဋိလလိုလည်း ကျုပ်က မဟောတတ်ဘူး။ သာဓု သာဓု သာဓု” ဟု သာဓုသုံးကြိမ်ခေါ်၍ ချီးကျူးတော်မူခဲ့သည်။

ပခုက္ကူမြို့တွင် အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသုနန္ဒအား ဖူးတွေ့ရစဉ်ကလည်း ဆရာတော်ကြီးက “နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော်ဆိုတာ မောင်ပဉ္ဇင်းလား” ဟု မေးသည်။ “တပည့်တော် ကျော်တာက ဗရွတ်ရွှတ်တ ကျော်တာပါဘုရား” ဟု လျှောက်တင်သောအခါ ” အေး…အဲလို ကျော်စောမှု တစ်ခု ရဖို့ဆိုတာ မလွယ်ဘူး။ ဘယ်နည်းနဲ့ ကျော်ကျော် ကျော်တဲ့ ပုဂ္ဂိုလ်ဟာ တော်တာပဲ။ ကျမ်းဂန်နှံ့စပ်ပေမဲ့ မောင်ပဉ္ဇင်းလို ပရိသတ်နားလည်အောင် ရေရေလည်လည် ဟောနိုင်တဲ့ ပုဂ္ဂိုလ် ရှားပါတယ်။ စာနဲ့ပတ်သက်လို့ ရှိရင် ပခုက္ကူ ဦးနေမိန္ဒ ( ဒုတိယ တိပိဋကဆရာတော်) တို့ကို အကူညီတောင်း၊ မရလို့ရှိရင်လည်း အခုဟောနေတာ သင့်ပါတယ်” ဟု ထောက်ခံမိန့်ကြားသည်။

#ဒေသန္တရ ၊ ဘာသန္တရ၊ ဂန္ထန္တရများနှင့်ပြည့်စုံတော်မူသော ရန်ကုန်မြို့၊ မြန်မာအာယုဗ္ဗေဒဆေးသိပ္ပံ၊ စေတီယင်္ဂဏ ဓမ္မာစရိယ (ဝဋံသကာ) ဘွဲ့ခံ အဌကထာပြန်အကျော် သိမ်ဖြူဆရာတော်ကြီးကလည်း ကြာနီကန်ဆရာတော်အား ဤသို့မိန့်ဖူးသည်။

“ကြာနီကန်ဆရာတော်ကို အပြင်မှာ ဆုံတော့ မဆုံဖူးဘူး။ ဒါပေမဲ့ မနှစ်က ပဲခူး လိပ်ပြာကန်ဓမ္မာရုံ အလှူကြွရင်း ကြာနီကန်ဆရာတော်ရဲ့ တရားဖွင့်ထားလို့ နားထောင်ကြည့်တယ်။ ကြာနီကန်ဆရာတော်က အထက်တန်းသာသနာပြုခြင်းထက် အောက်တန်းက ကလေးသူငယ်များအား သာသနာပြုပေးခြင်းကို အလွန်အားပေးသော ပုဂ္ဂိုလ် ဖြစ်တယ်။

တနည်းအားဖြင့် အခြေခံကျကျ အုတ်မြစ်ကစပြီး သာသနာပြုတဲ့ ပုဂ္ဂိုလ် တစ်ပါးပါပဲ။ တို့လို အကြားအမြင် များပြီးသား ပုဂ္ဂိုလ်များနဲ့တော့ အံမဝင်ဘူး၊ ကလေးသူငယ်များနဲ့တော့ လွန်စွာ အံဝင်တာပေါ့။ ဒီကလေးတွေကို မုန့်ကျွေးပြီး သာသနာပြုရတယ် မဟုတ်လား။ သူကတော့ မုန့်မကျွေးဘူး၊ နှုတ်နဲ့ကျွေးပြီး သာသနာပြုတယ်လို့ ဆိုရမှာပေါ့။ ငါ အဲဒီလိုပဲ မှတ်ချက်ချမိတယ်” ဟူ၍ ဖြစ်သည်။ မန္တလေး အနောက်ပြင် အဘယာရာမ ကျောင်းတိုက် သကျသီဟ ဓမ္မာစရိယ ဦးသီလာနန္ဒကလည်း” ကြာနီကန်ဆရာတော်ဟာ တစ်ဘာသာ ထွင်ပြီး ဟောနိုင်တာ ဂုဏ်ယူပါတယ်” ဟု မိန့်ကြားခဲ့ဖူးသည်။

ထူးဆန်းသောအဖြစ်အပျက်တစ်ခု

ကြာနီကန်ရွာ ကျောင်းတိုက်တွင် ကြာနီကန်ဆရာတော်၏ မယ်တော်ကြီး အဘွားဒွန်း (၇၈)နှစ်သည် ဆရာတော်စီစဉ်ပေးထားသည့် သူနေထိုင်ရာ ဇရပ်ဆောင်အတွင်း၌ ဘုရားရှိခိုး၊ မေတ္တာပို့ပြီး ဘာဝနာပွားနေစဉ် သားတော်မောင်ဦးဇဋိလ၏ ဂျစ်ကားဝင်လာသံ ကြားလိုက်ရသည်။ ထို့နောက် မိမိကို ယခင်လို လာရောက် နှုတ်မဆက်ဘဲ သီတင်းသုံးရာ အဆောင်သို့ တန်းကြွသွားသံလည်း ကြားလိုက်ရသည်။ အဘွားဒွန်းလည်း ထကြည့်မနေတော့ဘဲ စိတ်မှန်းဖြင့်သာ ရှိခိုးပြီး အိပ်လိုက်တော့သည်။

ထိုည ( ၁၄.၅.၇၈ ) နံနက် အရုဏ်မကျင်းမီအချိန်တွင် ကြာနီကန်ဆရာတော် ဦးဇဋိလကိုယ်တိုင် အသံချဲ့စက်ဖြင့်” ကျေးရွာရှိ သူတော်ကောင်းအပေါင်းတို့၊ အချိန်မီ နံနက်စောစော ကျောင်းတိုက်သို့ လာရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ အထူးတိုင်ပင်စရာလည်း ရှိပါသည်။ မလာမဖြစ် လာဖြစ်အောင် လာခဲ့ကြပါရန် နှိုးဆော်အပ်ပါသည်” ဟု ကြည်လင်ပြတ်သားစွာ ဖိတ်ခေါ်လိုက်သည်။ ထိုအသံကို ရွာသူရွာသားများ ကြားရသောအခါ ဘာများ အရေးတကြီး ဖြစ်ပါလိမ့် ဟု တွေးကာ ချက်ချင်း ရောက်လာကြသည်။ ရောက်လာကြသော်လည်း ကျောင်းတော်ကြီးမှာ တိတ်ဆိတ်လျက်ရှိနေ၍ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ တော်တော်ကြာ ထိုင်စောင့်နေကြသော်လည်း ကျောင်းတံခါးတွေ ပွင့်မလာသေးပေ။ မစောင့်နိုင်သည့် အဆုံးကျမှ ကျောင်းတံခါးထုပြီး ဖွင့်ခိုင်းရသည်။ ဦးပဉ္ဇင်းများ နိုးလာပြီး တံခါးဖွင့်လိုက်သောအခါ လူအုပ်ကြီးကို မြင်ပြီး အံ့အားသင့်သွားသည်။

“ဒကာကြီးတို့ ဘာဖြစ်လို့လဲ” “ဟင်…တပည့်တော်တို့က မေးရမှာ ဘုရား၊ ဆရာတော် ပြန်ရောက်ပြီဆို၊ ဘယ်မှာလဲ။ အသံချဲ့စက်နဲ့ ရွာသားတွေ ခေါ်တာရော ဘာထူးလို့လဲ” ဦးပဉ္ဇင်းများ ဘာဖြေလို့ ဘာပြောရမှန်း မသိဖြစ်သွားသည်။ လူအုပ်ကြီးက တဖြည်းဖြည်း ပိုများလာပြီး မျက်လုံးများက ဆရာတော်ကို လိုက်ရှာကြည့်နေကြသည်။ သို့သော် ဆရာတော်၏ အရိပ်အယောင်မျှ မတွေ့ရ။

ထိုစဉ် မယ်တော်ကြီး အဘွားဒွန်းက လူအုပ်ကြီးကို တွေ့ပြီး”အောင်မယ်…ဒီနေ့ ဥပုသ်နေ့ကိုး။ တို့ဖြင့် ရက်တောင် မေ့နေလိုက်တာ မပြောချင်ပါဘူး” ဟု ဆိုလိုက်သည်။ ဆရာတော်၏ အစ်မလတ် စိတ္တဇဝေဒနာသည် ဒေါ်လှဖွေးကလည်း “ဒီနေ့ ကျောင်းထဲ ပွဲရှိတဲ့ အတိုင်းပဲ ၊ စည်ကားလှပါလား” ဟု ဆိုပြန်သည်။ ဆရာတော်ရဲ့ညီ ကိုစိုးရှင်က လူသံများကြောင့် နိုးလာပြီး “ဘာဖြစ်ကြတာတုံးဗျ။ ဆူဆူပူပူနဲ့ ဘုန်းကြီးပျံပွဲ အငြိမ့်ခံနေတာ ကျလို့ဗျာ” ဟု ဆိုလည်းဆို ဘုန်းကြီးဦးဝဏ္ဏ၏ ဈာပနတုန်းက မဗေဒါအငြိမ့် ဧယဉ်ကျူးခွေအား အသံချဲ့စက်မှ ဖွင့်ချလိုက်သည်။ ဥက္ကဌကြီး ဦးကြီးငွေ ဆူမှ ပြန်ပိတ်သွားသည်။

လူအုပ်ကြီးက အဘွားဒွန်းထံသွား၍ “မနေ့ညက ဆရာတော် ပြန်ကြွလာပြီဆို” ဆိုပြီး မေးကြသည်။ “ကျုပ် ဘယ်သိမလဲ၊ မောင်တို့ ဆရာတော်ကို မေးကြည့်ပေါ့။ ညက ကားနဲ့ ပြန်လာပြီပဲဟာ၊ ခုထိ ကျိန်းနေတုန်းလား။ ဒကာ ဒကာမတွေ စုံလို့ ၈ နာရီ၊ ၉နာရီလောက်တောင်ရှိနေပြီ၊ နှိုးလျှောက်ကြည့်ပါလား။ ဒီအပတ် ဘာစိတ်တိုင်း မကျ ဖြစ်လာတယ် မသိပါဘူး။ ကားဝင်လာသံ ကြားပြီး သူ့ကျောင်းဆီ တိုက်ရိုက် ဝင်သွားသံ ကြားလိုက်ရတယ်။ ကျုပ်လည်း ထမကြည့်ဘဲ စိတ်ထဲက မှန်း ကန်တော့လိုက်ပါတယ်။ အနန္တငါးပါး လက်ကိုင်ထားဟောတဲ့ တော်တို့ရဲ့ နိုင်ငံကျော် ကိုယ်တော်ကြီးကလည်း စိမ်းကားတတ်လာပြီ” ဟု ဆိုသဖြင့် လူအုပ်ကြီးမှာ ပို၍ အံ့အားသင့်သွားသည်။ ဆရာတော် သီးသန့် သီတင်းသုံးရာ ကျောင်းဆောင် သွားကြည့်တော့လည်း အပြင်က သော့ခတ်ထားသည်။ တစ်ခုခု ထူးခြားနေပြီမှန်း သိလာကြသည်။

ထိုအချိန်တွင် ကားတစ်စီး ကျောင်းထဲသို့ ဝင်လာသည်။ ကားပေါ်တွင် ဆရာတော်၏ တပည့်ရင်းများ ဖြစ်ကြသည့် ကိုဦးခင်နှင့် ကိုလှရွှေတို့ပါလာသည်။ မျက်စိမျက်နှာ မကောင်းကြဘဲ မယ်တော်ကြီးကို မြင်ရသောအခါ ချုံးပွဲချ ငိုကြတော့သည်။ ပြီးတော့ “ဆရာတော် မနေ့ညနေက ချောက်အထွက် ထနောင်းသုံးခွ အရောက် ကားမှောက်ပြီး ပျံလွန်တော်မူသွားပြီဗျ။ ချောက်ဆေးရုံမှာ ခွဲစိတ်ပြုပြင်ပြီး ကားနဲ့ တပါတည်းယူလာတယ်” ဟု ပြောလိုက်လျှင် ကြားရသူလူအုပ်ကြီးမှာ ငိုကျွေးကြလေ၏။ ဆရာတော်ညီ ကိုစိုးရှင်မှာ ရင်ဘတ်စည်တီး၍ အဆိုးဆုံးဖြစ်သည်။ အဘွားဒွန်းကား သားပဉ္ဇင်း၏ ဟောတရားကို အပြည့်အဝ ရထား၍ ထင်သည် လုံးဝ မငိုပေ။

သို့နှင့် ကြာနီကန်ဆရာတော်၏ ဈာပနသတင်းသည် ကြေးမှုံသတင်းစာတွင်ပါလာရာ တစ်ပြည်လုံး သိရှိသွားကြပြီး ရဟန်းရှင်လူအပေါင်း လွန်စွာဝမ်းနည်း နှမျောတသကြလေသည်။ ဆရာတော်အား မကြိုက်နှစ်သက်သူများပင် အဆိုအငို မဟောတော့ခါမှ ပျံလွန်တော်မူရလေခြင်းဆိုပြီး ရဟန်းရှင်လူ အားလုံးက ဝမ်းနည်းကြေကွဲမိကြလေသည်။

သို့နှင့် နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော် ၄၆ နှစ်၏ ရုပ်ကလာပ်တော်အား ၁၃၄၀ ပြည့်နှစ်၊ ဝါဆိုလဆန်း ၅ ရက်နေ့၊ ညနေ ၃ နာရီအချိန်တွင် သုံးရက်တိုင်တိုင် နှစ်သောင်းခုနှစ်ထောင် အကုန်ကျခံကာ အခမ်းအနားကျင်းပ၍ လူတစ်သောင်းကျော်တို့ လိုက်ပါပို့ဆောင်ကာ ဆရာတော်ဦးဝဏ္ဏ သြင်္ဂုဟ်ရာ ကျောက်ကလာပ်မှာပင် ဆရာတော်ကိုယ်တိုင် မပျောက်စေနဲ့ မှာထားခဲ့သော ထင်းများဖြင့် မီးသြင်္ဂုဟ်ခဲ့လေသည်။ အရိုးအိုးကိုကား ရွှေလောင်းတောင်ပေါ်တွင် တင်ထားလေသည်။

လုပ်ကြံသတင်းများထွက်ပေါ်လာ

ဆရာတော်၏ ဈာပန စီစဉ်နေဆဲကာလတွင် ကားပေါ်မှ အတူပါလာသူများက လုပ်ကြံလို့ ပျံလွန်တော်မူကြောင်း သတင်းများထွက်ပေါ်လာသည်။ ဆရာတော်သည် တရားပွဲတစ်ညလျှင် အလှူငွေ ထောင်ချည်ရသလို ဘဏ်တွင်လည်း နှစ်သိန်းကျော်အပ်ထားကြောင်း သိရသည်။ အတူလိုက်ပါလာသူများက ငွေမက်၍ ဆရာတော် ကျင်ငယ်စွန့်နေခိုက် ကားစက်နှိုးတံဖြင့် ရိုက်သတ်ပြီးနောက် ကားဖြင့် ဆရာတော်အပေါ် တက်ကြိတ်ကာ ကားမှောက်လေဟန် ဖန်တီးကြကြောင်း။ ဘယ်လိုပင် ပိရိစွာ လုပ်ဆောင်ကြသော်လည်း မျက်မြင်သက်သေ နွားကြောင်းသားတစ်ဦးက ဖော်ထုတ်၍ အမှုတစ်ခုလုံး ပေါ်လာကြောင်း။ လုပ်ကြံသူများက နွားကြောင်းသားလေးကို နှုတ်ပိတ်ခ ငွေတစ်ထောင်ပေးခဲ့ကြောင်း။ စသည်စသည်ဖြင့် သတင်းများ ပေါ်ထွက်လာသည်။

ထိုသတင်းများကို စုံစမ်းရန်အတွက် သရက်မြို့နယ်သတင်းထောက် ကိုမောင်မောင်ဇော်သည် ချောက်မြို့သို့ သွား၍ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးပေးသော ချောက်မြို့ မျိုးမြန်မာဓာတ်ပုံတိုက်မှ ဦးသက်၊ ဆရာတော်အား ခွဲစိတ်စစ်ဆေးရသော ချောက်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ။ ဆရာတော်အမှုကို စစ်ဆေးရသော ချောက်မြို့ အမှတ် (၁)ရဲစခန်းမှ စခန်းမှူးကြီး ဦးကျင်စမ်းတို့ကို တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သည်။ စခန်းမှူး ဦးကျင်စမ်းက သူ၏ စစ်ဆေးတွေ့ရှိချက်များကို ဓာတ်ပုံ(၁၂) ပုံဖြင့် ဤသို့ရှင်းပြပေးသည်။

ဆရာတော်၏ ဂျစ်ကားသည် လမ်းကောင်းသဖြင့် တစ်နာရီ ၃၀မှ ၃၅ မိုင်နှုန်းဖြင့် မောင်းနှင်လာခဲ့သည်။ ထနောင်းကွေ့သို့ ရောက်သောအခါ ကွေ့မည်အပြုတွင် ရော့တံပြုတ်ပြီး ယာဘက်သို့ အရှိန်ပြင်းပြင်းနှင့် ဆွဲဆင်းသွားသည်။ ကားဆင်းသွားသော ဘီးရာများ အထင်းသား ပေါ်သွားသည်။ ထိုသို့ ဆင်းသွားသော်လည်း မြေပြင်မှာ ညီညာနေ၍ ရှေ့မှ ချုံနွယ်များဖြင့် တိုက်မိပြီး ရပ်တန့် သွားရန်သာရှိသည်။ သို့သော် ကံဆိုးချင်တော့ အရှိန်နှင့် ပြေးလာသော ဂျစ်ကားသည် ရေမြောင်းကို ခေါင်းစိုက်ပြီး ကျွမ်းပြန်လျက် တိမ်းမှောက်သွားတော့သည်။

ကားမှောက်ပြီး ၁၀ မိနစ်ခန့်တွင် ခရီးသည်တင် ကားတစ်စီးရောက်လာပြီး ကားပေါ်တွင် ပါလာသော မကွေးတပ်မတော် ထောက်လှမ်းရေးမှ တပ်ကြပ်ကြီး ချစ်လှိုင်က ဦးဆောင်၍ ဆရာတော်နှင့် ဒဏ်ရာရသူများကို ချောက်မြို့ ဆေးရုံသို့ ပို့ဆောင်ပေးလေသည်။ သို့သော် ဆရာတော်သည် ဦးခေါင်းထိခိုက်မိ၍ နှာခေါင်း သွေးထွက်ပြီး ဦးနှောက်အတွင်း သွေးထွက်သည့်ဒဏ်။ နံရိုးငါးချောင်း ကျိုးသည့်ဒဏ်။ တံတောင်ဆစ် အရိုးကျိုးသည့်ဒဏ်။ ယာဘက်ပေါင် ကျိုးသည့်ဒဏ်တို့ကို ပြင်းပြင်းထန်ထန် ရရှိခဲ့တာကြောင့် လမ်းမှာပင် ပျံလွန်တော်မူခဲ့လေတော့သည်။

ဆေးရုံပေါ်ရောက်သောအခါ ဆရာတော်ရုပ်ကလာပ် ပြန်လည်သယ်ယူရန် ဆရာတော်မှာ ငွေတစ်ပြားမှ မပါတော့ပေ။ ထို့ကြောင့် ဆေးရုံဝန်ထမ်းများနှင့် လူနာများက စုပေါင်းလှူဒါန်းကြ၍ ၂၅၀ ကျပ်ရရှိခဲ့သည်။ ထိုငွေဖြင့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာသို့ ပြန်လည် ပင့်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။စခန်းမှူးကြီးက ဤသို့ ဓာတ်ပုံမှတ်တမ်းထဲမှ ကားဘီးရာများနှင့်တကွ စေ့စေ့စပ်စပ် ရှင်းပြသည်။ ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်၍ လုပ်ကြံခြင်း ဟုတ်မဟုတ် သဲလွန်စရှာ  သိနိုင်ကြောင်း ယခုအမှုမှာ လုပ်ကြံခြင်း မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုသွားသည်။ ဤသို့ဖြင့် လုပ်ကြံသတင်းများလည်း ငြိမ်သက်သွားလေတော့၏။

ကားမှောက်၍ မသေဟု ယုံကြည်သော ကြာနီကန်ဆရာတော်သည်လည်း “ချစ်တော့ချစ်တယ်၊ ဒါပေမဲ့….” တရားကို နောက်ဆုံး ဟောကြားပြီး ငါးကြိမ်မြောက် ကားအမှောက်တွင်တော့ ခန္ဓာဇာတ်သိမ်းလို့ သေပွဲဝင်ခဲ့ရပါတော့သည်။ သဗ္ဗေ သတ္တာ ကမ္မသကာ။ ။

အရှင်တေဇပုလဲ

ကျမ်းကိုး
ကြာနီကန်ထေရုပ္ပတ္တိနှင့်ဖြစ်ရပ်များ
ဦးကျော်ညွန့် (မြန်မာ့အလင်းအယ်ဒီတာ)ပြုစုသည်။

——- ——— ———-

(Zawgyi)

ၾကာနီကန္ဆရာေတာ္ အေၾကာင္း သိခ်င္ ဖတ္ခ်င္ေနသူမ်ားအတြက္ 

ၾကာနီကန္ဆရာေတာ္အေၾကာင္းကို ေသေသခ်ာခ်ာေလး သိခ်င္သူမ်ားအတြက္  အရွင္ေတဇပုလဲ  ေရးသားထားတဲ့စာစုကို ျပန္လည္ေဝမွ်လိုက္ျခင္း ျဖစ္ပါတယ္။

ေမြးဖြားျခင္း

စစ္ကိုင္းတိုင္း ငါန္းဇြန္ၿမိဳ႕နယ္၊ ေ႐ႊတြင္းကုန္းေက်း႐ြာေန ဦးရွိန္+ေဒၚဒြန္းတို႔သည္ ၁၂၉၄ ခုႏွစ္ ေတာ္သလင္းလဆန္း ၁၄ ရက္ အဂၤါေန႔ ၈ နာရီတိတိအခ်ိန္တြင္ ၾကာနီကန္ဆရာေတာ္ေလာင္းလ်ာ ကို ေမြးဖြားသန႔္စင္ခဲ့ၾကသည္။ မတင္၊ မမႈန္ႀကီး၊ မလွေဖြး၊ ေမာင္စိုးတင္၊ ေမာင္စိုးရွင္ဟူ၍ သားသမီးငါးဦးရွိရာ ၾကာနီကန္ဆရာေတာ္ ေလာင္းလ်ာ ေမာင္စိုးတင္သည္ ေလးဦးေျမာက္သားရတနာျဖစ္သည္။

၁၃၀၀ ျပည့္ အေရးေတာ္ပုံႀကီးေပၚေပါက္ေနခ်ိန္တြင္ မိုးေခါင္ေရရွားမႈေၾကာင့္ ကြၽဲ၊ ႏြား တိရစာၦန္မ်ား ေသေၾကပ်က္စီးၾကေသာေၾကာင့္ ဦးရွိန္ႏွင့္ ေဒၚဒြန္းတို႔သည္ သားသမီးမ်ားႏွင့္အတူ ၾကာနီကန္႐ြာ၏ အေရွ႕အရပ္ရွိ ေလွ်ာ္ျဖဴပင္႐ြာသို႔ ေျပာင္းေ႐ြ႕ကာ လယ္လုပ္ျခင္း၊ ကြၽဲႏြား၊ သိုး၊ ဆိတ္ ေမြးျမဴျခင္းအလုပ္ျဖင့္ အသက္ေမြး ဝမ္းေၾကာင္းၾကသလို မိခင္ႀကီးကလည္း ေဒသထြက္ကုန္မ်ားကို ေရာင္းဝယ္ေဖာက္ကားလ်က္ ဘဝကို ျဖတ္သန္းခဲ့ၾကသည္။ ထိုေလွ်ာ္ျဖဴပင္႐ြာသည္လည္း မၾကာခဏဆိုသလို လူဆိုးဓားျပမ်ား၏ လုယက္တိုက္ခိုက္မႈကို ခံေနရေသာေၾကာင့္ ၁၃၀၂ ခုႏွစ္တြင္ ၾကာနီကန္႐ြာသို႔ ေျပာင္းေ႐ြ႕ခဲ့ၾကရျပန္သည္။

ဤသို႔ျဖင့္ ေမာင္စိုးတင္မွာ တျဖည္းျဖည္း ေက်ာင္းေနအ႐ြယ္သို႔ပင္ ေရာက္ရွိလာခဲ့သည္။ တစ္ေန႔ ေမာင္စိုးတင္ ႏွင့္ ေမာင္စိုးရွင္တို႔ ညီအစ္ကိုႏွစ္ေယာက္အား ဖခင္ႀကီးက လယ္ေတာသို႔ ေခၚလာခဲ့သည္။ ညီေမာင္စိုးရွင္မွာ ထင္းတို၊ထင္းစေလးမ်ား ေကာက္၍ ဖခင္အား စြမ္းသမွ် ကူညီလုပ္ကိုင္ေပးေသာ္လည္း ၾကာနီကန္ေလာင္းလ်ာ ေမာင္စိုးတင္ သည္ကား အရိပ္ေကာင္းေကာင္း သစ္ပင္ႀကီးေအာက္တြင္ ပုဆိုးခင္း၍ ခဲျပားေခါင္းခု အိပ္ေတာ့သည္။ ထိုအခါ ဖခင္ဦးရွိန္က ႐ိုက္ႏွက္ျခင္းမျပဳဘဲ “မင္း ကေတာ့ ႀကီးလာရင္ ဘုန္းႀကီးျဖစ္မယ့္ေကာင္”ဟု မွတ္ခ်က္ျပဳေလသည္။ ဆိုသည့္အတိုင္း ေမာင္စိုးတင္သည္ ႏိုင္ငံေက်ာ္ ဓမၼကထိက ၾကာနီကန္ဆရာေတာ္ ျဖစ္လာလိမ့္မည္ဟူ၍ကား ဖခင္ႀကီးဦးရွိန္ သိမသြားခဲ့ရွာေပ။

ပညာသင္ရန္အပ္ႏွံ

မ်ားမၾကာမီတြင္ ေမာင္စိုးတင္ႏွင့္ ေမာင္စိုးရွင္တို႔အား ပညာသင္ၾကားရန္အလို႔ငွာ နာမည္ေက်ာ္ ဓမၼကထိက ဒုတိယ ေတာင္ၾကာနီကန္ဆရာေတာ္ ဦးဝဏၰထံ သို႔ အပ္ႏွံလိုက္ၾကသည္။ ဆရာေတာ္ဦးဝဏၰသည္ က်မ္းဂန္ပိဋကတ္ ကြၽမ္းက်င္ႏွံ႔စပ္၍ မတၱရာ တစ္နယ္လုံးရွိ ဝိနိစၦယအဆုံးအျဖတ္မ်ားကို တာဝန္ယူ ေဆာင္႐ြက္ေပးရေသာ မဟာနာယက ဆရာေတာ္တစ္ပါးျဖစ္သည္။ ထို႔အျပင္ ဗိသုကာပညာ၊ ဂဏန္းသခ်ၤာပညာႏွင့္ ပန္းရန္အတတ္၊ ကႏုတ္ပန္းအတတ္ပညာတို႔ကိုပါ ကြၽမ္းကြၽမ္းက်င္က်င္တတ္ေျမာက္ထားသလို ဘုရားတည္ေဆာက္ပုံ သတၱဌာနထားရွိပုံႏွင့္ နကၡတ္ေဗဒင္ကအစ ရင္းႏွီးကြၽမ္းဝင္သည့္ ဆရာေတာ္တစ္ပါးျဖစ္သည္။

ဘက္စုံေတာ္သည့္ ဆရာေတာ္တစ္ပါးမို႔ အေပြးျမင္ အပင္သိကာ ေမာင္စိုးတင္တို႔ ညီအစ္ကို ႏွစ္ဦးအား အမ်ားႏွင့္ခြဲကာ က,ႀကီး ခ,ေကြးမွစ၍ က်နစြာ သင္ၾကားေပးေတာ္မူသည္။ ဆရာေတာ္ႀကီး၏ လက္ထပ္သင္ျပမႈေၾကာင့္ အေျခခံ စာေပမ်ားကို တစ္ႏွစ္အတြင္း ၿပီးေျမာက္ေအာင္ျမင္ခဲ့သည္။ သုံးႏွစ္ခန႔္ သင္ၾကားၿပီးေသာအခါ ေမာင္စိုးတင္သည္ ေက်ာင္းသားကိုရင္ ေလးဆယ္ေက်ာ္တို႔အား ထပ္ဆင့္ သင္ၾကားေပးရသည့္ လက္ေထာက္ ဆရာေပါက္စေလးတစ္ဦး ျဖစ္လာခဲ့သည္။

ရွင္သာမေဏဝတ္ျခင္း

ေမာင္စိုးတင္ ၁၂ ႏွစ္သားအ႐ြယ္ေရာက္ေသာအခါ မိဘႏွစ္ပါးက သားသမီးမ်ားကို ရွင္ျပဳနားသ အလႉေတာ္မဂၤလာပြဲႀကီး က်င္းပေပးေလေသာၾကာင့္ ေမာင္စိုးတင္မွာ ကိုရင္ဇဋိလ၊ ေမာင္စိုးရွင္မွာ ကိုရင္ဝိမလဟူ၍ အမည္ဘြဲ႕ေတာ္မ်ား ရရွိခဲ့ၾက၍ အူျမဴးေပ်ာ္႐ႊင္ေနၾကေလသည္။

ထို႔ေနာက္တြင္ ကိုရင္ဇဋိလႏွင့္ ရွင္ဝိမလတို႔သည္ သဒၵါ၊ ၾသဂႋုဟ္၊ ဇာတ္ႀကီးဆယ္ဘြဲ႕၊ ဋီကာ၊ ႐ူပသိဒၶိ၊ ဝိနည္း၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက္၊ ပဌာန္း၊ ဆန္း၊ အလကၤာ၊ အဘိဓာန္၊ န်ာသ၊ ေမာဂၢလာန္၊ ဂဠဳန္ပ်ံဝိၿဂိဳဟ္ႏွင့္ ရွင္ေႏွာင္းငယ္ပ်ိဳု႔တို႔ကို သင္ၾကားတတ္ေျမာက္ခဲ့သည္။ ထို႔အျပင္ ဆရာေတာ္ဦးဝဏၰမွ တရားေဟာပုံေဟာနည္း၊ စကားေျပာပုံေျပာနည္း၊ အႏုပညာ၊ ပန္းခ်ီ၊ ပန္းပု၊ ေရေဆးဓာတ္ပုံပညာႏွင့္ စက္မႈပညာပါမက်န္ သင္ၾကားခြင့္ ရရွိခဲ့ၾကသည္။ ထို႔ေၾကာင့္ ရွင္ဇဋိလအသက္ ၁၆ႏွစ္ေက်ာ္ ၁၇ ႏွစ္အ႐ြယ္ေရာက္ေသာအခါ ဆရာေတာ္ဦးဝဏၰ အုပ္ခ်ဳပ္သည့္ သံဃာ့ဥပုသ္ျပဳ ဂိုဏ္းႏွစ္ခုလုံးမွာ ရွင္မြန္လွတစ္ပါး ဟု ေရပန္းစားေက်ာ္ၾကားခဲ့သည္။

သီခ်င္းဝါသနာႀကီးမားပုံ

ဤသို႔ ေက်ာ္ၾကားသလို တစ္ဖက္မွာလည္း ဆရာေတာ္လစ္ရင္ လစ္သလို သီခ်င္း ခိုးခိုးဆိုတတ္သည္။ သီခ်င္းမွာ သူ အလြန္ဝါသနာႀကီးရသည့္ အင္မတန္ ခ်စ္ျမတ္ႏိုးရသည့္ အရာတစ္ခုျဖစ္သည္။ သီခ်င္းတစ္ပုဒ္ကို သုံးေခါက္နားေထာင္႐ုံနဲ႔ အလြတ္ရသည္။ ထို႔ေၾကာင့္လည္း သီခ်င္းအပုဒ္ေရ ေလးရာေက်ာ္အထိ အလြတ္ရသည္။ ခင္ေမာင္ရင္၊ ေ႐ႊက်ီးညိဳ၊ ပဲခူးျမတို႔ကေတာ့ သူ႔အႀကိဳက္ဆုံး အဆိုေတာ္မ်ားျဖစ္ၾကသည္။ အံ့အားသင့္စရာ ေကာင္းသည္က ထိုအဆိုေတာ္မ်ား၏ အသံကိုတုၿပီး တူေအာင္ ဆိုႏိုင္ျခင္းျဖစ္သည္။ ေက်ာင္းမွာလည္း ဓာတ္စက္ တစ္လုံး အသင့္ရွိေနသည္မို႔ အခြင့္သင့္လာတိုင္း သီခ်င္းဖြင့္ေလ့ရွိသည္။ ဖြင့္သည့္အခါ ႐ြာထဲက လူငယ္လူ႐ြယ္မ်ားလည္း လာေရာက္နားေထာင္ၾကသည္။ ဆရာေတာ္ဦးဝဏၰကလည္း အားကိုးရသည့္ တပည့္ႀကီးမို႔ အတန္အသင့္ အခြင့္အေရးေပးထားသည္။

တစ္ရက္မွာေတာ့ ရွင္ဇဋိလ သီခ်င္းဆိုေနစဥ္ ဆရာေတာ္ဦးဝဏၰႏွင့္ ပက္ပင္းမိေလသည္။ ထိုအခါက ဆရာေတာ္က ရွင္ဇဋိလအား ေတာင္ေဝွးနဲ႔ သုံးေလးခ်က္႐ိုက္ၿပီး ေရဒဏ္ထမ္းခိုင္းသည္။ ေရဒဏ္မွာ ေရအိုးႀကီးတစ္ခုထဲကို ေရထမ္းထည့္ရျခင္းျဖစ္သည္။ ထမ္းရသည့္ အရာက ေရပုံးလို ႀကီးႀကီးမားမားမဟုတ္ဘဲ ေညာင္ေရအိုးျဖစ္သည္။ ထို႔ေၾကာင့္ ရွင္ဇဋိလမွာ ေညာင္ေရအိုးႏွင့္ ေရထမ္းလာၿပီး ေရအိုးႀကီးထဲ ေလာင္းထည့္ေနရသည္။ ဘယ္ေတာ့ျပည့္မလဲ ငုံ႔ၾကည့္လိုက္တဲ့အခါ ေရစပင္ မျမင္ရ၍ စိတ္ဓာတ္က်သြားသည္။ အတန္ၾကာေအာင္ ထမ္းထည့္ၿပီးေသာအခါ ရွင္ဇဋိလ ေတြးသည္။ “ဒါ သက္သက္ ငါ့ ကို ႏွိပ္စက္တာ၊ ဒီတစ္ခါ ႐ိုက္ရင္ အေျပးပဲ” ဟု ေတြးေနစဥ္ ပိုးမ်ားက တ႐ြ႐ြ ထလာ၍ “ပပ ဝတီ”သီခ်င္းကို ေကာက္ဟဲလိုက္သည္။

“ရာသက္ပန္ လင္မလုပ္ခ်င္လို႔ အသြင္ယုတ္တယ္တဲ့ ပပဝတီေရ ႏွင္ထုတ္တယ္ေလး အဲ…ဟဲ…အဲဟယ္ခိုင္းရက္တယ္” ဆိုၿပီး ငယ္သံပါေအာင္ ေအာ္ဆိုရာ ဘုန္းႀကီးက မ်က္မွန္ႀကီးႏွင့္ လွမ္းၾကည့္သည္။ ထိုအခါ ရွင္ဇဋိလက “ၾကည့္ခ်င္ၾကည့္ ဒီခါ ႐ိုက္ရင္ အလစ္ပဲ” ဟု သေဘာပိုက္ကာ သီခ်င္းကို ဆက္ဆိုသည္။ ထိုအခါဘုန္းႀကီးက “ဟိုေကာင္ လာစမ္း”ဟု ေခၚေတာ့သည္။ ရွင္ဇဋိလက “ဘုရား”ဟု အသံက်ယ္က်ယ္ႏွင့္ ေလွ်ာက္ေတာ့ “ဘုရားလုပ္မေနနဲ႔ သိမ္းေတာ့” ဟု မိန႔္ၾကားေလမွ ရွင္ဇဋိလ အလုံးႀကီးက် ဝမ္းသာရေလေတာ့သည္။ ရွင္ဇဋိလသည္ ဤသို႔ မၾကာမၾကာ ဒဏ္ထမ္းရေလ့ရွိသည္။

ေနာင္မွာေတာ့ ဆရာေတာ္က တပည့္၏ ပညာေရး မေႏွာင့္ေႏွးေလရေအာင္ဆိုၿပီး ဓာတ္စက္ကို သိမ္းလိုက္သည္။ တစ္ရက္မွာေတာ့ ရွင္ဇဋိလႏွင့္ အျခားကိုရင္တစ္ပါး စာအံၿပိဳင္ၾကရာ ရွင္ဇဋိလက အႏိုင္ရေလသည္။ ထိုအခါ ေပ်ာ္လြန္းလို႔ ရွင္ဇဋိလ မွာ ညသန္းေခါင္ေရာက္သည့္တိုင္ အိပ္မေပ်ာ္ႏိုင္ဘဲရွိေခ်၏ ။

သူသည္ ဓာတ္စက္တြင္ ဓာတ္ျပားတင္ၿပီး ဖြင့္တဲ့အသံႏွင့္ တူေအာင္လည္း လုပ္တတ္ေသးသည္။ ထို႔ေၾကာင့္ ေရအိုးထဲ ေခါင္းစြပ္ၿပီး လက္က ဓာတ္ျပားသံႏွင့္တူေအာင္ အိုးျခမ္းကြဲႏွင့္ ေရအိုးဖင္ျခစ္လ်က္ ပါးစပ္က “ပဒကုသလ” အမည္ရွိ သီခ်င္းကို တစ္ေယာက္တည္း ဆိုေလသည္။ “အႀကံရ ခက္ပါသေနာ္” ဟု ဆိုလိုက္စဥ္မွာပဲ “ျဖန္း”ဆိုတဲ့ အသံႀကီးႏွင့္အတူ သူ႔ဖင္မွာ က်ိန္းစပ္သြားသည္။ ထို႔ေၾကာင့္ အိုးထဲက ေခါင္းကို ဆြဲထုတ္ရာ စြပ္တုန္းကရၿပီး ျပန္ထုတ္ကာမွ ထုတ္မရျဖစ္ေနသည္။ ဘယ္လို ထုတ္ထုတ္ ထုတ္မရသည့္အဆုံး ေက်ာင္းတိုင္နဲ႔ ႐ိုက္ခြဲလိုက္ရာ အိုးကြဲသြားေပမဲ့ အိုးလည္ပင္းက ေခါင္းမွာ စြပ္လ်က္က်န္ေနခဲ့သည္။

ထိုအခါမွ မိမိဖင္ ႐ိုက္တဲ့လူကို အသန္အသန္ရွာရာ ထန္းလက္ျပားႀကီးကိုင္ၿပီး ရပ္ေနသည့္ ဘုန္းႀကီးဦးဝဏၰကို ေတြ႕ရေလသည္။ သည္ေတာ့မွ ေၾကာက္ေၾကာက္နဲ႔ အိပ္ယာထဲ ေျပးဝင္ခဲ့ရသည္။ အိပ္ယာထဲေရာက္မွ လည္ပင္းက ေရအိုးအနားသပ္ကို ဆြဲခြၽတ္ရာ နား႐ြက္ေတြ ပြန္းေအာင္ခြၽတ္မွ ကြၽတ္သြားေတာ့သည္။

ဝါသနာက ႀကီးလွသည္မို႔ မည္သို႔ ခံရခံရ အမွတ္သည္းေျခမရွိေပ။ ေဆာင္းညေတြေရာက္ေလတိုင္း သီခ်င္းေလးတစ္ပုဒ္ ႏွစ္ပုဒ္ဟၿပီးမွ အိပ္ေပ်ာ္ေလ့ရွိသည္။ ခုေတာ့ ေဆာင္းရာသီမို႔ ျမဴႏွင္းတို႔ေဝဆိုင္းၿပီး ေျမာက္ေလ တေသြးေသြးႏွင့္ ေအး၍ မဆုံးျဖစ္ေနသည္။

ရွင္ဇဋိလသည္ ဆြမ္းစားၿပီးစ တစ္ေရးတေမာ အိပ္စက္ရန္ ေစာင္လိပ္ေလးကို ေျခရင္းခ်လိုက္သည္။ သို႔ေသာ္ ေဆာ့ျမဴးေနတဲ့ ေဆာင္းေလၾကားမွာ သည္အတိုင္း အိပ္လိုက္ရမွာကို သူႏွေမ်ာသည္။ ထို႔ေၾကာင့္ ဝါသနာပိုးအတိုင္း သီခ်င္းေလးတစ္ပုဒ္ေလာက္ ညည္းလိုက္ဦးမည္ဟု ေတြးကာ ေမလွၿမိဳင္၏ သီခ်င္းတစ္ပုဒ္ကို ေကာက္ဆိုလိုက္သည္။

“ေျမာက္ေလ အျပန္၊ ေဟမန္ေဆာင္းရာသီ၊ ေငြခ်ည္ ေငြႏွင္းကေလးေတြ ဖ်န္းပက္ေနေတာ့ …”ဖုန္း”

ဤအထိသာ ဆိုလိုက္ရသည္ ။”ဖုန္း”ဟူေသာ အသံႏွင့္အတူ ေျခေထာက္ေပၚသို႔ ျပင္းထန္ေသာ အားတစ္ခု က်ေရာက္လာေသာေၾကာင့္ “သည္”ဆိုတာေလးေတာင္ ဆုံးေအာင္ မဆိုႏိုင္ေတာ့ဘဲ ကမန္းကတန္း မ်က္စိ ဖြင့္ၾကည့္ရာ ဘယ္ခ်ိန္က ေရာက္ေနမွန္းမသိတဲ့ ဘုန္းႀကီးဦးဝဏၰကို ေတြ႕ရေလသည္။ သည္ေတာ့မွ ေစာင္ဆြဲၿခဳံၿပီး အိပ္ေလေတာ့၏။

သူလည္းေလေလာကီသားမို႔

ရွင္ဇဋိလတြင္ ေမာင္ျမေမာင္ ဆိုသည့္ သီခ်င္းဆိုဘက္ သူငယ္ခ်င္းတစ္ေယာက္ရွိသည္။ ေမာင္ျမေမာင္ ေက်ာင္းလာတိုင္း ဘင္ဂ်ိဳေလး အၿမဲပါသည္။ ေမာင္ျမေမာင္ ဘင္ဂ်ိဳ တီးရင္ ရွင္ဇဋိလက စည္းဝါးလိုက္သည္။ ရွင္ဇဋိလ တီးလွ်င္ ေမာင္ျမေမာင္က စည္းဝါးလိုက္သည္။ ထိုသို႔ အႏုပညာ ခ်စ္ၾကသူခ်င္းမို႔ သံေယာဇဥ္ႀကီးၾကသည္။

တစ္ေန႔ အခ်စ္ေၾကာင့္လားရယ္မသိ ေမာင္ျမေမာင္မွာ ႀကိဳးဆြဲခ် ေသသြားေလသည္။ ညေနပိုင္းမွာ ႀကိဳးတန္းလန္းႏွင့္ ေသေနသည့္ ဂီတသူငယ္ခ်င္းႀကီးကို သြားၾကည့္မိသည္။ မ်က္လုံးႀကီး ျပဴးၿပီး လွ်ာႀကီးက အျပင္ဘက္ ရွည္ထြက္ေနသည္။ စိတ္မေကာင္းလြန္း၍ ျပန္လာတဲ့ လမ္းတေလွ်ာက္ ထိုျမင္ကြင္းက မ်က္လုံးထဲက မထြက္။ ေက်ာင္း ျပန္ေရာက္ေသာအခါ ေက်ာင္းေတာ္ႀကီးတစ္ခုလုံးက တိတ္ဆိတ္ မည္းေမွာင္ေနသည္။ ေက်ာင္းေဆာင္ တံခါး ဆြဲဖြင့္ၿပီး လွမ္းဝင္လိုက္စဥ္မွာ ေက်ာတျပင္လုံး ခ်မ္းသီးမ်ား ထသြားသည္။ ထိုစဥ္ “ဝုန္း”ဆိုၿပီး တစ္ခုခုျပဳတ္က်သံလို အသံႀကီးလည္း ထိတ္ထိတ္လန႔္လန႔္ ၾကားရသည္။ ျမေမာင္ လိုက္လာၿပီဆိုတာ စိတ္ထဲက ထင္လိုက္၍ ရွင္ဇဋိလ မတရား ေၾကာက္လန႔္ ပ်ာယာခတ္သြားသည္။

တုန္ယင္ေသာ လက္တို႔ႏွင့္ ဖေရာင္းတိုင္ကို လိုက္စမ္းယူၿပီး မီးျခစ္ကို ျခစ္မည္အျပဳ ဗီ႐ိုေပၚမွ “ေညာင္” ဟူေသာ အသံထြက္လာသည္။ ျမေမာင္ မဟုတ္ဘဲ အလွေၾကာင္ ျဖစ္ေနေၾကာင္း သိလိုက္ရေတာ့ ေၾကာက္စိတ္မွ ေဒါသစိတ္ေျပာင္းကာ ထိုေၾကာင္ကို လိုက္႐ိုက္မိေလသည္။ ကံေကာင္းလို႔ မက်ိဳး။ သည္အျဖစ္အပ်က္မွာ သူငယ္ခ်င္း အခ်စ္ေၾကာင့္ ႀကဳံခဲ့ရသည့္ ဒုကၡတစ္ခု ျဖစ္သည္။ ႏွလုံးသား အခ်စ္ေၾကာင့္လည္း ဒုကၡတစ္ခု ႀကဳံဖူးသည္။

တစ္ေန႔ ၾကာနီကန္ေက်ာင္းတိုက္သို႔ ညအိပ္ဧည့္သည္မ်ား ေရာက္ရွိလာၾကသည္။ ထိုအထဲတြင္ ရွင္ဇဋိလႏွင့္ အ႐ြယ္ မိန္းမပ်ိဳေလးတစ္ဦးလည္း ပါေလ၏။ ၁၆၊ ၁၇ ဆိုသည္မွာ စိတ္ ကစားတတ္သည့္အ႐ြယ္မို႔ အ႐ြယ္တူ မိန္းမလွေလး ျမင္ရသည့္အခါ ရွင္ဇဋိလမွာ လူငယ္တို႔ ဘာသာဘာဝ ျမင္ျမင္ခ်င္း ခ်စ္ခင္စုံမက္မိသည္။ ထိုမိန္းကေလးအား ရင္တြင္းအသည္းက စြဲၿမဲစြာ ခ်စ္ေနမိေသာ္လည္း သူမထံသြား၍ ဇက္ဇက္ရဲရဲ စကား မဆိုရဲ။ ေဝးရာကသာ ေငးကာၾကည့္ျခင္းကသာ သူ၏ အေျပာင္ေျမာက္ဆုံး သတၱိ။ ျမတ္ႏိုးစြာ ခိုးၾကည့္မိတိုင္း သူမမွာ ထိုင္လ်က္သာ ေတြ႕ျမင္ရသည္မို႔ ဆင္မယဥ္သာ လမ္းေလွ်ာက္ဟန္ေလးကိုလည္း ျမင္ခ်င္စမ္းပါဘိ။

ရွင္ဇဋိလ ခိုးခိုးၾကည့္ေနတာကို ေက်ာင္းရွိဦးပၪၨင္းမ်ားပင္ ရိပ္မိသိရွိသြားသည္။ ထိုအခါ ဦးပၪၨင္းမ်ားက “ႀကိဳက္ရင္ ခိုးၾကည့္မေနနဲ႔ စာေပးရတယ္ကြ” ဟု စေနာက္ ေျမႇာက္ပင့္ေပးၾကသည္။ ေနာက္ဆုံးမွာေတာ့ အရဲစြန႔္ၿပီး စာေပးရန္ ဆုံးျဖတ္လိုက္သည္။ ထို႔ေၾကာင့္ အၿမဲထိုင္ေနတတ္သည့္ မိန္းမေခ်ာေလး ထံသြား၍ ေရးထားေသာ ရည္းစားစာကို မ်က္စိစုံမွိတ္ ေပးလိုက္ေတာ့သည္။

ေနာက္တစ္ရက္တြင္ ထိုမိန္းမေခ်ာေလးက ရွင္ဇဋိလအား သူမႏွင့္ လာေတြ႕ရန္ ခ်ိန္းဆိုသည္။ ခ်ိန္းဆိုသည့္ ေနရာက လူသူကင္းရွင္းသည့္ ေခ်ာင္က်က် ေနရာမဟုတ္ဘဲ ေက်ာင္းထိုင္ ဆရာေတာ္ႀကီး၏ ေရွ႕ေမွာက္တြင္ ျဖစ္သည္။ မည္သို႔ျဖစ္ျဖစ္ ျမတ္ႏိုးသူက ခ်ိန္းဆိုသည္မို႔ ဆရာေတာ့္ေက်ာင္းေဆာင္သို႔ ခ်ိန္းထားသည့္ အခ်ိန္တြင္ အေရာက္လာခဲ့ရာ ဆရာေတာ့္ေရွ႕တြင္ ထိုင္လ်က္ ေရာက္ႏွင့္ေနသည့္ သူမကို ေတြ႕ရသည္။

ရွင္ဇဋိလ ဝင္လာသည္အား မိန္းမေခ်ာေလး ျမင္ေလေသာအခါ ထိုမိန္းမေခ်ာေလးက ဆရာေတာ္အား ဦးခ်၍ ထသြားေလေတာ့သည္။ ထိုအခါ ရွင္ဇဋိလ မွာ အံ့အားသင့္သြားသည္။ အေၾကာင္းမွာ ထိုမိန္းမေခ်ာေလးသည္ ေမြးရာပါ ေျခမသန္စြမ္းသူ ဒုကၡိတမေလး တစ္ဦးျဖစ္ေနေသာေၾကာင့္တည္း။
“တပည့္ေတာ္မလို ဒုကၡိတမေၾကာင့္ ျမင့္ျမတ္တဲ့ ကိုရင္ဘဝကို မစြန႔္လႊတ္ခ်င္ပါနဲ႔ ဘုရား” ဟု ႏႈတ္ႏွင့္ မေျပာဘဲ အျပဳအမူျဖင့္ ပညာသားပါပါ ဆုံးမသြားျခင္း ျဖစ္ေပသည္။ ခ်စ္မိၿပီဆိုလွ်င္ ေက်ာက ဘုႀကီးေတာင္ ျမင္ႏိုင္စြမ္း မရွိ ဟု ဆိုစကားရွိသည္။ သို႔ေသာ္လည္း မိန္းမပ်ိဳေလးက ေကာင္းေကာင္းႀကီး ဆုံးမသြားသည္မို႔ ခ်စ္ပင္ ခ်စ္ျငား ေရွ႕မတိုးအားေတာ့ေပ။

ဖခင္ႀကီးအနိစၥေရာက္ျခင္း

ဘုန္းႀကီးဦးဝဏၰသည္ ရွင္ဇဋိလအား မၾကာမၾကာ ဒဏ္ေပးတတ္ေသာ္လည္း စာေတာ္သည့္ ရွင္ဇဋိလကို အလြန္ခ်စ္ခင္သည္။ အားလည္းကိုးသည္။ ထို႔ေၾကာင့္ အနီးတြင္ ေခၚထားၿပီး မိမိႂကြရာကိုလည္း အပါေခၚသြားေလ့ရွိသည္။ အနီးတြင္ ေခၚေဆာင္ထားေသာ္လည္း တပည့္၏ တက္လမ္းကို ပိတ္ပင္ျခင္းမျပဳဘဲ မႏၲေလးသို႔ ပညာသင္လႊတ္ရန္ စီမံေလ၏။ ထိုသို႔ စီမံေနဆဲတြင္ ရွင္ဇဋိလ၏ ဖခင္ႀကီးမွာ ကြယ္လြန္အနိစၥ ေရာက္ရွာသည္။ ထို႔ေၾကာင့္ ဖခင္၏ လုပ္ငန္း အေမြဆက္ခံရန္ အစ္ကိုျဖစ္သူ ရွင္ဇဋိလကို မိခင္ႀကီးက အားကိုးတႀကီးႏွင့္ လူထြက္ရန္ ေတာင္းဆိုေလသည္။

ရွင္ဇဋိလသည္ ယခင္က ကိုရင္ တစ္ႀကိမ္ထြက္ခဲ့ဖူးသည္။ လူအမ်ားၾကား ပုဆိုးခဏခဏ ကြၽတ္ကြၽတ္က်၍ ရွက္ၿပီး ကိုရင္ျပန္ဝတ္ခဲ့ရသည္။ ယခု မိခင္ႀကီးက ကိုရင္ထြက္ပါဟု ေတာင္းဆိုလာေသာအခ်ိန္တြင္ကား ရွင္ဇဋိလသည္ ဘုရားသာသနာေတာ္ျမတ္ႀကီးကို အလြန္ခ်စ္ျမတ္ႏိုးေနမိၿပီျဖစ္သည္။ ထို႔ေၾကာင့္ ကိုရင္မထြက္လိုဟု ျငင္းဆိုလိုက္၍ ညီျဖစ္သူ ရွင္ဝိမလမွ ကိုရင္ထြက္ေပးခဲ့ရသည္။

ရဟန္းျဖစ္ျခင္း

သို႔ႏွင့္ ရွင္ဇဋိလမွာ အသက္ႏွစ္ဆယ္ ျပည့္ေျမာက္ခဲ့ေလသည္။ ထို႔ေၾကာင့္ တပည့္ရင္းမို႔ သားရင္းပမာ ခ်စ္ခင္ရွာသည့္ ဘုန္းႀကီးဦးဝဏၰက ကိုယ္တိုင္ ရဟန္းခံေပးရန္ စီစဥ္သည္။ သို႔ေသာ္ ရွင္ဇဋိလ၏ မယ္ေတာ္ႀကီးက ကိုယ္တိုင္ ပၪၨင္းခံေပးလိုပါသည္ဟု အႀကိမ္ႀကိမ္ ေတာင္းပန္မႈေၾကာင့္ “ကဲ…ဒါျဖင့္ မေအ ဆိုေတာ့ ဘယ္ျငင္းသာမလဲ ခြင့္ျပဳေပးရမွာေပါ့”ဟုဆိုကာ ေနာက္ဆုတ္ေပးလိုက္သည္။ ထို႔ေၾကာင့္ မယ္ေတာ္ႀကီး ေဒၚဒြန္းမွ ရွင္ဇဋိလအား ၁၃၁၄ ခုႏွစ္၊ တပို႔တြဲလဆန္း ၁၅ ရက္ေန႔တြင္ ဆရာရင္း ဦးဝဏၰအား ဥပဇၩာယ္ျပဳလ်က္ ဦးဇင္းတစ္ပါးအျဖစ္သို႔ ေရာက္ရွိခဲ့သည္။

ထိုရဟန္းခံပြဲ ၿပီးေသာအခါတြင္ ဆရာေတာ္ဦးဝဏၰက မိမိတပည့္၏ ပညာအစြမ္းကို အေရာင္ထင္ေစလိုေသာဆႏၵႏွင့္ အရွင္ဇဋိလအား ပထမဆုံးအေနႏွင့္ တရားေဟာ ေရစက္ခ် ခိုင္းေလသည္။ အရွင္ဇဋိလသည္လည္း ပညာရဲရင့္၍ ပြဲအလယ္တြင္ တြန႔္မေနဘဲ ေျခာက္ေပ၊ သုံးလက္မခန႔္ရွိ သူ႔အရပ္ႀကီးႏွင့္ ပရိသတ္အၾကားသို႔ ျခေသၤ့တစ္ေကာင္ကဲ့သို႔ ရဲရင့္စြာ လွမ္းဝင္ခဲ့သည္။ ဓမၼာသန ပလႅင္ရင္းသို႔ ေရာက္ေသာအခါ ေအာ္ဒါမွာစီးရသည့္ ဆယ့္ႏွစ္လက္မခြဲခန႔္ရွိ ဖိနပ္ႀကီးကို ခြၽတ္လိုက္သည္။ ပလႅင္ေပၚ ထိုင္လိုက္ေသာအခါ ၁၆၄ ေပါင္ရွိသည့္ သူ႔ခႏၶာကိုယ္၏ အေလးခ်ိန္ေၾကာင့္ ပလႅင္မွာ ၫႊတ္သြားသည္ဟုထင္ရသည္။

ထို႔ေနာက္ စူးရွေတာက္ပေသာ မ်က္လုံးမ်ားႏွင့္ ပရိသတ္အား အသံအားေကာင္းေကာင္းႏွင့္ ႏႈတ္စြမ္းျပ ေဟာၾကားေလသည္။ ေရစက္ခ်ၿပီးေသာအခါ ပရိသတ္မ်ားက အသံေကာင္း၊ အေဟာေကာင္း၊ အေျပာေကာင္းၿပီး ဥပဓိ႐ုပ္ ေကာင္းလွသည္ဟု ခ်ီးက်ဴးၾကၿပီး ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚၾကေလသည္။ ႏိုင္ငံေက်ာ္ ဓမၼကထိကႀကီးျဖစ္ပါေစဟုလည္း ဆုေတြ အထပ္ထပ္ ေပးသြားၾကေလသည္။ ဘုန္းႀကီးဦးဝဏၰသည္ ကိုယ္တိုင္လည္း ဓမၼကထိကျဖစ္ၿပီး ပါဠိသက္သက္ျဖင့္ သုတၱန္အေဟာေတြမွာ နာမည္ႀကီးသလို တပည့္ေတြကိုလည္း လက္ေတြ႕သင္တန္း ေပးသည့္အေနႏွင့္ သာေရး နာေရးမ်ားတြင္ ေဟာေျပာေစခဲ့သည္။ အရွင္ဇဋိလကိုကား အထူးေမွ်ာ္လင့္ထားသည္။ ေမွ်ာ္လင့္ထားသလို ဘုန္းႀကီးဦးဝဏၰတပည့္ တရားေဟာေကာင္းသည္ဟု ထိုနယ္တဝိုက္တြင္ နာမည္ေက်ာ္ၾကားလာေလသည္။

စာသင္တိုက္သို႔ပို႔ျခင္း

ဆရာေတာ္ဦးဝဏၰသည္ မိမိတပည့္၏ ကိုယ္ရည္ကိုယ္ေသြးအား ဤမွ်ႏွင့္ တင္းတိမ္မေနဘဲ မႏၲေလးၿမိဳ႕ စာသင္တိုက္သို႔ ပို႔ရန္ စီစဥ္သည္။
“မင္း မႏၲေလးမွာေနရင္ စ,ဒ,ဘ,ဝ ဆိုတဲ့ အဂၤါေလးခ်က္နဲ႔ အညီေနရမယ္။ စ – ေစာေစာထ၊ ဒ – ဒုန္းေျပး၊ ဘ – ဘုံေလာင္းတိုးၿပီး၊ ဝ – ဝဝစားႏိုင္ရမယ္ ။ ဒီေလးခ်က္နဲ႔ ညီမွ မင္း မႏၲေလးမွာ ေနႏိုင္လိမ့္မယ္”ဟု ဆုံးမၿပီး ခင္မကန္တိုက္ အရွင္ဇဋိလ၏ ဦးရီးေတာ္စပ္သူ စာခ်ဆရာေတာ္ ဦးဇာဂရထံ အပ္ႏွံကာ ပညာေရႏို႔ ေသာက္စို႔ေစခဲ့ျပန္ပါသည္။

အရွင္ဇဋိလသည္ ဆရာသမား၏ ၾသဝါဒအတိုင္း ေစာေစာထ၊ ဒုန္းေျပးမတတ္ ဘုံေလာင္းႂကြေနေသာ္လည္း ဝဝစားရသည့္ ရက္က နည္းပါးလွသည္။ ယေန႔လည္း ထုံးစံအတိုင္း ဆြမ္းခံႂကြလာရာ အိမ္တစ္အိမ္ေရွ႕တြင္ အေငြ႕တေထာင္းေထာင္းႏွင့္ ဆြမ္းဇလုံႀကီး ခ်ထားသည္ကို ေတြ႕ရသည္။ ထို႔ေၾကာင့္ ခပ္သြက္သြက္ေလွ်ာက္ၿပီး ဆြမ္းရပ္လိုက္သည္။ သို႔ေသာ္ အတန္ၾကာ ရပ္မိသည့္တိုင္ ဆြမ္းလာေလာင္းသည္ကို မေတြ႕ရေပ။ ထို႔ေၾကာင့္ အိမ္ထဲသို႔ လွမ္း၍ အကဲခတ္ၾကည့္ရာ ေဆးေပါ့လိပ္ႀကီး လက္ၾကားညႇပ္ၿပီး ေရေႏြးၾကမ္းေသာက္ေနသည့္ ပြဲစားႀကီးကို ေတြ႕ရသည္။

ထိုအခါက်မွ ပြဲစားဒကာႀကီးက သတိထားမိသြားၿပီး “ေဟ့…အေဒၚႀကီး ကိုယ္ေတာ္ေလး ဆြမ္းရပ္ေနတာၾကာၿပီ၊ မဏိေနပူလွၿပီ၊ ဆြမ္းထြက္ေလာင္းလိုက္ဦး”ဆိုၿပီး မိန္းမကို ေအာ္ေျပာလိုက္သည္။ ထိုအခါ မယားလုပ္သူက “ေတာ္ကလည္း ကိုယ္တိုင္ ေလာင္းေတာ့ ငရဲႀကီးမွာက်လို႔ “ဟု ျပန္ေျပာေလရာ ပြဲစားႀကီးက ေဆာင့္ႀကီး ေအာင့္ႀကီးႏွင့္ ထလာၿပီး အရွင္ဇဋိလ သပိတ္ထဲသို႔ ဆြမ္းမ်ား အကုန္ေလာင္းထည့္လိုက္ေလသည္။

သည္ကိုလွမ္းျမင္လိုက္တဲ့ အေဒၚႀကီးက ” အဖိုးႀကီး ေနာက္ကိုယ္ေတာ္ေတြ က်န္ေသးတယ္ေနာ္”ဟု လွမ္းသတိေပးေလရာ ပြဲစားႀကီးက “ဆြမ္းေလာင္းတာပဲ ကုန္သြား ၿပီးေရာ့ေပါ့၊ ေဖာက္သည္ခ် မေလာင္းႏိုင္ဘူး”ဟု ျပန္ေအာ္သျဖင့္ လင္မယား အေျခအတင္ စကားမ်ားၿပီး နပမ္းမလုံးခင္ အရွင္ဇဋိလမွာ ေသာ့ေသာ့ ႏွင္ခဲ့ရေလသည္။ သို႔ေသာ္လည္း ပြဲစားႀကီးေက်းဇူးေၾကာင့္ ေန႔တြက္ကိုက္ၿပီး စ၊ ဓ၊ ဘ၊ ဝ – ေဆာင္ပုဒ္ေလးႏွင့္ ညီၫြတ္ရေပေတာ့မည္။

တစ္ေန႔တြင္လည္း ၿမိဳ႕တြင္းသို႔ ဆြမ္းခံႂကြလာစဥ္ ေက်ာင္းသူတစ္ေယာက္ စီးလာေသာ စက္ဘီးႏွင့္ ဝင္တိုက္မိေလသည္။ သပိတ္လြတ္က် ၊ ဆြမ္းအစ္ခြက္ေတြ ေျမေပၚ ျပန႔္က်ဲၿပီး ရထားသမွ် ဆြမ္းႏွင့္ ဆြမ္းဟင္းေတြ ေျမျပင္ေပၚ ပလဲကုန္သည္။ ေယာက်ၤားျခင္းဆိုရင္ နပမ္းခ်ရ အေကာင္းသား မိန္းမသားျဖစ္ေန၍ မနည္း သီးခံျပန္ခဲ့ရသည္။ ေက်ာင္းျပန္ေရာက္ေသာအခါ ထိုအျဖစ္အပ်က္ကို ကဗ်ာေကာက္စပ္ၿပီး မႏၲေလးထုတ္ သတင္းစာတစ္ေစာင္မွာ ထည့္လိုက္ရာ ထိုကဗ်ာ ပါလာေတာ့သည္။

ေနာက္ရက္ ဆြမ္းခံႂကြခ်ိန္ စက္ဘီးႏွင့္ တိုက္ခံရေသာ ေနရာသို႔ ေရာက္လာေသာအခါ ရပ္ေစာင့္ေနသည့္ ေက်ာင္းသူေလးကို ေတြ႕ရသည္။ ၿပီးေနာက္ အရွင္ဇဋိလကို ေတာင္းပန္ရွာသည္။ ေနာက္ သတင္းစာထဲက ကဗ်ာက “တပည့္ေတာ္မကို ေစာင္း ေရးတာ မဟုတ္လားဘုရား”ဟု ေမးရာ မ်က္ႏွာပူပူျဖင့္ “အဲဒါ တည့္တည့္ေရးတာပဲ”ဟု ျပန္ေျပာရေလ၏။ ထိုအခါက ေက်ာင္းသူေလးက သူမ အိမ္သို႔ ဆြမ္းခံႂကြရန္ ေလွ်ာက္ထားသျဖင့္ ဆြမ္းခံအိမ္တစ္အိမ္တိုးခဲ့ရေလေတာ့သည္။

တစ္ရက္တြင္လည္း ဦးဇဋိလ ဆြမ္းခံႂကြလာခဲ့သည္။ ဗမာအမ်ိဳးသမီးႏွင့္ ညားထားသည့္ တ႐ုတ္ႀကီး အိမ္ေရွ႕ ေရာက္ေသာအခါ ထိုအမ်ိဳးသမီးကို ျမင္လိုက္ရ၍ ဆြမ္းရပ္လိုက္သည္။ ထိုစဥ္ သတင္းစာဖတ္ေနသည့္ တ႐ုတ္ႀကီးက အရင္ျမင္ၿပီး သူ႔မ်က္ႏွာကို သတင္းစာႏွင့္ ကြယ္သြားသည္။ တခဏအၾကာ သတင္းစာ႐ြက္ ႏွိမ့္ၿပီး လွမ္းၾကည့္ရာ အရွင္ဇဋိလ မျပန္ေသး၍ ျပန္ကြယ္သြားသည္။ ဗမာအမ်ိဳးသမီးက မီးဖိုေဆာင္ထဲ အလုပ္ရႈပ္ေန၍ ဦးဇဋိလ အား မေတြ႕ေပ။ တ႐ုတ္ႀကီးက တတိယအႀကိမ္ ခိုးၾကည့္ျပန္ရာ ရပ္ေနဆဲ ဦးဇဋိလကို ေတြ႕ရ၍ စိတ္မရွည္ႏိုင္ေတာ့ဘဲ “ေဟ့..ဘုန္းႀကီး ဆြား… ဆြား (သြား) ဟု ႏွင္ထုတ္ေတာ့သည္။

ဦးဇဋိလကလည္း မသြားဘဲ ေပကပ္ရပ္ေနသည္။ “ေဟ့..ဘုန္းႀကီး ဆြားလို႔ ေျပာေနတာ မၾကားဘူးလား ဆြားေလ” ဟု ထပ္၍ ႏွင္ထုတ္ျပန္သည္။ ထိုအခါ ဦးဇဋိလလည္း လူပါးဝသည့္ တ႐ုတ္ႀကီးအား အဟုတ္ႀကီးေဒါပြားကာ သပိတ္ကတၱရာေပၚခ်ၿပီး နပမ္းဝင္လုံးေတာ့သည္။ သည္အခါမွ မီးဖိုေဆာင္ထဲက အမ်ိဳးသမီးက အသံၾကားလို႔ ေျပးဝင္လာၿပီး ေတာင္းပန္ရွာသည္။ ဦးဇဋိလအား က်က်နနထိုင္ခိုင္းၿပီး ကန္ေတာ့သည္။ ေနာင္ အၿမဲဆြမ္းခံႂကြဖို႔လည္း ေလွ်ာက္ထားေလ၏။ ဦးဇဋိလမွာ နပမ္းတန္ခိုးႏွင့္ ဆြမ္းခံအိမ္ တစ္အိမ္တိုးခဲ့ရျပန္ေလ၏။

အရွင္ဇဋိလသည္ ယင္းခင္မကန္တိုက္မွာပင္ အငယ္တန္း၊ အလတ္တန္းႏွင့္ အႀကီးတန္းတို႔ကို မပင္မပမ္း ေအာင္ျမင္ေတာ္မူေလသည္။ ဦးရီးေတာ္က ငယ္လတ္ႀကီးအတန္းေတြကို စာဝါပို႔ခ်ခိုင္းေစေသာေၾကာင့္လည္း ပို႔ခ်ေပးရသည္။ ရဟန္းဝါ ေလးဝါအရတြင္ ဦးရီးေတာ္က စာခ်တန္းကို ကိုးက်မ္းလုံး ႏွစ္ခ်င္းေပါက္ ၿပီးေစလိုေသာေၾကာင့္ ေန႔ညမအား ႀကိဳးစား၍ ပို႔ခ်ျပသေပးသည္။

သို႔ေသာ္ ထိုအခ်ိန္မွာ အရွင္ဇဋိလက တရားပြဲမ်ား ေဟာၾကားေနရၿပီမို႔ ဆြမ္းကြမ္းမရွား၊ လာဘ္လာဘေလးမ်ားလည္း ႐ႊင္လာသည္။ ပင္ကိုယ္က အေဟာအေျပာ ဝါသနာႀကီးလွသည္မို႔ စာေပသင္ယူေရးထက္ ေဟာေရးကို ပိုအားသန္သလိုရွိလာသည္။ မႏၲေလးၿမိဳ႕ေန ၾကာနီကန္႐ြာသား ပြဲစားမ်ားျဖစ္ၾကသည့္ ဦးဘလြန္း ေဒၚျမေမ၊ ဦးသူေတာ္၊ ဦးၿမဲ၊ စာေရးႀကီးဦးစံေအး ေဒၚသိန္းခင္ ၊ ဦးနက္-ေဒၚၿပိဳင္၊ ဦးတင္ေမာင္-ေဒၚႏွင္းႏြယ္၊ ဦးေပ – ေဒၚႏွင္းမယ္ စေသာ ႐ြာခံဒါယကာမ်ားက အရွင္ဇဋိလကို ပြဲထုတ္ေပးၾကသည္။ ရပ္ကြက္ဓမၼာ႐ုံတြင္လည္း သီလေပးတရား ဥပုသ္ေန႔တိုင္း ေဟာရသည္။ ထို႔ေၾကာင့္ မၾကာမၾကာ ဝါစာေနာက္က်ရသည္။ သီလေပး တရားေဟာၿပီးကာမွ ျမင္းလွည္းႏွင့္ ကတိုက္က႐ိုက္ေရာက္လာတတ္သည္။

ထို႔ေၾကာင့္ တစ္ရက္တြင္ ဦးရီးေတာ္ ဦးဇာဂရက ဤသို႔ ၾသဝါဒေပးေလ၏။
“ပညာသင္ၾကားေနသူဆိုတာ ဥေဒါင္းကေလးမ်ားကဲ့သို႔ က်င့္ၾကရမယ္၊ ေခြးကေလးမ်ားကဲ့သို႔ မက်င့္ရဘူး။ ဥေဒါင္းဆိုတာ ငယ္စဥ္က အင္မတန္ ႐ုပ္ဆိုးၿပီး လူမုန္းတဲ့႐ုပ္မ်ိဳး ၊ ႀကီးျပင္းလာတဲ့အခါက်မွ အေတာင္အလက္ေတြစုံၿပီး အလွမ်ိဳး စုံလာတဲ့အတြက္ အမ်ားႏွစ္သက္ၾကတယ္။
“ေခြးေလးမ်ားက်ေတာ့ ေမြးစမွာ တယ္လွၾကတယ္။ ႀကီးလာတဲ့ အခါက်ေတာ့ ပုံမေျပ ႐ုပ္ဆိုးလာတယ္။ ဒါေၾကာင့္ ငယ္႐ြယ္စဥ္ ပညာသင္ခ်ိန္မွာ ေဒါင္းလိုေနၾက၊ ေခြးလိုမေနၾကနဲ႔”စသည္ျဖင့္ ဆုံးမသည္။ သို႔ေသာ္ အရွင္ဇဋိလ၏ ဓမၼကထိကပိုးမွာ အ႐ိုးထဲအထိ စိမ့္ဝင္ေနၿပီျဖစ္ရာ ဦးရီးေတာ္၏ ၾသဝါဒသည္လည္း မတိုးသာေတာ့ေပ။

ၾကာနီကန္ဆရာေတာ္အေၾကာင္းကို ေသေသခ်ာခ်ာေလး သိခ်င္သူမ်ားအတြက္  အရွင္ေတဇပုလဲ  ေရးသားထားတဲ့စာစုကို ျပန္လည္ေဝမွ်လိုက္ျခင္း ျဖစ္ပါတယ္။

ဓမၼကထိကျဖစ္ရန္႐ူးသြပ္ပုံ

အရွင္ဇဋိလ၏ ဓမၼကထိက ပိုးမွာ ဗႏၶဳလဦးဆိုင္၏ တိုက္သစ္တက္ပြဲတြင္ ရန္ကုန္မွ ႏိုင္ငံေက်ာ္ ဓမၼကထိက ဦးေဥယ်၏ ႀကိတ္ႀကိတ္တိုး တရားပြဲကို သုံးညတိုင္တိုင္ နာယူမိေသာအခါ ပိုတိုးလို႔ သြားေတာ့သည္။ တစ္ေန႔ ငါလည္း ဦးေဥယ်လို ႏိုင္ငံေက်ာ္ ဓမၼကထိက ျဖစ္ရမယ္လို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္သည္။

ထို႔ေၾကာင့္လည္း ထိုတရားပြဲၿပီးေသာအခါ ဦးေဥယ်ထံ ဝင္ေရာက္ဖူးေတြ႕ၿပီး ခြင့္ေတာင္းသည္ ။ “တပည့္ေတာ္ ဓမၼကထိက ျဖစ္ဖို႔ ဝါသနာ ႀကီးလြန္းပါတယ္ဘုရား၊ တပည့္ေတာ္ ဆရာေတာ္ကဲ့သို႔ ေဟာလို၍ ဆရာေတာ္ေနာက္ လိုက္ခြင့္ျပဳပါ” ဟူ၍ ေလွ်ာက္ထားေလသည္။ ထိုအခါ ဆရာေတာ္ဦးေဥယ်က “ေဟာခ်င္ရင္ ငါ့လို ပရိသတ္ႀကီးမ်ားလို႔ ေလယူေလသိမ္း ကိုက္ေအာင္ ဆိုၾကည့္စမ္း”ဟု ေစခိုင္းရာ အရွင္ဇဋိလက ဦးေဥယ်၏ ေလယူေလသိမ္း အသံအတိုင္း တူေအာင္ “ပရိသတ္ႀကီးမ်ား”ဟုဆိုျပလွ်င္ ဦးေဥယ်မွာ အရွင္ဇဋိလကို စိတ္ႀကိဳက္ေတြ႕သြားသည္။

ထို႔ေၾကာင့္ ဆရာေတာ္က “ေနာက္ပြဲေတြေခၚမယ္၊ အခုေတာ့ ပညာပဲ ဆက္သင္ဦး”ဟု မိန႔္ၾကားသြားခဲ့သည္။ ၎ေနာက္မွာေတာ့ အရွင္ဇဋိလသည္ ဦးေဥယ်၏ အသံသြင္း ႀကိဳးေခြမ်ားကို နားေထာင္ၿပီး ဦးေဥယ်ကဲ့သို႔ မတ္တတ္ရပ္၍ ေဟာဟန္၊ ေလယူေလသိမ္းႏွင့္ “ပရိသတ္ႀကီးမ်ား” ဟု ေခၚပုံကအစ အ႐ူးအမူး ေလ့က်င့္ေတာ့သည္။

ထိုစဥ္က ခုေခတ္လို လြယ္လြယ္ တရားနာယူခြင့္မရေသးေပ။ ဗႏၶဳလဦးဆိုင္ထံတြင္ သြင္းယူထားသည့္ တရားေခြမ်ားရွိ၍ သိုသိုသိပ္သိပ္ဖြင့္သည္။ ဗႏၶဳလဦးဆိုင္သည္ နံနက္ေလးနာရီတြင္ ဘုရားဝတ္တက္ၿပီး ငါးနာရီတြင္ ဆြမ္းေလာင္းသည္။ ငါးနာရီႏွင့္ ခုႏွစ္နာရီအၾကား၌ ဦးေဥယ်၏ တရားေတာ္မ်ားကို ဖြင့္ေလ့ရွိသည္။ ထိုအခ်ိန္ဆိုလွ်င္ အရွင္ဇဋိလသည္ ၎အိမ္နား ျမက္ခင္းျပင္တြင္ သပိတ္ခ် ၊ သကၤန္းခင္းၿပီး ဖြင့္သမွ် မၿပီးမခ်င္း နာယူသည္။ အိမ္ထဲသို႔ ဝင္ခြင့္ရလွ်င္လည္း ဝင္ၿပီး “က်ဳပ္ သိပ္ဝါသနာႀကီးလြန္းလို႔ပါဗ်ာ ၊ ဦးေဥယ် တရားေခြေတြ ဖြင့္ေပးစမ္းပါ”လို႔ ခခယယေတာင္းပန္ၿပီး မၿပီးမခ်င္း နာယူတတ္သည္။ ဗႏၶဳလဦးဆိုင္ကလည္း တစ္ပုဒ္ဆုံးသည္ႏွင့္ “တပည့္ေတာ္တို႔ မအားေသးလို႔ပါ ဘုရား၊ ဒါပဲ”ဆိုၿပီး ပိတ္လိုက္၍ အားမလို အားမရ ျပန္ခဲ့ရသည္။

ျပန္လာရာလမ္းတြင္လည္း ဦးေဥယ်တရားဖြင့္သံၾကားက ၾကားတဲ့ေနရာမွာ ရပ္ၿပီး မဆုံးမခ်င္း နာယူသည္။ ဘယ္ေလာက္နာနာ ႀကီးေငြ႕သြားျခင္းမရွိသည့္အျပင္ တရားဆုံးသြားမွာကိုပင္ ႏွေမ်ာေနသည္။ တစ္ခါတေလမ်ားဆို လမ္းမွာရပ္ၿပီး တရားနာေနလို႔ ဆြမ္းခံပင္ မႂကြလိုက္ရေပ။ ထိုအခ်ိန္မ်ိဳးဆိုလွ်င္ ဆြမ္းဒကာရင္း ပြဲစားႀကီး ဦးၿမဲ အိမ္သို႔ ခပ္သုတ္သုတ္ႂကြကာ ” က်ဳပ္ တရားနာေနလို႔ ေနျမင့္သြားတယ္၊ ဆြမ္းသာ ေလာင္းလိုက္ပါ” ဟု အလႉခံၿပီး ေက်ာင္းျပန္ခဲ့ရတာလည္း အႀကိမ္ေပါင္းမနည္းပင္။

ဆရာေတာ္ဦးေဥယ်၏ အဂုလႋမာလတရားကို နာၿပီး ညတစ္နာရီထိုးခ်ိန္ႀကီးမွာ မအိပ္ေသးဘဲ ဦးေဥယ်ဟန္အတိုင္း မတ္တတ္ရပ္ၿပီး ေလ့က်င့္သည္။ ဦးေဥယ်၏အသံသည္ မေထ့တေထ့ေလးႏွင့္ “ပရိသတ္ႀကီး မွန္ရဲ႕လား” ဆိုၿပီး “လား”ကို မပီတပီ ဆိုေလ့ရွိသည္။ ၿပီးေတာ့မွ “ေဟ့…ပရိသတ္ႀကီး မွန္ၾကရဲ႕လား”ဆိုတာကို အသံျမႇင့္ၿပီး မင္းသားႀကီးအသံႏွင့္ ထပ္ဆင့္တတ္သည္။ ၿပီးလွ်င္ တစ္ဆင့္တက္ၿပီး “မွန္တယ္ ပရိသတ္တို႔ မွန္လြန္းလို႔ ခက္ကုန္ၿပီ” ဟု ဆိုကာ ပရိသတ္ကို အပါေခၚသြားေလ့ရွိသည္။

အရွင္ဇဋိလလည္း ထိုနည္းအား အတုယူကာ အဂုလႋမာလ တရားကိုေဟာရင္း “ပရိသတ္ႀကီး မွန္ရဲ႕လား” ဟု ေမးေမးၿပီး ေလ့က်င့္ေနေလသည္။ ထိုစဥ္မွာပဲ ေအာက္ထပ္မွာ က်ိန္းေနတဲ့ ဦးရီးေတာ္ဘုန္းႀကီးက “သူေတာင္းစားႏွယ္ သူမ်ားေတြ အိပ္ေန ၊ နင္က ဘယ္သူ႔ လက္နက္ခ်ခိုင္းေနတာလဲ” ဆိုသည့္ ဆူသံႀကီးၾကားရ၍ ကပ်ာကယာ ထိုင္ခ်လိုက္ရသည္။ ထိုတစ္ညေတာ့ ဆက္ မေဟာရဲေတာ့ေပ။

ေနာက္ပိုင္းတြင္ အရွင္ဇဋိလသည္ မည္သည့္ဓမၼကထိက ျဖစ္ေစ နာတတ္လွ်င္ အျမတ္ ဟုမွတ္ကာ တရားပြဲရွိရာ ေမးျမန္းစုံစမ္းၿပီး အေရာက္သြားၿပီး နာယူသည္။ နည္းယူေလ့လာခဲ့ေသာ အေက်ာ္အေမာ္ဆရာေတာ္မ်ားမွာ မင္းကြန္းတိပိဋကဓရ ဆရာေတာ္၊ သီတဂူဆရာေတာ္၏ ငယ္ဆရာ အနီးစခန္းဆရာေတာ္၊ ဝိေဇၨာဒယဆရာေတာ္၊ ေဆးဝကၤဘာဆရာေတာ္၊ က်ိဳက္ဝိုင္း ဦးဣႏၵက၊ မႏၲေလး ရိပ္သာဆရာေတာ္၊ နံေယာဆရာေတာ္ စသည္ျဖင့္ မနာဖူးသည္မွာ မရွိသေလာက္ပင္။

ထိုတင္မက လူပုဂၢိဳုုုလ္ ဓမၼကထိက အေက်ာ္မ်ားျဖစ္သည့္ ဦးလွသိန္း၊ ေ႐ႊျပည္ ဦးဘတင္၊ ဦးဆန္းထြန္း၊ ရတနာပုံ ဆရာခ်စ္၊ ဦးတင္ေအး၊ ဦးေအာင္ဒင္၊ ဦးခ်စ္ေမာင္ႏွင့္ အမ်ိဳးသမီး ဓမၼကထိက မႏၲေလး မထြန္းရွင္တို႔ကိုပင္ အလြတ္မေပး အေျပးနာယူခဲ့သည္။ ထို႔ေၾကာင့္ အရွင္ဇဋိလ၏ ေဟာေျပာမႈ စြမ္းရည္မွာလည္း အံ့မခန္း တိုးတက္ေနေလေတာ့သည္။

အရွင္ဇဋိလက ဤသို႔ တရားပြဲမွန္သမွ် နာယူၿပီး ျပန္ေရာက္သည္ႏွင့္ ေလ့က်င့္ေတာ့သည္။ ဒါကို ဦးရီးေတာ္က ပညာေရး ဆုံးခန္း မတိုင္ေသး၍ သေဘာမက်လွေပ။ ထို႔ေၾကာင့္ အရွင္ဇဋိလမွာ ေန႔စဥ္ဆိုသလို အဆူခံေနရသည္။

အရွင္ဇဋိလလူထြက္ေတာ့မည္

တစ္ေန႔ အရွင္ဇဋိလ ဂါထာတစ္ပုဒ္ကို စိတ္ပါလက္ပါ ႐ြတ္ဆိုေနစဥ္ ဦးရီးေတာ္ေရာက္လာၿပီး ဆူေငါက္ေလ၏။ သည္တစ္ႀကိမ္တြင္ အရွင္ဇဋိလမွာ အင္မတန္ ဝမ္းနည္းသြားသည္။ မက်စဖူး စိတ္ဓာတ္လည္း က်သြားသည္။ ဓမၼကထိက လုပ္ရန္ အိပ္မက္ပင္ ေဝဝါးသြားေတာ့သည္။ မိမိျဖစ္ခ်င္သည့္ ဓမၼကထိက ျဖစ္ခြင့္မရမွေတာ့ သာသနာ့ေဘာင္ မေန ၊ လူထြက္ေတာ့မည္ ဟု ဆုံးျဖတ္လိုက္သည္။ ထို႔ေၾကာင့္ လူဝတ္ေၾကာင္ ဘဝတြင္ အသက္ေမြးျမဴႏိုင္ရန္ လက္ႏွိပ္စက္႐ိုက္ပညာ၊ နာရီျပင္ပညာ၊ ဓာတ္ပုံပညာႏွင့္ စက္ခ်ဳပ္ပညာမ်ားကို သင္ယူေလေတာ့သည္။

ထိုသတင္းကို ဦးရီးေတာ္ဦးဇာဂရ ၾကားသိေသာအခါ အရွင္ဇဋိလအား ေရွ႕ေမွာက္သို႔ေခၚေလ၏။ ေခၚၿပီးတဲ့အခါ “ဒီေန႔ ညေန ေလးနာရီ၊ လမ္းလယ္ဘုရားမွာ သီလေပး ပင့္ထားတယ္၊ အဲဒါ မင္းလိုက္သြားၿပီး တရားေလး ဘာေလး တတ္သေလာက္ မွတ္သေလာက္ ေဟာခဲ့ေပါ့ကြာ” ဟု ဆိုကာ ေခ်ာ့ေမာ့ ေစလႊတ္လိုက္ေလသည္။

တူေတာ္ေမာင္၏ ဝါသနာကို ဘယ္လိုမွ ထိန္းမရႏိုင္သည္ကို ေကာင္းေကာင္း သိရေသာအခါ ဓမၼကထိက အလုပ္ဟာလည္း သာသနာ ျပန႔္ပြားေရးပါပဲ ဟု စိတ္ေလ်ာ့ကာ အရွင္ဇဋိလ၏ အိပ္မက္ကို ခြင့္ျပဳေပးလိုက္ရေတာ့သည္။ လုပ္ခ်င္တာ လုပ္ခြင့္ရသြားသည့္အတြက္ အရွင္ဇဋိလသည္လည္း လူထြက္မည့္ အစီစဥ္ကို ပယ္ဖ်က္လိုက္ေလေတာ့သည္။ ထိုစဥ္က အရွင္ဇဋိလ လူထြက္ျဖစ္ခဲ့လွ်င္ ယေန႔ လူအမ်ားမွာ ၾကာနီကန္တရားဆိုသည္ကို နာယူခြင့္ ရၾကလိမ့္မည္ မဟုတ္ေပ။

တရားေဟာဖို႔လမ္းစေပၚၿပီ

ျမစ္သားၿမိဳ႕ အေရွ႕ဘက္ ၊ ကသဲကုန္း႐ြာတြင္ ေဆာက္လုပ္ဆဲ ဓမၼာ႐ုံႀကီးတစ္ခုရွိသည္။ ထိုဓမၼာ႐ုံႀကီးတြင္ တရားေဟာလိုလွ်င္ ႏိုင္ငံ မေက်ာ္ေသာ္လည္း ျဖစ္ျဖစ္ေျမာက္ေျမာက္ ေဟာတတ္လွ်င္ ေဟာခြင့္ျပဳသည္။ တရားေဟာ ေလ့က်င့္ေရး စခန္းတစ္ခု ဟု ဆိုလွ်င္ ပိုမွန္မည္ထင္သည္။ ႏိုင္ငံေက်ာ္ဓမၼ
ထိုသို႔ ေဟာလာရင္းက ဦးေသာင္းတင္၊ ဦးခ်စ္ပို၊ ဦးတင္၊ ဦးၾကည္ေအး တို႔လို အက်ိဳးေတာ္ေဆာင္ ဒကာရင္းမ်ား ေပၚေပါက္လာရသလို ပရိသတ္လည္း အတန္အသင့္ ရရွိခဲ့ေလသည္။ ဤဓမၼာ႐ုံႀကီးသည္ အရွင္ဇဋိလအား ၾကာနီကန္ဆရာေတာ္ဟူ၍ ႏိုင္ငံေက်ာ္ျဖစ္လာေစရန္ မ်ားစြာ အကူအေထာက္ျပဳခဲ့ပါသည္။

သီခ်င္းလည္းေရးသည္။

ဤသို႔ ဓမၼကထိကျဖစ္ရန္ ႀကိဳးစားေနသလို တစ္ဖက္မွာလည္း “ေမာင္ၫြန႔္ေဝ” ကေလာင္အမည္ႏွင့္ သီခ်င္းမ်ားကို ကိုယ္တိုင္ ေရးစပ္သည္။ အရွင္ဇဋိလ ကိုယ္တိုင္ေရးသည့္ “ၾကာနီကန္ ဖိတ္ေခၚသံ”သီခ်င္းမွာ လြန္စြာနာမည္ႀကီးသည္။ ဓာတ္ျပားသီခ်င္းမ်ားစြာကိုလည္း ကူးယူက်က္မွတ္ခဲ့သည္။ ထိုစဥ္က နာမည္ေက်ာ္ အဆိုေတာ္မ်ားထဲမွ တကၠသိုလ္ ျမႀကီး ႏွင့္ ေမလွၿမိဳင္တို႔ကိုလည္း အသည္းစြဲသည္။ ဘယ္ေလာက္ အသည္းစြဲသလဲဆိုလွ်င္ လူခ်င္းေတြ႕ၿပီး သီခ်င္းဆိုျပခိုင္းသည္အထိပင္။

တစ္ခါက မႏၲေလးက်ဳံးနေဘးတြင္ ေမလွၿမိဳင္၊ ရန္ႏိုင္စိန္ႏွင့္ ေဝသာလီ ေမာင္ဖုန္းတို႔ လာေရာက္ ေဖ်ာ္ေျဖၾကသည္။ ထိုအခါ အရွင္ဇဋိလသည္ ဦးဇနက ဆိုသည့္ အတန္းေဖာ္ သူငယ္ခ်င္းတစ္ပါးကိုေခၚကာ ဇာတ္႐ုံေနာက္ေပါက္မွဝင္၍ ေမလွၿမိဳင္ႏွင့္ သြားေတြ႕သည္။ ေမလွၿမိဳင္ကလည္း ႐ို႐ိုေသေသ ဦးခ်ၿပီး စကားစျမည္ ေမးျမန္းေလွ်ာက္ထားရာ အရွင္ဇဋိလက “လက္စြမ္းျပခ်ိန္”အမည္ရသည့္ သီခ်င္းကို ဆိုျပရန္ ေတာင္းဆိုေလ၏။

ေမလွၿမိဳင္သည္ ဆိုခိုင္းသည့္ သီခ်င္းအား ၾကည္ၾကည္ျဖဴျဖဴႏွင့္ပင္ ေမးကေလး ထိုးကာ ဇက္ကေလး ငဲ့ကာႏွင့္ လည္ပင္းေၾကာေထာင္ျခင္း အလ်င္းမရွိဘဲ သာသာယာယာ ဆိုျပရာ အရွင္ဇဋိလမွာ နားေထာင္လို႔ မဝေအာင္ျဖစ္ခဲ့ရသည္။ ဓမၼကထိက ပိုးႀကီးသလို သီခ်င္းေရာဂါမွာလည္း ေနာက္ဆုံးအဆင့္ ေရာဂါသည္ တစ္ေယာက္ဟု ဆိုရမည့္ သူပါတကား။

ၾကာနီကန္႐ြာသို႔ျပန္ရျခင္း

တစ္ေန႔ေတာ့ ဓမၼကထိက႐ူး သီခ်င္း႐ူး အရွင္ဇဋိလထံမွာ ေက်ာက္ႀကီးေရာဂါ ျပင္းထန္စြာ စြဲကပ္လာေတာ့သည္။ မန္က်ီးေစ့ခန႔္ ေက်ာက္ေပါက္ခြက္တို႔သည္ မ်က္ႏွာတျပင္လုံး ျပန႔္ႏွံ႔ေနသည္မို႔ လူေတာမတိုးရဲေအာင္ ဆိုးဝါးလာသည္။ ေရာဂါျပင္းထန္လြန္း၍ ငယ္ဆရာ ဦးဝဏၰႏွင့္ တူရင္း ကိုေက်ာ္သိန္း၊ မပိုက္မိ တို႔က မႏၲေလးအထိ လိုက္လာၿပီး ကိုယ္ဖိရင္ဖိ ျပဳစုေပးၾကရသည္။ အနည္းငယ္ သက္သာစျပဳလာခ်ိန္မွာေတာ့ ၾကာနီကန္႐ြာသို႔ ျပန္ေခၚခဲ့ရပါေတာ့သည္။ ေန႔စဥ္ရက္ဆက္ သနပ္ခါး႐ြက္ႀကိတ္ရည္၊ သနပ္ခါးျမစ္ ေသြးရည္စသည့္ ေဆးအမ်ိဳးမ်ိဳးျဖင့္ လိမ္းလည္းလိမ္း၊ တိုက္လည္းတိုက္ၿပီး ကုသေပးၾကရသည္။ တစ္ႏွစ္ခန႔္ၾကာမွ အရာအစင္းမ်ားပင္ မရွိေတာ့ ေအာင္ ကုသေပးႏိုင္ခဲ့ၾကပါေတာ့သည္။

ဤသို႔ ေရာဂါေပ်ာက္ေသာအခါ အရွင္ဇဋိလက မႏၲေလးသို႔ျပန္ၿပီး စာခ်တန္း ၿပီးေအာင္ေျဖဆိုဖို႔ ႀကံ႐ြယ္သည္။ သို႔ေသာ္လည္း ငယ္ဆရာဦးဝဏၰက “ေမာင္ဇဋိလ ရာ ေအာက္ေျခသိမ္း စာေပ ကြၽမ္းက်င္မႈရွိသားပဲ ေတာ္ေလာက္ေရာ့ေပါ့၊ မင္း မယ္ေတာ္ႀကီးလည္း အသက္ႀကီးပါၿပီ၊ လက္ရွိ ကိုရင္ေတြကို စာခ်ကြာ၊ တရားလည္း နယ္ထဲ လွည့္ေဟာေပါ့၊ ငါ့ သေဘာေတာ့ ဒီအတိုင္း ႀကိဳက္တာပဲ”ဟု မိန႔္ၾကားေလေသာေၾကာင့္ ဆရာ့ဆႏၵအတိုင္း ၾကာနီကန္႐ြာေက်ာင္းရွိ ဦးဇင္း၊ ကိုရင္ႏွင့္ ေက်ာင္းသားမ်ားကို စာခ်ေပးရင္းႏွင့္ တရားေဟာရန္အတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ေနပါေတာ့သည္။

တရားေဟာစထြက္ၿပီ

ဦးဇဋိလသည္ စာေပမ်ား ပို႔ခ်ေနရင္းက တရားေဟာရန္ အေၾကာင္းဖန္လာသည္။ ဆရာေတာ္ဦးဝဏၰ၏ ရဟန္းဒကာမိသားစုမွ ဦးေအာင္ဘ၏ ခမည္းေတာ္ ကြယ္လြန္ေလရာ ထိုပြဲတြင္ ဆရာေတာ္ဦးဝဏၰက တပည့္ဇဋိလ အား တရားေဟာ ေစလႊတ္လိုက္သည္။ ထို႔ေၾကာင့္ ဦးဇဋိလ ႂကြသြားၿပီး တရားပြဲမ်ား ေဟာၾကားရသည္။ ေဟာၾကားခဲ့ေသာ တရားေတာ္မ်ားမွာ ႏိုင္ငံေက်ာ္ လူဓမၼကထိက ဦးလွသိန္း၏ အနႏၲဂုဏ္ရည္တြင္ ဧရကပတၱ နဂါးမင္း ႏွင့္ ဥတၱရလုလင္ တို႔ ကႆ ပဘုရားလက္ထက္တြင္ ကြၽတ္တမ္းဝင္ၾကပုံကို အသံတူ၊ ဟန္တူ ေဟာေျပာလိုက္ရာ ပရိသတ္အမ်ားမွာ လြန္စြာ အံ့အားသင့္ ခ်ီးက်ဴးေျပာဆိုၾကေလ၏။

ဦးဇဋိလသည္ ထို႔ေနာက္ပိုင္း ဟိုတစ္စ၊ သည္တစ္စ တရားပြဲမ်ားေဟာေနရင္းက ဒကာရင္းမ်ားျဖစ္ၾကေသာ ဦးခ်စ္ပို ၊ ဦးၾကည္ေအး၊ ဦးတင္ တို႔က ပင့္ေလွ်ာက္သျဖင့္ မိမိ စတင္အေဟာ က်င့္ခဲ့သည့္ ကသဲကုန္းသို႔ ႂကြကာ ပရိသတ္ ၁၀၀၊ ၁၅၀ တို႔အား တစ္ည တစ္ဇာတ္ထုပ္ႏႈန္းျဖင့္ ေျခာက္ညဆက္တိုက္ ေဟာၾကားေပးခဲ့သည္။ ေဟာခဲ့ေသာတရားမ်ားမွာ ေအာင္ျခင္းရွစ္ပါး၊ အရွင္သာရိပုတၱရာ မယ္ေတာ္ခြၽတ္ခန္း ၁ ၊ ၂ ၊ သုဝဏၰသွ်ံ၊ အဂုလႋမာလ၊ သံေယာဇ တို႔ျဖစ္ၾကသည္။

ထို ကသဲကုန္း ၿပီးေနာက္ အင္းဝ ဥယ်ဥ္႐ြာသို႔ ႂကြ၍ စာသင္ဖက္ သူငယ္ခ်င္းတစ္ပါး၏ ေဆာက္လုပ္စ သိမ္ေတာ္ႀကီးကို ၿပီးစီးေအာင္ျမင္ႏိုင္ေအာင္ သူ၏ အေဟာစြမ္းရည္ျဖင့္ ၿပီးေျမာက္ေအာင္ ကူညီေပးခဲ့သည္။ ဤသို႔ႏွင့္ ဦးဇဋိလသည္ တစ္ေနရာတြင္ တစ္ပြဲမွ ဆယ္ပြဲအထိ ေဟာၾကားလာခဲ့ရကာ မတၱရာနယ္သူႀကီး ၆၄ တစ္ခုလုံးတြင္ မလပ္ေအာင္ ေဟာၾကားခဲ့ၿပီး ျဖစ္သည္။ တရားေဟာၾကားရင္း နဝကမၼေလးလည္း အတန္အသင့္ ရရွိခဲ့၍ ထိုဝတၳဳေငြေလးႏွင့္ အသံခ်ဲ႕စက္ တစ္လုံး ဝယ္လိုက္သည္။ အသံခ်ဲ႕စက္တြင္လည္း “ရတနာပုံ ၫြန႔္ေဝ” ဆိုၿပီး အဂၤလိပ္ဘာသာျဖင့္ ေရးထိုးလိုက္သည္။

ေနာက္ပိုင္းတြင္ သာသနာျပဳ အသုံးစရိတ္အတြက္ ပင့္သည့္ေနရာသာမက မပင့္သည္ေနရာမ်ားသို႔လည္း ႂကြေရာက္ၿပီး ေဟာၾကားရန္ စိတ္ကူးရလာသည္။ ထို႔ေၾကာင့္ လွည္းေပၚ အသံခ်ဲ႕စက္တင္ကာ တပည့္မ်ားျဖစ္ၾကသည့္ ကိုဘိုနီႏွင့္ ကိုႀကီးေမာင္ တို႔ႏွင့္အတူ သာသနာျပဳခရီး ထြက္ခဲ့ၾကသည္။

ေမာင္းထုတ္ခံရျခင္း

သို႔ႏွင့္ ပထမဆုံး ႂကြလာခဲ့သည့္ ႐ြာမွာ သုံးဆယ္ေျပး ႐ြာျဖစ္သည္။ ထို႐ြာလူႀကီးမွာ ဘုန္းႀကီးလူထြက္ျဖစ္ၿပီး အိမ္ေျခ ၆၀၀ ေက်ာ္ ၇၀၀ ရွိသည့္ ႐ြာႀကီးတစ္႐ြာ ျဖစ္သည္။ ထို႐ြာထဲသို႔ လွည္းေမာင္း ဝင္ရန္ အားထုတ္ရာ အဝင္မခံဘဲ သူႀကီးအမိန႔္ျဖင့္ တားျမစ္ခံရေလသည္။ သို႔ေသာ္ လြယ္လင့္တကူ ဇြဲေလ်ာ့ျခင္း မျပဳဘဲ ႐ြာအေနာက္ဖ်ားရွိ ၾကာနီကန္႐ြာသား ကိုေသာၾကာ၏ အိမ္ေရွ႕ ကုကၠိဳလ္ပင္ေပၚ အသံခ်ဲ႕စက္တင္ၿပီး ဦးလွသိန္း၏ ဥတၱရလုလင္ဇာတ္ကို ဦးလွသိန္းအသံအတိုင္း ေဟာၾကားေလ၏။

ထိုအခါ သူႀကီးကိုယ္တိုင္ လာေရာက္၍ ဆရာေတာ္ဦးဝဏၰ၏ တပည့္မွန္း မသိ၍ တားျမစ္မိေၾကာင္း ေတာင္းပန္ၿပီး ညတရားပြဲ ေလွ်ာက္ထားကာ စီစဥ္ေပးေလ၏။ ထိုဒုတိယည တရားပြဲတြင္ ပရိသတ္ ၂၀၀ ခန႔္ရွိၿပီး ဝတၳဳေငြႏွင့္ လႉဖြယ္အစုစုတို႔ကိုလည္း လႉဒါန္းၾကေလသည္။

ထိုမွတဖန္ ထို႐ြာႏွင့္ သုံးေလးမိုင္ေဝးေသာ ဒုန္းကုန္း႐ြာသို႔ ခရီးဆက္ခဲ့ၾကေလသည္။ ထို႐ြာလူႀကီးသည္လည္း ႐ြာထဲဝင္ရန္ တားျမစ္ခံရျပန္သည္။ ဤသို႔ တားျမစ္ခံရ၍ စိတ္ေပ်ာ့ လက္ေလ်ာ့လိုက္မည္ဆိုပါက ၾကာနီကန္ဟူ၍ ႏိုင္ငံေက်ာ္ခြင့္ ရလိမ့္မည္မဟုတ္ေပ။ ထို႔ေၾကာင့္ မည္ကဲ့သို႔ အခက္အခဲ ႀကဳံႀကဳံ ဇြဲမေလ်ာ့ ႐ြာထဲလည္း မဝင္ဘဲႏွင့္ ႐ြာထိပ္ရွိ ကုကၠိဳလ္ပင္ေပၚမွာ ေအာ္လံကို တင္၊ ေသတၱာေပၚ ပုဆိုးခင္း ၊ တင္ပလႅင္ေခြထိုင္ကာ တစ္ကိုယ္တည္း ပရိသတ္မပါ ဗလာ တရားေဟာၾကားေလေတာ့သည္။

ဦးဇဋိလ ေဟာၾကားလိုက္ေသာ တရားအား ၾကားနာလိုက္ရေသာ႐ြာသားမ်ားသည္ ထြက္လာၾကၿပီး ေတာင္းပန္စကား ေလွ်ာက္ထားၾကေလ၏။ ႐ြာထဲသို႔ ပင့္ကာ ညတရားပြဲလည္း စီစဥ္ေပးၾကေလ၏။ ႏိုင္ငံေက်ာ္ ၾကာနီကန္ဆရာေတာ္ ဟု ျဖစ္လာရန္ ဤသို႔ေသာ ခါးသီးမႈမ်ားကို ေက်ာ္လႊားခဲ့ရသည္။ ေအာင္ျမင္မႈ သရဖူကို လြယ္လင့္တကူ ရယူႏိုင္ခဲ့ျခင္း မဟုတ္ေပ။

ဦးဇဋိလသည္ ထိုသို႔ေသာ အခက္အခဲ အၿငိဳအျငင္ မ်ားစြာကို ႀကဳံေတြ႕ရၿပီးေနာက္ ႀကံခင္းၿမိဳ႕ ၊ ကံႀကီး၊ ကံျပင္၊ မင္းဂံ၊ ဘုတ္၊ လြန္ေဒါင္း၊ စလြန္ျဖဴ၊ ေတာင္ျပဳန္း၊ ငါန္းဇြန္၊ ကသာ၊ မဘိမ္း၊ မိုးမိတ္၊ ဗန္းေမာ္၊ ျမစ္ႀကီးနားၿမိဳ႕တို႔တြင္ ေဘာလုံးကြင္းအျပည့္ ပရိသတ္မ်ားကို တရားေဟာၾကားခဲ့ရသည္။ ထိုပြဲမ်ားကိုေတာ့ သာသနာျပဳအသုံးစရိတ္အတြက္ မဟုတ္ေတာ့ဘဲ မိမိေက်ာင္းတြင္ သုံးထပ္သာသနာ့ဗိမာန္ႀကီး ေဆာက္လုပ္ရန္ ေဟာၾကားခဲ့ျခင္းျဖစ္သည္။ ဤဗိမာန္တည္ေဆာက္ရျခင္း၏ ရည္႐ြယ္ခ်က္မွာ မိမိဆရာဦးဝဏၰအား ေက်ာင္းေကာင္းေကာင္းႏွင့္ သီတင္းသုံးေစလို၍ ျဖစ္သည္။

ဦးဇဋိလ နာမည္ရစျပဳလာခ်ိန္မွာ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ဆင္႐ြာႀကီးရွိ ေဒၚတင္မိသားစုမွ တလတိတိ တရားပြဲပင့္ဖိတ္သျဖင့္ ႂကြေရာက္ေဟာၾကားခဲ့ရာ တရားတစ္ပုဒ္မွ ထပ္ျခင္းမရွိ၍ တရားနာပရိသတ္မွာ ၾကည္ညိဳေလးစား အံ့အားသင့္ၾကေလ၏။ သို႔ႏွင့္ မတၱရာ၊ ပုသိမ္ႀကီးတို႔တြင္ မေဟာဖူးသည့္ ေနရာမရွိ ေဟာၿပီးေသာအခါ အမရပူရ၊ မႏၲေလးတို႔သို႔ ေျခဆန႔္လာခဲ့သည္။ မႏၲေလးတြင္ စက္ရွင္ရပ္ မီးျပဓမၼာ႐ုံ၊ ၿမိဳ႕မ႐ုပ္ရွင္႐ုံ၊ တ႐ုတ္တန္းႏွင့္ ကုသိုလ္ေတာ္ဘုရားတို႔တြင္ ေဟာၾကားခဲ့ရသည္။ သို႔ေသာ္လည္း ပရိသတ္မွာ ေထာင္ဂဏန္းပင္ မျပည့္ပါ။ ထိုအခ်ိန္အထိ ၾကာနီကန္ဆရာေတာ္ဟူ၍ ျဖစ္မလာေသးေပ။

ေအာင္ျမင္မႈလမ္းစ

ဦးဇဋိလ ေအာင္ျမင္ရန္ လမ္းစအစစ္မွာ ျမင္းၿခံၿမိဳ႕ ၁၂ မုဒ္ေစတီဟု ဆိုရမည္။ ထိုေစတီပြဲမွာပင္ ႏိုင္ငံေက်ာ္ ဓမၼကထိက ဦးဇဋိလ ဟု ဆိုင္းဘုတ္ဆြဲကာ တစ္လခြဲတိတိ ဇာတ္ပြဲမ်ားႏွင့္ ယွဥ္ၿပိဳင္ေဟာခဲ့သည္။ ၿမိဳ႕ေတာ္သိန္းေအာင္က ယေန႔ည က,ျပမည့္ ျပဇာတ္အမည္မွာ “မိခင္ေ႐ႊလက္ ေတးပုခက္” ေၾကာ္ျငာထားလွ်င္ ဦးဇဋိလက “ေမေမ ႏွင္ထုတ္ ေတးတစ္ပုဒ္” အမည္ေပး၍ အငို၊ အလြမ္း၊ အလကၤာ ၊ ေဆာင္ပုဒ္၊ ပုံတိုပတ္စမ်ား ညႇပ္ထည့္ကာ ေဝေဝဆာဆာ ေဟာၾကားသည္။ “သဘင္သည္ မဝင္ရ” အမည္ႏွင့္ က,ျပလွ်င္ ဦးဇဋိလက “အႏုပညာရွင္ ဝင္ခ်င္ဝင္”တရားအမည္ႏွင့္ ေၾကာ္ျငာ၍ အမည္ႏွင့္တရား လိုက္ေလ်ာညီစြာ ေဟာၾကားခဲ့သည္။

ထို႔ေၾကာင့္ ပရိသတ္မွာ ဇာတ္႐ုံက ထြက္လွ်င္ တရားပြဲေရာက္လာၾကသည္။ ဇာတ္ပြဲမ်ားျဖစ္ၾကသည့္ ဝင္းဗိုလ္၊ ကနက္စိန္၊ ပန္တ်ာ ျမဝင္း၊ ေ႐ႊနန္းတင္၊ ငါးမည္ရ တင္သိန္းတို႔ ဇာတ္သမားမ်ား ေျပာင္းသြားၾကေသာ္လည္း ၾကာနီကန္တရားပြဲက ရွိၿမဲပင္။ ပရိသတ္မ်ားမွာလည္း ျမင္းၿခံၿမိဳ႕ေပၚကသာ မက ႏြားထိုးႀကီး ေတာင္သာ၊ တလုတ္ၿမိဳ႕၊ မိတၳီလာ၊ တပ္ကုန္း၊ ပ်ဥ္းမနားတို႔မွ လာၾက၍ အလင္းေပါက္ နာယူၾကသည္။ ထို႔ေၾကာင့္လည္း ဦးဇဋိလ၏ နာမည္ဂုဏ္သတင္းသည္ အထူးေက်ာ္ၾကားလာခဲ့သည္။ တရားေဟာစဥ္ကိုလည္း ယခင္လို ယပ္ေထာင္ မဟုတ္ေတာ့ဘဲ ယပ္လွဲတရားကို ကိုယ္ပိုင္ဟန္ႏွင့္ ေပါင္းစပ္ၿပီး ေကာင္းသထက္ ေကာင္းေအာင္ ေဟာၾကားသည္။

ၾကာနီကန္ဟု ႏိုင္ငံေက်ာ္ေစရန္ ဒုတိယ အေၾကာင္းရင္းမွာ သေျပေတးသံသြင္းမွ တစ္ျပည္လုံးသို႔ ျဖန႔္ခ်ိလိုက္ျခင္းျဖစ္သည္။ ထိုအခါ ၾကာနီကန္၏ တရားေဟာဟန္၊ ေခတ္ႏွင့္ညီသည့္ ဆန္းသစ္မႈတို႔ေၾကာင့္ ဦးဇဋိလ၏ တရားမ်ားမွာ ေတာမီးပမာ တစ္ျပည္လုံးသို႔ ျပန႔္ႏွံ႔သြားေတာ့သည္။ ထိုမွတစ္ဆင့္ ရန္ကုန္ၿမိဳ႕ စူပါဟိုက္ေတးသံသြင္းမွ ထပ္ဆင့္ သြင္းယူ ျဖန႔္ခ်ိျပန္ေသာေၾကာင့္ အထက္ပိုင္းႏွင့္ ေအာက္ပိုင္းတြင္ တဟုန္ထိုး ေက်ာ္ၾကားသြားသည္။ ေနာက္ပိုင္းတြင္ ေတးသံသြင္းမ်ားျဖစ္ၾကသည့္ ေစတမန္၊ အကိုင္း၊ ကရဝိတ္၊ ပုဂံ၊ ေတးပုလဲတို႔ကလည္း သြင္းယူ ျဖန႔္ခ်ိၾကရာ တစ္ျပည္လုံးသို႔ လႊမ္းၿခဳံေက်ာ္ၾကားသြားေတာ့သည္။

ဆရာေတာ္သည္ အစပိုင္းတြင္ ဝိပႆ နာတရား ေဟာၾကားၿပီး ေနာက္ပိုင္းကို ဇာတ္ထုပ္ကို ေဟာေလ့ရွိသည္။ ေတးသံသြင္းမ်ားက အေရာင္းသြက္သည့္ ဇာတ္ထုပ္မ်ားကိုသာ သြင္းယူျဖန႔္ခ်ိၾကေသာေၾကာင့္ အခ်ိဳ႕က “သီခ်င္းဆိုၿပီး ငိုေနတဲ့ ဘုန္းႀကီး” ဟု အထင္လြဲၾကသည္။ ဆရာေတာ့္တရားမွာ စီ၉၀ သြင္းမွ ျပည့္စုံမည္ျဖစ္ေသာ္လည္း ေတးသံသြင္းမ်ားက စီ ၆၀ ထဲ ထည့္သြင္းၿပီး ေရာင္းခ်သျဖင့္ ဇာတ္ေၾကာ ျဖတ္သြားသည္မ်ားလည္းရွိသလို ဇာတ္လမ္းပ်က္သြားသည္မ်ားလည္းရွိသည္။ ထို႔ေၾကာင့္ ဆရာေတာ္က တရားေခြမ်ားအား မိမိမသိဘဲ မျဖတ္ေတာက္၊ မျဖန႔္ခ်ိၾကဖို႔ ေမတၱာ ရပ္ခံခဲ့ရသည္။ ေနာင္တြင္ေတာ့ ဆရာေတာ္ႏွင့္ ဦးဝဏၰတို႔ တည္းျဖတ္ေပးၿပီးမွသာ တစ္ႏိုင္ငံလုံးကို ျဖန႔္ခ်ိခြင့္ျပဳခဲ့သည္။ ၎ေနာက္မွာေတာ့ အထက္ျမန္မာျပည္ ေအာက္ျမန္မာျပည္ တရားပြဲမ်ား အားလပ္ရက္မရွိ ေဟာၾကားရေတာ့၏။

ငယ္ဆရာပ်ံလြန္ေတာ္မူၿပီ

ထိုသို႔ တရားပြဲမ်ား လွည့္လည္ ေဟာၾကားေနရင္းက အဖလည္းဟုတ္၊ ဆရာလည္းဟုတ္သည့္ ဆရာေတာ္ ဦးဝဏၰ ပ်ံလြန္ေတာ္မူသည့္ သီတင္းကို စို႔နင့္ေၾကကြဲစြာ ၾကားသိရသည္။ ထို႔ေၾကာင့္ ၾကာနီကန္႐ြာသို႔ ခ်က္ျခင္း ျပန္လာခဲ့ၿပီး ဦးဝဏၰ၏ အႏၲိမဈာပနကို ဇာတ္သဘင္၊ အၿငိမ့္မ်ားျဖင့္ တခမ္းတနားျပဳလုပ္ေပးသည္။ အ႐ိုးေတာ္မ်ားကို ေ႐ႊေလာင္းေတာင္ေပၚတြင္ ဂူဘုရားအျဖစ္ တည္ထားေလသည္။ ထို႔ေနာက္မွာေတာ့ ၾကာနီကန္ေက်ာင္းတိုက္၏ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး ျဖစ္လာခဲ့သည္။

ေအာင္ျမင္မႈအထြဋ္အထိပ္

သည့္ေနာက္တြင္ ဆရာေတာ္၏ ေအာင္ျမင္မႈမွာ အထြဋ္အထိပ္သို႔ ေရာက္ရွိလာခဲ့သည္။ စိန္ေအာင္မင္း၊ စိန္မာဒင္၊ ဒဂုန္ေအာင္ စသည့္ ဇာတ္၊ ႐ုပ္ေသးမ်ားျဖင့္ ယွဥ္ၿပိဳင္ေဟာၾကားေသာ္လည္း မည္သည့္အခါမွ ရႈံးေလ့မရွိဘဲ ႏိုင္သည္ခ်ည္းျဖစ္သည္။ ပရိသတ္မွာလည္း တရားပြဲမို႔ ၿငီးေငြ႕သြားသည္မရွိဘဲ ဇာတ္႐ုံထရံမ်ား ဖြင့္ေပးရသည္အထိ ႀကိတ္ႀကိတ္တိုး မ်ားျပားခဲ့သည္။

ျမင္းၿခံၿမိဳ႕ ၁၂ မုဒ္ေစတီတြင္ ကနက္စိန္ဇာတ္ႏွင့္ သူ႔ဟြန္းသံကိုယ္ၾကား၊ ကိုယ့္ဟြန္းသံ သူၾကား မ်က္ႏွာခ်င္းဆိုင္ ေဟာရသည္။ ဆရာေတာ္ ေဟာေနစဥ္ ကနက္စိန္ဇာတ္က”ဒက္..ဒက္…ဒက္ …ဒုန္း” ဆိုတဲ့ ျပဇာတ္တိုက္ပြဲ ပစ္ခတ္သံေတြ ဆူညံစြာထြက္လာၿပီး ဇာတ္႐ုံထက္သို႔ မီးခိုးလုံးႀကီးမ်ား တက္တက္လာသည္။ အတိုင္းသား ၾကားေနရ၍ တရားနာပရိသတ္မွာ ဟိုဘက္စိတ္ေရာက္သြားၾကသည္။ ဆက္ေဟာ၍ မျဖစ္ေတာ့မွန္း သိလိုက္တဲ့ ဆရာေတာ္က “ကဲ ခင္မ်ားတို႔ ျပဇာတ္ နားေထာင္ခ်င္ နားေထာင္လိုက္ၾကဦး၊ က်ဳပ္ ေမာလို႔ ခဏနားဦးမယ္ ” ဟု အခ်ိဳသပ္ ရပ္ေပးလိုက္သည္။

ထိုသို႔ ရပ္ေပးျခင္းမွာ အေၾကာင္းရွိသည္။ တဝုန္းဝုန္းႏွင့္ ခြဲေနေသာ ေျဗာက္အိုးတစ္လုံးလွ်င္ ရွစ္က်ပ္တန္သည္။ အကုန္က်မ်ား၍ ၾကာၾကာ မပစ္ႏိုင္မွန္း ဆရာေတာ္က သိၿပီးျဖစ္ေသာေၾကာင့္ ခဏရပ္ေပးလိုက္ျခင္းျဖစ္သည္။ အတန္ၾကာေသာအခါ တြက္ထားသည့္အတိုင္း အသံေတြ ၿငိမ္သက္သြားသည္။ ထိုအခ်ိန္ကို ေစာင့္ေနသည့္ ဆရာေတာ္က တရားပြဲ ျပန္စကာ “အေမွာင္ဘဝ သူ႔ေနာင္တ”တရားမွ မယား၏ ႏွင္ထုတ္ျခင္းကို ခံရရွာသည့္ ေမာင္သံေယာဇ၏ ငိုပုံအား စြဲစြဲငင္ငင္ အသံအားေကာင္းေကာင္းႏွင့္ ဤသို႔ ငိုေလေတာ့သည္။

“ရႈ႕မဝတဲ့ အခါမွာ……..သုတ ခင္ကညာ မယဥ္ေက်းလိုက္ပုံက ေနာက္မွေတြ႕တဲ့ လင္ငယ္ေလးကို အားရေစဖို႔ လင္ႀကီးေမာင္ ဗ်ာပါေပြရေအာင္ ေဟး…….မယ္သုတရဲ႕..ႏွင္ရက္ေလအား…………ႏွင္ရက္ေလအား…………..။ ဆိုၿပီး ခြၽဲခြၽဲပစ္ပစ္ ငိုခ်င္းေလး ဟစ္လိုက္သည္ဆိုလွ်င္ပဲ “ဟာ…ေဟ့ေကာင္ေတြ ဘုန္းႀကီးလည္း ငိုသဟ” ဟု ဆို၍ ဇာတ္႐ုံထဲက လူေတြ အလုအယက္ ေျပးထြက္လာၾကရာ တရားပြဲ႐ုံႀကီးပင္ ျပည့္လွ်ံသြားေတာ့သည္။ ဆရာေတာ္က ဆက္၍ ငိုသည္။

“ေတြးဆလို႔ ရႈ႕လိုက္ပါဦး မယ္သုတရဲ႕…ေလးဝါစု ဆိုတာဟာ အပါယ္ဘုံ ဒုဂၢတိလမ္း…ေပမို႔….ၾကည့္စမ္းကြယ္ က်ဳပ္ တကယ္ သြားရမယ္တဲ့ …..အမယ္ မင္း ေတြးဆလို႔ သနား …….သနား…..” ဟု ဆရာေတာ္ ကိုယ္တိုင္ေရးငိုခ်င္းသံကို ၾကားရေသာ ပရိသတ္မ်ားမွာ ငိုေနသည့္ပါးစပ္အား ၾကည္လို၍ ေရွ႕သို႔ တိုးကာ တိုးကာတက္လာၾကေလသည္။ အံ့ဖြယ္ဆရာေတာ္ပါေပ။

အလြမ္းဇာတ္သိမ္း မမၿငိမ္း (ပဋာစာရီ) တရားကို ေဟာၾကားစဥ္က အလြမ္းေတြကို ပစ္စလက္ခတ္သုံးၿပီး ေဟာၾကားရာ ပရိသတ္အလယ္က အေမႀကီးတစ္ဦးသည္ “သား…ဇဋိလ” ဟု ေအာ္ေခၚၿပီး တက္လာသည္။ ဆရာေတာ္လည္း မိမိဘြဲ႕ေခၚသံၾကား၍ ဘာျဖစ္ပါလိမ့္ အရင္ဘဝက မိခင္ေဟာင္းလား ဟု ေတြးကာ တရားပြဲခဏ ရပ္ေပးလိုက္ရသည္။ ေမးျမန္းစုံစမ္းၾကည့္ကာမွ မၾကာေသးမီက ပ်ံလြန္ေတာ္မူသြားသည့္ သူ႔သားပၪၨင္း အရွင္ဇဋိလကို သတိရၿပီး အလြမ္းဓာတ္ခံျဖင့္ ထငိုျခင္းျဖစ္ေၾကာင္း သိရေလသည္။

ဆရာေတာ္သည္ ဤသို႔ တရားနာပရိသတ္ကို လြမ္းေအာင္၊ သနားေအာင္ ဆြဲေဆာင္ ေဟာႏိုင္သလို တေဝါေဝါ ပြဲက်ေအာင္လည္း ေဟာစြမ္းႏိုင္သည္။ ဆရာေတာ္၏ ေဟာေျပာမႈစြမ္းရည္ေၾကာင့္ ပရိသတ္၏ ရယ္ေမာသံမွာ ေဝါကနဲ၊ ေဝါကနဲ ထြက္ထြက္လာသည့္ အသံၾကားၿပီး ဇာတ္သဘင္ အတီးသမားမ်ားမွာ ဟိုေခါက္၊ သည္တီးႏွင့္ အေယာင္ေယာင္ အမွားမွားေတြ ျဖစ္ေန၍ ဟြန္းဘက္ေျပာင္းေပးရန္ လာေတာင္းပန္ၾကရသည့္ ဇာတ္သမားမ်ား အမ်ားအျပားရွိေလသည္။ ေတာ္တန္႐ုံ ဇာတ္ေလာက္ကေတာ့ ၾကာနီကန္ဆရာေတာ္က လိမ့္ထြက္သြားေအာင္ ေဟာႏိုင္သည္။ ဆရာေတာ္ ေဟာသံကို နားေထာင္႐ုံဆိုလွ်င္ လည္ပင္းေၾကာ ေထာင္ေအာင္ ေအာ္ေနသည္ ဟု အထင္မွားတတ္ၾကေသာ္လည္း တကယ္တမ္းမွာ မပင္မပမ္း ပါးစပ္လႈပ္႐ုံသာ ေဟာသည္မို႔ ဘယ္ေလာက္ေဟာေဟာ ေမာပမ္းသြားသည္မရွိေပ။

ထိုသို႔ ေဟာၾကားေနရင္းက အျမင္မတူသူတို႔၏ ေႏွာက္ယွက္မႈကိုလည္း ႀကဳံရသည္။ တစ္ခါက အရက္၏ ဆိုးက်ိဳးမ်ားကို ေကာင္းေကာင္းႀကီး ေဟာၾကားေနစဥ္ အရက္သမားတစ္ေယာက္ ဝင္လာၿပီး “ကိုယ္နဲ႔ မဆိုင္ဘဲနဲ႔ သူမ်ားကို ဘာလို႔ ေစာ္ကားတာလဲ”ဟု လက္ညႇိဳးလ်က္ ႀကိမ္းေလသည္။ ႐ုတ္တရက္မို႔ ၾကာနီကန္ဆရာေတာ္က ရပ္လိုက္ရာ တရားပြဲမွာ တိတ္ဆိတ္သြားသည္။ လုံၿခဳံေရးမ်ားကို ဆြဲထုတ္၊ ေမာင္းႏွင္ပစ္ၾကဖို႔လည္း ဆရာေတာ္က မခိုင္းဘဲ သည္တိုင္းသာ အသာၾကည့္ေနသည္။ အတန္ၾကာေသာအခါ ပရိသတ္ထဲက အမ်ိဳးသမီးႀကီးတစ္ဦး ထလာၿပီး ထိုအမူးသမားအား ေခၚထုတ္သြားေလ၏။ ထိုအခါမွ တရားကို ဆက္ေဟာခဲ့ေလသည္။

ေနာက္တစ္ရက္တြင္ ထိုအမူးသမားႏွင့္ သူ၏ မိခင္တို႔ ဆရာေတာ့္ထံ လာေတာင္းပန္သည္။ ငမူးမွာလည္း အမူးေျပေနၿပီမို႔ ဆရာေတာ္အား ရွိခိုးကန္ေတာ့ကာ အရက္ကို ေနာင္ မေသာက္ေတာ့ပါဟု လႉေလ၏။ ဆရာေတာ္ကလည္း ၾကည္ၾကည္ျဖဴျဖဴ ခြင့္လႊတ္ေပးခဲ့ၿပီး ေနာင္ ဤသို႔ မျပဳမိေစရန္ ဆုံးမေပးလိုက္ေလ၏။

ၾကာနီကန္ဆရာေတာ္မွာ အရက္သမားႏွင့္ အက်ိဳးေပးသည္ ဆိုရမည္။ ျမင္းၿခံၿမိဳ႕မွ ကိုေမာင္ေငြ ဆိုေသာ သူသည္လည္း အရက္မူးေနလ်က္က ၾကာနီကန္တရားကို ေရွ႕ဆုံးက လာနာသည္။ ဆရာေတာ္ ေဟာေသာအခါ အရက္သံႏွင့္ “တင္ပါ့” လိုက္ေနသည္မွာ တရားဆုံးသည္အထိပင္။ ေနာက္ရက္တြင္ “မူးေၾကာင္၊ မူးေၾကာင္ႏွင့္ “တင္ပါ့” လုပ္ရေကာင္းလား” ဟု ညီအစ္ကို၊ ေမာင္ႏွမတို႔က ေျပာဆိုၾကရာ ရွက္လြန္းလို႔ ဆိုၿပီး ၾကာနီကန္ဆရာေတာ္ထံ လာ ေလွ်ာက္ၾကားၿပီး အရက္ကို စြန႔္လႉသြားေလသည္။ ၾကာနီကန္ဆရာေတာ္ထံတြင္ ဤသို႔ အရက္လာလႉ သြားသူ အမ်ားအျပားရွိေလသည္။

ေအာက္ေျခဓမၼကထိက

ၾကာနီကန္ဆရာေတာ္၏ တရားမ်ားသည္ စာမတတ္သူႏွင့္ ကေလးသူငယ္တို႔အတြက္ အဓိကထား ေဟာၾကားေသာ တရားမ်ားျဖစ္သည္။ ထို႔ေၾကာင့္ ေအာက္ေျခ ေလွကားထစ္ ဓမၼကထိက ျဖစ္ေၾကာင္း မၾကာမၾကာ ႐ိုးသားစြာ ဝန္ခံေလ့ရွိသည္။ ဘာသာျခားမ်ားပင္ ၾကာနီကန္တရားကို နာၿပီး ဗုဒၶအေၾကာင္း ေကာင္းေကာင္းသိခဲ့ရသည္။

ျပည္ၿမိဳ႕ ေ႐ႊဆံေတာ္ေျခရင္းက လက္ဖက္ရည္ဆိုင္ ပိုင္ရွင္ ဦးေမာင္နီဆိုေသာ ေပါက္ေဖာ္ႀကီး တစ္ေယာက္ရွိသည္။ ထိုေပါက္ေဖာ္ႀကီးဆိုလွ်င္ ၾကာနီကန္တရား မနာဖူးခင္က ဘုရားမသိ တရားမသိသလို ဘုန္းႀကီးလည္း မရွိခိုးေပ။ ၾကာနီကန္ဆရာေတာ္၏ တရားကို နာယူမိေသာအခါ ႀကိဳက္လြန္းလို႔ ရန္ကုန္အထိ တက္ၿပီး တရားဇာတ္ထုပ္ေပါင္း ရွစ္ဆယ္ခန႔္အထိ ဝယ္ကာ သူ႔ဆိုင္ လာသမွ် လူတိုင္းကို ၾကာနီကန္တရား ဖြင့္ျပေလ့ရွိသည္။

တစ္ေန႔ သူ႔ဆိုင္ လက္ဖက္ရည္ လာေသာက္သူတစ္ဦးက “ဒီဆရာေတာ္ သီခ်င္းဆိုၿပီး ငိုေနတာ မဖြင့္ပါနဲ႔ဗ်ာ” ဟု ဆိုလာ၍ ေပါက္ေဖာ္ႀကီးက ” မင္း ဝိပႆ နာ တရားဆို နာမွာလား”ဟု ေမးရာ ထိုလူက “ဒီဘုန္းႀကီး ဘယ္တုန္းက ဝိႆ နာ ေဟာလို႔လဲ” ဟု သေရာ္ေလသည္။ ထိုအခါ ေပါက္ေဖာ္ႀကီးက “ဒီမယ္ တရားဆုံးေအာင္ နာရင္ လက္ဖက္ရည္၊ မုန႔္၊ ေဆးလိပ္ အလကားတိုက္မယ္ မင္း ဝိႆ နာ အေခြကို ဆုံးေအာင္ နာမလား” ဟု ျပန္ေမးရာ” အံမာ ဒီကိုယ္ေတာ္ ဝိႆ နာေဟာရင္ ဆုံးေအာင္ နာမယ္ဗ်ာ”ဟု ဆိုေလ၏ ။ ထိုအခါ ေပါက္ေဖာ္ႀကီးက ၾကာနီကန္ဆရာေတာ္ ေဟာၾကားထားသည့္ “သကၠာယ ဒိဌိျဖဳတ္ခန္း” ဝိႆ နာ တရားကို ဖြင့္ျပေလ၏။ အတန္ၾကာ နာယူၿပီးေသာအခါ ထိုလူက “ေကာင္းပါတယ္ဗ်ာ၊ က်ဳပ္က ဒီလို မေဟာဘူးမွတ္လို႔ ၊ က်ဳပ္ အိမ္မွာ အလုပ္ေလးရွိလို႔”ဟု ဆိုကာ ထရပ္ေလသည္။

ေပါက္ေဖာ္ႀကီးက ” ခင္မ်ား ျပန္ေတာ့ မလို႔လား”ေမးေတာ့ ျပန္ေတာ့မယ္ ဟု ဆိုသည္။ သည္ေတာ့ ေပါက္ေဖာ္ႀကီးက “မုန႔္ဖိုးက ဘယ္ေလာက္၊ လက္ဖက္ရည္ဖိုးက ဘယ္ေလာက္၊ ေဆးလိပ္ဖိုးက ဘယ္ေလာက္”ဟု ေျပာကာ ပိုက္ဆံေတာင္းေလ၏။ ထိုလူက “ခင္မ်ားေျပာေတာ့ အလကားတိုက္မယ္ဆိုဗ်”ဟု ေမးရာ “ဟုတ္တယ္ေလ ၊ မင္းမွ တရား ဆုံးေအာင္ မနာတာ အဲေတာ့ ပိုက္ဆံေပးရမွာေပါ့”ဟု ေျပာကာ ေတာင္းယူေလ၏။

ေပါက္ေဖာ္ႀကီး ရိပ္သာတစ္ခုသို႔ တရားစခန္း ဝင္ေနစဥ္ကလည္း လူႀကီးတခ်ိဳ႕က ၾကာနီကန္ဆရာေတာ္ကို ေဝဖန္ေနၾကသည္ကို ေပါက္ေဖာ္ႀကီး ၾကားလိုက္ရသည္။

“ၾကာနီကန္ဆရာေတာ္ တရားက သီခ်င္း ဆိုသံေတြနဲ႔ ဆိုေတာ့ က်ဳပ္တို႔ ဝိပႆ နာလုပ္ငန္းေတြ ခြက်ကုန္ေတာ့မွာပဲ”ဟု ၾကားသျဖင့္ ေပါက္ေဖာ္ႀကီး ဦးေမာင္နီက မခံႏိုင္ဘဲ”ၾကာနီကန္ဆရာေတာ္ကို အျပစ္မေျပာၾကပါနဲ႔ဗ်ာ၊ ခင္မ်ားတို႔ ရိပ္သာကို က်ဳပ္ တ႐ုတ္ေမာင္နီေရာက္လာတာ ၾကာနီကန္ဆရာေတာ္ တပ္ေပးလိုက္တဲ့ ေလွကားနဲ႔ ေရာက္လာတာပါ၊ က်ဳပ္ က ဘုန္းႀကီးလည္း မရွိခိုးဘူး၊ တရားလည္း မနာဘူး၊ ၾကာနီကန္ဆရာေတာ္ တရားနာၿပီးမွ ဝိပႆ နာ ကူးမယ္ဆိုၿပီး ခင္မ်ားတို႔ဆီ ေရာက္လာတာ ၊ ခင္မ်ားတို႔ ရိပ္သာ လူတစ္ေယာက္တိုးတာ ၾကာနီကန္ဆရာေတာ္ေၾကာင့္ပါ၊ ဒီလိုသာ ၾကာနီကန္ဆရာေတာ္ကို အျပစ္ေျပာေနမယ္ဆိုရင္ ခင္မ်ားတို႔ ရိပ္သာ လူတစ္ေယာက္ ေလ်ာ့ၿပီသာမွတ္၊ က်ဳပ္ ျပန္မယ္” ဟု ဝင္ေျပာၿပီး ထျပန္မည္ျပဳရာ ထိုလူတစ္စုက “ဟာဗ်ာ ၾကာနီကန္ဆရာေတာ္လည္း ဝိပႆ နာ ေဟာရင္ တကယ္ ေကာင္းပါတယ္၊ အဆိုအငိုေလးေတြ နည္းနည္း ေလွ်ာ့ရင္ ေကာင္းပါတယ္”ဟု ေျပာကာ ဝိုင္းတားၾကေလ၏။

အပုပ္ခ်ခံရျခင္း

ၾကာနီကန္ဆရာေတာ္ ဤသို႔ လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားလာေသာအခါ ေအာင္ျမင္သူတို႔၏ ထုံးစံအတိုင္း မေကာင္းသတင္းမ်ား အလႊင့္ခံရသည္။ ၾကာနီကန္ဆရာေတာ္ လူထြက္သြားၿပီ ဟု သတင္း အမ်ိဳးမ်ိဳး ထုတ္ခံရသည္။ ဇာတ္သဘင္မ်ားက ၾကာနီကန္ဆရာေတာ္အား ပ်က္လုံးမ်ားျဖင့္ ထိုးဆြလာၾကသည္။ ဆရာေတာ္အား အၿငိမ့္မင္းသမီးတစ္ဦးႏွင့္ ေပးစား၍လည္း အပုပ္ခ်ၾကသည္။ ရန္ကုန္ၿမိဳ႕က သိန္းသုံးဆယ္ ခ်မ္းသာသည့္ မင္းသမီးတစ္ေယာက္ႏွင့္ ခိုးေျပးၿပီ ဟုလည္း သတင္းအမွားမ်ား ျဖန႔္ၾကသည္။

ထို႔ျပင္ ဇာတ္႐ုံထဲမွာ ဖ်ာတစ္ခ်ပ္ သုံးဆယ္က်ပ္ႏွင့္ ေဟာစားေနသည္။ ကန္ထ႐ိုက္ေတြႏွင့္ လုပ္စား၊ ႐ိုက္စားလုပ္ေနသည္ဟု အတင္းစကားအမ်ိဳးမ်ိဳးႏွင့္ ထိုးႏွက္ တိုက္ခိုက္ၾကသည္။ သို႔ေသာ္ ဆရာေတာ္မွာ စိတ္ဆိုးအမ်က္ထြက္ျခင္း အလ်င္းမရွိေပ။ မည္သူေတြ လုပ္ႀကံသတင္းမ်ား လႊင့္ေနသည္ကို သိေသာ္လည္း အျပစ္တင္စကား မေျပာၾကားသလို တရားထဲ ထည့္၍လည္း ဘယ္ေသာအခါမွ မေဟာခဲ့ေပ။ မိမိက ဘုန္းႀကီးတန္ႏွင့္ ငိုမိ၊ ဆိုမိလို႔သာ အျပစ္ေျပာခံရသည္ဟု ႏွလုံးသြင္းလ်က္ ခြင့္လႊတ္ေပးခဲ့သည္ခ်ည္းျဖစ္သည္။ အသက္အားျဖင့္လည္း ၄၅ ႏွစ္ျပည့္ခဲ့ၿပီမို႔ လိုင္းေျပာင္းၿပီး အဆို၊ အငိုမပါ ပုံတိုပတ္စတို႔ျဖင့္သာ ေဟာရန္ ဆုံးျဖတ္ခ်က္ ခ်လိုက္ေတာ့သည္။

မင္းကြန္းဆရာေတာ္စေသာဆရာေတာ္ႀကီးမ်ား၏ အားေပးေထာက္ခံမႈ

ဆိုတာ ငိုတာကို ႀကိဳက္သူႏွင့္ မႀကိဳက္သူတို႔တြင္ ႀကိဳက္သူက အျပတ္အသတ္ ပိုမိုမ်ားျပားသည္။ ထိုႀကိဳက္သည့္ အထဲတြင္ မင္းကြန္းဆရာေတာ္ႀကီးလည္း အပါအဝင္ျဖစ္သည္။ ဉာဏ္အေကာင္းဆုံးသူအျဖစ္ ကမာၻ႔မွတ္တမ္းဂင္းနစ္စံခ်ိန္ဝင္ မင္းကြန္းဆရာေတာ္ႀကီးႏွင့္ ျမင္းၿခံၿမိဳ႕တြင္ ေတြ႕ဆုံခဲ့စဥ္က ဆရာေတာ္ႀကီးက ” ဦးဇဋိလ ဆရာေတာ္တို႔ကို အားနာၿပီးေတာ့ မေဟာရဲ၊ မေျပာရဲ မျဖစ္နဲ႔၊ ဦးဇဋိလ ေဟာတဲ့ တရားေတြဟာ ဓမၼဓိဌာန္က်ၿပီး လူငယ္လူ႐ြယ္ေတြအတြက္ ေအာက္ေျခသိမ္းေတြ အမ်ားႀကီးပါတယ္။ ေဟာသာေဟာပါ။

ဆရာေတာ္တို႔က တိပိဋကဓရႏွင့္ ကိုက္ညီေအာင္ ပိဋကတ္ ေတြ႐ြတ္ၿပီး ပါဠိအတိုင္း ျမန္မာျပန္ ေဟာေနရေပမဲ့ ပုံတိုပတ္စေတြနဲ႔ ပေဒသာလို စုံေနေအာင္ ေဟာလို႔ မရပါဘူး။ ဦးဇဋိလလည္း ပါရမီထူးတဲ့ ပုဂၢိဳလ္ပါ။ ပါရမီထူးတဲ့အတိုင္း ေရွ႕ဆက္ၿပီး ေဟာသာ ေဟာပါ” ဟု အားေပးတိုက္တြန္းခဲ့သလို ဆရာေတာ္၏ ဇာတိ႐ြာသို႔ပင္ သုံးညဆက္ တရားေဟာရန္ ေတာင္းဆို၍ လယ္တီဦးဝိလာသ က ေရွ႕ပိုင္းေဟာၿပီး ပရိသတ္ထိန္းႏိုင္သည့္ ၾကာနီကန္ဆရာေတာ္က ေနာက္ပိုင္းေဟာအျဖစ္ တာဝန္ယူ ေဟာၾကားေပးခဲ့ဖူးသည္။ မင္းကြန္းဆရာေတာ္ႀကီးသည္ အဆိုအငိုတို႔ကို အားေပးျခင္းမဟုတ္ဘဲ ထိုအဆိုအငိုတို႔ေၾကာင့္ မ်ားစြာေသာ လူငယ္လူ႐ြယ္တို႔ ရတနာသုံးပါး၏ ေက်းဇူးကို သိရွိကိုးကြယ္လာရေသာေၾကာင့္ ဆိုးက်ိဳးထက္ ေကာင္းက်ိဳးမ်ားမႈ႕ေၾကာင့္ ထိုသို႔ အားေပးေထာက္ခံခဲ့ျခင္း ျဖစ္ေပလိမ့္မည္။

တစ္ခါ ျမင္းၿခံၿမိဳ႕မွာပင္ ထူးႀကီးဆရာေတာ္ႀကီးႏွင့္ ဖူးေတြ႕ရစဥ္က “ဦးဇဋိလ အသံေကာင္းတယ္ဆိုတာ အခုမွပဲ ေတြ႕ဖူးေတာ့တယ္။ ဘယ္ႏွစ္ဝါ ရွိၿပီလဲ” ဟု ေမးသည္။

ၾကာနီကန္ဆရာေတာ္က “တပည့္ေတာ္ ဆရာေတာ္ႏွင့္ ေတြ႕ရတာ ဝမ္းေျမာက္ပါတယ္။ အသံေကာင္းတယ္ဆိုေပမဲ့ တပည့္ေတာ္ ေဟာေနတာေတြက ဓမၼကထိကထဲမွာ ေအာက္ဆုံး ေလွကားထစ္ပါဘုရား။ တရားပြဲ မလာခ်င္တဲ့ ကေလးေတြ တရားပြဲ ေရာက္လာေအာင္၊ ဘယ္တုန္းကမွ တရားမနာတဲ့ စာမတတ္တဲ့ ဒကာ၊ ဒကာမေတြ တရားပြဲ ေရာက္လာေအာင္ ဆြဲေဆာင္ၿပီး ယခုလို တပည့္ေတာ္ ေဟာရတာပါဘုရား။ တပည့္ေတာ္က အရွင္ဘုရားတို႔လို ပါဠိေတြကို က်က္လည္း မက်က္ႏိုင္၊ ေဟာလည္း မေဟာႏိုင္ပါဘူး ဘုရား” ဟု မိမိကိုကိုယ္ ႏွိမ့္ခ်စြာ ေလွ်ာက္သည္။

ထူးႀကီးဆရာေတာ္က “ဝမ္းေျမာက္တယ္ ဦးဇဋိလေရ…သာသနာကို ကိုယ္ျပဳႏိုင္တဲ့ဘက္က ျပဳပါဗ်ာ။ က်ဳပ္က ပါဠိေတာ္ေတြ က်က္ေဟာႏိုင္လို႔ ဦးဇဋိလ မေဟာႏိုင္သလို ဦးဇဋိလလိုလည္း က်ဳပ္က မေဟာတတ္ဘူး။ သာဓု သာဓု သာဓု” ဟု သာဓုသုံးႀကိမ္ေခၚ၍ ခ်ီးက်ဴးေတာ္မူခဲ့သည္။

ပခုကၠဴၿမိဳ႕တြင္ အဘိဓဇမဟာရဌဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ဘဒၵႏၲသုနႏၵအား ဖူးေတြ႕ရစဥ္ကလည္း ဆရာေတာ္ႀကီးက “ႏိုင္ငံေက်ာ္ ဓမၼကထိက ၾကာနီကန္ဆရာေတာ္ဆိုတာ ေမာင္ပၪၨင္းလား” ဟု ေမးသည္။ “တပည့္ေတာ္ ေက်ာ္တာက ဗ႐ြတ္႐ႊတ္တ ေက်ာ္တာပါဘုရား” ဟု ေလွ်ာက္တင္ေသာအခါ ” ေအး…အဲလို ေက်ာ္ေစာမႈ တစ္ခု ရဖို႔ဆိုတာ မလြယ္ဘူး။ ဘယ္နည္းနဲ႔ ေက်ာ္ေက်ာ္ ေက်ာ္တဲ့ ပုဂၢိဳလ္ဟာ ေတာ္တာပဲ။ က်မ္းဂန္ႏွံ႔စပ္ေပမဲ့ ေမာင္ပၪၨင္းလို ပရိသတ္နားလည္ေအာင္ ေရေရလည္လည္ ေဟာႏိုင္တဲ့ ပုဂၢိဳလ္ ရွားပါတယ္။ စာနဲ႔ပတ္သက္လို႔ ရွိရင္ ပခုကၠဴ ဦးေနမိႏၵ ( ဒုတိယ တိပိဋကဆရာေတာ္) တို႔ကို အကူညီေတာင္း၊ မရလို႔ရွိရင္လည္း အခုေဟာေနတာ သင့္ပါတယ္” ဟု ေထာက္ခံမိန႔္ၾကားသည္။

#ေဒသႏၲရ ၊ ဘာသႏၲရ၊ ဂႏၴႏၲရမ်ားႏွင့္ျပည့္စုံေတာ္မူေသာ ရန္ကုန္ၿမိဳ႕၊ ျမန္မာအာယုေဗၺဒေဆးသိပၸံ၊ ေစတီယဂၤဏ ဓမၼာစရိယ (ဝဋံသကာ) ဘြဲ႕ခံ အဌကထာျပန္အေက်ာ္ သိမ္ျဖဴဆရာေတာ္ႀကီးကလည္း ၾကာနီကန္ဆရာေတာ္အား ဤသို႔မိန႔္ဖူးသည္။

“ၾကာနီကန္ဆရာေတာ္ကို အျပင္မွာ ဆုံေတာ့ မဆုံဖူးဘူး။ ဒါေပမဲ့ မႏွစ္က ပဲခူး လိပ္ျပာကန္ဓမၼာ႐ုံ အလႉႂကြရင္း ၾကာနီကန္ဆရာေတာ္ရဲ႕ တရားဖြင့္ထားလို႔ နားေထာင္ၾကည့္တယ္။ ၾကာနီကန္ဆရာေတာ္က အထက္တန္းသာသနာျပဳျခင္းထက္ ေအာက္တန္းက ကေလးသူငယ္မ်ားအား သာသနာျပဳေပးျခင္းကို အလြန္အားေပးေသာ ပုဂၢိဳလ္ ျဖစ္တယ္။

တနည္းအားျဖင့္ အေျခခံက်က် အုတ္ျမစ္ကစၿပီး သာသနာျပဳတဲ့ ပုဂၢိဳလ္ တစ္ပါးပါပဲ။ တို႔လို အၾကားအျမင္ မ်ားၿပီးသား ပုဂၢိဳလ္မ်ားနဲ႔ေတာ့ အံမဝင္ဘူး၊ ကေလးသူငယ္မ်ားနဲ႔ေတာ့ လြန္စြာ အံဝင္တာေပါ့။ ဒီကေလးေတြကို မုန႔္ေကြၽးၿပီး သာသနာျပဳရတယ္ မဟုတ္လား။ သူကေတာ့ မုန႔္မေကြၽးဘူး၊ ႏႈတ္နဲ႔ေကြၽးၿပီး သာသနာျပဳတယ္လို႔ ဆိုရမွာေပါ့။ ငါ အဲဒီလိုပဲ မွတ္ခ်က္ခ်မိတယ္” ဟူ၍ ျဖစ္သည္။ မႏၲေလး အေနာက္ျပင္ အဘယာရာမ ေက်ာင္းတိုက္ သက်သီဟ ဓမၼာစရိယ ဦးသီလာနႏၵကလည္း” ၾကာနီကန္ဆရာေတာ္ဟာ တစ္ဘာသာ ထြင္ၿပီး ေဟာႏိုင္တာ ဂုဏ္ယူပါတယ္” ဟု မိန႔္ၾကားခဲ့ဖူးသည္။

ထူးဆန္းေသာအျဖစ္အပ်က္တစ္ခု

ၾကာနီကန္႐ြာ ေက်ာင္းတိုက္တြင္ ၾကာနီကန္ဆရာေတာ္၏ မယ္ေတာ္ႀကီး အဘြားဒြန္း (၇၈)ႏွစ္သည္ ဆရာေတာ္စီစဥ္ေပးထားသည့္ သူေနထိုင္ရာ ဇရပ္ေဆာင္အတြင္း၌ ဘုရားရွိခိုး၊ ေမတၱာပို႔ၿပီး ဘာဝနာပြားေနစဥ္ သားေတာ္ေမာင္ဦးဇဋိလ၏ ဂ်စ္ကားဝင္လာသံ ၾကားလိုက္ရသည္။ ထို႔ေနာက္ မိမိကို ယခင္လို လာေရာက္ ႏႈတ္မဆက္ဘဲ သီတင္းသုံးရာ အေဆာင္သို႔ တန္းႂကြသြားသံလည္း ၾကားလိုက္ရသည္။ အဘြားဒြန္းလည္း ထၾကည့္မေနေတာ့ဘဲ စိတ္မွန္းျဖင့္သာ ရွိခိုးၿပီး အိပ္လိုက္ေတာ့သည္။

ထိုည ( ၁၄.၅.၇၈ ) နံနက္ အ႐ုဏ္မက်င္းမီအခ်ိန္တြင္ ၾကာနီကန္ဆရာေတာ္ ဦးဇဋိလကိုယ္တိုင္ အသံခ်ဲ႕စက္ျဖင့္” ေက်း႐ြာရွိ သူေတာ္ေကာင္းအေပါင္းတို႔၊ အခ်ိန္မီ နံနက္ေစာေစာ ေက်ာင္းတိုက္သို႔ လာေရာက္ၾကပါရန္ ဖိတ္ေခၚအပ္ပါသည္။ အထူးတိုင္ပင္စရာလည္း ရွိပါသည္။ မလာမျဖစ္ လာျဖစ္ေအာင္ လာခဲ့ၾကပါရန္ ႏႈိးေဆာ္အပ္ပါသည္” ဟု ၾကည္လင္ျပတ္သားစြာ ဖိတ္ေခၚလိုက္သည္။ ထိုအသံကို ႐ြာသူ႐ြာသားမ်ား ၾကားရေသာအခါ ဘာမ်ား အေရးတႀကီး ျဖစ္ပါလိမ့္ ဟု ေတြးကာ ခ်က္ခ်င္း ေရာက္လာၾကသည္။ ေရာက္လာၾကေသာ္လည္း ေက်ာင္းေတာ္ႀကီးမွာ တိတ္ဆိတ္လ်က္ရွိေန၍ နားမလည္ႏိုင္ေအာင္ ျဖစ္သြားၾကသည္။ ေတာ္ေတာ္ၾကာ ထိုင္ေစာင့္ေနၾကေသာ္လည္း ေက်ာင္းတံခါးေတြ ပြင့္မလာေသးေပ။ မေစာင့္ႏိုင္သည့္ အဆုံးက်မွ ေက်ာင္းတံခါးထုၿပီး ဖြင့္ခိုင္းရသည္။ ဦးပၪၨင္းမ်ား ႏိုးလာၿပီး တံခါးဖြင့္လိုက္ေသာအခါ လူအုပ္ႀကီးကို ျမင္ၿပီး အံ့အားသင့္သြားသည္။

“ဒကာႀကီးတို႔ ဘာျဖစ္လို႔လဲ” “ဟင္…တပည့္ေတာ္တို႔က ေမးရမွာ ဘုရား၊ ဆရာေတာ္ ျပန္ေရာက္ၿပီဆို၊ ဘယ္မွာလဲ။ အသံခ်ဲ႕စက္နဲ႔ ႐ြာသားေတြ ေခၚတာေရာ ဘာထူးလို႔လဲ” ဦးပၪၨင္းမ်ား ဘာေျဖလို႔ ဘာေျပာရမွန္း မသိျဖစ္သြားသည္။ လူအုပ္ႀကီးက တျဖည္းျဖည္း ပိုမ်ားလာၿပီး မ်က္လုံးမ်ားက ဆရာေတာ္ကို လိုက္ရွာၾကည့္ေနၾကသည္။ သို႔ေသာ္ ဆရာေတာ္၏ အရိပ္အေယာင္မွ် မေတြ႕ရ။

ထိုစဥ္ မယ္ေတာ္ႀကီး အဘြားဒြန္းက လူအုပ္ႀကီးကို ေတြ႕ၿပီး”ေအာင္မယ္…ဒီေန႔ ဥပုသ္ေန႔ကိုး။ တို႔ျဖင့္ ရက္ေတာင္ ေမ့ေနလိုက္တာ မေျပာခ်င္ပါဘူး” ဟု ဆိုလိုက္သည္။ ဆရာေတာ္၏ အစ္မလတ္ စိတၱဇေဝဒနာသည္ ေဒၚလွေဖြးကလည္း “ဒီေန႔ ေက်ာင္းထဲ ပြဲရွိတဲ့ အတိုင္းပဲ ၊ စည္ကားလွပါလား” ဟု ဆိုျပန္သည္။ ဆရာေတာ္ရဲ႕ညီ ကိုစိုးရွင္က လူသံမ်ားေၾကာင့္ ႏိုးလာၿပီး “ဘာျဖစ္ၾကတာတုံးဗ်။ ဆူဆူပူပူနဲ႔ ဘုန္းႀကီးပ်ံပြဲ အၿငိမ့္ခံေနတာ က်လို႔ဗ်ာ” ဟု ဆိုလည္းဆို ဘုန္းႀကီးဦးဝဏၰ၏ ဈာပနတုန္းက မေဗဒါအၿငိမ့္ ဧယဥ္က်ဴးေခြအား အသံခ်ဲ႕စက္မွ ဖြင့္ခ်လိုက္သည္။ ဥကၠဌႀကီး ဦးႀကီးေငြ ဆူမွ ျပန္ပိတ္သြားသည္။

လူအုပ္ႀကီးက အဘြားဒြန္းထံသြား၍ “မေန႔ညက ဆရာေတာ္ ျပန္ႂကြလာၿပီဆို” ဆိုၿပီး ေမးၾကသည္။ “က်ဳပ္ ဘယ္သိမလဲ၊ ေမာင္တို႔ ဆရာေတာ္ကို ေမးၾကည့္ေပါ့။ ညက ကားနဲ႔ ျပန္လာၿပီပဲဟာ၊ ခုထိ က်ိန္းေနတုန္းလား။ ဒကာ ဒကာမေတြ စုံလို႔ ၈ နာရီ၊ ၉နာရီေလာက္ေတာင္ရွိေနၿပီ၊ ႏႈိးေလွ်ာက္ၾကည့္ပါလား။ ဒီအပတ္ ဘာစိတ္တိုင္း မက် ျဖစ္လာတယ္ မသိပါဘူး။ ကားဝင္လာသံ ၾကားၿပီး သူ႔ေက်ာင္းဆီ တိုက္႐ိုက္ ဝင္သြားသံ ၾကားလိုက္ရတယ္။ က်ဳပ္လည္း ထမၾကည့္ဘဲ စိတ္ထဲက မွန္း ကန္ေတာ့လိုက္ပါတယ္။ အနႏၲငါးပါး လက္ကိုင္ထားေဟာတဲ့ ေတာ္တို႔ရဲ႕ ႏိုင္ငံေက်ာ္ ကိုယ္ေတာ္ႀကီးကလည္း စိမ္းကားတတ္လာၿပီ” ဟု ဆိုသျဖင့္ လူအုပ္ႀကီးမွာ ပို၍ အံ့အားသင့္သြားသည္။ ဆရာေတာ္ သီးသန႔္ သီတင္းသုံးရာ ေက်ာင္းေဆာင္ သြားၾကည့္ေတာ့လည္း အျပင္က ေသာ့ခတ္ထားသည္။ တစ္ခုခု ထူးျခားေနၿပီမွန္း သိလာၾကသည္။

ထိုအခ်ိန္တြင္ ကားတစ္စီး ေက်ာင္းထဲသို႔ ဝင္လာသည္။ ကားေပၚတြင္ ဆရာေတာ္၏ တပည့္ရင္းမ်ား ျဖစ္ၾကသည့္ ကိုဦးခင္ႏွင့္ ကိုလွေ႐ႊတို႔ပါလာသည္။ မ်က္စိမ်က္ႏွာ မေကာင္းၾကဘဲ မယ္ေတာ္ႀကီးကို ျမင္ရေသာအခါ ခ်ဳံးပြဲခ် ငိုၾကေတာ့သည္။ ၿပီးေတာ့ “ဆရာေတာ္ မေန႔ညေနက ေခ်ာက္အထြက္ ထေနာင္းသုံးခြ အေရာက္ ကားေမွာက္ၿပီး ပ်ံလြန္ေတာ္မူသြားၿပီဗ်။ ေခ်ာက္ေဆး႐ုံမွာ ခြဲစိတ္ျပဳျပင္ၿပီး ကားနဲ႔ တပါတည္းယူလာတယ္” ဟု ေျပာလိုက္လွ်င္ ၾကားရသူလူအုပ္ႀကီးမွာ ငိုေကြၽးၾကေလ၏။ ဆရာေတာ္ညီ ကိုစိုးရွင္မွာ ရင္ဘတ္စည္တီး၍ အဆိုးဆုံးျဖစ္သည္။ အဘြားဒြန္းကား သားပၪၨင္း၏ ေဟာတရားကို အျပည့္အဝ ရထား၍ ထင္သည္ လုံးဝ မငိုေပ။

သို႔ႏွင့္ ၾကာနီကန္ဆရာေတာ္၏ ဈာပနသတင္းသည္ ေၾကးမႈံသတင္းစာတြင္ပါလာရာ တစ္ျပည္လုံး သိရွိသြားၾကၿပီး ရဟန္းရွင္လူအေပါင္း လြန္စြာဝမ္းနည္း ႏွေမ်ာတသၾကေလသည္။ ဆရာေတာ္အား မႀကိဳက္ႏွစ္သက္သူမ်ားပင္ အဆိုအငို မေဟာေတာ့ခါမွ ပ်ံလြန္ေတာ္မူရေလျခင္းဆိုၿပီး ရဟန္းရွင္လူ အားလုံးက ဝမ္းနည္းေၾကကြဲမိၾကေလသည္။

သို႔ႏွင့္ ႏိုင္ငံေက်ာ္ ဓမၼကထိက ၾကာနီကန္ဆရာေတာ္ ၄၆ ႏွစ္၏ ႐ုပ္ကလာပ္ေတာ္အား ၁၃၄၀ ျပည့္ႏွစ္၊ ဝါဆိုလဆန္း ၅ ရက္ေန႔၊ ညေန ၃ နာရီအခ်ိန္တြင္ သုံးရက္တိုင္တိုင္ ႏွစ္ေသာင္းခုႏွစ္ေထာင္ အကုန္က်ခံကာ အခမ္းအနားက်င္းပ၍ လူတစ္ေသာင္းေက်ာ္တို႔ လိုက္ပါပို႔ေဆာင္ကာ ဆရာေတာ္ဦးဝဏၰ ၾသဂၤုဟ္ရာ ေက်ာက္ကလာပ္မွာပင္ ဆရာေတာ္ကိုယ္တိုင္ မေပ်ာက္ေစနဲ႔ မွာထားခဲ့ေသာ ထင္းမ်ားျဖင့္ မီးၾသဂၤုဟ္ခဲ့ေလသည္။ အ႐ိုးအိုးကိုကား ေ႐ႊေလာင္းေတာင္ေပၚတြင္ တင္ထားေလသည္။

လုပ္ႀကံသတင္းမ်ားထြက္ေပၚလာ

ဆရာေတာ္၏ ဈာပန စီစဥ္ေနဆဲကာလတြင္ ကားေပၚမွ အတူပါလာသူမ်ားက လုပ္ႀကံလို႔ ပ်ံလြန္ေတာ္မူေၾကာင္း သတင္းမ်ားထြက္ေပၚလာသည္။ ဆရာေတာ္သည္ တရားပြဲတစ္ညလွ်င္ အလႉေငြ ေထာင္ခ်ည္ရသလို ဘဏ္တြင္လည္း ႏွစ္သိန္းေက်ာ္အပ္ထားေၾကာင္း သိရသည္။ အတူလိုက္ပါလာသူမ်ားက ေငြမက္၍ ဆရာေတာ္ က်င္ငယ္စြန႔္ေနခိုက္ ကားစက္ႏႈိးတံျဖင့္ ႐ိုက္သတ္ၿပီးေနာက္ ကားျဖင့္ ဆရာေတာ္အေပၚ တက္ႀကိတ္ကာ ကားေမွာက္ေလဟန္ ဖန္တီးၾကေၾကာင္း။ ဘယ္လိုပင္ ပိရိစြာ လုပ္ေဆာင္ၾကေသာ္လည္း မ်က္ျမင္သက္ေသ ႏြားေၾကာင္းသားတစ္ဦးက ေဖာ္ထုတ္၍ အမႈတစ္ခုလုံး ေပၚလာေၾကာင္း။ လုပ္ႀကံသူမ်ားက ႏြားေၾကာင္းသားေလးကို ႏႈတ္ပိတ္ခ ေငြတစ္ေထာင္ေပးခဲ့ေၾကာင္း။ စသည္စသည္ျဖင့္ သတင္းမ်ား ေပၚထြက္လာသည္။

ထိုသတင္းမ်ားကို စုံစမ္းရန္အတြက္ သရက္ၿမိဳ႕နယ္သတင္းေထာက္ ကိုေမာင္ေမာင္ေဇာ္သည္ ေခ်ာက္ၿမိဳ႕သို႔ သြား၍ ဓာတ္ပုံမွတ္တမ္း ႐ိုက္ကူးေပးေသာ ေခ်ာက္ၿမိဳ႕ မ်ိဳးျမန္မာဓာတ္ပုံတိုက္မွ ဦးသက္၊ ဆရာေတာ္အား ခြဲစိတ္စစ္ေဆးရေသာ ေခ်ာက္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွ တာဝန္ရွိသူမ်ား။ ဆရာေတာ္အမႈကို စစ္ေဆးရေသာ ေခ်ာက္ၿမိဳ႕ အမွတ္ (၁)ရဲစခန္းမွ စခန္းမႉးႀကီး ဦးက်င္စမ္းတို႔ကို ေတြ႕ဆုံ ေမးျမန္းခြင့္ရခဲ့သည္။ စခန္းမႉး ဦးက်င္စမ္းက သူ၏ စစ္ေဆးေတြ႕ရွိခ်က္မ်ားကို ဓာတ္ပုံ(၁၂) ပုံျဖင့္ ဤသို႔ရွင္းျပေပးသည္။

ဆရာေတာ္၏ ဂ်စ္ကားသည္ လမ္းေကာင္းသျဖင့္ တစ္နာရီ ၃၀မွ ၃၅ မိုင္ႏႈန္းျဖင့္ ေမာင္းႏွင္လာခဲ့သည္။ ထေနာင္းေကြ႕သို႔ ေရာက္ေသာအခါ ေကြ႕မည္အျပဳတြင္ ေရာ့တံျပဳတ္ၿပီး ယာဘက္သို႔ အရွိန္ျပင္းျပင္းႏွင့္ ဆြဲဆင္းသြားသည္။ ကားဆင္းသြားေသာ ဘီးရာမ်ား အထင္းသား ေပၚသြားသည္။ ထိုသို႔ ဆင္းသြားေသာ္လည္း ေျမျပင္မွာ ညီညာေန၍ ေရွ႕မွ ခ်ဳံႏြယ္မ်ားျဖင့္ တိုက္မိၿပီး ရပ္တန႔္ သြားရန္သာရွိသည္။ သို႔ေသာ္ ကံဆိုးခ်င္ေတာ့ အရွိန္ႏွင့္ ေျပးလာေသာ ဂ်စ္ကားသည္ ေရေျမာင္းကို ေခါင္းစိုက္ၿပီး ကြၽမ္းျပန္လ်က္ တိမ္းေမွာက္သြားေတာ့သည္။

ကားေမွာက္ၿပီး ၁၀ မိနစ္ခန႔္တြင္ ခရီးသည္တင္ ကားတစ္စီးေရာက္လာၿပီး ကားေပၚတြင္ ပါလာေသာ မေကြးတပ္မေတာ္ ေထာက္လွမ္းေရးမွ တပ္ၾကပ္ႀကီး ခ်စ္လႈိင္က ဦးေဆာင္၍ ဆရာေတာ္ႏွင့္ ဒဏ္ရာရသူမ်ားကို ေခ်ာက္ၿမိဳ႕ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးေလသည္။ သို႔ေသာ္ ဆရာေတာ္သည္ ဦးေခါင္းထိခိုက္မိ၍ ႏွာေခါင္း ေသြးထြက္ၿပီး ဦးေႏွာက္အတြင္း ေသြးထြက္သည့္ဒဏ္။ နံ႐ိုးငါးေခ်ာင္း က်ိဳးသည့္ဒဏ္။ တံေတာင္ဆစ္ အ႐ိုးက်ိဳးသည့္ဒဏ္။ ယာဘက္ေပါင္ က်ိဳးသည့္ဒဏ္တို႔ကို ျပင္းျပင္းထန္ထန္ ရရွိခဲ့တာေၾကာင့္ လမ္းမွာပင္ ပ်ံလြန္ေတာ္မူခဲ့ေလေတာ့သည္။

ေဆး႐ုံေပၚေရာက္ေသာအခါ ဆရာေတာ္႐ုပ္ကလာပ္ ျပန္လည္သယ္ယူရန္ ဆရာေတာ္မွာ ေငြတစ္ျပားမွ မပါေတာ့ေပ။ ထို႔ေၾကာင့္ ေဆး႐ုံဝန္ထမ္းမ်ားႏွင့္ လူနာမ်ားက စုေပါင္းလႉဒါန္းၾက၍ ၂၅၀ က်ပ္ရရွိခဲ့သည္။ ထိုေငြျဖင့္ မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ၾကာနီကန္႐ြာသို႔ ျပန္လည္ ပင့္ေဆာင္ခဲ့ၾကျခင္း ျဖစ္သည္။စခန္းမႉးႀကီးက ဤသို႔ ဓာတ္ပုံမွတ္တမ္းထဲမွ ကားဘီးရာမ်ားႏွင့္တကြ ေစ့ေစ့စပ္စပ္ ရွင္းျပသည္။ ႐ိုက္ကူးထားေသာ ဓာတ္ပုံမ်ားကို ၾကည့္၍ လုပ္ႀကံျခင္း ဟုတ္မဟုတ္ သဲလြန္စရွာ  သိႏိုင္ေၾကာင္း ယခုအမႈမွာ လုပ္ႀကံျခင္း မဟုတ္ေၾကာင္း အခိုင္အမာ ေျပာဆိုသြားသည္။ ဤသို႔ျဖင့္ လုပ္ႀကံသတင္းမ်ားလည္း ၿငိမ္သက္သြားေလေတာ့၏။

ကားေမွာက္၍ မေသဟု ယုံၾကည္ေသာ ၾကာနီကန္ဆရာေတာ္သည္လည္း “ခ်စ္ေတာ့ခ်စ္တယ္၊ ဒါေပမဲ့….” တရားကို ေနာက္ဆုံး ေဟာၾကားၿပီး ငါးႀကိမ္ေျမာက္ ကားအေမွာက္တြင္ေတာ့ ခႏၶာဇာတ္သိမ္းလို႔ ေသပြဲဝင္ခဲ့ရပါေတာ့သည္။ သေဗၺ သတၱာ ကမၼသကာ။ ။

အရွင္ေတဇပုလဲ

က်မ္းကိုး
ၾကာနီကန္ေထ႐ုပၸတၱိႏွင့္ျဖစ္ရပ္မ်ား
ဦးေက်ာ္ၫြန႔္ (ျမန္မာ့အလင္းအယ္ဒီတာ)ျပဳစုသည္။

Tags: buddhism monk
Next Post
မြစ်ပေါ်က မြစ် (သို့) ဂျာမနီက နာမည်ကျော် ရေတံတား

မြစ်ပေါ်က မြစ် (သို့) ဂျာမနီက နာမည်ကျော် ရေတံတား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!