ရေးသားသူ – Paing Hmu Ko(MYMC Club)
မြောက်ဝင်ရိုးစွန်း (North Pole) ဆိုတာ ဘာလဲ၊ ဘယ်မှာ ရှိတာလဲ။ သူနဲ့ ပတ်သက်သမျှ စိတ်ဝင်စားစရာ အကြောင်း အရာ တွေကို တင်ဆက် ပေးထားတာမို့ ဆက်လက် ဖတ်ရှု ကြပါဦး။
မြောက်ဝင်ရိုးစွန်း အကြောင်း မပြောခင် ဝင်ရိုးစွန်း အကြောင်း စပြောပြ ပါရစေ။ ကမ္ဘာပေါ်မှာ ဝင်ရိုးစွန်း နှစ်ခု ရှိတာတော့ လူတိုင်း သိကြပါ တယ်။ တောင်ဝင်ရိုး စွန်းရယ်၊ မြောက်ဝင်ရိုးစွန်း ရယ်ပေါ့။ တကယ်တော့ ဝင်ရိုးစွန်း နှစ်ခု ထက်မက ရှိပါတယ်။ သံလိုက် မြောက်ဝင်ရိုးစွန်းနဲ့ သံလိုက် တောင်ဝင်ရိုးစွန်း ဆိုတာလည်း ရှိပါ သေးတယ်။
အဲဒါကြောင့် မြောက်ဝင်ရိုးစွန်း လို့ဆိုရင် ကမ္ဘာမြောက် စွန်းစွန်းမှာ ရှိတဲ့ လူသိများတဲ့ မြောက်ဝင်ရိုးစွန်းရယ်၊ သံလိုက် အိမ်မြှောင်ရဲ့ မြောက်ဘက် တည့်တည့် မှာရှိတဲ့ သံလိုက် မြောက်ဝင်ရိုးစွန်း ဆိုပြီး နှစ်မျိုးနှစ်စား ရှိမှာ ဖြစ် ပါတယ်။
သံလိုက် မြောက်ဝင်ရိုးစွန်း အကြောင်း
ကမ္ဘာလုံးကြီးရဲ့ အတွင်းဆုံး သံလွှာရဲ့ အပြင်ဆုံး အခြမ်းမှာ လှုပ်ရှားမှု တွေကြောင့် သံလိုက် စက်ကွင်းတွေ ထွက်ပါတယ်။ သံလိုက်မြောက် ဝင်ရိုးစွန်းနဲ့ သံလိုက် တောင်ဝင်ရိုးစွန်း နေရာ တွေဟာ အဆိုပါ သံလိုက် စက်ကွင်းတွေရဲ့ ဒေါင်လိုက် ကျတဲ့ နေရာတွေ ဖြစ်ပါတယ်။ သံလိုက် မြောက်ဝင်ရိုး စွန်းဟာ ရိုးရိုး မြောက်ဝင်ရိုး စွန်းနဲ့ မတူပါဘူး။
သံလိုက် မြောက်ဝင်ရိုး စွန်းဟာ တကယ့် ရိုးရိုးမြောက် ဝင်ရိုးစွန်းရဲ့ မိုင်ပေါင်း များစွာသော အကွာအဝေးမှာ ရှိပါတယ်။ သူ့ကို ပထမဆုံး စတင် တွေ့ရှိခဲ့ တာကတော့ ၁၈၃၁ ကပါ။ စတင် တွေ့ရှိတဲ့ နေရာကတော့ ရိုးရိုး မြောက်ဝင်ရိုးစွန်းရဲ့ မိုင်၅၀၀ အကွာ ကနေဒါနိုင်ငံ ရဲ့ Ellesmere ကျွန်းနားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် သံလိုက် မြောက်ဝင်ရိုး စွန်းဟာ တစ်နေရာ တည်းမှာ ရှိမနေ ပါဘူး။ ကမ္ဘာ့ သံလိုက် စက်ကွင်းတွေ အပြောင်းအလဲကြောင့် သူလည်း နေရာအမြဲလို ပြောင်းပါတယ်။ ယခုလက်ရှိ အရ ပြောရရင် စတင် တွေ့ရှိတဲ့ နေရာရဲ အနောက် မြောက်ဘက်ကို တစ်နှစ်လျှင် ၃၄မိုင်နှုန်း လောက်ကို မြန်မြန် ဆန်ဆန် ပြောင်းနေ ပါတယ်။
ပြ ဿနာ တွေ့ကြုံရတဲ့ သူတွေ ကတော့ ရာသီပြောင်း ငှက်တွေနဲ့ လူတွေရဲ့ သံလိုက် အိမ်မြှောင် တွေပါပဲ။ ဒါပေမယ့် သံလိုက် ဝင်ရိုးစွန်း တွေ ကတော့ တောင်နဲ့မြောက် ပြောင်းသွား တဲ့အထိ ပြောင်းနေ မှာပါပဲ။ အဲ့လို ဖြစ်ရပ်မျိုး ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၃၀ ၀၀၀ ကျော်က ဖြစ် ဖူးပြီး နောက်ဖြစ်ဖို့ ကတော့ ကျွန်တော်တို့ သက်တမ်းနဲ့ မီမှာ မဟုတ်ပေမယ့် အဲဒီလို ဖြစ်ခဲ့ရင် သံလိုက် အိမ်မြှောင်တွေဟာ တောင်ဘက်ကို ညွှန် ကုန်ကြမှာ ဖြစ်ပါတယ်။
ရိုးရိုး မြောက်ဝင်ရိုးစွန်း အကြောင်း
ဒီမြောက်ဝင်ရိုး စွန်းဟာ ကမ္ဘာကြီးရဲ့ မြောက်ဘက် အကျဆုံး နေရာမှာ ရှိပါတယ်။ အဆိုပါ နေရာရဲ့ လက္တီကျုဟာ ၉၀ ဒီဂရီ မြောက်ဘက် တိ တိ ရှိပြီး လောင်တီကျု မျဉ်းအားလုံးဟာ အဲဒီမှာပဲ သွားဆုံ ပါတယ်။ လောင်တီကျု မျဉ်းတွေ အားလုံးဟာ အဲဒီနေရာမှာ စတာကြောင့် Time Zone မရှိပါဘူး။ တည်နေရာ ကတော့ ရေခဲအထူ ၆ ပေကနေ ၁၀ ပေအထိ ရှိတဲ့ ရေခဲတွေနဲ့ ဖုံးလွှမ်းနေတဲ့ အာတိတ် သမုဒ္ဓရာ ထဲမှာ ရှိ ပါတယ်။ ဒီ မြောက်ဝင်ရိုးစွန်း ကလည်း အချိန်နဲ့ အမျှ နည်းနည်းခြင်းစီ ပြောင်းလဲလေ့ ရှိပါတယ်။
ကမ္ဘာကြီးရဲ့ ဝင်ရိုးဟာ ၂၃.၄ ဒီဂရီ တိမ်း စောင်း နေတာကြောင့် ဒီမြောက်ဝင်ရိုးစွန်း ဟာလည်း လိုက်ပြောင်း ပါတယ်။ သိပ္ပံပညာရှင် တွေရဲ့ တွေ့ရှိချက် အရတော့ လွန်ခဲ့တဲ့ ခုနှစ်နှစ် အတွင်းမှာ ပေ၃၀လောက် ပြောင်းသွား တယ်လို့ ဆိုပါတယ်။ ရာသီဥတု အရ ပြောရရင် လူတွေ နေထိုင် သင့်တဲ့ သင့်တော်တဲ့ အရပ်ဒေသ မ ဟုတ်ပါဘူး။
တစ်နှစ်လုံး နေမှ မတ်လနဲ့ စက်တင်ဘာ လများမှာ နေဝင် တစ်ခါ နေထွက် တစ်ခါပဲ ရှိမှာ ဖြစ်ပါတယ်။ ခြောက်လလုံးဆက်တိုက်လင်းထိန်နေမှာဖြစ်ပြီး နောက်ခြောက်လလုံးဆက်တိုက် မှောင်မဲနေမှာဖြစ်ပါတယ်။ နွေရာ သီ မတ်လ ကစလို့ နေထွက် နေတာပဲ တစ်နေ့လုံး ကြုံရမှာဖြစ်ပြီး စက်တင်ဘာ ဆောင်းရောက်ရင် မှောင်မှောင် မည်းမည်းပဲ ရှိနေမှာ ဖြစ်ပါ တယ်။
ဒါပေမယ့် ဘာပဲ ပြောပြော မြောက်ဝင်ရိုးစွန်းဟာ သမုဒ္ဒရာ ပတ်လည် ဝိုင်းနေ တာကြောင့် တောင်ဝင်ရိုးစွန်း ထက်တော့ ပိုနွေးတယ်လို့ ဆို သည့်တိုင် ဆောင်းဥတုမှာ အပူချိန်ဟာ အနုတ်၄၀ ဒီဂရီ Celsius အထိ ရှိပြီး နွေရာသီ မှာတော့ ဝဒီဂရီ Celsius တောင်ရှိ သေးတာကြောင့် အ မြဲအေး နေပါတယ်။ ဆိုင်ကလုန်းတွေ၊ ကမ္ဘာကြီး ပူနွေးမှုကြောင့် ရေခဲပြင် ပြိုကွဲ၊ အက်ကွဲမှု တွေကြောင့်လည်း နောက်အနာဂတ်မှာ အပူချိန် ပို ကျသွားဖို့ ရှိပါတယ်။
မြောက်ဝင်ရိုးစွန်းမှာ အဓိက ရှင်သန်တဲ့ သတ္တဝါတွေ ကတော့ ရာသီပြောင်း ငှက်တွေပါပဲ။ ဥပမာ – Arctic tern လိုမိုင် ပေါင်း ၄၃ ၀၀၀ လောက်ဝေးတဲ့ တောင်ဝင်ရိုးစွန်းက လာတဲ့ငှက် တွေအပြင် Snow bunting, Fulmar, Kittiwake လိုငှက်မျိုး တွေလည်း နေ ထိုင် ရှင်သန် ကြပါတယ်။
အဲဒီငှက် တွေအပြင် ပိုလာ ဝက်ဝံတွေ Caribou (Arctic reindeer) နဲ့ Arctic fox တွေလည်း ရှိပါတယ်။ ရေ အောက် သတ္တဝါတွေ အနေနဲ့ ငါးအမျိုးမျိုး၊ ဂဏန်းပုစွန် အမျိုးမျိုး အပြင် ပင်လယ်ဖျံ တွေလည်း ရှင်သန် နေထိုင် ကြပါတယ်။
မြောက်ဝန်ရိုးစွန်းနဲ့ အနီးဆုံးကုန်းမြေကတော့ ဂရင်းလန်ကျွန်းရဲ့မြောက်ဘက် ၄၃၀မိုင်အကွာက Kaffeklubben ကျွန်းပဲဖြစ်ပါတယ်။ ရောဗတ် အီး၊ ပီယားရီ အမည်ရှိ အမေရိကန် လူမျိုးတစ်ဦးသည် မြောက်ဝင်ရိုးစွန်းသို့ ၁၉ဝ၉ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ ပထမဦးဆုံးရောက်ခဲ့တာဖြစ်ပါတယ်။
တောင်ဝန်ရိုးစွန်းမှာ ပိုလာဝက်ဝံ မရှိသလို ၊ မြောက်ဝန်ရိုးစွန်းမှာလည်း ပင်ဂွင်းငှက်မရှိပါဘူး။ အာတိတ်ဒေသထဲမှာ ပါတဲ့တိုင်းပြည်တွေကတော့ ရုရှား ၊ အမေရိကန် ၊ နော်ေ၀ ၊ ဒိန်းမတ်(ဂရင်းလန်) နဲ့ ကနေဒါ တို့ဖြစ်ကြပါတယ်။
ဒါတွေကတာ့ မြောက်ဝင်ရိုးစွန်း အကြောင်း အကျဉ်းချုပ်ပါ။ စာဖတ်သူ တွေနဲ့ ဒေသ အလှမ်းဝေး ပါတယ် ဆိုပေမယ့် ဒီဒေသရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ မှတ်သား ထားနိုင်ကြ ပါစေလို့ မျှော်လင့်ရင်း နိဂုံးချုပ် အပ်ပါတယ်။
Discussion about this post