Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

(၈၀)ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံးစုံတွဲ

by Thutamm
January 30, 2020
Reading Time: 1min read
0
(၈၀)ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံးစုံတွဲ
Share on FacebookShare on Twitter

(၂၀၁၉)ခုနှစ် ဒီဇင်ဘာ (၂၂)ရက်နေ့မှာတော့ ကမ္ဘာပေါ်မှာအသက်ကြီးဆုံးစုံတွဲအဖြစ် တရားဝင်သတ်မှတ်ထားခြင်းခံရတဲ့စုံတွဲရဲ့ (၈၀)ကြိမ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ထဲက Longhorn Village မှာကျင်းပခဲ့ပါတယ်။ ကျင်းပချိန်မှာတော့ အမျိုးသားဖြစ်သူ John ဟာအသက်(၁၀၆)နှစ်ရှိနေပြီဖြစ်ကာ အမျိုးသမီး Charlotte Henderson ကတော့အသက်(၁၀၅)နှစ်ရှိနေပြီဖြစ်ပါတယ်။

သူတို့ဟာ Great Depression လို့သိကြတဲ့ကမ္ဘာစီးပွားရေးပျက်ကပ်အပြီး (၁၉၃၉)ခုနှစ်ကတည်း ကလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ John Henderson ဟာ အမေရိကန်ပြည်ထောင်စု၊ Texas တက္ကသိုလ်ရဲ့ဘောလုံးလက်ရွေးစင်ကစားသမားဟောင်းဖြစ်ပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကာလကတည်းက John တို့ စုံတွဲဟာယင်းကျောင်းရဲ့ဝန်ထမ်းအိမ်ယာအတွင်းမှာနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

အကြိမ် (၈၀) မြောက်မင်္ဂလာနှစ်ပတ်လည်အခမ်းအနားကျင်းပခဲ့စဉ်မှာ သူတို့စုံတွဲ(၂)ဦးပေါင်းရဲ့အသက်ဟာ (၂၁၁)နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့စုံတွဲဟာ သက်ရှိထင်ရှားရှိနေဆဲကမ္ဘာအသက်ကြီးဆုံးစုံတွဲအဖြစ် Guinness မှတ်တမ်းစာအုပ်မှာတောင် ထည့်သွင်းဂုဏ်ပြုခြင်းခံခဲ့ရသူတွေဖြစ်ပြီး သူတို့ရဲ့ အဲဒီမင်္ဂလာနှစ်ပတ်လည်နေ့မှာတော့မိသားစုဝင်တွေ၊သူငယ်ချင်းမိတ်ဆွေ တွေအပြင် ဒေသခံလူမှုကူညီထောက်ပံ့ရေးအသင်းဝင်တွေနဲ့စည်စည်ကားကားကျင်း ပခဲ့တာဖြစ်ပါတယ်။

ယင်းနှစ်ပတ်လည်အခမ်းအနားမှာတော့ John ဟာ ဇနီးဖြစ်သူ Charlotte ကို (၁၉၂၀)ထုတ် Roadster မော်တော်ကားပေါ်မှာတင်ဆောင်ပြီး သူတို့ပထမဆုံးချိန်းတွေ့စဉ်ကလိုပဲ ပန်းစည်းတွေလက်ဆောင်ပေးခဲ့ပါတယ်။ အခမ်းအနားကျင်းပတဲ့ Longhorn Village ကအငြိမ်းစားတွေစုစည်းနေတဲ့ ရပ်ကွက်အတွင်းက သူတို့ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေ စုဝေးရောက်ရှိလာခဲ့ပြီး သူတို့ဇနီးမောင်နှံအတွက်ပြိုင်တူဆုတောင်းမေတ္တာပို့သခဲ့ကြပြီး တည့်ခင်းထားတဲ့အစားအသောက်တွေကိုသုံးဆောင်ခဲ့ကြပါတယ်။ ယင်းအခမ်းအနားအတွင်းမှာပဲ John တို့ဇနီးမောင်နှံရဲ့မင်္ဂလာသက်တမ်း(၈၀)ကာလအတွင်း အမှတ်တရဓာတ်ပုံတွေကို ပရိုဂျက်တာတွေကနေပြသခဲ့ပြီး အသက်ရှည်အနာမဲ့ပါစေ ကြောင်းဆုတောင်းစကားတွေပါတဲ့ ဂုဏ်ပြုလက်ဆောင်တွေကို လည်းပြန်လည်ပေးအပ် ခဲ့ကြပါတယ်။

သူတို့စုံတွဲဟာ သားသမီးမထွန်းကားခဲ့တာကြောင့် ယင်းနှစ်ပတ်လည်အခမ်းအနားမှာ ဆိုရင် ဆွေမျိုးတွေသာအများဆုံးရှိခဲ့ကြပါတယ်။ သားသမီး/မြေးမရှိပေမဲ့အမေရိကန် ပြည်ထောင်စုရဲ့လူမှုစောင့်ရှောက်ရေးနည်းစနစ်ကောင်းတွေကြောင့် ဂျွန်တို့ဇနီးမောင်နှံ ရဲ့နောက်ဆုံးနေ့ရက်တွေဟာ လှပနေမှာဖြစ်ပြီး မင်္ဂလာသက်တမ်းနှစ်(၈၀)ကာလအတွင်းမှာ တစ်ဦးနဲ့တစ်ဦးဖေးမကူညီရင်းနဲ့ပဲ ပျင်းရိခြောက်သွေ့မှုတွေကိုအံတုခဲ့ကြတာလို့ သိရပါတယ်။ သူတို့စုံတွဲရဲ့နေထိုင်မှုအခြေအနေနဲ့ Guinness မှတ်တမ်းဝင်နိုင်ရေးကိစ္စ တွေကိုတော့ သူတို့ရဲ့တူဖြစ်သူ Jason Free ကကူညီပေးခဲ့တာဖြစ်ပါတယ်။ Jason ကပဲ ကျတော်ဦးလေးစုံတွဲက အရမ်းအံ့သြဖို့ကောင်းတာဗျ။ ခုလိုခေတ်ကာလမှာတော့ စံပြအတွဲလည်းဖြစ်သလို သွားအတူ၊လာအတူစားအတူနဲ့ သူတို့ရဲ့မှတ်တိုင်ကနှစ်(၈၀) တောင်ရှိခဲ့တာ တစ်ကယ့်ဂုဏ်ယူစရာပါပဲလို့ KXAN သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

Jason Free ဟာJohn တို့စုံတွဲကိုအဓိကနေရာကနေထောက်ပံ့နေသူဖြစ်ပြီး သူတို့စုံတွဲ ရဲ့သတင်းဓာတ်ပုံတွေကိုလည်း လူမှုကွန်ယက်ကနေမျှဝေပေးနေသူတစ်ယောက်ဆို လည်းမမှားပါဘူး။ သူကပဲ သူတို့စုံတွဲဟာ နှစ်လိုဖွယ်ရာကောင်းတယ်၊ကြင်နာတတ်တယ်၊ သူတို့ကကမာကြီးရဲ့စံနမူနာပါလို့ သူတို့စုံတွဲနဲ့အတူနေထိုင်တဲ့ Jim Bissett က KXAN ကိုပြောကြားခဲ့ ပါတယ်။

John နဲ့ Charlotte တို့ဟာ (၁၉၃၄)ခုနှစ်ကတည်း Texas တက္ကသိုလ်မှာ အတန်းဖော် သူငယ်ချင်းအနေနဲ့စတင်တွေ့ရှိခဲ့ကြတာဖြစ်ပြီးချစ်ကြိုက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ John ဟာ တက္ကသိုလ်ဘောလုံးအသင်းရဲ့ အစောင့်တာဝန်ကိုယူခဲ့ပြီး Charlotte ကတော့ တက္ကသိုလ်ဆရာမဖြစ်လာဖို့ မဟာတန်းတွေတက်ရောက်ပြီးဆက်လက်ပညာသင်ယူနေ ခဲ့ပါတယ်။ သူတို့စုံတွဲဟာ ကမာ့္ဘစီးပွားရေးပျက်ကပ်ကြီးပြီးဆုံးချိန် (၁၉၃၉)ခုနှစ်၊ဒီဇင်ဘာ (၂၂)ရက်နေ့မှာတော့ လက်ထပ်ခဲ့ပါတယ်။ သူတို့လက်ထပ်ပြီးလပိုင်းအကြာမှာပဲ ဒုတိယ ကမ္ဘာစစ်ကြီးဟာစတင်ဖြစ်ပွားခဲ့ပါတော့တယ်။

John နဲ့ Charlotte တို့စုံတွဲဟာအချိန်ကြာလာလေ သံယောဇဉ်ခိုင်မာလာလေဖြစ်ပြီး နှစ်ဦးကြားမတိုက်ဆိုင်မှုတွေရှိခဲ့ပေမဲ့ (၂)ယောက်စလုံးလက်တွဲပြီးဖြေရှင်းနိုင်ခဲ့ကြတာ ချည်းသာဖြစ်ပါတယ်။ အချို့က ဒီလောက်နှစ်တွေအကြာကြီး သားသမီး၊မြေး၊မြစ်တွေမပါ ပဲပျော်ရွှင်စရာ အိမ်ထောင်ရေးကို ဘယ်လိုတည်ဆောက်ထိန်းသိမ်းခဲ့တာလဲဆိုတဲ့မေးခွန်းကို John က သူဇနီးအပေါ်ကို အစွန်းရောက်စိတ်ထားနဲ့ပြောဆို တွေးတောမှုတွေမရှိပဲ အမြဲနွေးနွေးထွေးထွေးဆက်ဆံခဲ့ခြင်းတွေက အရေးပါခဲ့တယ်လို့ဆိုခဲ့ပါတယ်။

John ဟာလက်ရှိအချိန်ထိလည်း Texas တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းရဲ့ အသက်ရှင်ဆဲဖြစ်တဲ့ ဘောလုံးလက်ရွေးစင်ဟောင်းတစ်ယောက်အဖြစ်မှတ်တမ်းဝင်ထားပြီး ယခုအသက်အရွယ်ထိ တက္ကသိုလ်အသင်းအတွက် နှစ်စဉ်သရုပ်ပြဘောလုံး ပွဲ တစ်ပွဲတော့ဝင်ကစားပေးနေကျဖြစ်တယ်လို့သိရပါတယ်။ John ဟာ တက္ကသိုလ်လက် ရွေးစင်အသင်းအတွက် တစ်နှစ်ကိုသရုပ်ပြပွဲတစ်ပွဲဝင်ကစားပေးခဲ့တာဟာ (၈၄)နှစ် ဆက်တိုက်ရှိနေပြီလို့လည်းသိရပါတယ်။

သူရဲ့ဇနီးဖြစ်သူ Charlotte ကတော့ ယခုအချိန်မှာလမ်းလျှောက်နိုင်ခြင်းမရှိပေမဲ့ John ကတော့ကျန်းမာရေးကောင်းမွန်နေဆဲဖြစ်ပြီး တစ်နေ့ကိုတစ်ကြိမ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုကို မှန်မှန်ပြုလုပ်နေဆဲဖြစ် ပါတယ်။ (၂၀၀၉)ခုနှစ်ကတည်းက John တို့စုံတွဲဟာ တက္ကဆက်တက္ကသိုလ်ပင်စင်စားဝန်ထမ်း အိမ်ရာကနေ ယခုနေထိုင်တဲ့ Longhorn Village ကိုပြောင်းရွေနေထိုင်ခဲ့ကြပါတယ်။ John တို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကတော့ ဒီဇင်ဘာ(၂၂)ရက်နေ့ ဖြစ်ပြီး Johnရဲ့ (၁၀၇)နှစ်မြောက်မွေးနေ့ကတော့ ဒီဇင်ဘာ(၂၅)ရက်နေ့ (ခရစ်စမတ်နေ့ )မှာကျရောက်ခဲ့တာ ဖြစ်ပါတယ်။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Next Post
လေထုညစ်ညမ်းမှုကြောင့် လူသေဆုံးမှုအများဆုံး နိုင်ငံများ

လေထုညစ်ညမ်းမှုကြောင့် လူသေဆုံးမှုအများဆုံး နိုင်ငံများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!