Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အပျော်ရွှင်ဆုံး ၁၀ နိုင်ငံ

by Thutamm
September 27, 2019
Reading Time: 2min read
0
၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အပျော်ရွှင်ဆုံး ၁၀ နိုင်ငံ
Share on FacebookShare on Twitter

(Unicode)

၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အပျော်ရွှင်ဆုံး ၁၀ နိုင်ငံ

နိုင်ငံတကာပျော်ရွှင်မှု နေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများရဲ့ စာရင်းကို  SDSN (Sustainable Development Solutions Network) က ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရင်းကို နိုင်ငံသားတစ်ဦးချင်းစီရဲ့ဝင်ငွေ ၊ နိုင်ငံသားတွေအပေါ် ကောင်းကျိုးဖန်တီးပေးနိုင်မှု၊  လွတ်လပ်စွာရွေးချယ်ခွင့် ၊ ယုံကြည်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ ပျမ်းမျှသက်တမ်း၊ လူမှု အထောက်အပံ့နဲ့ ပေးကမ်းရက်ရောမှု စတာတို့အပေါ် မူတည်တွက်ချက်ထားခြင်း ဖြစ်ပါတယ်။ ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ နိုင်ငံ ၁၀ နိုင်ငံအကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။

၁၀။ သြစကြီးယား

ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံများစာရင်း အဆင့် ၁၀ မှာရှိနေတာကတော့ ဥရောပအလယ်ပိုင်းက သြစတြီးယားနိုင်ငံပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က နံပါတ် ၁၂ နေရာမှာ ရှိခဲ့တဲ့ သြစတြီးယားဟာ ဒီနှစ် ၂၀၁၉မှာတော့ နံပါတ် ၂ခု ခုန်တက်ကာ အဆင့် ၁၀ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

လူဦးရေ ၈.၈သန်းခန့်သာနေထိုင်ပြီး စီးပွားရေးတည်ငြိမ်ပြီး အေးချမ်းတဲ့နိုင်ငံဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်စာရင်းအရ နိုင်ငံသားတစ်ဦးချင်းစီရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၃၇၆၄ ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်ပြီး သြစတြီးယားနိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းက ၈၁.၅ နှစ် ဖြစ်ပါတယ်။

၉။ ကနေဒါ

မြောက်အမေရိကမှာ တည်ရှိတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ဧရိယာကျယ်ဝန်းလွန်းတဲ့ နိုင်ငံဖြစ်ပေမယ့် လူဦးရေကတော့ ဧရိယာထက်စာရင် အလွန်နည်းပါတယ်။ ကနေဒါရဲ့ လူဦးရေဟာ ၃၇သန်းခန့်သာ ရှိပါတယ်။မြို့တော်မှာ အိုတာဝါဖြစ်ပြီး တိုရန်တို ၊ ကွီဘက် ၊ ဗန်ကူးဗား အစရှိတဲ့ ကမ္ဘာ့ထိပ်တန်းမြို့ကြီးများကို ပိုင်ဆိုင်ထားပါတယ်။

အေးချမ်းတဲ့ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားပြီး စီးပွားရေးအလွန်တိုးတက်သည့်အပြင် နိုင်ငံရေးတည်ငြိမ်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ပညာရေးတွင်လည်း ထိပ်တန်းအဆင့်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံစာရင်းမှာလည်း ပါဝင်တဲ့နိုင်ငံဖြစ်ပါတယ်။ ကနေဒါ နိုင်ငံသားတစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅၁၅၄၆ ဖြစ်ပြီး ပျမ်းမျှသက်တမ်းမှာ ၈၂.၂ နှစ် ဖြစ်ပါတယ်။

၈။ နယူးဇီလန် 

ဩစတြေးလျတိုက် နှင့် မိုင် ၁၀၀၀ ကျေ်ာအကွာ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ ကျွန်းစုနိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ကမ ္ဘာ့ချမ်းသာသည့် နိုင်ငံတွေထဲက တစ်နိုင်ငံလည်းဖြစ်ပါတယ်။ စိမ်းလန်းသည့်ကုန်းမြေ ၊ ရေခဲဖုံးလွှမ်းနေသည့်တောင်တန်း ၊ သာယာလှသည့် ကမ်းခြေများကြောင့် ကျော်ကြားကာ အေးမြသည့်ရာသီဥတုရှိတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံလူဦးရေ ၄.၉ သန်းခန့်ရှိကာ အများစုမှာဥရောပလူမျိုးများမှ ဆင်းသက်လာသူများဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေက အမေရိကန်ဒေါ်လာ ၄၀၂၆၆ ဖြစ်ပြီး ပျမ်းမျှသက်တမ်းကတော့ ၈၁.၆ နှစ်ဖြစ်ပါတယ်။

၇။ ဆွီဒင်

မြောက်ဥရောပရှိ စကင်ဒီနေးဗီးယန်းကျွန်းဆွယ်တွင်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ EU အဖွဲ့ဝင်နိုင်ငံများထဲတွင် ဧရိယာအနေဖြင့် တတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၁၀.၂သန်းခန့်ရှိပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်နှင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး အလွန်တိုးတက်သော စီးပွားရေးအခြေအနေ ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံပါ။

၂၀၁၀ တွင် ဆွီဒင်သည် ဥရောပသမဂ္ဂအတွင်း အဆင့်အမြင့်ဆုံး တီထွင်ထုတ်လုပ်နိုင်မှုနှင့် အမြန်ဆုံးစီးပွားရေး တိုးတက်မှု တို့ ရှိခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပညာရေးထွန်းကားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅၄၄၇၄ ဒေါ်လာဖြစ်ပြီး ပျမ်းမျှသက်တမ်းမှာ ၈၂.၄ နှစ် ဖြစ်ပါတယ်။

၆။ ဆွစ်ဇာလန်

ဥရောပတိုက်၏ အလယ်ဗဟိုတွင်တည်ရှိပြီး တောင်များပတ်လည်ဝိုင်း လျက်တည်ရှိသော သမ္မတနိုင်ငံဖြစ်ပါတယ်။ အေးချမ်းပြီး လုံခြုံမှုအရှိဆုံးနိုင်ငံများစာရင်းတွင်လည်း ထိပ်တန်းမှ ပါဝင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဆွစ်ဇာလန်၏ ချမ်းသာဆင်းရဲမှု ပမာဏမှာ အများကြီးမကွာခြားပေ။ အချမ်းသာဆုံးလူ ၂၀%၏ ဝင်ငွေမှာ အဆင်းရဲဆုံးသူ ၂၀%၏ ၄ဆ သာ အများဆုံးကွာခြားပါတယ်။ ဆွစ်ဇာလန်နိုင်ငံသားများတွင် ပါလီမန်မှတင်သွင်းသော မည်သည့်ဥပဒေကိုမဆို အတည်ပြုနိုင်ခွင့် ၊ ပယ်ဖျက်နိုင်ခွင့်ရှိပါတယ်။ ထိုအတွက်လိုအပ်သည်မှာ ရက်ပေါင်း၁၀၀အတွင်း ထောက်ခံသည့်နိုင်ငံသားလက်မှတ် ၅သောင်းကို စုဆောင်းရန်သာဖြစ်ပါတယ်။

လူဦးရေ ၈.၅သန်းခန့်ရှိကာ နိုင်ငံသားတစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၆၄၉၈၈ ဖြစ်ပါတယ်။ ဆွစ်လူမျိုးများသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးထဲတွင်ပါဝင်ပြီး ၂၀၁၅ခုနှစ်စာရင်းအရ ဆွစ်အမျိုးသားများ၏ ပျမ်းမျှသက်တမ်းမှာ ၈၁.၃နှစ်ဖြစ်ပြီး ၊ အမျိုးသမီးများ၏ သက်တမ်းမှာ ၈၅.၃နှစ်ဖြစ်ပါတယ်။

၅။ နယ်သာလန် 

ဥရောပအနောက်မြောက်ပိုင်းမှာ တည်ရှိပြီး စည်းမျဉ်းခံဘုရင်စံနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံလေးဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၆၀၄၀ သာကျယ်ဝန်းပြီး လူဦးရေ ၁၇.၃သန်းသာ နေထိုင်ပါတယ်။ မြို့တော်ကတော့ အမ်စတာဒမ် ဖြစ်ပါတယ်။ စီးပွားရေးထွန်းကားပြီး အေးချမ်းသည့်ရာသီဥတုရှိတဲ့နိုင်ငံပါ။ လုံခြုံစိတ်ချရလွန်းသဖြင့် အကျဉ်းသားမရှိသလောက်နည်းပါးတာကြောင့် အကျဉ်းထောင်တွေကို ပိတ်ပစ်ရလေ့ရှိတဲ့နိုင်ငံပါ။

ကျန်းမာရေးစောင့်ရှောက်မှုလည်း အလွန်ကောင်းမွန်ကာ နိုင်ငံသားတိုင်းလွတ်လပ်စွာနေထိုင်ပြောဆိုခွင့်ရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒီနိုင်ငံသားတွေရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၉၁၀၅ ဖြစ်ပြီး ပျမ်းမျှသက်တမ်းကတော့ ၈၁.၉နှစ်ဖြစ်ပါတယ်။

၄။ အိုက်စလန်

မြောက်အတ္တလန်တိတ် သမုဒ္ဒရာထဲတွင် တည်ရှိပြီး Greenland ကျွန်း နှင့် နော်ဝေနိုင်ငံအကြားတွင်တည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံအကျယ်အဝန်းမှာ စတုရန်းမိုင် ၄သောင်းနီးပါးရှိပေမယ့် လူဦးရေကတော့ ၃သိန်းခွဲသာ ရှိပါတယ်။ ကမ္ဘာပေါ်တွင်လူမျိုးတစ်မျိုးတည်း ရှိသည့်နိင်ငံဖြစ်ကာ အများစု ၉၃% ခန့်သည် မြို့ရွာများတွင်နေထိုင်ကြပါတယ်။ မြို့တော်ကတော့ ရေးခီးဘက်မြို့ဖြစ်ပါတယ်။

အိုက်စလန်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ တက္ကသိုလ် အဆင့်အထိ လူတိုင်းအခမဲ့ ပညာရေးစနစ်ဖြစ်ပါတယ် ။ လူဦးရေနည်းပါးပြီးသယံဇာတ ပေါကြွယ်ဝတာကြောင့် လူနေမှုအဆင့်အတန်းမြင့်မားသည့် နိင်ငံထဲတွင်ပါဝင်ပါတယ်။ ဒီနိုင်ငံသားတွေရဲ့ နှစ်စဉ်ပျမ်းမျှ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၅၄၇၅၃ ဒေါ်လာ ဖြစ်ပြီး ပျမ်းမျှသက်တမ်းကတော့ ၈၂.၇ နှစ် ဖြစ်ပါတယ်။

၃။ နော်ဝေ

ဥရောပမြောက်ဖျားမှာ တည်ရှိတဲ့ စကင်ဒီနေးဗီးယားနိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။  မြေပြင်ညီညာမှု မရှိပဲ တောင်စွယ်များ ၊ တောင်ကြားများ ၊တောင်တန်းများ ၊ရေကန်များ ၊ ရေခဲပြင်များဖုံးလွှမ်းရာ နိုင်ငံဖြစ်ပါတယ်။ အေးမြတဲ့ရာသီဥတုကို ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပြီး လူဦးရေ ၅.၃သန်းခန့် နေထိုင်ပါတယ်။ ကမ္ဘာ့မြောက်ဖက်အစွန်ဆုံးတိုင်းပြည်များတွင်ပါဝင်ပြီး နွေရာသီတွင်ညသန်းခေါင်ကျော်မှ နေဝင်လေ့ ရှိသဖြင့် သန်းခေါင်ယံနေထွက်ရာ နိုင်ငံလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

လူဦးရေနည်းပါးပြီးသယံဇာတ ပေါကြွယ်ဝသဖြင့် ချမ်းသာသည့် နိုင်ငံဖြစ်ကာ ပညာရေး ၊ ကျန်းမာရေး နယ်ပယ်များတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတနိုင်ငံဖြစ်ပါတယ်။ နော်ဝေနိုင်ငံသားတွေရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေက အမေရိကန်ဒေါ်လာ ၇၄၀၆၅ဒေါ်လာ ဖြစ်ပြီး နိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၈၁.၈ နှစ် ဖြစ်ပါတယ်။

၂။ ဒိန်းမတ်

ဒိန်းမတ်နိုင်ငံ ဟာလည်း ဥရောပမြောက်ပိုင်းတွင် ရှိသော စကင်ဒီနေးဗီးယန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဒိန်းမတ်ဘုရင့်နိုင်ငံလို့ခေါ်ပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၆၅၇၇ သာ ကျယ်ဝန်းကာ လူဦးရေ ၅.၈သန်းခန့်သာ နေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ စီးပွားရေးထွန်းကားပြီး လူနေမှုအဆင့်အတန်းမြင့်မားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ပညာရေးကို အလွန်အားပေးပြီး ကျောင်းတက်လျှင် အစိုးရက ပိုက်ဆံမယူတဲ့အပြင် ပိုက်ဆံပါပြန်ပေးပါသေးတယ်။ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကိုလည်း နိုင်ငံသားတွေအတွက် ပေးထားပါသေးတယ်။ ဒိန်းမတ်နိုင်ငံသားတွေရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၁၆၄၃ ဖြစ်ပြီး ပျမ်းမျှသက်တမ်းကတော့ ၈၀.၆ နှစ် ဖြစ်ပါတယ်။

၁။ ဖင်လန်

၂၀၁၉ ခုနှစ် ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံများ စာရင်းမှာ နံပါတ် ၁ ချိတ်တဲ့နိုင်ငံကတော့ ဥရောပမြောက်ပိုင်းမှာတည်ရှိတဲ့ ဖင်လန်နိုင်ငံဖြစ်ပါတယ်။  ဥရောပ နိုင်ငံများအတွင်းတွင် အဋ္ဌမမြောက် အကြီးဆုံး နိုင်ငံတစ်ခုဖြစ်ပြီး၊ လူဦးရေ အကျဲဆုံး ဖြစ်သည့် နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ လူဦးရေ ၅သန်းခွဲခန့်သာ နေထိုင်ပြီး နိုင်ငံမြို့တော်က ဟယ်ဆင်ကီဖြစ်ပါတယ်။

ဖင်လန်နိုင်ငံဟာ နိုင်ငံတကာ နိုင်ငံများနှင့် ယှဉ်လျှင်၊ နည်းပညာ တီထွင်ထုတ်လုပ်နိုင်မှု၊ အများပြည်သူအတွက် ပညာရေးအစီအစဉ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ နိုင်ငံမှ ထုတ်ကုန်များ တိုးတက်လာမှု နှင့် လူ့အခွင့်အရေး လွတ်လပ်မှုများကို ကာကွယ်ပေးနိုင်ခြင်းများဖြင့် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် အမြဲတွေ့ရှိလေ့ ရှိပါတယ်။ ကမ္ဘာ့ပညာရေးအကောင်းဆုံးနိုင်ငံအဖြစ် မကြာခဏသတ်မှတ်ခံရလေ့ရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဖင်လန်နိုင်ငံသား တစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၀၈၇၈ ဖြစ်ပြီး ၈၁.၈ နှစ်ဖြစ်ပါတယ်။

အထက်ပါစာရင်းဟာ ၂၀၁၉ခုနှစ် အပျော်ရွှင်ဆုံးနိုင်ငံများအဖြစ် နိုင်ငံပေါင်း ၁၅၆ နိုင်ငံကို စာရင်းပြုစုထားတာဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ အပျော်ရွှင်ဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံရဲ့ အဆင့်ကတော့ ၁၃၁ ဖြစ်ပြီး အောက်ဘက်မှာတော့ နိုင်ငံ ၂၀ ခန့်သာ ကျန်ပါတော့တယ်။ ကမ္ဘာ့ပျော်ရွှင်မှု အနည်းဆုံးနိုင်ငံကတော့ တောင်ဆူဒန်နိုင်ငံဖြစ်ပြီး သူ့ရဲ့နောက်မှာ အလယ်ပိုင်းအာဖရိက နဲ့ အဖဂ္ဂနစ္စတန် နိုင်ငံတွေက ရပ်တည်နေပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှာမပါသလို စံနှုန်းတွေနဲ့ ဒီစာရင်းထဲမှာလည်း မပါပေမယ့် နိုင်ငံသားတိုင်းပျော်ရွင်ကြတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာကတော့ ဘူတန် နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံလေးကို ကမ္ဘာ့အပျော်ရွင်ဆုံးလူတွေ နေထိုင်ရာနေရာ လို့ တင်စားခေါ်ဝေါ်ကြပြီး အဲဒီလိုခေါ်ဝေါ်တဲ့အတိုင်း ဘူတန်နိုင်ငံသားတွေဟာ ဆင်းရဲပေမယ့် အပူအပင်မရှိပဲ သဘာဝနဲ့ ပျော်ရွှင်စွာနေထိုင်ကြသူများဖြစ်ကြပါတယ်။ တကမ္ဘာလုံးက နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို GDP နဲ့ တွက်လေ့ရှိပေမယ့် ဘူတန်ကတော့ GNH(Gross National Happiness) လို့ခေါ်တဲ့ နိုင်ငံသားတွေရဲ့ပျော်ရွှင်မှု နဲ့ပဲ တိုင်းတာပါသတဲ့။ ဒါကြောင့်လည်း ကမ္ဘာ့အဆင့်ထဲမပါပေမယ့် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဒီနိုင်ငံငယ်လေးကို သတ်မှတ်ထားကြခြင်းဖြစ်ပါတယ်။

Ref : WorldHappiness Report

(Zawgyi)

၂၀၁၉ ခုႏွစ္အတြက္ ကမာၻ႔အေပ်ာ္႐ႊင္ဆုံး ၁၀ ႏိုင္ငံ

ႏိုင္ငံတကာေပ်ာ္႐ႊင္မႈ ေန႔ျဖစ္တဲ့ ၿပီးခဲ့တဲ့ မတ္လ ၂၀ ရက္ေန႔က ကမာၻ႔အေပ်ာ္႐ႊင္ဆုံးႏိုင္ငံမ်ားရဲ႕ စာရင္းကို  SDSN (Sustainable Development Solutions Network) က ထုတ္ျပန္ခဲ့ပါတယ္။ ဒီစာရင္းကို ႏိုင္ငံသားတစ္ဦးခ်င္းစီရဲ႕ဝင္ေငြ ၊ ႏိုင္ငံသားေတြအေပၚ ေကာင္းက်ိဳးဖန္တီးေပးႏိုင္မႈ၊  လြတ္လပ္စြာေ႐ြးခ်ယ္ခြင့္ ၊ ယုံၾကည္မႈ၊ က်န္းမာေရးေစာင့္ေရွာက္မႈ ၊ ပ်မ္းမွ်သက္တမ္း၊ လူမႈ အေထာက္အပံ့နဲ႔ ေပးကမ္းရက္ေရာမႈ စတာတို႔အေပၚ မူတည္တြက္ခ်က္ထားျခင္း ျဖစ္ပါတယ္။ ဒီစာရင္းရဲ႕ ထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ ႏိုင္ငံ ၁၀ ႏိုင္ငံအေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ မွ်ေဝလိုက္ပါတယ္။

၁၀။ ၾသစႀကီးယား

ကမာၻ႔အေပ်ာ္႐ႊင္ဆုံး ႏိုင္ငံမ်ားစာရင္း အဆင့္ ၁၀ မွာရွိေနတာကေတာ့ ဥေရာပအလယ္ပိုင္းက ၾသစႀတီးယားႏိုင္ငံပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္က နံပါတ္ ၁၂ ေနရာမွာ ရွိခဲ့တဲ့ ၾသစႀတီးယားဟာ ဒီႏွစ္ ၂၀၁၉မွာေတာ့ နံပါတ္ ၂ခု ခုန္တက္ကာ အဆင့္ ၁၀ ေနရာကို ေရာက္ရွိလာခဲ့ပါတယ္။

လူဦးေရ ၈.၈သန္းခန႔္သာေနထိုင္ၿပီး စီးပြားေရးတည္ၿငိမ္ၿပီး ေအးခ်မ္းတဲ့ႏိုင္ငံျဖစ္ပါတယ္။ ၂၀၁၈ခုႏွစ္စာရင္းအရ ႏိုင္ငံသားတစ္ဦးခ်င္းစီရဲ႕ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၅၃၇၆၄ ရွိပါတယ္။ က်န္းမာေရးေစာင့္ေရွာက္မႈေကာင္းမြန္ၿပီး ၾသစႀတီးယားႏိုင္ငံသားေတြရဲ႕ ပ်မ္းမွ်သက္တမ္းက ၈၁.၅ ႏွစ္ ျဖစ္ပါတယ္။

၉။ ကေနဒါ

ေျမာက္အေမရိကမွာ တည္ရွိတဲ့ ကမာၻ႔ဒုတိယအႀကီးဆုံးႏိုင္ငံျဖစ္ပါတယ္။ ဧရိယာက်ယ္ဝန္းလြန္းတဲ့ ႏိုင္ငံျဖစ္ေပမယ့္ လူဦးေရကေတာ့ ဧရိယာထက္စာရင္ အလြန္နည္းပါတယ္။ ကေနဒါရဲ႕ လူဦးေရဟာ ၃၇သန္းခန႔္သာ ရွိပါတယ္။ၿမိဳ႕ေတာ္မွာ အိုတာဝါျဖစ္ၿပီး တိုရန္တို ၊ ကြီဘက္ ၊ ဗန္ကူးဗား အစရွိတဲ့ ကမာၻ႔ထိပ္တန္းၿမိဳ႕ႀကီးမ်ားကို ပိုင္ဆိုင္ထားပါတယ္။

ေအးခ်မ္းတဲ့ပတ္ဝန္းက်င္ကို ပိုင္ဆိုင္ထားၿပီး စီးပြားေရးအလြန္တိုးတက္သည့္အျပင္ ႏိုင္ငံေရးတည္ၿငိမ္တဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ ပညာေရးတြင္လည္း ထိပ္တန္းအဆင့္ရွိၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ အေကာင္းဆုံးႏိုင္ငံစာရင္းမွာလည္း ပါဝင္တဲ့ႏိုင္ငံျဖစ္ပါတယ္။ ကေနဒါ ႏိုင္ငံသားတစ္ဦးခ်င္းစီ၏ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြမွာ အေမရိကန္ေဒၚလာ ၅၁၅၄၆ ျဖစ္ၿပီး ပ်မ္းမွ်သက္တမ္းမွာ ၈၂.၂ ႏွစ္ ျဖစ္ပါတယ္။

၈။ နယူးဇီလန္ 

ဩစေၾတးလ်တိုက္ ႏွင့္ မိုင္ ၁၀၀၀ ေက်္ာအကြာ ပစိဖိတ္သမုဒၵရာထဲမွာ တည္ရွိတဲ့ ကြၽန္းစုႏိုင္ငံျဖစ္ပါတယ္။ စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္ၿပီး ကမ ၻာ့ခ်မ္းသာသည့္ ႏိုင္ငံေတြထဲက တစ္ႏိုင္ငံလည္းျဖစ္ပါတယ္။ စိမ္းလန္းသည့္ကုန္းေျမ ၊ ေရခဲဖုံးလႊမ္းေနသည့္ေတာင္တန္း ၊ သာယာလွသည့္ ကမ္းေျခမ်ားေၾကာင့္ ေက်ာ္ၾကားကာ ေအးျမသည့္ရာသီဥတုရွိတဲ့ႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံလူဦးေရ ၄.၉ သန္းခန႔္ရွိကာ အမ်ားစုမွာဥေရာပလူမ်ိဳးမ်ားမွ ဆင္းသက္လာသူမ်ားျဖစ္ပါတယ္။ ႏိုင္ငံသားတစ္ဦးခ်င္းစီရဲ႕ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြက အေမရိကန္ေဒၚလာ ၄၀၂၆၆ ျဖစ္ၿပီး ပ်မ္းမွ်သက္တမ္းကေတာ့ ၈၁.၆ ႏွစ္ျဖစ္ပါတယ္။

၇။ ဆြီဒင္

ေျမာက္ဥေရာပရွိ စကင္ဒီေနးဗီးယန္းကြၽန္းဆြယ္တြင္ရွိေသာ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ပါတယ္။ EU အဖြဲ႕ဝင္ႏိုင္ငံမ်ားထဲတြင္ ဧရိယာအေနျဖင့္ တတိယအႀကီးဆုံးႏိုင္ငံျဖစ္ၿပီး လူဦးေရ ၁၀.၂သန္းခန႔္ရွိပါတယ္။ စည္းမ်ဥ္းခံဘုရင္စနစ္ႏွင့္ ပါလီမန္ဒီမိုကေရစီစနစ္ကို က်င့္သုံးၿပီး အလြန္တိုးတက္ေသာ စီးပြားေရးအေျခအေန ကိုပိုင္ဆိုင္ထားတဲ့ႏိုင္ငံပါ။

၂၀၁၀ တြင္ ဆြီဒင္သည္ ဥေရာပသမဂၢအတြင္း အဆင့္အျမင့္ဆုံး တီထြင္ထုတ္လုပ္ႏိုင္မႈႏွင့္ အျမန္ဆုံးစီးပြားေရး တိုးတက္မႈ တို႔ ရွိခဲ့တဲ့ႏိုင္ငံျဖစ္ပါတယ္။ အခမဲ့က်န္းမာေရးေစာင့္ေရွာက္မႈ ႏွင့္ ပညာေရးထြန္းကားတဲ့ ႏိုင္ငံလည္းျဖစ္ပါတယ္။ ႏိုင္ငံသားတစ္ဦးခ်င္းစီရဲ႕ ပ်မ္းမွ်ဝင္ေငြမွာ အေမရိကန္ေဒၚလာ ၅၄၄၇၄ ေဒၚလာျဖစ္ၿပီး ပ်မ္းမွ်သက္တမ္းမွာ ၈၂.၄ ႏွစ္ ျဖစ္ပါတယ္။

၆။ ဆြစ္ဇာလန္

ဥေရာပတိုက္၏ အလယ္ဗဟိုတြင္တည္ရွိၿပီး ေတာင္မ်ားပတ္လည္ဝိုင္း လ်က္တည္ရွိေသာ သမၼတႏိုင္ငံျဖစ္ပါတယ္။ ေအးခ်မ္းၿပီး လုံၿခဳံမႈအရွိဆုံးႏိုင္ငံမ်ားစာရင္းတြင္လည္း ထိပ္တန္းမွ ပါဝင္တဲ့ႏိုင္ငံျဖစ္ပါတယ္။ ဆြစ္ဇာလန္၏ ခ်မ္းသာဆင္းရဲမႈ ပမာဏမွာ အမ်ားႀကီးမကြာျခားေပ။ အခ်မ္းသာဆုံးလူ ၂၀%၏ ဝင္ေငြမွာ အဆင္းရဲဆုံးသူ ၂၀%၏ ၄ဆ သာ အမ်ားဆုံးကြာျခားပါတယ္။ ဆြစ္ဇာလန္ႏိုင္ငံသားမ်ားတြင္ ပါလီမန္မွတင္သြင္းေသာ မည္သည့္ဥပေဒကိုမဆို အတည္ျပဳႏိုင္ခြင့္ ၊ ပယ္ဖ်က္ႏိုင္ခြင့္ရွိပါတယ္။ ထိုအတြက္လိုအပ္သည္မွာ ရက္ေပါင္း၁၀၀အတြင္း ေထာက္ခံသည့္ႏိုင္ငံသားလက္မွတ္ ၅ေသာင္းကို စုေဆာင္းရန္သာျဖစ္ပါတယ္။

လူဦးေရ ၈.၅သန္းခန႔္ရွိကာ ႏိုင္ငံသားတစ္ဦးခ်င္းစီ၏ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြမွာ အေမရိကန္ေဒၚလာ ၆၄၉၈၈ ျဖစ္ပါတယ္။ ဆြစ္လူမ်ိဳးမ်ားသည္ ကမာၻေပၚတြင္ သက္တမ္းအရွည္ဆုံးထဲတြင္ပါဝင္ၿပီး ၂၀၁၅ခုႏွစ္စာရင္းအရ ဆြစ္အမ်ိဳးသားမ်ား၏ ပ်မ္းမွ်သက္တမ္းမွာ ၈၁.၃ႏွစ္ျဖစ္ၿပီး ၊ အမ်ိဳးသမီးမ်ား၏ သက္တမ္းမွာ ၈၅.၃ႏွစ္ျဖစ္ပါတယ္။

၅။ နယ္သာလန္ 

ဥေရာပအေနာက္ေျမာက္ပိုင္းမွာ တည္ရွိၿပီး စည္းမ်ဥ္းခံဘုရင္စံနစ္နဲ႔ အုပ္ခ်ဳပ္တဲ့ႏိုင္ငံေလးျဖစ္ပါတယ္။ အက်ယ္အဝန္းအားျဖင့္ စတုရန္းမိုင္ ၁၆၀၄၀ သာက်ယ္ဝန္းၿပီး လူဦးေရ ၁၇.၃သန္းသာ ေနထိုင္ပါတယ္။ ၿမိဳ႕ေတာ္ကေတာ့ အမ္စတာဒမ္ ျဖစ္ပါတယ္။ စီးပြားေရးထြန္းကားၿပီး ေအးခ်မ္းသည့္ရာသီဥတုရွိတဲ့ႏိုင္ငံပါ။ လုံၿခဳံစိတ္ခ်ရလြန္းသျဖင့္ အက်ဥ္းသားမရွိသေလာက္နည္းပါးတာေၾကာင့္ အက်ဥ္းေထာင္ေတြကို ပိတ္ပစ္ရေလ့ရွိတဲ့ႏိုင္ငံပါ။

က်န္းမာေရးေစာင့္ေရွာက္မႈလည္း အလြန္ေကာင္းမြန္ကာ ႏိုင္ငံသားတိုင္းလြတ္လပ္စြာေနထိုင္ေျပာဆိုခြင့္ရွိတဲ့ ႏိုင္ငံလည္းျဖစ္ပါတယ္။ ဒီႏိုင္ငံသားေတြရဲ႕ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၅၉၁၀၅ ျဖစ္ၿပီး ပ်မ္းမွ်သက္တမ္းကေတာ့ ၈၁.၉ႏွစ္ျဖစ္ပါတယ္။

၄။ အိုက္စလန္

ေျမာက္အတၱလန္တိတ္ သမုဒၵရာထဲတြင္ တည္ရွိၿပီး Greenland ကြၽန္း ႏွင့္ ေနာ္ေဝႏိုင္ငံအၾကားတြင္တည္ရွိတဲ့ႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံအက်ယ္အဝန္းမွာ စတုရန္းမိုင္ ၄ေသာင္းနီးပါးရွိေပမယ့္ လူဦးေရကေတာ့ ၃သိန္းခြဲသာ ရွိပါတယ္။ ကမာၻေပၚတြင္လူမ်ိဳးတစ္မ်ိဳးတည္း ရွိသည့္နိင္ငံျဖစ္ကာ အမ်ားစု ၉၃% ခန္႔သည္ ၿမိဳ႕႐ြာမ်ားတြင္ေနထိုင္ၾကပါတယ္။ ၿမိဳ႕ေတာ္ကေတာ့ ေရးခီးဘက္ၿမိဳ႕ျဖစ္ပါတယ္။

အိုက္စလန္ႏိုင္ငံရဲ႕ ပညာေရးစနစ္ဟာ တကၠသိုလ္ အဆင့္အထိ လူတိုင္းအခမဲ့ ပညာေရးစနစ္ျဖစ္ပါတယ္ ။ လူဦးေရနည္းပါးၿပီးသယံဇာတ ေပါႂကြယ္ဝတာေၾကာင့္ လူေနမႈအဆင့္အတန္းျမင့္မားသည့္ နိင္ငံထဲတြင္ပါဝင္ပါတယ္။ ဒီႏိုင္ငံသားေတြရဲ႕ ႏွစ္စဥ္ပ်မ္းမွ် ဝင္ေငြကေတာ့ အေမရိကန္ေဒၚလာ ၅၄၇၅၃ ေဒၚလာ ျဖစ္ၿပီး ပ်မ္းမွ်သက္တမ္းကေတာ့ ၈၂.၇ ႏွစ္ ျဖစ္ပါတယ္။

၃။ ေနာ္ေဝ

ဥေရာပေျမာက္ဖ်ားမွာ တည္ရွိတဲ့ စကင္ဒီေနးဗီးယားႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ပါတယ္။  ေျမျပင္ညီညာမႈ မရွိပဲ ေတာင္စြယ္မ်ား ၊ ေတာင္ၾကားမ်ား ၊ေတာင္တန္းမ်ား ၊ေရကန္မ်ား ၊ ေရခဲျပင္မ်ားဖုံးလႊမ္းရာ ႏိုင္ငံျဖစ္ပါတယ္။ ေအးျမတဲ့ရာသီဥတုကို ပိုင္ဆိုင္တဲ့ႏိုင္ငံျဖစ္ၿပီး လူဦးေရ ၅.၃သန္းခန႔္ ေနထိုင္ပါတယ္။ ကမာၻ႔ေျမာက္ဖက္အစြန္ဆုံးတိုင္းျပည္မ်ားတြင္ပါဝင္ၿပီး ေႏြရာသီတြင္ညသန္းေခါင္ေက်ာ္မွ ေနဝင္ေလ့ ရွိသျဖင့္ သန္းေခါင္ယံေနထြက္ရာ ႏိုင္ငံလို႔လည္း တင္စားေခၚေဝၚၾကပါတယ္။

လူဦးေရနည္းပါးၿပီးသယံဇာတ ေပါႂကြယ္ဝသျဖင့္ ခ်မ္းသာသည့္ ႏိုင္ငံျဖစ္ကာ ပညာေရး ၊ က်န္းမာေရး နယ္ပယ္မ်ားတြင္ ကမာၻ႔ထိပ္တန္းႏိုင္ငံတႏိုင္ငံျဖစ္ပါတယ္။ ေနာ္ေဝႏိုင္ငံသားေတြရဲ႕ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြက အေမရိကန္ေဒၚလာ ၇၄၀၆၅ေဒၚလာ ျဖစ္ၿပီး ႏိုင္ငံသားေတြရဲ႕ ပ်မ္းမွ်သက္တမ္းကေတာ့ ၈၁.၈ ႏွစ္ ျဖစ္ပါတယ္။

၂။ ဒိန္းမတ္

ဒိန္းမတ္ႏိုင္ငံ ဟာလည္း ဥေရာပေျမာက္ပိုင္းတြင္ ရွိေသာ စကင္ဒီေနးဗီးယန္းႏိုင္ငံ တစ္ႏိုင္ငံျဖစ္ပါတယ္။ ဒိန္းမတ္ဘုရင့္ႏိုင္ငံလို႔ေခၚၿပီး အက်ယ္အဝန္းအားျဖင့္ စတုရန္းမိုင္ ၁၆၅၇၇ သာ က်ယ္ဝန္းကာ လူဦးေရ ၅.၈သန္းခန႔္သာ ေနထိုင္တဲ့ႏိုင္ငံျဖစ္ပါတယ္။ စီးပြားေရးထြန္းကားၿပီး လူေနမႈအဆင့္အတန္းျမင့္မားတဲ့ ႏိုင္ငံလည္းျဖစ္ပါတယ္။

ပညာေရးကို အလြန္အားေပးၿပီး ေက်ာင္းတက္လွ်င္ အစိုးရက ပိုက္ဆံမယူတဲ့အျပင္ ပိုက္ဆံပါျပန္ေပးပါေသးတယ္။ အခမဲ့က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္ကိုလည္း ႏိုင္ငံသားေတြအတြက္ ေပးထားပါေသးတယ္။ ဒိန္းမတ္ႏိုင္ငံသားေတြရဲ႕ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၅၁၆၄၃ ျဖစ္ၿပီး ပ်မ္းမွ်သက္တမ္းကေတာ့ ၈၀.၆ ႏွစ္ ျဖစ္ပါတယ္။

၁။ ဖင္လန္

၂၀၁၉ ခုႏွစ္ ကမာၻ႔အေပ်ာ္႐ႊင္ဆုံး ႏိုင္ငံမ်ား စာရင္းမွာ နံပါတ္ ၁ ခ်ိတ္တဲ့ႏိုင္ငံကေတာ့ ဥေရာပေျမာက္ပိုင္းမွာတည္ရွိတဲ့ ဖင္လန္ႏိုင္ငံျဖစ္ပါတယ္။  ဥေရာပ ႏိုင္ငံမ်ားအတြင္းတြင္ အ႒မေျမာက္ အႀကီးဆုံး ႏိုင္ငံတစ္ခုျဖစ္ၿပီး၊ လူဦးေရ အက်ဲဆုံး ျဖစ္သည့္ ႏိုင္ငံတစ္ခုလည္း ျဖစ္ပါတယ္။ လူဦးေရ ၅သန္းခြဲခန႔္သာ ေနထိုင္ၿပီး ႏိုင္ငံၿမိဳ႕ေတာ္က ဟယ္ဆင္ကီျဖစ္ပါတယ္။

ဖင္လန္ႏိုင္ငံဟာ ႏိုင္ငံတကာ ႏိုင္ငံမ်ားႏွင့္ ယွဥ္လွ်င္၊ နည္းပညာ တီထြင္ထုတ္လုပ္ႏိုင္မႈ၊ အမ်ားျပည္သူအတြက္ ပညာေရးအစီအစဥ္မ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈ ၊ ႏိုင္ငံမွ ထုတ္ကုန္မ်ား တိုးတက္လာမႈ ႏွင့္ လူ႔အခြင့္အေရး လြတ္လပ္မႈမ်ားကို ကာကြယ္ေပးႏိုင္ျခင္းမ်ားျဖင့္ အေကာင္းဆုံး ႏိုင္ငံမ်ား စာရင္းတြင္ အၿမဲေတြ႕ရွိေလ့ ရွိပါတယ္။ ကမာၻ႔ပညာေရးအေကာင္းဆုံးႏိုင္ငံအျဖစ္ မၾကာခဏသတ္မွတ္ခံရေလ့ရွိတဲ့ ႏိုင္ငံလည္းျဖစ္ပါတယ္။ ဖင္လန္ႏိုင္ငံသား တစ္ဦးခ်င္းစီရဲ႕ ပ်မ္းမွ်ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၅၀၈၇၈ ျဖစ္ၿပီး ၈၁.၈ ႏွစ္ျဖစ္ပါတယ္။

အထက္ပါစာရင္းဟာ ၂၀၁၉ခုႏွစ္ အေပ်ာ္႐ႊင္ဆုံးႏိုင္ငံမ်ားအျဖစ္ ႏိုင္ငံေပါင္း ၁၅၆ ႏိုင္ငံကို စာရင္းျပဳစုထားတာျဖစ္ပါတယ္။ ဒီစာရင္းထဲမွာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံလည္း ပါဝင္ပါတယ္။ အေပ်ာ္႐ႊင္ဆုံးႏိုင္ငံမ်ားစာရင္းမွာ ျမန္မာႏိုင္ငံရဲ႕ အဆင့္ကေတာ့ ၁၃၁ ျဖစ္ၿပီး ေအာက္ဘက္မွာေတာ့ ႏိုင္ငံ ၂၀ ခန႔္သာ က်န္ပါေတာ့တယ္။ ကမာၻ႔ေပ်ာ္႐ႊင္မႈ အနည္းဆုံးႏိုင္ငံကေတာ့ ေတာင္ဆူဒန္ႏိုင္ငံျဖစ္ၿပီး သူ႔ရဲ႕ေနာက္မွာ အလယ္ပိုင္းအာဖရိက နဲ႔ အဖဂၢနစၥတန္ ႏိုင္ငံေတြက ရပ္တည္ေနပါတယ္။

ကမာၻ႔အခ်မ္းသာဆုံးစာရင္းထဲမွာမပါသလို စံႏႈန္းေတြနဲ႔ ဒီစာရင္းထဲမွာလည္း မပါေပမယ့္ ႏိုင္ငံသားတိုင္းေပ်ာ္႐ြင္ၾကတဲ့ ႏိုင္ငံအျဖစ္ သတ္မွတ္ခံထားရတာကေတာ့ ဘူတန္ ႏိုင္ငံျဖစ္ပါတယ္။ ဒီႏိုင္ငံေလးကို ကမာၻ႔အေပ်ာ္႐ြင္ဆုံးလူေတြ ေနထိုင္ရာေနရာ လို႔ တင္စားေခၚေဝၚၾကၿပီး အဲဒီလိုေခၚေဝၚတဲ့အတိုင္း ဘူတန္ႏိုင္ငံသားေတြဟာ ဆင္းရဲေပမယ့္ အပူအပင္မရွိပဲ သဘာဝနဲ႔ ေပ်ာ္႐ႊင္စြာေနထိုင္ၾကသူမ်ားျဖစ္ၾကပါတယ္။ တကမာၻလုံးက ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အဆင့္အတန္းကို GDP နဲ႔ တြက္ေလ့ရွိေပမယ့္ ဘူတန္ကေတာ့ GNH(Gross National Happiness) လို႔ေခၚတဲ့ ႏိုင္ငံသားေတြရဲ႕ေပ်ာ္႐ႊင္မႈ နဲ႔ပဲ တိုင္းတာပါသတဲ့။ ဒါေၾကာင့္လည္း ကမာၻ႔အဆင့္ထဲမပါေပမယ့္ အေပ်ာ္႐ႊင္ဆုံးႏိုင္ငံအျဖစ္ ဒီႏိုင္ငံငယ္ေလးကို သတ္မွတ္ထားၾကျခင္းျဖစ္ပါတယ္။

Ref : WorldHappiness Report

Tags: countries
Next Post
ကမ္ဘာပေါ်က ပုံမှန်မဟုတ်တဲ့ ပြတိုက် ၁၀ ခု

ကမ္ဘာပေါ်က ပုံမှန်မဟုတ်တဲ့ ပြတိုက် ၁၀ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!