• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာ့ဆိုက်ကား ဖြစ်ပေါ်လာပုံ

by Thutamm
October 16, 2020
Reading Time: 1min read
0
မြန်မာ့ဆိုက်ကား ဖြစ်ပေါ်လာပုံ
Share on FacebookShare on Twitter

၁၃၀၀ပြည့် အရေးတော်ပုံလို့ မြန်မာ့သမိုင်းမှာ မော်ကွန်းထိုးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေး အုံကြွလှုပ်ရှားမှုကြီး ကျွန်မတို့ မန္တလေးမှာလည်း ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ ဒီအချိန်မှာ မန္တလေးမြို့သူ မြို့သားတွေက အမျိုးသားလုပ်ငန်းတစ်ခုဖြစ်တဲ့ ဆိုက်ကားယာဉ်ငယ်ကို ဝိုင်းပြီး အားပေးလိုက်ကြတော့ ဓာတ်ရထားလုပ်ငန်းဟာ ခွက်ခွက်လန်အောင်ရှုံးလို့ အလုပ်ရပ်နားသွားရတာပေါ့။ မန္တလေးမြို့မှာ အဲဒီခေတ်က မြို့သူမြို့သားများ စီးနင်းသွားလာဖို့ မြင်းရထားခေါ်တဲ့ မြင်းတပ်ရထားလုံး နဲ့ ဓာတ်ရထားပဲ ရှိတယ်။ ရန်ကုန်မှာလို လံခြား မရှိဘူး။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလကြီးကို ရောက်လာတော့ အမျိုးသားစီးပွားရေးဟာ အမျိုးသားတွေရဲ့ လက်ထဲမှာပဲ ရှိရမယ် ဆိုတဲ့ မူတစ်ခု ပေါ်လာပြီး သွေးစုပ်ချယ်လှယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုလည်း အမျိုးသားတွေက ဖွင့်လာကြတယ်။

အဲဒီအချိန်မှာ စက်အားမပါ ၊ လောင်စာဆီမလို ၊ လူအားနဲ့လှုပ်ရှားတဲ့ ယာဉ်ငယ်ဆိုက်ကား ဆိုတဲ့ စီးစရာလေးတစ်ခု ပေါ်လာတယ်။ ဆိုက်ကားဆိုတာက စက်ဘီးကနေပြီး ဖြစ်လာတဲ့ ယာဉ်ကိုး။ အဲဒီခေတ်က ယောင်္ကျားတွေစီးတဲ့ စက်ဘီးအကောင်းဆုံး ရလေး စပါယ်ရှယ် ဆိုတာက တစ်စီးမှ ၁၂၅ ကျပ် ပေးရတာ။ ဟာကြူလီ တံဆိပ်ဆိုရင် အသစ်မှ ၅၀ကျပ် ကနေ ၇၀ကျပ်အထိပဲ တန်ဖိုးရှိတယ်။

အဲဒီတော့ ၁၉၃၈ခုနှစ်လောက်မှာ စက်ဘီးအဟောင်းကို ညောင်ပင်ဈေးက ကားဘော်ဒီလုပ်တဲ့ဆရာ ဆရာညိုက ဆိုက်ကားဆိုတဲ့ ဘေးတွဲ တပ်ပေးတယ်။ တပ်ခကလည်း သိပ်မများတော့ ငွေ ၁၀၀ကျပ် ၊ ၁၅၀ကျပ် နဲ့ ဆိုက်ကားတစ်စီး ဖြစ်လာတာပဲ။ ဒီလောက်ငွေက မြန်မာတွေတတ်နိုင်တဲ့ အရင်းအနှီးမျိုးဖြစ်လေတော့ ၊ ဆိုက်ကားအစီး ၁၀၀၀ လောက် နေ့ချင်းညချင်း မန္တလေးမှာ ပေါ်ပေါက်လာတော့တယ်။အဲဒီဆိုက်ကားက ဈေးချိုက ၂ပြား ပေးစီးခဲ့ရင် ဓာတ်ရထားက ပို့ပေးတဲ့ ၂ပြား ခရီးမျိုးအပြင် ဓာတ်ရထားမရောက်တဲ့ လမ်းကြိုလမ်းကြား ဝင်းကြိုဝင်းကြားအထိ လိုက်ပို့ပေးတယ်လေ။

မန္တလေးမြို့ ဆိုတာကလည်း တချို့မြို့တွေလို ရွာကြီးက တဖြည်းဖြည်းနဲ့ မြို့ဖြစ်လာတာမျိုး မဟုတ်ဘူး။ မင်းတုန်းမင်းကြီးက မြို့သစ်တည်ဖို့ စိတ်တိုင်းကျတဲ့ မြေပြန့် မြေညီတစ်ကွက်ကို သေသေချာချာရွေးပြီးမှ အကွက်တွေချပြီး တည်ခဲ့တဲ့မြို့။ ဒါကြောင့် နန်းတော်ရှေ့ဆရာတင်က “စည်မျက်နှာကဲ့သို့ ညီညာပေသကို” လို့ မန္တလေးကို သူ့မြနန္ဒာ သီချင်းထဲမှာ ထည့်ဖွဲ့ထားတယ် မဟုတ်လား။ မန္တလေးမှာ လမ်းတွေက အတက်အဆင်း ၊ အနိမ့်အမြင့် အလွန်နည်းတယ်။ မြို့ကို အကွက်ချထားပြီး လမ်းတွေဖောက်တာ ၊ အကွက်တွေရဲ့အလယ်က ဝင်းတွေဖွဲ့တယ်။ ဝင်းထဲမှာ အရာရှိကြီးတွေ နေစေတယ်။ မန္တလေးမြို့ရဲ့လမ်းတွေက အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် တည့်တည့်တန်းတန်းရှိနေအောင် တမင်ဖော်ကထားတာ ၊ တစ်ပြ နဲ့ တစ်ပြ အကွာအဝေးညီတယ်။ ဝင်းကြို ဝင်းကြားပေါတယ်။

မန္တလေးမှာ ဗြိတိသျှအစိုးရက ကျောက်လမ်းမိုင် ၆၀ ခင်းပေးသတဲ့။ ဓာတ်ရထားသွားနိုင်တာက ၆မိုင်ထဲရှိတာ။ ဆိုက်ကားက မိုင် ၆၀ စလုံးကို သွားနိုင်တဲ့အပြင် လမ်းမရှိတဲ့ ဝင်းကြိုဝင်းကြားထဲလည်း ဝင်ပြီး ပို့ပေးလေတော့ ၊ မြို့သူမြို့သားတွေက ဆိုက်ကားပဲ စီးကြတာပေါ့။ အဲဒီမှာ ၁၅၀ကျပ်တန် ၊ ၂၀၀ကျပ်တန် ဆိုက်ကားတွေနဲ့ မယှဉ်နိုင် ၊ မယှဉ်ဝံ့လို့ ဓာတ်ရထားကြီး သိမ်းလိုက်ရတယ်ဆိုတာ ကြားကြားသမျှကတော့ မယုံနိုင်စရာကြီး ဖြစ်နေတာပေါ့။ ဒါပေမယ့် တစ်ကယ့်ဖြစ်ရပ်ပဲ။ ဓာတ်ရထားကြီးခဗျာမှာ လက်မှတ်တစ်စောင် တစ်နေ့လုံး စီးချင်ရာစီး ၃ပဲ ၊ စီးနိုင်ရင် တစ်နေ့လုံး ဓာတ်ရထားပေါ်က မဆင်းပဲနေချင်နေဆိုပြီး တစ်နေကုန်စီးလည်း ၃ပဲ လက်မှတ်တွေ ဘာတွေတောင် လုပ်ပြီးပြုတ်ခါနီးမှာ ထိန်းရှာပါသေးရဲ့။ မရပါဘူး။ တစ်ခါတည်း လုပ်ငန်းပိတ်လိုက်ရပါရော။ (ဆရာမကြီး လူထုဒေါ်အမာ ရဲ့ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး စာအုပ်မှ)

 

Tags: myanmar historymyanmar knowledge
Next Post
အသက်ကြီးသူများ နောင်တအရဆုံး အရာများ

အသက်ကြီးသူများ နောင်တအရဆုံး အရာများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!