Mont-Saint-Michel လို့ အမည်ရတဲ့ ဒီနေရာဟာ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေမှာ တည်ရှိနေပါတယ်။ ကုန်းမကြီးအနီးမှာ ရှိတဲ့ ဒီရေကျွန်းဖြစ်ပြီး ကမ်းခြေကနေ မိုင်ဝက်ခန့် အကွာအဝေးမှာတည်ရှိပါတယ်။ ဒီနေရာကို ကုန်းမကြီးကနေ ကားလမ်းနဲ့ ဆက်သွယ်ထားပြီး တသီးတခြားတည်နေဟန် နဲ့ ဗိသုကာလက်ရာမြောက်အဆောက်အအုံတွေကြောင့် ခရီးသွားတွေ မကြာခဏ သွားရောက်လေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။
ကျွန်းငယ်ရဲ့ အကျယ်အဝန်းက ဝ.၃၇ စတုရန်းမိုင်သာ ရှိပြီး အပေါ်မှာတော့ ရှေးဟောင်း ဂေါ့သ် ဗိသုကာစတိုင် ဘုရားကျောင်းရှိနေပြီး အောက်ဘက်ပတ်ပတ်လည်မှာတော့ အိမ်ငယ် နှင့် ဈေးဆိုင်များ ရှိနေပါတယ်။ ဒီနေရာမှာ လူဦးရေ စုစုပေါင်း ၃၀ ခန့်သာ နေထိုင်ပြီး အုပ်ချုပ်ရေးမှူးကတော့ Jacques Bono ဆိုသူဖြစ်ပါတယ်။ ကျွန်းငယ်ရဲ့ အမြင့်ဆုံးနေရာကတော့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၂ပေ ခန့်ပဲ မြင့်ပါတယ်။ ကုန်းမကနေ ကျွန်းငယ်ဆီ သွားလာခွင့်ကို ရေမတက်တဲ့အချိန်မှာပဲ ခွင့်ပြုပေးထားပါတယ်။
ဒီကျွန်းငယ်ပေါ်မှာ အစဦးဆုံး ဒေသခံနောက်လိုက်နောက်ပါတွေနဲ့အတူ အခြေချခဲ့သူက အိုင်းရစ်ဘုန်းတော်ကြီးတပါးဖြစ်ပါတယ်။ ၆ ရာစု နဲ့ ၇ ရာစုတွေမှာတော့ ဂေါ့သ်တို့ရဲ့ ခံတပ်တခုဖြစ်ခဲ့ပါတယ်။ အေဒီ ၈ ရာစု အစောပိုင်းမှာတော့ ဂိုဏ်းအုပ်ဆရာတော် Aubert က ဘုရားကျောင်းငယ်တခုကို စတင်တည်ဆောက်ခဲ့ပါတယ်။ ၉ ရာစုမှာတော့ Neustria ရဲ့ အရေးပါတဲ့ နေရာတခုဖြစ်လာခဲ့ပါတယ်။ အေဒီ ၁၁ရာစု အလယ်လောက်မှာတော့ နော်မန်ဒီအာဏာပိုင်တွေရဲ့တောင်းဆိုမှု နဲ့အတူ ရောမလက်ရာ ဘုရားကျောင်းတခုဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ကျွန်းငယ်ပေါ်မှာ ဘာသာရေးအဆောက်အအုံငယ်များ တဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ ၁၃ ရာစုမှာတော့ ပြင်သစ်ဘုရင် ဒုတိယဖိလစ်ဟာ နော်မန်ဒီတွေကို အောင်နိုင်ခဲ့ပြီးနောက် ယခုမြင်တွေ့ရတဲ့ ဂေါ့သ်ဗိသုကာလက်ရာ ၃ထပ် ဘုရားကျောင်းကြီးကို တည်ဆောက်ခဲ့ပါတယ်။ ၁၄ ရာစု ကနေ ၁၅ ရာစုအထိ အင်္ဂလိပ် နဲ့ ပြင်သစ်တို့ကြား ဖြစ်ပွားခဲ့တဲ့ နှစ် ၁၀၀ စစ်ပွဲအတွင်းမှာ အင်္ဂလိပ်တွေဟာ ဒီကျွန်းကို သိမ်းပိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ခိုင်ခံစွာဆောက်လုပ်ထားတဲ့ ခံတပ်အဆောက်အဦးတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။
ဒီနေရာဟာ ပြင်သစ်တော်လှန်ရေး ကာလအတွင်းမှာတော့ အကျဉ်းထောင်တခုအဖြစ် အသွင်ပြောင်းခံခဲ့ရပြီး ၁၈၆၃ ခုနှစ်မှာတော့ အကျဉ်းထောင်ကို ပိတ်သိမ်းခဲ့ပါတယ်။ ၁၈၇၂ ခုနှစ်မှာတော့ ပြင်သစ်ဗိသုကာပညာရှင် Edouard Corroyer ဦးဆောင်ကာ ရှေးဟောင်းအဆောက်အအုံ ပြုပြင်မွမ်းမံရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ဒီနေရာမှာ ၁၅နှစ်ဆက်တိုက် ပြုပြင်ရေးလုပ်ငန်းတွေကို လုပ်ခဲ့တာဖြစ်ပြီး ယနေ့အချိန် ဒီနေရာကို ဒီလိုလှပစွာ မြင်ရနေတာဟာ Corroyer ကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။
ရှေးဟောင်း အဆောက်အဦးပေါင်း ၆၀ ကျော် ရှိနေတဲ့ ဒီနေရာဟာ သမိုင်းဝင် ယဉ်ကျေးမှု ဗိသုကာလက်ရာတွေကြောင့် ၁၉၇၉ ခုနှစ်မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခုအဖြစ် သတ်မှတ်ထိမ်းသိမ်းခြင်း ခံခဲ့ရပါတယ်။ ယခင်ကတော့ ကုန်းမကြီးကနေ ဒီနေရာကို သွားတဲ့လမ်းဟာ ရေတက်ချိန်မှာ မြုပ်နေလေ့ရှိပြီး ၁၈၇၉ မှာတော့ ရေမမြုပ်အောင် မြေဖို့ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ နုံးတွေ အနည်ထိုင်ရာကနေ ကျွန်းရဲ့ပတ်ပတ်လည်မှာ နုံးမြေတွေဖြစ်ကုန်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ရေတက်ချိန်မှာလည်း အဆင်ပြေစွာသွားလာနိုင်စေဖို့ တံတား အသစ်တခုကို တည်ဆောက်ခဲ့ပါသေးတယ်။
ဒီနေရာမှာ အနီးအနားမြို့တွေက လုပ်ငန်းရှင်တွေက သူတို့ရဲ့စီးပွားရေး လုပ်ငန်းတွေကို လာရောက်လုပ်ကိုင်ကြပါတယ်။ အဓိကအားဖြင့် ဈေးဆိုင် ၊ စားသောက်ဆိုင် ၊ တည်းခိုခန်း နဲ့ ပြတိုက် လုပ်ငန်းတွေဖြစ်ပါတယ်။ သေးငယ်ပြီး လူပေါင်း ၃၀ ခန့်သာ နေထိုင်တဲ့ နေရာလေးဖြစ်ပေမယ့် နွေရာသီကာလတွေဆိုရင် နေ့စဉ်လာရောက်လည်ပတ်သူ ၂၀၀၀၀ ခန့်အထိ တောင်ရှိတတ်ပါတယ်။ နှစ်စဉ် ခရီးသွားဦးရေ ၃သန်း ခန့် ဒီနေရာလေးကို လာရောက်လေ့ရှိတာကြောင့် တနှစ်ကို ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့် ရလေ့ရှိပါတယ်။
——- —- ———
(Zawgyi)
ျပင္သစ္ႏုိင္ငံက ကြ်န္းၿမဳိ႕ငယ္ေလး
Mont-Saint-Michel လုိ႔ အမည္ရတဲ့ ဒီေနရာဟာ ျပင္သစ္ႏုိင္ငံ ေနာ္မန္ဒီကမ္းေျခမွာ တည္ရွိေနပါတယ္။ ကုန္းမႀကီးအနီးမွာ ရွိတဲ့ ဒီေရကြ်န္းျဖစ္ၿပီး ကမ္းေျခကေန မုိင္၀က္ခန္႔ အကြာအေ၀းမွာတည္ရွိပါတယ္။ ဒီေနရာကို ကုန္းမႀကီးကေန ကားလမ္းနဲ႔ ဆက္သြယ္ထားၿပီး တသီးတျခားတည္ေနဟန္ နဲ႔ ဗိသုကာလက္ရာေျမာက္အေဆာက္အအုံေတြေၾကာင့္ ခရီးသြားေတြ မၾကာခဏ သြားေရာက္ေလ့ရွိတဲ့ ေနရာလည္းျဖစ္ပါတယ္။
ကြ်န္းငယ္ရဲ႕ အက်ယ္အ၀န္းက ၀.၃၇ စတုရန္းမုိင္သာ ရွိၿပီး အေပၚမွာေတာ့ ေရွးေဟာင္း ေဂါ့သ္ ဗိသုကာစတုိင္ ဘုရားေက်ာင္းရွိေနၿပီး ေအာက္ဘက္ပတ္ပတ္လည္မွာေတာ့ အိမ္ငယ္ ႏွင့္ ေစ်းဆုိင္မ်ား ရွိေနပါတယ္။ ဒီေနရာမွာ လူဦးေရ စုစုေပါင္း ၃၀ ခန္႔သာ ေနထုိင္ၿပီး အုပ္ခ်ဳပ္ေရးမွဴးကေတာ့ Jacques Bono ဆုိသူျဖစ္ပါတယ္။ ကြ်န္းငယ္ရဲ႕ အျမင့္ဆုံးေနရာကေတာ့ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ ၃၀၂ေပ ခန္႔ပဲ ျမင့္ပါတယ္။ ကုန္းမကေန ကြ်န္းငယ္ဆီ သြားလာခြင့္ကို ေရမတက္တဲ့အခ်ိန္မွာပဲ ခြင့္ျပဳေပးထားပါတယ္။
ဒီကြ်န္းငယ္ေပၚမွာ အစဦးဆုံး ေဒသခံေနာက္လုိက္ေနာက္ပါေတြနဲ႔အတူ အေျခခ်ခဲ့သူက အုိင္းရစ္ဘုန္းေတာ္ႀကီးတပါးျဖစ္ပါတယ္။ ၆ ရာစု နဲ႔ ၇ ရာစုေတြမွာေတာ့ ေဂါ့သ္တုိ႔ရဲ႕ ခံတပ္တခုျဖစ္ခဲ့ပါတယ္။ ေအဒီ ၈ ရာစု အေစာပုိင္းမွာေတာ့ ဂုိဏ္းအုပ္ဆရာေတာ္ Aubert က ဘုရားေက်ာင္းငယ္တခုကို စတင္တည္ေဆာက္ခဲ့ပါတယ္။ ၉ ရာစုမွာေတာ့ Neustria ရဲ႕ အေရးပါတဲ့ ေနရာတခုျဖစ္လာခဲ့ပါတယ္။ ေအဒီ ၁၁ရာစု အလယ္ေလာက္မွာေတာ့ ေနာ္မန္ဒီအာဏာပိုင္ေတြရဲ႕ေတာင္းဆုိမႈ နဲ႔အတူ ေရာမလက္ရာ ဘုရားေက်ာင္းတခုျဖစ္လာခဲ့ပါတယ္။
အဲဒီေနာက္ပုိင္းမွာေတာ့ ကြ်န္းငယ္ေပၚမွာ ဘာသာေရးအေဆာက္အအုံငယ္မ်ား တျဖည္းျဖည္းမ်ားျပားလာခဲ့ပါတယ္။ ၁၃ ရာစုမွာေတာ့ ျပင္သစ္ဘုရင္ ဒုတိယဖိလစ္ဟာ ေနာ္မန္ဒီေတြကို ေအာင္ႏုိင္ခဲ့ၿပီးေနာက္ ယခုျမင္ေတြ႔ရတဲ့ ေဂါ့သ္ဗိသုကာလက္ရာ ၃ထပ္ ဘုရားေက်ာင္းႀကီးကုိ တည္ေဆာက္ခဲ့ပါတယ္။ ၁၄ ရာစု ကေန ၁၅ ရာစုအထိ အဂၤလိပ္ နဲ႔ ျပင္သစ္တုိ႔ၾကား ျဖစ္ပြားခဲ့တဲ့ ႏွစ္ ၁၀၀ စစ္ပြဲအတြင္းမွာ အဂၤလိပ္ေတြဟာ ဒီကြ်န္းကို သိမ္းပိုက္ဖုိ႔ အႀကိမ္ႀကိမ္ႀကဳိးစားခဲ့ေပမယ့္ ခုိင္ခံစြာေဆာက္လုပ္ထားတဲ့ ခံတပ္အေဆာက္အဦးေတြေၾကာင့္ မေအာင္ျမင္ခဲ့ပါဘူး။
ဒီေနရာဟာ ျပင္သစ္ေတာ္လွန္ေရး ကာလအတြင္းမွာေတာ့ အက်ဥ္းေထာင္တခုအျဖစ္ အသြင္ေျပာင္းခံခဲ့ရၿပီး ၁၈၆၃ ခုႏွစ္မွာေတာ့ အက်ဥ္းေထာင္ကို ပိတ္သိမ္းခဲ့ပါတယ္။ ၁၈၇၂ ခုႏွစ္မွာေတာ့ ျပင္သစ္ဗိသုကာပညာရွင္ Edouard Corroyer ဦးေဆာင္ကာ ေရွးေဟာင္းအေဆာက္အအုံ ျပဳျပင္မြမ္းမံေရး လုပ္ငန္းေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ သူဟာ ဒီေနရာမွာ ၁၅ႏွစ္ဆက္တုိက္ ျပဳျပင္ေရးလုပ္ငန္းေတြကို လုပ္ခဲ့တာျဖစ္ၿပီး ယေန႔အခ်ိန္ ဒီေနရာကို ဒီလုိလွပစြာ ျမင္ရေနတာဟာ Corroyer ေၾကာင့္လုိ႔ ဆုိရမွာျဖစ္ပါတယ္။
ေရွးေဟာင္း အေဆာက္အဦးေပါင္း ၆၀ ေက်ာ္ ရွိေနတဲ့ ဒီေနရာဟာ သမုိင္း၀င္ ယဥ္ေက်းမႈ ဗိသုကာလက္ရာေတြေၾကာင့္ ၁၉၇၉ ခုႏွစ္မွာေတာ့ ယူနက္စကိုရဲ႕ ကမာၻ႔အေမြအႏွစ္ေနရာတခုအျဖစ္ သတ္မွတ္ထိမ္းသိမ္းျခင္း ခံခဲ့ရပါတယ္။ ယခင္ကေတာ့ ကုန္းမႀကီးကေန ဒီေနရာကို သြားတဲ့လမ္းဟာ ေရတက္ခ်ိန္မွာ ျမဳပ္ေနေလ့ရွိၿပီး ၁၈၇၉ မွာေတာ့ ေရမျမဳပ္ေအာင္ ေျမဖုိ႔ခဲ့ၾကပါတယ္။ ေနာက္ပုိင္းမွာေတာ့ ႏုံးေတြ အနည္ထုိင္ရာကေန ကြ်န္းရဲ႕ပတ္ပတ္လည္မွာ ႏုံးေျမေတြျဖစ္ကုန္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ ေရတက္ခ်ိန္မွာလည္း အဆင္ေျပစြာသြားလာႏုိင္ေစဖုိ႔ တံတား အသစ္တခုကို တည္ေဆာက္ခဲ့ပါေသးတယ္။
ဒီေနရာမွာ အနီးအနားၿမဳိ႕ေတြက လုပ္ငန္းရွင္ေတြက သူတုိ႔ရဲ႕စီးပြားေရး လုပ္ငန္းေတြကို လာေရာက္လုပ္ကိုင္ၾကပါတယ္။ အဓိကအားျဖင့္ ေစ်းဆုိင္ ၊ စားေသာက္ဆုိင္ ၊ တည္းခုိခန္း နဲ႔ ျပတုိက္ လုပ္ငန္းေတြျဖစ္ပါတယ္။ ေသးငယ္ၿပီး လူေပါင္း ၃၀ ခန္႔သာ ေနထုိင္တဲ့ ေနရာေလးျဖစ္ေပမယ့္ ေႏြရာသီကာလေတြဆုိရင္ ေန႔စဥ္လာေရာက္လည္ပတ္သူ ၂၀၀၀၀ ခန္႔အထိ ေတာင္ရွိတတ္ပါတယ္။ ႏွစ္စဥ္ ခရီးသြားဦးေရ ၃သန္း ခန္႔ ဒီေနရာေလးကို လာေရာက္ေလ့ရွိတာေၾကာင့္ တႏွစ္ကို ၀င္ေငြစုစုေပါင္း အေမရိကန္ေဒၚလာ သန္း ၆၀ ခန္႔ ရေလ့ရွိပါတယ္။
Discussion about this post