Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဝေလနိုင်ငံအကြောင်း သိကောင်းစရာ

by Thutamm
August 25, 2020
Reading Time: 6min read
0
ဝေလနိုင်ငံအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဝေလနိုင်ငံဟာ ယူနိုက်တက်ကင်းဒမ်းတွင် ပါဝင်တဲ့နိုင်ငံတနိုင်ငံဖြစ်ပြီး ဂရိတ်ဗြိတိန် ကျွန်းမကြီးရဲ့အနောက်တောင်ဘက်အပိုင်းမှာ တည်ရှိပါတယ်။ အရှေ့ဘက်တွင် အင်္ဂလန်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေပြီး၊ မြောက်ဘက်နှင့် အနောက်ဘက်တွင် အိုင်းရစ်ပင်လယ် ၊ တောင်ဘက်မှာ ဘရစ္စတိုရေလက်ကြားတို့ ရှိနေပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း ၈၀၂၃ ကျယ်ဝန်းပြီး ကမ်းရိုးတန်းအလျား ၁၆၈၀ မိုင်ရှည်လျားပါတယ်။

၂၀၁၉ ခုနှစ်စာရင်းအရ နေထိုင်သူဦးရေ ၃,၁၅၃,၀၀၀ ဦးရှိပြီး လူဦးရေ သိပ်သည်းဆအနေနဲ့ ၁မိုင်ပတ်လည်မှာ ၃၈၃ဦး နေထိုင်ပါတယ်။ ဝေလနိုင်ငံသားတွေဟာ သူတို့နိုင်ငံကို Cymru လို့ခေါ်ကြပြီး(အဓိပ္ပါယ်က countrymen ဖြစ်ပါတယ်) ဝေလလူမျိုးတွေကိုတော့ Welsh လို့ခေါ်ကြပါတယ်။ Welsh နဲ့ အင်္ဂလိပ်ဘာသာတွေကို ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုကြပါတယ်။ Welsh ဘာသာစကားဟာ ဆဲတစ်ဘာသာစကားတမျိုးဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒီဘာသာစကားကို အသုံးပြုသူ အရေအတွက်ဟာ ၁သန်းခန့်ပဲ ကျန်ရှိတော့ပါတယ်။

နိုင်ငံရဲ့အစိတ်အပိုင်းအများစုက တောင်ကုန်းတောင်တန်းတွေသာဖြစ်ပြီး မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာတော့ အလွန်မြင့်မားတဲ့တောင်တွေ ရှိနေပါတယ်။ အမြင့်ဆုံးတောင်ကတော့ Snowdon တောင်ဖြစ်ပြီး အမြင့်ပေ ၃၅၆၀ပေ ရှိနေပါတယ်။ ဝေလနိုင်ငံရဲ့ မြို့တော်နဲ့ အကြီးဆုံးမြို့ကတော့ ကာဒစ်ဖ်မြို့ဖြစ်ပါတယ်။ ကာဒစ်ဖ်မြို့ဟာ လူဦးရေ ၁သန်းခန့်ရှိပြီး ယူနိုက်တက်ကင်းဒမ်းမှာတော့ ၁၀ခုမြောက် အကြီးဆုံးမြို့ဖြစ်ပါတယ်။

ယခုဝေလနိုင်ငံရှိရာနေရာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၉၀၀၀ လောက်ကတည်းက လူတွေနေထိုင်ခဲ့ကြတဲ့ အထောက်အထားတွေကို တွေ့ရှိရပါတယ်။ ဒါပေမယ့် လှည့်လည်သွားလာနေထိုင်ကြတာဖြစ်ပြီး အတည်တကျအခြေချတာကတော့ ဘီစီ ၉၀၀၀ ဝန်းကျင်လောက်မှာမှ ဖြစ်ပါတယ်။ ဒီနေရာမှာ နေထိုင်ခဲ့ကြသူတွေဟာ Brittonic ဘာသာစကားကို အသုံးပြုကြတဲ့ ဆဲတစ်ဘရစ်တန်လူမျိုးတွေဖြစ်ပါတယ်။ ရောမတွေဟာ ဝေလနယ်ကို သိမ်းပိုက်ဖို့ အေဒီ ၄၃ လောက်ကတည်းက စတင်ခဲ့ပေမယ့် ဒေသခံလူမျိုးတွေရဲ့ ခုခံမှုကြောင့် နှစ်ပေါင်း ၃၀ ကျော်အကြာ အေဒီ ၇၉ လောက်မှ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရောမတွေဟာ ဒီနေရာက အေဒီ ၅ ရာစုမှာ ဆုတ်ခွာသွားပြီးနောက် Anglo-Saxon ယဉ်ကျေးမှုလွှမ်းမိုးလာပြီး မူလလူမျိုးဘာသာယဉ်ကျေးမှုတွေကနေ အုပ်စုပေါင်း ၁၅ ခုလောက်အထိ ကွဲသွားခဲ့သလို နိုင်ငံငယ်လေးတွေပေါ်ပေါက်လာခဲ့တယ်။ ဒီအုပ်စုတွေထဲမှာတော့ Welsh လူမျိုးတွေဟာ အင်အားအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ ၁၃ရာစုမှာတော့ ဝေလနယ်ကို Llywelyn ap Gruffudd ဆိုသူက မင်းသားဘွဲ့ခံကာအုပ်ချုပ်ခဲ့ပြီး သူသေဆုံးချိန် ၁၂၈၂ မှာတော့ အင်္ဂလန်ဘုရင်က တိုက်ခိုက်သိမ်းပိုက်လို့ အင်္ဂလန်လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ ပထမအက်ဒွပ်ဘုရင်ဟာ သူ့ရဲ့သားတော်ကို ဝေလမင်းသားအဖြစ် ခန့်အပ်အုပ်ချုပ်စေခဲ့ပါတယ်။

၁၅ ရာစုမှာတော့ လူမျိုးစုခေါင်းဆောင် Owain Glyndŵr က ပုန်ကန်တိုက်ခိုက်ပြီး ဝေလမင်းသားဖြစ်ခဲ့ပေမယ့် အင်္ဂလန်ဘုရင်က နှိမ်နှင်းအပြီးမှာတော့ ဝေလနယ်တခုလုံးဟာ အင်္ဂလန်လက်အောက်ကို ပြန်ရောက်ခဲ့ရပြန်ပါတယ်။ ဝေလနိုင်ငံကို အင်္ဂလန်နဲ့ပေါင်းစည်းလိုက်ပြီး ဝေလအမတ်များလည်း ဗြိတိသျှပါလီမန်မှာပါဝင်လာခဲ့ပါတယ်။ ဝေလပြည်ဟာ ၁၇၀၇ ခုနှစ်မှာ ဂရိတ်ဗြိတိန်ဘုရင်နိုင်ငံထဲမှာပါဝင်ခဲ့သလို ၁၈၀၁ ခုနှစ်မှာတော့ ယူနိုက်တက်ကင်းဒမ်းအောက်မှာ ထပ်ပါခဲ့ရပြန်ပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ ဝေလလူမျိုးတွေဟာ သူတို့ကိုယ်ပိုင်ဥပဒေတွေကို ချမှတ်ဖို့မဲပေးခဲ့တာကြောင့် ၁၉၉၉ ခုနှစ်မှာတော့ ဝေလလွှတ်တော် National Assembly for Wales ဆိုပြီးဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်ကင်းဒမ်းအောက်မှာရှိနေပေမယ့် းအုပ်ချုပ်သူတွေကို မဲပေးရွေးချယ်ခွင့်ရခဲ့ပါတယ်။ စည်းမျဉ်းခံ ဘုရင်စနစ်နဲ့အတူ ဥပဒေခွဲဝေပြုရေး လွှတ်တော်စနစ်တို့ပူးပေါင်းအုပ်ချုပ်ခွင့်ရခဲ့ပြီး နိုင်ငံအထွေထွေအတွင်းရေးမှူး နဲ့ အဖွဲ့ဝင် ၄၀ ဦးပါဝင်တဲ့ House of Commons တို့က အုပ်ချုပ်ပါတယ်။ လက်ရှိ Secretary of State ကတော့ Simon Hart ဖြစ်ပါတယ်။

ဝေလနိုင်ငံမှာ အမျိုးသားဥယျာဉ်ကြီး ၃ ခုရှိနေပြီး အဲဒါတွေကတော့ Snowdonia, Pembrokeshire Coast နဲ့ Brecon Beacons တို့ဖြစ်ပါတယ်။ ဒီဥယျာဉ် ၃ ခုရဲ့နယ်မြေစုစုပေါင်းအကျယ်အဝန်းဟာ နိုင်ငံတခုလုံးဧရိယာရဲ့ ၅ပုံ၁ပုံ ရှိပါတယ်။ ဒီနယ်မြေထဲမှာတော့ အလွန်လှပပြီး စိမ်းလန်းတဲ့မြင်ကွင်းတွေရှိနေပြီး ရွာငယ်တွေ နဲ့ အမွေအနှစ်နေရာတွေ ပါဝင်နေပါတယ်။ Brecon Beacons အမျိုးသားဥယျာဉ်ထဲမှာတော့ Mynydd Llangatwg တောင်တန်းရှိနေပြီး ၁၁မိုင်ရှည်တဲ့ ဗြိတိန်ရဲ့ အရှည်ဆုံးလိုဏ်ဂူ Dan-yr-Ogof နဲ့ ၁၀၁၀ပေ နက်တဲ့ ဗြိတိန်ရဲ့အနက်ဆုံးလိုဏ်ဂူ Ogof Fynnon Ddu တို့ ပါဝင်နေပါတယ်။

ဝေလနိုင်ငံမှာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ၃ ခုရှိနေပြီး အဲဒါတွေကတော့ Gwynedd ဒေသမှာရှိနေတဲ့ ဘုရင်အက်ဒွပ် ရဲတိုက် နဲ့ မြို့တံတိုင်း (၁၃ရာစုမှာ ဆောက်လုပ်ခဲ့) ၊ Blaenavon မြို့မှာတည်ရှိပြီး စက်မှုသမိုင်းမှာအရေးပါခဲ့တဲ့ Blaenavon စက်မှုနယ်မြေ နဲ့ ၁၉ရာစု အစောပိုင်းမှာဆောက်လုပ်ခဲ့တဲ့ Pontcysyllte ရေသွယ်တံတား ၊ တူးမြောင်း တို့ပဲ ဖြစ်ပါတယ်။

ဝေလနယ်တွင် သစ်တောကြီးများမရှိပဲ အများအားဖြင့် မြက်ခင်းလွင်ပြင်နှင့် တောင်ပေါ်စားကျက်တို့ရှိတာကြောင့် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပါတယ်။ သတ္တုတူးဖော်ခြင်းအပြင် ကျောက်မီးသွေးထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြပါတယ်။ အခြားစီးပွားရေးလုပ်ငန်များအနေနဲ့ လေယာဉ်အစိတ်အပိုင်းများ ၊ ဆောက်လုပ်ရေး ၊ အီလက်ထရောနစ် ၊ ကုန်ထုတ်လုပ်မှု ၊ လောင်စာဆီဓာတ်ငွေ့ ၊ ချည်မျှင်အထည် နှင့် ခရီးသွားလာရေးလုပ်ငန်းများကို လုပ်ကိုင်ကြပါတယ်။ နိုင်ငံသားတဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၁၈၆၇ ဖြစ်ပြီး ကမ္ဘာ့အဆင့်နဲ့တွက်ရင်တော့ အချမ်းသာဆုံးနိုင်ငံအဆင့်မှာ နံပါတ် ၂၇ခန့် ရှိနိုင်ပါတယ်။ ငွေကြေးအနေနဲ့ကတော့ အခြားယူကေနိုင်ငံတွေနည်းတူ ပေါင်စတာလင်ကိုပဲ သုံးစွဲပါတယ်။

ဝေလနိုင်ငံကို နယ်မြေ ၂၂ ခုခွဲကာအုပ်ချုပ်ပြီး ကာဒစ်ဖ်မြို့အပြင် အခြားထင်ရှားတဲ့မြို့တွေကတော့ နယူးပေါ့ထ် ၊ ဆွမ်ဆီး နဲ့ ရက်ဆန်မြို့တို့ဖြစ်ပါတယ်။ ယုံကြည်ကိုးကွယ်မှုအနေနဲ့ လူဦးရေစုစုပေါင်းရဲ့ ၆၀% ခန့်ဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ဘာသာမဲ့ ၃၀% ကျော်ရှိပါတယ်။ ၃% ခန့်ကတော့ အစ္စလာမ် ၊ ဗုဒ္ဓဘာသာ နဲ့ ဂျိန်းဘာသာ စတာတွေကို ကိုးကွယ်ကြပါတယ်။ ယူကေနိုင်ငံတနိုင်ငံဖြစ်တာနဲ့ အညီကောင်းမွန်တဲ့ပညာရေးစနစ်ကို ပိုင်ဆိုင်ထားပြီး အရွယ်ရောက်ပြီးစာတတ်မြောက်နှုန်း ၉၉% ရှိပါတယ်။ တက္ကသိုလ်ကြီး ၈ခုရှိတဲ့အနက်မှာ ကာဒစ်ဖ်တက္ကသိုလ်ကအကြီးဆုံးဖြစ်ကာ ကျောင်းသားပေါင်း ၃သောင်းကျော်တက်ရောက်လျက်ရှိပါတယ်။

သယ်ယူပို့ဆောင်ရေးအနေနဲ့ တနိုင်ငံလုံးမြို့ကြီးများကို အဝေးပြေးလမ်းမကြီးများနဲ့ ဆက်သွယ်ထားသလို ရထားခရီးစဉ်တွေလည်းရှိနေပါတယ်။ လေဆိပ်ပေါင်း ၁၈ ခုရှိပြီး အကြီးဆုံးလေဆိပ်ကတော့ ၁၉၅၄ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ကာဒစ်ဖ်နိုင်ငံတကာလေဆိပ်ဖြစ်ပါတယ်။ ဒီလေဆိပ်ကနေ ဥရောပ ၊ အာဖရိက နဲ့ မြောက်အမေရိကမြို့တွေကို သွားရောက်နိုင်ပါတယ်။

ဝေလနိုင်ငံဟာ ရဲတိုက်တွေအလွန်ပေါများတဲ့နိုင်ငံဖြစ်ပါတယ်။ စတုရန်းမိုင်အကျယ် နဲ့ ရဲတိုက်အရေအတွက်ကိုတွက်ပါက ကမ္ဘာပေါ်မှာ ရဲတိုက်အများဆုံးရှိတဲ့နိုင်ငံလို့ ဆိုရပါမယ်။ ရဲတိုက်ပေါင်း ၆၀၀ကျော် ရှိနေပြီး အကြီးဆုံးရဲတိုက်ကတော့ တောင်ပိုင်းမှာရှိတဲ့ Caerphilly ရဲတိုက်ပဲဖြစ်ပါတယ်။ ၁၃ရာစုမှာ တည်ဆောက်ကာ ၃၀ဧကခန့်ကျယ်ဝန်းတဲ့ မြေပေါ်မှာတည်ဆောက်ထားတဲ့ဒီရဲတိုက်ကြီးဟာ ယူကေမှာတော့ ဒုတိယအကြီးဆုံးရဲတိုက်ဖြစ်ပါတယ်။ (ပထမအကြီးဆုံးရဲတိုက်က ဝင်ဆာရဲတိုက်ဖြစ်ပါတယ်)

ဝေလနိုင်ငံ အမျိုးသားဥယျာဉ်ထဲမှာတော့ ကမ္ဘာ့အကြီးဆုံးမှန်အိမ်ကြီး (single-span) ရှိနေပြီး ဒီမှန်အိမ်ဟာ အလျား ၃၆၀ပေ အနံ ၂၀၀ပေ ရှိပါတယ်။ ဒီမှန်အိမ်အောက်မှာတော့ အပင်မျိုးစိတ်ပေါင်း ၁၀၀၀ကျော်ကို စိုက်ပျိုးထားပါတယ်။ ဧဝရက်တောင် Mount Everest ရဲ့အမည်ဟာ ဝေးလ်လူမျိုး ဘူမိဗေဒပညာရှင် Sir George Everest ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားခြင်းဖြစ်ပါတယ်။

ဝေလနိုင်ငံရဲ့ အလံကတော့ အဖြူတခြမ်း ၊ အစိမ်းတခြမ်းနောက်ခံပေါ်မှာ အနီရောင်နဂါးတကောင်ရှိနေတဲ့ပုံစံဖြစ်ပါတယ်။ အဖြူရောင်က ငြိမ်းချမ်းခြင်း နဲ့ ရိုးသားခြင်း ၊ အစိမ်းရောင်က ပျော်ရွှင်ခြင်း နဲ့ မျှော်လင့်ချက် ၊ အနီရောင်နဂါးက ရဲရင်ခြင်း ၊ သတ္တိရှိခြင်းတို့ကို ကိုယ်စားပြုပါတယ်။

ယူကေရဲ့ ခရီးသွားအလာဆုံးရေတံခွန်ဟာလည်း ဝေလနိုင်ငံ Denbighshire က Betws-y-Coed ဘက်တီစခွိုင်းရွာမှာတည်ရှိနေပါတယ်။ ရေတံခွန်ရဲ့အမည်က Swallow ရေတံခွန်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်ကတည်းက ထင်ရှားခဲ့တဲ့ရေတံခွန်ဖြစ်ပါတယ်။ လှပလွန်းတဲ့သဘာ၀ ပတ်ဝန်းကျင်ကြောင့် ရုပ်ရှင် ၊ ပိုစ့်ကတ် နဲ့ ပန်းချီတွေမှာ မကြာခဏထည့်သွင်းဖော်ပြခံရတဲ့ ရေတံခွန်လည်းဖြစ်ပါတယ်။

ကမ္ဘာ့အစောဆုံးကြိုးတံတားတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ Menai တံတားကလည်း ဝေလနိုင်ငံ မြောက်ပိုင်းမှာတည်ရှိနေပါတယ်။ Anglesey ကျွန်းနဲ့ ဝေလကုန်းမကြီးကို ချိတ်ဆက်ပေးထားတဲ့ ဒီတံတားကို စကော့တလန်မြို့ပြအင်ဂျင်နီယာ Thomas Telford က ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၁၈၂၆ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး အရှည် ၁၃၆၈ပေ ရှိတဲ့ ဒီတံတားဟာ အဲဒီအချိန်က ကမ္ဘာ့အရှည်ဆုံး တံတားဖြစ်ခဲ့ပါတယ်။

ဝေလလူမျိုးတို့ရဲ့ နိုင်ငံ့အားကစားက Rugby ဖြစ်ပါတယ်။ ပထမဆုံး နိုင်ငံတကာပွဲအဖြစ် ၁၈၈၁ ခုနှစ်က အင်္ဂလန်နဲ့ ကစားခဲ့ပြီး အဲဒီအချိန်ကတည်းကစလို့ အပြင်းထန်ဆုံးပြိုင်ဘက်အသင်းတွေဖြစ်ခဲ့ပါတယ်။ ဝေလနိုင်ငံရဲ့ Principality အားကစားကွင်းဟာလည်း နာမည်ကြီးပါတယ်။ ဘောလုံး ၊ ရပ်ဘီ နဲ့ လက်ဝှေ့ကစားပွဲတွေကို ဒီကွင်းကြီးထဲမှာ ကျင်းပလေ့ရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ မဆို ကစားပွဲမပျက်စေဖို့ ဖွင့်နိုင်ပိတ်နိုင်တဲ့ အမိုးရှင်ကိုလည်း တပ်ဆင်ထားပါတယ်။

ဝေလအမျိုးသားဘောလုံးအသင်းကို ၁၈၇၆ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ တတိယအစောဆုံး ဘောလုံးအသင်းအဖွဲ့လည်းဖြစ်ပါတယ်။ ဝေလနိုင်ငံသအင်းဟာ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၈ အကောင်းဆုံးဘောလုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး အမြင့်ဆုံးရရှိခဲ့တဲ့အောင်မြင်မှုကတော့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် နဲ့ ယူရို ဆီမီးဖိုင်နယ်တွေဖြစ်ပါတယ်။ အီရန်ရိုက် ၊ ဂစ် ၊ ဂါရတ်ဘေးလ် ၊ ဂယ်ရီစပိဒ် ၊ ဘယ်လာမီတို့ဟာ ထင်ရှားတဲ့ ဝေလဘောလုံးသမားတွေဖြစ်ပါတယ်။

ယနေ့ ဂဏန်းသင်္ချာပညာရပ်မှာ မရှိမဖြစ်သုံးစွဲနေရတဲ့ ညီမျှခြင်း(=) ကို တီထွင်ခဲ့သူကလည်း ဝေလလူမျိုး သင်္ချာပညာရှင် Robert Recorde ဖြစ်ပါတယ်။ ညီမျှခြင်းကို ၁၆ရာစုမှာ တီထွင်ခဲ့တဲ့အပြင် အပေါင်းအနှုတ် လက္ခဏာတွေလည်း ထည့်သွင်းဖို့ စတင်ခဲ့သူလည်းဖြစ်ပါတယ်။

ဝေလ နိုင်ငံမှာရှိတဲ့ သိုးအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ၃ဆကျော် များပြားပါတယ်။ တနိုင်ငံလုံးမှာမှ လူဦးရေ ၃သန်းခန့်သာ ရှိတဲ့အချိန်မှာ သိုးကောင်ရေကတော့ ၁၀သန်းကျော်တောင် ရှိနေပါသတဲ့။

ဗြိတိန်ရဲ့ ရှေ့အကျဆုံးသစ်ပင်ဟာလည်း ဝေလနိုင်ငံမှာပဲ တည်ရှိနေပါတယ်။ Conwy ဒေသမှာတည်ရှိတဲ့ ဒီသစ်ပင်ကို LLANGERNYW YEW(ထင်းရူးပင်တမျိုး) လို့ခေါ်ပြီး အမြင့်ပေကတော့ ၃၅ပေ ခန့်ပဲရှိပါတယ်။ ဒီအပင်ရဲ့သက်တမ်းကို ပညာရှင်တွေတွက်ကြည့်တဲ့အခါမှာတော့ နှစ်ပေါင်း ၄၀၀၀ နဲ့ ၅၀၀၀ ကြား သက်တမ်းရှိပြီ လို့ သိရပါတယ်။

—– —— ———–

(Zawgyi)

ေဝလႏိုင္ငံအေၾကာင္း သိေကာင္းစရာ

ေဝလႏိုင္ငံဟာ ယူႏိုက္တက္ကင္းဒမ္းတြင္ ပါဝင္တဲ့ႏိုင္ငံတႏိုင္ငံျဖစ္ၿပီး ဂရိတ္ၿဗိတိန္ ကြၽန္းမႀကီးရဲ႕အေနာက္ေတာင္ဘက္အပိုင္းမွာ တည္ရွိပါတယ္။ အေရွ႕ဘက္တြင္ အဂၤလန္ႏိုင္ငံႏွင့္ နယ္နိမိတ္ျခင္းထိစပ္ေနၿပီး၊ ေျမာက္ဘက္ႏွင့္ အေနာက္ဘက္တြင္ အိုင္းရစ္ပင္လယ္ ၊ ေတာင္ဘက္မွာ ဘရစၥတိုေရလက္ၾကားတို႔ ရွိေနပါတယ္။ ဧရိယာစတုရန္းမိုင္ေပါင္း ၈၀၂၃ က်ယ္ဝန္းၿပီး ကမ္း႐ိုးတန္းအလ်ား ၁၆၈၀ မိုင္ရွည္လ်ားပါတယ္။

၂၀၁၉ ခုႏွစ္စာရင္းအရ ေနထိုင္သူဦးေရ ၃,၁၅၃,၀၀၀ ဦးရွိၿပီး လူဦးေရ သိပ္သည္းဆအေနနဲ႔ ၁မိုင္ပတ္လည္မွာ ၃၈၃ဦး ေနထိုင္ပါတယ္။ ေဝလႏိုင္ငံသားေတြဟာ သူတို႔ႏိုင္ငံကို Cymru လို႔ေခၚၾကၿပီး(အဓိပၸါယ္က countrymen ျဖစ္ပါတယ္) ေ၀လလူမ်ဳိးေတြကိုေတာ့ Welsh လုိ႔ေခၚၾကပါတယ္။ Welsh နဲ႔ အဂၤလိပ္ဘာသာေတြကို ႐ုံးသုံးဘာသာစကားအျဖစ္ အသုံးျပဳၾကပါတယ္။ Welsh ဘာသာစကားဟာ ဆဲတစ္ဘာသာစကားတမ်ိဳးျဖစ္ၿပီး ကမာၻေပၚမွာ ဒီဘာသာစကားကို အသုံးျပဳသူ အေရအတြက္ဟာ ၁သန္းခန႔္ပဲ က်န္ရွိေတာ့ပါတယ္။

ႏိုင္ငံရဲ႕အစိတ္အပိုင္းအမ်ားစုက ေတာင္ကုန္းေတာင္တန္းေတြသာျဖစ္ၿပီး ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းမွာေတာ့ အလြန္ျမင့္မားတဲ့ေတာင္ေတြ ရွိေနပါတယ္။ အျမင့္ဆုံးေတာင္ကေတာ့ Snowdon ေတာင္ျဖစ္ၿပီး အျမင့္ေပ ၃၅၆၀ေပ ရွိေနပါတယ္။ ေဝလႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္နဲ႔ အႀကီးဆုံးၿမိဳ႕ကေတာ့ ကာဒစ္ဖ္ၿမိဳ႕ျဖစ္ပါတယ္။ ကာဒစ္ဖ္ၿမိဳ႕ဟာ လူဦးေရ ၁သန္းခန႔္ရွိၿပီး ယူႏိုက္တက္ကင္းဒမ္းမွာေတာ့ ၁၀ခုေျမာက္ အႀကီးဆုံးၿမိဳ႕ျဖစ္ပါတယ္။

ယခုေဝလႏိုင္ငံရွိရာေနရာမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၉၀၀၀ ေလာက္ကတည္းက လူေတြေနထိုင္ခဲ့ၾကတဲ့ အေထာက္အထားေတြကို ေတြ႕ရွိရပါတယ္။ ဒါေပမယ့္ လွည့္လည္သြားလာေနထိုင္ၾကတာျဖစ္ၿပီး အတည္တက်အေျခခ်တာကေတာ့ ဘီစီ ၉၀၀၀ ဝန္းက်င္ေလာက္မွာမွ ျဖစ္ပါတယ္။ ဒီေနရာမွာ ေနထိုင္ခဲ့ၾကသူေတြဟာ Brittonic ဘာသာစကားကို အသုံးျပဳၾကတဲ့ ဆဲတစ္ဘရစ္တန္လူမ်ိဳးေတြျဖစ္ပါတယ္။ ေရာမေတြဟာ ေဝလနယ္ကို သိမ္းပိုက္ဖို႔ ေအဒီ ၄၃ ေလာက္ကတည္းက စတင္ခဲ့ေပမယ့္ ေဒသခံလူမ်ိဳးေတြရဲ႕ ခုခံမႈေၾကာင့္ ႏွစ္ေပါင္း ၃၀ ေက်ာ္အၾကာ ေအဒီ ၇၉ ေလာက္မွ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

ေရာမေတြဟာ ဒီေနရာက ေအဒီ ၅ ရာစုမွာ ဆုတ္ခြာသြားၿပီးေနာက္ Anglo-Saxon ယဥ္ေက်းမႈလႊမ္းမိုးလာၿပီး မူလလူမ်ိဳးဘာသာယဥ္ေက်းမႈေတြကေန အုပ္စုေပါင္း ၁၅ ခုေလာက္အထိ ကြဲသြားခဲ့သလို ႏိုင္ငံငယ္ေလးေတြေပၚေပါက္လာခဲ့တယ္။ ဒီအုပ္စုေတြထဲမွာေတာ့ Welsh လူမ်ိဳးေတြဟာ အင္အားအေကာင္းဆုံးျဖစ္လာခဲ့ပါတယ္။ ၁၃ရာစုမွာေတာ့ ေဝလနယ္ကို Llywelyn ap Gruffudd ဆိုသူက မင္းသားဘြဲ႕ခံကာအုပ္ခ်ဳပ္ခဲ့ၿပီး သူေသဆုံးခ်ိန္ ၁၂၈၂ မွာေတာ့ အဂၤလန္ဘုရင္က တိုက္ခိုက္သိမ္းပိုက္လို႔ အဂၤလန္လက္ေအာက္ကို က်ေရာက္ခဲ့ရပါတယ္။ ပထမအက္ဒြပ္ဘုရင္ဟာ သူ႔ရဲ႕သားေတာ္ကို ေဝလမင္းသားအျဖစ္ ခန႔္အပ္အုပ္ခ်ဳပ္ေစခဲ့ပါတယ္။

၁၅ ရာစုမွာေတာ့ လူမ်ိဳးစုေခါင္းေဆာင္ Owain Glyndŵr က ပုန္ကန္တိုက္ခိုက္ၿပီး ေဝလမင္းသားျဖစ္ခဲ့ေပမယ့္ အဂၤလန္ဘုရင္က ႏွိမ္ႏွင္းအၿပီးမွာေတာ့ ေဝလနယ္တခုလုံးဟာ အဂၤလန္လက္ေအာက္ကို ျပန္ေရာက္ခဲ့ရျပန္ပါတယ္။ ေဝလႏိုင္ငံကို အဂၤလန္နဲ႔ေပါင္းစည္းလိုက္ၿပီး ေဝလအမတ္မ်ားလည္း ၿဗိတိသွ်ပါလီမန္မွာပါဝင္လာခဲ့ပါတယ္။ ေဝလျပည္ဟာ ၁၇၀၇ ခုႏွစ္မွာ ဂရိတ္ၿဗိတိန္ဘုရင္ႏိုင္ငံထဲမွာပါဝင္ခဲ့သလို ၁၈၀၁ ခုႏွစ္မွာေတာ့ ယူႏိုက္တက္ကင္းဒမ္းေအာက္မွာ ထပ္ပါခဲ့ရျပန္ပါတယ္။

၁၉၉၇ ခုႏွစ္မွာေတာ့ ေဝလလူမ်ိဳးေတြဟာ သူတို႔ကိုယ္ပိုင္ဥပေဒေတြကို ခ်မွတ္ဖို႔မဲေပးခဲ့တာေၾကာင့္ ၁၉၉၉ ခုႏွစ္မွာေတာ့ ေဝလလႊတ္ေတာ္ National Assembly for Wales ဆိုၿပီးျဖစ္လာခဲ့ပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္ကင္းဒမ္းေအာက္မွာရွိေနေပမယ့္ းအုပ္ခ်ဳပ္သူေတြကို မဲေပးေ႐ြးခ်ယ္ခြင့္ရခဲ့ပါတယ္။ စည္းမ်ဥ္းခံ ဘုရင္စနစ္နဲ႔အတူ ဥပေဒခြဲေဝျပဳေရး လႊတ္ေတာ္စနစ္တို႔ပူးေပါင္းအုပ္ခ်ဳပ္ခြင့္ရခဲ့ၿပီး ႏိုင္ငံအေထြေထြအတြင္းေရးမႉး နဲ႔ အဖြဲ႕ဝင္ ၄၀ ဦးပါဝင္တဲ့ House of Commons တို႔က အုပ္ခ်ဳပ္ပါတယ္။ လက္ရွိ Secretary of State ကေတာ့ Simon Hart ျဖစ္ပါတယ္။

ေဝလႏိုင္ငံမွာ အမ်ိဳးသားဥယ်ာဥ္ႀကီး ၃ ခုရွိေနၿပီး အဲဒါေတြကေတာ့ Snowdonia, Pembrokeshire Coast နဲ႔ Brecon Beacons တို႔ျဖစ္ပါတယ္။ ဒီဥယ်ာဥ္ ၃ ခုရဲ႕နယ္ေျမစုစုေပါင္းအက်ယ္အဝန္းဟာ ႏိုင္ငံတခုလုံးဧရိယာရဲ႕ ၅ပုံ၁ပုံ ရွိပါတယ္။ ဒီနယ္ေျမထဲမွာေတာ့ အလြန္လွပၿပီး စိမ္းလန္းတဲ့ျမင္ကြင္းေတြရွိေနၿပီး ႐ြာငယ္ေတြ နဲ႔ အေမြအႏွစ္ေနရာေတြ ပါဝင္ေနပါတယ္။ Brecon Beacons အမ်ိဳးသားဥယ်ာဥ္ထဲမွာေတာ့ Mynydd Llangatwg ေတာင္တန္းရွိေနၿပီး ၁၁မိုင္ရွည္တဲ့ ၿဗိတိန္ရဲ႕ အရွည္ဆုံးလိုဏ္ဂူ Dan-yr-Ogof နဲ႔ ၁၀၁၀ေပ နက္တဲ့ ၿဗိတိန္ရဲ႕အနက္ဆုံးလိုဏ္ဂူ Ogof Ffynnon Ddu တို႔ ပါဝင္ေနပါတယ္။

ေဝလႏိုင္ငံမွာ ယူနက္စကို ကမာၻ႔အေမြအႏွစ္ေနရာ ၃ ခုရွိေနၿပီး အဲဒါေတြကေတာ့ Gwynedd ေဒသမွာရွိေနတဲ့ ဘုရင္အက္ဒြပ္ ရဲတိုက္ နဲ႔ ၿမိဳ႕တံတိုင္း (၁၃ရာစုမွာ ေဆာက္လုပ္ခဲ့) ၊ Blaenavon ၿမိဳ႕မွာတည္ရွိၿပီး စက္မႈသမိုင္းမွာအေရးပါခဲ့တဲ့ Blaenavon စက္မႈနယ္ေျမ နဲ႔ ၁၉ရာစု အေစာပိုင္းမွာေဆာက္လုပ္ခဲ့တဲ့ Pontcysyllte ေရသြယ္တံတား ၊ တူးေျမာင္း တို႔ပဲ ျဖစ္ပါတယ္။

ေဝလနယ္တြင္ သစ္ေတာႀကီးမ်ားမရွိပဲ အမ်ားအားျဖင့္ ျမက္ခင္းလြင္ျပင္ႏွင့္ ေတာင္ေပၚစားက်က္တို႔ရွိတာေၾကာင့္ ေမြးျမဴေရးႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ၾကပါတယ္။ သတၱဳတူးေဖာ္ျခင္းအျပင္ ေက်ာက္မီးေသြးထုတ္လုပ္ေရးလုပ္ငန္းမ်ားကိုလည္း လုပ္ကိုင္ၾကပါတယ္။ အျခားစီးပြားေရးလုပ္ငန္မ်ားအေနနဲ႔ ေလယာဥ္အစိတ္အပိုင္းမ်ား ၊ ေဆာက္လုပ္ေရး ၊ အီလက္ထေရာနစ္ ၊ ကုန္ထုတ္လုပ္မႈ ၊ ေလာင္စာဆီဓာတ္ေငြ႕ ၊ ခ်ည္မွ်င္အထည္ ႏွင့္ ခရီးသြားလာေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ၾကပါတယ္။ ႏိုင္ငံသားတဦးခ်င္းစီရဲ႕ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြကေတာ့ အေမရိကန္ေဒၚလာ ၃၁၈၆၇ ျဖစ္ၿပီး ကမာၻ႔အဆင့္နဲ႔တြက္ရင္ေတာ့ အခ်မ္းသာဆုံးႏိုင္ငံအဆင့္မွာ နံပါတ္ ၂၇ခန႔္ ရွိႏိုင္ပါတယ္။ ေငြေၾကးအေနနဲ႔ကေတာ့ အျခားယူေကႏိုင္ငံေတြနည္းတူ ေပါင္စတာလင္ကိုပဲ သုံးစြဲပါတယ္။

ေဝလႏိုင္ငံကို နယ္ေျမ ၂၂ ခုခြဲကာအုပ္ခ်ဳပ္ၿပီး ကာဒစ္ဖ္ၿမိဳ႕အျပင္ အျခားထင္ရွားတဲ့ၿမိဳ႕ေတြကေတာ့ နယူးေပါ့ထ္ ၊ ဆြမ္ဆီး နဲ႔ ရက္ဆန္ၿမိဳ႕တို႔ျဖစ္ပါတယ္။ ယုံၾကည္ကိုးကြယ္မႈအေနနဲ႔ လူဦးေရစုစုေပါင္းရဲ႕ ၆၀% ခန႔္ဟာ ခရစ္ယာန္ဘာသာကို ကိုးကြယ္ၾကၿပီး ဘာသာမဲ့ ၃၀% ေက်ာ္ရွိပါတယ္။ ၃% ခန႔္ကေတာ့ အစၥလာမ္ ၊ ဗုဒၶဘာသာ နဲ႔ ဂ်ိန္းဘာသာ စတာေတြကို ကိုးကြယ္ၾကပါတယ္။ ယူေကႏိုင္ငံတႏိုင္ငံျဖစ္တာနဲ႔ အညီေကာင္းမြန္တဲ့ပညာေရးစနစ္ကို ပိုင္ဆိုင္ထားၿပီး အ႐ြယ္ေရာက္ၿပီးစာတတ္ေျမာက္ႏႈန္း ၉၉% ရွိပါတယ္။ တကၠသိုလ္ႀကီး ၈ခုရွိတဲ့အနက္မွာ ကာဒစ္ဖ္တကၠသိုလ္ကအႀကီးဆုံးျဖစ္ကာ ေက်ာင္းသားေပါင္း ၃ေသာင္းေက်ာ္တက္ေရာက္လ်က္ရွိပါတယ္။

သယ္ယူပို႔ေဆာင္ေရးအေနနဲ႔ တႏိုင္ငံလုံးၿမိဳ႕ႀကီးမ်ားကို အေဝးေျပးလမ္းမႀကီးမ်ားနဲ႔ ဆက္သြယ္ထားသလို ရထားခရီးစဥ္ေတြလည္းရွိေနပါတယ္။ ေလဆိပ္ေပါင္း ၁၈ ခုရွိၿပီး အႀကီးဆုံးေလဆိပ္ကေတာ့ ၁၉၅၄ ခုႏွစ္ကတည္းက ဖြင့္လွစ္ခဲ့တဲ့ ကာဒစ္ဖ္ႏိုင္ငံတကာေလဆိပ္ျဖစ္ပါတယ္။ ဒီေလဆိပ္ကေန ဥေရာပ ၊ အာဖရိက နဲ႔ ေျမာက္အေမရိကၿမိဳ႕ေတြကို သြားေရာက္ႏိုင္ပါတယ္။

ေဝလႏိုင္ငံဟာ ရဲတိုက္ေတြအလြန္ေပါမ်ားတဲ့ႏိုင္ငံျဖစ္ပါတယ္။ စတုရန္းမိုင္အက်ယ္ နဲ႔ ရဲတိုက္အေရအတြက္ကိုတြက္ပါက ကမာၻေပၚမွာ ရဲတိုက္အမ်ားဆုံးရွိတဲ့ႏိုင္ငံလို႔ ဆိုရပါမယ္။ ရဲတိုက္ေပါင္း ၆၀၀ေက်ာ္ ရွိေနၿပီး အႀကီးဆုံးရဲတိုက္ကေတာ့ ေတာင္ပိုင္းမွာရွိတဲ့ Caerphilly ရဲတိုက္ပဲျဖစ္ပါတယ္။ ၁၃ရာစုမွာ တည္ေဆာက္ကာ ၃၀ဧကခန႔္က်ယ္ဝန္းတဲ့ ေျမေပၚမွာတည္ေဆာက္ထားတဲ့ဒီရဲတိုက္ႀကီးဟာ ယူေကမွာေတာ့ ဒုတိယအႀကီးဆုံးရဲတိုက္ျဖစ္ပါတယ္။ (ပထမအႀကီးဆုံးရဲတိုက္က ဝင္ဆာရဲတိုက္ျဖစ္ပါတယ္)

ေဝလႏိုင္ငံ အမ်ိဳးသားဥယ်ာဥ္ထဲမွာေတာ့ ကမာၻ႔အႀကီးဆုံးမွန္အိမ္ႀကီး (single-span) ရွိေနၿပီး ဒီမွန္အိမ္ဟာ အလ်ား ၃၆၀ေပ အနံ ၂၀၀ေပ ရွိပါတယ္။ ဒီမွန္အိမ္ေအာက္မွာေတာ့ အပင္မ်ိဳးစိတ္ေပါင္း ၁၀၀၀ေက်ာ္ကို စိုက္ပ်ိဳးထားပါတယ္။ ဧဝရက္ေတာင္ Mount Everest ရဲ႕အမည္ဟာ ေဝးလ္လူမ်ိဳး ဘူမိေဗဒပညာရွင္ Sir George Everest ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေပးထားျခင္းျဖစ္ပါတယ္။

ေဝလႏိုင္ငံရဲ႕ အလံကေတာ့ အျဖဴတျခမ္း ၊ အစိမ္းတျခမ္းေနာက္ခံေပၚမွာ အနီေရာင္နဂါးတေကာင္ရွိေနတဲ့ပုံစံျဖစ္ပါတယ္။ အျဖဴေရာင္က ၿငိမ္းခ်မ္းျခင္း နဲ႔ ႐ိုးသားျခင္း ၊ အစိမ္းေရာင္က ေပ်ာ္႐ႊင္ျခင္း နဲ႔ ေမွ်ာ္လင့္ခ်က္ ၊ အနီေရာင္နဂါးက ရဲရင္ျခင္း ၊ သတၱိရွိျခင္းတို႔ကို ကိုယ္စားျပဳပါတယ္။

ယူေကရဲ႕ ခရီးသြားအလာဆုံးေရတံခြန္ဟာလည္း ေဝလႏိုင္ငံ Denbighshire က Betws-y-Coed ဘက္တီစခြိဳင္း႐ြာမွာတည္ရွိေနပါတယ္။ ေရတံခြန္ရဲ႕အမည္က Swallow ေရတံခြန္ျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ ၁၀၀ ေလာက္ကတည္းက ထင္ရွားခဲ့တဲ့ေရတံခြန္ျဖစ္ပါတယ္။ လွပလြန္းတဲ့သဘာ၀ ပတ္ဝန္းက်င္ေၾကာင့္ ႐ုပ္ရွင္ ၊ ပိုစ့္ကတ္ နဲ႔ ပန္းခ်ီေတြမွာ မၾကာခဏထည့္သြင္းေဖာ္ျပခံရတဲ့ ေရတံခြန္လည္းျဖစ္ပါတယ္။

ကမာၻ႔အေစာဆုံးႀကိဳးတံတားေတြထဲမွာ တခုအပါအဝင္ျဖစ္တဲ့ Menai တံတားကလည္း ေ၀လႏုိင္ငံ ေျမာက္ပိုင္းမွာတည္ရွိေနပါတယ္။ Anglesey ကြၽန္းနဲ႔ ေဝလကုန္းမႀကီးကို ခ်ိတ္ဆက္ေပးထားတဲ့ ဒီတံတားကို စေကာ့တလန္ၿမိဳ႕ျပအင္ဂ်င္နီယာ Thomas Telford က ဒီဇိုင္းဆြဲ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ၁၈၂၆ ခုႏွစ္ကတည္းက တည္ေဆာက္ၿပီးစီးခဲ့တာျဖစ္ၿပီး အရွည္ ၁၃၆၈ေပ ရွိတဲ့ ဒီတံတားဟာ အဲဒီအခ်ိန္က ကမာၻ႔အရွည္ဆုံး တံတားျဖစ္ခဲ့ပါတယ္။

ေဝလလူမ်ိဳးတို႔ရဲ႕ ႏိုင္ငံ့အားကစားက Rugby ျဖစ္ပါတယ္။ ပထမဆုံး ႏိုင္ငံတကာပြဲအျဖစ္ ၁၈၈၁ ခုႏွစ္က အဂၤလန္နဲ႔ ကစားခဲ့ၿပီး အဲဒီအခ်ိန္ကတည္းကစလို႔ အျပင္းထန္ဆုံးၿပိဳင္ဘက္အသင္းေတြျဖစ္ခဲ့ပါတယ္။ ေဝလႏိုင္ငံရဲ႕ Principality အားကစားကြင္းဟာလည္း နာမည္ႀကီးပါတယ္။ ေဘာလုံး ၊ ရပ္ဘီ နဲ႔ လက္ေဝွ႔ကစားပြဲေတြကို ဒီကြင္းႀကီးထဲမွာ က်င္းပေလ့ရွိပါတယ္။ ဘယ္လိုအေျခအေနမ်ိဳးမွာ မဆို ကစားပြဲမပ်က္ေစဖို႔ ဖြင့္ႏိုင္ပိတ္ႏိုင္တဲ့ အမိုးရွင္ကိုလည္း တပ္ဆင္ထားပါတယ္။

ေဝလအမ်ိဳးသားေဘာလုံးအသင္းကို ၁၈၇၆ ခုႏွစ္ကတည္းက စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး ကမာၻေပၚမွာ တတိယအေစာဆုံး ေဘာလုံးအသင္းအဖြဲ႕လည္းျဖစ္ပါတယ္။ ေဝလႏိုင္ငံသအင္းဟာ ၂၀၁၅ ခုႏွစ္မွာ ကမာၻ႔အဆင့္ ၈ အေကာင္းဆုံးေဘာလုံးအသင္းအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး အျမင့္ဆုံးရရွိခဲ့တဲ့ေအာင္ျမင္မႈကေတာ့ ကမာၻ႔ဖလား ကြာတားဖိုင္နယ္ နဲ႔ ယူ႐ို ဆီမီးဖိုင္နယ္ေတြျဖစ္ပါတယ္။ အီရန္႐ိုက္ ၊ ဂစ္ ၊ ဂါရတ္ေဘးလ္ ၊ ဂယ္ရီစပိဒ္ ၊ ဘယ္လာမီတို႔ဟာ ထင္ရွားတဲ့ ေဝလေဘာလုံးသမားေတြျဖစ္ပါတယ္။

ယေန႔ ဂဏန္းသခ်ၤာပညာရပ္မွာ မရွိမျဖစ္သုံးစြဲေနရတဲ့ ညီမွ်ျခင္း(=) ကို တီထြင္ခဲ့သူကလည္း ေဝလလူမ်ိဳး သခ်ၤာပညာရွင္ Robert Recorde ျဖစ္ပါတယ္။ ညီမွ်ျခင္းကို ၁၆ရာစုမွာ တီထြင္ခဲ့တဲ့အျပင္ အေပါင္းအႏႈတ္ လကၡဏာေတြလည္း ထည့္သြင္းဖို႔ စတင္ခဲ့သူလည္းျဖစ္ပါတယ္။

ေဝလ ႏိုင္ငံမွာရွိတဲ့ သိုးအေရအတြက္ဟာ ႏိုင္ငံလူဦးေရရဲ႕ ၃ဆေက်ာ္ မ်ားျပားပါတယ္။ တႏိုင္ငံလုံးမွာမွ လူဦးေရ ၃သန္းခန႔္သာ ရွိတဲ့အခ်ိန္မွာ သိုးေကာင္ေရကေတာ့ ၁၀သန္းေက်ာ္ေတာင္ ရွိေနပါသတဲ့။

ၿဗိတိန္ရဲ႕ ေရွ႕အက်ဆုံးသစ္ပင္ဟာလည္း ေဝလႏိုင္ငံမွာပဲ တည္ရွိေနပါတယ္။ Conwy ေဒသမွာတည္ရွိတဲ့ ဒီသစ္ပင္ကို LLANGERNYW YEW(ထင္း႐ူးပင္တမ်ိဳး) လို႔ေခၚၿပီး အျမင့္ေပကေတာ့ ၃၅ေပ ခန႔္ပဲရွိပါတယ္။ ဒီအပင္ရဲ႕သက္တမ္းကို ပညာရွင္ေတြတြက္ၾကည့္တဲ့အခါမွာေတာ့ ႏွစ္ေပါင္း ၄၀၀၀ နဲ႔ ၅၀၀၀ ၾကား သက္တမ္းရွိၿပီ လို႔ သိရပါတယ္။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
လူသိနည်းတဲ့ ဖားမျိုးစိတ် ပုံရိပ်များ

လူသိနည်းတဲ့ ဖားမျိုးစိတ် ပုံရိပ်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!