ရေးသားသူ – Htet Wa Na
“လူတွေကိုရယ်အောင်လုပ်နေတဲ့ လူတစ်ယောက်ရဲ့နောက်မှာ မျက်ရည်တွေပေးဆပ်ထားရတယ်။ ကိုယ်ငိုပြမှ လူတွေရယ်အောင်လုပ် ရတဲ့အလုပ်လောက်လောကမှာခက်တာမရှိဘူး”
ဂျက်လီ
၁၉၆၃ ခုနှစ် ဧပြီလ ၂၆ရက်နေ့။
အခြေအနေရော အချိန်အခါရောအဆိုးဖက်မှာရှိနေချိန် မိသားစုစားဝတ်နေရေးခက်ခဲမူ ကိုလွန်ပြီး တနေ့ထမင်း၂နှပ်တောင်နပ်မှန်အောင် ရုန်းကန်နေရတဲ့အချိန် တရုတ်နိုင်ငံ ပေကျင်းမြို့ စွန် စစ်တပ်ကချပေးထားတဲ့ ကျူးကျော်တွေအတွက်ရက်ကွက်တခုမှာ သူ့ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူကုန်ထမ်းသမား ဆိုင်းဘုတ်စာလုံးရေးသူတစ်ယောက်ထဲရဲ့ဝင်ငွေနဲ့ မိသားစုရဲ့စားဝတ်နေရေးကိုမနည်းဖြေရှင်းရဖို့က တော်ရုံတော့မလွယ် ကူလှဘူး။ ဒီလိုနဲ့သူ့ကိုမွေးပြီး၂နှစ်အကြာမှာပဲ ဖခင်ဖြစ်သူဟာအသက်ကြီးရတဲ့အထဲ အလုပ်ပင်ပန်းမူဒဏ်တွေကြောင့် နာမကျန်းဖြစ်ရာကနေ ဆေးရုံကိုပို့ခဲ့ရပါတယ်။ ဆေးရုံရောက်ချိန်ဆေးဖိုး အတွက်မိခင်ဖြစ်သူဟာလူမမယ်သမီး၂ယောက် လက်ကိုဆွဲပြီးအသိတွေအိမ်ပိုက်ဆံလိုက်ချေးနေချိန်မှာပဲ ခင်ပွန်းဖြစ်သူဟာကွယ်လွန်သွားခဲ့ပါတယ်။
သားသမီး၅ယောက်နဲ့ ယောကျာ်းသေသွားတဲ့မိန်းမအဖို့ကတော့ ကမ္ဘာပျက်တာကမှပိုခံသာဦးမယ်။ သူ့အသက်၂နှစ်ပြည့်မွေးနေ့မှာပဲဖခင်ဖြစ်သူကွယ်လွန်ခဲ့တယ်။ သူကတော့တခြားသူ မဟုတ်ဘူး။ ကျူးကျော်ရပ်ကွက်ကနေ မုဆိုးမမိခင်ရဲ့သားဘဝကနေ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ သြဇာအရှိဆုံးသရုပ်ဆောင်အယောက်၁၀၀ထဲ အာရှရုပ်ရှင်လောကရဲ့အတော်ဆုံးမင်းသား၅ယောက်စာရင်းထဲကို ၂၁ရာစုမှာဝင်လာမယ့် ဂျက်လီဆိုတဲ့လူပါပဲ။
” သုညနဲ့စတာ ဝမ်းနည်းစရာလူမဟုတ်ဘူး။ သုညနဲ့စတယ်ဆိုပြီး ထိုင်ငိုကြွေးနေမှ ဝမ်းနည်းစရာလူ”
ဂျက်လီ
” အဖေ့မျက်နှာကိုကျွန်တော်မမှတ်မိဘူး။ အဖေဘယ်လိုလူမှန်းလဲကျတော်မသိဘူး။ ဒါပေမယ့်အဖေဟာ ကျတော့်အတွက်တော့ ကိုယ်တိုင်မမြင်ဖူးပေမယ့် အမြဲရင်ထဲမှာကိန်းအောင်းနေတဲ့ ဘုရားတစ်ဆူလိုပဲ။ ဒါတခြားလူတွေအတွက်တော့မနှိုင်းစရာလို့မြင်လိမ့်မယ်။ ကျွန်တော့အတွက်တော့အဖေ့ဓာတ်ပုံက ဒုတိယဘုရားပါပဲ။ ”
ဂျက်လီ
သူ့အသက်၆နှစ်မှာေ ကျောင်းတက်ချင်ခဲ့လို့အမေ့ကိုပူဆာရာက အမေခိုးငိုခဲ့တဲ့အဖြစ်ကိုမြင်ပြီး သူကျောင်းတက်ပါရစေအမေလို့ ဘယ်တော့မှမပြောခဲ့တော့ဘူး။ သူတို့မိသားစု နေထိုင်တဲ့ ကျူးကျော်တွေအဖျက်ခံရတော့ ရတဲ့လျော်ကြေးငွေတချို့နဲ့ပေကျင်းတန်းလျားတစ်ခုမှာနေခွင့်ရခဲ့တယ်။ ရပ်ကွက်ထဲကစီးပွားရေးချောင်လည်တဲ့ သူနဲ့သက်တူရွယ်တူသူငယ်ချင်းတွေကျောင်းဝတ်စုံဝတ်နေချိန် သူကဈေးထဲကဈေးသည်တွေကို တောက်တိုမယ်ရဝယ်ပေးရတဲ့ကလေးတယောက်ဘဝကိုဖြတ်သန်းခဲ့ရတယ်။
ဒါပေမယ့်သူမညံ့ဘူး။ ရပ်ကွက်ထဲကစာသင်ဝိုင်းကို သူအမြဲသွားနားထောင်တတ်သလို သူ့အသက်၇နှစ်မှာ မူလတန်းဖတ်စာအုပ် အကုန်လုံးကိုသူအလွတ်ရနေပြီ။ သားဖြစ်သူစာတော်တာသိပေမယ့် မိခင်ဖြစ်သူဟာကျောင်းမထားနိုင်တဲ့အတွက် ရင်နာရတာကလွဲရင် ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါကြောင့်သူ့သားကိုဘာမှမလုပ်ပေးနိုင်မယ့်အစား ဘာသာရေးအဆုံးအမတွေကို မိခင်ဖြစ်သူဟာညတိုင်းဖတ်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာကျောင်းမနေရပေမယ့် ကျောင်းနေရတဲ့ကလေးတွေထက်ပိုသိ ပိုတော်ခဲ့တယ်။
သူကဟာသဉာဏ်လဲအရမ်းရွှင်တယ်။ သူကရပ်ကွက်ထဲမှာ လူချစ်လူခင်ပေါသလို သူ့ရဲ့အမြဲပြုံးနေတတ်တဲ့မျက်နှာလေးကို ချစ်လို့သူ့ကိုအမြဲ စားစရာဝတ်စရာတွေပေးတတ်ကြတယ်။ ဒါကြောင့်လည်းသူ့မိသားစုဟာ အစားအသောက်ချောင်လည်ခဲ့သလို မိခင်ဖြစ်သူရဲ့အပ်ချုပ်လို့ရတဲ့ငွေကလဲအိမ်အတွက်အထောက်အကူဖြစ်ခဲ့တယ်။ သူကထူးခြားတယ်။ သူ့ထက်အင်အားကြီးတဲ့သူတွေက သူ့ကိုအနိုင်ကျင့်ရင်တောင်အပြုံးနဲ့ အမြဲတုန့်ပြန်တတ်တယ်။ သူကျောင်းမနေရပေမယ့် သူ့ညီမတွေကို ကျောင်းတက်ခွင့်ရဖို့ ဒီအသက်၁၀နှစ်ကောင်လေးက ရုန်းကန်ခဲ့တယ်။ သူ့မောင်နှမတွေကျောင်းတက်ခဲ့ရတယ်။
သူမနေရပေမယ့် သူ့ညီမလေးတွေကျောင်းတက်ရလို့ သူအမြဲပျော်ပြီး ရပ်ကွက်ထဲ သူ့ညီမစာတော်တဲ့အကြောင်းအမြဲကြွားလုံးထုတ်တတ်တဲ့ ကိုလေလုံးပေါ့။ ဒီလိုသူပျော်နေလေမိခင်ဖြစ်သူကခံစားရလေ။ နောက်ဆုံးသူ့ကို မိခင်ဖြစ်သူက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုပို့ခဲ့ပါတော့တယ်။
” မိသားစုထက် နင့်ကိုယ်နင်လည်း ဘဝမှာပျော်အောင်ရုန်းကန်ရမယ်။ နင်လူတော်မဖြစ်ရင်တောင် လူဆိုးတယောက်တော့ ငါအဖြစ်မခံနိုင်ဘူး။ နင့်အတွက်ပဲနင်တွေးပါ။”
” အမေ့ရဲ့ အဲ့ဒီအချိန်ကစကားကိုကျွန်တော် အခုထက်ထိမှတ်မိသေးတယ်။ မှတ်မှတ်ရရ ကျွန်တော်ဆရာတော်ဆီ မရောက်ခင်ညမှာပေါ့။ အမေကသူငိုတာကိုသားသမီးတွေကိုဘယ်တော့မှမသိစေချင်တဲ့လူ သားသမီးတွေရှေ့မှာအမေကအမြဲတမ်း ရှေ့တန်းက စစ်သူကြီးတစ်ယောက်လို မျက်နှာထားနဲ့ ပဲဆုံးမပေးတတ်တယ်ဗျ။ ကျတော်မြင်ဖူးသမျှမိန်းမထဲမှာ အမေကအရဲရင့်ဆုံးပါပဲဗျာ”
သူဘုန်းကြီးကျောင်းကိုရောက်ချိန်မှာတော့ ဘုန်းကြီးကျောင်းကဖွင့်ထားတဲ့ ကိုယ်ခံပညာကျောင်းကိုပါသူတက်ခွင့်ရခဲ့တယ်။ ဒီကျောင်းကကောင်းတယ်။ သင်တန်းမှာတော်တဲ့ ကလေးတွေရဲ့မိသားစုကိုပါ ထောက်ပံ့ပေးတယ်။ ဂျက်လီဟာသိုင်းပညာမှာ ငယ်စဉ်ထဲက ထူးချွန်ခဲ့သလို သူ့လက်ဦးဆရာတော်ကြီးကပါ အံ့သြခဲ့ရတဲ့ကလေးတစ်ယောက်ပါ။ ၁၃နှစ်သားမှာ အလတ်တန်းသိုင်းကျမ်းစာအုပ် ၁၈အုပ်ကိုသူတတ်ခဲ့ပြီ။ ဒါက ကလေးတစ်ယောက်အဖို့ တော်တော်မလွယ်တဲ့ကိစ္စကြီးပါ။
ညီမဖြစ်သူကို ကျောင်းကောင်းကောင်းပြောင်းထားချင်လို့ဂျက်လီဟာသိုင်းသင်တန်းကခွင့်မပြုတဲ့သိုင်းပြိူင်ပွဲတွေကိုဝင်ပြိုင်ခဲ့ပါတယ်။ သူဆုတွေရတယ်။ ဒါကြောင့်လည်း ဆရာတော်ရဲ့ကြိမ်လုံးက သူ့အတွက်မိတ်ဆွေဖြစ်ခဲ့သလို ဆရာတော်ကမနိုင်တဲ့အဆုံး သိုင်းပြကွက်ပြိုင်ပွဲတွေကို ဂျက်လီအားဝင်ပြိုင်ခိုင်းစေခဲ့ပါတော့တယ်။ အဲဒီမှာလဲ သူဆုတွေရတယ်။ ဒါကြောင့် သူ့အသက်၁၅နှစ်မှာပဲ သိုင်းသင်တန်းကျောင်းရဲ့ နည်းပြနေရာကို အသက်ငယ်ငယ်နဲ့ ပေးအပ်ခြင်းခံခဲ့ရပါတော့တယ်။
ဒီလိုနဲ့တရက်…………… သူတို့ဘုန်းကြီးကျောင်းကို ရုပ်ရှင်အဖွဲ့တွေ ရုပ်ရှင်လာရိုက်ကြတယ်။ နဂိုထဲက ဟာသဉာဏ်ရွှင်တဲ့ ဂျက်လီက အပြေးအလွှားသွားကြည့်ခဲ့တယ်။ သူဘာဖြစ်ချင်မှန်း သူ့ကိုယ်သူမသိတဲ့ဂျက်လီဟာ ဟာသသရုပ်ဆောင်တစ်ယောက်အိမ်မက်ကို မက်ခဲ့ပါတော့တယ်။ သူ ဟာသမင်းသားအရမ်းဖြစ်ချင်ခဲ့ပြီ။ ချာလီချာပလင်နဲ့ နေးမတ်ကို အရမ်းရူးသွပ်တဲ့သူက ရုပ်ရှင်ပိုးထည့်ပေးဖို့ ဒီရိုက်ကွင်းကစတင်ခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဟောင်ကောင်မှာ သူအရမ်းအားကျတဲ့ သူတစ်ယောက်ကလည်း လူမသိသူမသိနေရာကနေ ဟာသအက်ရှင်လေးတွေပါနေရပြီ။
သူအားကျတဲ့သူက ကတော့တခြားသူမဟုတ်ဘူး ဂျက်ကီချမ်းဆိုတဲ့ ရိုက်ကွင်းကတောက်တိုမယ်ရကောင်အဆင့်ပဲ ရှိသေးတဲ့သူပါပဲ။ ဂျက်ကီချမ်းဆိုတာဘာကောင် မှန်းလူတွေမသိသေးခင် အတိုအစဘဝထဲက ဂျက်ကီချမ်းက ဂျက်လီရဲ့ Idolတယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲဂျက်လီဟာ ရုပ်ရှင်လောက ထဲကိုတိုးဖို့ ဆရာတော်နဲ့ မိခင်အတွက် စာတစ်စောင်ချန်ပြီး ဘုန်းကြီးကျောင်းကနေ ခိုးထွက်ခဲ့ပါတော့တယ်။
” အမေ သားအတွက်မစိုးရိမ်ပါနဲ့ သားဘာဖြစ်ချင်လဲသိပြီ အမေပြောတဲ့ လူကောင်းတယောက်ဖြစ်တဲ့တနေ့ အမေ့ကိုကျတော်လာရှာပါ့မယ်”
ဒီစာလေးဟာ ယနေ့အချိန်ထိအမေရိကကဂျက်လီရဲ့နေအိမ်မှာကပ်ထားဆဲပါ။ သူစပြီးရောက်လာတာက ဟောင်ကောင်မြို့ပေါ်။ သူဘာလုပ်လဲဆို ရုပ်ရှင်အဖွဲ့တစ်ခုက စက်အထမ်းသမား၊ ဒီကနေ စတန့်အစားထိုးသမားတယောက်အဖြစ် သူနေရာရလာခဲ့တယ်။ သူ့ရဲ့ Talent ကို မြင်သွားတဲ့သူက သိုင်းကားတွေရိုက်တဲ့ ချောင်ရှီရန်ဆိုတဲ့ဒါရိုက်တာတစ်ယောက်။ ဒီအချိန်မှာသူ့အသက် ၁၇နှစ်ပဲရှိသေးတယ်။ ဒီလိုနဲ့ဗီဒီယိုကား၂ကားကိုသူနဲ့ရိုက်ခဲ့တယ်။ ဒါပေမယ့်ရာဇဝင်ကား။ လူမသိပဲပြီးသွားတယ်။ ဒါပေမယ့်ချောင်ရှီရန်က ဇွဲမလျော့ဘူး။
ဘာကြောင့်လဲဆို သူ့ကိုကန်ထုတ်လိုက်ပြီး တခြားဒါရိုက်တာတစ်ယောက်နဲ့ မင်းသားတစ်ယောက်ကိုနေရာပေးခဲ့တဲ့ Shoungshim ဆိုတဲ့ ထုတ်လုပ်ရေးကို သူအနိုင်ရချင်တယ်။ ဒါကြောင့် ဂျက်လီကိုပဲသူမင်းသားတယောက်အဖြစ်တင်ပြီး The Shaolin Temple ဆိုတဲ့ကားကိုရိုက်ခဲ့ ပါတော့တယ်။ ဒါကဂျက်လီရဲ့ပထမဆုံးရုပ်ရှင်ကားဖြစ်လာသလို ဟောင်ကောင်ဒေါ်လာ ၁၇သန်းအ ထိရခဲ့တဲ့ရှောင်လင်သိုင်းကားပါပဲ။ ဒီကားဟာဟောင်ကောင်Film ဆု၂ဆုရခဲ့သလို တခြားမင်းသားတွေရိုက်ဖို့ငြင်းဆန်ထားတဲ့ ပင်ပန်းလွန်းတဲ့သိုင်းကားပါ။ ဒါပေမယ့်ဂျက်လီနဲ့ ရိုက်ခဲ့ချိန်မှာတော့ နာမည်ကြီးထုတ်လုပ်ရေးတွေက ဟာခနဲဟင်ခနဲဖြစ်ခဲ့ရပါတယ်။

ဒီကားရိုက်တော့ဂျက်လီအသက်၁၉နှစ်ပဲရှိပါသေးတယ်။ ဒီသတင်းက တရုတ်ပြည်မကြီးအထိတက်ခဲ့သလို မိခင်ဖြစ်သူဟာလဲအံ့သြ ခဲ့ရပါတယ်။ ဒီကားကရတဲ့ငွေနဲ့ မိခင်ဖြစ်သူကို TV တလုံးဝယ်ပေးခဲ့သလို အိမ်ခန်းခအကြွေးတွေကိုလည်း သူဆပ်ပေးနိုင်ခဲ့ပါတယ်။
” ဘာဖြစ်လာမှန်းမသိတာကို ကြိုတွေးပြီးကြောက်နေတာထက်စာရင် အဆိုးဆုံးဖြစ်လာမှာ တွေကိုစာရွက်ပေါ်ချရေးပြီး ရင်ဆိုင်လိုက်ပါ။ “
ဂျက်လီ
ဒီကားအပြီးမှာပဲ ချောင်ရှီရန်ကဂျက်လီကို ဒုတိယကားဆက်ရိုက်ဖို့လုပ်ပြန်တယ်။ ဂျက်လီက ဟာသမင်းသားပဲဖြစ်ချင်တာ။ ဒါပေမယ့် သူရတဲ့နေရာကနေ ဘယ်လို character ဖြစ်ဖြစ်သရုပ်ဆောင်နိုင်ရမယ်လို့သူ့ဆရာချောင်ရှီရန်ကအမြဲဆုံးမလေ့ရှိတယ်။
” မင်းသားဖြစ်ဖို့ကလွယ်တယ်၊ သရုပ်ဆောင်ဖြစ်ဖို့ကခက်တယ်။ ပိုက်ဆံ+ရုပ်+အဓိကနေရာ ဒီ၃ခုပေါင်းရင်မင်းသားဖြစ်နိုင်ပေမယ့် သရုပ်ဆောင်ဖြစ်ဖို့က တော့ဒီထက်အဆ၁၀၀မကတဲ့ အချက်တွေလိုအပ်တယ်။ မင်းသားတွေပေါတဲ့ခေတ်မှာ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ချင်ပါသား”
ချောင်ရှီရန်
” ဒီစကားက ကျွန်တော် ဒီနေ့ဂျက်လီဖြစ်လာဖို့ အရေးပါဆုံးဆိုမမှားဘူးဗျ။ ဆရာ့ရဲ့စကားက ကျွတော် ဟာသ အရံ ဇာတ်ပို့ဗီလိန်ဘယ်နေရာဖြစ်ဖြစ်သရုပ်ဆောင်ရဲဖို့အားဖြစ်စေခဲ့တယ်။ ဟုတ်တယ် ကျွန်တော်မင်းသားဘယ်တော့မှမဖြစ်နိုင်ပါဘူး။ ကျွန်တော့်မှာမင်းသားဖြစ်ဖို့အချက်တွေအစထဲကမရှိဘူး။ ဒါပေမယ့် သရုပ်ဆောင်တယောက်ဖြစ်ဖို့တော့ ယုံကြည်မူအမြဲရှိခဲ့တယ်။”
ဂျက်လီ
ဒုတိယကား Kids From Shoalin ကို၁၉၈၄ခုနှစ် ဇန်နဝါရီလမှာရုံတင်ခဲ့ပါတယ်။ ဟောင်ကောင်ဒေါ်လာ၂၂သန်းအထိရရှိခဲ့သလို ဂျက်လီဟာလဲ ရှောင်လင်ဘုန်းကြီးတယောက်ဇာတ်ရုပ်နဲ့ လူသိများခဲ့ပါတယ်။ ဒီကားအပြီးမှာတော့ ဂျက်လီဟာ ရုပ်ရှင်ကား၄ကားကိုစာချုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ ဒီကားတွေအပြီး The Master ကားရုံတင်အပြီးမှာတော့အဖြူအမည်း ခေတ်ကတရုတ်မှာအောင်မြင်ခဲ့တဲ့ Once Upon A Time In China ကားကြီးကိုရိုက်ဖို့ လူရွေးပွဲမှာဂျက်လီကိုအားလုံးကထောက်ခံခဲ့ကြပါတယ်။
ဒီအချိန်မှာတဖက်မှာလဲဂျက်ကီချမ်းက ဟာသစတန့်တွေနဲ့အာရှမှာနာမည်ကြီးနေချိန် ဂျက်လီကလည်း သိုင်းကားနယ်ပယ်မှာအာရှရဲ့ King ဖြစ်လာဖို့ OUATIC ကားကြီးကို ၁၉၉၁ ခုနှစ်မှာ ရုံတင်ခဲ့ပါတယ်။ အရမ်းအောင်မြင်ခဲ့သလို One Upon A Time In China ရဲ့ နောက်ဆက်တွဲကားတွေကိုရိုက်ဖို့အထိပါ စာချုပ်ချုပ်ခွင့်ရခဲ့ပါတော့တယ်။ OUATIC ၃ကားအပြီးမှာတော့ ဂျက်လီကို Hollywoodထိတက်စေဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ Once Upon A Time In China and America ကားကြီးပါပဲ။ အမေရိကအထိသွားရိုက်ခဲ့သလို ဟောင်ကောင်ရုပ်ရှင်ဆုတွေပါရခဲ့ပါတယ်။
ဒီကားအပြီးမှာတော့ ဂျက်လီအားကျရတဲ့မင်းသားတယောက်ဖြစ်တဲ့ စတီပင်ချောင် စီစဉ်တဲ့ Hit Man ကားကိုရိုက်ခွင့်ရခဲ့ပါတော့တယ်။ အဲဒီနောက်တော့ ဂျက်လီကို Hollywood က ကမ်းလှမ်းလာတဲ့ The One ကားကြီးကိုရိုက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ ဒီကားဟာ ဂျက်လီအဖို့ အခက်ခဲဆုံးကားတစ်ကားလို့ပြောထားသလို အောင်မြင်မူကလည်း အမေရိကန် ဒေါ်လာ ၇၅သန်းနီးပါးရခဲ့တဲ့ကားကြီးပါ။ ဒီကားဟာ ဂျက်လီကို အာရှမှာရော Hollywood မှာပါ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်စေဖို့စတင်ခဲ့ပါတော့တယ်။
” ဖြစ်ချင်တာကိုထိုင်မစောင့်နဲ့၊ အိမ်မက်တွေကိုအိပ်ချိန်မှာပဲ မမက်နဲ့။ ဖြစ်ချင်တာကို လုပ်ရမှာပျင်းတဲ့လူတွေက ဖြစ်သင့်တာကိုလုပ်ကြသလို အိမ်မက်ရှိတယ်ပြောပြောနေတတ်ပြီး အဲ့ဒီအိမ်မက်ကမနိုးရင်တော့ ကိုယ်ဘာမှဖြစ်မလာနိုင်ဘူး “
ဂျက်လီ
ဒီကားအပြီးမှာတော့ဂျက်လီဟာ တကမ္ဘာလုံးကိုအာရှသားတစ်ယောက်က ကိုင်လှုပ်ဖို့စတင်လာခဲ့ပါတော့တယ်။ Hollywood မှာ အာရှသားတွေအတွက်နေရာမပေးချင်ပေမယ့် အာရှကနေHollywood ကိုတက်လာတဲ့ ဂျက်ကီချမ်းလို ဂျက်လီလိုမင်းသားတွေပေါ် ပေါက်လာခဲ့မူဒဏ်ကိုတော့ Hollywoodကမခံနိုင်ခဲ့ပါဘူး။ Hollywood မှာ နေရာရလာတဲ့အချိန်ပဲရှိသေးတယ်။ Hero ကားကြီးကို ၂၀၀၂ ခုနှစ်မှာရုံတင်လာခဲ့တယ်။ Hollywood ပြာသွားတယ်။ ဒေါ်လာသန်း ၁၇၇သန်းကျော်တဲ့အထိ ဝင်ငွေကမရပ်ဘူး။ ဒီပုပုကောင်ကဘာလဲဟပေါ့။
သန်း၃၀လောက်ရင်းပြီးအသားတင်အမြတ်သန်း၁၄၀ လောက်ရသွားတယ် Hero ကားက။ ထူးခြားမူကဒီကားက Best Foreign Language Film ဆိုတဲ့ Oscar ဆုကြီးကိုရခဲ့သလို ဆုကြီး ၇ဆုအပြင် အင်္ဂလန်က ရုပ်ရှင်တက္ကသိုလ်ကြီးကနေ သင်ရိုးအဖြစ်ပါအယူခံခဲ့ရတယ်။ ဒါကအာရှရဲ့ ပထမဆုံးအနောက်တိုင်းတက္ကသိုလ်တွေကနေ သင်ရိုးတောင်ယူရတဲ့အထိဖြစ်စေခဲ့တဲ့ကားပါ။ ရှာရွတ်ခန်း ဂျက်ကီချမ်းတောင်မလုပ်ပြနိုင်သေးတဲ့ စံချိန်တစ်ခုကို ဂျက်လီကလုပ်ပြသွားတယ်။
ဒီကားအပြီးမှာတော့ ဂျက်လီကို Hollywood မင်းသားတွေနဲ့တွဲရိုက်ဖို့ Europa Crop ကနေစာ ချုပ်ချုပ်ခဲ့ပြန်ပါတော့တယ်။ ၂၀၀၅ခုနှစ်မှာတော့ ဂျက်လီကိုလုံးဝမထင်ထားတဲ့ အကွက်ကြီးနဲ့ ကာရိုက်တာအဆန်းတခုနဲ့ Unleashed ကားကြီးရုံတင်လာတယ်။ မိခင်မုဒိန်းကျင့်ခံရအသတ်ခံရတဲ့ ကလေးတစ်ယောက်ဟာ စိတ္တဇဖြစ်သွားပြီး အတိတ်မေ့ Fighter တစ်ကောင်အသွင်အပြင်နဲ့ ခွေးတကောင်လိုသရုပ်ဆောင်ခဲ့တဲ့ကားပေါ့။ လည်ပတ်ဖြုတ်ပေးမှခိုင်းစေလို့ရသလို လူဆိုတာဘာမှန်းမသိတဲ့ Psychoသမားတစ်ယောက်ဘဝ ကိုပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သလို ဂီတက လူအရိုင်းအစိုင်းတွေကိုတောင်ယဉ်ကျေးသွားစေတယ်ဆိုတာကိုချပြထားတဲ့ကား။
ဒီကားဟာလဲအောင်မြင်မူက မသေးသလို ဂျက်လီရဲ့သြဇာကြီးမားမူကို မရပ်တန့်စေခဲ့တဲ့ကားပါ။ တကားပြီးတကား ထွက်လာတယ်။ ထွက်လာတိုင်းလဲပေါ့သေးသေး တစ်ကားမှမပါဘူး။ ဂျက်လီဆိုရင် မကောင်းပါဘူးကွာလို့ပြောမယ့်သူမရှိသလောက်ပဲ။
” အထီးကျန်တာပြသနာမဟုတ်ဘူး အထီးကျန်တာကိုအကြောင်းပြပြီး ဘာမှမလုပ်ချင်ရင် မင်းအကျည်းတန်သွားလိမ့်မယ်။ “
ဂျက်လီ
ဒီကားအပြီးမှာတော့ ဂျက်လီဟာသူ့ idol ကြီးဂျက်ကီချန်းနဲ့ရိုက်ဖို့ဖြစ်လာခဲ့တဲ့ The Forbidden Kingdom ကားကြီးကို ၂၀၀၈ ခုနှစ်မှာရုံတင်လာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သန်း၁၅၀ကျော်ရခဲ့သလို ဒီပမာဏက မသေးလှပါဘူး။ Mummy : ဒီကားကနာမည်ရမင်းသား တယောက်က ဗီလိန်လုပ်ဖို့ဆိုလုပ်ချင်ကြမှာမဟုတ်ဘူး။ ဒါပေမယ့်ဂျက်လီဟာ Mummy ရဲ့ ကားအဆက်တကားဖြစ်တဲ့ Tomb of the Dragon Emperor ကားကြီးမှာ လူဆိုးနေရာကနေ ပါခဲ့ပါတယ်။ သန်း၄၀၀ကျော်ရခဲ့ပြီး ဒီကားဟာ အာရှမင်းသားတွေထဲ ဝင်ငွေအမြင့်ဆုံးရကား တကားအဖြစ်စံချိန်တင်ခဲ့ပါတယ်။
” ဗီလိန်နေရာကိုကျွန်တော်ကြိုက်တယ်။ ဗီလိန်သရုပ်ဆောင်တွေကိုလည်း ကျွန်တော်လေးစားမိတယ်။ ဘာကြောင့်လဲဆို ရုပ်ရှင်ကားတကားမှာ ဗီလိန်နေရာက ပညာအပေးနိုင်ဆုံးနေရာပဲ”
ဒီလိုဗီလိန်တွေ သိုင်းကားတွေအက်ရှင်တွေ အသတ်အပုတ်တွေချည်းရိုက်နေလို့ အငို အလွမ်းအဆွေး မိဘသရုပ်ဖော် မေတ္တာသရုပ်ဖော်နေရာရော ?
Ocean Heaven : သမုဒ္ဒရာထက်ကြီးတဲ့ မိဘရဲ့မေတ္တာတရားကိုချပြထားတဲ့ဂျက်လီ အထိုးအသတ်တကွက်မှမပါတဲ့ အဖေ တယောက်ရဲ့ဇာရုပ်။ အသည်းကင်ဆာဖြစ်နေတဲ့အဖေနေရာကနေ စိတ်မနှံ့တဲ့သားတို့ရဲ့ဘဝ လောကဓံကို ထိုးသတ်ပြထားတဲ့ကားပါ။ သူသေသွားရင် စိတ်မနှံ့တဲ့သားတယောက်လောကကြီးထဲ ဘယ်လိုနေထိုင်မလဲဆိုတဲ့ ဖခင်တစ်ယောက်ရဲ့ သားအပေါ်ချစ်တဲ့အချစ်ကိုပြသထားတဲ့ကားပါ။ ဒီကားဟာဂျက်လီကို မထင်ထားစေတဲ့ သရုပ်ဆောင်ချက်တွေမြင်ခဲ့ရသလို မူရင်းဇာတ်ရုပ်တွေနဲ့တော်တော်လည်း ခွဲထွက်ထားတဲ့ကားပါ။
ဂျက်လီကားတွေတကားချင်းပြောနေရင်ပြီးမယ်တောင်မထင်ဘူး။ The Expendables မှာလဲ Hollywood ရဲ့ ဒိတ်ဒိတ်ကြဲကြီးတွေဖြစ်တဲ့ အာနိုး ၊ စတားလုံးတို့နဲ့ တွဲသရုပ်ဆောင်ထားတာကြည့်ရုံနဲ့ ဂျက်လီရဲ့ဖြစ်တည်မူကို သိနိုင်ပြီပေါ့။ ၂၀၁၆ မှာထွက်ခဲ့တဲ့ League of Gods ကားကလည်း ပွဲဆူစေခဲ့ပါတယ်။ ဂျက်ကီချန်းနဲ့ IP man ကြီး တို့နဲ့ တွဲရိုက်ထားတဲ့ကားကြီးကလဲ မကြာခင်လာတော့မယ်။ ဒါတင်မကသေးဘူး။ အလီဘာဘာသူဌေးကြီး ဂျက်မားနဲ့တွဲပြီး ရိုက်ကူးထားတဲ့ Gong Shou Dao ဆိုတဲ့ကားကလည်း ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့ပါသေးတယ်။ ဂျက်လီဆိုရင် ဘာကားဖြစ်ဖြစ်စောင့်ကြည့်ရတဲ့အထိ ဒီကျူးကျော်ရပ်ကွက်က ကလေးတစ်ယောက်က ဖြစ်စေခဲ့ပါပြီ။
လက်ရှိမှာတော့ မင်းသားကြီးဂျက်လီဟာ အသက် ၅၅နှစ်ရှိနေပြီး ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်လာခဲ့တဲ့ အိုစာလွန်းတဲ့ သူ့ရဲ့ဓာတ်ပုံတွေကြောင့် ကျန်းမာရေးမကောင်းဘူးထင်ကာ ပရိတ်သတ်က စိုးရိမ်ခဲ့ကြပါသေးတယ်။ ဒါကြောင့်လည်း သူ့ရဲ့မန်နေဂျာက မင်းသားကြီးမှာ Hyperthyroidism ရောဂါရှိနေတာမှန်ပေမယ့် ကျန်းမာရေးကတော့ ဆိုးဆိုးရွားရွားမဖြစ်ပဲ ပုံမှန်အတိုင်းကျန်းမာလျှက်ရှိတယ်လို့ ပြန်လည်ဖြေရှင်းသွားပါတယ်။ သူ့ရဲ့ကျန်းမာရေးသတင်းနဲ့ ပတ်သတ်လို့ဂျက်လီကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့နှစ်က ရယ်ကာမောကာနဲ့ ပြောခဲ့ဖူးပါတယ်။
“ကျွန်တော် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းကို ဝှီးချဲကုမ္ပဏီတွေက သူတို့ကုန်ပစ္စည်းတွေရောင်းထွက်ဖို့ လွှင့်တာပဲဖြစ်ရမယ် … ဒါမှမဟုတ် သူတို့ဝှီးချဲတွေအတွက် ကျနော့်ကို ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ခန့်အပ်ချင်လို့ ဖြစ်နိုင်ပါတယ် “
ဒီလျိုလျှင်ဂျီ ဆိုတဲ့ကောင်လေးတဖြစ်လဲ ဂျက်လီဆိုတဲ့မင်းသားဟာလက်ရှိ အချိန်မှာ အာရှရဲ့ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်လာခဲ့သလို Hollywood မင်းသားတွေထဲလည်း အနေအထားမသေးတဲ့မင်းသားတယောက်ဖြစ်နေပါပြီ။ ဒါတင်မကပါဘူး Asia ကိုယ်စားလှယ် WHO ရဲ့သံတမန်ဖြစ်သလို အာရှသိုင်းအဖွဲ့အစည်းရဲ့ အနောက်နိုင်ငံသံတမန်တယောက်လည်းဖြစ်ပါတယ်။ ဂျက်လီ Foundation ကနေ နှစ်စဉ်ပညာရေးထောက်ပံ့မူတွေ မိဘမဲ့ကလေးများစွာကိုပါထောက်ပံ့ပေးထားခဲ့ပါပြီ။ ဂျက်လီဟာ ဗုဒ္ဓဘာသာတယောက်ပီပီ အာရှနိုင်ငံတချို့မှာ သူလှူထားခဲ့တဲ့ဘုန်းကြီးကျောင်းပေါင်း၂၀၀ကျော်အထိရှိထားသလို ဂျက်ကီချန်းလိုပဲအာရှရဲ့ ထိပ်တန်းမင်းသားကြီးတယောက်ဖြစ်နေပါပြီ။
” ဘာသာတရားတိုင်းမှာ မကောင်းတဲ့အချက်ဆိုတာ လိုအပ်ချက်ဆိုတာမရှိဘူး ဘာသာတရားကိုမကောင်းစေတာ ဘာသာရေးခေါင်းဆောင်နဲ့ ဘာသာရေးဗန်းပြလူတချို့ကြောင့်ပဲ”
ဂျက်လီ
“ကျွန်တော်တို့ရဲ့ ကံတွေကပဲ ကျတော်တို့လူသားတွေကိုဆုံးဖြတ်ပေးတာပါ
Our actions determine Our distiny ‘”
ဂျက်လီ
တချိန်က ကျူးကျော်ရပ်ကွက်ကမုဆိုးမ သားတစ်ယောက် မောင်နှမတွေအတွက် ကိုယ့်ဘဝကို အနစ်မွန်းခံပံ့ပိုးပေးခဲ့တဲ့ ကောင်လေးတစ်ယောက် ဘုန်းကြီးကျောင်း သိုင်းသင်တန်းကနေ မအူမလည်နဲ့ မင်းသားဖြစ်ချင်လို့ မိုက်မိုက်ကမ်းကမ်းနဲ့ မြို့ပေါ်က လူလည်တွေကြားတက်လာခဲ့တဲ့ လူငယ်တစ်ယောက်က လက်ရှိမှာကမ္ဘာ့သြဇာအရှိဆုံး ၂၁ရာစု သရုပ်ဆောင်မင်းသား၁၀၀ထဲပါ သွားခဲ့ပါပြီ။ သုညကစပေမယ့် လက်ရှိမှာတော့ ဂျက်လီဟာ တန်ဖိုးကြီးသရုပ်ဆောင်တယောက်ဖြစ်နေပါပြီ။
REF : Jet Li Documentries
Twitter
[ ဖြေရှင်းချက် – ထုံးစံအတိုင်းပြောပါရစေ။ Metal ဖက်ကဖြစ်တဲ့အတွက် Movie ဖက်က ခုလို idolတယောက်အကြောင်းကိုရေးတဲ့နေရာမှာ လိုအပ်ချက်များရှိနိုင်ပါတယ်။ ဂျက်လီရဲ့အမာခံပရိတ်သတ်များနားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်]
ထက်ဝန
Discussion about this post