• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော ကမ္ဘာ့ ရှေးအကျဆုံးပစ္စည်းများ

by Thutamm
January 16, 2020
Reading Time: 2min read
0
ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော ကမ္ဘာ့ ရှေးအကျဆုံးပစ္စည်းများ
Share on FacebookShare on Twitter

ဒီတစ်ခါ သုတဇုန်မိတ်ဆွေတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးမယ့်အကြောင်းကတော့ သုတေသနပညာရှင်များ ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာ့နေရာအနှံ့က ရှေးအကျဆုံးပစ္စည်းတချို့ရဲ့ အကြောင်းပဲဖစ်ပါတယ်။ ဒီအထဲမှာ နှစ်ပေါင်း ရာဂဏန်း ၊ ထောင်ဂဏန်း သောင်းဂဏန်း သက်တမ်းရှိတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ တချို့အရာတွေဟာ ခေတ်မီနေပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူတွေဟာ ဒါတွေလုပ်တတ်နေပါလားဆိုပြီး အံသြသွားရမှာဖြစ်ပါတယ်။

၁။ ရှေးအကျဆုံး ခြေအိတ် ( နှစ်ပေါင်း ၁၅၀၀ ကျော်)

ဒီခြေအိတ်တွေကို ၁၉ရာစု အကုန်က အီဂျစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ စစ်ဆေးခဲ့တဲ့အခါမှာတော့ ၄ရာစု နဲ့ ၅ရာစုကြားက ဖန်တီးခဲ့တယ်လို့ သိရတာကြောင့် ဒီခြေအိတ်ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၅၀၀ကျော်ပြီ ဖြစ်ပါတယ်။ three-ply သိုးမွှေးကို အသုံးပြုပြီး အပ်တစ်ချောင်းတည်းနဲ့ ထိုးတဲ့နည်းပညာကို သုံးကာ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ Victoria and Albert ပြတိုက်မှာ ပြသထားပါတယ်။

၂။ ရှေးအကျဆုံး အညွှန်းစာ (နှစ်ပေါင်း ၅၀၀၀ကျော်)

အခုမြင်ရတဲ့ ရွံ့ချပ်ပြားက ကမ္ဘာ့ရှေးအကျဆုံးအညွှန်းစာဖြစ်ပြီး ဆူမားရီးယန်းလူမျိုးတွေက ဘီစီ ၃၀၀၀ ခန့်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မက်ဆိုပိုတေးမီးယားနယ်မြေက ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီရွှံ့ချပ်ဟာ ဘီယာဖော်စပ်နည်းအညွှန်းစာဖြစ်ပါတယ်။ ဘီယာဟာ ဘီစီ ၉၅၀၀ ခန့်ကတည်းက ပေါ်နေပြီဆိုပေမယ့် အထောက်အထားမရှိပါဘူး။ ဒီရွံ့ချပ်ကတော့ အကောင်းဆုံးသက်သေဖြစ်ပါတယ်။

၃။ ရှေးအကျဆုံး နေကာမျက်မှန် (နှစ်ပေါင်း ၈၀၀ကျော်)

ကမ္ဘာ့ရှေးအကျဆုံး နေကာမျက်မှန်ကိုတော့ ကနေဒါနိုင်ငံ Baffin ကျွန်းကနေ ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်နေကာမျက်မှန်လို နေကိုတိုက်ရိုက်ကာတဲ့ မျက်မှန်တော့မဟုတ်ပါဘူး။ ဆင်စွယ်နဲ့ပြုလုပ်ထားတဲ့ ဒီမျက်မှန်ကို နှင်းတွေကနေ ရောင်ပြန်တဲ့နေရောင်ခြည်ကို ကာကွယ်နိုင်ဖို့ သုံးခဲ့တာဖြစ်ပြီး အေဒီ ၁၂ရာစု ဝန်းကျင်က Thule လူမျိုးတွေက ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ဒီမျက်မှန်ကို ကနေဒါသမိုင်းပြတိုက်မှာ ပြသထားပါတယ်။

၄။ ရှေးအကျဆုံးလူပုံစံရုပ်တု (လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀၀ နှင့် ၄၀၀၀၀ ကြား)

Venus of Hohle Fels လို့အမည်ပေးထားတဲ့ ဒီလူ့ပုံရုပ်တုတွေကို သမိုင်းမတွင်မီခေတ်က အမွှေးရှည်ဆင်ကြီးတွေရဲ့ အစွယ်နဲ့ ထုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒီရှေးအကျဆုံးရုပ်တုတွေကို ဂျာမနီနိုင်ငံ Schelklingen မြို့အနီးက ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီရုပ်တုတွေကို ဂျာမနီနိုင်ငံ Blaubeuren မြို့ သမိုင်းပြတိုက်မှာ ပြသထားပါတယ်။

၅။ ရှေးအကျဆုံး ရှုးဖိနပ် (လွန်ခဲ့သောနှစ်ပေါင်း ၅၅၀၀ ခန့်)

ဒီရှုးဖိနပ်ကိုတော့ Areni-1 shoe လို့သိကြပါတယ်။ ၂၀၀၈ခုနှစ်က အာမေးနီးယားမှာရှိတဲ့ Areni-1 ဂူထဲက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လည်သာနဲ့ ပြုလုပ်ထားတဲ့ ဒီဖိနပ်ဟာ ဆိုဒ်နံပါတ် ၇ (European size 38, UK women’s size 5)သာ ရှိတာကြောင့် အမျိုးသမီးတစ်ဦးရဲ့ဖိနပ်လို့ ခန့်မှန်းကြပေမယ့် အတိအကျတော့ မမှန်ကန်နိုင်ပါဘူး။ စတင်တွေ့ရှိစဉ်က ဒီဖိနပ်ရဲ့သက်တမ်းကို နှစ် ၆၀၀-၇၀၀ ခန့်သာ ခန့်မှန်းခဲ့ကြပေမယ့် ကာဘွန်နည်းနဲ့ သက်တမ်းစစ်လိုက်တဲ့အခါမှာတော့ နှစ်ပေါင်း ၅၅၀၀ ခန့် ရှိနေပြီ ဆိုတာ အံသြစွာသိရှိလိုက်ရပါတယ်။ ဒီရှေးအကျဆုံးဖိနပ်ကို အာမေးနီးယားသမိုင်းပြတိုက်မှာ ပြသထားပါတယ်။

၆။ ရှေးအကျဆုံး ပုလွေ (လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀၀ ခန့်)

ကမ္ဘာ့ရှေးအကျဆုံး တူရိယာကတော့ ဂျာမဏီနိုင်ငံ Hohle Fels ဂူထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ ပုလွေတစ်ချောင်းဖြစ်ပါတယ်။ အပိုင်းအစ ၁၂ခုကို ပြန်ဆက်ခဲ့ရခြင်းဖြစ်ပါတယ်။ အပေါက်ငါးပေါက်ပါတဲ့ ဒီတူရိယာရဲ့ သက်တမ်းကို ကာဘွန်နည်းနဲ့ တွက်ချက်ကြည့်တဲ့အခါမှာတော့ နှစ်ပေါင်း ၃၅၀၀၀ နဲ့ ၄၃၀၀၀ ကြား ရှိပြီလို့ သိရပါတယ်။ အရှည် ၈လက်မခွဲရှိပြီး vulture ငှက်ရဲ့ အရိုးကို ထွင်းထားတယ်လို့ သိရပါတယ်။

၇။ ရှေးအကျဆုံးဘောင်းဘီ (လွန်ခဲ့သောနှစ်ပေါင်း ၃၃၀၀ ခန့်)

ဒီဘောင်းဘီကိုတော့ တရုတ်နိုင်ငံ အနောက်ဘက် တာရင်ဘေဆင်အရပ်က သင်္ချိုင်းတခုမှာ ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ သက်တမ်း နှစ်ပေါင်း ၃၃၀၀ခန့်ရှိပြီး လက်ယက်ဘောင်းဘီအမျိုးအစားပါ။ တွေ့ဖူးသမျှ ဘောင်းဘီတွေထဲက ရှေးအကျဆုံး တစ်ခုဖြစ်တဲ့ ဒီဘောင်းဘီကို မြင်းစီးဖို့အတွက် သီးသန့်ဖန်တီးထားတာဖြစ်တယ် လို့ ခန့်မှန်းထားကြပါတယ်။

၈။ ရှေးအကျဆုံး အိမ်သာ ( နှစ်ပေါင်း ၂၀၀၀ခန့်)

ဒီအိမ်သာကိုတော့ တူရကီက ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ Ephesus မြို့မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ အများသုံးအိမ်သာဖြစ်ပြီး အောက်ဘက်မှာ ရေတွေကို စီးဆင်းနေစေရန်ဖန်တီးထားပြီး အဲဒီရေတွေဟာ အညစ်အကြေးတွေကို အဝေးကိုသယ်ဆောင်သွားပြီး မြစ်ထဲကို ပို့ဆောင်စေပါတယ်။

၉။ ရှေးအကျဆုံး ဘရာစီယာ (လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ခန့်)

ဒီဘရာစီယာကတော့ အလယ်ခေတ်မှာ အသုံးပြုခဲ့တဲ့ ဘရာစီယာဖြစ်ပြီး သြစကြီးယား Innsbruck တက္ကသိုလ်က သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလယ်ခေတ်စာတွေထဲမှာတော့ ဘရာစီယာကို breastbags လို့ဖော်ပြလေ့ရှိပါတယ်။ သက်တမ်းကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ဒီဘရာစီယာကို သြစတြီးယားမှာ အေဒီ ၁၃၉၀ နဲ့ ၁၄၈၅ကြားမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

၁၀။ ရှေးအကျဆုံး ခြေတု ( လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ခန့်)

ဒီခြေတုကိုတော့ မန်ချက်စတာတက္ကသိုလ်က ပညာရှင် Jacky Finch က အီဂျစ်နိုင်ငံ Luxor မြို့အနီးကတွေ့ရှိခဲ့တဲ့ အမျိုးသမီးမံမီရုပ်အလောင်းတစ်ခုရဲ့ ခြေထောက်ကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘီစီ ၉၅၀ ကနေ ဘီစီ ၇၁၀ အတွင်း ဒီခြေတုကို ဖန်တီးခဲ့တာဖြစ်ပြီး သုတေသနပညာရှင်တွေရဲ့စစ်ဆေးချက်အရ ဒီခြေတုဟာ တကယ်အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၁။ ရှေးအကျဆုံး ပိုက်ဆံအိတ် (လွန်ခဲ့သော နှစ်ပေါင်း ၄၂၀၀ခန့်)

ဒီပိုက်ဆံအိတ်ကိုတော့ ဂျာမနီနိုင်ငံ လိုက်ပဆစ်မြို့ သင်္ချိုင်းတစ်ခုထဲကနေ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘီစီ ၂၂၀၀ ခန့်က ဖန်တီးခဲ့တဲ့ ဒီပိုက်ဆံအိတ်မှာ ထူးခြားတာကတော့ အပြင်ဘက်ခြမ်းကို ရာပေါင်းများစွာသော ခွေးသွားတွေ စိုက်ထားခြင်းဖြစ်ပါတယ်။ အဲဒီခေတ်အခါက ခွေးသွားတွေကို လက်ကိုင်အသုံးအဆောင်တွေမှာ တပ်ဆင်လေ့ရှိပြီး ပိုက်ဆံအိတ်ပိုင်ရှင်သေဆုံးသွားတဲ့အခါ သူနဲ့အတူမြုပ်နှံခဲ့တာလို့ ခန့်မှန်းကြပါတယ်။

၁၂။ ရှေးအကျဆုံး ကွန်ဒုံး (လွန်ခဲ့သောနှစ်ပေါင်း ၃၇၀ခန့်)

၀က်အူ နဲ့ ပြုလုပ်ထားတဲ့ ဒီကွန်ဒုံးကို ၁၆၄၀ခုနှစ်က ဆွီဒင်မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။(တချို့ကတော့ သိုးအရေပြားနဲ့ ဖန်တီးတယ်လို့ဆိုပါတယ်) တစ်ခါသုံးမဟုတ်ပဲ အကြိမ်ကြိမ်သုံးလို့ရတဲ့ ကွန်ဒုံးဖြစ်ပါတယ်။ သုံးပြီးတဲ့အခါ နွေးနေတဲ့နွားနို့နဲ့ သန့်ရှင်းရေးပြုလုပ်နည်းကို ပိုင်ရှင်က ဘက်တင်ဘာသာရဲ့ ရေးသားခဲ့ပါသေးတယ်။ ဒီလိုသန့်ရှင်းရေးလုပ်ခြင်းအားဖြင့် လိင်နဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

၁၃။ ရှေးအကျဆုံး ပီကေ

သက်တမ်း နှစ် ၅၀၀၀ ခန့်ရှိပြီဖြစ်တဲ့ ဒီပီကေအပိုင်းအစကိုတော့ ဖင်လန်နိုင်ငံ က ကျောက်ခေတ်နှောင်းပိုင်းလူသားတွေ နေခဲ့တဲ့နေရာကနေ တွေ့ရှိခဲ့တာပါ။ Birchbark ပင်ကရတဲ့ အစေးနဲ့ပြုလုပ်ထားတာဖြစ်ပြီး ကျောက်ခေတ်နှောင်းပိုင်းလူသားတွေဟာ ဒီအရာကို ပါးစပ် သန့်ရှင်းရေးအတွက်အသုံးပြုတဲ့အပြင် ကော်အဖြစ်လည်းအသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၄။ ရှေးအကျဆုံးဂီတမှတ်တမ်း (လွန်ခဲ့သောနှစ်ပေါင်း ၃၄၀၀ခန့်)

ရွံ့စေးတဲ့မှတ်တမ်းတင်ထားတဲ့ ဒီဂီတသင်္ကေတကိုတော့ ဆီရီယားနိုင်ငံ Ugarit မြို့အနီးက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာဟာ ကြေးဝါခေတ်နှောင်းပိုင်းလူသားတွေ နေခဲ့တဲ့နေရာဖြစ်ပါတယ်။ ဒီဂီတသင်္ကေတကိုတော့ lyre လို့ခေါ်တဲ့ ရှေးခေတ် ကြိုးခုနှစ်ပင်တပ်စောင်းနဲ့ တီးခတ်ရတာဖြစ်ပြီး ဒီရွံ့စေးပြားကို ဘီစီ ၁၄၀၀ ခန့်က ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

၁၅။ ရှေးအကျဆုံး ဒင်္ဂါးပြား (လွန်ခဲ့သောနှစ်ပေါင်း ၂၇၀၀ခန့်)

ဒီရှေးဟောင်းဒင်္ဂါးပြားကိုတော့ တူရကီနိုင်ငံက တချိန်က ဂရိရှေးဟောင်းမြို့ဖြစ်ခဲ့တဲ့ Efesos မြို့အနီးကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ electrum နဲ့ဖန်တီးထားတာဖြစ်ပါတယ်။ electrum ကတော့ ရွှေ နဲ့ ငွေတို့ဟာ သဘာဝအတိုင်းပေါင်းစပ်ဖြစ်လာတဲ့ သတ္တုစပ်တစ်မျိုးပါ။ အေးရှားမိုင်းနားက Lydia ဘုရင့်နိုင်ငံမှာ ဘီစီ ၇၀၀ ခန့်က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒင်္ဂါးပြားတစ်ဖက်ကို သာ ခြင်္သေ့ဦးခေါင်းပုံ ဒီဇိုင်းဖော်ထားပါတယ်။

ဒီလို ထူးထူးခြားခြား ဗဟုသုတ အကြောင်းအရာလေးတွေကို အမြဲဖတ်ချင်ရင် သုတဇုန်စာမျက်နှာကို ဆီးဖက်စ်လုပ်ထားလိုက်ပါ 🙂

သုတဇုန်

 

Tags: ancient knowledgehistory
Next Post
အိန္ဒိယနိုင်ငံ က အမုန်းတရားကင်းမဲ့ဇုန် (သို့) Auroville

အိန္ဒိယနိုင်ငံ က အမုန်းတရားကင်းမဲ့ဇုန် (သို့) Auroville

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!