Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၂၀ရာစု ကမ္ဘာကိုပြောင်းလဲစေခဲ့သော ထိပ်ဆုံးပုဂ္ဂိုလ် ၁၀ ဦး

by Thutamm
January 23, 2020
Reading Time: 1min read
0
၂၀ရာစု ကမ္ဘာကိုပြောင်းလဲစေခဲ့သော ထိပ်ဆုံးပုဂ္ဂိုလ် ၁၀ ဦး
Share on FacebookShare on Twitter

၁၉၉၉ ခုနှစ်တုန်းက ကမ္ဘာကျော် Time မဂ္ဂဇင်းဟာ ၂၀ရာစုရဲ့ ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ပါတယ်။ အားလုံးဟာ ကမ္ဘာကြီးကို အပြောင်းအလဲများစွာ ဖန်တီးခဲ့ကြသူတွေဖြစ်ပါတယ်။ အကောင်းဘက်ကနေကျော်ကြားတဲ့ သိပ္ပံပညာရှင် အိုင်းစတိုင်းလိုလူတွေလည်းဒီစာရင်းမှာပါဝင်နေပြီး ဟစ်တလာလို ကမ္ဘာကျော်လူဆိုးတွေလည်း ပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။ ဒီစာရင်းထဲမှာပါဝင်တဲ့ ထိပ်ဆုံးပုဂ္ဂို လ်(၁၀)ဦးရဲ့အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ထုတ်နှုတ်မျှဝေလိုက်ပါတယ်။

(၁၀) Henery Ford

အမေရိကန်လူူမျိုးစက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Henery Ford ဟာ ကမ္ဘာကျော် Ford ကားကုမ္ပဏီကိုတည်ထောင်ခဲ့သူဖြစ်သလို များစွာသော စက်မှုလုပ်ငန်းနည်းပညာတွေ ဖွံဖြိုးဖို့ ကြံဆောင်ပေးခဲ့သူဖြစ်ပါတယ်။ Henery Ford ဟာနိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်ပြီးမော်တော်ကားလောကကို အပြောင်းအလဲကြီးပြုလုပ်ပေးခဲ့သူပညာရှင်တစ်ယောက်လည်းဖြစ်တာကြောင့် ကမ္ဘာကြီးကိုပြောင်းလဲစေတဲ့ ပညာရှင်စာရင်းမှာ အမြဲလိုလို ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဒါအပြင် ဟင်နရီဟာ (၁၉၉၉)ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာကောက်ခံတဲ့ လူထုစစ်တမ်းတွေမှာလည်း (၂၀)ရာစုနှစ် အတွက် ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အယောက်(၁၀၀)အတွင်းမှာ နံပါတ်(၁၀)နေ ရာကနေ ပါဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ Henery Ford ဟာအမေရိကန် ပြည်ထောင်စုအတွက် လူမှုဘဝ သက်သာချောင်ချိရေးကိုဦးစားပေးတဲ့ အရင်းရှင်ဝါဒကိုဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။

(၉) Muhammad Ali Jinnah

ယခု ပါကစ္စတန်နိုင်ငံရဲ့ဖခင်ကြီးအဖြစ်သတ်မှတ်ခံထားရသူ Muhammad Ali Jinnah ဟာ မူဆလင်တွေရဲ့အကျိုးကိုရှေးရှုပြီး အိန္ဒိယနိုင်ငံကနေ ပါကစ္စတန်နိုင်ငံခွဲထွက်ခွင့်ရနိုင်ရေးအတွက် အထူးကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ နာမည်ကျော်ဝတ်လုံတော်ရရှေနေတစ် ဦးနဲ့နိုင်ငံရေးသမားတစ်ယောက်ဖြစ်သူ Muhammad Ali Jinnah ဟာအိန္ဒိယတစ်နိုင်ငံလုံးရဲ့ မူဆလင်အားလုံးရဲ့ခေါင်းဆောင်အဖြစ် (၁၉၁၃)ခုနှစ်ကနေစတင်ပြီး သီးခြားလွတ် လပ်တဲ့ပါကစ္စတန်နိုင်ငံဖြစ်လာတဲ့ (၁၉၄၇)ခုနှစ်၊သြဂုတ်လ(၁၄)ရက်နေ့အထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ယင်းနောက်မှာတော့ ဂျင်နားဟာပါကစ္စတန်ရဲ့ပထမဆုံး သောဘုရင်ခံချုပ်ဖြစ်လာပြီး သူသေဆုံးချိန်(၁၉၄၈)ခုနှစ်အထိတာဝန်ဆက်လက်ယူခဲ့ ပါတယ်။ ပါကစ္စတန်နိုင်ငံသားတွေကတော့ ဂျင်နားကို Quaid -i-Azam (ကြီးမြတ်သော ခေါင်းဆောင်ကြီး) Baba-i-Qaum (နိုင်ငံဖခင်ကြီး)အဖြစ်လည်း အမွှမ်းတင်ခေါ်ဆိုကြပါ တယ်။

(၈) Mao Zedong

Time မဂ္ဂဇင်းကရွေးချယ်တဲ့(၂၀)ရာစုတွင်း ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံးခေါင်းဆောင်စာရင်းမှာ နောက်ထပ်ပါဝင်လာသူကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်ကြီး မော်စီတုံး Mao Zedong ပဲဖြစ်ပါတယ်။ မော်ဝါဒလို့လူသိများတဲ့ သီအိုရီတွေ၊မူဝါဒနဲ့စစ်ရေးဗျူဟာများကို ရေးသားခဲ့တဲ့ ဥက္ကဌကြီးမော်ဟာ မျက်မှောက်ခေတ်တရုတ်ပြည်သူသမ္မတနိုင်ငံကို (၁၉၄၉)ခုနှစ်ကနေ သူကွယ်လွန်ချိန်(၁၉၇၆)ကာလအထိ အုပ်စိုးခဲ့ပါတယ်။

Mao Zedong ဟာတရုတ်ပြည်သူသမ္မတနိုင်ငံနဲ့တရုတ်ကွန်မြူနစ်ပါတီရဲ့ဖခင်ကြီးအဖြစ် နာမည်ကျော်ပေမဲ့ ယင်းကာလက အဖက်ဖက်ကယိုယွင်းနေတဲ့တရုတ်နိုင်ငံကို တည်ထောင်တဲ့လုပ်ငန်းတွေမှာတော့ ကျဆုံးခဲ့သူဖြစ်ကြောင်း နဲ့ တရုတ်လူမျိုးသန်းပေါင်းများစွာကိုသေစေခဲ့တဲ့သူအဖြစ် မှတ်တမ်းတွေအရသိရ ပါတယ်။

(၇) The Wright Brothers

လူသားသမိုင်းမှာ ပထမဆုံးကောင်းကင်ပေါ်မှာ အောင်မြင်စွာ ပျံသန်းခဲ့သူတွေ၊ ကမ္ဘာလူသားတွေရဲ့သမိုင်း ကိုအပြောင်းအလဲကြီးပြောင်းလဲပေးနိုင်ခဲ့တဲ့ Orville Wright နဲ့ Wilbur Wright ညီနောင်အဖို့တော့ ကမ္ဘာကိုအလွှမ်းမိုးနိုင်ဆုံးစာရင်းမှာပါဝင်လာတာဟာ သိပ်တော့ဆန်းလှတယ်လို့တော့မဟုတ်ပါဘူး။ မိုင်ရာပေါင်းများစွာကွာဝေးတဲ့နေရာတွေကို နာရီပိုင်းအတွင်းရောက်နိုင်ခဲ့တာဟာ သူတို့နှစ်ဦးရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။

(၂၀)ရာစုနှစ်အတွင်း အထင်ရှားဆုံးနဲ့အကြီးကျယ်ဆုံးသော တီထွင်သူ အမေရိကန်လူမျိုးညီနောင်နှစ်ဦးဟာဆိုရင် တက္ကသိုလ်ပညာရပ်တွေကို တောင်သင်ကြားဖူးခြင်းမရှိပါပဲ သာမန်စက်ဘီးဆိုင်လေးကိုအရင်းပြုပြီး သူတို့ရဲ့အိမ် မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

(၆) Adolf Hitler

သြစတီးယားနိုင်ငံဖွား ဂျာမန်တစ်ယောက်ဖြစ်တဲ့ ဟစ်တလာကိုတော့ အထူးတလည် မိတ်ဆက်စရာတော့လိုမယ်မထင်ပါဘူး။ နာဇီပါတီခေါင်းဆောင်ကြီးဟစ်တလာဟာဆို ရင် (၁၉၃၃)ခုနှစ်ကနေ (၁၉၄၅)ကာလအတွင်းမှာပဲ ပြာပုံထဲကဂျာမနီကို လက်နက်နိုင်ငံ၊စက်မှုထိပ်တန်းနိုင်ငံအဖြစ် အလျှင်အမြန်ကူးပြောင်းပြပြီး ဒုတိယကမ္ဘာစစ်မီးကိုမွှေးခဲ့သူလည်းဖြစ်ပါတယ်။ Holocaust လိုလူသန်းနဲ့ချီသတ်ပြတဲ့လူသတ်ပွဲတွေဟာ သူရဲ့ဆန္ဒ အရသာဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ခုလုံးကိုတောင်သိမ်းမယ်ဆိုတဲ့ မဟာအကြံကြီးရှိ ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ စက်မှုလုပ်ငန်းနည်းပညာတွေ၊ဆေးဘက်ဆိုင်ရာကုထုံးအသစ်တွေဟာလည်း သူရဲ့စနက်နဲ့ဖြစ်ပေါ်ခဲ့တာကိုတွေ့ရ မှာဖြစ်ပြီး ကမ္ဘာအကြီးကျယ်ဆုံးသောအာဏာရှင်ဆိုရင်လည်း သူကိုပဲလက်ညိုးထိုးရပါ လိမ့်မယ်။ သူရဲ့နောင်တော်စစ်ဘုရင်နပိုလီယံလိုပဲ ဟစ်တလာဟာရုရှားကိုသိမ်းပိုက်ဖို့ အားထုတ်ချိန်မှာတော့ ဟစ်တလာရဲ့နေဝင်ချိန်တွေဟာ ကျရောက်လာပါတော့တယ်။ (၁၉၄၅) ဧပြီ(၃၀)ရက်နေ့မှာတော့ ဂျာမန်တွေစစ်ရှုံးပြီဆိုတာနားလည်သွားခဲ့တဲ့ ဟစ်တလာဟာ သေနတ်ကိုအသုံးပြုပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။ (၂၀) ရာစုအတွင်းလွှမ်းမိုးမှုအရှိဆုံးခေါင်းဆောင်စာရင်းမှာပါဝင်လာတဲ့ ဟစ်တလာအတွက် ဝေဖန်မှုတွေရှိနေခဲ့တာမှန်ပေမဲ့ သူဟာ မကောင်းတဲ့နေရာကနေပဲ ကမ္ဘာလူသားတွေကို လွှမ်းမိုးခဲ့တယ်ဆိုတဲ့အချက်ကတော့ ငြင်းရခတ်ပါတယ်။

(၅) Winston Churchill

ဗြိတိန်နိုင်ငံရေးသမား၊စစ်ဘက်ဆိုင်ရာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ချာချီ ကိုဒုတိယကမ္ဘာစစ်တစ်လျှောက် ဗြိတိန်နဲ့မဟာမိတ်တပ်တွေကို အကောင်းဆုံးဦးဆောင် ပေးနိုင်ခဲ့သူအဖြစ် လူသိများပါတယ်။ သူဟာ အင်္ဂလန်ရဲ့ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်ပြီး စစ်အတွင်းနိုင်ငံတော်ကိုအကောင်းဆုံးဦးဆောင်ပေးနိုင်ခဲ့သလို စာပေဘက် မှာဆိုရင်လည်း နိုဗယ်ဆုချီးမြှင်ခံရတဲ့အထိ ကလောင်သွားထက်ခဲ့သူလည်းဖြစ်ပါတယ်။

အထူးသဖြင့်ဂျာမန်တပ်တွေရဲ့လက်အောက်ကို ဥရောပကျမသွားရန်အတွက် ချာချီရဲ့ ဦးဆောင်မှုတွေဟာ အရေးပါခဲ့ပြီး ဥရောပတစ်တိုက်လုံးရဲ့သမိုင်းတစ်ကွေ့ကို အဆိုးဘက်မရောက်အောင်ထိန်းသိမ်းနိုင်ခဲ့သူလည်းဖြစ်ပါတာကြောင့် (၂၀)ရာစုအတွက် ကမ္ဘာကိုလွှမ်းမိုးနိုင်မှုအရှိဆုံးခေါင်းဆောင်စာရင်းမှာ ထောက်ခံမဲများစွာရရှိခဲ့တာဖြစ်ပါ တယ်။

(၄) Franklin D. Roosevelt

အမေရိကန်ပြည်ထောင်စုရဲ့ (၃၂)ဦးမြောက်သမ္မတဖြစ်ခဲ့တဲ့ Franklin D. Roodevelt ဆိုရင် အမေရိကန်နိုင်ငံရဲ့အဆိုးရွားဆုံးစီးပွားရေးကပ်ဆိုက်မှုကိုသာမက ကမ္ဘာစစ်ကြီး (၂)ခုအတွင်းမှာလည်း အမေရိကန်ပြည်ထောင်စုကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ အမေရိကန်သမ္မတရာထူးကို (၄)ကြိမ်အထိတာဝန်ယူခဲ့တဲ့ သက်တမ်း ရှည်သမ္မတကြီးလည်းဖြစ်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများစွာ၊ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ပြီး ယနေ့လိုအမေရိကန်ပြည်ထောင်စုကို အခြေခိုင်ခိုင် တည်ဆောက်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

(၃) Mahatma Gandhi

လက်နက်မကိုင် အကြမ်းမဖက်တဲ့နည်းနဲ့ အမိမြေလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ Mahatma Gandhi ဟာ အိန္ဒိယနိုင်ငံရဲ့သမိုင်းမှာသာမက ကမ္ဘာသမိုင်းမှာပါစံထားရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေကတော့ သူရဲ့လွတ်လပ်ရေး ကြိုးပမ်းခဲ့မှု လုပ်ရပ်တွေကြောင့် သူကိုနိုင်ငံတော် ရဲ့ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။

Mahatma Gandhi ရဲ့လမ်းစဉ်ဖြစ်တဲ့ အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ အိန္ဒိယဟာ (၁၉၄၇)ခုနှစ်မှာလွတ်လပ်ရေးရယူနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း ကမာ့္ဘလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ရယူနိုင်ခဲ့တဲ့ ပထမဆုံးသော သမိုင်းမှတ်တိုင်ကိုလည်းစိုက်ထူထားနိုင်ခဲ့ပါတယ်။

(၂) Nelson Mandela

တောင်အာဖရိကနိုင်ငံရဲ့ သမ္မတဟောင်းဖြစ်တဲ့ Nelson Mandela ဟာ အသားအရောင် ခွဲခြားမှုဆန့်ကျင်ရေးကို တက်ကြွစွာဆောင်ရွက်ခဲ့သူဖြစ်သလို တောင်အာဖရိကနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဖြင့် အပြည့်အဝရွေးချယ်ခြင်းခံရတဲ့ ပထမဆုံးသောသမ္မတလည်းဖြစ်ပါ တယ်။ သူရဲ့ဒီမိုကရေစီဖော်ဆောင်ရေးကြိုးပမ်းမှုတွေကြောင့် (၁၉၉၃)ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုအပြင် ကမ္ဘာတစ်ဝှမ်းကဂုဏ်ပြုဆုတံဆိပ်ပေါင်း(၁၀၀)ကျော် လောက်ချီးမြှင့်ဂုဏ်ပြုခံရသူလည်းဖြစ်ပါတယ်။

Nelson Mandela ဟာ ယုံကြည်မှုနဲ့ လူအခွင့်အရေးအတွက် အကျဉ်းထောင်အတွင်းမှာ(၂၈)နှစ်ကြာအောင်နေထိုင်ခဲ့ရပြီး လွတ်မြောက်လာချိန်မှာလည်း တောင်အာဖရိကရဲ့သမ္မတအဖြစ် (ANC) ပါတီကို ကိုယ် စားပြုပြီး (၁၉၉၄) ကနေ (၁၉၉၉)ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါအပြင် အာဖရိကမှာ ပထမဆုံးကျင်းပတဲ့ (၂၀၁၀)ကမ္ဘာဖလားပြိုင်ပွဲကျင်းပနိုင်ခွင့်ရနိုင်ရာမှာ လည်း Nelson Mandelaဟာ နိုင်ငံရဲ့အဓိကပုံရိပ်အဖြစ်ပါဝင်ခဲ့တာကိုတွေ့ရမှာပါ။ (၂၀၁၃)ခုနှစ်၊ဒီဇင်ဘာ(၅)ရက်နေ့မှာတော့ Nelson Mandela ဟာ ကာလကြာခံစားခံရ တဲ့ ကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ရပြီး ကွယ်လွန်ချိန်မှာတော့ အသက် (၉၅)နှစ် အရွယ်ရှိနေပြီဖြစ်ပါတယ်။

(၁) Albert Einstein

(၂၀)ရာစုရဲ့ကမ္ဘာကိုအလွှမ်းမိုးအရှိဆုံး လူပုဂ္ဂိုလ်စာရင်းမှာ နံပါတ်(၁)နေရာကနေပါဝင် လာခဲ့သူကတော့ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး Albert Einstein ဖြစ်ပါတယ်။ မျက်မှောက်ခေတ် ရူပဗေဒဘာသာရပ်နယ်ပယ်ရဲ့ ဖခင်ကြီးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ အိုင်းစတိုင်းရဲ့တွေ့ရှိချက်တွေဟာ ကမ္ဘာကြီးကိုအလုံးစုံကိုပြောင်းလဲသွားခဲ့တာဖြစ်ပြီး သူရဲ့တွေ့ရှိမှု သီအိုရီတွေသာမရှိခဲ့ဖူးဆိုရင် ယနေ့လျှမ်းလျှမ်းတောက်ပြည့်စုံနေတဲ့ သိပ္ပံနည်းပညာနယ်ပယ်ဟာ ကျိန်းသေကိုအခက်တွေ့နေရဦးမှာဖြစ်ပါတယ်။

သူရဲ့ဘဝအချိန် တော်တော်များများဟာ တွေးခေါ်မှုတွေ၊စမ်းသပ်ချက်တွေနဲ့ပဲအချိန်ကုန်ခဲ့ရပြီး ညစ်နွမ်းတဲ့အဝတ်အစား နဲ့တစ်ကိုယ်ရေသန့်ရှင်းရေးကိုတောင် ပုံမှန်ပြုလုပ်ဖို့ အချိန်မပေးနိုင်ခဲ့တဲ့ အိုက်စတိုင်းဟာ ကမ္ဘာကျေးဇူးရှင်စာရင်းမှာ မဖြစ်မနေကိုထည့်သွင်းရမဲ့ မဟာသိပ္ပံ ပညာကျော်တစ်ဦးဖြစ်ပါတယ်။ နာမည်ကျော်ဒြပ်ထုစွမ်းညီမျှခြင်း E=Mc2 ကနေ နျူးကလီးယားလက်နက်တွေထုတ်လုပ်နိုင်ဖို့ ပထမဆုံးသောတံခါးပေါက်ကိုဖွင့်ပေးနိုင်ခဲ့သူကလည်း အိုက်စတိုင်းသာဖြစ်ပြီး (၁၉၂၁)ခုနှစ်မှာတော့ ရူပဗေဒနယ်ပယ်အတွက် နိုဗယ်ဆုကိုလက်ခံရရှိခဲ့ပါတယ်။ ထိုဆုကို သူ၏ ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်ပါတယ်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးမောင့်ဂိုမာရီ ရဲ့ အချစ်ဇာတ်လမ်း

ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးမောင့်ဂိုမာရီ ရဲ့ အချစ်ဇာတ်လမ်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!