Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာ့သမိုင်းထဲက လင်းဇင်းပြည် ဆိုတာ

by Thutamm
August 11, 2019
Reading Time: 1min read
0
မြန်မာ့သမိုင်းထဲက လင်းဇင်းပြည် ဆိုတာ
Share on FacebookShare on Twitter

လင်းဇင်းပြည်ဆိုသည်မှာ ယခုလာအိုနိုင်ငံဖြစ်သည်။ လာအိုဘုရင့်နိုင်ငံဖြစ်သော လင်းဇင်းဘုရင့်နိုင်ငံကို ၁၃၅၄ခုနှစ်တွင် လာအိုဘုရင် ဖငွန် (Fa Ngum) မှ စတင်တည်ထောင်ခဲ့သည်။ ရှေးမင်းမျိုးနွယ်ဖြစ်သော မင်းသား ဖငွန်သည် ကမ္ဘောဒီးယားသို့ ထွက်ပြေးတိမ်းရှောင်နေရင်း ခမာဘုရင်၏ သမီးတော်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ၁၃၄၉ တွင် ဖငွန်သည် လူသူစစ်သည်ဗိုလ်ပါ ၁၀,၀၀၀ ပါသော စစ်တပ်ကြီးကို ဦးဆောင်လျက် ကမ္ဘောဒီးယားပြည် အန်ကောမှ သူ၏လာအိုပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

ဖငွန်သည် သစ္စာခံသောနယ်များကို လာအိုအခေါ် မွမ် (ပြည်နယ်)များ အဖြစ်သိမ်းယူသတ်မှတ်လိုက်သည်။ ခမည်းတော်နှင့် နောင်တော်များထံမှ အာဏာသိမ်းယူကာ ၁၃၅၄ တွင် ဗီယင်ကျန်းမြို့၌ လင်းဇင်းဘုရင်အဖြစ် ဘိသိက်ခံခဲ့သည်။ ဆင်ကောင်ရေတစ်သန်းဟု အဓိပ္ပါယ်ရသော လင်းဇင်းနိုင်ငံအတွက် နယ်မြေချဲ့ထွင် သိမ်းပိုက်ခဲ့ရာ ထိုခေတ်က အရှေ့တောင်အာရှတွင် အကြီးမားဆုံးသော ဘုရင့်နိုင်ငံများတွင် ပါဝင်ခဲ့သည်။

၁၃၅၄ မှ ၁၇၀၇ အထိ လင်ဇင်းပြည်

ဖငွန်အုပ်ချုပ်သော အစောပိုင်းနှစ်များတွင် အခက်အခဲမရှိသော်လည်း နောက်ပိုင်း (၆)နှစ် (၁၃၆၂-၁၃၆၈) အတွင်း ဒေသတွင်းရိုးရာယုံကြည်ကိုးကွယ်မှုဖြစ်သော ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် သူ၏ယုံကြည်မှုဖြစ်သော မဟာယာန ဗုဒ္ဓဘာသာအကြား ပဋိပက္ခဖြစ်လာခဲ့သည်။ ဘုန်းကြီးကျောင်းပေါင်းများစွာကို ဖျက်ဆီးခဲ့သည်။ ပြင်းထန်စွာနှိပ်ကွပ်ခဲ့သည်။ ၁၃၆၈တွင် ဖငွန်၏ မိဖုရား ခမာမင်းသမီး ကွယ်လွန်သည်။

ထို့နောက်တွင် သူသည် အယုဒ္ဓယဘုရင်၏ သမီးတော်နှင့် လက်ထပ်ခဲ့ပြန်သည်။ ထိုမင်းသမီးသည် သူ၏ ကြင်ယာတော်အပေါ် ဩဇာလွှမ်းမိုးနိုင်ပြီး အယုဒ္ဒယမှ ဗုဒ္ဒရုပ်ပွားဆင်းတုတော်များကို နောင်တွင် လွမ်ပရာဘွမ်ဟု အမည်တွင်မည့် ပရာဘွမ်မြို့တော်သို့ ပင့်ဆောင်လာခဲ့သည်။

၁၃၇၃ တွင် ဖငွန်သည် မွမ်နန် (Muang Nan) သို့ ဆုတ်ခွာခဲ့သည်။ ယူနန်ပြည်သို့ထွက်ပြေးတိမ်းရှောင်နေခဲ့သော သားဖြစ်သူ အွန်ဟွမ် (Oun Heuan) ပြန်လည်ရောက်ရှိလာပြီး ၁၃၉၃တွင် ဖခင် ဖငွန်ကွယ်လွန်ပြီးနောက်၌ ထိုင်းသုံးသိန်းဟု အမည်ရသော ဆမ်ဆင်နက်ထိုင်း (Samsenethai) ဟု ဘွဲ့အမည်ခံကာ လန်ဆန်းပြည်ကို ဆက်လက်အုပ်ချုပ်ခဲ့သည်။ မဲခေါင်ဒေသတွင် မွန်ဂိုတို့၏ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်စေခဲ့သည်။ လာအိုလူမျိုး၊ ထိုင်းလူမျိုးနှင့် အခြားလူနည်းစုတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော လင်းဇင်းပြည်သည် နောင် နှစ်ပေါင်း ၃၀၀ တိုင်အောင် ကြာမြင့်ခဲ့သည်။

လင်ဇင်းပြည်ကိုတည်ထောင်သူ ဘုရင်ဖငွန် (Fa Ngum)

ထိုဒေသတွင် ဖငွန်သေဆုံးပြီးနောက် ဖငွန်၏သားအကြီးဆုံးဖြစ်သူ အွန်ဟွမ် (Oun Heuan)က ဆမ်ဆင်ထိုင်း (Samsenthai) ဟုဘွဲ့အမည်ခံကာ တိုင်းပြည်ကို ၄၃နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ၎င်းမင်းလက်ထက်တွင် လန်ဆန်းတိုင်းပြည်သည် ကုန်သွယ်ရေးအချက်အချာ ဖြစ်လာခဲ့သည်။ ၁၄၂၁ခုနှစ် အွန်ဟွမ် သေဆုံးပြီးနောက်တွင် လင်းဇင်းပြည်ပြိုကွဲပျက်စီးကာ စစ်ဘုရင်နိုင်ငံများအဖြစ် နှစ်ပေါင်း(၁၀၀)ကျော်ကြာ တိုက်ခိုက်နေခဲ့ကြသည်။

မြန်မာတို့၏ ကျူးကျော်တိုက်ခိုက်ခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှာ ၁၅၂၀တွင် နန်းတက်လာသော ဖိုတီဆာရပ် (Photisarath) ဘုရင်သည် မြို့တော်ကို လွမ်ပရာဘွမ်မှ ဗီယင်ကျန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဖိုတီဆာရပ်လုပ်ကြံခံရပြီးနောက် ၁၅၄၈တွင် သားဖြစ်သူ ဆက်သာသီရပ် နန်းတက်လာခဲ့သည်။ ဆက်သာသီရပ်သည် ကမ္ဘောဒီးယားပြည်သို့ စစ်ချီရာမှ အပြန်လမ်းတွင် ပျောက်ဆုံးခဲ့ပြီး လင်းဇင်းပြည် တစ်ဖြည်းဖြည်း ကျဆုံးဆုတ်ယုတ်လာခဲ့သည်။

၁၆၃၇ခုနှစ်တွင် နန်းတက်လာသော ဆိုရီငါဗောင်ဆာ (Sourigna Vongsa) လက်ထက်တွင် လန်ဆန်းပြည်သည် နယ်စပ်ဒေသများ ချဲ့ထွင်နိုင်ခဲ့ပြီး ၎င်းအုပ်စိုးသောအချိန်ကာလကို လာအိုတို့၏ရွှေခေတ်ဟုဆိုနိုင်သည်။ ၎င်းသေဆုံးပြီးနောက် ဆက်ခံမည့်သူမရှိသည့်အတွက် လင်းဇင်းတိုင်းပြည်သည် သုံးခြမ်းကွဲခဲ့သည်။ ၁၇၆၃မှ ၁၇၆၉ခုနှစ်များတွင် လာအိုမြောက်ပိုင်းသည် မြန်မာတို့၏ သိမ်းပိုက်အုပ်ချုပ်ခြင်းခံရပြီး လွမ်ပရာဘွမ်သည် မြန်မာတို့၏ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ချမ်ပါဆက်မှာလည်း ထိုင်းတို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်။

ထိုင်းတို့က ချောင်အနုဗောင်ကို ဗီယင်ကျန်းဘုရင်ခံအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ၎င်းမင်းသည် လာအိုအနုပညာ၊ စာပေတို့ကို အားပေးခဲ့ပြီး လွမ်ပရာဘွမ်နှင့်လည်း ဆက်ဆံရေးတိုးတက်အောင် ကြိုးပမ်းခဲ့သည်။ ၎င်းကို ထိုင်းတို့ထံ သစ္စာခံရန်ဖိအားပေးခံရသော်လည်း လက်မခံပဲ ပုန်ကန်ခဲ့သဖြင့် ထိုင်းတို့က ဗီယင်ကျန်းကို သိမ်းပိုက်ပြီး အနုဗောင်ကို အကျဉ်းသားအဖြစ် ဘန်ကောက်သို့ ခေါ်ဆောင်ခဲ့သည်။

ဖငွန်၏ အဆက်အနွယ်ဖြစ်သူများသည် ဖငွန်သေဆုံးပြီးနောက် နှစ်ပေါင်း (၆၀၀) ကြာသည့်အချိန်တွင် ထီးနန်ဆက်ခံခဲ့ပြန်သည်။ ၁၇ ရာစုနှစ်ကုန်အထိ လက်အောက်ခံနယ်စားများဖြင့် လန်ဆန်းပြည်ကြီး လွတ်လပ်စွာတည်ရှိနေခဲ့သည်။ သို့ရာတွင် သမိုင်းမှတ်တမ်းများအရ ဗီယက်နမ်တို့က (၁၄၇၈-၇၉) တွင်လည်းကောင်း၊ ထိုင်းတို့က ၁၅၃၆တွင်လည်းကောင်း၊ မြန်မာတို့က (၁၅၇၁-၁၆၂၁) တွင်လည်းကောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။

၁၉ရာစုနှောင်းပိုင်းတွင် လွမ်ပရာဘွမ်သည် တရုတ်အလံနက် (Blag Flag) တို့၏ ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး ပြင်သစ်တို့က လာအိုဘုရင် အွန်ခမ် (Oun Kham) ကို ကယ်တင်ခဲ့သည်။ ယင်းနောက် ပြင်သစ်တို့က ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီနယ်အတွင်းသွတ်သွင်းပြီး ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၅၄တွင် စည်းမျဉ်းခံဘုရင်စနစ်ဖြင့် လုံးဝလွတ်လပ်ရေး မကြေညာမီအချိန်ထိ လာအိုနိုင်ငံကို ပြင်သစ်တို့က အုပ်ချုပ်ခဲ့သည်။

ထို့နောက် ၁၉၅၃မှ ၁၉၇၅အတွင်း လာအိုဘုရင့်နိုင်ငံ (Kingdom of Laos) ဖြစ်ခဲ့သည်။ ၁၉၇၅တွင် ကွန်မြူနစ် ပက်သက်လာအို (Pathet Lao) များက အာဏာသိမ်းယူခဲ့ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (Lao People’s Democratic Republic) ကို တည်ထောင်ခဲ့သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။

Country Study – Kingdom of Laos
Myanmar Wikipedia

Tags: countriesknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
မိုင်ဝက်အကွာအဝေးကနေ လူ့အသားအရေကို လောင်ကျွမ်းစေမယ့် လေဆာရောင်ခြည်လက်နက်

မိုင်ဝက်အကွာအဝေးကနေ လူ့အသားအရေကို လောင်ကျွမ်းစေမယ့် လေဆာရောင်ခြည်လက်နက်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!