• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြွေနဲ့ တူတဲ့ အကောင် ၅ မျိုး

by Thutamm
September 22, 2020
Reading Time: 2min read
0
မြွေနဲ့ တူတဲ့ အကောင် ၅ မျိုး
Share on FacebookShare on Twitter

အရင်ကတော့ မြွေနဲ့တူတဲ့ ဆလိုးဝမ်းကောင်အကြောင်းကို တင်ဖူးပါတယ်။ ဒီတခါလည်း မြွေနဲ့တူတဲ့ အခြားတိရစ္ဆာန်တွေအကြောင်း ထင်ပြီး ဝေမျှသွားပါမယ်။ အမှတ်တမဲ့ကြည့်ရင် မြွေလို့ထင်ရပေမယ့် တကယ်ကတော့ မြွေမဟုတ်ပဲ Lizard တွေဖြစ်ပါတယ်။ Lizard ဆိုတာက ဖွတ်ပုတက် ၊ အိမ်မြှောင် ၊ ပုတ်သင်ညို စတဲ့ တွားသွားသတ္တဝါတွေကို ပြောတာပါ။ ဒီနေရာမှာတော့ ပြောင်ချောချော Lizard တွေဖြစ်ပြီး ကျွန်တော်တို့ မြန်မာ အခေါ်နဲ့ဆိုရင် ကစ်လစ်ချောလို့ပဲ ခေါ်ရမယ် တူပါတယ်။

Lizard မျိုးနွယ်ထဲမှာပါဝင်တဲ့ ကစ်လစ်ချောတွေဟာ Scincidae မျိုးရင်းဖြစ်ပြီး ကမ္ဘာပေါ်မှာ ကစ်လစ်ချော အမျိုးအစားပေါင်း ၁၅၀၀ ထက်မနည်း ရှိနေပါတယ်။ အမျိုးအစားများစွာကွဲပြားသလို အရွယ်အစားအားဖြင့်လည်း ၄လက်မဝန်းကျင်ကတော့ ၃ပေနီးပါး အရွယ်အစားထိ အမျိုးမျိုးရှိနေပါတယ်။ ကစ်လစ်ချောတွေဟာ တိုလွန်းတဲ့ခြေလက်တွေကို ပိုင်ဆိုင်ထားပြီး ခြေလက်မပါတဲ့ ကစ်လစ်ချောတွေဟာ မြွေတွေနဲ့ အလွန်တူပါတယ်။ အမေရိကန်နိုင်ငံမှာပဲ အများဆုံးတွေ့ရလေ့ရှိပါတယ်။ အမျိုးအစားများစွာရှိတဲ့အနက် မြွေနဲ့တူတဲ့ ကစ်လစ်ချော ၅ မျိုးအကြောင်းကို ဝေမျှလိုက်ပါတယ်။

၁။ Mimic Glass Lizard

ဒီအမျိုးအစားကစ်လစ်ချောတွေဟာ ပြောင်ချောပြီး ရှည်လျားတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူတို့ရဲ့သိပ္ပံအမည်က Ophisaurus mimicus ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၁၅လက်မ ကနေ ၂၆လက်မဝန်းကျင် ရှိပြီး မြွေနဲ့ မကြာခဏ မှားတတ်တဲ့အကောင်ဖြစ်ပါတယ်။ ပျော့ပြောင်းတဲ့မျက်ခွံ ၊ နားပေါက် နဲ့ အသေဖြစ်နေတဲ့ လည်ပင်းရိုးတွေကတော့ မြွေတွေနဲ့ ကွဲပြားပါတယ်။ အဝါရောင် ၊ အညိုရောင်စသည်ဖြင့်ရှိတတ်ပြီး အမည်းစင်း ၊ အဖြူစင်း နဲ့ အဖြူရောင်အစက်တွေလည်း သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေတတ်ပါတယ်။ ဒီအကောင်တွေရဲ့ အဓိက အစားအစာက အင်းဆက်တွေဖြစ်ပြီး သူတို့ကို အမေရိကန် ဖလော်ရီဒါ ၊ ဂျော်ဂျီယာ ၊ ကယ်လီဖိုးနီးယား နဲ့ မစစ္စပီ ဒေသတွေက ခြောက်သွေ့တဲ့နေရာတွေမှာ တွေ့ရလေ့ရှိပါတယ်။

၂။ Eastern Glass Lizard

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ အများဆုံးတွေ့ရတတ်တဲ့ lizard တွေဖြစ်ပြီး သူတို့ရဲ့သိပ္ပံအမည်က Ophisaurus ventralis ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၁ပေခွဲကနေ ၃ပေခွဲနီးပါးအထိကြီးထွားနိုင်ပါတယ်။ အညိုဖျော့ရောင်ဖြစ်ပြီး အဖြူ အမည်းစက်တွေရောယှက်ထားကာ ရင်ဘတ်ကတော့ အဖြူရောင်ဖြစ်ပါတယ်။ သဲထူတဲ့ မြေပေါ်မှာ နေလေ့ရှိသလို မြေအောက်တွင်းတွေမှာလည်း နေလေ့ရှိပါတယ်။ ပင့်ကူ ၊ နှံကောင် ၊ ပုရစ် ၊ ကြွက် နဲ့ ခရုတွေက သူတို့ရဲ့အစာတွေဖြစ်ပါတယ်။

၃။ Island Glass Lizard

ကမ်းရိုးတန်းဒေသ နဲ့ ကျွန်းတွေပေါ်မှာတွေ့ရတတ်တဲ့ Lizard အမျိုးအစားဖြင်ပြီး သိပ္ပံအမည်က Ophisaurus compressus ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ဂျော်ဂျီယာ ၊ ဖလော်ရီဒါ နဲ့ တောင်ကယ်လီဖိုးနီးယား ဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။ အရွယ်အစားကတော့ ၁ပေ ဝန်းကျင်ကနေ ၂ပေအထိ ရှိတတ်ပါတယ်။ Lizard အားလုံးဟာ အိမ်မြှောင်လိုပဲ သူ့ရဲ့အမြီးကို ဖြတ်တောက်ထားခဲ့နိုင်စွမ်းရှိပါတယ်။ ကြောင် နဲ့ မြွေလို အကောင်ကြီးတွေနဲ့ ရင်ဆိုင်တဲ့အခါမျိုးမှာ အမြီးကိုဖြတ်ထားခဲ့ကာ ပြေးသွားလေ့ရှိပြီး အမြီးက ပြန်အသစ် ပေါက်လာမှာ ဖြစ်ပါတယ်။

၄။ California Legless Lizard

ချောမွတ်တဲ့အကြေးခွံတွေ နဲ့ တုံးတိတဲ့အမြီး ရှိတဲ့ Lizard ဖြစ်ပြီး သိပ္ပံအမည်က Anniella pulchra ဖြစ်ပါတယ်။ ဒီအမျိုးအစား Lizard တွေကတော့ နေ့ဘက်မှာ မြေအောက်မှာပဲနေလေ့ရှိပြီး နေရဲ့တိုက်ရိုက်အလင်းရောင်ကို မခံနိုင်လို့ဖြစ်ပါတယ်။ ခန္ဓာကိုယ်အရွယ်အစား သေးငယ်ပြီး အရှည် ၈လက်မ ဝန်းကျင်ခန့်သာရှိပြီး အဝါ ၊ အညို နဲ့ အနက်ရောင်တွေ ရောယှက်နေပါတယ်။ ကယ်လီဖိုးနီးယားက Contra Costa ဒေသ သဲမြေ နဲ့ သစ်ရွက်ဆွေးတွေအောက်မှာ အများဆုံးနေထိုင်လေ့ရှိကြပါတယ်။

၅။ Slender Glass Lizard

အရှေ့ပိုင်း glass lizard တွေထက် ပိုမိုကျစ်လစ်သွယ်လှတာကြောင့် ဒီအမည်ကိုရထားခြင်းဖြစ်ပါတယ်။ သိပ္ပံအမည် Ophisaurus attenuatus ဖြစ်တဲ့ ဒီ Lizard တွေရဲ့ အရွယ်အစားကတော့ ၂ပေ ဝန်းကျင်ကနေ ၃ပေခွဲခန့်အထိ ရှိတတ်ပါတယ်။ အဝါ နဲ့ အညိုရောင်ရောစပ်ထားတဲ့ ခန္ဓာကိုယ်ပေါ်မှာ အမည်းရောင်အစင်းတွေပါရှိပါတယ်။ သူတို့ကိုတော့ ဂျော်ဂျီယာနဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းဒေသ ခြောက်သွေ့တဲ့နေရာတွေရဲ့ အပျက်အစီးပုံတွေအောက်မှာ တွေ့ရတတ်ပါတယ်။ အင်းဆက်နဲ့ အခြား Lizard ငယ်လေးတွေ့ သူတို့ရဲ့အစာဖြစ်ပြီး သိမ်းငှက်တွေရဲ့ အမဲလိုက်ခြင်းကိုလည်း မကြာခဏခံရလေ့ရှိပါတယ်။

——- —— ——

(Zawgyi)

ေႁမြနဲ႔ တူတဲ့ အေကာင္ ၅ မ်ိဳး

အရင္ကေတာ့ ေႁမြနဲ႔တူတဲ့ ဆလိုးဝမ္းေကာင္အေၾကာင္းကို တင္ဖူးပါတယ္။ ဒီတခါလည္း ေႁမြနဲ႔တူတဲ့ အျခားတိရစာၦန္ေတြအေၾကာင္း ထင္ၿပီး ေဝမွ်သြားပါမယ္။ အမွတ္တမဲ့ၾကည့္ရင္ ေႁမြလို႔ထင္ရေပမယ့္ တကယ္ကေတာ့ ေႁမြမဟုတ္ပဲ Lizard ေတြျဖစ္ပါတယ္။ Lizard ဆိုတာက ဖြတ္ပုတက္ ၊ အိမ္ေျမႇာင္ ၊ ပုတ္သင္ညိဳ စတဲ့ တြားသြားသတၱဝါေတြကို ေျပာတာပါ။ ဒီေနရာမွာေတာ့ ေျပာင္ေခ်ာေခ်ာ Lizard ေတြျဖစ္ၿပီး ကြၽန္ေတာ္တို႔ ျမန္မာ အေခၚနဲ႔ဆိုရင္ ကစ္လစ္ေခ်ာလို႔ပဲ ေခၚရမယ္ တူပါတယ္။

Lizard မ်ိဳးႏြယ္ထဲမွာပါဝင္တဲ့ ကစ္လစ္ေခ်ာေတြဟာ Scincidae မ်ိဳးရင္းျဖစ္ၿပီး ကမာၻေပၚမွာ ကစ္လစ္ေခ်ာ အမ်ိဳးအစားေပါင္း ၁၅၀၀ ထက္မနည္း ရွိေနပါတယ္။ အမ်ိဳးအစားမ်ားစြာကြဲျပားသလို အ႐ြယ္အစားအားျဖင့္လည္း ၄လက္မဝန္းက်င္ကေတာ့ ၃ေပနီးပါး အ႐ြယ္အစားထိ အမ်ိဳးမ်ိဳးရွိေနပါတယ္။ ကစ္လစ္ေခ်ာေတြဟာ တိုလြန္းတဲ့ေျခလက္ေတြကို ပိုင္ဆိုင္ထားၿပီး ေျခလက္မပါတဲ့ ကစ္လစ္ေခ်ာေတြဟာ ေႁမြေတြနဲ႔ အလြန္တူပါတယ္။ အေမရိကန္ႏုိင္ငံမွာပဲ အမ်ားဆုံးေတြ႔ရေလ့ရွိပါတယ္။ အမ်ိဳးအစားမ်ားစြာရွိတဲ့အနက္ ေႁမြနဲ႔တူတဲ့ ကစ္လစ္ေခ်ာ ၅ မ်ိဳးအေၾကာင္းကို ေဝမွ်လိုက္ပါတယ္။

၁။ Mimic Glass Lizard

ဒီအမ်ိဳးအစားကစ္လစ္ေခ်ာေတြဟာ ေျပာင္ေခ်ာၿပီး ရွည္လ်ားတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားၿပီး သူတို႔ရဲ႕သိပၸံအမည္က Ophisaurus mimicus ျဖစ္ပါတယ္။ အ႐ြယ္အစားအားျဖင့္ ၁၅လက္မ ကေန ၂၆လက္မဝန္းက်င္ ရွိၿပီး ေႁမြနဲ႔ မၾကာခဏ မွားတတ္တဲ့အေကာင္ျဖစ္ပါတယ္။ ေပ်ာ့ေျပာင္းတဲ့မ်က္ခြံ ၊ နားေပါက္ နဲ႔ အေသျဖစ္ေနတဲ့ လည္ပင္း႐ိုးေတြကေတာ့ ေႁမြေတြနဲ႔ ကြဲျပားပါတယ္။ အဝါေရာင္ ၊ အညိဳေရာင္စသည္ျဖင့္ရွိတတ္ၿပီး အမည္းစင္း ၊ အျဖဴစင္း နဲ႔ အျဖဴေရာင္အစက္ေတြလည္း သူတို႔ရဲ႕ခႏၶာကိုယ္ေပၚမွာ ရွိေနတတ္ပါတယ္။ ဒီအေကာင္ေတြရဲ႕ အဓိက အစားအစာက အင္းဆက္ေတြျဖစ္ၿပီး သူတို႔ကို အေမရိကန္ ဖေလာ္ရီဒါ ၊ ေဂ်ာ္ဂ်ီယာ ၊ ကယ္လီဖိုးနီးယား နဲ႔ မစစၥပီ ေဒသေတြက ေျခာက္ေသြ႕တဲ့ေနရာေတြမွာ ေတြ႕ရေလ့ရွိပါတယ္။

၂။ Eastern Glass Lizard

အေမရိကန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းေဒသမွာ အမ်ားဆုံးေတြ႕ရတတ္တဲ့ lizard ေတြျဖစ္ၿပီး သူတို႔ရဲ႕သိပၸံအမည္က Ophisaurus ventralis ျဖစ္ပါတယ္။ အ႐ြယ္အစားအားျဖင့္ ၁ေပခြဲကေန ၃ေပခြဲနီးပါးအထိႀကီးထြားႏိုင္ပါတယ္။ အညိဳေဖ်ာ့ေရာင္ျဖစ္ၿပီး အျဖဴ အမည္းစက္ေတြေရာယွက္ထားကာ ရင္ဘတ္ကေတာ့ အျဖဴေရာင္ျဖစ္ပါတယ္။ သဲထူတဲ့ ေျမေပၚမွာ ေနေလ့ရွိသလို ေျမေအာက္တြင္းေတြမွာလည္း ေနေလ့ရွိပါတယ္။ ပင့္ကူ ၊ ႏွံေကာင္ ၊ ပုရစ္ ၊ ႂကြက္ နဲ႔ ခ႐ုေတြက သူတို႔ရဲ႕အစာေတြျဖစ္ပါတယ္။

၃။ Island Glass Lizard

ကမ္း႐ိုးတန္းေဒသ နဲ႔ ကြၽန္းေတြေပၚမွာေတြ႕ရတတ္တဲ့ Lizard အမ်ိဳးအစားျဖင္ၿပီး သိပၸံအမည္က Ophisaurus compressus ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံ ေဂ်ာ္ဂ်ီယာ ၊ ဖေလာ္ရီဒါ နဲ႔ ေတာင္ကယ္လီဖိုးနီးယား ေဒသေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ အ႐ြယ္အစားကေတာ့ ၁ေပ ဝန္းက်င္ကေန ၂ေပအထိ ရွိတတ္ပါတယ္။ Lizard အားလုံးဟာ အိမ္ေျမႇာင္လိုပဲ သူ႔ရဲ႕အၿမီးကို ျဖတ္ေတာက္ထားခဲ့ႏိုင္စြမ္းရွိပါတယ္။ ေၾကာင္ နဲ႔ ေႁမြလို အေကာင္ႀကီးေတြနဲ႔ ရင္ဆိုင္တဲ့အခါမ်ိဳးမွာ အၿမီးကိုျဖတ္ထားခဲ့ကာ ေျပးသြားေလ့ရွိၿပီး အၿမီးက ျပန္အသစ္ ေပါက္လာမွာ ျဖစ္ပါတယ္။

၄။ California Legless Lizard

ေခ်ာမြတ္တဲ့အေၾကးခြံေတြ နဲ႔ တုံးတိတဲ့အၿမီး ရွိတဲ့ Lizard ျဖစ္ၿပီး သိပၸံအမည္က Anniella pulchra ျဖစ္ပါတယ္။ ဒီအမ်ိဳးအစား Lizard ေတြကေတာ့ ေန႔ဘက္မွာ ေျမေအာက္မွာပဲေနေလ့ရွိၿပီး ေနရဲ႕တိုက္႐ိုက္အလင္းေရာင္ကို မခံႏိုင္လို႔ျဖစ္ပါတယ္။ ခႏၶာကိုယ္အ႐ြယ္အစား ေသးငယ္ၿပီး အရွည္ ၈လက္မ ဝန္းက်င္ခန႔္သာရွိၿပီး အဝါ ၊ အညိဳ နဲ႔ အနက္ေရာင္ေတြ ေရာယွက္ေနပါတယ္။ ကယ္လီဖိုးနီးယားက Contra Costa ေဒသ သဲေျမ နဲ႔ သစ္႐ြက္ေဆြးေတြေအာက္မွာ အမ်ားဆုံးေနထိုင္ေလ့ရွိၾကပါတယ္။

၅။ Slender Glass Lizard

အေရွ႕ပိုင္း glass lizard ေတြထက္ ပိုမိုက်စ္လစ္သြယ္လွတာေၾကာင့္ ဒီအမည္ကိုရထားျခင္းျဖစ္ပါတယ္။ သိပၸံအမည္ Ophisaurus attenuatus ျဖစ္တဲ့ ဒီ Lizard ေတြရဲ႕ အ႐ြယ္အစားကေတာ့ ၂ေပ ဝန္းက်င္ကေန ၃ေပခြဲခန႔္အထိ ရွိတတ္ပါတယ္။ အဝါ နဲ႔ အညိဳေရာင္ေရာစပ္ထားတဲ့ ခႏၶာကိုယ္ေပၚမွာ အမည္းေရာင္အစင္းေတြပါရွိပါတယ္။ သူတို႔ကိုေတာ့ ေဂ်ာ္ဂ်ီယာနဲ႔ ကယ္လီဖိုးနီးယားေတာင္ပိုင္းေဒသ ေျခာက္ေသြ႕တဲ့ေနရာေတြရဲ႕ အပ်က္အစီးပုံေတြေအာက္မွာ ေတြ႕ရတတ္ပါတယ္။ အင္းဆက္နဲ႔ အျခား Lizard ငယ္ေလးေတြ႕ သူတို႔ရဲ႕အစာျဖစ္ၿပီး သိမ္းငွက္ေတြရဲ႕ အမဲလိုက္ျခင္းကိုလည္း မၾကာခဏခံရေလ့ရွိပါတယ္။

Tags: animals
Next Post
အဆင်းရဲဆုံးအိမ်ထောင်စုတွေ အများဆုံးရှိတဲ့နိုင်ငံများ

အဆင်းရဲဆုံးအိမ်ထောင်စုတွေ အများဆုံးရှိတဲ့နိုင်ငံများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!