Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၂၀ ရာစု တရုတ်နိုင်ငံအား ပြန်လည်ထူထောင်ခဲ့သူ (သို့) ဥက္ကဌကြီးမော်

by Thutamm
August 12, 2019
Reading Time: 1min read
0
၂၀ ရာစု တရုတ်နိုင်ငံအား ပြန်လည်ထူထောင်ခဲ့သူ (သို့) ဥက္ကဌကြီးမော်
Share on FacebookShare on Twitter

ရေးသားသူ – Academy Page

မော်စီတုံးသည် ၂၀ -ရာစုခေတ် တရုတ်နိင်ငံကို ပြန်လည်ထူထောင်သည့် အဓိကပုဂ္ဂိုလ်ဖြစ်ပြီး တရုတ် တော်လှန်ရေး၊ နိုင်ငံရေးနှင့် ကွန်မြူနစ် ခေါင်းဆောင်ဖြစ်သည်။ သူသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ၁၉၄၉ ခုနှစ် စတင်တည်ထောင်ခဲ့ချိန်မှ ၁၉၇၆ ခုနှစ် ကွယ်လွန်သည်အထိ အုပ်စိုးခဲ့သည်။ မာခ်ဝါဒ-လီနင်ဝါဒနှင့် စပ်လျဉ်း၍ သူရေးသားခဲ့သော သီအိုရီများ၊ စစ်ရေးဗျူဟာများနှင့် မူဝါဒများကို ယနေ့တွင် မော်ဝါဒဟု လူသိများသည်။

ငယ်ဘဝ

မော်စီတုံး ကို ဟူနန်ပြည်နယ် Shaoshan ဒေသမှ ကျေးရွာငယ်ကလေးတွင် ၁၈၉၃ – ခုနှစ် ဒီဇင်ဘာ ၂၆ -ရက်နေ့အချိန်က ဆင်းရဲသည့် လယ်သမားမိဘ များမှမွေးဖွားခဲ့သည် ။ ၁၉၁၁ – ခုနှစ်တွင် ပြည်နယ်မြို့တော် Changsha သို့ပြောင်းရွှေ့ခဲ့ပြီး တရုတ်ပြည် လွတ်မြောက်ရေးတပ်မတော် သို့ဝင်ရောက်စစ်မှုထမ်းခဲ့သည် ။

၁၉၁၁ – ခုနှစ်မှာပင် တရုတ်ပြည်လွတ်မြောက်ရေးတပ်မတော်သည် Qing dynasty မင်းဆက်အား ဖယ်ရှားနိင်ခဲ့ ကာ ခေတ်သစ် တရုတ်နိင်ငံ ကိုစတင်ဖြစ်ပေါ်စေခဲ့သည် ။ မော်စီတုံးသည် Changsha ဒေသ တွင် နေထိုင်စဉ်မှစတင်ကာ ကွန်မြူနစ် စာပေများကိုလေ့လာခဲ့ သည် ။ ၁၉၁၈ – ခုနှစ်တွင် Changsha မြို့ရှိ ဟူနန်ဆရာဖြစ်ကျောင်းမှ ဘွဲ့ရရှိခဲ့ပြီးနောက် တရုတ်မြို့တော် ပီကင်း သို့ရောက်ရှိလာခဲ့ကာ ပီကင်းတက္ကသိုလ်စာကြည့်တိုက် တွင် အမှုထမ်းခဲ့သည် ။

မော်စီတုံးသည် ထိုစာကြည့်တိုက်တွင်ဖွဲ့စည်းထားသည့် “ မာတ်စ် ” နိင်ငံရေး နှင့်လူမှုရေး အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး “ မာတ်စ် ” ကွန်မြူနစ် အယူဝါများကို လေ့လာခဲ့သည် ။ မော်စီတုံးသည် ၁၉၁၉ – ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် တရုတ်ကျောင်းသားလှုပ်ရှားမှု “ May Fourth Movement” အရေးအခင်းအချိန်က လူအများ စိတ်ခွန်အားတက်ကြွစေသည့် စာပေများကို ရေးသား ထုတ်ဝေခဲ့သည် ။ မော်စီတုံးသည် ပီကင်းတွင် ပထမဇနီး တက္ကသိုလ်ကျောင်းသူ Yang Kaihui နှင့်တွေ့ဆုံပြီး လက်ထပ်ခဲ့သည် ။

သြဇာပါဝါ မြင့်တက်လာခြင်း

၁၉၂၀ – အချိန်တွင်မော်စီတုံးသည် Changsha ဒေသ သို့ပြန်လာခဲ့ပြီး ဟူနန် ပြည်နယ်၏ ဒီမိုကရက်တစ် အစိုးရ ပြုတ်ကျရေးအတွက် လှုပ်ရှားမှုများကို ဦးဆောင်ကာပြုလုပ်ခဲ့သည် ။ ၁၉၂၁ – အချိန်တွင် သူသည်ရှန်ဟိုင်းဒေသ သို့သွားရောက်ကာ တရုတ်နိင်ငံ၏ “ မာတ်စ် ” နိင်ငံရေး နှင့် လူမှုရေး အဖွဲ့ခေါင်းဆောင် Li Dazhao ၊ Chen Duxiu တို့နှင့်တွေ့ဆုံကာ “တရုတ်ပြည်ကွန်မြူနစ်ပါတီ (CCP)” ဖွဲ့စည်းထူထောင်ရေး တင်ပြဆွေးနွေးခဲ့သည် ။

ထို့နောက်မော်စီတုံးသည် “တရုတ်ပြည်ကွန်မြူနစ်ပါတီ” ပါတီ၏ဟူနန် ဌာနခွဲကိုထူထောင်ကာ အလုပ်သမားများကို စည်းရုံးပြီး ပြည်နယ်အစိုးရပြုတ်ကျရေး ဆန့်ကျင်လှုပ်ရှားမှုများကို လုပ်ဆောင် ခဲ့သည် ။ ထိုအချိန်က တရုတ်နိင်ငံမြောက်ပိုင်းဒေသ အများအပြား အား warlords ခေါ်စစ်ခေါင်းဆောင်များမှ အုပ်ချုပ်နေချိန်ဖြစ်သည် ။

၁၉၂၃ – ခုနှစ်တွင် warlords များပြုတ်ကျခဲ့ပြီး နောက် “ ဆွန်ယက်ဆင်” ခေါင်းဆောင်သည့် “ကူမင်တန် ပါတီ”သည် “တရုတ်ပြည်ကွန်မြူနစ်ပါတီ” နှင့် ပူးပေါင်းကာ တရုတ် နိင်ငံအား အုပ်ချုပ်ခဲ့သည် ။ မော်စီတုံးသည် “ ကူမင်တန်ပါတီ” နှင့် ပူးပေါင်းကာ ဗဟို ကော်မတီ တွင် အမှုထမ်းခဲ့သည် ။ သို့သော်လည်း သူသည် “တရုတ်ပြည်ကွန်မြူနစ်ပါတီ” ၏ အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည် ။

၁၉၂၅ – ခုနှစ်တွင် သူသည် သူ၏ဇာတိမြို့Shaoshan တွင် “ တောင်သူလယ်သမားသမဂ္ဂ”ကို ဖွဲ့ စည်းခဲ့သည် ။ ၁၉၂၅ – ခုနှစ်တွင် “ ဆွန်ယက်ဆင်” ကွယ်လွန်ပြီးနောက် “ချန်ကေချိတ်” မှာ ကူမင်တန်ပါတီ ခေါင်းဆောင်ဖြစ်လာခဲ့သည် ။ ၁၉၂၆ – ခုနှစ်တွင်မော်စီတုံးသည် “တရုတ်ပြည်ကွန်မြူနစ်ပါတီ” နှင့် ကူမင်တန် ပါတီ နှစ်ခုလုံး၏ တောင်သူလယ်သမားသမဂ္ဂ တွင် အုပ်ချုပ်သည့် အမှုဆောင်တဦးဖြစ်လာခဲ့သည် ။

၁၉၂၇ – ခုနှစ်တွင် မော်စီတုံးမှ “ဟူနန် ပြည်နယ်တွင် တောင်သူ လယ်သမားများသည်အဓိက အင်အားစုဖြစ်သည်” ဆိုသည့် အစီရင်ခံစာတခုကိုရေးသားခဲ့သည် ။ သို့သော် မာတ်စ် အယူအဆ အရ အလုပ်သမား များသည်အဓိက အင်အားစုဖြစ်သဖြင့် မော်စီတုံး၏ အမြင်အား “တရုတ်ပြည်ကွန်မြူနစ်ပါတီ” နှင့် ” ကူမင်တန် ပါတီ” နှစ်ခုလုံးမှ လက်မခံ ကြပေ ။

၁၉၂၇ – ခုနှစ်တွင် “တရုတ်ပြည်ကွန်မြူနစ်ပါတီ” နှင့် “ ကူမင်တန် ပါတီ” ပူးပေါင်းမှုအဆုံးသတ်ပြီး ခွဲထွက်သွားခဲ့ကာ ကွန်မြူနစ်လှုပ်ရှားမှု ပေါ်ပါက်လာခဲ့သည် ။ ထိုအခါ မော်စီတုံးသည် ဟူနန်ပြည်နယ်မှ လယ်သမားတပ်များကိုဦးဆောင်ကာ ကူမင်တန် တပ်များကိုဆန့်ကျင်တိုက်ခိုက်ခဲ့သည် ။ မော်စီတုံး၏ တပ်များစစ်ပွဲတချို့ အောင်နိင်ပြီးနောက် ၁၉၂၉ – ခုနှစ်တွင် Jiangxi ပြည်နယ်ရှိ တောင်တန်းဒေသ သို့ပြန်လာခဲ့သည် ။ ထိုဒေသတွင် ဆိုဗီယက် တို့၏အကူအညီဖြင့် Jiangxi Soviet အမည်ရ အခြေစိုက်စခန်းတခုကိုထူထောင်ခဲ့သည် ။

ထို့နောက်မော်စီတုံးသည် စစ်သည်များကို စုစည်းကာ Red Army ( တပ်နီ ) အမည်ရ ကွန်မြူနစ် ပြောက်ကျား စစ်တပ် ကို ထူထောင်ခဲ့သည် ။ မော်စီတုံးသည် ဗိုလ်ချုပ် Zhu De နှင့်အတူ တပ်နီ တပ်ဖွဲ့ကိုဦးဆောင်ကာ လယ်သမားများကို စုစည်းပြီး ကူမင်တန်တပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည် ။ စစ်ပွဲများအတွင်း မော်စီတုံး၏ ပထမဇနီးအား ကူမင်တန် တပ်များမှ ဖမ်းဆီး သတ်ဖြတ်ခဲ့သည် ။ ထို့နောက် Jiangxi ဒေသ ၌ နေထိုင်စဉ်မှာပင် မော်စီတုန်းသည် He Zizhen အမည်ရ ဒုတိယ ဇနီးကိုလက်ထပ်ယူခဲ့သည် ။

၁၉၃၄ – ခုနှစ်တွင် ချန်ကေချိပ်အစိုးရသည် ကွန်မြူနစ်များကြီးစိုးရာ Jiangxi Soviet ဒေသ ကိုဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည် ။ ထိုအခါ မော်စီတုံး နှင့် သူ၏နောက်လိုက်များသည် ” ချန်ကေရှိတ်” တပ်များ၏ ဝိုင်းဝန်းပိုက်ဆို့မှုများကိုဖေါက်ထွက်ကာ မိုင် ၆၀၀ – ခန့်ဝေးသည့် တရုတ်နိင်ငံမြောက်ပိုင်း Shaanxi ပြည်နယ် Yan’an မြို့ အနီး ရှိကွန်မြူနစ် အခြေစိုက်စခန်းထိချီတက် ဆန္ဒပြခဲ့ကြသည် ။ ထိုချီတက်ရာလမ်းလမ်းတွင် တောင်ပိုင်းဒေသရှိ Zunyi မြို့၌ ရပ်နားကာ “တရုတ်ပြည်ကွန်မြူနစ်ပါတီ” ၏ အနာဂါတ်အား ကွန်မြူနစ်ခေါင်းဆောင်များတွေ့ဆုံကာဆွေးနွေးမှုပြုခဲ့ကြသည် ။

Zunyi ကွန်ဖရင့်သည် မော်စီတုံး ဘဝ၏ အလှည့်အပြောင်းတခုဖြစ်ပြီး “တရုတ်ပြည်ကွန်မြူနစ်ပါတီ” ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည် ။ ထိုဆန္ဒဖေါ်ထုတ်သည့် ခရီးရှည်လမ်းလျှောက်ပွဲ သည် ၁၉၃၄ – အောက်တိုဘာလ မှ ၁၉၃၅ – အောက်တိုဘာလအထိ ကြာရှည်ခဲ့ပြီး တရုတ်သမိုင်းတွင် Long March ဟုထင်ရှားသည် ။ ထိုဆန္ဒဖေါ်ထုတ်ပွဲအပြီး မော်စီတုံး၏ သြဇာအာဏာ ကြီးထွားလာခဲ့လာခဲ့သည် ။

မော်စီတုံးခေါင်းဆောင်သည့် ကွန်မြူနစ်များသည် Yan’an စခန်းမှနေ၍ ၁၉၃၁ – အချိန်က မန်ချူးများ၏ ကျူးကျော်မှု ၊ ၁၉၃၇ – အချိန်က ဂျပန်တို့၏ ကျူးကျော်မှု များကိုလည်း ခုခံ ကာကွယ်ခဲ့ကြသည် ။ နောက်ပိုင်း “တရုတ်ပြည်ကွန်မြူနစ်ပါတီ” သည်တောင်သူလယ်သမားများကို စည်းရုံးနိင်ခဲ့ကာ တပ်နီ (Red Army ) သည်လည်း တဖြည်းဖြည်းအင်အားကြီးထွားလာခဲ့သည် ။

၁၉၄၂ – အချိန်တွင် မော်စီတုံးသည် “တရုတ်ပြည်ကွန်မြူနစ်ပါတီ” မှ တချို့လူများ၏ ထောက်ခံမှုကျဆင်းလာသဖြင့် ပါတီတွင်း ပြုပြင်ပြောင်းလဲမှုကိုပြုလုပ်ခဲ့သည် ။ မော်စီတုံးသည် Yan’an ၌ နေထိုင်စဉ်အတွင်း သူ၏ဇနီး He Zizhen နှင့် ကွာရှင်းကာ သရုပ်ဆောင်တဦးဖြစ်သည့် Lan Ping နှင့်လက်ထပ်ခဲ့ပြန်သည် ။

၁၉၄၅ – ခုနှစ် ဒုတိယကမ ္ဘာစစ်အတွင်း ဂျပန်များစစ်ရံှုးလက်နက်ချခဲ့သဖြင့် တရုတ်မြေမှ ဂျပန်များဆုတ်ခွာသွားခဲ့ကြသည် ။ ( ၁၉ -ရာစုအစောပိုင်း အချိန်မှစ၍ ဂျပန် တို့သည် တရုတ်တို့နှင့် စစ်ပွဲ နှစ်ကြိမ်ဆင်နွဲကာ တရုတ်အရှေ့ ဖက် ဒေသ တချို့ကို သိမ်းယူထားခဲ့ကြသည် ။) ထိုအခါ တရုတ်နိင်ငံတွင် “ ကွန်မြူနစ်စစ်တပ်” နှင့် “ကူမင်တန်တပ်” စစ်ဖြစ်ကာပြည်တွင်းစစ် ဖြစ်လာခဲ့သည် ။ ၁၉၄၉ – ခုနှစ်တွင် လယ်သမားအများစု ထောက်ခံမှရရှိထားသည့်
“ ကွန်မြူနစ်တပ်နီ” များမှ “တရုတ်ဖြူကူမင်တန်” များကို အနိင်ရရှိခဲ့သည် ။

၁၉၄၆ ခုနှစ် နွေဦးတွင် ကွန်မြူနစ်တို့သည် မန်ချူးရီးယားနယ်ကို ထိုးစစ်အကြီးအကျယ် ဆင်ကြလေသည်။ ၁၉၄၇ ခုနှစ် မတ်လတွင်ကား တရုတ်နိုင်ငံကြီးမှာ စေ့စပ်၍ မရနိုင်လောက်အောင် နှစ်ခြမ်းကွဲသွားလေသည်။ ၁၉၄၂ ခုနှစ်က တရုတ်ကွန်မြူနစ်ပါတီတွင် လူ ၆ သိန်းမျှသာ ရှိခဲ့သော်လည်း ယခုအခါ ၂ သန်းကျော်နေပြီ ဖြစ်ကြောင်း ဥက္ကဋ္ဌမော်စီတုန်းက ၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် ကြေညာလိုက်လေသည်။ ထိုအချိန်တွင် တရုတ်ကွန်မြူနစ်တို့သည် မန်ချူးရီးယားပြည်၏မြို့တော် မုကဒင်မြို့ကို သိမ်းပိုက်လိုက်ပြီးသော် တရုတ်နိုင်ငံ အလယ်ပိုင်းသို့ ရှေးရှူချီတက်လျက် ရှိကြလေသည်။

၁၉၄၈ ခုနှစ် ကုန်ခါနီးတွင် ကွန်မြူနစ်တို့သည် တရုတ်နိုင်ငံကြီး၏ ၃ ပုံ ၁ ပုံ ကို သိမ်းပိုက်မိကြပြီး ဖြစ်၏။ ၁၉၄၉ ခုနှစ်ထဲသို့ ရောက်သည့်အခါ၌ကား တရုတ်နိုင်ငံကြီး တစ်ခုလုံးမှာ ကွန်မြူနစ်တို့ လက်အောက်သို့ ကျရောက်သွားပြီးလျှင်၊ ချန်ကေရှိတ်အစိုးရအဖွဲ့မှာ ဖော်မိုဆာ ကျွန်းကလေးပေါ်သို့ ထွက်ပြေး ကြရလေသည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်ကို တည်ထောင်လိုက်ကြလေသည်။ မော်စီတုန်းသည် ဗဟိုအစိုးရအဖွဲ့ ဥက္ကဋ္ဌ (သမ္မတ) အဖြစ်တင်မြှောက်ခြင်း ခံရလေသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့လေသည်။ နောက်ဆုံးကွန်မြုနစ်တို့သည် ၁၉၄၉ – ခု အောက်တိုဘာ ၁ -ရက်နေ့တွင် ပီကင်းရှိ “တီယန်မင် ရင်ပြင်” ၌ တရုတ်နိင်ငံအား People’s Republic of China အဖြစ် ကြေငြာခဲ့ကြသည် ။

ဥက္ကဌကြီးမော်စီတုံး

မော်စီတုံးခေါင်းဆောင်သည့် “တရုတ်ပြည်ကွန်မြူနစ်ပါတီ” သည် စစ်ပွဲများကြောင့် ဖရိုဖရဲဖြစ်နေသည့် နိုင်ငံရေးကို အဆုံးသတ်နိင်ခဲ့သည် ။ မော်စီတုံးသည် ဆိုဗီယက်ယူနီယံ ၏ တည်ဆောက်ရေးလမ်းစဉ်ကို ပုံတူကူးယူခဲ့သည် ။မော်စီတုံးသည် လယ်သမားများအား လယ်ယာမြေများကိုမျှဝေခဲ့သည် ။ လယ်ယာမြေသစ်များတည်ဆောက်ခြင်း ၊ အိုးအိမ်သစ်များတည်ဆောက်ခြင်း ၊ မြို့ကြီးများတွင် စက်မှုလုပ်ငန်းများ တည်ထောင်ခြင်း စသည်တို့ကို ညွှန်ကြားစေခိုင်းခဲ့သည် ။ ဆိုဗီယက်ယူနီယံမှလည်း တရုတ်နိင်ငံအား အကူအညီများစွာပေးခဲ့သည် ။

ကိုရီးယားစစ်ပွဲ ( ၁၉၅၀-၁၉၅၃ ) အချိန်က မော်စီတုံးသည် အမေရိကန်ပြည်ထောင်စု၏ရန်သူဖြစ်သည် ။ ထိုကိုရီးယားစစ်ပွဲအတွင်း တရုတ်လူမျိုး ၁ -သန်းခန့်သေဆုံးခဲ့ပြီး ထိုအထဲတွင် မော်စီတုံး၏သား Mao Anying လဲပါဝင်ခဲ့သည် ။ မော်စီတုံးသည် တရုတ်နိုင်ငံရေးတွင် ရန်သူများဝင်ရောက်မှုကိုရင်ဆိုင်ခဲ့ရပြီးနောက် နိုင်ငံရေးသစ္စာဖေါက်များ ၊ အကျင့်ပျက်ချစားမှုများစွာကိုလည်းဖြေရှင်းခဲ့ရသည် ။

၁၉၅၇ – ခုနှစ်တွင် မော်စီတုံးသည်ပြည်သူများ၏အမြင်များ ၊ အကြံဉာဏ်များကို ၊ ဝေဖန်စာများကို တောင်းခံသည့် “Hundred Flowers” လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည် ။ ၁၉၅၈ – ခုနှစ် စီးပွားရေး နှင့် နိုင်ငံရေး စီမံကိန်းများကိုဖေါ်ဆောင်ရန် Great Leap Forward စီမံကိန်းကို ရေးဆွဲခဲ့သည် ။ မော်စီတုံး မှ နှစ်အနည်းငယ်အတွင်း တရုတ်နိင်ငံ၏စီးပွားရေးသည် တိုးတက်ဖွံ့ဖြိုးလာခဲ့သည်ဟု ကြေငြာခဲ့သော်လဲ ၊ ကြေငြာချက်များမှာ မှားယွင်းသည့်ကြေငြာချက်များသာဖြစ်ခဲ့သည် ။

ထိုနှစ်များအတွင်း သီးနှံ အထွက်ကျဆင်းကာ တရုတ်လူမျိုးသန်းချီမှာအစာရေ စာရှားပါးကာ သေဆုံးခဲ့ရသည် ။ မော်စီတုံး၏ နိင်ငံရေးလမ်းစဉ်များ ကျရှုံးလာခဲ့သည် ။ သို့သော်လည်း မော်စီတုံးသည် အုပ်ချုပ်မှုအာဏာကို ဆက်လက်ရယူပြီး သူလက်အောက်ခေါင်းဆောင် Peng Dehuai ကိုရာထူးမှ ထုတ်ပယ်ခဲ့သည် ။ ၁၉၆၆ – ခုနှစ်တွင် မော်စီတုံးသည် Cultural Revolution ( ယဉ်ကျေးမှုတော်လှန်ရေး ) အမည်ရ တရုတ်နိင်ငံ၏ စီးပွားရေး နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲသည့် လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့သည် ။

မော်စီတုံးသည် သူ၏နိင်ငံရေးပြိုင်ဖက်များကိုတိုက်ခိုက်ရန် လူငယ်များကိုစုစည်းခဲ့သည် ။ ပြည်သူများကို ကွန်မြူနစ် အတွေးအခေါ်ဆိုင်ရာစာအုပ်စာပေ ၊ ဆောင်ပုဒ်များစွာ ဖြင့်စည်းရုံးခဲ့သည် ။ သို့သော်လည်း မော်စီတုံးသည် တရုတ်နိုင်ငံ၏ စီးပွားရေးကိုပြန်လည်မြှင့်တင်နိင်ခြင်းမရှိဘဲ ၁၉၇၆ – ခုနှစ် စက်တင်ဘာလ ၉ -ရက်နေ့တွင် “ ပါကင်ဆန်” ရောဂါဖြင့်သေဆုံးခဲ့သည် ။ ၁၉၇၇ – ခုနှစ် “တရုတ်ပြည်ကွန်မြူနစ်ပါတီ” ပါတီညီလာခံတွင် ( ယဉ်ကျေးမှုတော်လှန်ရေး ) သည် မော်စီတုံးကွယ်လွန်သည့် ၁၉၇၆ – ခုနှစ်တွင် အဆုံးသတ်ခဲ့ကြောင်း ကြေငြာခဲ့သည် ။

မော်စီတုံးကွယ်လွန်ပြီးနောက် သူ့နေရာအား ( တိန့်ရှောင်ဖိန် ) မှ ဆက်ခံခဲ့သည် ။ မော်စီတုံးသည် Great Leap Forward ၊ ယဉ်ကျေးမှုတော်လှန်ရေး စသည့် စီးပွားရေး ၊ နိုင်ငံရေး ဖေါ်ဆောင်မှုများတွင်ရှုံးနိမ့်ခဲ့သည် ။ သို့သော် မော်စီတုံးသည် ဂျပန်ဆန့်ကျင်ရေး တွင် ဦးဆောင်ခဲ့သူဖြစ်ပြီး ၊ တရုတ်နိင်ငံ ထူထောင်သူတဦး အဖြစ် ပြည်သူများ၏ ချစ်ခင်မှု ကိုရရှိခဲ့သူဖြစ်သည် ။ တချို့မှ မော်စီတုံးသည် လူမဆန်သူတဦး အဖြစ်ရှုမြင်ကြသော်လည်း ၊ သူ၏သြဇာ အာဏာ နှင့် အရှိန်အဝါသည် ၂၀ -ရာစုခေတ် ကမ္ဘာ့သမိုင်းတွင် အထင်ရှားဆုံးသူများထဲတွင်ပါဝင်ခဲ့သည် ။

ထို့ကြောင့်တရုတ်နိင်ငံတွင် သူ၏ အထိမ်းအမှတ် အာဇာနည်ရုပ်ထုအား ပီကင်းရှိ “တီယန်မင်” ရင်ပြင်တွင်ပြုလုပ်ကာ ဂုဏ်ပြုထားကြသည် ။

မော်စီတုံးရဲ့ ရုပ်အလောင်း

၁၉၇၆ ခုနှစ် စက်တင်ဘာ ၉ ရက်မှာ ကွယ်လွန်ခဲ့တဲ့ တရုတ်တော်လှန်ရေး ခေါင်းဆောင်ရဲ့အလောင်းကို တာရှည်ခံအောင် ဆေးစီရင်ပြီး ၁၉၇၇ ခုနှစ် ကတည်းက ပြသထားတာဖြစ် ပါတယ်။ မော်စီတုန်းရဲ့အလောင်းကို ပေကျင်းမြို့ တီယန်မင် ရင်ပြင်မှာ ရှိတဲ့ မော်စီတုန်း အ မှတ်တရ ခန်းမထဲက မှန်ခန်း တစ်ခုထဲမှာ ထည့်ထားပါတယ်။

တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာရဲ့ ဖော်ပြချက်တွေအရ မော်စီတုန်းရဲ့ အလောင်းကို ဖော်မလင်နဲ့ တခြား ထိန်းသိမ်းရေး အရည်တွေထဲ စိမ်ပြီး ထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီကနေ့ မှာတော့ မော်စီတုန်းရဲ့အလောင်းကို အရည်တွေထဲမှာ စိမ်ထားတာ မတွေ့ရတော့ပါဘူး။ မော်စီတုန်းဂူဗိမာန်ကို ပိတ်လိုက်ပြီးတဲ့နောက် အပူချိန်နိမ့်အောင် ပြုလုပ်ထားတဲ့ ကွန်တိန်နာတစ်ခုထဲမှာ အလောင်းကိုထားပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

Academy Page

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
ဓါးပြတစ်ယောက်ရဲ့ နှလုံးသား

ဓါးပြတစ်ယောက်ရဲ့ နှလုံးသား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!