Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၁၆ ရာစု အပြင်းထန်ဆုံးလက်နက်ဖြစ်တဲ့ ငရဲမီးချိန်ကိုက်ဗုံးသင်္ဘော

by Thutamm
January 6, 2020
Reading Time: 1min read
0
၁၆ ရာစု အပြင်းထန်ဆုံးလက်နက်ဖြစ်တဲ့ ငရဲမီးချိန်ကိုက်ဗုံးသင်္ဘော
Share on FacebookShare on Twitter

ကုန်လွန်ခဲ့ပြီးဖြစ်တဲ့ ရာစုနှစ်များစွာအကြာက လူသားတွေဟာကုန်သွယ်ခြင်းအပါအဝင် ရပ်ဝေးခရီးသွားလာဖို့အတွက်ရေကြောင်းခရီးကိုသာ အဓိကထားသွားလာခဲ့ရပါတယ်။ ရေကြောင်းသွားလာရေးဖွံဖြိုးလာတာနဲ့အတူ တဆက်တည်းပါလာတာကတော့ ရေတပ်အင်အားစုတွေဖြစ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ အဖွဲ့တစ်ခုနဲ့တစ်ခု ရေကြောင်းဆိုင်ရာ ထိတွေ့မှုတွေဖြစ်ပွားခဲ့ကြပြီး စစ်ရေယာဉ် တစ်စီးနဲ့ တစ်စီးဟာပင်လယ် ရေပြင်မှာအသာရတဲ့ သူကနစ်မြုပ်ဖြစ်ဖို့ အရေးဖြစ်လာပါတယ်။

ယင်းအချိန်က သင်္ဘောတွေဟာ သစ်သားနဲ့သာ တည်ဆောက်ကြတာ များတာကြောင့် တစ်စီးနဲ့တစ်စီးယှဉ်ကပ်ပြီးတိုက်ခိုက်ဖို့ထက် အဝေးကနေမီးလောင် ကျွမ်းသွားအောင် လုပ်မယ်ဆိုရင် ပိုမိုထိရောက်မယ်လို့နားလည်လာတာနဲ့အမျှ မီးလက်နက်တွေကို တီထွင်အသုံးပြုလာကြပါတယ်။

ဒီနည်းလမ်းကိုစတင်အကောင်အထည်ဖော်ခဲ့သူတွေကတော့ ရှေးဂရိလူမျိုးတွေပဲဖြစ်ပြီး သူတို့ဟာမီးလောင်လွယ်တဲ့ ထင်းရှူးဆီ၊ ကတ္တရာစေးစတဲ့အရာတွေကို သိုလှောင်ထားတဲ့ ရေယာဉ်တစ်စီးကို သူတို့ရဲ့ရေယာဉ်အုပ်စုမှာအမြဲထားရှိပြီး ရန်သူသင်္ဘောအုပ်စုနဲ့ ရင်ဆိုင်တွေ့ပါက လောင်စာအပြည့်ပါဝင်တဲ့ရေယာဉ်ကိုမီးရှိုပြီး ရန်သူသင်္ဘောအုပ်ထဲကို ရောက်ရှိစေတဲ့နည်းဖြစ်ပါတယ်။

ဒီနေရာမှာဂရိတွေရဲ့ ရေလမ်းကြောင်းကျွမ်းကျင်မှုနဲ့ လေတိုက်ခတ်ပုံသဘောတရားကိုမူတည်ပြီး ပါးနပ်စွာတိုက်ပွဲဝင်နိုင်ပုံကို ဆက်စပ်သိရှိ နိုင်ပါတယ်။ ဒီနည်းလမ်းကိုအသုံးပြုပြီးဂရိတွေရဲ့တိုက်ခိုက်မှုအဟုန်ကြောင့် ရန်သူတွေဟာ အပျက်အစီးများစွာနဲ့ကြုံတွေ့ရပြီး ဂရိတွေဟာပင်လယ်ရေပြင်ကြောမှာနှစ်ပေါင်းများ စွာမင်းမူနိုင်ခဲ့ပါတယ်။

(၇)ရာစုလောက်ကတည်းက ဂရိတွေဟာ Naptha လို့သိကြတဲ့ ဟိုက်ဒရိုကာဗွန်ဓာတ် ပေါင်းတစ်မျိုးနဲ့ထုံးကျောက်ကိုအပူပေးခြင်းဖြင့်ရနိုင်တဲ့ ကယ်ဆီယမ်အောက်ဆိုဒ်ဒြပ်ပေါင်းတွေကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဓာတုဗေဒနည်းအရ ဂရိတွေရဲ့ တွေ့ရှိတဲ့ အရာတွေဟာ ရေနဲ့ထိတွေ့ပါကမီးလောင်လွယ်တဲ့ဓာတ်ပစ္စည်းတွေဖြစ်တာကြောင့် သူတို့ဟာ ယင်းဓာတ်ပစ္စည်းတွေကို စုပေါင်းပြီး မီးလောင်ဗုံးတွေကိုတီထွင်နိုင်ခဲ့ပါတယ်။ ဂရိတွေရဲ့ တီထွင်မှုဟာ ကမ္ဘာ့ပထမဆုံးသောမီးလက်နက်အနေနဲ့ မှတ်တမ်းဝင်ခဲ့ပြီး ဂရိတွေဟာ ဒီလက်နက်အစွမ်းနဲ့ အခြားသော ရန်သူသင်္ဘောတွေကို အချိန်တိုအတွင်း မီးလောင်တိုက်သွင်းပြီး နှစ်မြုပ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းကာလရောက်ချိန်မှာတော့ သင်္ဘောတွေရဲ့တည်ဆောက်ပုံဟာပြောင်းလဲလာတာနဲ့အတူ ယမ်းမှုန့်တွေကိုဖန်တီးနိုင်ခဲ့ပြီးနောက်မှာတော့ ဂရိတွေရဲ့မီးသင်္ဘော တိုက်ခိုက်မှုတွေဟာ အနည်းငယ်တိမ်ကောသွားခဲ့ပါတယ်။ တစ်ဆက်တည်းပဲ ရေမြုပ်ဗုံးတွေပေါ်ပေါက်လာချိန်မှာတော့ ဂရိတွေရဲ့ ဒီနည်းပညာဟာ အတော်ကြီးကိုခေတ်နောက်ကျကျန်ခဲ့ပြီလို့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင်တော့ ကိုလိုနီနယ်မြေရရှိရန်အသည်းအသန်ပြိုင်ဆိုင်နေတဲ့ အင်္ဂလိပ်၊ပြင်သစ်နဲ့ဒတ်ချ်တို့ရဲ့စစ်မက်ရေးရာ ကိုအခြေခံပြီးလက်နက်ပြိုင်ဆိုင်မှုတွေအောက်မှာ ဂရိတွေရဲ့နည်းပညာတွေဟာ နစ်မြုပ်ခဲ့ရတယ်လို့ဆိုရပါမယ်။

(၁၅၈၅)ခုနှစ်ဆောင်းတွင်းကာလမှာတော့ အီတလီ စစ်သေနာပတိတစ်ဦးဖြစ်တဲ့ Alexander Farnese(ပါးမားမြို့စားကြီး) ဟာ ယခုဘယ်ဂျီယံနိုင်ငံအတွင်းမှာရှိတဲ့ ဒတ်ချ်တွေသိမ်းပိုက်ထားတဲ့ Antwerp ဆိပ်ကမ်းမြို့ ကိုသိမ်းပိုက်ဖို့ရေကြောင်းကနေချီတက်လာခဲ့ပါတယ်။ Alexanderဟာယင်းကာလက စပိန်ဘုရင်ခံအဖြစ်ရှိနေသူဖြစ်ပြီး သူရဲ့လက်အောက်ခံ တပ်သားတွေဟာ စပိန်လူမျိုးစစ်သည်အများဆုံးပါဝင်လာခဲ့ပါတယ်။

သူဟာ ကုန်း ရေနှစ်တန်ကနေတိုက်ခိုက်ဖို့အကြံရှိတာကြောင့် ကြားမှာရှိတဲ့ Scheldt မြစ်ကိုဖြတ်ပြီး တံတားတစ်စင်းတည်ဆောက်ခဲ့ပါတယ်။ တည်ဆောက်ရခြင်းကတော့ ချီတက်တိုက် ခိုက်ရမဲ့လမ်းကြောင်းကို ချုံ့လိုက်တဲ့သဘောပါ။ ဒါအပြင် Antwerp ရဲ့ဝင်ပေါက်၊ထွက် ပေါက်တွေကို ပိတ်ဆို့ပြီး မြို့ကိုအငတ်ဘေးဆိုက်စေရန်လည်း အလက်ဇန္ဒားက ရည်ရွယ်ခဲ့ပါတယ်။ဒတ်ချ်တွေကလည်း အီတလီလူမျိုးလက်နက်ပညာရှင်တစ်ယောက် ဖြစ်တဲ့ Federigo Giambelli ကိုကြေးစားအဖြစ်ငှားရမ်းပြီး မြို့ကိုဝန်းရံထားတဲ့ အလက်ဇန္ဒားရဲ့ရေတပ်ကိုဖြိုခွဲစေပါတယ်။

Giambelli က အလက်ဇနားရဲ့ဆက်သွယ်ရေးတံတားကိုဖြိုဖျက်ဖို့ ကြီးမားတဲ့ကုန်သင်္ဘောကြီး(၃)စီးလိုအပ်ကြောင်းတာဝန်ရှိသူတွေကိုတင်ပြပေမဲ့ အခြေအနေအရ Fortuyn နဲ့ Hoop အမည်ရတဲ့စစ်ရေယာဉ်(၂)စင်းကိုသာအသုံးပြုခွင့်ရခဲ့ပါတယ်။ Giambelli အနေနဲ့ ဒတ်ချ်တွေရဲ့သဘောထားကို မနှစ်မြို့ပေမယ့် ရှိတဲ့ပစ္စည်းနဲ့ အကောင်း ဆုံးပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပြီး ယင်းစစ်သင်္ဘောငယ်နှစ်စင်းကို အကြီးဆုံးဗုံးလက်နက်အဖြစ်ဖန်တီးပြခဲ့ပါတယ်။

Giambelli ဟာ သင်္ဘောတွေရဲ့အတွင်းပိုင်းမှာ အလျားပေ(၄၀)၊အနံ(၁၆)ပေစီရှိကြတဲ့ Fire Chamber ကြီးတွေကို အုတ်၊အင်္ဂတေတွေ ကိုအသုံးပြုတည်ဆောက်စေပါတယ်။ နံရံတွေရဲ့အထူကတော့ (၅)ပေလောက်ရှိကြပြီး ယင်း Fire Chamber တွေအတွင်းကိုပေါက်ကွဲအားပြင်းတဲ့ ယမ်းစိမ်း(၃)တန်လောက်ကို ထည့်သွင်းခဲ့ပါတယ်။ ယင်းအပေါ်ကိုတော့ ကျောက်သားကျောက်တိုင်ငယ်တွေ၊ခဲသတ္ထုတွေ၊သံတိုသံစတွေနဲ့၊ဖန်ကွဲပုလင်းကွဲတွေကို ဗုံးဆံအဖြစ်ထားရှိပါတယ်။ ဖော်ပြပါအရာ တွေအားလုံးကိုတော့ သမရိုးကျသစ်သားတွေနဲ့လုံခြုံအောင်ကာရုံထားပြီး ရုတ်တရတ် ကြည့်ပါက သာမန်ရေယာဉ်တစ်စီးအသွင်ကိုဖမ်းစေပါတယ်။ Giambelli ဖန်တီးတဲ့ ယင်းဗုံးသင်္ဘောတွေကိုတော့ hellburners လို့ အမည်တွင်ခဲ့ပါတယ်။

ရေယာဉ် Fortuyn ပေါ်မှာတော့ ဗုံးစနက်တံအစကိုတစ်ဖြည်းဖြည်းချင်းမီးရှိုပြီး သတ်မှတ်နေရာကိုရောက်ချိန်မှ ပေါက်ကွဲအောင်စီမံခဲ့ပါတယ်။ နောက်ထပ်ရေယာဉ် Hoop ကိုတော့ဗုံးရဲ့စနက်တံကို Mechanical timer တစ်ခုနဲ့ပေါင်းစပ်ပြီး ချိန်ကိုက်ဗုံး တစ်ခုပမာကြံဆခဲ့တာကိုတွေ့ရပါတယ်။ ယင်း Mechanical timer ကို တူမီးသေနတ်မောင်းခလုပ်နဲ့တွဲဖက်ထားတာဖြစ်ပြီး သတ်မှတ်ချိန်ရောက်တဲ့အချိန်မှာတော့ တူမီးသေနတ်ရဲ့အလိုအလျောက်ပစ်ခတ်မှုကြောင့် ဗုံးရဲ့စနက်တံဟာမီးရှိုပြီးသားဖြစ်သွား မှာပါ။

ဒီတီထွင်မှုဟာ ယခုလက်ရှိ ခေတ်သစ် ချိန်ကိုက်ဗုံးတွေရဲ့အစအဖြစ်မှတ်တမ်းဝင် သွားခဲ့ပါတယ်။ ရန်သူအဓိကပစ်မှတ်ဖြစ်တဲ့ တံတားဟာ Scheldt မြစ်ဝဘက်မှာတည်ရှိတာကြောင့် ရေကျချိန်ကိုမှန်းပြီး အခြားမီးသင်္ဘောအစီး(၃၀)နဲ့အတူမျောပါတိုက်ခိုက်ဖို့ Giambelli ကဆုံးဖြတ်ခဲ့ပါတယ်။ (၁၅၈၅)ခုနှစ်၊ဧပြီ(၄)ရက်နေ့ညချမ်းမှာတော့ ဒတ်ချ်တွေရဲ့တန်ပြန်တိုက်ခိုက်မှုဟာ စတင်ခဲ့ ပါတယ်။

ဒီတိုက်ပွဲမှာတော့ ဒတ်ချ်တွေဘက်ကပါဝင်ကူညီခဲ့တဲ့ အီတလီဉာဏ်ကြီးရှင် Giambelli တီထွင်တဲ့ဗုံးသင်္ဘော(၂)စီးရဲ့လက်ချက်နဲ့ စစ်ဘုရင် Alexander Farnese ရဲ့ ဆက်သွယ်ရေးပင်မတံတားကြီးအပြင် စပိန်စစ်သည် (၈၀၀)ကျော်ဟာ ပွဲချင်းပြီးပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ဗုံးဆံအဖြစ်ပါဝင်တဲ့ ကျောက်တုံး၊ကျောက်ခဲ၊သံတိုသံစ၊ဖန်ကွဲစ စတာတွေဟာယမ်းအားကြောင့် အမြင့်ပေတော်တော်များကိုရောက်ရှိပြီး ကောင်းကင်ကနေ မှိုပွင့်သဏ္ဍာန်ပြန်လည်ကျရောက်ခဲ့တဲ့အပြင် ဒီပေါက်ကွဲမှုကြီးကိုဖြစ်ပွားရာနေရာရဲ့ (၃၅)ကီလိုမီတာနေရာကအိပ်စက်နေသူတွေတောင်လန့်နိုးခဲ့ရတယ်လို့ မှတ်တမ်း တွေ အရသိရပါတယ်။

ယင်းပေါက်ကွဲမှုကြီးဟာ (၁၅၈၅)ခုနှစ်ကနေစတင်ပြီး ကမ္ဘာအပြင်းထန်ဆုံးသော လူလုပ်ကိရိယာကြောင့်ပေါက်ကွဲမှုကြီးအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ပထမကမ္ဘာစစ်မတိုင်ခင် အထိ ဒီမှတ်တမ်းကိုထိန်းထားနိုင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကာလမှာတော့ ဗြိတိန်အင်ဂျင်နီယာတပ်ရင်းရဲ့ ဂျာမန်ကတုတ်ကျင်းတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ တန်ချိန်(၄၅၀၀၀)ကီလိုဂရမ်အလေးချိန်ရှိတဲ့ ခဲယမ်းမီးကျောက် တွေနဲ့တိုက်ခိုက်မှု ဖြစ်စဉ်အပြီးမှာတော့ ဒုတိယနေရာကိုရောက်သွားခဲ့ပါတယ်။

စစ်ဘက်ဆိုင်ရာသမိုင်းကျွမ်းကျင်ပညာရှင် Robert L.O’ Connell ကတော့ Hellburners ကိုလူသားသမိုင်းရဲ့ပထမဆုံးသော ဖျက်အားပြင်းလက်နက်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒတ်ချ်တွေအနေနဲ့ အီတလီပညာရှင် Giambelli ရဲ့ Hellburners လက်နက်အစွမ်းနဲ့ Alexander Farnese ရဲ့တပ်တွေကို အချီကြီးဖျက်ဆီးလိုက်နိုင်ပေမယ့် တိုက်ပွဲတစ်ခုလုံး အနေနဲ့ကတော့ ရှုံးနိမ့်ခဲ့ရပါတယ်။ စပိန်သားတွေဟာနောက်ထပ် သစ်သားတံတား များစွာကိုအသုံးပြုပြီး Antwerp ဆိပ်ကမ်းမြို့ကိုဆက်လက်ပိတ်ဆို့နိုင်ခဲ့ပြီး နောက်ထပ် (၄)လအကြာမှာတော့ Antwerp မြို့တော်ကိုပါဒတ်ချ်တွေလက်ထဲကနေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Ref:
Amusing Planet
WIkipedia

Tags: kaung htetmilitaryworld history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Next Post
ကြက်ခေါင်းစားလို့ ဘုရင်ဖြစ်သူ (သို့) ငတပါးမင်း

ကြက်ခေါင်းစားလို့ ဘုရင်ဖြစ်သူ (သို့) ငတပါးမင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!