• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၁၉၃၀ ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ်

by Thutamm
April 15, 2020
Reading Time: 1min read
0
Share on FacebookShare on Twitter

(Uni)

အခု ၂၀၁၉-၂၀၂၀ မှာ ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ကို ကျွန်တော်တို့က ကိုရိုနာဗိုင်းရပ်စ်လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကို ၁၉၃၀ ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ နို့တိုက်သတ္တဝါ နဲ့ ငှက်တွေမှာ ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်အုပ်စု တခုဖြစ်ပါတယ်။

၁၉၃၀ ခုနှစ် ပထမဆုံးအကြိမ်ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တာကတော့ အိမ်မွေးကြက်တွေဆီမှာဖြစ်ပြီး ပြင်းထန်သောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို ဖြစ်ပွားစေပါတယ်။ ဒီကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကိုတော့ infectious bronchitis virus (IBV) လို့ ခေါ်ပါတယ်။

၁၉၄၀ခုနှစ်မှာတော့ ကြွက် နဲ့ အခြားတိရစ္ဆာန်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ၂မျိုးကို ထပ်တွေ့ခဲ့ပြန်ပါတယ်။ ဒီကိုရိုနာဗိုင်းရပ်စ်တွေကတော့ mouse hepatitis virus (MHV) နဲ့ transmissible gastroenteritis virus (TGEV) တို့ဖြစ်ပါတယ်။

လူသားတွေမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်မှုကိုတော့ ၁၉၆၀ ပြည့်နှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ဒီဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ပြင်းထန်တဲ့အအေးဒဏ်ကိုခံစားကြရပါတယ်။ ဒီကိုရိုနာဗိုင်းရပ်စ်တွေကိုတော့ human coronavirus 229E နဲ့ human coronavirus OC43 လို့ အမည်ပေးခဲ့ကြပါတယ်။

၂၀၀၃ ခုနှစ်ဖြစ်တဲ့ SARS-CoV ၊ ၂၀၀၄ခုနှစ်မှာဖြစ်တဲ့ HCoV NL63 ၊ ၂၀၀၅ခုနှစ်မှာဖြစ်တဲ့ HKU1 ၊ ၂၀၁၂ မှာဖြစ်တဲ့ MERS-CoV နဲ့ ၂၀၁၉ ခုနှစ်မှာ စတင်ဖြစ်ပွားတဲ့ SARS-CoV-2 အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ်တွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ လက်ရှိကြုံတွေနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ SARS-CoV-2 ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်တဲ့အတွက် Coronavirus disease 2019 ကို အတိုချုံ့ပြီး COVID-19 လို့ခေါ်ကြခြင်းဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အများစုဟာ ပြင်းထန်သောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်ပွားစေပါတယ်။

#သုတဇုန်

—— ——- ———-

၁၉၃၀ ခုႏွစ္ကတည္းက စတင္ေတြ႕ရွိခဲ့ေသာ ကို႐ိုနာဗိုင္းရပ္စ္

အခု ၂၀၁၉-၂၀၂၀ မွာ ျဖစ္ပြားတဲ့ ဗိုင္းရပ္စ္ကို ကြၽန္ေတာ္တို႔က ကို႐ိုနာဗိုင္းရပ္စ္လို႔ပဲ အလြယ္တကူေခၚေဝၚေနၾကေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ကို ၁၉၃၀ ခုႏွစ္ကတည္းက စတင္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ဟာ ႏို႔တိုက္သတၱဝါ နဲ႔ ငွက္ေတြမွာ ျဖစ္ပြားတဲ့ ဗိုင္းရပ္စ္အုပ္စု တခုျဖစ္ပါတယ္။

၁၉၃၀ ခုႏွစ္ ပထမဆုံးအႀကိမ္ကို႐ိုနာဗိုင္းရပ္စ္ကို စတင္ေတြ႕ရွိခဲ့တာကေတာ့ အိမ္ေမြးၾကက္ေတြဆီမွာျဖစ္ၿပီး ျပင္းထန္ေသာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါကို ျဖစ္ပြားေစပါတယ္။ ဒီကုိရုိနာဗုိင္းရပ္စ္မ်ဳိးကြဲကိုေတာ့ infectious bronchitis virus (IBV) လုိ႔ ေခၚပါတယ္။

၁၉၄၀ခုႏွစ္မွာေတာ့ ၾကြက္ နဲ႔ အျခားတိရစာၦန္ေတြမွာ ကုိရုိနာဗုိင္းရပ္စ္ ၂မ်ုိးကို ထပ္ေတြ႔ခဲ့ျပန္ပါတယ္။ ဒီကိုရိုနာဗုိင္းရပ္စ္ေတြကေတာ့ mouse hepatitis virus (MHV) နဲ႔ transmissible gastroenteritis virus (TGEV) တုိ႔ျဖစ္ပါတယ္။

လူသားေတြမွာ ကုိရုိနာဗုိင္းရပ္စ္ ပထမဆုံးကူးစက္မႈကိုေတာ့ ၁၉၆၀ ျပည့္ႏွစ္မွာ စတင္ေတြ႔ရွိခဲ့ပါတယ္။ အဲဒီတုန္းက ဒီဗုိင္းရပ္စ္ကူးစက္ခံရသူေတြဟာ ျပင္းထန္တဲ့အေအးဒဏ္ကိုခံစားၾကရပါတယ္။ ဒီကိုရုိနာဗုိင္းရပ္စ္ေတြကုိေတာ့ human coronavirus 229E နဲ႔ human coronavirus OC43 လုိ႔ အမည္ေပးခဲ့ၾကပါတယ္။

၂၀၀၃ ခုႏွစ္ျဖစ္တဲ့ SARS-CoV ၊ ၂၀၀၄ခုႏွစ္မွာျဖစ္တဲ့ HCoV NL63 ၊ ၂၀၀၅ခုႏွစ္မွာျဖစ္တဲ့ HKU1 ၊ ၂၀၁၂ မွာျဖစ္တဲ့ MERS-CoV နဲ႔ ၂၀၁၉ ခုႏွစ္မွာ စတင္ျဖစ္ပြားတဲ့ SARS-CoV-2 အားလုံးဟာ ကုိရုိနာဗုိင္းရပ္စ္ေတြပဲ ျဖစ္ပါတယ္။

ကြ်န္ေတာ္တုိ႔ လက္ရွိႀကဳံေတြေနတဲ့ ကိုရုိနာဗုိင္းရပ္စ္ကေတာ့ SARS-CoV-2 ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ျဖစ္တဲ့ ကိုရုိနာဗုိင္းရပ္စ္ ကူးစက္ေရာဂါျဖစ္တဲ့အတြက္ Coronavirus disease 2019 ကို အတုိခ်ဳံ႕ၿပီး COVID-19 လို႔ေခၚၾကျခင္းျဖစ္ပါတယ္။ ကုိရုိနာဗုိင္းရပ္စ္အမ်ားစုဟာ ျပင္းထန္ေသာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါေတြကို ျဖစ္ပြားေစပါတယ္။

#သုတဇုန္

Tags: health knowledge
Next Post
တာဂျစ်ကစ္စတန်နိုင်ငံ အကြောင်းသိကောင်းစရာ

တာဂျစ်ကစ္စတန်နိုင်ငံ အကြောင်းသိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!