ရေးသားသူ – Htet Wa Na
“တချို့လူတွေက ကမ္ဘာကြီးကို ပြောင်းလဲချင်ကြတယ်။ ဒါပေမယ့် ကမ္ဘာကြီးက မပြောင်းလဲပဲ လူတွေရဲ့ စိတ်ဓာတ်တွေကသာ ပြောင်းလဲသွားကြတယ် ”
Mr.Bean
” အပြုံးမျက်နှာဖုံးရဲ့ နောက်မှာငိုနေတဲ့ မျက်နှာပိုင်ရှင်တွေရှိတယ်။
အထက်တန်းစား လူတချို့ရဲ့နောက်မှာ အောက်တန်းစားအမူအကျင့်တွေ ရှိတယ် ”
Mr.Bean
၂၀ ရာစု အစောပိုင်းလောက်မှာ TV အဖြူအမည်းပိတ်ကားပေါ်ကို ပေမမှီဒေါက်မမှီနဲ့ ပေါကြောင်ကြောင်လူတယောက်ပေါ်လာခဲ့တယ်။ ရုပ်ရှင်မင်းသားဆိုရင် ခန့်ချောကြီးမှ အရပ်အမောင်းကောင်းကောင်းမှ နှစ်သက်အားပေးခံရမှုများတဲ့ ကမ္ဘာ့ရုပ်ရှင်အချိန်ကာလတခုမှာ ဒီ၅ပေသာသာ ပေါင်၁၃၀ကောင်လေးကကမ္ဘာ့ရုပ်ရှင်လောကကိုမြေလှန်ပစ်ခဲ့တယ်။ သူကစကားလုံး တွေကျကျနန ဂန္တဝင်ဆန်ဆန်ဒိုင်ယာလော့တွေ တစ်လုံးမှမပြောပဲ သူ့ခန္တာကိုယ်လှုပ်ရှားမှု တစ်ခုတည်းနဲ့ ကမ္ဘာ့ရုပ်ရှင်လောကမှာ တသက်တာဂန္တဝင်မင်းသားအဖြစ်ရော ကမ္ဘာ့ရုပ်ရှင်လောကရဲ့ No.1သရုပ်ဆောင်အဖြစ် ၂၀ရာစု တစုလုံးကို ကမ္ဘာနဲ့ချီ တောရောမြို့ပါမကျန် သိစေခဲ့တဲ့သူဖြစ်ခဲ့တယ်။ သူကတော့တခြားသူမဟုတ်ဘူး။ ချာလီချာပလင်ဆိုတဲ့ လူပုဟာသသရုပ်ဆောင်လေးတစ်ယောက်ပါပဲ။
” ကျတော့်ရဲ့နာကျင်မှုဝေဒနာတွေက တခြားသူတွေပျော်ရွှင်ဖို့အတွက် ဖြစ်နိုင်ပေမယ့် ကျတော်ပျော်ရွှင်ဖို့အတွက်တော့ တခြားသူတွေနာကျင်စရာ ဘယ်တော့မှမဖြစ်စေရဘူး ”
ချာလီချာပလင်
အချိန်အားဖြင့် ၁၉၅၅ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာပေါ့။ အင်္ဂလန်နိုင်ငံကကွန်းဆက်ဆိုတဲ့ စိုက်ပျိုးရေးနယ်လေးတစ်ခုမှာ လယ်သမားမိသားစု တစ်စုနေထိုင်ခဲ့ပါတယ်။ လယ်သမားပေမယ့် လက်လုပ်လက်စားတော့မဟုတ်ဘူး။ Eric Atkinson ဟာ ဖခင်ဖြစ်အမွေပေးထားတဲ့ ဂျုံစိုက်ခင်းဧက ၂၀၀ကျော်ကိုပိုင်ဆိုင်သလို ဇနီးဖြစ်သူ Ella May ဟာလည်း စိုက်ပျိူးရေးသုတေသနပညာရှင်တဦးပါ။ အိမ်ထောင်သက် ၅နှစ်အတွင်း သား ၃ယောက်နဲ့ အတူ ဒီနယ်လေးရဲ့ မြို့မျက်နှာဖုံးဖြစ်သလို နယ်ကလူတွေအတွက်လည်း အလုပ်အကိုင်တွေ ပေးထားနိုင်တဲ့မိသားစုပါ။ ဒီလိုနဲ့သားတွေချည်းမွေးထားတဲ့ Eric ဟာ သမီးလေးတစ်ယောက်ထပ်လိုချင်တဲ့အချိန် ဇနီးဖြစ်သူဟာ ကိုယ်ဝန်ထပ်ရခဲ့တယ်။ ဒါပေမယ့်မွေးလာတော့ ယောကျာ်းလေးပါပဲ။ ဒီကောင်ကထူးခြားတယ်။ အင်္ဂလန် James Park ကို မိသားစုအလည်သွားရင်းလမ်းမှာမွေးခဲ့တဲ့ ကောင်လေးပေါ့။
ဖခင်ဖြစ်သူက ဒီအငယ်ဆုံးကောင်ကို နာမည်ပေးဖို့ စဉ်းစားတော့ အဘိုးဖြစ်သူက သူ့နာမည် Rowan ရယ် အဖေဖြစ်သူနာမည် Atkinson ရယ်ပေါင်းပြီး Rowan Atkinson လို့ပေးခဲ့ပါတော့တယ်။ သူကတော့ တခြားသူမဟုတ်ဘူး။ ချာလီချာပလင်ရဲ့ ခြေရာကိုနင်းပြီး အဖြူအမည်း ရုပ်ရှင်ခေတ်ကနေ ကာလာစုံရုပ်ရှင်ဖက်မှာ ချာလီလိုပဲ ဟာသမင်းသားတယောက်ဖြစ်လာမယ့် Mr.Bean ပါပဲ။
” ဘဝဆိုတာ လက်ဗလာနဲ့လာပြီး လက်ဗလာနဲ့ပြန်ထွက်သွားရတဲ့ ဈေးတခုလိုပဲ။ ဒါပေမယ့် ဒီဈေးထဲ သင်ဟာခါးပိုက်နှိုက်လား ရတနာဆိုင်ပိုင်ရှင်လားဆိုတာကတော့ သင်ဒီဈေးက ထွက်သွားတဲ့တနေ့ သိကြမှာပဲ။ နာမည်ကျန်ရစ်ဖို့၂နည်းပဲရှိတယ်။ နာမည်ကောင်းနဲ့ကျန်ရစ်မလား ၊ နာမည်ဆိုးနဲ့ကျန်ရစ်မလား ဆိုတာပဲ။”
Mr.Bean
ဖခင်ဖြစ်သူ Eric က သူ့ရဲ့သားကြီးတွေလိုပဲ ဘင်းကို တည်ကြည်ရင့်ကျက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်ဖို့ ငယ်စဉ်ထဲက ဆုံးမခဲ့ပါတယ်။ သားဖြစ်သူတွေကို သူ့လိုထူးချွန်တဲ့ စီးပွားရေး သမားလုပ်ငန်းရှင်တစ်ယောက်ဖြစ်စေချင်တယ်။ အလတ်ကောင် Rod က လိမ္မာတယ်။ စာလည်းတော်တယ်။ ဘင်းကကျ ဗရုပ်ကျတယ်။ ၃နှစ်သားတည်းက DC ရဲ့ Comic စာအုပ်တွေကို ဖတ်တတ်ခဲ့ပြီး အဲ့ထဲက Hero တွေလိုလိုက်လုပ်တတ်တယ်။ အကိုအကြီးဆုံး Paul ကွယ်လွန်သွားထဲကသားဖြစ်သူ လူမမယ်ကလေးတွေကို Eric က အရမ်းဂရုစိုက်ခဲ့တယ်။ ဘင်း ကို ပညာတတ်စီးပွားရေးသမားတစ်ယောက်မဖြစ်နိုင်ဘူးထင်ပေမယ့် အလတ်ကောင် Rod ကိုတော့ သူမျော်လင့်ချက်ကြီးတယ်။ Rod က မူလတန်းမှာတင် ဘာသာစကား၃ခုကို တတ်ခဲ့ပြီး ကျောင်းမှာလည်း အမြဲပထမရခဲ့တယ်။ ဘင်းကတော့ စာကို စိတ်မဝင်စားဘူး။ စက္ကူခေါက်တာ ကာတွန်းစာအုပ်ဖတ်တာ အဖိုးဖြစ်သူရဲ့ လက်သမားအလုပ်ခန်းထဲမှာနရတာကို ကြိုက်တယ်။
သား ၃ယောက်ပဲ ကျန်တော့တဲ့ အထဲ ဘင်းက မိမနိုင်ဖမနိုင်လေးပေါ့။ အငယ်ဆုံးဖြစ်တာကတကြောင်း မိခင်နဲ့ အနေဝေးပြီး ဖခင် ဦးလေး အဘိုးတွေ နဲ့နေရတာကတကြောင်း ဘင်းဟာဆိုးခဲ့တယ်။ ဒါပေမယ့် သူ့ဦးနှောက်ကမသေးလှဘူး။ ၅နှစ်သားမှာ ချာလီချာပလင်ရဲ့ပြိုင်ပွဲတွေမှာ သူပြိုင်လို့ဆုရခဲ့သလို ကျောင်းမှာလည်း လူရွှင်တော်ပြဇာတ်မှာ သူပါခဲ့ရပါတယ်။ Durham အခြေခံပညာကျောင်းသားဘဝမှာ ဘင်းဟာ ဟာသသရုပ်ဆောင်တစ်ယောက်ဘဝကို အရမ်းဖြစ်ချင်ခဲ့ပြီ။ ဒါပေမယ့် မိဘတွေက သူ ဒီလိုလူတွေရှေ့ ငပေါလိုလုပ်ပြနေတာကို လုံးဝမကြိုက်ဘူး။ မြို့ရဲ့အချမ်းသာဆုံးသားက ဒီလိုလူပြက်ဖြစ်နေတာကို ဖခင် Eric က ရှက်ခဲ့တယ်။
” အဖေပြောခဲ့ဖူးတယ်။ မင်းကလူတွေကိုရယ်အောင် လုပ်နိုင်တာကို ဟုတ်လှပြီထင်မနေနဲ့။ မင်းကို လူပေါတစ်ယောက်လို သူတို့ကြည့်ပြီးဟားနေတာကို မင်းကဂုဏ်ယူနေတာ”
” ဒီစကားက ကျွန်တော်ဆယ်ကျော်သက် ကျောင်းသားဘဝမှာ အရမ်းတွေဝေစေခဲ့တယ်။ လူတွေရယ်အောင်လုပ်ရတဲ့လူတိုင်းက တကယ်ပဲလူပေါလား လို့ကျတော်တွေးခဲ့ဖူးတယ်။ သေနတ်ခါးကြားညှပ်ပြီး အမိန့်ပေးတတ်တဲ့လူတွေကျ လူတွေကမျက်နှာထားတင်းတင်းနဲ့ အလေးပြုလေးစားတတ်ကြပြီး လူတွေကိုရယ်အောင်လုပ်တဲ့လူတွေကျ ဘာလို့လူပေါဖြစ်ရတာလဲ။ အပြုံးတွေထက် အမိန့်တွေ အာဏာတွေက လူတွေအတွက်အထင်ကြီးစရာဖြစ်နေလို့လားဗျာ”
Mr.Bean
အဖေ့ရဲ့ ဒီစကားကြောင့် Beanဟာ အကိုဖြစ်သူတက်ခွင့်မရတဲ့ တက္ကသိုလ်ကိုတက်ခွင့်ရအောင် အထက်တန်းကျောင်းသားဘဝမှာ ကြိုးစားခဲ့တော့တယ်။ Newcastle နည်းပညာတက္ကသိုလ်ကို သူ Roll.1နဲ့ ဝင်ပြီး တက်ရောက်ခွင့်ရခဲ့တယ်။ Electrical Engineer ဘွဲ့ကြီးကို သူဟာ တစ်နှစ်တာအတော်ဆုံးကျောင်းသားအဖြစ်ရခဲ့တယ်။ Master တန်းဝင်ခဲ့သလို ကမ္ဘာ့နာမည်အကြီးဆုံးဆုံး Oxford တက္ကသိုလ်ကြီးကိုပါ ဝင်ခွင့်ရခဲ့တယ်။ သူ့အကိုနဲ့ သူ့အဖေအိမ်မက်ထဲတောင် မမက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး Oxford တက္ကသိုလ်ကြီးကနေ Engineer Masterဘွဲ့ကြီးကို သူရခဲ့ပါတယ်။ ဖခင်ဖြစ်သူ Eric မထင်ထားတဲ့ပညာတတ်တစ်ယောက်ဖြစ်ခဲ့တယ်။
သူဘွဲ့ရတဲ့နေ့မှာ ဖခင်ဖြစ် သူဆီကနေ သူလုပ်ချင်တာလုပ်ဖို့ ခွင့်တောင်းခဲ့တယ်။ ဖခင်ဖြစ်သူလုံးဝခွင့်မပြုဘူး။ သူ့ကုမ္ပဏီမှာ မလုပ်ရင် သားအဖြစ်က စွန့်လွှတ်မယ်အထိ ဖြစ်ခဲ့ပါတော့တယ်။ ဘင်းကလည်း စကားနားထောင်တယ်။ အိမ်ပေါ်ကနေဆင်းခဲ့တယ်။ ဒီအချိန်မှာသူနဲ့ တက္ကသိုလ်မှာခင်ခဲ့တဲ့ စာရေးဆရာ Cartis ဆိုတဲ့ သူငယ်ချင်းအိမ်ကိုသွားခဲ့တယ်။ ဒီအချိန်မှာ Cartis နဲ့ သူကျောင်းမပြီးခင်၂ယောက်ပေါင်းရေးပြီး သူကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ Not The 9 o’clock ကားလေးက သူအိမ်ပေါ်ကဆင်းပြီး ၁ပတ် အကြာမှာပဲ အမေရိကမှာအကြီးအကျယ် အောင်မြင်လာခဲ့တယ်။ အမေရိကကပေးတဲ့ ဆုတွေပါရခဲ့တယ်။ BBCမှာ ဒီသတင်းက တစ်လအထိ လူပြောမရပ်ဘူး။
” လူတွေက ကျွန်တော့်ကို ဟာသဉာဏ်ကောင်းတယ်ထင်ကြတယ်။ ဒါပေမယ့် ကျတော်က ငတုံးတယောက်ပါ။လူတွေရယ်စေချင်တာကလွဲရင် ဘာမှမသိတဲ့ ငတုံးတယောက်ပါ”
Mr.Bean
Oxford ကနေ မာစတာဘွဲ့ရတဲ့ပညာတတ်တစ်ယာက်က ကိုယ့်ကိုယ်ကို ငတုံးလို့ဖြေသွားတာကရယ်စရာကြီးပါ။ သာမာန်တက္ကသိုလ်က ဘွဲ့ရရင်တောင် ငါပညာတတ် ငါနဲ့တန်တဲ့နေရာဆိုပြီးပြောနေကြတဲ့လူတွေကြား သူ့လိုလူကငတုံးဆိုတော့စဉ်းစားစရာပါပဲ။ ဘင်းရဲ့ idolက ချာလီချာပလင်။ သူချာလီချာပလင်ကိုဘယ်လောက်ထိရူးသွပ်လဲဆို ချာလီရဲ့ဇာတ်ကားတွေအပြင်စာအုပ်တွေပါ သူမရမကလိုက်ရှာပြီး စုခဲ့သလို ချာလီရဲ့ရှားပါးပုံတွေကို သူရတဲ့လုပ်အားခနဲ့စုခဲ့သူပါ။ ချာလီရဲ့ ဖိနပ်တံဆိပ်ခေါင်းကို သူဝယ်လို့ရခဲ့တုန်းက သူအရမ်းပျော်ခဲ့တယ်။(ဒီတံဆိပ်ခေါင်းကို Mr.Bean ကားစရိုက်တော့ သူ့ရဲ့လည်ပင်းမှာဆွဲပြီးကိုကိုယ့်ကိုယ်ကို ယုံကြည်မူတွေပေးခဲ့တာပေါ့။)

သူ့အသက်၂၇နှစ်အထိ သေချာရေရာတဲ့ ဖန်တီးမူတခုမှမရှိခဲ့သေးဘူး။ ဒါပေမယ့်သူစိတ်ဓာတ်မကျဘူး။ ပညာတတ်တယောက်ပေမယ့် ပြဇာတ်ရုံအသေးလေးတွေမှာ ညပိုင်းလူရွှင်တော်လိုက်လုပ်တယ်။ နေ့ဖက်တွေဆို သူ့အခန်းထဲ ဟာသရုပ်ဆောင်ပိုင်းတွေကျင့်တယ်။ ဒီလိုနဲ့ ၁၉၈၂ခုနှစ်မှာ သူ့ကိုလူမဆိုသလောက်သိစေမယ့် The Black Adder ဇာတ်လမ်းတွဲမှာ သူပါခွင့်ရခဲ့ပါတော့တယ်။ The Black Adder ဟာအောင်မြင်မူကြီးကြီးမားမားမရခဲ့ဘူး။ ဒါပေမယ့်ရုပ်ရှင်ကားသေးတချို့ကို သူရိုက်ဖို့လမ်းစဖြစ်ခဲ့တယ်။
” အောင်မြင်မှုရဖို့ ရည်ရွယ်ပြီး ဘာမှမလုပ်နဲ့။ အကောင်းဆုံးဖြစ်ဖို့ပဲ ရည်ရွယ်ပြီးလုပ် အောင်မြင်မူက အဲ့အခါက ခင်ဗျားမလိုချင်ဘူးပြောရင်တောင် ခင်ဗျားနောက်ကိုလိုက်လာလိမ့်မယ်။”
Mr.Bean
ပထမဆုံးရုပ်ရှင်ကားက Foundamental Forlics ။ လုံးဝမအောင်မြင်ဘူး။ ရုပ်ရှင်ကားသေး ၁၀ကားရိုက်ပြီးတဲ့အထိ သူဟာတခြားဟာသမင်းသားတွေထက်တောင်နိမ့်တဲ့ အနုပညာကြေးကိုပဲသူရခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၄ ခုနှစ်မှာ ကာတွန်းလောကမှာအောင်မြင်မူကြီးမားခဲ့တဲ့ The Lion King ကားကြီးမှာ သူအသံသရုပ်ဆောင်အဖြစ်ပါခဲ့ရပါတယ်။ The Lion King က ကမ္ဘာပေါ်က ကလေးတွေအတွက် ငယ်ဘဝဖြတ်သန်းမှုထဲ မှတ်ထင်ကျန်ရစ်စေတဲ့ကားကောင်းတစ်ကားပါ။ ဒီကားအပြီးမှာတော့ သူနဲ့ လွန်ခဲ့တဲ့ ၁၅နှစ်က ဘားတခုမှာအရက်အတူသောက်ရင်း ခင်မင်ခဲ့ရာက ဆရာတစ်ယောက်ဆိုလည်း မမှားတဲ့ Mel Smith ဆိုတဲ့ Hollywood မှာ နာမည်ရ ဒါရိုက်တာတစ်ယောက်က ဆက်သွယ်လာခဲ့တယ်။ “Mr. Bean ” ဆိုတဲ့ကားကိုရိုက်မယ်ပေါ့။ မင်းကိုမင်းသားတင်ရိုက်ချင်တယ်ပေါ့။ ဒီကားကိုရိုက်ဖို့ ဒေါ်လာ၁၈သန်းလောက်ကုန်မယ်။ ဒါပေမယ့် Timဆိုတဲ့ထုတ်လုပ်သူက ၁၀ သန်း ပဲအကုန်ကျခံမယ် မရိုက်ချင်နေဆိုတဲ့အခြေအနေ။
ဒီအချိန်မှာ ဘင်းက သူပိုင်တဲ့ တိုက်ခန်းနဲ့ ကားကိုရောင်းပြီး ဒီကားကိုရိုက်ကူးဖို့စတင်ခဲ့ပါတော့တယ်။ ၁၉၉၇ခုနှစ် သြဂုတ်လ ၂ရက်နေ့မှာ UK က ရုပ်ရှင်ရုံသေးသေးလေးမှာ Mr.Bean ကို ရုံတင်ပြသခွင့်ရခဲ့တယ်။ UKမှာ၂ပတ်အမေရိကမှာ တစ်ပတ်ပဲပြသခွင့်ရခဲ့တယ်။ ဒါပေမယ့် Mr.Bean ဟာ အမြတ်ငွေဒေါ်လာသန်း ၂၅၀ ကျော်ရခဲ့သလို ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ ကာလာစုံခေတ်ရဲ့ဝင်ငွေအမြင့်ဆုံး ဟာသကားအဖြစ်ဂင်းနစ်စံချိန်တင်ခဲ့သလို Mr.Bean ဆိုတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ ဘင်းဟာလည်း Hollywood ရဲ့ ပထမဆုံး ငွေအရင်းအနည်းဆုံးနဲ့ အမြတ်အများဆုံးရတဲ့ ဇာတ်ဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့တယ်။
” အောင်မြင်ဖို့ လှပတဲ့မျက်နှာမလိုဘူး။ တောင့်တင်းတဲ့ခန္ဓာကိုယ် မလိုဘူး။ တကယ်လုပ်ချင်တဲ့ စိတ်ပဲလိုတယ်။”
Mr.Bean
ဒီ Mr.Bean ကားကြောင့်ပဲ Rowan ဟာ Mr.Bean ဆိုတဲ့နာမည်နဲ့ကမ္ဘာကျော်ခဲ့ပြီး ဒီ Mr.Beanဇာတ်ကောင်ပုံကို လေကြောင်းလိုင်း ၅၂လိုင်း Express ကားလိုင်း ၈၇၀ကျော်မှာ stickerကပ်ခွင့်မူပိုင်ခွင့်အထိကမ်းလှမ်းခံခဲ့ရပြီး ရုပ်ရှင်ကမဟုတ်တဲ့ဝင်ငွေ စတာလင်ပေါင် သန်း ၁၅၂ သန်း အထိရခဲ့ပါတယ်။ ဒါ့အပြင်နိုင်ငံပေါင်း ၁၀၀ကျော်မှာလည်း Popular အဖြစ်ဆုံးဇာတ်ကောင်အဖြစ် သမိုင်းဝင်ခဲ့သလို နိုင်ငံ၁၅၀ကျော်ရဲ့မူလတန်းကျောင်းတွေမှာ ရေပန်းအစားဆုံးကလေးဦးရေ သန်း၃၀၀ကျော်က မဲပေးတဲ့ကလေးကြိုက်ဇာတ်ကောင်အဖြစ်လည်း သမိုင်းဝင်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ Cartis ရေးတဲ့စာအုပ်က ဇာတ်ကောင်ဖြစ်တဲ့ ဒီ Mr.Bean ဟာ ရုပ်ရှင်ထွက်ပြီးမှ Best Seller Book လည်း ဖြစ်ခဲ့ပါတယ်။
” အပြုံးဆိုတာ တမင်ဖန်တီးပြီးပြုံးခိုင်းလို့မရဘူး။ လူတွေကိုပြုံးစေဖို့ လုပ်ရတဲ့ လူလောက်တော်တဲ့သူ ကမ္ဘာမှာမရှိဘူး ”
Mr.Bean
Mr.Bean ကားအပြီးမှာတော့ Rowan ဟာ ဘင်းဆိုတဲ့နာမည်နဲ့ကမ္ဘာကျော်ခဲ့ပါပြီ။ ဟာသကားတွေကို ရိုက်ဖို့ company များစွာ ကကမ်းလှမ်းလာခဲ့သလို သူ့အနုပညာကြေးဟာလည်း ဟာသမင်းသားတွေ အပြင်သရုပ်ဆောင်လောကမှာပါ ထိပ်တန်းစာရင်းဝင်ခဲ့ပါတယ်။ အဲ့အချိန်မှာ Mr.Bean ကို နောက်ထပ်နာမည်ကြီးစေခဲ့တဲ့ ဂျိန်းစဘွန်းကားကိုပြန်သရော်ထားတဲ့ Johnny English ကားကြီးက ၂၀၀၃ခုနှစ်ဧပြီလ ၁၁ရက်နေ့မှာ ရုံတင်လာပါတော့တယ်။ အူပါပြုတ်မတတ် ရယ်ရတဲ့ကားပေါ့။ ရုပ်တည်ကြီးနဲ့ တလွဲတွေလုပ်တတ်တဲ့ စပိုင်တယောက်နေရာကနေသရုပ်ဆောင်ခဲ့ရပြီး တခြားဇာတ်ပို့တွေမင်းသမီးတွေအဖို့ ဒီကားရိုက်ကူးမှာမှာ ရိုက်နေရင်းမနေနိုင်ပဲ ရယ်မိလို့ အကြိမ်ကြိမ်ပြန်ရိုက်ရင်း ၇လတိတိ ရိုက်ကူးခဲ့ရတဲ့ကားပေါ့။ အမြတ်ငွေ သန်း၁၆၀ အထိ ရခဲ့သလို တကမ္ဘာတဝန်း လူကြိုက်များခဲ့တဲ့ကားပါ။ အဲဒီနောက် ၂၀၀၅ခုနှစ်မှာ Love Actually Keeping Mum တပြိုင်ထဲထွက်ခဲ့ပြီး ဘင်းကို Hollywood Star တစ်ယောက်အဖြစ် ရပ်တည်စေခဲ့တဲ့ကားတွေပေါ့။
” အပြင်ပန်းအလှအပက ဘုရားပေးတဲ့ကံ ဒါပေမယ့် ဒါကသုံးစားလို့မရဘူး။ ကိုယ်တိုင်အောင်မြင်မူက ဘယ်ဘုရားမှမပေးဘူး ကိုယ့်ဘာကိုယ်ပဲကြိုးစားရတာ။ ”
Mr.Bean
“တန်ဖိုးတွေအများကြီးတက်ဖို့ သုညဆိုတာ နောက်မှာအမြဲကပ်ပါနေစမြဲပဲ။ သုညဖြစ်တာစိတ်ပျက်စရာမဟုတ်ဘူး။ အဲ့ဒီသုညတွေရှေ့မှာ တန်ဖိုးရှိတဲ့အရာ တခုဖြစ်အောင် မလုပ်နိုင်တာကမှ စိတ်ပျက်စရာပါ။ ”
Mr.Bean
၂၀၀၇ ခုနှစ်မှာတော့ Mr.Bean ဇာတ်ကောင်ကို ထပ်မြင်ရစေတဲ့ Mr.Bean’s Holiday ကားကြီးကိုရုံတင်လာခဲ့ပါတယ်။ ရှေ့ကကားလိုပဲ ဒီကားဟာလဲ ၂၅သန်း ပဲရင်းပေမယ့်သန်း၂၅၀နီးပါးရခဲ့ပြန်ပါတယ်။ Mr.Bean ဆိုတဲ့ နာမည်နဲ့တင် သန်းရာချီရဖို့မလွဲဧကန်ပါပဲ။ ဒီကားဟာလည်းရှေ့က Mr.Bean လိုပဲ ရုပ်ရှင်မဟုတ်တဲ့ အမြတ်ငွေစတာလင် ပေါင်သန်း၁၀၀ကျော်ထိ ရခဲ့သလို Mr.Bean’s Holiday အပြီးမှာတော့ Mr.Bean ဇာတ်ကောင်ဟာ ကာလာစုံရုပ်ရှင်သမိုင်း တခုလုံးမှာ အအောင်မြင်ဆုံး ဟာသဇာတ်ကောင် ဝင်ငွေအမြင့်ဆုံး Comedy ဇာတ်ကောင်အဖြစ် သမိုင်းဝင်ခဲ့သလို ဖယောင်းပြတိုက်အပြင် နိုင်ငံ ၅၀ကျော်က ပန်းခြံမှာပါ ရုပ်တုအဖြစ်ထားခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် Johnny English ရဲ့ အဆက် Johnny English Reborn ကို ၂၀၁၁ခုနှစ် အောက်တိုဘာလမှာ ထပ်မံရုံတင်ခဲ့ပြန်ပါတယ်။ ရှေ့ကကားလိုပဲ ကုန်ကျစရိတ်နည်းနည်းနဲ့ အမြတ်ငွေသန်း ၁၆၀ကျော်ရခဲ့ပြန်ပါတယ်။
” မင်းဘာမှမလုပ်ရင် ဘယ်သူမှမင်းကိုမသိဘူး။ မင်းလုပ်လို့ မင်းမှာရစရာ၄ခုပဲရှိမယ်။ လှောင်ပြောင်မူ၊ အပြစ်တင်မူ ၊ လေးစားမူ၊ မနာလိုမူ ။ မင်းကကောင်းတဲ့အလုပ်လုပ်ခဲ့တာတောင် ဒီ၄ခုလုံးရခဲ့ရင် မင်းအောင်မြင်လို့ပဲ ”
Mr.Bean
Mr.Bean ဟာရုပ်ရှင်ကားကြီး ၂၁ကား ဇာတ်လမ်းတွဲပေါင်း ၃၀ ကျော်ကို သရုပ်ဆောင်ခဲ့ပြီး ဖြစ်သလို သူရဲ့ Mr.Bean ဇာတ်လမ်းတွဲဟာလည်း အောင်မြင်မူများစွာရထားခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး Mr.Bean ကို Cartoon ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးရာမှာလည်း အောင်မြင်မူများစွာရယူထားသလို သူ့ရဲ့ Tebby Bear အရုပ်ဟာလည်း ၂၀၁၁ခုနှစ် ရောင်းအားအကောင်းဆုံး အရုပ်အဖြစ် အမေရိကန်မှာ နာမည်ရ 3D ကာတွန်းဇာတ်ကောင် စတစ်ကိုကျော်ပြီးရရှိခဲ့ပါတယ်။ သူ့ရဲ့ဟာသလုပ်ကွက်တွေဟာ ဘယ်သူမှမထင်ထားတဲ့ နေ့စဉ်နေထိုင်မူထဲကနေပဲ လုပ်ပြတာများသလို unnormal မဟုတ်တဲ့ ပြကွက်တွေမပါပဲ လူတွေကို သဘာဝအတိုင်း ရယ်မောစေတဲ့ ဟာသပညာရှင်အဖြစ်လည်း နာမည်ကြီးသူပါ။ တကယ်တမ်းကျ Mr.Bean ဟာ လူရှေ့ထွက်ရမှာ အရမ်းကြောက်သလို Camera ကိုလည်း ကြောက်သူပါ။ ဒါကြောင့် သူရိုက်ခဲ့တဲ့ကားတိုင်းမှာ ဒါရိုက်တာက Camera Angle ကို အတတ်နိုင်ဆုံး ပြင်ဆင်မူများစွာ လုပ်ပြီးမှရိုက်ရသလို စကားထစ်တတ်တဲ့အကျင့်ရှိတဲ့ Mr.Bean ဟာလည်း တော်တော်ကြိုးစားခဲ့ရသူပါ။
ထူးခြားမူကတော့ Mr.Bean ဟာ အနုပညာနဲ့ ပတ်သတ်တဲ့ သင်တန်းကျောင်းတွေ ဆရာတွေထံ မတက်ခဲ့မရှိခဲ့ဖူးသလို စာအုပ်တွေနဲ့ ရုပ်ရှင်ကားတွေကပဲ သူ့ရဲ့သင်စရာအဖြစ် သင်ယူခဲ့ရသူပါ။ Oxford ကျောင်းဆင်း Enginner တစ်ယောက်ဖြစ်သလို ရုပ်ရှင်လောကရဲ့ ပညာအတော်ဆုံး သရုပ်ဆောင် ၁၀၀စာရင်းမှာလည်း ပါဝင်ထားသူပါ။ ဒီလိုပညာတတ်က ဝင်ငွေကောင်းတဲ့ ကမ္ဘာပေါ်က ဘယ် Company မှာ မဆို လစာသိန်းချီနဲ့ ဝင်လုပ်လို့ရပေမယ့် သူရူးသွပ်တဲ့ အနုပညာကိုလုပ်ဖို့ Oxford Enginner ဘဝကို စွန့်လွှတ်ထားခဲ့သူပါ။ ဒါပေမယ့် Mr.Bean ရဲ့ အနုပညာဝင်ငွေဟာ လက်ရှိမှာ ဒေါ်လာပေါင် သန်း၁၃၀ ကျော်ပိုင်ဆိုင်ထားခဲ့ပါပြီ။
“ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သိရဲ့သားနဲ့ ဘဝပေးအခြေအနေဆိုတဲ့ အကြောင်းပြချက်နဲ့ မစွန့်လွှတ်လိုက်နဲ့။ စွန့်လွှတ်တာနဲ့ တပြိုင်နက် မင်းဟာ လောကကိုခိုင်းတဲ့သူ မဟုတ်ပဲ လောကကခိုင်းတာခံရတဲ့သူဖြစ်သွားလိမ့်မယ်။ ”
Mr.Bean
Mr.Bean ဟာ ပြိုင်ကားမောင်းရတာကို နှစ်သက်သူ ကားတွေကိုနှစ်သက်သူဖြစ်ပြီး Paul Walker ကိုလည်းချီးကျူးခဲ့သူပါ။ Paulရဲ့ ဈာပနကို သူကိုယ်တိုင်တက်ရောက်ခဲ့သလို Furious 7 ရိုက်ကွင်းတုန်းကလည်း သွားရောက်အားပေးခဲ့သူပါ။
” ဟာသပြကွက်တွေက ပိတ်သားပေါ်ရောက်မှသာ လူတွေကရယ်တာ တကယ်တမ်းဒီပိတ်သားပေါ်မရောက်ခင် လုပ်ရတဲ့လူတွေအဖို့ အရမ်းအန္တရာယ်များလွန်းတယ်။ Johnny English Reborn တုန်းက ဇာတ်သိမ်းခန်း ရိုက်တော့ ကျွန်တော့်လက်တဖက်ကြိုးတွေငြိပြီး အကြောသေသလိုဖြစ်သွားဖူးတယ်။ လူတွေရယ်ရအောင်စွန့်စားရတာ တကယ်တော့မလွယ်ဘူးဗျ”
( Johnny English Reborn interview in utube )
Mr.Bean ကားတွေက ရယ်ရတယ်။ ဒါပေမယ့် အဲ့ဒီနောက်ကွယ်မှာ သူ့အန္တရာယ်တွေ နာကျင်မူတွေ များစွာကို ခံခဲ့ရတယ်။ ညာဖက်ခြေထောက်ဟာလဲ Mr.Bean Holiday တုန်းက ကျိုးဖူးသလို Johnny English ရိုက်တုန်းက ထိခိုက်မူပေါင်း ၄၀ကျော် အထိဖြစ်ခဲ့ရပါတယ်။ ဟာသဆိုရင် မဖြစ်နိုင်တာကြီးတွေ ပေါက်ကရတွေ လုပ်ပြီး ရယ်ခိုင်းနေတာတွေများတဲ့ခေတ်မှာ Mr.Beanက လူတွေဖြစ်လေ့ဖြစ်ထရှိတဲ့ ပတ်ဝန်းကျင်ထဲကပဲ သဘာဝအတိုင်းလုပ်ပြလေ့ရှိသလို သူ့ကားတွေဟာလည်း ငိုနေသူတောင် ထရယ်စေသလို ပြန်တွေးတော့ ပညာရစရာတွေကို ပေးစွမ်းနိုင်ပါတယ်။ Mr.Bean ကားတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေကနေ စိတ်ကျန်းမာရေး ရောဂါသည်တွေ စိတ်ဖိစီးနေသူတွေ ကြည့်သင့်တဲ့ ဇာတ်ကား ၁၀ ကား စာရင်းမှာ မှတ်တမ်းတင်ထားခဲ့သလို ကျန်းမာရေးအတွက်ပါ ကြည့်သင့်တဲ့ကားတွေအဖြစ် စာတမ်းပြုစုခဲ့ပါတယ်။

Mr.Beanနဲ့ ပတ်သတ်ပြီး အမှတ်တရတွေထဲက တစ်ခုအနေနဲ့ပြောရရင် ၂၀၀၁ ခုနှစ် မတ်လ ၂၁ရက်နေ့က မိသားစုလိုက် ကင်ညာကို အပျော်ခရီးထွက်ကြတယ်။ အဲ့ဒီမှာ သူတို့ရဲ့လေယာဉ်မှူး ကျန်းမာရေးဖောက်ပြီးမေ့လဲသွားတယ်။ အဲတုန်းက လေယာဉ်ကို အန္တရာယ်မရှိပဲ မြေပြင်ကို ဆင်းသက်အောင် သူက တက်မောင်းခဲ့ပြီး အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လေယာဉ်ကွင်းထဲရောက်မှ သူ့ကိုဝိုင်းမေးကြတဲ့အခါမှာတော့ သူလေယာဉ်တခါမှမမောင်းဖူးပဲ သူဖတ်ဖူးတဲ့စာအုပ်ထဲက အတိုင်းလုပ်လိုက်တာပါလို့ ပြောခဲ့တယ်။ တွေးကြည့်ရင်ဟာသဆန်ပေမယ့် တကယ့် အာဂလူသားပါပဲ။ ၂၀၁၄ခုနှစ်မှာလဲ Formula One ပြိုင်ပွဲကိုသွားရောက်အားပေးခဲ့သလို သူကိုယ်တိုင်လဲမောင်းပြပြီးဖွင့်ပေးခဲ့ပါတယ်။ ကားကိုဘယ်လောက်ဝါသနာပါလဲဆို Octane / Evo / Classics စတဲ့ကားမဂ္ဂဇင်းတွေမှာလည်း ဆောင်းပါးရေးသားသူပါ။
လက်ရှိမှာ Mr.Bean ဟာ Mr.Bean ရဲ့ နောက်ဆက်တွဲကားကိုရိုက်ကူးနေသလို သူကိုယ်တိုင်လည်း ဟာသသင်တန်းကျောင်းတခုဖွင့်ဖို့ကြိုးစားနေသူပါ။ Mr.Bean … ဒီနာမည်က ကမ္ဘာပေါ်ကလူတော်တော်များများကြားတာနဲ့ တချက်ပြုံးမိလိမ့်မယ်။ ဒါက သူ့ရဲ့ဖြစ်တည်မူက ဘာလဲဆိုတာကိုသိနိုင်ပြီပေါ့။
” ဘယ်သူက မွေးလဲ အရေးမပါဘူး။ ဘယ်လိုနေထိုင်ဝတ်စားလဲ အရေးမပါဘူး။ ဘယ်နိုင်ငံမှာမွေးလဲ အရေးမပါဘူး။ ဘယ်တက္ကသိုလ်က ဘွဲ့ရလဲ အရေးမပါဘူး။ လူတွေအပေါ်ဘယ်လောက်အကျိုးပြုခဲ့ဖူးလဲပဲ အရေးပါတယ်။ ”
Mr.Bean
Ref : Mr.Bean Twitter
Rowan’s Ducomentries
Village Of Voice
[ ဖြေရှင်းချက် – ထုံးစံအတိုင်းပြောပါရစေ။ Metal ဖက်ကဖြစ်တဲ့အတွက် Movie ဖက်က ခုလို idol တယောက်အကြောင်းကို ရေးတဲ့နေရာမှာ လိုအပ်ချက်များရှိနိုင်ပါတယ်။ Bean ရဲ့ အမာခံပရိတ်သတ်များ နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်]
ထက်ဝန
Discussion about this post