Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၂၀၁၉ မှာ ရောင်းချဖို့ အသင့်ဖြစ်နေတဲ့ မိုးပျံကား

by Thutamm
September 2, 2019
Reading Time: 1min read
0
၂၀၁၉ မှာ ရောင်းချဖို့ အသင့်ဖြစ်နေတဲ့ မိုးပျံကား
Share on FacebookShare on Twitter

မိုးပျံကားတွေကို ထွင်ခဲ့ကြတာဟာ ဆယ်စုနှစ် တစ်ခုလောက်ရှိခဲ့ပြီဖြစ်ပေမယ့် ဈေးကွက်ပေါ်ကိုရောက်ကာ လူတိုင်းဝယ်စီးနိုင်တဲ့ မိုးပျံကားကတော့ ထွက်ပေါ်မလာသေးပါဘူး။ ဒါပေမယ့် Volvo ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်မှုအရ လာမယ့်နှစ်မှာ မိုးပျံကားတွေကို လူတွေဝယ်စီးလာနိုင်တော့မယ်လို့ သိရပါတယ်။

နာမည်ကြီး ကားကုမ္ပဏီဖြစ်တဲ့ Volvo ရဲ့လက်အောက်မှာရှိတဲ့ Terrafugia ကုမ္ပဏီကနေ ဒီမိုးပျံကားတွေကို ထုတ်လုပ်ရောင်းချသွားမှာပဲဖြစ်ပါတယ်။ Terrafugia ကို ၂၀၀၆ခုနှစ်တည်းက MIT က အတော်ဆုံးကျောင်းသားငါးယောက်နဲ့အတူဖွဲ့စည်းခဲ့ပြီး မိုးပျံကားပရောဂျက်တွေကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အောင်မြင်သွားပြီဖြစ်တဲ့ သူတို့ရဲ့ မိုးပျံကားတွေကို ၂၀၁၉ခုနှစ်မှာ ဈေးကွက်ပေါ်ကိုရောက်ရှိတော့မယ် လို့ သိရပါတယ်။

နှစ်ယောက်စီး ဒီ hybrid လျှပ်စစ် မိုးပျံကားတွေရဲ့ လုံခြုံရေးစနစ် နဲ့ ပျံသန်းမှုစနစ်တွေကို အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။ လေကြောင်းဌာန FAA ရဲ့ ခွင့်ပြုချက်ကိုရရှိထားပြီဖြစ်ကာ နည်းပညာမြှင့်ထားတဲ့ထိုင်ခုံတွေနဲ့ အတူ အသက်ကယ် လေအိတ်တွေကိုလည်း ထည့်သွင်းထားပါသေးတယ်။

ဒီကားပျံကို ပုံအင်စက်အင်ဂျင် နဲ့မောင်းနှင်နိုင်သလို လျှပ်စစ်နဲ့မောင်းနှင်နိုင်ဖို့ lithium phosphate ဓာတုဘက်ထရီကိုလည်း တပ်ဆင်ပေးထားပါတယ်။

ဒီကားပျံတွေဟာ ၁နာရီကို မိုင် ၁၀၀ အမြန်နှုန်းအထိ နဲ့ မိုင် ၄၀၀အထိမောင်းနှင်နိုင်ပါတယ်။ အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အမြင့်ကတော့ အမြင့်ပေ ၁သောင်းအထိဖြစ်ပါတယ်။ မိုးပျံကားဆိုပေမယ့် ဒီကားကိုဝယ်ယူမောင်းနှင်တဲ့သူတွေဟာ လေယာဉ်မောင်းလိုင်စင် တော့ရှိဖို့ လိုအပ်ပါတယ်။

ကားပျံဆိုပေမယ့် တောင်ပံတပ်ထားတဲ့အတွက် လေယာဉ်နဲ့တူပါတယ်။ ဒါပေမယ့် လေယာဉ်လို အရှိန်ယူပျံသန်းဖို့ ပြေးလမ်းကြောင်းမလိုအပ်ပဲ ပုံမှန်လမ်းတွေပေါ်မှ တိုက်ရိုက်မောင်းနှင်နိုင်ပါတယ်။ ဒါ့အပြင် လမ်းပေါ်ရောက်တဲ့အခါ ဒီအတောင်ပံတွေကို ခေါက်သိမ်းကာ ပုံမှန်ကားတစ်စီးလို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Terrafugia မိုးပျံကားတွေကို ဒီဇိုင်းမျိုးစုံဖန်တီးထားတာဖြစ်ပါတယ်။

ဒီမိုးပျံကားဟာ အလွန်ပေါ့ပါးပါတယ်။ အလေးချိန် ၁၃၀၀ပေါင်သာရှိပြီး အော်တိုဂီယာစနစ်ကို အသုံးပြုထားပါတယ်။ လက်ရှိအချိန်အထိတော့ Terrafugia ဟာ ဒီကားပျံတွေရဲ့ ဈေးနှုန်းကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သေးပါဘူး။

တကယ်လို့သာ ကြေငြာထားတဲ့အတိုင်း ဈေးကွက်ပေါ်ရောက်ရှိခဲ့မယ်ဆိုရင်တော့ ပထမဆုံး လူတွေဝယ်စီးလို့ရတဲ့ မိုးပျံကားဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုးပျံကားတွေကို ဘယ်လိုဥပဒေတွေနဲ့ ထိမ်းချုပ်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပညာရှင်အချို့ကတော့ ဒီမိုးပျံကားတွေကို ဈေးကွက်တင်ရောင်းချနိုင်ဖို့ ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုကြပါတယ်။

ဘာပဲဖြစ်ဖြစ် တစ်နှစ်ထက် တစ်နှစ် နည်းပညာတွေ တိုးတက်လာမှုကတော့ အရှိန်အဟုန်ပြင်းလာတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီမိုးပျံကားတွေသာ လူတွေလက်ထဲ တကယ်ရောင်းချနိုင်ခဲ့မယ်ဆိုရင် မကြာတော့တဲ့နှစ်တွေမှာ ကောင်းကင်ပြင်မှာ ကားတွေကိုမြင်ရတော့ဖြစ်ပါတယ်။

VIDEO

Ref:
Terrafugia
Daily Mail

Tags: amazingtechworld news
Next Post
မန္တလေးတောင်ပေါ်က မြွေကြီး ၂ကောင်အကြောင်း

မန္တလေးတောင်ပေါ်က မြွေကြီး ၂ကောင်အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!