• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၁၃နှစ်အရွယ်နဲ့ ဒေါ်လာသန်းချီတန်တဲ့ ကုမ္ပဏီကိုတည်ထောင်နိုင်ခဲ့တဲ့ ကောင်မလေး

by Thutamm
August 14, 2019
Reading Time: 1min read
0
၁၃နှစ်အရွယ်နဲ့ ဒေါ်လာသန်းချီတန်တဲ့ ကုမ္ပဏီကိုတည်ထောင်နိုင်ခဲ့တဲ့ ကောင်မလေး
Share on FacebookShare on Twitter

ရေးသားသူ – ဗန်းမော်သိန်းဖေ

အမေရိကန်နိုင်ငံ၊ ဒီထရွိုက်မြို့ရဲ့ အနောက်မြောက်ဖက် မိုင် ၃၀ အကွာမှာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ Zollipops ဆိုတဲ့ သကြားလုံးထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ရှိပါတယ်။ အပြင်က ကြည့်လိုက်ရင် ကုမ္ပဏီဟာ ကုန်လှောင်ရုံတစ်ခုနဲ့ တူနေပါတယ်။ ဒါပေမဲ့ အတွင်းကို ဝင်လိုက်ရင် သကြားမပါတဲ့ lollipop (လိုလီပေါ့) လို့ ခေါ်တဲ့ တုတ်ချောင်းလေးနဲ့ ချိုချဉ်ဝိုင်းလေးတွေ၊ သကြားလုံးတွေ၊ တော်ဖီတုံးလေးတွေ ထည့်ထားတဲ့ သေတ္တာတွေကို အထပ်လိုက် တွေ့နေရပါတယ်။

ဒီကုန်လှောင်ရုံကနေ အဲဒီသကြားလုံးတွေကို အွန်လိုင်းနဲ့ အမေရိကန်တစ်နိုင်ငံလုံးမှာ ရှိကြတဲ့ ဆိုင်ကြီးပေါင်း ၇၅၀၀ ကို နေ့စဉ် ဖြန့်ပေးနေပါတယ်။ ကုမ္ပဏီမှာ အချိန်ပြည့် အလုပ်သမား ၆ ဦးရှိကြပြီး အလုပ်လုပ်ပေးနေကြတဲ့ ကန်ထရိုက်တာအမြောက်အမြားကိုလည်း တွေ့ရပါတယ်။ ကုန်လှောင်ရုံကြီးရဲ့ အတွင်းဖက်အကျဆုံး နေရာမှာတော့ တောက်ပတဲ့ အကဆုဖလားတွေ၊ ကလေးပန်းချီကားတွေ၊ Zollipops ပိုစတာတွေနဲ့ ပြည့်နေတဲ့ ရုံးခန်းလေးတစ်ခုရှိပါတယ်။

အဲဒါဟာ Zollipops ကုမ္ပဏီကို ထူထောင်ခဲ့ပြီး CEO ဖြစ်နေတဲ့ ၁၃ နှစ်အရွယ် ကောင်မလေး အယ်လီနာမော့စ် (Alina Morse) ရဲ့ ရုံးခန်းပါ။ ကျောင်းဖွင့်ရက်တွေမှာ အယ်လီနာဟာ အကသင်တာ၊ ကျောင်းတက်တာ၊ အိမ်စာလုပ်တာ၊ ကုမ္ပဏီမှာ လာရောက်အလုပ်လုပ်တာတွေနဲ့ အချိန်မအားလပ်အောင် ဖြစ်နေပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာတော့ အယ်လီနာဟာ ကုမ္ပဏီမှာ အချိန်များများပေးပြီး နေတတ်ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ် (၂၀၁၂ ခုနှစ်) လောက် အယ်လီနာ အသက် ၇ နှစ်အရွယ် တစ်ရက်မှာ ဘဏ်တစ်ခုကို သွားတဲ့ သူ့အဖေ တွမ်နဲ့အတူ လိုက်သွားပါတယ်။ လမ်းမှာ တွမ်က သူ့ကို lollipop (လိုလီပေါ့) တစ်ခု ဝယ်ပေးတယ်။ အယ်လီနာက lollipop ကို စားကြည့်ပြီး သဘောကျသွားတယ်။ တွမ်က အယ်လီနာကို lollipop များများစားရင် သွားပိုးစားနိုင်တယ်လို့ ပြောလိုက်တယ်။ ဒီအခါမှာ အယ်လီနာဟာ သွားပိုးမစားစေတဲ့ lollipop ကို တီထွင်ဖို့ အကြံရလိုက်တယ်။

အဲဒီအချိန်ကစပြီး အယ်လီနာဟာ lollipop ကို ဘယ်လို လုပ်တယ်ဆိုတာကို အွန်လိုင်းမှာ ရှာဖတ်တယ်။ အဲဒီက ရတဲ့ အသိပညာနဲ့ သကြားမသုံးတဲ့ lollipop ကို သူ့အိမ်မှာ လျှပ်စစ်မီးဖိုတွေ၊ မိုက်ကရိုဝေ့မီးဖိုတွေနဲ့ လုပ်ကြည့်တယ်။ ၂ နှစ်ကြာခဲ့တယ်။ အယ်လီနာတီထွင်ထားတဲ့ သွားပိုးမစားစေတဲ့ lollipop ကို Zollipops လို့ နာမည်ပေးလိုက်ပြီး အဖေ တွမ်က Whole Foods လက်ကားရောင်းချတဲ့ ကုန်တိုက်ကြီးကို သွားပြတယ်။ Whole Foods က သဘောကျလို့ အဲဒီ Zollipops တွေကို အမြောက်အမြား စတင်မှာယူကြတယ်။

Whole Foods က Zollipops အမှာတွေ ရပြီး မကြာခင်မှာပဲ အင်တာနက်ကုမ္ပဏီကြီး Amazon မှာ တင်ပြီး ရောင်းချတယ်။ ကုမ္ပဏီအရောင်းရဲ့ ၄ ပုံ ၁ ပုံက Amazon မှာ ဖြစ်တယ်။ ၂၀၁၅ ခုနှစ် အယ်လီနာ အသက် ၉ နှစ်အရွယ်မှာ တီဗွီက ထုတ်လွှင့်တဲ့ Steve Harvey Show အစီအစဉ်မှာ အယ်လီနာကို အင်တာဗျူးလုပ်တာ ပါလာတယ်။ အဲဒီအင်တာဗျူးမှာ သူက ပရိသတ်ကို ခုလို ပြောခဲ့ပါတယ်။

“ကျွန်မ ကလေးတိုင်းကို သန့်ရှင်းတဲ့ ဖြူစင်တဲ့ သွားတွေ၊ ကျန်းမာတဲ့ အပြုံးတွေနဲ့ လက်ထဲမှာ Zollipops လေးကို ကိုင်ထားတာကို မြင်ချင်ပါတယ်”တဲ့။ နောက်တစ်နှစ်အကြာမှာ Zollipops တွေကို အမေရိကန်နိုင်ငံက အကြီးဆုံးကုန်တိုက်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့ Kroger ကုမ္ပဏီနဲ့ ချိတ်ဆက်မိတယ်။ အယ်လီနာက “လောလောဆယ်မှာ Zollipops ဟာ အမေရိကန်နိုင်ငံမှာ ရောင်းအကောင်းဆုံးသကြားလုံး ၁၀ မျိုးမှာ အဆင့် ၉ ပါ။ မကြာခင် အဆင့်တက်လာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်”လို့ ရယ်ရင်း ပြောပါတယ်။

အယ်လီနာရဲ့ Zollipops ကုမ္ပဏီဟာ လစဉ်ရောင်းရငွေဟာ ဒေါ်လာ ၅ သန်းကနေ ၆ သန်းလောက် ဖြစ်လာချိန်မှာ အယ်လီနာရဲ့ အဖေ တွမ်နဲ့ အမေ ဆူးတို့ဟာ ကုမ္ပဏီမှာ ဝန်ထမ်းတွေအဖြစ် ဝင်ရောက်လုပ်ကိုင်ကြပါတယ်။ တွမ်က အယ်လီနာရဲ့ မန်နေဂျာနဲ့ အကြံပေးအရာရှိအဖြစ်နဲ့ ဆူးက အရောင်းမန်နေဂျာအဖြစ် လုပ်ကိုင်ကြပါတယ်။ သူတို့ဟာ ၁၃ နှစ်သမီးလေးရဲ့ လက်အောက်မှာ လုပ်ကိုင်နေကြရတာကို ဂုဏ်ယူနေကြပါတယ်။ အမေဆူးက သူ့သမီးလေးဟာ ငယ်သေးလို့ အတွေ့အကြုံ မရှိသလို ကြောက်ရမှန်းလည်း မသိဘူး။ လူကြီးတွေလို အခက်အခဲတွေကို မြင်ပြီး ကြောက်လန့်စိုးရိမ်မှု မရှိဘူးလို့ ပြောပါတယ်။

အယ်လီနာကို ဘာကြောင့်အကြောက်အလန့် မရှိတာလည်းလို့ မေးကြည့်တော့ သူက “ဟုတ်တယ်။ ကျွန်မ ရှုံးမှာကို မကြောက်ဘူး။ ကျွန်မက ကလေးပဲမို့ ရှုံးသွားလည်း အရေးမကြီးဘူးလေ” တဲ့။

Zollipops ရဲ့ အားသာချက်က ငယ်ရွယ်တဲ့ အယ်လီနာကြောင့်ပါ။ တီဗွီတွေမှာ သူ့ကို “kid entrepreneur – စီးပွားရေးလုပ်ငန်းရှင် ကလေးငယ်လေး” လို့ ခေါ်ကြတယ်။

၁၃ နှစ် ကောင်မလေး ဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မီလျံနာဖြစ်သွားရတာလဲ။
– သွားပိုးမစားတဲ့ lollipop ကို တီထွင်ဖို့ အကြံရတယ်
– ရတဲ့ အကြံကို ချက်ချင်း အကောင်အထည်ဖေါ်တယ်

– lollipop နဲ့ ပတ်သက်တာတွေကို အင်တာနက်မှာ ရှာတယ်။ သူ့ဖါသာ စမ်းသပ်ကြည့်တယ်။
– သူ့ရဲ့ ငယ်ရွယ်မှုကို Zollipops ကြော်ငြာရာမှာ အသုံးချတယ်
– အရေးကြီဆုံးက သူဖြစ်ချင်တာကို ဖြစ်အောင်လုပ်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ ရှုံးမှာကို မကြောက်ခြင်းပါ

VIDEO

Entrepreneur မဂ္ဂဇင်းမှ Lakshmi Varanasi ရေးထားတဲ့ “How This 13-Year Old Entrepreneur Built a Multi-Million Dolar Candy Company” ကို မှီးရေးထားတာပါ။

ဗန်းမော်သိန်းဖေ

Tags: amazingworld people
Next Post
အမေရိကန် သမိုင်းတလျှောက် အဆိုးရွားဆုံး လေကြောင်းသူလျှို စစ်ဆင်ရေး ၅ ခု

အမေရိကန် သမိုင်းတလျှောက် အဆိုးရွားဆုံး လေကြောင်းသူလျှို စစ်ဆင်ရေး ၅ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!