• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြောက်အမေရိက ရဲ့ ထင်ရှားကျော်ကြားတဲ့ ပြတိုက်ကြီး (၁၀)ခု

by Thutamm
May 21, 2020
Reading Time: 2min read
0
မြောက်အမေရိက ရဲ့ ထင်ရှားကျော်ကြားတဲ့ ပြတိုက်ကြီး (၁၀)ခု
Share on FacebookShare on Twitter

(Unicode)

ကမ္ဘာပေါ်မှာအကြီးဆုံးနဲ့ လူစိတ်ဝင်စားမှုအမြင့်ဆုံး ပြတိုက်တွေကိုပြပါဆိုရင်တော့ မြောက်အမေရိကတိုက်က ပြတိုက်တွေကိုပဲ ညွှန်းဆိုရမှာပါ။ မြောက်အမေရိကတိုက် အတွင်းမှာပဲတည်ရှိတဲ့ အမေရိကန်ပြည်ထောင်စု၊မက္ကဆီကို၊ကနေဒါအစရှိတဲ့ နိုင်ငံတွေကပြတိုက်တွေဟာ အတော်ကိုခမ်းနားကြီးကျယ်ကြပြီး အာကာသနည်းပညာဆိုင်ရာပြခန်းတွေအပြင် ရှေးဟောင်းအနုလက်ရာ ဝတ္ထုပစ္စည်း၊ယာဉ်ကနေအစပြု ပြီးကမ္ဘာဦးသတ္တဝါတွေရဲ့အကြောင်းအရာ၊အထောက်အထားတွေကအစ တိတိကျကျ ဖော်ပြထားတာကိုတွေ့ရမှာပါ။
ဒါကြောင့်လည်း ဒီပြတိုက်နေရာတွေ ပြည်တွင်း၊ပြည်ပက နှစ်စဉ်လာရောက်လေ့လာလည်ပတ်သူ အရေအတွက်ဟာ သန်းနဲ့ချီရှိကြတာကိုတွေ့ရ ပါတယ်။ ဒီနေရာမှာ သုတဇုန်မိတ်ဆွေတွေကို မျှဝေပေးချင်တာကတော့ မြောက်အမေရိ ကတိုက်က လူလာရောက်လေ့လာလည်ပတ် မှုအများဆုံး ပြတိုက်(၁၀)ခုရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

(၁၀) Houston Museum of Natural Science

(HMNS)လို့သိကြတဲ့ Houston Museum of Natural Science ဟာဆိုရင် အမေရိကန် ပြည်ထောင်စု Texas ပြည်နယ် ဟောက်စ်တန်မြို့က Hermann ပန်းခြံအနီးမှာတည်ရှိပြီးမြောက်အမေရိကတိုက်ရဲ့ (၁၀)ခုမြောက်ဧည့်သည်လာရောက်လည်ပတ်မှု အများဆုံး နေရာဖြစ်ပါတယ်။ နှစ်စဉ်လာရောက်လည်ပတ်သူ အရေအတွက် (၂)သန်းအထက်ရှိတဲ့ (HMNS)ကို (၁၉၀၉)ခုနှစ်ကတည်းက တည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြတိုက်အတွင်းမှာတော့ ကမ္ဘာကြီးလည်ပတ်နေပုံကိုသရုပ်ဖော် တင်ပြထားတဲ့ Foucault pendulum ကိုပြသထားတာကိုတွေ့ရမှာဖြစ်ပြီး pendulumရဲ့သံနန်းလွန်းကြိုးအရှည် ကတင် ပေ(၆၀)ကျော်ရှည်လျားပါတယ်။

Lester and Sue Smith Gem Vault လို့သိရတဲ့ မှန်ပတ်လည်ဗီဒိုအတွင်းက ကျောက်မျက်ရတနာပြခန်း ကလည်းလာရောက် လည်ပတ်သူတွေရဲ့ အာရုံကိုစွဲဆောင်ထားမှာ အမှန်ဖြစ်ပါတယ်။ ပြတိုက်အတွင်းက Farish Hall အတွင်း မှာဆိုရင်လည်း Texas ပြည်နယ်အတွင်းမှာတွေ့ရတဲ့ တောရိုင်းသတ္တဝါတွေနဲ့ ဒေသ ပေါက်ပင်တွေအကြောင်းကို စုစည်းပြသထားပါတယ်။ ဒါအပြင်ဒိုင်နိုဆောကဲ့သို့သောကမ္ဘာဦး သတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေသာမက ရှေးဟောင်းအီဂျစ်လူမျိုးတွေရဲ့ဖန်တီးမှုလက်ရာတွေ၊ အာဖရိကတိုက်က တောရိုင်း တိရိစ္ဆာန်တွေအကြောင်းကိုပါ တစ်စုစည်းထဲထည့်သွင်းပြ သထားတာကိုတွေ့ရမှာပါ။

(၉) National Museum of Anthropology

Mexico City မှာတည်ရှိတဲ့ National Museum of Anthropology ဟာ မက္ကဆီကိုနိုင်ငံရဲ့အကြီးဆုံးနဲ့လာရောက်လည်ပတ်မှု အများဆုံး မနုသဗေဒ သမိုင်းဝင် ပြတိုက်တစ်ခုဖြစ်ပါတယ်။ မြောက်အမေရိကတိုက်တစ်ခုလုံးက နာမည်ကျော်ပြတိုက်တွေနဲ့ နှိုင်းယှဉ် မယ်ဆိုရင်တော့ လူလာရောက်လည်ပတ်မှု အတော်ကိုနည်းတယ်လို့ဆိုပေမဲ့ စိတ်ဝင် စားစရာသမိုင်းအချက်အလက်တွေ အတော်လေးပြည့်စုံတဲ့နေရာတစ်ခုဖြစ်ပါတယ်။

ကိုလံဘီဟာအစောပိုင်းခေတ်( ခရစ်စတိုဖာကိုလံဘတ်အမေရိကတိုက်ကိုရှာမတွေ့ခင် ၁၄၉၂ နောက်ပိုင်းကာလ) ကတည်းက အမေရိကတိုက်မှာရှိနေတဲ့ ရှေးဟောင်းလူမျိုးနွယ်စုတွေရဲ့အကြောင်းနဲ့ Stone of the Sun (Aztec Calendar stone) ၊Aztec Xochipilli ရုပ်ထုကဲ့သို့သော ရှေးဟောင်းအနုပညာလက်ရာတွေကိုစုစည်းပြသထားတာရာ ရာနေရာဖြစ်ပါတယ်။

(၈) National Museum of African American History and Culture

(NMAAHS)လို့သိကြတဲ့ အာဖရိကန်၊ အမေရိကန် သမိုင်းနဲ့ယဉ်ကျးမှုပြတိုက်ဟာ အမေရိကန်ပြည် ထောင်စု၊ Washington ,D.C က National Mall အတွင်းမှာတည်ရှိပြီး (၂၀၀၃) ခုနှစ် ကတည်ဆောက်ပြီးစီးခဲ့ပြီး (၂၀၁၆)ခုနှစ်ရောက်ချိန်မှ ပြတိုက်အဖြစ်အများပြည်သူကို ပြသခဲ့ပါတယ်။

ဒီပြတိုက်ဟာ မြောက်အမေရိကတိုက်အတွင်းမှာတော့ (၈)ခုမြောတ် လာရောက်လည်ပတ်မှု အများဆုံးပြတိုက်တစ်ခုဖြစ်ပြီးအာဖရိကန်၊အမေရိကန်ရှေး ယဉ်ကျေးမှုလက်ရာ အမျိုးပေါင်း (၄၀၀၀၀)လောက်ကို ထိန်းသိမ်းထားရှိပါတယ်။ ဒါပေမဲ့ရှေးဟောင်းလက် ရာပစ္စည်းတွေရဲ့ လက်ရှိအခြေအနေအရကြောင့် ရှေးဟောင်းလက်ရာ (၃၅၀၀)လောက်ကိုသာ အများပြည်သူကြည့်ရှုနိုင်ရန် ခင်းကျင်းပြသထားလေ့ရှိပါတယ်။

(၇) Museum of Modern Art

အမေရိကန်ပြည်ထောင်စု၊နယူးယောက်မှာတည်ရှိတဲ့ Museum of Modern Art ကို MoMAလို့လည်းသိကြပြီး ခေတ်ပေါ်အနုပညာလက်ရာများစွာကိုအစုံလင်ဆုံးတွေ့ရမဲ့ ကမ္ဘာအကြီးကျယ်ဆုံးသောအနုပညာ ပြတိုက်အဖြစ်လည်း သတ်မှက်ခြင်းခံခဲ့ရပါတယ်။ ပြတိုက် အတွင်းမှာဆိုရင် ကမ္ဘာဒေသအသီးသီးက ခေတ်ပေါ်ပန်းချီ၊ဓာတ်ပုံ၊ပုံနှိပ်စာလုံး ၊electronic media၊ အဝတ်အထည်နဲ့ပစ္စည်းကိရိယာ ဒီဇိုင်းမျိုးစုံ၊ဗိသုကာလက်ရာ ပုံစံ အမျိုးမျိုးကို ခင်းကျင်းပြသထား တာကိုတွေ့ရမှာဖြစ်ပြီး (၁၉၂၉)ခုနှစ်၊နိုဝင်ဘာက တည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

(၆) National Museum of American History

အမေရိကန်အမျိုးသား သမိုင်းပြတိုက်ကို (၁၉၆၄)ခုနှစ်တည်းကဖွင့်လှစ်ခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု Washington ,D.Cက national Mallအတွင်းမှာပဲ တည်ရှိပါတယ်။အမေရိကန်ပြည် ထောင်စုရဲ့လူမှုရေး ၊နိုင်ငံရေး၊ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာနဲ့ စစ်ဘက်ဆိုင်ရာ သမိုင်းဖြစ် စဉ်များစွာကို တစ်စုစည်းထဲလေ့လာနိုင်မဲ့ ဒီပြတိုက်ဟာမြောက်အမေရိကတိုက်ရဲ့(၆) ခုမြောက် လာရောက်လည်ပတ်သူ အများဆုံးသော ပြတိုက်တစ်ခုအဖြစ်လည်းရှိနေတာ ဖြစ်ပါတယ်။ ဒီပြတိုက်ရဲ့အထင် ရှားဆုံး ကတော့ Star-Spangled Banner (သို့) Great Garrison Flag လို့သိကြတဲ့ အမေရိကန်အမျိုးသားစစ်သမိုင်းရဲ့ ထင်ရှားတဲ့အလံဖြစ်ပါတယ်။

(၅) American Museum of Natural History

အမေရိကန်အမျိုးသားသဘာဝပတ်ဝန်းကျင်ပြတိုက်ဟာ စတုရန်းပေ(၂)သန်းလောက် ကျယ်ဝန်းပြီး ဆက်သွယ်ရေးအဆောက်အအုံ(၂၈)ခုအထိပါဝင်ပါတယ်။ ပြတိုက်တည် ၇ှိတဲ့နေရာကတော့ နယူးယောက်က Roosevelt Park အတွင်းမှာဖြစ်ပြီး ကမ္ဘာပေါ် မှာ လေ့လာလည်ပတ်သူအများဆုံးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြတိုက် တွေထဲက တစ်ခုဖြစ်ပါတယ်။

ပြတိုက်ရဲ့ မူရင်းဧရိယာအတွင်းမှာပဲ ပြခန်းခွဲ(၄၅)ခုအထိ ထပ်မံခွဲထားပြီး စာကြည့်တိုက်နဲ့ နက္ခတ်တာယာပြခန်းတွေအထိ ထည့်သွင်းတည် ဆောက်ထားတာကိုတွေ့ရပါတယ်။ အဓိကပြသထားတာကတော့ တိရိစ္ဆာန်၊ သဘာဝ ပေါက်ပင်အမျိုးမျိုး၊နှစ်ရှည်ပင်အမျိုးမျိုး၊ကျောက်ဖြစ်ရုပ်ကြွင်း၊ကျောက်အမျိုးမျိုး၊ရှေးယဉ် ကျေးမှုအနုပညာလက်ရာ အမျိုးအမည်ပေါင်း (၃၃)သန်းလောက်ကို ပြသထားပါတယ်။

(၄) National Gallery of Art

အမေရိကန်အမျိုးသားယဉ်ကျေးမှုအနုပညာပြခန်းကိုစတင် တည်ထောင်ခဲ့သူက တော့ အမေရိကန်ရဲ့နာမည်ကျော် ပရဟိတသမားကြီးလည်းဖြစ်၊ ဂီတပညာရှင်တစ် ယောက်လည်းဖြစ် ၊ဘဏ်လုပ်ငန်းရှင်သူကြွယ်တစ်ယောက်လည်းဖြစ်တဲ့ Andrew W. Mellon ဆိုသူဖြစ်ပြီး (၁၉၃၇)ခုနှစ်က ပုဂ္ဂိုလ်လိကပိုင်ပြတိုက်အဖြစ် စတင်တည်ထောင် ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြတိုက်ဟာလူစိတ်ဝင်စားမှုမြင့်တက်လာတဲ့ အပြင် အနယ်နယ်အရပ်ရပ်ကလှူဒါန်းမှုတွေကြောင့် ထပ်မံတိုးချဲ့ဖို့နဲ့ လုံခြုံရေးနဲ့အုပ်ချုပ်မှု အပိုင်းတွေကို တိုးမြှင့်ဖို့လိုလာတာကြောင့် Andrewအနေနဲ့ အစိုးရကို လှူဒါန်းခဲ့ပါတယ်။

ပြတိုက်အတွင်းမှာပြသထားတာတွေကတော့ အနောက်ကမ္ဘာရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလဖြစ်တဲ့ အလယ်ခေတ်တစ်လျှောက် ကျော်ကြားခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီရဲ့လက်ရာပါဝင်တဲ့ပန်းချီကားချပ်တွေ၊အနုပညာပိုင်းဆိုင်ရာ ရှားပါး ဓာတ်ပုံမှတ်တမ်းတွေ၊ ကျောက်ဆစ်ပန်းပုလက်ရာတွေ၊ အထိမ်းအမှတ်ဆုတံဆိပ်တွေ၊ ရှေးပုံနိပ်စာလုံးတွေကို ခင်းကျင်းပြသထားပါတယ်။ ဒါအပြင် National Gallery of Art ဟာ ကမ္ဘာကျော်ပန်းချီပညာရှင်ကြီး လီယိုနာဒိုရဲ့အနုပညာဖန်တီးမှုတွေကိုပြသထားတဲ့ မြောက်အမေရိကတိုက်ရဲ့ တစ်ခုတည်းသောပြတိုက်အဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့ ပါတယ်။

(၃) National Museum of Natural History

တစ်နှစ်ကိုရက်ပေါင်း(၃၆၄)ရက်အထိ ဖွင့်လှစ်လေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သဘာဝ ပတ်ဝန်းကျင်သမိုင်းပြတိုက်ကို (၁၉၁၀)ခုနှစ်တည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ဧရိယာစတုရန်းပေ( ၁၅၀၀၀၀၀)လောက်ကျယ်ပြန့်ပြီး တာဝန်ထမ်းဆောင်သူ ဝန်ထမ်း (၁၀၀၀) ကျော်လောက်ရှိပါတယ်။ ဒီပြတိုက်ဟာ အမေရိကန်ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ Smithsonian Institution ရဲ့အုပ်ချုပ်မှုလက်အောက်မှာရှိပြီး အပင်၊တိရိစ္ဆာန်၊ကျောက် ဖြစ်ရုပ်ကြွင်း၊ကျောက်သား နမူနာသန်းပေါင်း(၁၂၆) သန်းလောက်ကို လာရောက်လေ့ လာနိုင်မှာပါ။

ဒါအပြင် National Museum of Natural Historyဟာ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာလေ့လာသူ ပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ပင်မရင်းမြစ်တစ်ခုအ နေနဲ့ တည်ရှိနေတာကိုတွေ့ရမှာပါ။ ပြတိုက်တည်ရှိတဲ့နေရာကတော့ အမေရိကန်ပြည် ထောင်စုရဲ့ သမိုင်းမော်ကွန်းပြယုဒ်နေရာဖြစ်တဲ့ Washington, D.C က Nationl Mall အတွင်းမှာပဲဖြစ်ပါတယ်။ မြောက်အမေရိကတိုက်မှာတော့ ဒီပြတိုက်ဟာ လာရောက် လည်ပတ်သူ တတိယမြောက်အများဆုံးဖြစ်ပြီး ကမ္ဘာပေါ်ကသဘာဝပတ်ဝန်းကျင်ပြ တိုက်တွေအကြားမှာတော့ ခေတ်အမီဆုံး၊အကြီးကျယ်ဆုံးနဲ့ လာရောက်လည်ပတ်သူ အများဆုံးနေရာဖြစ်ပါတယ်။

(၂) Metropolitan Museum of Art

အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးအနုပညာပြတိုက်ဖြစ်တဲ့ Metropolitan Museum of Art ဟာ နယူးယောက်မြို့ရဲ့တည်နေရာ(၃)ခုမှာဖွင့်လှစ်ထားရှိတာဖြစ်ပြီး အနုပညာလက်ရာပေါင်း(၂)သန်းကျော်လောက်ကို ပြခန်း(၁၇)ခန်းအထိ ခွဲခြားဖွင့်လှစ် ပြသထားတာကိုတွေ့ရပါတယ်။ Metropolitan Museum of Artရဲ့အဓိကအဆောက်အ အုံတွေကတော့ Central Park အနီးမှာတည်ရှိပြီး ဒီနေရာဟာ ကမ္ဘာအကြီးဆုံးအနုပညာလက်ရာတွေတည်ရှိတဲ့ ဧရိယာအဖြစ်သတ်မှက်နိုင်ပါတယ်။

ပြတိုက်မှာရှိတဲ့ အနုပညာလက်ရာတွေဟာ ရှေးခေတ်နှောင်းအီဂျစ်တွေရဲ့ ပန်းချီလက်ရာတွေကနေ မျက်မှောက်ခေတ် အမေရိကားမှာခေတ်စားတဲ့ ပန်းချီလက်ရာတွေအထိ စုစည်းပြသ ထားတာကိုတွေ့ရမှာပါ။ ဒါအပြင် ကမ္ဘာတိုက်ကြီးအသီးသီးက အဖိုးမဖြတ်နိုင်တဲ့ အနုပညာဖန်တီးမှုလက်ရာတွေကိုပါ ခေတ်အလိုက်၊အမျိုးအစားအလိုက် ခွဲခြားပြသ ထားပါတယ်။

(၁) National Air and Space Museum

အမေရိကန်ပြည်ထောက်စုရဲ့ အမျိုးသားလေကြောင်းနည်းပညာနဲ့အာကာသ ပြတိုက် ဟာမြောက်အမေရိကတိုက်သာမက တစ်ကမ္ဘာလုံးရဲ့ စိတ်ပါဝင်စားခြင်းကိုခံနေရတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။ မြောက်အမေရိကတိုက်မှာတော့ လာရောက်လည်ပတ်သူ အများဆုံးအဖြစ် သတ်မှက်ထားတဲ့ ဒီပြတိုက်ဟာ ကမ္ဘာလေကြောင်းနဲ့အာကာသ နည်း ပညာအားလုံးရဲ့ ဗဟိုချက်မ နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။

Geophysics (ဘူမိ ရှုပ)ဘာသာရပ်နဲ့ Planetary (ဂြိုလ်နဲ့ဆိုင်တဲ့) သိပ္ပံပညာရပ်တွေကိုလေ့လာမှု နယ်ပယ် တွေမှာလည်း အဓိကကျတဲ့ဒီပြတိုက်ဟာ လေယာဉ်နဲ့အာကာသလွန်းပျံယာဉ်တွေ ဖြတ်သန်းတည်ဆောက်လာပုံအဆင့်ဆင့်ကိုလည်း ပြသထားပါတယ်။ ပြတိုက်ရဲ့ထင် ရှားတဲ့အပိုင်းတွေကတော့ အမေရိကန်တွေ လကမ္ဘာကိုပထမဆုံး ရောက်ရှိခဲ့တဲ့ Apollo 11 အာကာသယာဉ်၊ရော့ကတ်အင်ဂျင်တပ်ဆင်ထားတဲ့ Bell X-1 နဲ့ the Spirit of St. Louis အာကာသယာဉ်တို့ဖြစ်ကြပါတယ်။

————- ———— —————-

(Zawgyi)

ေျမာက္အေမရိက ရဲ႕ ထင္ရွားေက်ာ္ၾကားတဲ့ ျပတိုက္ႀကီး (၁၀)ခု

ကမာၻေပၚမွာအႀကီးဆုံးနဲ႔ လူစိတ္ဝင္စားမႈအျမင့္ဆုံး ျပတိုက္ေတြကိုျပပါဆိုရင္ေတာ့ ေျမာက္အေမရိကတိုက္က ျပတိုက္ေတြကိုပဲ ၫႊန္းဆိုရမွာပါ။ ေျမာက္အေမရိကတိုက္ အတြင္းမွာပဲတည္ရွိတဲ့ အေမရိကန္ျပည္ေထာင္စု၊မကၠဆီကို၊ကေနဒါအစရွိတဲ့ ႏိုင္ငံေတြကျပတိုက္ေတြဟာ အေတာ္ကိုခမ္းနားႀကီးက်ယ္ၾကၿပီး အာကာသနည္းပညာဆိုင္ရာျပခန္းေတြအျပင္ ေရွးေဟာင္းအႏုလက္ရာ ဝတၳဳပစၥည္း၊ယာဥ္ကေနအစျပဳ ၿပီးကမာၻဦးသတၱဝါေတြရဲ႕အေၾကာင္းအရာ၊အေထာက္အထားေတြကအစ တိတိက်က် ေဖာ္ျပထားတာကိုေတြ႕ရမွာပါ။

ဒါေၾကာင့္လည္း ဒီျပတိုက္ေနရာေတြ ျပည္တြင္း၊ျပည္ပက ႏွစ္စဥ္လာေရာက္ေလ့လာလည္ပတ္သူ အေရအတြက္ဟာ သန္းနဲ႔ခ်ီရွိၾကတာကိုေတြ႕ရ ပါတယ္။ ဒီေနရာမွာ သုတဇုန္မိတ္ေဆြေတြကို မွ်ေဝေပးခ်င္တာကေတာ့ ေျမာက္အေမရိ ကတိုက္က လူလာေရာက္ေလ့လာလည္ပတ္ မႈအမ်ားဆုံး ျပတိုက္(၁၀)ခုရဲ႕ အေၾကာင္းပဲ ျဖစ္ပါတယ္။

(၁၀) Houston Museum of Natural Science

(HMNS)လို႔သိၾကတဲ့ Houston Museum of Natural Science ဟာဆိုရင္ အေမရိကန္ ျပည္ေထာင္စု Texas ျပည္နယ္ ေဟာက္စ္တန္ၿမိဳ႕က Hermann ပန္းၿခံအနီးမွာတည္ရွိၿပီးေျမာက္အေမရိကတိုက္ရဲ႕ (၁၀)ခုေျမာက္ဧည့္သည္လာေရာက္လည္ပတ္မႈ အမ်ားဆုံး ေနရာျဖစ္ပါတယ္။ ႏွစ္စဥ္လာေရာက္လည္ပတ္သူ အေရအတြက္ (၂)သန္းအထက္ရွိတဲ့ (HMNS)ကို (၁၉၀၉)ခုႏွစ္ကတည္းက တည္ေထာင္ခဲ့တာလည္းျဖစ္ပါတယ္။ ျပတိုက္အတြင္းမွာေတာ့ ကမာၻႀကီးလည္ပတ္ေနပုံကိုသ႐ုပ္ေဖာ္ တင္ျပထားတဲ့ Foucault pendulum ကိုျပသထားတာကိုေတြ႕ရမွာျဖစ္ၿပီး pendulumရဲ႕သံနန္းလြန္းႀကိဳးအရွည္ ကတင္ ေပ(၆၀)ေက်ာ္ရွည္လ်ားပါတယ္။

Lester and Sue Smith Gem Vault လို႔သိရတဲ့ မွန္ပတ္လည္ဗီဒိုအတြင္းက ေက်ာက္မ်က္ရတနာျပခန္း ကလည္းလာေရာက္ လည္ပတ္သူေတြရဲ႕ အာ႐ုံကိုစြဲေဆာင္ထားမွာ အမွန္ျဖစ္ပါတယ္။ ျပတိုက္အတြင္းက Farish Hall အတြင္း မွာဆိုရင္လည္း Texas ျပည္နယ္အတြင္းမွာေတြ႕ရတဲ့ ေတာ႐ိုင္းသတၱဝါေတြနဲ႔ ေဒသ ေပါက္ပင္ေတြအေၾကာင္းကို စုစည္းျပသထားပါတယ္။ ဒါအျပင္ဒိုင္ႏိုေဆာကဲ့သို႔ေသာကမာၻဦး သတၱဝါေတြရဲ႕ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေတြသာမက ေရွးေဟာင္းအီဂ်စ္လူမ်ိဳးေတြရဲ႕ဖန္တီးမႈလက္ရာေတြ၊ အာဖရိကတိုက္က ေတာ႐ိုင္း တိရိစာၦန္ေတြအေၾကာင္းကိုပါ တစ္စုစည္းထဲထည့္သြင္းျပ သထားတာကိုေတြ႕ရမွာပါ။

(၉) National Museum of Anthropology

Mexico City မွာတည္ရွိတဲ့ National Museum of Anthropology ဟာ မကၠဆီကိုႏိုင္ငံရဲ႕အႀကီးဆုံးနဲ႔လာေရာက္လည္ပတ္မႈ အမ်ားဆုံး မႏုသေဗဒ သမိုင္းဝင္ ျပတိုက္တစ္ခုျဖစ္ပါတယ္။ ေျမာက္အေမရိကတိုက္တစ္ခုလုံးက နာမည္ေက်ာ္ျပတိုက္ေတြနဲ႔ ႏႈိင္းယွဥ္ မယ္ဆိုရင္ေတာ့ လူလာေရာက္လည္ပတ္မႈ အေတာ္ကိုနည္းတယ္လို႔ဆိုေပမဲ့ စိတ္ဝင္ စားစရာသမိုင္းအခ်က္အလက္ေတြ အေတာ္ေလးျပည့္စုံတဲ့ေနရာတစ္ခုျဖစ္ပါတယ္။

ကိုလံဘီဟာအေစာပိုင္းေခတ္( ခရစ္စတိုဖာကိုလံဘတ္အေမရိကတိုက္ကိုရွာမေတြ႕ခင္ ၁၄၉၂ ေနာက္ပိုင္းကာလ) ကတည္းက အေမရိကတိုက္မွာရွိေနတဲ့ ေရွးေဟာင္းလူမ်ိဳးႏြယ္စုေတြရဲ႕အေၾကာင္းနဲ႔ Stone of the Sun (Aztec Calendar stone) ၊Aztec Xochipilli ႐ုပ္ထုကဲ့သို႔ေသာ ေရွးေဟာင္းအႏုပညာလက္ရာေတြကိုစုစည္းျပသထားတာရာ ရာေနရာျဖစ္ပါတယ္။

(၈) National Museum of African American History and Culture

(NMAAHS)လို႔သိၾကတဲ့ အာဖရိကန္၊ အေမရိကန္ သမိုင္းနဲ႔ယဥ္က်းမႈျပတိုက္ဟာ အေမရိကန္ျပည္ ေထာင္စု၊ Washington ,D.C က National Mall အတြင္းမွာတည္ရွိၿပီး (၂၀၀၃) ခုႏွစ္ ကတည္ေဆာက္ၿပီးစီးခဲ့ၿပီး (၂၀၁၆)ခုႏွစ္ေရာက္ခ်ိန္မွ ျပတိုက္အျဖစ္အမ်ားျပည္သူကို ျပသခဲ့ပါတယ္။

ဒီျပတိုက္ဟာ ေျမာက္အေမရိကတိုက္အတြင္းမွာေတာ့ (၈)ခုေျမာတ္ လာေရာက္လည္ပတ္မႈ အမ်ားဆုံးျပတိုက္တစ္ခုျဖစ္ၿပီးအာဖရိကန္၊အေမရိကန္ေရွး ယဥ္ေက်းမႈလက္ရာ အမ်ိဳးေပါင္း (၄၀၀၀၀)ေလာက္ကို ထိန္းသိမ္းထားရွိပါတယ္။ ဒါေပမဲ့ေရွးေဟာင္းလက္ ရာပစၥည္းေတြရဲ႕ လက္ရွိအေျခအေနအရေၾကာင့္ ေရွးေဟာင္းလက္ရာ (၃၅၀၀)ေလာက္ကိုသာ အမ်ားျပည္သူၾကည့္ရႈႏိုင္ရန္ ခင္းက်င္းျပသထားေလ့ရွိပါတယ္။

(၇) Museum of Modern Art

အေမရိကန္ျပည္ေထာင္စု၊နယူးေယာက္မွာတည္ရွိတဲ့ Museum of Modern Art ကို MoMAလို႔လည္းသိၾကၿပီး ေခတ္ေပၚအႏုပညာလက္ရာမ်ားစြာကိုအစုံလင္ဆုံးေတြ႕ရမဲ့ ကမာၻအႀကီးက်ယ္ဆုံးေသာအႏုပညာ ျပတိုက္အျဖစ္လည္း သတ္မွက္ျခင္းခံခဲ့ရပါတယ္။ ျပတိုက္ အတြင္းမွာဆိုရင္ ကမာၻေဒသအသီးသီးက ေခတ္ေပၚပန္းခ်ီ၊ဓာတ္ပုံ၊ပုံႏွိပ္စာလုံး ၊electronic media၊ အဝတ္အထည္နဲ႔ပစၥည္းကိရိယာ ဒီဇိုင္းမ်ိဳးစုံ၊ဗိသုကာလက္ရာ ပုံစံ အမ်ိဳးမ်ိဳးကို ခင္းက်င္းျပသထား တာကိုေတြ႕ရမွာျဖစ္ၿပီး (၁၉၂၉)ခုႏွစ္၊ႏိုဝင္ဘာက တည္းက စတင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

(၆) National Museum of American History

အေမရိကန္အမ်ိဳးသား သမိုင္းျပတိုက္ကို (၁၉၆၄)ခုႏွစ္တည္းကဖြင့္လွစ္ခဲ့တာျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စု Washington ,D.Cက national Mallအတြင္းမွာပဲ တည္ရွိပါတယ္။အေမရိကန္ျပည္ ေထာင္စုရဲ႕လူမႈေရး ၊ႏိုင္ငံေရး၊ယဥ္ေက်းမႈ၊ သိပၸံနည္းပညာနဲ႔ စစ္ဘက္ဆိုင္ရာ သမိုင္းျဖစ္ စဥ္မ်ားစြာကို တစ္စုစည္းထဲေလ့လာႏိုင္မဲ့ ဒီျပတိုက္ဟာေျမာက္အေမရိကတိုက္ရဲ႕(၆) ခုေျမာက္ လာေရာက္လည္ပတ္သူ အမ်ားဆုံးေသာ ျပတိုက္တစ္ခုအျဖစ္လည္းရွိေနတာ ျဖစ္ပါတယ္။ ဒီျပတိုက္ရဲ႕အထင္ ရွားဆုံး ကေတာ့ Star-Spangled Banner (သို႔) Great Garrison Flag လို႔သိၾကတဲ့ အေမရိကန္အမ်ိဳးသားစစ္သမိုင္းရဲ႕ ထင္ရွားတဲ့အလံျဖစ္ပါတယ္။

(၅) American Museum of Natural History

အေမရိကန္အမ်ိဳးသားသဘာဝပတ္ဝန္းက်င္ျပတိုက္ဟာ စတုရန္းေပ(၂)သန္းေလာက္ က်ယ္ဝန္းၿပီး ဆက္သြယ္ေရးအေဆာက္အအုံ(၂၈)ခုအထိပါဝင္ပါတယ္။ ျပတိုက္တည္ ရွိတဲ့ေနရာကေတာ့ နယူးေယာက္က Roosevelt Park အတြင္းမွာျဖစ္ၿပီး ကမာၻေပၚ မွာ ေလ့လာလည္ပတ္သူအမ်ားဆုံးေသာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ျပတိုက္ ေတြထဲက တစ္ခုျဖစ္ပါတယ္။

ျပတိုက္ရဲ႕ မူရင္းဧရိယာအတြင္းမွာပဲ ျပခန္းခြဲ(၄၅)ခုအထိ ထပ္မံခြဲထားၿပီး စာၾကည့္တိုက္နဲ႔ နကၡတ္တာယာျပခန္းေတြအထိ ထည့္သြင္းတည္ ေဆာက္ထားတာကိုေတြ႕ရပါတယ္။ အဓိကျပသထားတာကေတာ့ တိရိစာၦန္၊ သဘာဝ ေပါက္ပင္အမ်ိဳးမ်ိဳး၊ႏွစ္ရွည္ပင္အမ်ိဳးမ်ိဳး၊ေက်ာက္ျဖစ္႐ုပ္ႂကြင္း၊ေက်ာက္အမ်ိဳးမ်ိဳး၊ေရွးယဥ္ ေက်းမႈအႏုပညာလက္ရာ အမ်ိဳးအမည္ေပါင္း (၃၃)သန္းေလာက္ကို ျပသထားပါတယ္။

(၄) National Gallery of Art

အေမရိကန္အမ်ိဳးသားယဥ္ေက်းမႈအႏုပညာျပခန္းကိုစတင္ တည္ေထာင္ခဲ့သူက ေတာ့ အေမရိကန္ရဲ႕နာမည္ေက်ာ္ ပရဟိတသမားႀကီးလည္းျဖစ္၊ ဂီတပညာရွင္တစ္ ေယာက္လည္းျဖစ္ ၊ဘဏ္လုပ္ငန္းရွင္သူႂကြယ္တစ္ေယာက္လည္းျဖစ္တဲ့ Andrew W. Mellon ဆိုသူျဖစ္ၿပီး (၁၉၃၇)ခုႏွစ္က ပုဂၢိဳလ္လိကပိုင္ျပတိုက္အျဖစ္ စတင္တည္ေထာင္ ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ျပတိုက္ဟာလူစိတ္ဝင္စားမႈျမင့္တက္လာတဲ့ အျပင္ အနယ္နယ္အရပ္ရပ္ကလႉဒါန္းမႈေတြေၾကာင့္ ထပ္မံတိုးခ်ဲ႕ဖို႔နဲ႔ လုံၿခဳံေရးနဲ႔အုပ္ခ်ဳပ္မႈ အပိုင္းေတြကို တိုးျမႇင့္ဖို႔လိုလာတာေၾကာင့္ Andrewအေနနဲ႔ အစိုးရကို လႉဒါန္းခဲ့ပါတယ္။

ျပတိုက္အတြင္းမွာျပသထားတာေတြကေတာ့ အေနာက္ကမာၻရဲ႕ ယဥ္ေက်းမႈေတာ္လွန္ေရးကာလျဖစ္တဲ့ အလယ္ေခတ္တစ္ေလွ်ာက္ ေက်ာ္ၾကားခဲ့တဲ့ လီယိုနာဒိုဒါဗင္ခ်ီရဲ႕လက္ရာပါဝင္တဲ့ပန္းခ်ီကားခ်ပ္ေတြ၊အႏုပညာပိုင္းဆိုင္ရာ ရွားပါး ဓာတ္ပုံမွတ္တမ္းေတြ၊ ေက်ာက္ဆစ္ပန္းပုလက္ရာေတြ၊ အထိမ္းအမွတ္ဆုတံဆိပ္ေတြ၊ ေရွးပုံနိပ္စာလုံးေတြကို ခင္းက်င္းျပသထားပါတယ္။ ဒါအျပင္ National Gallery of Art ဟာ ကမာၻေက်ာ္ပန္းခ်ီပညာရွင္ႀကီး လီယိုနာဒိုရဲ႕အႏုပညာဖန္တီးမႈေတြကိုျပသထားတဲ့ ေျမာက္အေမရိကတိုက္ရဲ႕ တစ္ခုတည္းေသာျပတိုက္အျဖစ္လည္း မွတ္တမ္းဝင္ထားခဲ့ ပါတယ္။

(၃) National Museum of Natural History

တစ္ႏွစ္ကိုရက္ေပါင္း(၃၆၄)ရက္အထိ ဖြင့္လွစ္ေလ့ရွိတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ သဘာဝ ပတ္ဝန္းက်င္သမိုင္းျပတိုက္ကို (၁၉၁၀)ခုႏွစ္တည္းက စတင္ဖြင့္လွစ္ခဲ့ၿပီး ဧရိယာစတုရန္းေပ( ၁၅၀၀၀၀၀)ေလာက္က်ယ္ျပန႔္ၿပီး တာဝန္ထမ္းေဆာင္သူ ဝန္ထမ္း (၁၀၀၀) ေက်ာ္ေလာက္ရွိပါတယ္။ ဒီျပတိုက္ဟာ အေမရိကန္ျပည္ေထာင္စုအစိုးရအဖြဲ႕ရဲ႕ Smithsonian Institution ရဲ႕အုပ္ခ်ဳပ္မႈလက္ေအာက္မွာရွိၿပီး အပင္၊တိရိစာၦန္၊ေက်ာက္ ျဖစ္႐ုပ္ႂကြင္း၊ေက်ာက္သား နမူနာသန္းေပါင္း(၁၂၆) သန္းေလာက္ကို လာေရာက္ေလ့ လာႏိုင္မွာပါ။

ဒါအျပင္ National Museum of Natural Historyဟာ သဘာဝပတ္ဝန္း က်င္ဆိုင္ရာေလ့လာသူ ပညာရွင္ေတြအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ ပင္မရင္းျမစ္တစ္ခုအ ေနနဲ႔ တည္ရွိေနတာကိုေတြ႕ရမွာပါ။ ျပတိုက္တည္ရွိတဲ့ေနရာကေတာ့ အေမရိကန္ျပည္ ေထာင္စုရဲ႕ သမိုင္းေမာ္ကြန္းျပယုဒ္ေနရာျဖစ္တဲ့ Washington, D.C က Nationl Mall အတြင္းမွာပဲျဖစ္ပါတယ္။ ေျမာက္အေမရိကတိုက္မွာေတာ့ ဒီျပတိုက္ဟာ လာေရာက္ လည္ပတ္သူ တတိယေျမာက္အမ်ားဆုံးျဖစ္ၿပီး ကမာၻေပၚကသဘာဝပတ္ဝန္းက်င္ျပ တိုက္ေတြအၾကားမွာေတာ့ ေခတ္အမီဆုံး၊အႀကီးက်ယ္ဆုံးနဲ႔ လာေရာက္လည္ပတ္သူ အမ်ားဆုံးေနရာျဖစ္ပါတယ္။

(၂) Metropolitan Museum of Art

အေမရိကန္ျပည္ေထာင္စုရဲ႕ အႀကီးဆုံးအႏုပညာျပတိုက္ျဖစ္တဲ့ Metropolitan Museum of Art ဟာ နယူးေယာက္ၿမိဳ႕ရဲ႕တည္ေနရာ(၃)ခုမွာဖြင့္လွစ္ထားရွိတာျဖစ္ၿပီး အႏုပညာလက္ရာေပါင္း(၂)သန္းေက်ာ္ေလာက္ကို ျပခန္း(၁၇)ခန္းအထိ ခြဲျခားဖြင့္လွစ္ ျပသထားတာကိုေတြ႕ရပါတယ္။ Metropolitan Museum of Artရဲ႕အဓိကအေဆာက္အ အုံေတြကေတာ့ Central Park အနီးမွာတည္ရွိၿပီး ဒီေနရာဟာ ကမာၻအႀကီးဆုံးအႏုပညာလက္ရာေတြတည္ရွိတဲ့ ဧရိယာအျဖစ္သတ္မွက္ႏိုင္ပါတယ္။

ျပတိုက္မွာရွိတဲ့ အႏုပညာလက္ရာေတြဟာ ေရွးေခတ္ေႏွာင္းအီဂ်စ္ေတြရဲ႕ ပန္းခ်ီလက္ရာေတြကေန မ်က္ေမွာက္ေခတ္ အေမရိကားမွာေခတ္စားတဲ့ ပန္းခ်ီလက္ရာေတြအထိ စုစည္းျပသ ထားတာကိုေတြ႕ရမွာပါ။ ဒါအျပင္ ကမာၻတိုက္ႀကီးအသီးသီးက အဖိုးမျဖတ္ႏိုင္တဲ့ အႏုပညာဖန္တီးမႈလက္ရာေတြကိုပါ ေခတ္အလိုက္၊အမ်ိဳးအစားအလိုက္ ခြဲျခားျပသ ထားပါတယ္။

(၁) National Air and Space Museum

အေမရိကန္ျပည္ေထာက္စုရဲ႕ အမ်ိဳးသားေလေၾကာင္းနည္းပညာနဲ႔အာကာသ ျပတိုက္ ဟာေျမာက္အေမရိကတိုက္သာမက တစ္ကမာၻလုံးရဲ႕ စိတ္ပါဝင္စားျခင္းကိုခံေနရတဲ့ ျပတိုက္တစ္ခုျဖစ္ပါတယ္။ ေျမာက္အေမရိကတိုက္မွာေတာ့ လာေရာက္လည္ပတ္သူ အမ်ားဆုံးအျဖစ္ သတ္မွက္ထားတဲ့ ဒီျပတိုက္ဟာ ကမာၻေလေၾကာင္းနဲ႔အာကာသ နည္း ပညာအားလုံးရဲ႕ ဗဟိုခ်က္မ ေနရာတစ္ခုဆိုရင္လည္း မမွားပါဘူး။

Geophysics (ဘူမိ ရႈပ)ဘာသာရပ္နဲ႔ Planetary (ၿဂိဳလ္နဲ႔ဆိုင္တဲ့) သိပၸံပညာရပ္ေတြကိုေလ့လာမႈ နယ္ပယ္ ေတြမွာလည္း အဓိကက်တဲ့ဒီျပတိုက္ဟာ ေလယာဥ္နဲ႔အာကာသလြန္းပ်ံယာဥ္ေတြ ျဖတ္သန္းတည္ေဆာက္လာပုံအဆင့္ဆင့္ကိုလည္း ျပသထားပါတယ္။ ျပတိုက္ရဲ႕ထင္ ရွားတဲ့အပိုင္းေတြကေတာ့ အေမရိကန္ေတြ လကမာၻကိုပထမဆုံး ေရာက္ရွိခဲ့တဲ့ Apollo 11 အာကာသယာဥ္၊ေရာ့ကတ္အင္ဂ်င္တပ္ဆင္ထားတဲ့ Bell X-1 နဲ႔ the Spirit of St. Louis အာကာသယာဥ္တို႔ျဖစ္ၾကပါတယ္။

Tags: kaung htetworld places
Next Post
အာဂျင်တီးနားနိုင်ငံအကြောင်း သိကောင်းစရာ

အာဂျင်တီးနားနိုင်ငံအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!