(Unicode)
အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ်ရဲ့ ပထမဆုံး ပြည်တွင်းကားကုမ္ပဏီ VinFast ဟာ လာမယ့်နှစ် ၂၀၂၁ ခုနှစ်မှာ ကုမ္ပဏီရဲ့ပထမဆုံးလျှပ်စစ်ကားအမျိုးအစားတွေကို ထုတ်လုပ်သွားမယ်လို့ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ လျှပ်စစ်ကားတွေကို ထုတ်လုပ်ပြီး အမေရိကန်ဈေးကွက်ကို ဝင်ရောက်ဖို့ ပစ်မှတ်ထားကြိုးစားနေတယ်လို့ သိရပါတယ်။
VinFast ကို ဗီယက်နမ်ရဲ့ အကြီးဆုံး ကုမ္ပဏီလုပ်ငန်းစုကြီးတခုဖြစ်တဲ့ Vingroup JSC က ပိုင်ဆိုင်ပါတယ်။ Vingroup ဟာ ၂၀၁၇ ခုနှစ်စာရင်းအရ အသားတင်ဝင်ငွေ ၉.၄၄၅ ထရီလီယံ VND အထိ ရရှိခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ VinFast လျှပ်စစ်ကားတွေမှာ အသုံးပြုမယ့် ဘက်ထရီကိုတော့ တောင်ကိုရီးယားက အကြီးဆုံး ဓာတုကုမ္ပဏီတခုဖြစ်တဲ့ LG Chem က ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ပထမဆုံး ပွဲဦးထွက် လျှပ်စစ်ကားကို လာမယ့် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ကျင်းပမယ့် လော့အင်ဂျလိကားပြပွဲမှာ ပြသနိုင်ဖို့ ရည်မှန်းထားပါတယ်။ ၂၀၂၁ခုနှစ်ဇန်နဝါရီလမှာ စမ်းသပ်မှုအစီအစဉ်တွေကို ထပ်မံပြုလုပ်ပြီး ဇူလိုင်လလောက်မှာ ကားတွေကို စထုတ်လုပ်သွားမှာပါ လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာဖြစ်ပါတယ်။
ကားရဲ့ဒီဇိုင်းကိုတော့ အီတလီဒီဇိုင်းကုမ္ပဏီ Pininfarina က ဖန်တီးပေးမှာဖြစ်ပြီး ဒီကားဟာ တခါအားသွင်းထားပါက မိုင်ပေါင်း ၃၁၀ မိုင်ခန့်အထိ မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။
ကိုရီးယားကုမ္ပဏီ LG Chem ကတော့ VinFast နဲ့ လက်တွဲလုပ်ကိုင်နေပြီး Lithium-Ion ဘယ်ထရီတွေကို လျှပ်စစ်မော်တော်ကားတွေနဲ့ လျှပ်စစ်စကူတာတွေအတွက် ထုတ်လုပ်ပေးသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ကြော်ငြာခဲ့ပြီးဖြစ်ပါတယ်။
ဒီဗီယက်နမ်ကားကုမ္ပဏီဟာ ၂၀၂၀ ခုနှစ်က သူတို့ရဲ့ ပထမဆုံး Gas Cars စီးရေ ၅၁၂၄စီး ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး ဗီယက်နမ်တနိုင်ငံလုံးအရောင်းရဆုံး ကားစာရင်းမှာ ပဉ္စမနေရာအထိ ရယူနိုင်လာခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ရှေ့မှာတော့ ဟွန်ဒဲ ၊ တိုရိုတာ ၊ ကီယာ နဲ့ ဟွန်ဒါ စတဲ့ကားကုမ္ပဏီကြီးတွေ ရှိနေပါတယ်။
အသစ်ထုတ်လုပ်မယ့် လျှပ်စစ်ကားရဲ့ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ VinFast ဂတ်စ်ကားအမျိုးအစား ၃မျိုးကို ဗီယက်နမ်မှာ ထုတ်လုပ်ခဲ့ပြီးဖြစ်သလို လျှပ်စစ်ဆိုင်ကယ်စီးရေ ၃၀၀၀၀ ခန့်ကိုလည်း ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ VinFast ကားကုမ္ပဏီကို ၂၀၁၇ ခုနှစ်က မြို့တော်ဟနွိုင်းမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကားစက်ရုံကိုတော့ Hai Phong မြို့က ၃၃၅ ဟက်တာကျယ်ဝန်းတဲ့မြေပေါ်မှာ တည်ဆောက်ထားပါတယ်။
ဗီယက်နမ်ဟာ ယခုနှစ်အနည်းငယ်အတွင်းမှာ ဆမ်ဆောင်း နဲ့ LG ကုမ္ပဏီတွေရဲ့ စက်ရုံကြီးတွေရောက်ရှိလာတဲ့အပြင် ယခုလို ကိုယ်ပိုင်ကားထုတ်လုပ်ရေး လုပ်ငန်းတွေပါ ရှိလာကြောင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာသလို နိုင်ငံရဲ့စီးပွားရေးဟာလည်း အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံးနိုင်ငံစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
——— ——- ——
(Zawgyi)
၂၀၂၁ ခုႏွစ္မွာ လွ်ပ္စစ္ကားထုတ္လုပ္ေတာ့မယ့္ ဗီယက္နမ္ကားကုမၸဏီ
အေရွ႕ေတာင္အာရွႏုိင္ငံတႏုိင္ငံျဖစ္တဲ့ ဗီယက္နမ္ရဲ႕ ပထမဆုံး ျပည္တြင္းကားကုမၸဏီ VinFast ဟာ လာမယ့္ႏွစ္ ၂၀၂၁ ခုႏွစ္မွာ ကုမၸဏီရဲ႕ပထမဆုံးလွ်ပ္စစ္ကားအမ်ဳိးအစားေတြကို ထုတ္လုပ္သြားမယ္လုိ႔ ၿပီးခဲ့တဲ့အပတ္ ၾကာသပေတးေန႔က ေျပာၾကားခဲ့ပါတယ္။ လွ်ပ္စစ္ကားေတြကို ထုတ္လုပ္ၿပီး အေမရိကန္ေစ်းကြက္ကုိ ၀င္ေရာက္ဖုိ႔ ပစ္မွတ္ထားႀကဳိးစားေနတယ္လုိ႔ သိရပါတယ္။
VinFast ကို ဗီယက္နမ္ရဲ႕ အႀကီးဆုံး ကုမၸဏီလုပ္ငန္းစုႀကီးတခုျဖစ္တဲ့ Vingroup JSC က ပုိင္ဆုိင္ပါတယ္။ Vingroup ဟာ ၂၀၁၇ ခုႏွစ္စာရင္းအရ အသားတင္၀င္ေငြ ၉.၄၄၅ ထရီလီယံ VND အထိ ရရွိခဲ့တဲ့ ကုမၸဏီလည္းျဖစ္ပါတယ္။ VinFast လွ်ပ္စစ္ကားေတြမွာ အသုံးျပဳမယ့္ ဘက္ထရီကိုေတာ့ ေတာင္ကုိရီးယားက အႀကီးဆုံး ဓာတုကုမၸဏီတခုျဖစ္တဲ့ LG Chem က ထုတ္လုပ္ေပးမွာျဖစ္ပါတယ္။
ကြ်န္ေတာ္တုိ႔ရဲ႕ ပထမဆုံး ပြဲဦးထြက္ လွ်ပ္စစ္ကားကုိ လာမယ့္ ၂၀၂၀ ခုႏွစ္ ေအာက္တုိဘာလမွာ က်င္းပမယ့္ ေလာ့အင္ဂ်လိကားျပပြဲမွာ ျပသႏုိင္ဖုိ႔ ရည္မွန္းထားပါတယ္။ ၂၀၂၁ခုႏွစ္ဇန္န၀ါရီလမွာ စမ္းသပ္မႈအစီအစဥ္ေတြကို ထပ္မံျပဳလုပ္ၿပီး ဇူလုိင္လေလာက္မွာ ကားေတြကို စထုတ္လုပ္သြားမွာပါ လုိ႔ ကုမၸဏီရဲ႕ ေျပာေရးဆုိခြင့္ရွိသူက ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ကားရဲ႕ဒီဇုိင္းကိုေတာ့ အီတလီဒီဇုိင္းကုမၸဏီ Pininfarina က ဖန္တီးေပးမွာျဖစ္ၿပီး ဒီကားဟာ တခါအားသြင္းထားပါက မုိင္ေပါင္း ၃၁၀ မုိင္ခန္႔အထိ ေမာင္းႏွင္ႏုိင္မယ္လုိ႔ သိရပါတယ္။
ကုိရီးယားကုမၸဏီ LG Chem ကေတာ့ VinFast နဲ႔ လက္တြဲလုပ္ကုိင္ေနၿပီး Lithium-Ion ဘယ္ထရီေတြကို လွ်ပ္စစ္ေမာ္ေတာ္ကားေတြနဲ႔ လွ်ပ္စစ္စကူတာေတြအတြက္ ထုတ္လုပ္ေပးသြားမွာျဖစ္တယ္လုိ႔ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလကတည္းက ေႀကာ္ျငာခဲ့ၿပီးျဖစ္ပါတယ္။
ဒီဗီယက္နမ္ကားကုမၸဏီဟာ ၂၀၂၀ ခုႏွစ္က သူတုိ႔ရဲ႔ ပထမဆုံး Gas Cars စီးေရ ၅၁၂၄စီး ထုတ္လုပ္ေရာင္းခ်ႏုိင္ခဲ့ၿပီး ဗီယက္နမ္တႏုိင္ငံလုံးအေရာင္းရဆုံး ကားစာရင္းမွာ ပဥၥမေနရာအထိ ရယူႏုိင္လာခဲ့တယ္လုိ႔ သိရပါတယ္။ သူ႔ရဲ႕ေရွ႕မွာေတာ့ ဟြန္ဒဲ ၊ တုိရုိတာ ၊ ကီယာ နဲ႔ ဟြန္ဒါ စတဲ့ကားကုမၸဏီႀကီးေတြ ရွိေနပါတယ္။
အသစ္ထုတ္လုပ္မယ့္ လွ်ပ္စစ္ကားရဲ႕ေစ်းႏႈန္းကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး။ VinFast ဂတ္စ္ကားအမ်ဳိးအစား ၃မ်ုိးကို ဗီယက္နမ္မွာ ထုတ္လုပ္ခဲ့ၿပီးျဖစ္သလုိ လွ်ပ္စစ္ဆုိင္ကယ္စီးေရ ၃၀၀၀၀ ခန္႔ကိုလည္း ေရာင္းခ်ခဲ့ၿပီးျဖစ္ပါတယ္။ VinFast ကားကုမၸဏီကို ၂၀၁၇ ခုႏွစ္က ၿမဳိ႕ေတာ္ဟႏြဳိင္းမွာ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ကားစက္ရုံကုိေတာ့ Hai Phong ၿမဳိ႕က ၃၃၅ ဟက္တာက်ယ္၀န္းတဲ့ေျမေပၚမွာ တည္ေဆာက္ထားပါတယ္။
ဗီယက္နမ္ဟာ ယခုႏွစ္အနည္းငယ္အတြင္းမွာ ဆမ္ေဆာင္း နဲ႔ LG ကုမၸဏီေတြရဲ႕ စက္ရုံႀကီးေတြေရာက္ရွိလာတဲ့အျပင္ ယခုလုိ ကုိယ္ပုိင္ကားထုတ္လုပ္ေရး လုပ္ငန္းေတြပါ ရွိလာေၾကာင့္ ေဒသခံမ်ား အလုပ္အကုိင္အခြင့္အလမ္း ပုိမုိရရွိလာသလုိ ႏုိင္ငံရဲ႕စီးပြားေရးဟာလည္း အေရွ႕ေတာင္အာရွရဲ႕ အတုိးတက္ဆုံးႏုိင္ငံစာရင္းမွာ ပါ၀င္လာခဲ့ပါတယ္။