တရုတ်နိုင်ငံမြောက်ပိုင်း Shanxi ပြည်နယ်အတွင်းမှာတည်ရှိတဲ့ Ningwu ရေခဲလိုဏ်ဂူ ဟာတရုတ်နိုင်ငံအတွင်းမှာတော့ အကြီးမားဆုံးသောရေခဲလှိုဏ်ဂူဖြစ်ပြီး နွေရာသီ ရောက်ချိန်အထိ အရည်ပျော်ခြင်းမရှိပါဘူး။ Ningwu ရေခဲလိုဏ်ဂူဟာ ပင်လယ်ရေ မျက်နှာပြင်ထက်အမြင့်ပေ (၂၃၀၀)မီတာအထက်မှာ တည်ရှိနေတာဖြစ်ပြီး ရေခဲလိုဏ်ဂူရဲ့အရှည်ဟာ မီတာ(၁၀၀) ကျော်လောက်ရှည်လျားပြီး အတွင်းပိုင်းအကျယ်ဆုံးနေရာတွေကတော့ မီတာ(၂၀)လောက် ကျယ်ဝန်းပါတယ်။
Ningwu ဟာ မြန်မာလိုဘာသာပြန်ရင် နှစ်တစ်သောင်းလိုဏ်ဂူလို့ အဓိပ္ပါယ်ရပြီး ကျွမ်းကျင်သူတွေရဲ့အဆိုအရတော့ ဒီရေခဲလိုဏ်ဂူရဲ့ သက်တမ်းဟာ နှစ်ပေါင်းသုံးသန်းလောက်ရှိပြီလို့ သိရပါတယ်။ Ningwu ရေခဲလိုဏ်ဂူရဲ့နံရံနဲ့ကြမ်းပြင်တစ် လျှောက်မှာရှိတဲ့ ရေခဲပြင်လွှာဟာအလွန်သိပ်သည်းပြီး ရေခဲကျောက်စက်၊ ပန်းဆွဲတွေဟာ ဂူမျက်နှာကျက်ကနေ ကြမ်းပြင်အထိ ဆက်စပ်လုနီးပါးတည်ရှိနေတာကို တွေ့ရှိရပါတယ်။
ဒီရေခဲလိုဏ်ဂူရဲ့ထူးခြားချက်ကတော့ အလွန်ပူပြင်းတဲ့နွေရာသီမှာတောင်အရည် ပျော်ခြင်းမရှိပဲ မူလသဘာဝအတိုင်း ပုံစံမပျက်တည်ရှိနေခြင်းဖြစ်ပါတယ်။ ရေခဲဂူအများစုကိုတော့ ဥရောပတိုက်၊အလယ်အာရှဒေသတစ်ချို့နဲ့ မြောက်အမေရိက တိုက်တွေမှာရှိတဲ့ တစ်နှစ်ပတ်လုံးနီးပါးအလွန်အေးခဲတဲ့ဒေသတွေမှာ အများအားဖြင့် တွေ့ရလေ့ရှိပါတယ်။
အထူးသဖြင့်အမေရိကန်ပြည်ထောင်စုက Alaska ပြည်နယ်၊ အိုက်စလန်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေမှာ တွေ့မြင်ရလေ့ရှိပြီး အပူချိန်အလွန်လျော့နည်းတဲ့ အခြေအနေမှာပဲ ရေခဲဂူ တွေဟာ တည်ရှိနေနိုင်ကြတာလည်းဖြစ်ပါတယ်။
အထက်ကဖော်ပြခဲ့သလို ရေခဲလိုဏ်ဂူတွေဟာ အလွန်အေးပြီးအရာဝတ္ထုတွေခဲနေ လောက်တဲ့အအေးပိုင်းဒေသတွေမှာတည်ရှိတယ်ဆိုပေမယ့် Ningwu ရေခဲလိုဏ်ဂူကတော့ အပူပိုင်းရာသီဥတု ကျရောက်နေတဲ့ တရုတ်နိုင်ငံမြောက်ပိုင်းမှာ ထူးထူးခြားခြား တည်ရှိနေတာပါ။ ဒီရေခဲလိုဏ်ဂူ ဟာဆောင်းတွင်းကာလမှာ ရှိတဲ့ရေခဲမှုန်တွေ ကျောက်လိုဏ်ဂူအတွင်း လေနဲ့အတူဝင် ရောက်စုပုံပြီး တည်ရှိနေတာဖြစ်ပြီး ပြင်ပလေပူတွေနဲ့ ထိတွေ့မှုနည်းပါးတဲ့ အခြေအနေ မှာ ကာလရှည်တည်ရှိနေလေ့ရှိပါတယ်။
လိုဏ်ဂူအတွင်းမှာရှိတဲ့ ပိတ်လှောင်ထားသလိုဖြစ်နေတဲ့ ကြီးမားတဲ့ လေအေးထုထည် ကြောင့် Ningwu ဟာ နွေရာသီရောက်ချိန်မှာလည်း လေပူတွေထိုးဖောက်ဝင်ရောက်မှု အားနည်းတာကြောင့် မူလပုံမပျက်အတိုင်းပဲ တည်ရှိနေနိုင်ပါတယ်။ ဒါအပြင် လိုဏ်ဂူ အတွင်းက ထုထည်ကြီးမားတဲ့ ရေခဲထုကလည်း ဂူအတွင်းဝင်ရောက်လာတဲ့အပူချိန်ကို လျော့ချရာမှာ ကူညီပေးပါတယ်။
ရေခဲအချို့ဟာအရည်ပျော်ကြပေမဲ့ အအေးဖိအား အလွန်ကောင်းတဲ့ အနေအထားအရ အခြေအနေတစ်ခုမှာ ပြန်လည်အေးခဲသွားကြပြီး ဂူအတွင်းမှာမြင်တွေ့နေရတဲ့ ကျောက်ခတ်ပန်းဆွဲတွေသဏ္ဍန် ဖြစ်သွားတတ်ကြပါ သေးတယ်။ Ningwuေ ရခဲလိုဏ်ဂူဟာ ရေကိုရေခဲဖြစ်လောက်တဲ့အထိ အေးခဲနိုင်တဲ့အခြေအနေမှာ ရှိပြီး ဆောင်းရာသီရောက်ချိန်မှာတော့ လိုဏ်ဂူရဲ့ အပြင်ပိုင်းနေရာတွေအထိ နှင်းတွေနဲ့ အစဉ်ဖုံးလွှမ်းလျက်ရှိနေတတ်ပါတယ်။
နွေရာသီရောက်ချိန်မှာတော့ ပြင်ပအပူချိန် ကြောင့်လိုဏ်ဂူအပြင်ဘက်နေရာတွေဟာအရည်ပျော်သွားကြပြီး အဆိုပါနှင်းရည်တွေ ဟာ လိုဏ်ဂူအတွင်းပိုင်းကိုပဲ ကျရောက်ပြီး မကြာခင်မှာရေခဲထုအဖြစ် အသွင်ပြောင်း သွားပြန်ပါတယ်။ ဖော်ပြပါအခြေအနေကြောင့် Ningwu ရေခဲလိုဏ်ဂူတစ်ခုလုံး ကို အရပ်မျက်နှာအသီးသီးကကျရောက်တဲ့ နှင်းခဲတွေနဲ့ ပိတ်မသွားအောင်တော့ တာဝန်ရှိသူတွေက ပြုပြင်မွမ်းမံမှုတွေကိုတော့ နေ့စဉ်လုပ်ဆောင်ပေးရလေ့ရှိပါတယ်။
ဒီလိုဏ်ဂူဟာ ထူးခြားဆန်းပြားတဲ့ သဘာဝအလှအပတွေအပြင် ရေခဲပြင်ပန်းပု ပညာရှင်တွေကြောင့် တရုတ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ထိပ်တန်းနေရာကနေ အကျိုးပြုနေပြီး နှစ်စဉ်ကမ္ဘာအရပ်ရပ်က လာရောက်လည်ပတ်သူများစွာရှိနေပြီ လည်းဖြစ်ပါတယ်။
VIDEO
Discussion about this post