Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြက်ခင်းစိမ်းတွေကနေ ကျောခိုင်းသွားတော့မယ့် ဖာနန်ဒိုတောရက်

by Thutamm
August 17, 2019
Reading Time: 1min read
0
မြက်ခင်းစိမ်းတွေကနေ ကျောခိုင်းသွားတော့မယ့် ဖာနန်ဒိုတောရက်
Share on FacebookShare on Twitter

မင်းသားတစ်ယောက်လို ချောမောတဲ့ဥပဓိရုပ်၊ယောင်္ကျားပီသတဲ့ ကိုယ်နေဟန်၊ လျှင်မြန်နဲ့အမြန်နှုန်း၊ သန့်သန့်ရှင်းရှင်းနဲ့ကစားတတ်သလို ကွင်းပြင်ပမှာလည်း ရိုးရှင်းတဲ့လူနေမှုဘဝကိုပိုင်ဆိုင်ထားတဲ့ တောရက်ဆိုတဲ့ စပိန်တိုက်စစ်ကစားသမားဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဥရောပဘောလုံးဇာတ်ခုံမှာ အကောင်းဆုံးကစားပြခဲ့သူဖြစ်ပြီး ဇွန်လ(၂၁)ရက်နေ့ ဒီနေ့မှာပဲ ကစားသမားဘဝကနေ အနားယူတော့မည်ဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့ တိုကျိုမှာ သတင်းသာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

စပိန်ကလပ် အက်သလက်တီကို၊ပရီးမီးယားလိဂ်ကလပ်လီပါပူး၊ချယ်ဆီး၊ နိုင်ငံအသင်း စပိန်တွေမှာပြသခဲ့တဲ့ သူရဲ့အရည်အသွေးတွေကြောင့် ကမ္ဘာအကောင်းဆုံးတိုက်စစ်မှူး တွေအနက်က တစ်ဦးဖြစ်တယ်ဆိုတာကို ငြင်းစရာရှိမယ်မထင်ပါဘူး။ ထူးခြားချက် ကတော့ ဒီတိုက်စစ်ကစားသမားလေးဟာ ဘောလုံးစကစားစဉ်က ဂိုးသမားအဖြစ်သာ ကစားဖို့ရည်ရွယ်ထားပေမယ့် မျက်နှာကိုဘောလုံးပြင်းထန်စွာ ထိမိရာကနေစပြီး တိုက်စစ်ကစားသမားဖြစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တောရက်ဟာ (၁၉၈၄)ခုနှစ်မတ်လ(၂၀)မှာမွေးဖွားသူ ဖြစ်တာကြောင့် ယခုဆိုအသက် (၃၅)နှစ်အရွယ်ရှိနေပါပြီ။ သူနောက်ဆုံးကစားခဲ့တဲ့ အသင်းကတော့ ဂျေလိဂ်ကလပ် Sanga Tosu ဖြစ်ပါတယ်။ တောရက်ဟာစပိန်ကလပ်အေသလက်တီကိုအသင်းနဲ့ (၂၀၀၁)ခုနှစ်မှာစတင်ကစားခဲ့ပြီး လာလီဂါ ပွဲပေါင်း (၂၁၄)ပွဲမှာ (၈၂)ဂိုးအထိသွင်းယူ ပေးခဲ့ပါတယ်။ (၂၀၀၇)ခုနှစ်မှာတော့ ပရီးမီးယားလိဂ်ကလပ် လီပါပူးကို ပြောင်းရွေလာခဲ့ပြီး ကမ္ဘာအကောင်းဆုံး တိုက်စစ်ကစားသမားတွေအနက်က တစ်ဦးဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ တောရက်ဟာ လီပါပူးနဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း (၁၀၂) ပွဲကစား (၆၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

(၂၀၁၁)၊ဇန်နဝါရီ(၂၇)မှာတော့ တောရက်ဟာ ချဲယ်ဆီးအသင်းကို ယူရိုသန်း(၅၀)နဲ့ ရုတ်တရက် ပြောင်းရွေ့သွာခဲ့ပါတယ်။ ချယ်ဆီးမှာတော့ တောရက်ဟာထင်သလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့အပြင် ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးဝယ်ယူမှု အဖြစ်တောင် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့တောရက်ကတော့ ချယ်ဆီးနဲ့အတူ အသင်းလိုက်အောင်မြင်မှုများစွာကို ရရှိခဲ့တယ်လို့တော့ဆိုလို့ရပါတယ်။

ချယ်ဆီးကစား သမားဘဝမှာတောရက်အတွက် အမှတ်ရစရာဂိုးကတော့ (၂၀၁၂)ခုနှစ်၊ဧပြီလ (၂၄) ရက်နေ့က ဘာစီလိုနာနဲ့ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ရှုံးထွက် ဒုအကျော့ပွဲစဉ်မှာ ဖြစ်ပါတယ်။ ယင်းပွဲမှာလူတစ်ယောက်အထွက်နဲ့ ခက်ခက်ခဲခဲကစားနေရတဲ့ ချယ်ဆီး အတွက် အချိန်ပိုနောက်ဆုံးမိနစ်မှာတောရက်သွင်းယူတဲ့ ချေပဂိုးကြောင့် နှစ်ကျော့ ပေါင်း(၃-၂)ဂိုးဆိုတဲ့ရလဒ်နဲ့ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့တဲ့အပြင် ယင်းနှစ်ရဲ့ချန်ပီယံ လိဂ်ဖလားကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

(၂၀၁၄-၂၀၁၅)မှာတော့အေစီမီလန်ကိုအငှား၊(၂၀၁၅-၂၀၁၆)ခုနှစ်မှာတော့ မိခင်က ကလပ်အက်သလက်တီကို အသင်းတွေကိုပြောင်းရွေ့ကစားပေမဲ့ တောရက်ဟာ အရင်လို ထိပ်တန်းခြေစွမ်းကို ပြန်လည်မရရှိတော့ပါဘူး။ (၂၀၁၈) ဂျူလိုင်(၁၀)မှာတော့ တောရက်ဟာ ဂျပန်လိဂ်ရဲ့ Sagan Tosu အသင်းကို ပြောင်းရွေခဲ့ပြီး ယနေ့မှာတော့ ကစားသမားဘဝကနေ အနားယူမှာဖြစ်ကြောင်း တရား ဝင်ကြေငြာခဲ့ပါတယ်။

တောရက်ဟာကစားသမားဘဝမှာ ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နဲ့ ပြည်တွင်းရှုံးထွက် ဖလား နဲ့တစ်ဦးချင်းဆုတံဆိပ်များစွာကို ဆွတ်ခူးနိုင်ခဲ့ပေမဲ့ ထူးထူးခြားခြားအမှတ်ပေးဖလားကို ရရှိနိုင်ခဲ့ခြင်းတော့မရှိရှာပါ ဘူး။ သူဟာ ကလပ်အသင်းများစွာမှာကစားပြီး ဆုဖလား(၅)လုံးသာဆွတ်ခူးနိုင်ခဲ့ ပါ တယ်။ဘောလုံး ဝေဖန်သူတွေကတော့ ဒါဟာတောရက်ရဲ့ အသင်းပြောင်းလိုတဲ့ ဂနာမငြိမ်နဲ့စိတ်ကြောင့်ဖြစ်တယ်လို့ ဆိုကြပါ တယ်။

တောရက်ဟာ စပိန်လက်ရွေးစင်အသင်းနဲ့တော့ အတော်ကိုအောင်မြင်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ စပိန်ယူ-၁၅ အသင်းကနေစပြီးတစ်ဦးချင်းအကောင်းဆုံးဆုတွေ၊ အသင်း လိုက်ဆုဖလားတွေရရှိခဲ့တဲ့ တောရက်ဟာ စပိန်လက်ရွေးစင်အသင်းနဲ့ (၂၀၀၈) နဲ့ (၂၀၁၂) ဥရောပဖလား၊ (၂၀၁၀)ကမ္ဘာဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး စပိန်အသင်း အတွက်နိုင်ငံတကာပွဲပေါင်း(၁၁၀)ပွဲလောက်ကစားပြီး (၃၈)ဂိုးအထိသွင်းယူနိုင်ခဲ့ သူလည်းဖြစ်ပါတယ်။

တောရက်ဟာ (၂၀၀၉)ခုနှစ်မေလ(၂၇)ရက်နေ့မှာ (၂၀၀၁)ခုနှစ်တည်းကတွဲလာတဲ့ မော်ဒန်တစ်ဦးဖြစ်တဲ့ အိုလာဒိုမီကွတ်လက်တီနဲ့ မင်္ဂလာဆောင်ခဲ့ပြီးသမီးတစ်ယောက် ၊သားတစ်ယောက်ရဲ့ဖခင်ဖြစ်ပါတယ်။ တောရက်ဟာ အခြားနာမည်ကျော်တွေလို ပလွှား နေတတ်သူမဟုတ်ပဲ သူရဲ့အားလပ်ချိန်တွေကို တင်းနစ်ပွဲ၊နွားရိုင်းသတ်ပွဲနဲ့ ကော်ဖီ ဆိုင်တွေမှာပဲ ကုန်လွန်စေခဲ့သူပါ။ သူဟာနည်းစနစ်ပိုင်းဆိုင်ရာထူးချွန်သူဖြစ်တာ နဲ့အညီ နည်းပြအဖြစ်နဲ့ဘောလုံးလောကထဲကို ပြန်လည်ဝင်ရောက်လာနိုင်တယ်လို့ တော့ ကမ္ဘာဘောလုံးမီဒီယာတွေက ခန့်မှန်းမှုတွေတော့ ရှိနေပါတယ်။

Tags: Sport people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
မြောက်အမေရိက ရဲ့ ထင်ရှားကျော်ကြားတဲ့ ပြတိုက်ကြီး (၁၀)ခု

မြောက်အမေရိက ရဲ့ ထင်ရှားကျော်ကြားတဲ့ ပြတိုက်ကြီး (၁၀)ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!