(ပုံတချို့မှာ မူရင်းပုံများမဟုတ်ပဲ သင့်တော်သလို ထည့်သွင်းထားခြင်းသာဖြစ်ပါသည်)
၁၀။ မြန်မာ့ပုလဲရတနာကြီး
၂၀၀၁ ခုှနစ်၊ဧပြီလ (၁၈)ရက်နေ့တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ဇာဒက်ကြီးကျွန်းအနောက်မြောက်ဘက် မက်ကလောင်မုတ်ကောင်ငုပ်ကွက် ဧရိယာမှဆယ်ယူရရှိခဲ့ပါသည်။ အလေးချိန်(၈၄၅)ကာရက်၊ အလျား(၆.၂) ၊အနံ(၅.၃) ၊အမြင့်(၃) ရှိပါသည်။ အလေးချိန်(၁၆၉)ဂရမ်၊ ၉၂၅.၅၀ရတီနှင့် ငွေရောင်အဆင်းရှိသော မြန်မာ့ပုလဲရတနာကြီးဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး သဘာဝခွံကပ်ပုလဲ ရတနာကြီးဖြစ်သည်။
၉။ ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းနဂါး
သက္ကရာဇ် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း နအဖအစိုးရ လက်ထက်၌ ကချင်ပြည်နယ်၊ ဖါးကန့်ဒေသ၊ လုပ်ကွက်အမှတ်(၁) ပအိုဝ့်ငြိမ်းချမ်းရေးအဖွဲ့ကတွေ့ရှိသည့် တန်ချိန်ပေါင်း(၂၀၀၀)ကျော်ခန့်ရှိ အလျား(ပေ ၇၀)၊ အနံ(၁၆ ပေ)၊ အမြင့်(ပေ ၂၀) ရှိကြောင်းသိရှိရပါသည်။
၈။ ကမ္ဘာ့အကြီးဆုံး ပတ္တမြား
သက္ကရာဇ် ၁၉ ခုနှစ်၊ လတွင် န ၀ တ လက်ထက်၌ မိုးကုတ်မြို့၊ ကင်းရွာ၊လုပ်ကွက်အမှတ်(၁၄) စခန်းမှတူးဖေါ်တွေ့ရှိ၍ အလေးချိန်မှာ -(၂၁၄၅)ကာရက် အလျား(၇လက္မ)၊ အနံ(၄.၅လက္မ)၊ အမြင့်(၄ လက္မ) ရှိကြောင်းသိရှိရပါသည်။
၇။ နဝတ ပတ္တမြား
သက္ကရာဇ် ၁၉ ခုနှစ်၊ လတွင် န ၀ တ လက်ထက်၌ စခန်းမှတူးဖေါ်တွေ့ရှိ၍ အလေးချိန်မှာ -(၄၉၆.၅)ကာရက်ရှိပြီး ပတ္တမြားညွန့်ရည်ဟုခေါ်သော နှင်းဆီပန်းအနီရင့်ရောင် ရှိကြောင်းသိရှိရပါသည်။
၆။ မိုးကုတ်သရဖူ ပတ္တမြား
သက္ကရာဇ် ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်၌ မိုးကုတ်ရွှေပြည်အေးရတနာစခန်းမှ တူးဖေါ်တွေ့ရှိ၍ အလေးချိန်မှာ အရိုင်း-(၁၀.၉၅)ကာရက်နှင့် သွေးပြီး(၅.၅၆)ကာရက်ရှိကြောင်းသိရှိရပါသည်။
၅။ ပတ္တမြားဂေါ်ကြိုးကျောက်
အလွန်အရည်အသွေးကောင်းပြီးအလေးချိန်(၁၀.၁)ကာရက်ရှိ ပတ္တမြားကြီးကိုတူးဖေါ်တွေ့ရှိ၍ ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ ယခုအချိန်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ စမစ်ဆီဒိုလမ်း ပြတိုက်၌ စတော့အော့ဖ်အင်ဒီးယားအမည်ဖြင့် ပြသထားသည်ဟုသိရှိရပါသည်။
၄။ ဆင်မတော် ပတ္တမြား
အလေးချိန်(၄၀)ကာရက်ရှိ ၎င်းပတ္တမြားကြီးကိုတူးဖေါ်တွေ့ရှိ၍ ဆင်မတော်နှင့်တင်လျှက်ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။
၃။ လှော်ကားတင်လေး ပတ္တမြား
မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ်တွင် ဘိုးတော်ဘုရားမင်း ထီးနန်းအုပ်ချုပ်စဉ်၌ အလေးချိန်(၁၈)ကာရက်ရှိ ၎င်းပတ္တမြားကြီးကို တူးဖေါ်တွေ့ရှိ၍ လှော်ကားနှင့်တင်ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။
၂။ လှော်ကားတင်ကြီးပတ္တမြား
မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် သာယာဝတီမင်း ထီးနန်းအုပ်ချုပ်စဉ်၌ အလေးချိန်(၄၄)ကာရက်ရှိ ၎င်းပတ္တမြားကြီးကို တူးဖေါ်တွေ့ရှိ၍ ။လှော်ကားနှင့်တင်ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။
၁။ ငမောက်ပတ္တမြား
မြန်မာသက္ကရာဇ် ၁၀၂၃ ခုနှစ်တွင် ငါးထပ်ကြီးဘုရားဒါယကာ ပင်းတလဲမင်း ထီးနန်းအုပ်ချုပ်စဉ်၌ အလေးချိန်(၈၁)ကာရက်ရှိ ၎င်းငမောက်ပတ္တမြားကြီးကိုတူးဖေါ်တွေ့ရှိ၍ ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။
ပညာကျော်ရေးသားသော စာအုပ်မှ
Discussion about this post