Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၂၀ ရာစုရဲ့ အကျော်ကြားဆုံး အနုပညာရှင်ကြီး ပီကာဆို

by Thutamm
December 22, 2019
Reading Time: 1min read
0
၂၀ ရာစုရဲ့ အကျော်ကြားဆုံး အနုပညာရှင်ကြီး ပီကာဆို
Share on FacebookShare on Twitter

ရေးသားသူ – Academy Page

ပီကာဆိုသည် ၂၀ -ရာစုခေတ်၏ အထင်ရှားဆုံး အနုပညာရှင်တဦး ဖြစ်သည် ။ သူသည် အသက် ၉၀ – ကျော်အထိ နေထိုင်သွားခဲ့သူတဦးဖြစ်ပြီး သူ့ဘဝတလျောက်လုံး ပန်းချီအနုပညာစတိုင် အများအပြား ရေးဆွဲခဲ့သူဖြစ်သည် ။ မျဉ်းများ ၊ ထောင့်များ ကိုအခြေခံပြီး ရေးဆွဲသည့် cubism ဟု ခေါ်သော ပန်းချီစတိုင်သစ်ကို ချပြခဲ့သည် ။

ငယ်ဘဝ

နာမည်အရင်းမှာ Pablo Ruiz Picasso ဖြစ်ပြီး သူ့အား ၁၈၈၁ – ခုနှစ် အချိန်က စပိန်နိုင်ငံ မာလာကာဒေသတွင် မွေးဖွား ခဲ့သည် ။ သူ၏ ဖခင်မှာလည်း ပန်းချီဆရာတဦး ဖြစ်ကာ ဖခင်ထံမှပန်းချီပညာကို စတင်သင်ယူခဲ့သည် ။ ငယ်စဉ်က စပိန်အနုပညာ အကယ်ဒမီ ကျောင်းတွင် ပန်းချီပညာကို သင်ယူခဲ့ကာ ၁၄ – နှစ်အရွယ်တွင် အဆင့်မြင့် Level ကို လေ့လာနိုင်သည်အထိ ထူးချွန်နေပြီ ဖြစ်သဖြင့် ပါရမီရှင်အဖြစ် လူအများ၏ ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရသည်။

၁၉၀၀ ခုနှစ်တွင် ပြင်သစ်သို့ အလည်ထွက်သွားပြီး လမ်းဘေးတွင်ရှု့ခင်းပုံများ ၊ လူပုံတူများ ရေးဆွဲခြင်းဖြင့် အသက်မွေးဝမ်းကြောင်းကို စတင်ခဲ့သည် ။ ပီကာဆိုသည် သူ၏အနုပညာဈာန်ကို လိုက်ပြီး ပန်းချီစတိုင် အမျိုးမျိုး ပြောင်းလဲရေးဆွဲခဲ့ရာ သူ၏ပန်းချီကားများကို ခေတ်နှင့်ခိုင်းနှိုင်းလေ့ရှိသည် ။

ပီကာဆို၏ပန်းချီခေတ်စတိုင်များ

၁၉၀၁ မှ ၁၉၀၃ ခုနှစ်အချိန်ကို ပီကာဆို၏ Blue Period ဟုဆိုကြသည် ။ ထိုအချိန်က သူ၏ပန်းချီကားများမှာ ဝမ်းနည်းကြေကွဲမှုကို ဖေါ်ညွှန်းသည့် ပန်းချီကားများဖြစ်သည် ။ ၁၉၀၄ မှ ၁၉၀၅ ခုနှစ်အချိန်များကို Rose period ဟုခေါ်ကြသည် ။ ထိုအချိန်က ပန်းချီကားများမှာ ဆပ်ကပ်ထဲမှ လူများ၏ သက်ဝင်လှုပ်ရှားဟန်များကို အနီရောင် ၊ ပန်းရောင်များ ကို အသုံးပြုကာ ရေးဆွဲခဲ့သည် ။

ပီကာဆိုသည် ပြင်သစ်တွင် ဆင်းရဲနွမ်းပါးစွာနေထိုင်ရင်း Fernande Olivier အမည်ရ အမျိုးသမီး နှင့် စတင်တွေ့ရှိခဲ့သည် ။ သူမသည် ပီကာဆို၏ ပန်းချီ အနုပညာ ဈာန်ဝင်စားသည့် အမျိုးသမီးအများအပြားထဲမှ ပထမဆုံး အမျိုးသမီးဖြစ်သည် ။ သူမ နှင့် တွေ့ဆုံပြီးနောက် နှစ်ပေါင်းများစွာ ပီကာဆိုရေးဆွဲခဲ့သည့် အမျိုးသမီးပုံများမှာ Olivier ၏ ရုပ်သွင်ကို အခြေခံကာ ဈာန်ဝင် ရေးဆွဲခဲ့သည် ။

ထို့နောက် ပီကာဆိုသည် အာဖရိကအနုပညာကို စိတ်ဝင်စားလာပြီး ကောက်ကြောင်း ပန်းချီဆွဲဟန်သို့ ပြောင်းလဲသွားခဲ့သည် ။ ၁၉၀၇ – ခုနှစ်တွင် ရေးဆွဲခဲ့သည့် Les Demoiselles d’Avignon အမည်ရ ပန်းချီကားကို ရေးဆွဲပြီး ကမ္ဘာ့ပန်းချီလောကကို အံ့သြသင့်စေခဲ့သည် ။ ထိုပန်းချီကားကို Cubist စတိုင်ဟုခေါ်ပြီး Cubist period တွင်ရေးဆွဲ ဟန်အမျိုးကို ချပြခဲ့သည် ။

လူအများအပြားမှ ပီကာဆို၏ အကောင်းဆုံးပန်းချီကားမှာ ၁၉၃၇ – ခုနှစ်တွင် ရေးဆွဲခဲ့သော စပိန်ပြည်တွင်း စစ်အကြောင်းကို ဖေါ်ညွှန်းသည့် Guernica အမည်ရ ပန်းချီကားဟု မှတ်ချက်ပေးကြသည် ။ နိုင်ငံရေးအငွေ့အသက်မကင်းသည့် အဆိုပါပန်းချီကားမှာ စပိန်နိုင်ငံ ပြည်တွင်းစစ်ကာလအတွင်း မြို့တစ်မြို့ပျက်စီးသွားရပုံကို သရုပ်ဖော်ထားသည်။

ပီကာဆိုသည် ပန်းချီများသာမက ဆိုင်းပုဒ်များ ၊ ပိုစတာများ ၊ ရုပ်တုများ နှင့် ကြွေထည် မြေထည်များ ကိုလည်းဖန်တီးခဲ့သူဖြစ်သလို ကဗျာစပ်လည်း ကျွမ်းကျင်သူဖြစ်သည် ။ သူသည် အသက်ရှည်သလို ဆွဲခဲ့သည့် ပန်းချီကားပေါင်းကလည်း ၂၀၀၀၀ခန့်ရှိသည်။ ပီကာဆိုသည် ၁၉၇၃ – ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည် ။

ပီကာဆို၏ အရှိန်အဝါ

ပီကာဆိုသည် ဟန်အမျိုးမျိုးဖြင့် ပုံများရေးဆွဲတတ်သည်။ အခြားပန်းချီပညာရှင်များအပေါ် ကြီးမားစွာ ဩဇာလွှမ်းမိုးနိုင်ခဲ့သူလည်းဖြစ်သည်။ ကမ္ဘာတလွှားရှိ စတိုင်အမျိုးမျိုးရှိသည့် ပန်းချီပညာရှင်များမှ ပီကာဆို၏ အနုပညာအား ၂၀ -ရာစု ၏ အကောင်းဆုံး ပန်းချီကားများဟု မှတ်ချက်ပေးကြသည် ။ ပီကာဆို၏ ပန်းချီကားများမှာ ရိုးရှင်းမှု ရှိသည် ။ ကမ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားများစာရင်းတွင်လည်း ပီကာဆို၏ ပန်းချီကားများ ပါဝင်ခဲ့ပြီး Les Femmes d’Alger ပန်းချီကား၏တန်ဖိုးသည် ဒေါ်လာ ၁၈၉ သန်း ဖြစ်သည်။

ပီကာဆိုသည် ပန်းချီပညာသာမက ပန်းပုအတတ်ကိုပါ ကောင်းစွာ တတ်ကျွမ်းသည်။ သူဖန်တီးထုလုပ်ခဲ့သော ရုပ်တုများမှာလည်း ရိုးရာလက်မှုပညာကို အခြေခံပြီး ဒေသထွက် သစ်များ ၊ သတ္တုပစ္စည်းများ နှင့် ပြုလုပ်ခဲ့သည် ။ ယနေ့အချိန်တွင် ကမ္ဘာတလွှားရှိ အနုပညာပြတိုက်များတွင် ပီကာဆို၏ အနုပညာလက်ရာများ ကို မြင်တွေ့နိုင်သည် ။ ပီကာဆို ထုလုပ်ခဲ့သည့် ရုပ်တု တခုသည် ချီကာဂိုမြို့လယ်တွင် မြို့၏ landmark တခု အနေဖြင့် တည်ရှိသည် ။


Academy Page

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
စူးဆောက်တွေကိုသုံးကာ ဖောက်လုပ်ထားတဲ့ Guoliang ဥမင်

စူးဆောက်တွေကိုသုံးကာ ဖောက်လုပ်ထားတဲ့ Guoliang ဥမင်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!