တိုက်လေယာဉ်မှူး တစ်ယောက်ဖြစ်ဖို့ဆိုတာကတော့ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါ ဘူး။ တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပါဆိုင်ရာပါ ကျွမ်းကျင်လိမ္မာရမှာဖြစ်သလို ကောင်းမွန်တဲ့နည်းပညာဆိုင်ရာပံ့ပိုးမှုလည်းလိုအပ်ပါ သေးတယ်။ ဒါအပြင်အလွန်ကြီးလေးတဲ့ ဖိအားတွေကိုပါ အချိန်မရွေးခံစားရနိုင်တာ ကြောင့် အထူးသဖြင့် အမျိုးသမီးတွေနဲ့ သင့်တော်တဲ့အလုပ်တစ်ခုမဟုတ်ကြောင်း ကာလများစွာကတည်းက သတ်မှတ်ခဲ့ကြပါတယ်။
စစ်ဘက်ဆိုင်ရာနယ်ပယ်တစ်ခုဖြစ် တာကြောင့်လည်း ဒီအလုပ်ဟာအမျိုးသမီးတွေနဲ့သင့်တော်မှမဟုတ်လို့ တာဝန်ရှိသူတွေ ကယူဆခဲ့ကြပြီး (၁၉၉၀)ကာလတွေအထိ တိုက်လေယာဉ်မှူးလောကမှာ အမျိုးသမီး တွေအတွက်နေရာမရှိခဲ့ပါဘူး။ (၁၉၉၃)အစောပိုင်းကာလတွေမှာတော့ လေကြောင်း တပ်တွေမှာ အမျိုးသမီးစစ်သည်တော်တွေကို ခန့်အပ်လာကြပေမဲ့ ပြန်ကြားဆက် သွယ်ရေးနဲ့အခြားသောလုပ်ငန်းတာဝန်တွေကိုသာ ထမ်းဆောင်စေပြီး လေသူရဲတစ် ယောက်အဖြစ်တော့ (၂၀၀၀)ပြည့်နှစ်မတိုင်ခင်အထိ ခန့်အပ်တာဝန်ပေးခြင်းမရှိခဲ့ပါဘူး။
ဒါပေမဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ဟာ စစ်ဘက်ရေးရာမှာသာမက နယ်ပယ်အသီးသီးမှာ ထင်ပေါ်လာတာကြောင့် စစ်တပ်တာဝန်ရှိသူတွေအနဲ့ သူတို့ရဲ့ကန့်သတ်ချက်တွေကို ပြန်လည်ချင့်ချိန်ခဲ့ရပြီး အမျိုးသမီးလေသူရဲတွေကို ထားရှိရတဲ့အနေအထားဖြစ်လာခဲ့ရ ပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာလက်ရှိအချိန်ထိ တာဝန်ထမ်းဆောင် နေဆဲ(သို့) ကျဆုံးခဲ့ရတဲ့ လေသူရဲအမျိုးသမီးစစ်သည်(၁၀)ဦးရဲ့အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။
သူတို့ အားလုံးဟာ လှပတဲ့မျက်နှာကိုယ်နေဟန်ထားသာမက သူမတို့ရဲ့မျက်နှာမှာလည်း သက်ဝင်တဲ့အပြုံးတွေကိုအစဉ်ပိုင်ဆိုင်ထားကြပါတယ်။ အချို့ကတော့ နူးညံ့တဲ့အမျိုးသမီးတွေနဲ့လိုက်ဖက်ခြင်းမရှိတဲ့ စစ်ဆင်ရေးနယ်ပယ် တွေအတွင်း မှာတောင်တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပြီး အောင်မြင်တဲ့ ပျံသန်းမှုများစွာကို လုပ်ဆောင်နိုင်ခဲ့ကြတာကိုတွေ့ရှိရပါတယ်။
(၁၀) Niloofar Rahmani
သူမကတော့ အာဖဂန်နစ္စတန်နိုင်ငံရဲ့လေကြောင်းသမိုင်းမှာ တိုက်လေယာဉ်မှူးအဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီးဖြစ်ပြီး သူမရဲ့အောင့်မြင်မှုသမိုင်းဟာ အငြင်းပွားဖွယ်ရာအကြောင်းအရင်းတွေနဲ့လည်း ပြည့်နှက်နေပြန်ပါတယ်။ အထူးသဖြင့် တာလီဘန်အကြမ်းဖက်တိုက်ခိုက်ရေးသမားတွေဟာ Niloofar Rahmaniရဲ့စွမ်းဆောင် ရည်အပေါ် အာဖဂန်ပြည်သူတွေဘက်က အသိအမှတ်မပြုနိုင်အောင်ဝါဒမှိုင်းတိုက်ခဲ့တဲ့ အပြင် သူမရဲ့မိသားစုဝင်တွေကိုလည်း ခြိမ်းခြောက်မှုများစွာကိုပြုလုပ်ခဲ့ကြပါတယ်။
တာလီဘန်တွေရဲ့ ဥပဒေအဖြစ်သတ်မှတ်လက်ခံထားတဲ့အရာတွေက အမျိုးသမီးတွေကို သိသိသာသာ ခွဲခြားထားတဲ့အပြင် အမျိုးသမီးများစစ်မှုထမ်းခြင်းကိုလည်း ပြင်းပြင်းထန်ထန် ကန့်သတ်ထားတာပါ။ တာလီဘန်တွေရဲ့အမြင်မှာ Niloofar Rahmani ဟာအာဖဂန်နစ္စတန်ရဲ့ရိုးရာဓလေ့နဲ့ စည်းမျဉ်း၊စည်းကမ်းတွေကို ချိုးဖောက်နေသူအဖြစ် သတ်မှတ်ထားပြီး အထူးသဖြင့် လေကြောင်းကနေ သူတို့ကိုအထိနာအောင် တိုက်ခိုက်နေတဲ့ Niloofar Rahmaniကိုတော့ ကမ္ဘာရန်အဖြစ်သဘောထားကြပါတယ်။
သူမဟာ (၂၀၁၅) ခုနှစ်ကတည်းက တိုက်လေယာဉ် C-130s နဲ့အမေရိကန်လေတပ်မှာ စတင်ထမ်းဆောင် ခဲ့ပြီး(၂၀၁၆)ခုနှစ်ဒီဇင်ဘာမှာတော့ တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဖဂန်စစ်မြေပြင်မှာပဲ တာဝန်တွေကိုထမ်းဆောင်ရင်းသူမရဲ့မိသားစုဟာ အကြမ်းဖက်သမားတွေရဲ့ အမြဲတစ်စေခြိမ်းခြောက်မှုကိုခံနေရတာကြောင့် (၂၀၁၈) ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုအတွင်း နိုင်ငံရေးခိုလှုံခွင့်ကိုရယူခဲ့ရပါတယ်။
(၉) Nicola Baumann
(၁၉၈၅)ခုနှစ်၊မတ်လ(၁၀)ရက်နေ့မှာ မွေးဖွားခဲတဲ့ Nicola Baumannဟာ ဂျာမန်လေတပ်မတော်အတွက် ဒုတိယမြောက်အမျိုးသမီး လေသူရဲဖြစ်ပြီး (၂၀၀၇) ခုနှစ်အတွင်းက Luftwaffe လေတပ်စခန်ကနေ Tornado နဲ့ Eurofighter Typhoon တိုက်လေလေယာဉ်နှစ်စီးစလုံးကိုမောင်းနှင်ပြခဲ့ပါတယ်။
သူမဟာ ဂျာမနီနိုင်ငံ၊ Bavaria မြိုံအခြေစိုက် 322nd Squadron လေတပ်စခန်းမှာတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး (၂၀၁၂)ခုနှစ်မှာတော့ သူမဟာ ENJJPT( Euro NATO Joint Jet Pilot Training) မှာသင်တန်းမှူးတစ်ယောက်အဖြစ် အမေရိကန်ပြည်ထောင်စုက 459 th Flying Squadron လေတပ်စခန်းမှာတာဝန်ယူခဲ့ပါတယ်။ ဒါအပြင် (၂၀၁၅)ခုနှစ်အတွင်းမှာ တော့ Eurofighter Typhoonတိုက်လေယာဉ်ကို လေယာဉ်မှူးတစ်ယောက်နေရာ ကနေအကောင်းဆုံးထိန်းချုပ်ပြီး ပျံသန်းပြပြီး အမျိုးသမီးတိုက်လေယာဉ်မှူးဖြစ်လာ ခဲ့ပါတယ်။
(၈) Katie Higgins
အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ Captian တစ်ဦးဖြစ်တဲ့ Katie Higgins ဟာ (၂၀၁၄) ခုနှစ်၊ စက်တင်ဘာလမှာတော့ Blue Angles team လို့ခေါ်တဲ့ အမေရိကန်လေကြောင်း တိုက်ခိုက်ရေးအဖွဲ့ရဲ့ ပထမဆုံး အမျိုးသမီးလေသူရဲဖြစ်လာခဲ့ပါတယ်။သူမဟာ (၂၀၀၈) ခုနှစ်တည်းက Annapolis တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး သူမရဲ့ မာစတာဘွဲ့ကိုတော့ Georgetown တက္ကသိုလ်ကနေ နိုင်ငံတကာလုံခြုံရေးဘာသာရပ်နဲ့ ရယူခဲ့ပါတယ်။
ယင်းနောက်မှာတော့ သူမဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည် နယ်မှာ အခြေစိုက်တဲ့ Naval Air Station Pensacola ရေတပ်စခန်းကနေ တိုက်လေ ယာဉ်မောင်းတစ်ဦးအဖြစ် စတင်သင်ကြားခွင့်ရခဲ့ပါတယ်။ Katie Higginsဟာ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဖြစ်ပြီး ကလေး(၂)ယောက်ရဲ့ မိခင်လည်းဖြစ်ပါတယ်။ တိုက်လေယာဉ်မှူးအဖြစ် တိုက်ပွဲပေါင်းများစွာတိုက်ခိုက်ခဲ့ပြီး မှတ်တမ်းကောင်းများစွာထားရှိခဲ့နိုင်သူ တစ်ဦးဖြစ်ပါတယ်။
(၇) Yu Xu
Yu Xuကိုတော့ (၁၉၈၆)ခုနှစ်က တရုတ်နိုင်ငံ Sichuan ပြည်နယ်ရဲ့မြို့တော် Chengdu မှာ (၁၉၈၆)ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သူမဟာတရုတ်နိုင်ငံထုတ် Chengdu J-10 တိုက်ခိုက်ရေးဂျက်လေယာဉ်ကိုမောင်းနှင်ပြပြီး တရုတ်နိုင်ငံရဲ့ပထမဆုံးသော လေသူရဲ့ လက်မှတ်ရအမျိုးသမီးအဖြစ်မှတ်တမ်းဝင်ထားသူပါ။ Yu Xu ဟာ တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ရဲ့ လေယာဉ်မောင်းသင်တန်းကို သင်တန်းသူတစ်ဦးအဖြစ် (၂၀၀၅)ခုနှစ်ကတက်ရောက်ခဲ့ပြီး (၂၀၀၉)ခုနှစ်မှာ ဘွဲ့ရခဲ့ပါ တယ်။
Yu Xuဟာ August 1 st လို့အမည်ရတဲ့ တရုတ်လေတပ်ရဲ့ အလှပြလေယာဉ် တပ်ခွဲရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ လေယာဉ်မောင်းပညာ အလွန်ကျွမ်းကျင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ Yu Xuဟာ (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာ(၁၂)ရက်နေ့က Hebei ပြည်နယ်၊ Tangshan မြို့အနီးမှာ ပြုလုပ်ခဲ့တဲ့ လေယာဉ်အလှပြလေ့ကျင့်ခန်းတစ်ခုမှာ မတော်တဆမှုနဲ့ သေဆုံးခဲ့ရပါတယ်။
(၆) Carey Lohrenz
Carey Lohrenz ကိုတော့ Racine မြို့မှာမွေးဖွားခဲ့တာဖြစ် ပြီး အမရိကန်သမိုင်းမှာတော့ F-14 Tomcat တိုက်လေယာဉ်ကိုမောင်းနှင်ပြီး ပထမဆုံး သောအမေရိကန်လေတပ်ရဲ့တိုက်လေယာဉ်မှူးအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ (၁၉၉၀)ခုနှစ်လောက်က Wisconsin တက္ကသိုလ်ကနေဘွဲ့ရခဲ့သူဖြစ်ပြီး နောက် တစ်နှစ်မှာတော့ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Naval Air Station Pensacola ရေတပ် အခြေစိုက်စခန်းမှာရှိတဲ့ Aviation Officer Candidate လေယာဉ်မောင်းသင်တန်း ကျောင်းကနေ သင်တန်းဆင်းခဲ့ပါတယ်။
သူမတက်ရောက်ခဲ့တဲ့ Aviation Officer Candidate School ဟာကမ္ဘာထိပ်တန်းလေယာဉ်မောင်းသင်တန်းကျောင်းဖြစ်ပြီး Carey Lohrenzဟာ ဂျက်တိုက်လေယာဉ်မောင်းနှင်ခြင်းကိုတော့ Texas ပြည်နယ်မှာရှိတဲ့ Naval Air Station Kingsville မှာထပ်မံဆည်းပူးခဲ့ရပါတယ်။ Carey Lohrenz ဟာ တိုက်လေယာဉ်မှူးအဖြစ် F-14 ရေတပ်သင်္ဘောအုပ်စုနဲ့ ကယ်လီယိုဖိုး နီးယားအခြေစိုက် Naval Air Station Miramar ရေတပ်စခန်းမှာတာဝန်ထမ်း ဆောင်ဖို့ အမိန့်ကျခဲ့ပါတယ်။ သူမတို့တိုက်လေယာဉ်အုပ်စုမတိုင်က ဒီရေတပ်စခန်းမှာတာဝန်ကျ ခဲ့တဲ့ လေသူရဲအုပ်စုကတော့ ကိုရီးယားစစ်ပွဲတစ်လျှောက်ပါဝင်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ပစိဖိတ်ရေတပ်ရဲ့ VF-124အဖွဲ့ ဖြစ်ပါတယ်။
(၅) Mariam Al-Mansouri
ယူအေအီးနိုင်ငံမြို့တော် Abu Dhabi မှာမွေးဖွားခဲ့တဲ့ Mariam Al-Mansouri ယူအေအီး လေတပ်မတော်ရဲ့ ပထမဆုံးသော အမျိုးသမီးတိုက်လေယာဉ်မှူးဖြစ်သလို အာရပ် ကမ္ဘာရဲ့အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ မျက်နှာစာကိုဖွင့်လှစ်ပေးခဲ့သူလို့ ဆိုရင်လည်း မမှားပါဘူး။
သူမဟာ (၂၀၀၇)ခုနှစ်က ယူအေအီးလေတပ်ကဖွင့်လှစ်ထား တဲ့ Khalifa bin-Zayed Air College ကိုတက်ရောက်ခွင့်ရရှိခဲ့ပြီး အမျိုးသားတွေထက် ပိုမိုသာလွန်တဲ့အနေအထားကနေ လေယာဉ်မောင်းလက်မှတ်ရယူနိုင်ခဲ့သူပါ။ (၂၀၁၄) နှစ်ကုန်ပိုင်းလောက်မှာတော့ သူမဟာ F-14 Fighting Falcon Block 60 ဂျက်တိုက်လေယာဉ်နဲ့ ယူအေအီးလေတပ်ကိုဦးဆောင်ကာ ဆီးရီးယားက ISIS အကြမ်းဖက်စစ်စခန်းများစွာကို ချေမှုန်းခဲ့သူဖြစ်ပါတယ်။
လေကြောင်းကနေပစ်ကူပေး ခြင်းအပါအဝင် များစွာသော ISIS စစ်အခြေစိုက်စခန်းများစွာကို ဝေဟင်ကနေ တိုက်ခိုက်ပေးခဲ့နိုင်တာကြောင့် Mariam Al-Mansouriဟာ အထူးနာမည်ကျော်ခဲ့ပါ တယ်။ ဒါအပြင် အာရပ်အမျိုးသမီးထုကြားမှာလည်း အမျိုးသမီးတွေလည်း အရည်အသွေးပြည့်ဝပါက တိုက်လေယာဉ်မောင်းသူအပါအဝင်နိုင်ငံရဲ့အရေးပါတဲ့နေရာ တွေမှာ တာဝန်ထမ်းဆောင်နိုင်တယ်ဆိုတဲ့ အိမ်မက်ကိုဖန်တီးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
(၄) Patricia Yapp
အရှေတောင်အာရှရဲ့ပထမဆုံးသော အမျိုးသမီးလေသူရဲဖြစ်တဲ့ Patricia Yapp ဟာ မလေးရှားနိုင်ငံသူဖြစ်ပြီး ရုရှားနိုင်ငံထုတ် MiG-29ဂျက်တိုက်လေယာဉ်ကိုမောင်းနှင် အစွမ်းပြခဲ့သူဖြစ်ပါတယ်။ သူမဟာ RMAF လို့သိကြတဲ့ မလေးရှားတော်ဝင်လေတပ်မတော်ရဲ့ သမိုင်းမှာလည်း ပထမဆုံးသောအမျိုးသမီးလေသူရဲဖြစ်ပြီး မလေးရှားနိုင်ငံ အရှေပိုင်း၊ ဆာဘားပြည်နယ်ထဲက Sandakan မြို့မှာကြီးပြင်းခဲ့သူဖြစ်ပါတယ်။
(၂၀၀၀) ပြည့်နှစ်မှာတော့ Patricia Yappဟာ Universiti Teknologi Malaysia ကနေ Aeronautical Engineering (လေယာဉ်တည်ဆောက်ခြင်းနှင့်ပျံသန်းမှုလေ့လာပညာ ရပ်)နဲ့ Diploma ရယူခဲ့ပြီး (၂၀၀၂)ခုနစ်မှာတော့ လေယာဉ်မောင်းလက်မှတ်ရယူနိုင်ခဲ့ ပါတယ်။ သူမဟာ ဂျက်တိုက်လေယာဉ်မှူးအဖြစ်ကိုပဲရွေးချယ်ခဲ့ပြီး Aermacchi MB-339 ကိုအသုံးပြုပြီး(၄)နှစ်ကြာ ပျံသန်းခဲ့မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ ရုရှားနိုင်ငံထုတ် MiG-29N Fulcrum ကိုအသုံးပြုပြီးKuantan မှာရှိတဲ့ No 17/19 Squardron လေတပ်အုပ်စုတွေကို ဦးဆောင်ပျံသန်းမှုတွေကို ပြုလုပ်လျက်ရှိပါတယ်။
(၃) Captain Kim Campbell
Captain Kim Campbellဟာ အမေရိကန်ပြည် ထောင်စု ဟာဝိုင်အီမှာရှိတဲ့ ဟိုနိုလူလူမြို့ဇာတိဖြစ်ပြီး (၁၉၇၅)ခုနှစ်၊ဇွန်လ(၆)ရက်နေ့ကမွေးဖွားခဲ့ပါတယ်။ သူမဟာ (၂၀၀၃)ခုနှစ်က USAF လို့သိကြတဲ့ အမေရိကန်လေတပ်ရဲ့အထူးရွေးချယ်ထားတဲ့ အမျိုးသမီး(၅၀)ဦးအနက်ကတစ်ဦးအပါအဝင်ဖြစ်ပြီး အမေရိကန်လေတပ် အကယ်ဒမီ ကနေ သိပ္ပံနည်းပညာဆိုင်ရာဘွဲ့ကို (၁၉၉၇)ခုနှစ်ကတည်းက ရယူထားသူဖြစ်ပါ တယ်။
ဒါအပြင်သူမဟာ ဗြိတိန်ရီးဒင်းတက္ကသိုလ် ကနေ နိုင်ငံတကာလုံခြုံ ရေးဆိုင်ရာဘွဲ့လက်မှတ်၊ Imperial College London ကနေမဟာစီးပွားရေးဆိုင်ရာ စီမံခန့်ခွဲ မှု (MBA) ဘွဲ့ကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သူမဟာ A-10 ဂျက်တိုက်လေယာဉ်ကိုစီးနှင်းပြီး အမေရိကန်လေတပ်ရဲ့ (75 FS) တိုက်ခိုက်ရေးလေယာဉ်အုပ်စုနဲ့ အတူ အီရတ်စစ်ပွဲကာလအတွင်း တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။ (၂၀၀၃)ခုနှစ်၊ဧပြီ(၇)ရက်နေ့ကဘဂ္ဂဒတ်မြို့တွင်းတိုက်ပွဲတစ်ခုမှာ တော့Campbellဟာ ပိတ်မိနေတဲ့ အမေရိကန်ခြေလျင်တပ်တွေကိုထောက်ကူပေးရတဲ့ စစ်ဆင်ရေး မှာပါဝင်လာခဲ့ရပါတယ်။
အဲဒီတိုက်ပွဲမှာပဲ Campbellစီးနှင်းလာတဲ့ A-10 ဂျက်တိုက်လေယာဉ်ဟာ ရန်သူရဲ့ လေယာဉ်ပစ်အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ယင်းအခိုက်အတန့်ဟာ လေသူရဲတစ်ယောက်အတွက် အခက်ခဲဆုံးသော အခြေအနေဖြစ်ပေမဲ့ Campbellကတော့ သူမကိုပေးအပ်ထားတဲ့စစ်ဆင်ရေး တာဝန်ကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် တိုက်လေယာဉ်ကိုလည်း ဘေးကင်းကင်းနဲ့ အခြေစိုက်စခန်းဆီရောက်အောင် မောင်းနှင်နိုင်ခဲ့ပါတယ်။ Campbellရဲ့ထူးချွန်တဲ့ စွမ်းဆောင်ရည်ကြောင့် အမေရိကန်စစ်တပ်ကပေးအပ်တဲ့ ဂုဏ်ပြုဆုတံဆိပ်ဖြစ်တဲ့ Distinguished Flying Cross ဆိုကိုပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
(၂) Jammie Jamieson
အမေရိကန်လေတပ်ရဲ့ Lockheed Martin F-22 Raptor တိုက်လေယာဉ်ဟာ နောက်ဆုံးပေါ်နည်းပညာတွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး ရေဒါနဲ့ဖမ်းယူနိုင်ခြင်း မပြုနိုင်တဲ့နည်းပညာအပါအဝင် အင်ဂျင်(၂)လုံးတပ်တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ် မျိုးဖြစ်ပါတယ်။ F-22 Raptor ဂျက်တိုက်လေယာဉ်တစ်စီးရဲ့တန်ဖိုးဟာ အမေရိကန် ဒေါ်လာသန်း(၁၅၀)လောက်တန်ကြေးရှိပါတယ်။
အမေရိကန်လေတပ်ရဲ့အထူးထုတ် အဲဒီ ဂျက်တိုက် လေယာဉ်ကိုစီးနှင်းမောင်းနှင်ခွင့်ရဖို့အလေးသာနေသူ ပထမဆုံး အမျိုးသမီး လေယာဉ်မှူးကတော့ Jammie Jamieson ဖြစ်ပြီး Tacoma မှာ (၁၉၈၂) ခုနှစ်က မွေးဖွားပြီး Prosser မှာကြီးပြင်းခဲ့သူဖြစ်ပါတယ်။ (၁၉၉၆)ခုနှစ်မှာတော့ သူမဟာ အမေရိကန်လေတပ်အကယ်ဒမီကိုတက်ရောက်ခွင့်ရရှိခဲ့ပြီး (၂၀၀၀)ပြည့်နှစ်မှာတော့ ယင်းသင်တန်းကျောင်းရဲ့ ပြန်တမ်းဝင်ဝန်ထမ်းတစ်ယောက်အဖြစ် ပြန်ခန်ခန့်အပ်ခြင်း ကိုခံခဲ့ရပါတယ်။
(၂၀၀၂)ခုနှစ်မှာတော့ Jammie Jamiesonဟာ ဟားဗတ်တက္ကသိုလ် ကနေနိုင်ငံလုံခြုံရေးနှင့်စီးပွားရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ကိုရယူနိုင်ခဲ့သူ ဖြစ်ပြီး ယင်းနှစ် မှာပဲ တိုက်လေယာဉ် F-15C နဲ့အတူအခြေခံတိုက်လေယာဉ်မောင်းနှင်ခြင်းထရိန်နင် ကို Tyndall လေတပ်စခန်းမှာအောင်မြင်ခဲ့ပါတယ်။ သူမဟာ Alaska ပြည်နယ်မှာ ဂျက်တိုက်လေယာဉ် F-15C ကိုအသုံးပြုပြီး(၃)နှစ်ကြာပျံသန်းမှုတွေပြုလုပ်ပြီးတဲ့ နောက် (၂၀၀၈)ခုနစ်မှာ Tyndall လေတပ်စခန်းမှာပြုလုပ်ခဲ့တဲ့ F-22A အတွက် ပြုလုပ် တဲ့ Transition Qualification Course ကိုအောင်မြင်ခဲ့ပါတယ်။
(၁) Lt. Col Christine Mau
ယနေ့အချိန်ထိပေါ်ပေါက်ခဲ့တဲ့ အမျိုးသမီးလေယာဉ်မှူးများစွာအနက်က အထူးချွန်ဆုံး လို့သတ်မှတ်ခံထားရတာကတော့ Lt. Col Christine Mau ပဲဖြစ်ပါတယ်။ သူမဟာ F-35A ဂျက်တိုက်လေယာဉ်ကိုမောင်းနှင်ပြပြီး အခြားအမျိုးသား(၈၆)ဦးနဲ့အတူ အမေရိကန်လေတပ်ရဲ့ လက်ရွေးစင် တိုက်လေယာဉ် မှူးဖြစ်လာခဲ့ပါတယ်။
အမေရိကန်လေကြောင်းသမိုင်းမှာ F-35Aဂျက်တိုက်လေယာဉ်ကိုစီးနှင်း ပျံသန်းတဲ့ ပထမဆုံးသော အမျိုးသမီးလေယာဉ်မှူးတစ်ဦးဖြစ်ရုံသာမက အမေရိကန်သမိုင်းမှာ ပထမဆုံးသော စစ်မြေပြင်ကိုသွားရောက်တိုက်ပွဲဝင်ခဲ့တဲ့ လေသူရဲတစ်ယောက်အဖြစ် လည်းနာမည်ကျော်ပါတယ်။ (၂၀၁၁)ခုနှစ်မှာတော့ သူမဟာအာဖဂန်နစ္စတန်ကို သွားရောက်ပြီး တာလီဘန်တွေကိုတိုက်ခိုက်ရမဲ့ လေသူရဲစာရင်းမှာပါဝင်လာခဲ့ပါတယ်။ သူမဦးဆောင်တဲ့အမျိုးသမီးသီးသန့်ပါဝင်တဲ့ လေကြောင်းတိုက်ခိုက်ရေးတပ်ခွဲဟာ F-15E Strike Eagle တိုက်လေယာဉ်တွေကိုအသုံးပြုပြီး အာဖဂန်နစ္စတန်နဲ့ပါကစ္စတန် နယ်စပ်မှာရှိတဲ့ Kunar တောင်ကြားက တာလီဘန်စစ်သွေးကြွတွေကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။
ဒါအပြင် တာလီဘန်တွေရဲ့ အခြေစိုက်စခန်းများစွာနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်းတားဆီးခဲ့တဲ့ဖြစ်ရပ်တွေမှာ Lt. Col Christine Mau ရဲ့စွမ်းဆောင်ရည်ဟာ အမေရိကန်ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တွေကိုယ်တိုင် သတိထားစရာဖြစ်ခဲ့ပါတယ်။ယခုအချိန်မှာတော့ Lt. Col Christine Mauဟာ ဖလော်ရီဒါအခြေစိုက် Eglin Air Force လေတပ်စခန်းလက်အောက်ခံ 33rd Operations Group ရဲ့ဒုတိယဗိုလ်မှူးကြီးရာထူးနဲ့ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
သုတဇုန်
Discussion about this post