ရေးသားသူ – သက်နိုင် (ပြင်ဦးလွင်)
အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာနိုင်ငံအား (၁၈၂၄-၁၈၂၆) ပထမကျူးကျော်စစ်အပြီးတွင် ရခိုင်နှင့် တနင်္သာရီကို သိမ်းပိုက်လိုက်သည်။ ထို့နောက် ဝန်ရှင်တော်မင်းကြီးတစ်ဦးခန့်ထားပြီး ဘင်္ဂလားနယ် ဘုရင်ခံ၏ လက်အောက်တွင်ထား၍ အုပ်ချုပ်စေသည်။ တစ်ဖန် ၁၈၅၂ ခုနှစ်တွင် ဒုတိယကျူးကျော် စစ်ဖြင့် ပဲခူးတိုင်းအား ထပ်မံရရှိကာ ဝန်ရှင်တော်မင်းကြီးတစ်ဦးကို ထပ်မံခန့်ထားအုပ်ချုပ်ခဲ့သည်။ ၁၈၆၂ ခုတွင် ရခိုင်၊ တနင်္သာရီနှင့် ပဲခူးတိုင်းတို့ကိုပူးပေါင်း၍ ဗြိတိသျှဘားမားဟုခေါ်တွင်စေလျက် အင်္ဂလိပ်လူမျိုး ဆာအာသာဖဲယာ (Sir Arthur Phayre) ကို မဟာဝန်ရှင်တော်မင်းကြီးအဖြစ် ခန့်အပ် အုပ်ချုပ်စေခဲ့သည်။
၁၈၈၅ တတိယကျူးကျော်စစ်အပြီးတွင် မြန်မာနိုင်ငံအား ကိုလိုနီစနစ်အတွင်း သွတ်သွင်းကြောင်း ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကြေညာ၍ ဗိုလ်မှူးကြီး စလေဒင် (Colonel Sladen) သည် ကင်းဝန်မင်းကြီး ဦးဆောင်သော လွှတ်တော်ဝန်ကြီးများနှင့် အထက်မြန်မာနိုင်ငံကို သုံး လမျှအုပ်ချုပ်ခဲ့သည်။ ထို့နောက် မြန်မာတစ်နိုင်ငံလုံးကို အထက်အောက်ပူးပေါင်း၍ အိန္ဒိယနယ်ပယ် အုပ်ချုပ်ရေးစနစ်အရ မဟာဝန်ရှင်တော်မင်းကြီးတစ်ဦးဖြင့် စီမံအုပ်ချုပ်စေခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံ၏ ပြည်နယ်ကြီးအဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ဒုတိယဘုရင်ခံခန့်ထားကာ အုပ်ချုပ်စေခဲ့သည်။ ထိုအချိန်မှစတင်၍ မြန်မာနိုင်ငံတွင် ဘုရင်ခံအိမ်တော် များပေါ်ပေါက်လာခဲ့သည်။
ရန်ကုန် ဘုရင်ခံအိမ်တော်
အင်္ဂလိပ်တို့သည် ဘုရင်ခံများ၊ ဒုတိယဘုရင်ခံများ ရုံးစိုက်ရန်အတွက် ရန်ကုန်မြို့အလုံလမ်းတွင် ကြီးကျယ်ခမ်းနားသော တိုက်တာအဆောက်အအုံကြီးတစ်ခုကို တည်ဆောက် ခဲ့သည်။ ဗြိတိသျှဗိသုကာပညာရှင် Hoyne Fox ၏ ဒီဇိုင်းဖြစ်ကာ ဘုရင်မ Anne လက်ထက်က ဗိသုကာစတိုင်အတိုင်း တည်ဆောက်ထားခြင်းဖြစ်သည်။ ဘုရင်ခံအိမ်တော်ကို ၁၈၉၂ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၈၉၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၉၇ဧက ကျယ်ဝန်းသောမြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အခန်းပေါင်း ၂၀၀ကျော် ပါဝင်သည်။ ထိုစဉ်က ရူပီးငွေ ၇သိန်းကျော် ကုန်ကျခဲ့သည်။
ထိုဘုရင်ခံအိမ်တော်ကြီးတွင် မဟာဝန်ရှင်တော်မင်းကြီးများ၊ ဒုတိယဘုရင်ခံများနှင့် ဘုရင်ခံ များ အဆက်ဆက်နေထိုင်ခဲ့ကြပြီး၊ နောက်ဆုံးဘုရင်ခံဖြစ်သည့် ဆာဟူးဘတ်ရန့်(စ်) (Sir Hubret Rance) (၁၉၄၆-၁၉၄၈) လက်ထက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့၍ လွတ်လပ်ရေး နှင့် အချုပ်အခြာအာဏာကို ပြန်လည်ပေးအပ်သည့် အခမ်းအနားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ထိုဘုရင်ခံအိမ်တော်ရှေ့၌ပင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်) နှင့် မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်တို့ တက်ရောက်ခဲ့ကြပြီး အင်္ဂလိပ်ယူနီယံ ဂျက်အလံကိုဖြုတ်ချ၍ မြန်မာနိုင်ငံအလံတော်ကို လွှင့်ထူနိုင်ခဲ့သည်။ အင်္ဂလိပ်တို့လက်ထက်တွင် ဘုရင်ခံအိမ်တော်ဖြစ်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် တော်လှန်ရေးအစိုးရဂေဟာ ဖြစ်ခဲ့သည်။ ထို့နောက် အဆိုပါဘုရင်ခံအိမ်တော်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတအဆက်ဆက်တို့ နေထိုင်ခဲ့ကြပြီး ၁၉၇၀ ခုနှစ်တွင် ငလျှင်ဒါဏ်ခံခဲ့ရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဘုရင်ခံအိမ်တော် အဆောက်အအုံကို ဖြိုချခဲ့ပြီး နောက် သမ္မတအိမ်တော်အသစ်ကို ထပ်မံတည်ဆောက်ခဲ့သည်။
မန္တလေးမြို့မှ ဘုရင်ခံအိမ်တော်
အင်္ဂလိပ်တို့သည် အထက်မြန်မာနိုင်ငံ မန္တလေးကို သိမ်းပိုက်အပြီး မန္တလေးနန်းတွင်းရှိ မြန်မာ့တော်ဝင် အဆောက်အအုံများတွင် နေရာယူရုံးစိုက်ခဲ့ကြသည်။ နန်းတွင်းမြောက်ဘက်မျက်နှာစာ စည်သာတံခါးမကို မျက်နှာမူ တည်ဆောက်ထားသော မြေနန်းပြာသာဒ်ဆောင်သည် ဘုရင်ခံ ဆားချားလ်ကရော့စ် ဝိတ် (Sir Charle Crothwait ၁၈၈၇-၁၈၉၀) နေထိုင်ခဲ့သော အိမ်တော်ဖြစ်ခဲ့သည်။
ဘုရင်ခံအိမ်တော် ဖြစ်ခဲ့ရသော ဘုံမြင့်ပြာသာဒ်ဆောင်၏ ဝဲယာရှိ မြန်မာ့ရှေးခေတ် အဆောက်အအုံတို့သည်လည်း ဘုရင်ခံ၏ဝန်ထမ်းများနေထိုင်သည့် အဆောင်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ၁၉၄၂ ခု ဒုတိယကမ္ဘာစစ်ဖြစ်ပွားသောအခါ ဂျပန်လေတပ်မှ တစ်ကြိမ်၊ ၁၉၄၅ ခုတွင် ဗြိတိသျှလေတပ် မှ တစ်ကြိမ် နန်းတွင်းတစ်ခုလုံးကို ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြသဖြင့် မီးလောင်ပြာကျခဲ့ရာ မန္တလေး ဘုရင်ခံအိမ်တော်မှာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
မေမြို့မှ ဘုရင်ခံအိမ်တော်
အင်္ဂလိပ်-မြန်မာ တတိယ၊ ကျူးကျော်စစ်အပြီးတွင် မန္တလေးမြို့ကို သိမ်းပိုက်ခံခဲ့ရပြီးနောက် မေမြို့ကို တစ်ဆက်တည်း သိမ်းပိုက်ခဲ့သည်။ ၁၈၉၆ ခုတွင် မေမြို့ကို အင်္ဂလိပ်တို့၏ နွေရာသီဘုရင်ခံရုံးစိုက်ရန် နှင့် အပန်းဖြေအနားယူရန်အတွက် တောင်စခန်းမြို့အဖြစ် တည်ဆောက်ခဲ့ကြသည်။ ၁၈၉၇ ခုတွင် ယခင်တည်ရှိနေခဲ့သော ရှမ်းဓနုရွာလေးဖြစ်သည့် ပြင်ဦးလွင်ရွာအမည်အစား မေမြို့ဟု တရားဝင် ပြောင်းလဲခဲ့သည်။ ၁၉၀၃-၁၉၀၅ ခုနှစ်တို့တွင် ဘုရင်ခံများအာရုံစိုက်ရန်နှင့် နေထိုင်ရန်ဘုရင်ခံအိမ် တော်ကို တည်ဆောက်ခဲ့သည်။
ပြင်ဦးလွင်မြို့ရှိ ဘုရင်ခံအိမ်တော်ကို ဧက ၁ဝဝ ကျော် ကျယ် ဝန်းသည့် ခြံဝင်းထဲတွင် ၁၉ဝ၃ ခုနှစ်ကစတင်တည်ဆောက်ခဲ့ ပြီး အချိန်နှစ်နှစ်ကျော်ကြာ ၁၉ဝ၅ ခုနှစ်တွင်ဆောက်လုပ်ပြီးစီးခဲ့သည်။ ရန်ကုန်၊ မန္တလေး ဘုရင်ခံအိမ်တော်များထက် ပိုမိုသာယာလှပပြီး ကြီးကျယ်ခမ်းနားခဲ့သည်။ အိမ်တော်တည်ဆောက်ပြီး ပထမဆုံးနေထိုင်ခဲ့သော ဘုရင်ခံမှာ Sir.A.H.Barnes (၁၉၀၃-၁၉၀၅) ဖြစ် ၍ နောက်ဆုံးနေထိုင်သွားသော ဘုရင်ခံမှာ Sir.Dorman Smith (၁၉၄၁-၁၉၄၂) ဖြစ်ခဲ့သည်။ ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၉၄၂ ခု ဧပြီလတွင် အိမ်တော်ကြီးကို စွန့်ခွာထွက်သွားပြီးနောက် ဘုရင်ခံအိမ်တော်ကြီးမှာလည်း မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။
—– —— —–
(Zawgyi)
ျမန္မာႏိုင္ငံတြင္ ရွိခဲ့ေသာ ဘုရင္ခံအိမ္ေတာ္မ်ား
ေရးသားသူ – သက္ႏိုင္ (ျပင္ဦးလြင္)
အဂၤလိပ္နယ္ခ်ဲ႕တို႔သည္ ျမန္မာႏိုင္ငံအား (၁၈၂၄-၁၈၂၆) ပထမက်ဴးေက်ာ္စစ္အၿပီးတြင္ ရခိုင္ႏွင့္ တနသၤာရီကို သိမ္းပိုက္လိုက္သည္။ ထို႔ေနာက္ ဝန္ရွင္ေတာ္မင္းႀကီးတစ္ဦးခန႔္ထားၿပီး ဘဂၤလားနယ္ ဘုရင္ခံ၏ လက္ေအာက္တြင္ထား၍ အုပ္ခ်ဳပ္ေစသည္။ တစ္ဖန္ ၁၈၅၂ ခုႏွစ္တြင္ ဒုတိယက်ဴးေက်ာ္ စစ္ျဖင့္ ပဲခူးတိုင္းအား ထပ္မံရရွိကာ ဝန္ရွင္ေတာ္မင္းႀကီးတစ္ဦးကို ထပ္မံခန႔္ထားအုပ္ခ်ဳပ္ခဲ့သည္။ ၁၈၆၂ ခုတြင္ ရခိုင္၊ တနသၤာရီႏွင့္ ပဲခူးတိုင္းတို႔ကိုပူးေပါင္း၍ ၿဗိတိသွ်ဘားမားဟုေခၚတြင္ေစလ်က္ အဂၤလိပ္လူမ်ိဳး ဆာအာသာဖဲယာ (Sir Arthur Phayre) ကို မဟာဝန္ရွင္ေတာ္မင္းႀကီးအျဖစ္ ခန႔္အပ္ အုပ္ခ်ဳပ္ေစခဲ့သည္။
၁၈၈၅ တတိယက်ဴးေက်ာ္စစ္အၿပီးတြင္ ျမန္မာႏိုင္ငံအား ကိုလိုနီစနစ္အတြင္း သြတ္သြင္းေၾကာင္း ၁၈၈၆ ခုႏွစ္ ဇန္နဝါရီ ၁ ရက္တြင္ ေၾကညာ၍ ဗိုလ္မႉးႀကီး စေလဒင္ (Colonel Sladen) သည္ ကင္းဝန္မင္းႀကီး ဦးေဆာင္ေသာ လႊတ္ေတာ္ဝန္ႀကီးမ်ားႏွင့္ အထက္ျမန္မာႏိုင္ငံကို သုံး လမွ်အုပ္ခ်ဳပ္ခဲ့သည္။ ထို႔ေနာက္ ျမန္မာတစ္ႏိုင္ငံလုံးကို အထက္ေအာက္ပူးေပါင္း၍ အိႏၵိယနယ္ပယ္ အုပ္ခ်ဳပ္ေရးစနစ္အရ မဟာဝန္ရွင္ေတာ္မင္းႀကီးတစ္ဦးျဖင့္ စီမံအုပ္ခ်ဳပ္ေစခဲ့သည္။ ၁၈၉၇ ခုႏွစ္တြင္ ျမန္မာႏိုင္ငံအား အိႏၵိယႏိုင္ငံ၏ ျပည္နယ္ႀကီးအဆင့္သို႔ တိုးျမႇင့္သတ္မွတ္ခဲ့ၿပီး ဒုတိယဘုရင္ခံခန႔္ထားကာ အုပ္ခ်ဳပ္ေစခဲ့သည္။ ထိုအခ်ိန္မွစတင္၍ ျမန္မာႏိုင္ငံတြင္ ဘုရင္ခံအိမ္ေတာ္ မ်ားေပၚေပါက္လာခဲ့သည္။
ရန္ကုန္ ဘုရင္ခံအိမ္ေတာ္
အဂၤလိပ္တို႔သည္ ဘုရင္ခံမ်ား၊ ဒုတိယဘုရင္ခံမ်ား ႐ုံးစိုက္ရန္အတြက္ ရန္ကုန္ၿမိဳ႕အလုံလမ္းတြင္ ႀကီးက်ယ္ခမ္းနားေသာ တိုက္တာအေဆာက္အအုံႀကီးတစ္ခုကို တည္ေဆာက္ ခဲ့သည္။ ၿဗိတိသွ်ဗိသုကာပညာရွင္ Hoyne Fox ၏ ဒီဇိုင္းျဖစ္ကာ ဘုရင္မ Anne လက္ထက္က ဗိသုကာစတိုင္အတိုင္း တည္ေဆာက္ထားျခင္းျဖစ္သည္။ ဘုရင္ခံအိမ္ေတာ္ကို ၁၈၉၂ခုႏွစ္တြင္ စတင္တည္ေဆာက္ကာ ၁၈၉၅ ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးခဲ့သည္။ ၉၇ဧက က်ယ္ဝန္းေသာေျမေပၚတြင္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး အခန္းေပါင္း ၂၀၀ေက်ာ္ ပါဝင္သည္။ ထိုစဥ္က ႐ူပီးေငြ ၇သိန္းေက်ာ္ ကုန္က်ခဲ့သည္။
ထိုဘုရင္ခံအိမ္ေတာ္ႀကီးတြင္ မဟာဝန္ရွင္ေတာ္မင္းႀကီးမ်ား၊ ဒုတိယဘုရင္ခံမ်ားႏွင့္ ဘုရင္ခံ မ်ား အဆက္ဆက္ေနထိုင္ခဲ့ၾကၿပီး၊ ေနာက္ဆုံးဘုရင္ခံျဖစ္သည့္ ဆာဟူးဘတ္ရန႔္(စ္) (Sir Hubret Rance) (၁၉၄၆-၁၉၄၈) လက္ထက္ ၁၉၄၈ ခုႏွစ္တြင္ ျမန္မာႏိုင္ငံလြတ္လပ္ေရးရရွိခဲ့၍ လြတ္လပ္ေရး ႏွင့္ အခ်ဳပ္အျခာအာဏာကို ျပန္လည္ေပးအပ္သည့္ အခမ္းအနားကို ၁၉၄၈ ခုႏွစ္ ဇန္နဝါရီ ၄ ရက္ နံနက္ ၄ နာရီ မိနစ္ ၂၀ အခ်ိန္တြင္ ထိုဘုရင္ခံအိမ္ေတာ္ေရွ႕၌ပင္ က်င္းပခဲ့သည္။
အခမ္းအနားသို႔ ေနာက္ဆုံးဘုရင္ခံ ဆာဟူးဘတ္ရန႔္(စ္) ႏွင့္ ျမန္မာႏိုင္ငံ၏ ပထမဆုံးသမၼတ ေညာင္ေ႐ႊေစာ္ဘြားႀကီး စပ္ေ႐ႊသိုက္တို႔ တက္ေရာက္ခဲ့ၾကၿပီး အဂၤလိပ္ယူနီယံ ဂ်က္အလံကိုျဖဳတ္ခ်၍ ျမန္မာႏိုင္ငံအလံေတာ္ကို လႊင့္ထူႏိုင္ခဲ့သည္။ အဂၤလိပ္တို႔လက္ထက္တြင္ ဘုရင္ခံအိမ္ေတာ္ျဖစ္ခဲ့ၿပီး လြတ္လပ္ေရးရၿပီးေနာက္ ေတာ္လွန္ေရးအစိုးရေဂဟာ ျဖစ္ခဲ့သည္။ ထို႔ေနာက္ အဆိုပါဘုရင္ခံအိမ္ေတာ္တြင္ ျပည္ေထာင္စုျမန္မာႏိုင္ငံ သမၼတအဆက္ဆက္တို႔ ေနထိုင္ခဲ့ၾကၿပီး ၁၉၇၀ ခုႏွစ္တြင္ ငလွ်င္ဒါဏ္ခံခဲ့ရသည္။ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္တြင္ ဘုရင္ခံအိမ္ေတာ္ အေဆာက္အအုံကို ၿဖိဳခ်ခဲ့ၿပီး ေနာက္ သမၼတအိမ္ေတာ္အသစ္ကို ထပ္မံတည္ေဆာက္ခဲ့သည္။
မႏၲေလးၿမိဳ႕မွ ဘုရင္ခံအိမ္ေတာ္
အဂၤလိပ္တို႔သည္ အထက္ျမန္မာႏိုင္ငံ မႏၲေလးကို သိမ္းပိုက္အၿပီး မႏၲေလးနန္းတြင္းရွိ ျမန္မာ့ေတာ္ဝင္ အေဆာက္အအုံမ်ားတြင္ ေနရာယူ႐ုံးစိုက္ခဲ့ၾကသည္။ နန္းတြင္းေျမာက္ဘက္မ်က္ႏွာစာ စည္သာတံခါးမကို မ်က္ႏွာမူ တည္ေဆာက္ထားေသာ ေျမနန္းျပာသာဒ္ေဆာင္သည္ ဘုရင္ခံ ဆားခ်ားလ္ကေရာ့စ္ ဝိတ္ (Sir Charle Crothwait ၁၈၈၇-၁၈၉၀) ေနထိုင္ခဲ့ေသာ အိမ္ေတာ္ျဖစ္ခဲ့သည္။
ဘုရင္ခံအိမ္ေတာ္ ျဖစ္ခဲ့ရေသာ ဘုံျမင့္ျပာသာဒ္ေဆာင္၏ ဝဲယာရွိ ျမန္မာ့ေရွးေခတ္ အေဆာက္အအုံတို႔သည္လည္း ဘုရင္ခံ၏ဝန္ထမ္းမ်ားေနထိုင္သည့္ အေဆာင္မ်ားအျဖစ္ ေျပာင္းလဲသြားခဲ့ရသည္။ ၁၉၄၂ ခု ဒုတိယကမာၻစစ္ျဖစ္ပြားေသာအခါ ဂ်ပန္ေလတပ္မွ တစ္ႀကိမ္၊ ၁၉၄၅ ခုတြင္ ၿဗိတိသွ်ေလတပ္ မွ တစ္ႀကိမ္ နန္းတြင္းတစ္ခုလုံးကို ဗုံးႀကဲတိုက္ခိုက္ဖ်က္ဆီးခဲ့ၾကသျဖင့္ မီးေလာင္ျပာက်ခဲ့ရာ မႏၲေလး ဘုရင္ခံအိမ္ေတာ္မွာ ပ်က္စီးဆုံးရႈံးခဲ့ရသည္။
ေမၿမိဳ႕မွ ဘုရင္ခံအိမ္ေတာ္
အဂၤလိပ္-ျမန္မာ တတိယ၊ က်ဴးေက်ာ္စစ္အၿပီးတြင္ မႏၲေလးၿမိဳ႕ကို သိမ္းပိုက္ခံခဲ့ရၿပီးေနာက္ ေမၿမိဳ႕ကို တစ္ဆက္တည္း သိမ္းပိုက္ခဲ့သည္။ ၁၈၉၆ ခုတြင္ ေမၿမိဳ႕ကို အဂၤလိပ္တို႔၏ ေႏြရာသီဘုရင္ခံ႐ုံးစိုက္ရန္ ႏွင့္ အပန္းေျဖအနားယူရန္အတြက္ ေတာင္စခန္းၿမိဳ႕အျဖစ္ တည္ေဆာက္ခဲ့ၾကသည္။ ၁၈၉၇ ခုတြင္ ယခင္တည္ရွိေနခဲ့ေသာ ရွမ္းဓႏု႐ြာေလးျဖစ္သည့္ ျပင္ဦးလြင္႐ြာအမည္အစား ေမၿမိဳ႕ဟု တရားဝင္ ေျပာင္းလဲခဲ့သည္။ ၁၉၀၃-၁၉၀၅ ခုႏွစ္တို႔တြင္ ဘုရင္ခံမ်ားအာ႐ုံစိုက္ရန္ႏွင့္ ေနထိုင္ရန္ဘုရင္ခံအိမ္ ေတာ္ကို တည္ေဆာက္ခဲ့သည္။
ျပင္ဦးလြင္ၿမိဳ႕ရွိ ဘုရင္ခံအိမ္ေတာ္ကို ဧက ၁ဝဝ ေက်ာ္ က်ယ္ ဝန္းသည့္ ၿခံဝင္းထဲတြင္ ၁၉ဝ၃ ခုႏွစ္ကစတင္တည္ေဆာက္ခဲ့ ၿပီး အခ်ိန္ႏွစ္ႏွစ္ေက်ာ္ၾကာ ၁၉ဝ၅ ခုႏွစ္တြင္ေဆာက္လုပ္ၿပီးစီးခဲ့သည္။ ရန္ကုန္၊ မႏၲေလး ဘုရင္ခံအိမ္ေတာ္မ်ားထက္ ပိုမိုသာယာလွပၿပီး ႀကီးက်ယ္ခမ္းနားခဲ့သည္။ အိမ္ေတာ္တည္ေဆာက္ၿပီး ပထမဆုံးေနထိုင္ခဲ့ေသာ ဘုရင္ခံမွာ Sir.A.H.Barnes (၁၉၀၃-၁၉၀၅) ျဖစ္ ၍ ေနာက္ဆုံးေနထိုင္သြားေသာ ဘုရင္ခံမွာ Sir.Dorman Smith (၁၉၄၁-၁၉၄၂) ျဖစ္ခဲ့သည္။ ဘုရင္ခံ ဆာေဒၚမန္စမစ္သည္ ၁၉၄၂ ခု ဧၿပီလတြင္ အိမ္ေတာ္ႀကီးကို စြန႔္ခြာထြက္သြားၿပီးေနာက္ ဘုရင္ခံအိမ္ေတာ္ႀကီးမွာလည္း မီးေလာင္ပ်က္စီးဆုံးရႈံးသြားခဲ့ရသည္။
Discussion about this post