(Unicode)
ရေးသားသူ – သန်းဝင်းလှိုင် (မိုးမခ)
မြန်မာစာပေသမိုင်း၌ အင်္ဂလိပ်-မြန်မာအဘိဓါန်ကျမ်းကိုပြုစုခဲ့သော ဒေါက်တာဘဟန်ကို ရန်ကုန်မြို့၌ အဖ ဦးကျေး (ဦးမောင်မောင်ကျေး)၊ အမိ ဒေါ်သိန်းတင်တို့မှ ၁၈၉ဝ ပြည့်နှစ် ဇန်နဝါရီ (၃ဝ)ရြက်ကာသပတေးနေ့တွင် ဖွားမြင်ခဲ့သည်။ ဒေါက်တာဘဟန်သည် ဒေါက်တာဘမော်၏ အစ်ကိုဖြစ်သည်။
၁၈၉၆ခုနှစ်တွင် မအူပင် အစိုးရအထက်တန်းကျောင်း၌ စတင်ပညာသင်ကြားခဲ့သည်။ ၁၉ဝဝပြည့်နှစ်မှ ၁၉ဝ၅ခုနှစ်အထိ စိန်ပေါအထက်တန်းကျောင်း (ယခု အထက (၆) ဗိုလ်တထောင်)တွင် ဆက်လက် ပညာသင်သည်။ ၁၉၀၅ခုနှစ်တွင် ရန်ကုန်ကောလိပ်၊ ၁၉ဝ၆ခုနှစ်တွင် ကာလကတ္တားဒဖ်ကောလိပ်၊ ၁၉ဝ၇ခုနှစ်တွင် ရန်ကုန်ကောလိပ်တို့၌ ပညာသင်ခဲ့ပြီး ၁၉ဝ၉ခုနှစ်တွင် ဝိဇ္ဇာဘွ့ဲ (B.A) ရရှိခဲ့သည်။ ၁၉၁၅ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (M.A) ရရှိသည်။ ၁၉၂၂ – ၂၄ တွင် အင်္ဂလန် ကင်းဗရစ်တက္ကသိုလ်၊
၁၉၂၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ဘော်ဒိုးတက္ကသိုလ်၊ ဂျာမနီနိုင်ငံ ဖရိုင်ဘတ်တက္ကသိုလ်နှင့် လန်ဒန် လင်ကွန်းအင်း ဥပဒေကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ဘော်ဒိုးတက္ကသိုလ်မှ စာပေပါရဂူဘွဲ့ (D.Litt) ရသည်။ ၁၉၂၅ခုနှစ်တွင် လင်ကွန်းအင်း ဥပဒေသင်ကျောင်းမှ ဥပဒေဘွဲ့နှင့် ဂျာမနီနိုင်ငံ ဖရိုင်ဘတ်တက္ကသိုလ် (Freiburg University) မှ ပါရဂူဘွဲ့ (Ph.D) (Magna cum laude) တို့ကို ရရှိခဲ့သည်။ ၁၉ဝ၉ – ၁၂ တွင် ရန်ကုန်တက္ကသိုလ် သိပ္ပံသရုပ်ပြဆရာ ၁၉၁၂ – ၁၈ တွင် လက်ထောက်စာတော်ပြန်၊ မြို့အုပ် (အငယ်တန်း နိုင်ငံတော်ဝန်ထမ်း) အဖြစ် ဆောင်ရွက်သည်။
ဒေါက်တာဘဟန်သည် ၁၉၁၂မှ ၁၉၂၅ထိ အစိုးရ အကြီးတန်းနိုင်ငံ့ဝန်ထမ်းအဖြစ် လည်းကောင်း၊ ၁၉၂၆မှ ၁၉၂၇ထိ လက်ထောက် ဗဟိုတရားရုံးချုပ်ရှေ့နေအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဒေါက်တာဘဟန်အား ၁၉၂၈ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေကထိကအဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက် ၁၉၃၅ခုနှစ်တွင် ဥပဒေပါမောက္ခဖြစ်လာသည်။ ၁၉၄၇ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပါရဂူဘွဲ့ (LL.D) (Honorus Causa) ချီးမြှင့်၍ ဥပဒေမဟာဌာနမှူးအဖြစ် ခန့်အပ်ခဲ့ပြန်သည်။ ရန်ကုန်တက္ကသိုလ်၏ ဥပဒေဌာနတွင် မဟာဌာနမှူး ဖြစ်သည်အထိ အနှစ် ၂၀ကျော် ထမ်းရွက်ခဲ့သည်။
ဒေါက်တာဘဟန်သည် ၁၉၅၀ပြည့်နှစ်တွင် တက္ကသိုလ်မှ အငြိမ်းစားယူခဲ့ရာ အငြိမ်းစားယူသည့်နေ့မှာပင် တက္ကသိုလ်၌ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၅၀ – ၅၇ တွင် ဂုဏ်ထူးဆောင် ဥပဒေပါမောက္ခ ပြင်ပစာစစ် ၁၉၅၇ – ၅၈တွင် အစိုးရရှေ့နေချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၈တွင် အိမ်စောင့်အစိုးရလက်ထက်တွင် အစိုးရရှေ့နေချုပ်အဖြစ်မှ နှုတ်ထွက်၍ ရှေ့နေအဖြစ် ဆောင်ရွက်သည်။
ဒေါက်တာဘဟန်သည် ၁၉ဝ၉ခုနှစ်ကပင် ‘ဦးထွန်းငြိမ်း အင်္ဂလိပ်မြန်မာ အဘိဓာန်’ ကို တည်းဖြတ်ခဲ့သည်။ ၁၉၄၄ခုနှစ်တွင် ပညာတံခွန်အသင်း၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၄၈ခုနှစ်တွင် ‘တက္ကသိုလ်မြန်မာ့အဘိဓာန်’ ပြုစုရေးနှင့် အဘိဓာန်အကြံပေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၆၁ – ၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ သုတေသနအသင်းကြီး၌ ဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ အဘိဓာန်သာမက မြန်မာစာပေ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းများရေးသားပြီး မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်တွင် ထည့်သွင်းခဲ့သော်လည်း မစုစည်းနိုင်ဘဲ တိမ်မြုပ်လုဖြစ်နေသည်က ဝမ်းနည်းစရာပါပေ။
ရှင်ဥတ္တမကျော်တောလားနှင့် လက်ဝဲသုန္ဒရ ရတုများကို အင်္ဂလိပ်လိုပြန်ဆိုခြင်း၊ စိန္တကျော်သူ ကဗျာများ၊ ဦးပုည၏ ဝိဇယ ပဒုမ ပြဇာတ်များ၊ ဝန်စာရေးဦးကြီး၏ ချဉ်ပေါင်ရွက်သည်မောင်မှိုင်း ဝတ္ထုစသည်တို့ကို ဝေဖန်စာများ၊ ရှေးမြန်မာကျေးလက်နှင့်မိသားစု လူမှုဘဝ စသည့်ကြောင်းရပ်ဖြာဖြာနှင့် စပ်လျဉ်းရေးသားခဲ့သည်။
ထို့ပြင် ဒေါက်တာဘဟန်သည် ၁၉၅၇မှ ၁၉၅၈ခုနှစ်အထိ မြန်မာနိုင်ငံ ရှေ့နေချုပ်အဖြစ် ဆောင်ရွက်သည်။ သို့ကလို နိုင်ငံတော်အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ခြင်းကြောင့် ဒေါက်တာဘဟန်အား နိုင်ငံတော်အစိုးရက ၁၉၅၈ခုနှစ် ဇန်နဝါရီလတွင် မဟာသရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။
ဆရာစံအမှုအပြီး စုစုပေါင်း လယ်သမား ၁၀၂ ယောက်ကို “နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု”နှင့်တရားစွဲသောအခါတွင်လည်း တရားခံများဘက်က ဂဠုန်ဦးစော၊ သာယာဝတီ ဦးပု စသည့် တခြားနိုင်ငံရေးသမားရှေ့နေများနှင့်အတူ ဒေါက်တာဘမော်နှင့် ဒေါက်တာဘဟန်တို့ ညီအစ်ကိုလိုက်ပါ လျှောက်လဲ ပေးကြသည်။
ဂျပန်ခေတ်က ညီဖြစ်သူ အထွဋ်အထိပ်ရောက်စဉ်ကလည်း ဘာရာထူးမှ မယူဘဲ ကမ္ဘာနှင့်မြန်မာ ယဉ်ကျေးမှုပေါင်းကူးစည်ပင်ရေး အတွက် ဖွဲ့သော ပြင်သစ်အကယ်ဒမီပုံစံ ပညာတံခွန်အသင်း ဥက္ကဋ္ဌသာ လုပ်ခဲ့ပြီး စွယ်စုံကျမ်းနှင့် မြန်မာအဘိဓာန် စတင်ပြုစုရေး အတွက် လမ်းဖောက်ပေးခဲ့ကာ ဂျပန်ခေတ် အတွေ့အကြုံကို The Planned State တွင် မှတ်တမ်းတင်ခဲ့သည်။
၁၉၅၂ခုနှစ်မှ ၁၉၆၆ခုနှစ်အထိ (၁၅)နှစ်တိုင် အချိန်ယူကာ The University English – Burmese Dictionary (တက္ကသိုလ် အင်္ဂလိပ် မြန်မာ အဘိဓာန်) စာအုပ်ကြီးကို ပြုစုခဲ့သည်။ ဒေါက်တာဘဟန်သည် ရှင်ဥတ္တမကျော်တောလားကိုလည်း အင်္ဂလိပ်ဘာသာ ပြန်ဆိုထုတ်ဝေခဲ့သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်၊ စာတမ်း၊ ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဒေါက်တာဘဟန်၏ ထင်ရှားသော အင်္ဂလိပ် စာအုပ်များမှာ “William Blake: His Mysticism” “The Evolution of Blackean Philosopy” “A Legal History of Burma and India” “The Planned State”.တို့ဖြစ်သည်။
ဒေါက်တာဘဟန်သည် ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကုလသမဂ္ဂမှ ကြီးမှူးကျင်းပသည့် ဥပဒေရေးရာ ညီလာခံများသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ၁၉၅၈ခုနှစ်၊ ဖေဖော်ဝါရီလတွင်တက်ရောက်ဆွေးနွေးခဲ့သည်။ထို့ပြင်ဥရောပနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ နှင့် အရှေ့ဖျားနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက် လည်ပတ်ခဲ့သည်။
ဒေါက်တာဘဟန်သည် ဒေါ်သိန်းလွင်နှင့် လက်ထပ်ကာ သားသမီး(၄)ဦး ထွန်းကားခဲ့သည်။ သားသမီးများမှာ ဦးညွန့်ဟန်၊ ဒေါ်မြင့်မြင့်ဟန်၊ ဦးဝင်းဟန်၊ ဒေါ်ကြည်ကြည်ဟန် (ကွယ်လွန်) တို့ ဖြစ်သည်။ ထို့နောက် ဇနီးဖြစ်သူ ဒေါ်သိန်းလွင် ၁၉၅၈ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကွယ်လွန်သွားခဲ့ရာ ၁၉၆၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေးမဟာဌာနမှ ကထိကဖြစ်သူ ဒေါ်ခင်သိန်း (M.A) (Yale) နှင့် အိမ်ထောင်သစ်ထူခဲ့သည်။ သို့သော် ဇနီးဖြစ်သူ ဒေါ်ခင်သိန်းနှင့် သားသမီး မထွန်းကားခဲ့ချေ။
ဒေါက်တာဘဟန်သည် ၁၉၆၉ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် ရန်ကုန်မြို့၊ (၈)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် (၂) နေအိမ်၌ ကွယ်လွန်ခဲ့ရာ ဇနီးဒေါ်ခင်သိန်းနှင့် ပထမအိမ်ထောင်မှ ရရှိသော သားသမီးသုံးယောက်၊ မြေး (၁၂)ယောက်နှင့် မြစ် (၂)ယောက်တို့ ကျန်ရစ်ခဲ့သည်။
သူကွယ်လွန်ချိန်က“ဒေါက်တာဘဟန်သည် မြင့်မြတ်တော်ဖြောင့်သော လမ်းစဉ်ကို ကျင့်သုံးပြီး မတုန်လှုပ်သော သမာဓိဂုဏ်နှင့် ပြည့်စုံသည်”ဟု သူ့နေရာ ဥပဒေမဟာဌာနမှူး တာဝန်ကို ဆက်ခံသော လွှတ်တော်ချုပ် တရားဝန်ကြီးဟောင်း ဦးကျော်မြင့် (အာဇာနည်လုပ်ကြံမှု ခုံရုံး တရားသူကြီး)က ချီးကျူးခဲ့ပါသည်။
သန်းဝင်းလှိုင် (မိုးမခ)
———- —— ———
(Zawgyi)
ျမန္မာ့ ပထမဆုံး ပါရဂူ (သို႔) မဟာသေရစည္သူ ေဒါက္တာဘဟန္
ေရးသားသူ – သန္းဝင္းလႈိင္ (မိုးမခ)
ျမန္မာစာေပသမိုင္း၌ အဂၤလိပ္-ျမန္မာအဘိဓါန္က်မ္းကိုျပဳစုခဲ့ေသာ ေဒါက္တာဘဟန္ကို ရန္ကုန္ၿမိဳ႕၌ အဖ ဦးေက်း (ဦးေမာင္ေမာင္ေက်း)၊ အမိ ေဒၚသိန္းတင္တို႔မွ ၁၈၉ဝ ျပည့္ႏွစ္ ဇန္နဝါရီ (၃ဝ)ျရက္ကာသပေတးေန႔တြင္ ဖြားျမင္ခဲ့သည္။ ေဒါက္တာဘဟန္သည္ ေဒါက္တာဘေမာ္၏ အစ္ကိုျဖစ္သည္။
၁၈၉၆ခုႏွစ္တြင္ မအူပင္ အစိုးရအထက္တန္းေက်ာင္း၌ စတင္ပညာသင္ၾကားခဲ့သည္။ ၁၉ဝဝျပည့္ႏွစ္မွ ၁၉ဝ၅ခုႏွစ္အထိ စိန္ေပါအထက္တန္းေက်ာင္း (ယခု အထက (၆) ဗိုလ္တေထာင္)တြင္ ဆက္လက္ ပညာသင္သည္။ ၁၉၀၅ခုႏွစ္တြင္ ရန္ကုန္ေကာလိပ္၊ ၁၉ဝ၆ခုႏွစ္တြင္ ကာလကတၱားဒဖ္ေကာလိပ္၊ ၁၉ဝ၇ခုႏွစ္တြင္ ရန္ကုန္ေကာလိပ္တို႔၌ ပညာသင္ခဲ့ၿပီး ၁၉ဝ၉ခုႏွစ္တြင္ ဝိဇၨာဘြ႕ဲ (B.A) ရရွိခဲ့သည္။ ၁၉၁၅ခုႏွစ္တြင္ ကာလကတၱားတကၠသိုလ္မွ မဟာဝိဇၨာဘြဲ႕ (M.A) ရရွိသည္။ ၁၉၂၂ – ၂၄ တြင္ အဂၤလန္ ကင္းဗရစ္တကၠသိုလ္၊
၁၉၂၄ ခုႏွစ္တြင္ ျပင္သစ္ႏိုင္ငံ ေဘာ္ဒိုးတကၠသိုလ္၊ ဂ်ာမနီႏိုင္ငံ ဖ႐ိုင္ဘတ္တကၠသိုလ္ႏွင့္ လန္ဒန္ လင္ကြန္းအင္း ဥပေဒေက်ာင္းတို႔တြင္ ပညာသင္ၾကားခဲ့သည္။ ေဘာ္ဒိုးတကၠသိုလ္မွ စာေပပါရဂူဘြဲ႕ (D.Litt) ရသည္။ ၁၉၂၅ခုႏွစ္တြင္ လင္ကြန္းအင္း ဥပေဒသင္ေက်ာင္းမွ ဥပေဒဘြဲ႕ႏွင့္ ဂ်ာမနီႏိုင္ငံ ဖ႐ိုင္ဘတ္တကၠသိုလ္ (Freiburg University) မွ ပါရဂူဘြဲ႕ (Ph.D) (Magna cum laude) တို႔ကို ရရွိခဲ့သည္။ ၁၉ဝ၉ – ၁၂ တြင္ ရန္ကုန္တကၠသိုလ္ သိပၸံသ႐ုပ္ျပဆရာ ၁၉၁၂ – ၁၈ တြင္ လက္ေထာက္စာေတာ္ျပန္၊ ၿမိဳ႕အုပ္ (အငယ္တန္း ႏိုင္ငံေတာ္ဝန္ထမ္း) အျဖစ္ ေဆာင္႐ြက္သည္။
ေဒါက္တာဘဟန္သည္ ၁၉၁၂မွ ၁၉၂၅ထိ အစိုးရ အႀကီးတန္းႏိုင္ငံ့ဝန္ထမ္းအျဖစ္ လည္းေကာင္း၊ ၁၉၂၆မွ ၁၉၂၇ထိ လက္ေထာက္ ဗဟိုတရား႐ုံးခ်ဳပ္ေရွ႕ေနအျဖစ္ လည္းေကာင္း ေဆာင္႐ြက္ခဲ့သည္။ ေဒါက္တာဘဟန္အား ၁၉၂၈ခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္မွ ဥပေဒကထိကအျဖစ္ ခန႔္အပ္ခဲ့သည္။ ထို႔ေနာက္ ၁၉၃၅ခုႏွစ္တြင္ ဥပေဒပါေမာကၡျဖစ္လာသည္။ ၁၉၄၇ခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္မွ ဥပေဒပါရဂူဘြဲ႕ (LL.D) (Honorus Causa) ခ်ီးျမႇင့္၍ ဥပေဒမဟာဌာနမႉးအျဖစ္ ခန႔္အပ္ခဲ့ျပန္သည္။ ရန္ကုန္တကၠသိုလ္၏ ဥပေဒဌာနတြင္ မဟာဌာနမႉး ျဖစ္သည္အထိ အႏွစ္ ၂၀ေက်ာ္ ထမ္း႐ြက္ခဲ့သည္။
ေဒါက္တာဘဟန္သည္ ၁၉၅၀ျပည့္ႏွစ္တြင္ တကၠသိုလ္မွ အၿငိမ္းစားယူခဲ့ရာ အၿငိမ္းစားယူသည့္ေန႔မွာပင္ တကၠသိုလ္၌ စြမ္းစြမ္းတမံ ေဆာင္႐ြက္ခဲ့ေသာေၾကာင့္ ဂုဏ္ထူးေဆာင္ဘြဲ႕ ခ်ီးျမႇင့္ျခင္းခံခဲ့ရသည္။ ၁၉၅၀ – ၅၇ တြင္ ဂုဏ္ထူးေဆာင္ ဥပေဒပါေမာကၡ ျပင္ပစာစစ္ ၁၉၅၇ – ၅၈တြင္ အစိုးရေရွ႕ေနခ်ဳပ္အျဖစ္ ေဆာင္႐ြက္ခဲ့သည္။ ၁၉၅၈တြင္ အိမ္ေစာင့္အစိုးရလက္ထက္တြင္ အစိုးရေရွ႕ေနခ်ဳပ္အျဖစ္မွ ႏႈတ္ထြက္၍ ေရွ႕ေနအျဖစ္ ေဆာင္႐ြက္သည္။
ေဒါက္တာဘဟန္သည္ ၁၉ဝ၉ခုႏွစ္ကပင္ ‘ဦးထြန္းၿငိမ္း အဂၤလိပ္ျမန္မာ အဘိဓာန္’ ကို တည္းျဖတ္ခဲ့သည္။ ၁၉၄၄ခုႏွစ္တြင္ ပညာတံခြန္အသင္း၏ ဥကၠ႒အျဖစ္ လည္းေကာင္း၊ ၁၉၄၈ခုႏွစ္တြင္ ‘တကၠသိုလ္ျမန္မာ့အဘိဓာန္’ ျပဳစုေရးႏွင့္ အဘိဓာန္အႀကံေပးအဖြဲ႕တြင္ ဥကၠ႒အျဖစ္ လည္းေကာင္း၊ ၁၉၆၁ – ၆၂ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ သုေတသနအသင္းႀကီး၌ ဥကၠ႒အျဖစ္ လည္းေကာင္း တာဝန္ယူေဆာင္႐ြက္ခဲ့သည္။ အဘိဓာန္သာမက ျမန္မာစာေပ ယဥ္ေက်းမႈဆိုင္ရာ စာတမ္းမ်ားေရးသားၿပီး ျမန္မာႏိုင္ငံသုေတသနအသင္းဂ်ာနယ္တြင္ ထည့္သြင္းခဲ့ေသာ္လည္း မစုစည္းႏိုင္ဘဲ တိမ္ျမဳပ္လုျဖစ္ေနသည္က ဝမ္းနည္းစရာပါေပ။
ရွင္ဥတၱမေက်ာ္ေတာလားႏွင့္ လက္ဝဲသုႏၵရ ရတုမ်ားကို အဂၤလိပ္လိုျပန္ဆိုျခင္း၊ စိႏၲေက်ာ္သူ ကဗ်ာမ်ား၊ ဦးပုည၏ ဝိဇယ ပဒုမ ျပဇာတ္မ်ား၊ ဝန္စာေရးဦးႀကီး၏ ခ်ဥ္ေပါင္႐ြက္သည္ေမာင္မႈိင္း ဝတၳဳစသည္တို႔ကို ေဝဖန္စာမ်ား၊ ေရွးျမန္မာေက်းလက္ႏွင့္မိသားစု လူမႈဘဝ စသည့္ေၾကာင္းရပ္ျဖာျဖာႏွင့္ စပ္လ်ဥ္းေရးသားခဲ့သည္။
ထို႔ျပင္ ေဒါက္တာဘဟန္သည္ ၁၉၅၇မွ ၁၉၅၈ခုႏွစ္အထိ ျမန္မာႏိုင္ငံ ေရွ႕ေနခ်ဳပ္အျဖစ္ ေဆာင္႐ြက္သည္။ သို႔ကလို ႏိုင္ငံေတာ္အက်ိဳးကို စြမ္းစြမ္းတမံေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ေဒါက္တာဘဟန္အား ႏိုင္ငံေတာ္အစိုးရက ၁၉၅၈ခုႏွစ္ ဇန္နဝါရီလတြင္ မဟာသေရစည္သူဘြဲ႕ ခ်ီးျမႇင့္အပ္ႏွင္းခဲ့သည္။
ဆရာစံအမႈအၿပီး စုစုေပါင္း လယ္သမား ၁၀၂ ေယာက္ကို “ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္ပုန္ကန္မႈ”ႏွင့္တရားစြဲေသာအခါတြင္လည္း တရားခံမ်ားဘက္က ဂဠဳန္ဦးေစာ၊ သာယာဝတီ ဦးပု စသည့္ တျခားႏိုင္ငံေရးသမားေရွ႕ေနမ်ားႏွင့္အတူ ေဒါက္တာဘေမာ္ႏွင့္ ေဒါက္တာဘဟန္တို႔ ညီအစ္ကိုလိုက္ပါ ေလွ်ာက္လဲ ေပးၾကသည္။
ဂ်ပန္ေခတ္က ညီျဖစ္သူ အထြဋ္အထိပ္ေရာက္စဥ္ကလည္း ဘာရာထူးမွ မယူဘဲ ကမာၻႏွင့္ျမန္မာ ယဥ္ေက်းမႈေပါင္းကူးစည္ပင္ေရး အတြက္ ဖြဲ႕ေသာ ျပင္သစ္အကယ္ဒမီပုံစံ ပညာတံခြန္အသင္း ဥကၠ႒သာ လုပ္ခဲ့ၿပီး စြယ္စုံက်မ္းႏွင့္ ျမန္မာအဘိဓာန္ စတင္ျပဳစုေရး အတြက္ လမ္းေဖာက္ေပးခဲ့ကာ ဂ်ပန္ေခတ္ အေတြ႕အႀကဳံကို The Planned State တြင္ မွတ္တမ္းတင္ခဲ့သည္။
၁၉၅၂ခုႏွစ္မွ ၁၉၆၆ခုႏွစ္အထိ (၁၅)ႏွစ္တိုင္ အခ်ိန္ယူကာ The University English – Burmese Dictionary (တကၠသိုလ္ အဂၤလိပ္ ျမန္မာ အဘိဓာန္) စာအုပ္ႀကီးကို ျပဳစုခဲ့သည္။ ေဒါက္တာဘဟန္သည္ ရွင္ဥတၱမေက်ာ္ေတာလားကိုလည္း အဂၤလိပ္ဘာသာ ျပန္ဆိုထုတ္ေဝခဲ့သည္။ ထို႔ျပင္ အဂၤလိပ္ဘာသာျဖင့္ စာအုပ္၊ စာတမ္း၊ ေဆာင္းပါးမ်ားစြာကို ေရးသားခဲ့သည္။ ေဒါက္တာဘဟန္၏ ထင္ရွားေသာ အဂၤလိပ္ စာအုပ္မ်ားမွာ “William Blake: His Mysticism” “The Evolution of Blackean Philosopy” “A Legal History of Burma and India” “The Planned State”.တို႔ျဖစ္သည္။
ေဒါက္တာဘဟန္သည္ ဆြတ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕တြင္ ကုလသမဂၢမွ ႀကီးမႉးက်င္းပသည့္ ဥပေဒေရးရာ ညီလာခံမ်ားသို႔ ျမန္မာႏိုင္ငံ ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္အျဖစ္ ၁၉၅၈ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္တက္ေရာက္ေဆြးေႏြးခဲ့သည္။ထို႔ျပင္ဥေရာပႏိုင္ငံမ်ား၊ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား ႏွင့္ အေရွ႕ဖ်ားႏိုင္ငံမ်ားသို႔ ေလ့လာေရးခရီး သြားေရာက္ လည္ပတ္ခဲ့သည္။
ေဒါက္တာဘဟန္သည္ ေဒၚသိန္းလြင္ႏွင့္ လက္ထပ္ကာ သားသမီး(၄)ဦး ထြန္းကားခဲ့သည္။ သားသမီးမ်ားမွာ ဦးၫြန႔္ဟန္၊ ေဒၚျမင့္ျမင့္ဟန္၊ ဦးဝင္းဟန္၊ ေဒၚၾကည္ၾကည္ဟန္ (ကြယ္လြန္) တို႔ ျဖစ္သည္။ ထို႔ေနာက္ ဇနီးျဖစ္သူ ေဒၚသိန္းလြင္ ၁၉၅၈ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ေန႔တြင္ ကြယ္လြန္သြားခဲ့ရာ ၁၉၆၁ခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္ ပညာေရးမဟာဌာနမွ ကထိကျဖစ္သူ ေဒၚခင္သိန္း (M.A) (Yale) ႏွင့္ အိမ္ေထာင္သစ္ထူခဲ့သည္။ သို႔ေသာ္ ဇနီးျဖစ္သူ ေဒၚခင္သိန္းႏွင့္ သားသမီး မထြန္းကားခဲ့ေခ်။
ေဒါက္တာဘဟန္သည္ ၁၉၆၉ခုႏွစ္၊ ေမလ (၁၃) ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ (၈)မိုင္၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္း၊ အမွတ္ (၂) ေနအိမ္၌ ကြယ္လြန္ခဲ့ရာ ဇနီးေဒၚခင္သိန္းႏွင့္ ပထမအိမ္ေထာင္မွ ရရွိေသာ သားသမီးသုံးေယာက္၊ ေျမး (၁၂)ေယာက္ႏွင့္ ျမစ္ (၂)ေယာက္တို႔ က်န္ရစ္ခဲ့သည္။
သူကြယ္လြန္ခ်ိန္က“ေဒါက္တာဘဟန္သည္ ျမင့္ျမတ္ေတာ္ေျဖာင့္ေသာ လမ္းစဥ္ကို က်င့္သုံးၿပီး မတုန္လႈပ္ေသာ သမာဓိဂုဏ္ႏွင့္ ျပည့္စုံသည္”ဟု သူ႔ေနရာ ဥပေဒမဟာဌာနမႉး တာဝန္ကို ဆက္ခံေသာ လႊတ္ေတာ္ခ်ဳပ္ တရားဝန္ႀကီးေဟာင္း ဦးေက်ာ္ျမင့္ (အာဇာနည္လုပ္ႀကံမႈ ခုံ႐ုံး တရားသူႀကီး)က ခ်ီးက်ဴးခဲ့ပါသည္။
သန္းဝင္းလႈိင္ (မိုးမခ)