မြန်မာနိုင်ငံမှာလည်း ဒီလို ဒီဇိုင်းဆန်းဆန်း နဲ့ ဟိုတယ်တွေရှိနေတယ်ဆိုတာ မသိသေးတဲ့ မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။
၁။ Keinnara Hpa-an Lodge (ဘားအံ)
ဒီဟိုတယ်ကတော့ ကရင်ပြည်နယ် ဘားအံမြို့ရဲ့နာမည်ကျော် ဇွဲကပင်တောင်ခြေမှာ ရှိတဲ့ဟိုတယ်ဖြစ်ပါတယ်။ သစ်ပင်တွေကြားထဲမှာဆောက်ထားတဲ့ ကရင်ရိုးရာဘန်ဂလိုတွေ ၊ မိသားစုအခန်းတွေ နဲ့ sky dome ဆိုတဲ့ ရွက်ဖျင်တဲအိမ် ပုံစံ ဆိုပြီး ၃မျိုးရှိပါတယ်။ အလွန်လှပအေးချမ်းတဲ့ သဘာ၀ ဝန်းကျင်မှာရှိပြီး အဲဒီကနေ ဇွဲကပင်တောင်ကြီးကို မြင်ရတဲ့ မြင်ကွင်းဟာ အလွန်ကြည်နူးဖို့ကောင်းပါတယ်။ ထူးထူးခြားခြား ဒီဇိုင်းနဲ့ အဲဒီ ရွက်ဖျင်တဲအိမ် အခန်းထဲကနေ ဘေးပတ်ပတ်လည် အပြင် ညဘက်မှာ ကောင်းကင်ပြင်ရဲ့ အလှအပကို ကြည့်ရှု့ခံစားနိုင်အောင် ဖန်တီးထားပါတယ်။
၂။ St. John Hostel (ရန်ကုန်)
မြန်မာနိုင်ငံရဲ့ပထမဆုံး Capsule Hostel ဖြစ်ပါတယ်။ ခတ်လွန်ဒီဇိုင်း နဲ့ ဖန်တီးထားတဲ့ ဆေးတောင့်ပုံစံအခန်းလေးတွေရှိတဲ့ Hostel ပါ။ ရန်ကုန်မြို့ City Mall အနီးမှာ ရှိပါတယ်။ ခေတ်မီအပြင်အဆင် နဲ့ ဒီဟိုတယ်ဟာ ကုတင်တွေကို သုံးမထားပဲ Capsule အခန်းလေးတွေကို နောက်ဆုံးပေါ် နည်းပညာ နဲ့ တည်ဆောက်ထားပါတယ်။ အခန်းတိုင်းမှာ သီးသန့် Locker , တီဗီ နဲ့ စကြည့်မီးစတဲ့ facility တွေကို ထည့်သွင်းပေးထားပါတယ်။
၃။ Song of Travel Hostel (ညောင်ရွှေ)
ရှမ်းပြည်နယ် ညောင်ရွှေမှာ ရှိတဲ့ ဒီဟိုတယ်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကတ်ဆတ်ဟိုတယ်လို့ ဆိုရပါမယ်။ ဈေးမကြီးတဲ့အပြင် activity တော်တေ်ာများများလုပ်လို့ရတာကြောင့် လူငယ်တွေ အကြိုက်များတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ activity တွေအနေနဲ့ ဇယ်ခုန်ဆော့တာ ၊ အနီးကကျောင်းမှာစာသင်တာ ၊ ညဘက်ဝိုင်းဖွဲ့ဂစ်တာတီးတာ စတဲ့လူငယ်ဆန်ဆန် ပေါ့ပေ့ါပါးပါး အားလုံး လုပ်လို့တဲ့ hostel ဖြစ်ပါတယ်။
၄။ စဉ့်အိုးဟိုတယ် (ပုဂံ)
နိုင်ငံခြားသားတွေကို ဆွဲဆောင်ဖို့ တည်ဆောက်ထားတဲ့ ဒီစဉ့်အိုးဟိုတယ်ဟာ မြန်မာနိုင်ငံအညာဒေသ ရှေးဟောင်းစေတည်ပုထိုများ များပြားစွာ တည်ရှိရာ ပုဂံဒေသမှာ ဖြစ်ပါတယ်။ ဟိုတယ်အခန်းတွေကို ပုံသဏ္ဍာန်ဆောက်လုပ်ထားတာကြောင့် စဉ့်အိုးဟိုတယ်လို့ ခေါ်ကြခြင်းဖြစ်ပါတယ်။ ဟိုတယ်ရဲ့ တရားဝင်နာမည်ကိုတော့ မသိရသေးပါဘူး။ နှစ်ယောက်အိပ်အခန်းတွေကို ဒီစဉ့်အိုးထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆောက်လုပ်မှုပြီးစီးသလောက်ရှိနေပြီး မကြာမီဖွင့်လှစ်သွားမယ် လို့ သိရပါတယ်။
၅။ Eternal Lodge (ပုဂံ)
ပုဂံမြို့သစ်မှာရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။ ပုဂံဟိုတယ်အများစုက ဗိသုကာလက်ရာ ဒီဇိုင်းတွေနဲ့ ဆောက်လေ့ရှိပေမယ့် ဒီဟိုတယ်ကတော့ တမျိုးခွဲထွက်တည်ဆောက်ထားပါတယ်။ ကွန်တိန်နာတွေ ဆင့်ထားသလို တည်ဆောက်ထားတာကြောင့် ကွန်တိန်နာဟိုတယ်လို့ အလွယ်ခေါ်ကြပါတယ်။
၆။ Vintage Luxury Yacht Hotel (ရန်ကုန်)
ပြည်ပနိုင်ငံတွေမှာ သင်္ဘောဟိုတယ်ဟာ သိပ်မထူးဆန်းတော့ပေမယ့် မြန်မာမှာတော့ ရှားပါးပါတယ်။ ဒီသင်္ဘောဟိုတယ်ကတော့ ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှာ ရှိတာဖြစ်ပါတယ်။ အထပ် ၅ထပ် ရှိပြီး အခန်းပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ခေတ်ဟောင်းပရိဘောဂတွေ နဲ့ ဒီဇိုင်းဆင်ထားပြီး ရုပ်ရှင်ရုံအသေးစားလေး တစ်ခုပါရှိပါသေးတယ်။
၇။ Pristine Lotus Resort (အင်းလေး)
အင်းလေးနားက ခေါင်တိုင်ဆိုတဲ့နေရာမှာရှိနေပါတယ်။ အင်းလေးကန်ထဲမှာ သင်္ဘောတွေအစီအရီရပ်ထားတဲ့ ပုံစံ ဟိုတယ်ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာတော့ တည်းခိုလို့ရတဲ့ အိမ်လေးတစ်လုံးစီ ရှိနေပါတယ်။ အဲဒီသင်္ဘောအိမ်လေးတွေကိုတော့ floating cottage လို့ခေါ်ပါတယ်။ တောင်တောင်ကြားမှာရှိတာကြောင့် အလွန်နားအေးပြီး ရေပူစမ်း ၊ ရေကူးကန် ၊ ဘား နဲ့ စားသောက်ခန်းမတွေရှိတဲ့အပြင် အင်းလေးကန်နဲ့ တိုက်ရိုက်ချိတ်ဆက်နေတာကြောင့် ဘုရားသွားဖူးဖို့လည်း အဆင်ပြေပါတယ်။
၈။ ရွှေလိပ်ပြာဟိုတယ် (မိုးကုတ်)
ရွှေလိပ်ပြာဟိုတယ်ဟာ မိုးကုတ်ရဲ့နာမည်အကြီးဆုံး ဟိုတယ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဟိုတယ်ရှေ့မှာ ဧရာမရွှေလိပ်ပြာရုပ်တုကြီး ရှိနေပါတယ်။ မိုးကုတ်မြို့ထဲကနေ အနည်းငယ်လှမ်းတဲ့နေရာမှာ တည်ရှိပြီး ၁၀မိနစ်လောက် ကားမောင်းရတဲ့နေရာမှာ တည်ရှိပါတယ်။ ဘန်ဂလိုလေးတွေနဲ့ အေးဆေးစွာ နားနေနိုင်ပါတယ်။ တောင်ပေါ်မှာရှိပြီး ပတ်ဝန်းကျင် view အလွန်လှတာကြောင့် ဒီမှာမတည်းဖြစ်ရင်တောင် ခရီးသွားများလာရောက် လည်ပတ်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။
Ref : lodggy.com
သုတဇုန်
Discussion about this post