Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြောက်အမေရိကရဲ့ အထင်ကရမြို့တော် မက္ကဆီကိုစီးတီး

by Thutamm
January 18, 2021
Reading Time: 3min read
0
မြောက်အမေရိကရဲ့ အထင်ကရမြို့တော် မက္ကဆီကိုစီးတီး
Share on FacebookShare on Twitter

ရေးသားသူ – အောင်ကောင်းထက် (GAD)

မက္ကဆီကိုနိုင်ငံရဲ့မြို့တော် မက္ကစီကိုစီးတီးဟာ နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်သလို မြောက်အမေရိကတိုက်မှာ လူဦးရေအထူထပ်ဆုံးမြို့လည်းဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းက အမြင့်မားဆုံးသောအပိုင်းဖြစ်တဲ့ မက္ကဆီကို တောင်ကြား ဒေသမှာတည်ရှိနေတာဖြစ်ပြီး (၂၀၂၀)ပြည့်နှစ်၊ဒီဇင်ဘာလစာရင်းတွေအရမြို့တော်ရဲ့လူဦးရေဟာ (၉)သန်းအထိကိုရှိနေပါတယ်။ ဒေသ တခုလုံးမှာ ဆိုရင်တော့ လူဦးရေစုစုပေါင်း ၂၁သန်းကျော် အထိ ရှိနေတာဖြစ်ပါတယ်။

မက္ကဆီကိုစီးတီးဟာဆိုရင် စတုရန်းကီလိုမီတာ (၁၄၈၅)အထိ ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၇၃၅၀) မြင့်မားတဲ့နေရာမှာ တည်ရှိနေတာပါ။ မြို့တော် ပတ်ဝန်းကျင်ကိုတော့ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၁၆၀၀၀)လောက်မြင့်မားတဲ့ တောင်တန်းကြီးတွေ၊ မီးတောင်ကြီးတွေကနေ ဝိုင်းပတ်ကာရံထားပါတယ်။

မက္ကဆီကိုစီးတီးကိုတော့အမေရိကတိုက်ရဲ့သက်တမ်းအရင့်ဆုံးသောမြို့တော်ကြီး တစ်ခုအဖြစ်သာမက အမေရိက မူလဒေသခံမျိုးနွယ်စု indigenous တွေတည်ထောင်ခဲ့တဲ့ မြို့တော်ကြီးနှစ်ခုအနက်က တစ်မြို့(နောက်တစ်မြို့က အီကွေဒေါနိုင်ငံက Quitoမြို့)အဖြစ်လည်း ထင်ရှားပါတယ်။ မက္ကဆီကိုစီးတီးကို (၁၃၂၄)ခုနှစ်က Mexico Tenochtitlan အဖြစ် စတင်တည်ထောင်ခဲ့ပြီး ရာစုနှစ်တစ်စုကြာမြင့်ပြီးနောက်မှာတော့ ယင်းအရပ်က Tenochtitlan ၊ Texcoco နဲ့Tlacopan နယ်မြေတွေစုပေါင်းပြီး အဇက်တက်မဟာမိတ်နယ်မြေအဖြစ် ထူထောင်ခဲ့ကြပါတယ်။

မူလတည်ဆောက်တဲ့မြို့တော်ဟာဆိုရင် ရေကန် ကွန်ယက်များစွာတည်ရှိနေတဲ့ ကျွန်းတစ်ခုပေါ်မှာ စတင်အခြေချထားခဲ့တာဖြစ်ပြီး ယင်းအရပ်ကနေပဲနိုင်ငံရေး၊အုပ်ချုပ်ရေးဆိုင်ရာအချုပ်အခြာနေရာဖြစ်လာခဲ့ကာ ဝန်းကျင်ဒေသအားလုံးကိုလွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ပါတယ်။ Tenochtitian တို့အာဏာအမြင့်မားဆုံးရောက်ရှိချိန်မှာပဲ အလွန်များပြားတဲ့ ဘုရားကျောင်းကြီးတွေ၊နန်းတော်ကြီးတွေ၊ အထိန်းအမှတ် အဆောက်အအုံကြီးတွေ၊ ဘာသာရေး၊လူမျိုးရေး၊ ကိုးကွယ်ယုံကြည်မှု၊စစ်ဘက်ဆိုင်ရာနဲ့ကုန်သွယ်ရေးကဏ္ဍအခြေခံအဆောက်အအုံများစွာဟာထွန်းကားလာခဲ့ပါတယ်။

ယင်းအချိန်ကာလကတည်းက မက္ကဆီကိုစီးတီးရဲ့လူဦးရေဟာ (၁၀၀၀၀၀)ကနေ (၂၀၀၀၀၀)လောက်အထိကို ရှိနေခဲ့ပြီဖြစ်ကြောင်းကို (၁၅၁၉)ခုနှစ်ကလာရောက်ခဲ့တဲ့ စပိန်နယ်မြေသစ်ရှာဖွေရေးသမားတွေရဲ့မှတ်တမ်းတွေအရ သိခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ မက္ကဆီကိုစီးတီးဟာ စပိန်တွေရဲ့ကိုလိုနီနယ်မြေအဖြစ်ရောက်ရှိသွားခဲ့ပြန်ပြီး စပိန်အင်ပါယာသစ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ငွေကြေးဆိုင်ရာအဓိကအချက်အခြာကျတဲ့မြို့တော်ကြီးတစ်ခုအဖြစ်ဆက်လက်ရှိနေခဲ့ပြန်ပါတယ်။ (၁၈၂၄)ခုနှစ်ရောက်ချိန်မှာတော့ မက္ကဆီကိုစီးတီးဟာစပိန်တွေကနေလွတ်လပ်တဲ့နယ်မြေဖြစ်လာခဲ့ပြီး ခရိုင်နယ်မြေတစ်ခုဖြစ်လာခဲ့ပြန်ပါတယ်။

မက္ကဆီကိုစီးတီး Metropolitan Cathedral ဆိုတာကတော့ ဒီမြို့မှာရှိတဲ့ ကတ်သလစ်ဘာသာဝင်တွေရဲ့နာမည်ကျော်ဘုရားကျောင်းဖြစ်ပြီး ယင်းနယ်မြေရဲ့ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော်ကျောင်းထိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ ယင်းဘုရားကျောင်းဟာဆိုရင် မူလက အဇက်တက်နယ်မြေလို့သိကြတဲ့မြို့တော်ရဲ့အတွင်းပိုင်းနေရာမှာတည်ရှိနေပါတယ်။ ဘုရားကျောင်းကြီးကိုတော့ (၁၅၇၃) ကနေ (၁၈၁၃)ကာလအထိ အပိုင်းအလိုက် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ပင်မဘုရားကျောင်းဆောင်ကိုတည်ဆောက်ပြီးစီးတဲ့ မကြာခင်ကာလမှာပဲ မက္ကဆီကိုစီးတီး(ယင်းအချိန်က Tenochottian)ဟာဆိုရင် စပိန်တွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတော့တယ်။ ယင်းနောက်မှာတော့ စပိန်လူမျိုး ဗိသုကာပညာရှင် Cludio de Arcinega ကိုယ်တိုင် ဘုရားကျောင်းတည်ဆောက်ရေးလုပ်ငန်းတွင်း ပူးပေါင်းပါဝင်လာခဲ့ပြီး ယင်းကာလက စပိန်မှာနာမည်ကျော်နေတဲ့ Gothic Cathedral ဗိသုကာဒီဇိုင်းပုံစံနဲ့တည်ဆောက်မှုတွေကိုပါ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

Zocalo ဆိုတာကတော့ မက္ကဆီကိုစီးတီးမြို့တော်ရဲ့အလယ်မှာတည်ရှိနေတဲ့ ရင်ပြင်ကြီးဖြစ်ပြီး အဇက်တက်ခေတ်ကာလကတည်းကမြို့တော်နေပြည်သူတွေစုစည်းလာရောက်အပန်းဖြေရာနေရာဖြစ်ပါတယ်။ စစ်ရေးပြပွဲတွေ၊ အထိမ်းအမှတ်ပွဲတော်တွေ၊ တော်ဝင်အခမ်းအနားတွေအပြင် ခရစ်ယာန်ဘာသာရေးပွဲတော်တွေဖြစ်တဲ့ Holy week နဲ့ Corpus Christi တွေကိုလည်းနှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရင်ပြင်တစ်ခုလည်းဖြစ်ပါတယ်။

Zacalo နဲ့ဝိုင်းရံထားတဲ့ကျောက်သားတိုင်တွေဟာဆိုရင် မက္ကဆီကိုစီးတီးမြို့တော် ဖွဲ့စည်းတည်ဆောက်မှုပုံစံရဲ့အရေးပါတဲ့အပိုင်းမှာတည်ရှိပြီးနှစ်(၇၀၀)နီးပါးသက်တမ်းရှိနေပြီလည်းဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ Zocalo ဟာ Templo mayor ရဲ့အနောက်တောင်ဘက်ပိုင်းက block နေရာအဖြစ်ရှိနေပြီး အဇက်တက်တွေရဲ့ဒဏ္ဍာရီတွေမှာတော့ ယင်းရင်ပြင်ဟာ စကြာဝဠာရဲ့အလယ်တည့်တည့်နေရာဖြစ်တယ်လို့ ဆိုပါတယ်။

မက္ကဆီကိုစီးတီးရဲ့နာမည်ကျော်အဆောက်အအုံတစ်ခုဖြစ်တဲ့ Chapultepec ရဲတိုက်ကတော့ မြို့တော်ရဲ့ Chapultepec park အတွင်းမှာရှိနေ တဲ့ Chapultepec တောင်ထိပ်ပေါ်မှာတည်ရှိနေပါတယ်။ Chapultepec ဆိုတဲ့အမည်ကတော့ Nahuatl စကားကနေလာပြီး နှံကောင်တောင်ကုန်းထက်ကလို့ အဓိပ္ပါယ်ရပါတယ်။ ယင်းရဲတိုက်ကြီးဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၇၆၃၀)ပေမြင့်မားတဲ့နေရာမှာတည်ရှိနေတဲ့ Chapultepec ဥယျာဉ်ကြီးရဲ့ဝင်ပေါက်နေရာတစ်ခုအဖြစ်လည်းရှိနေပါတယ်။

မက္ကဆီကိုစီးတီးရဲ့မြို့လယ်မှာတည်ရှိနေတဲ့ Angel of Independence ကျောက်သားတိုင်ကြီးကတော့ မြို့တော်ရဲ့အမှတ်အသားနေရာအဖြစ်ရှိနေပြီး El angle အဖြစ်လူသိများကာ သမ္မတ Porfirio Diaz လက်ထက်(၁၉၁၀)ခုနှစ်က မက္ကဆီကိုပြည်တွင်းစစ်ပြီးဆုံးခြင်းအောင်ပွဲအဖြစ် ဗိသုကာပညာရှင် Antonio Rivas Mercadoကဦးစီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံရဲ့ အမျိုးသားပြတိုက်ဖြစ်တဲ့ National Museum of Anthropology ဟာဆိုရင်လည်း မက္ကဆီကိုစီးတီးမှာပဲတည်ရှိနေပြီး နိုင်ငံရဲ့ပြည်တွင်း/ပြည်ကဧည့်သည်လာရောက်လည်ပတ်မှုအများဆုံးပြတိုက်အဖြစ်လည်းရပ်တည်နေပါတယ်။ ယင်းပြတိုက်အတွင်းမှာတော့ သမိုင်းဆိုင်ရာရှားပါးအမွေအနှစ်များစွာတည်ရှိနေပြီး မက္ကဆီကိုရဲ့ ကိုလံဘီယာခေတ်ကာလမတိုင်ခင်ကာလ သမိုင်းအမွေအနှစ်တွေဖြစ်တဲ့ Stone of the Sun ၊ Aztec Xochipilli ရုပ်တုလိုသမိုင်းဝင်ပစ္စည်းတွေကိုပြသထားပါတယ်။

မက္ကဆီကိုသမိုင်းကြောင်းတစ်ခုလုံးမှာ ပေါ်ပေါက်ခဲ့တဲ့ သိပ္ပံ၊အတွေးအခေါ်ပညာရပ်၊နိုင်ငံရေးဆိုင်ရာသမိုင်းဝင်ပစ္စည်း/လက်ရာ/စာပေ စာဆောင်းမှုပေါင်း ၆သိန်းကျော် တည်ရှိရာပြတိုက်ဖြစ်တာကြောင့် Anthropology ပြတိုက်ကိုနိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာများစွာကိုဖော်ဆောင်ရာ ရတနာတစ်ခုအဖြစ်သတ်မှတ်ထားကြတာလည်းဖြစ်ပါတယ်။ နှစ်စဉ် လာရောက်သူပေါင်း ၂သန်းကျော် ရှိနေတဲ့ ပြတိုက်ကြီးလည်းဖြစ်ပါတယ်။

မက္ကဆီကိုစီးတီးမှာရှိတဲ့အခြားထင်ရှားတဲ့ပြတိုက်တစ်ခုကတော့ Museo Soumaya ဖြစ်ပြီးပုဂ္ဂလိကပြတိုက်တစ်ခုဖြစ်ပေမဲ့ အမြတ်ငွေရယူခြင်းမရှိဘဲ Plaza Carso နဲ့ Plaza Loreto အဆောက်အအုံ(၂)ခုအထိ ပြတိုက်ဧရိယာအတွင်းပါဝင်နေပါတယ်။ ပြတိုက်အတွင်းမှာတော့(၁၉)ရာစု၊(၂၀)ရာစုကာလကမက္ကဆီကိုနိုင်ငံမှာခေတ်စားခဲ့တဲ့ ဥရောပအနုပညာရှင်တွေဖြစ်တဲ့ Auguste Rodin ၊Salavador Dali ၊ Bartolome Esteban Murillo နဲ့ Tintoretto တို့ရဲ့ အနုပညာလက်ရာတွေရှိနေပါတယ်။

ဒါအပြင် Hispanic မီဆိုအမေရိကခေတ်ဦး အနုပညာလက်ရာတွေနဲ့အတူ ရာစုနှစ်ပေါင်း(၃၀)လောက်က မက္ကဆီကိုနိုင်ငံတွင်းတည်ရှိနေခဲ့တဲ့အနုပညာ လက်ရာဒီဇိုင်းပေါင်း (၆၆၀၀၀)လောက်ကို ကြည့်ရှုနိုင်ပါတယ်။ အနုပညာလက်ရာဒီဇိုင်းပိုင်းလေ့လာမှုနယ်ပယ်မှာတော့ အမေရိကတိုက်ရဲ့ အပြည့်စုံဆုံးသောပြတိုက်ကြီး တခုအဖြစ်လည်းကျော်ကြားပါတယ်။

Chapulteoec ကိုတော့အများစုက မြို့တော်ရဲ့ Bosque de Chapuitepec လို့လူသိများပြီး ဧက (၁၆၉၅)ဧကအထိကျယ်ပြန့်ကာ အနောက်ကမ္ဘာခြမ်းမှာတော့ အကြီးဆုံးသော မြို့ပြဥယျာဉ်အဖြစ်ရပ်တည်နေပါတယ်။ ဥယျာဉ်ရဲ့အလယ်ဗဟိုမှာတော့ Chapultepec Hill လို့သိကြတဲ့ ကျောက်သားအဆောက်အအုံတည်ရှိကာ ယင်းနေရာမှာပဲ အပင်နဲ့သတ္တဝါမျိုးစိတ်များစွာထားရှိပြီး ယင်းမှာရှိတဲ့စိမ်းလန်းတဲ့မြို့ပြဥယျာဉ်တွေကြောင့်လည်းမြို့တော်ရဲ့အဆုတ်အဖြစ် တင်စားခေါ်ဆိုကြလေ့ရှိပါတယ်။

ယင်းမြို့ပြဥယျာဉ်အပိုင်းဟာဆိုရင် ကိုလံဘီယာခေတ်ကာလမတိုင်ခင်ကတည်းကမြို့တော်ရဲ့အမှတ်အသားတစ်ခုအဖြစ်တည်ရှိနေခဲ့ကာဖြစ်ပြီး အဇက်တက်ဘုရင်တွေလက်ထက်ရောက်ချိန်မှာ ငုပ်လျိုးပျောက်ကွယ်ခဲ့ရပါတယ်။ စပိန်ကိုလိုနီခေတ်ကာလရောက်ချိန်မှာတော့ ယင်းမြို့ပြပန်းခြံအတွင်းမှာ Chapulteoec အမည်ရ ရဲတိုက်ကိုတည်ဆောက်ခဲ့ပြီး ယင်းအဆောက်အအုံဟာ နောက်ပိုင်းကာလတွေမှာတော့မက္ကဆီကိုနိုင်ငံရဲ့အကြီးအကဲတွေ တရားဝင်နေထိုင်ရာ အဆောက်အအုံဖြစ်လာခဲ့ပါတယ်။

မက္ကဆီကို စီးတီးမှာ တည်ရှိနေတဲ့ ယူနက်စကို စာရင်းဝင် ကမ္ဘာ့အမွေအနှစ် နေရာတွေကတော့ မက္ကဆီကိုစီးတီး သမိုင်းစင်တာ နဲ့ Xochimilco နယ်မြေ ၊ ၁၉၄၈ ခုနှစ် ကတည်ဆောက်ခဲ့ပြီး မက္ကဆီကို ဂန္ထဝင်အနုပညာရှင်များစွာရဲ့ အနုပညာလက်ရာတွေစုဆောင်းထားတဲ့ Luis Barragán စတူရီယို ၊ မက္ကဆီကို တက္ကသိုလ်ဒေသအတွင်းက Ciudad တက္ကသိုလ်နယ်မြေ တို့ ဖြစ်ပါတယ်။

မက္ကဆီကိုရိုးရာအရတော့ မက္ကဆီကိုစီးတီးကို La Cludad de los Palacios လို့ခေါ်ဆိုကြပြီးအဓိပ္ပါယ်ကတော့ နန်းတော်ကြီးတွေတည်ရှိရာမြို့တော်ဖြစ်ပါတယ်။ ယင်းအမည်ကိုတော့ (၁၉)ရာစုကမြို့တော်ကိုလာရောက်လည်ပတ်ခဲ့တဲ့ ဘာရွန်အလက်ဇန်းဒါးဘွန်ဟန်ဘိုဒတ်က ဥရောပတိုက်ကိုပြန်လည်ပေးပို့တဲ့စာလွှာမှာ La Cludad de los Palacios ဆိုတဲ့အသုံးကိုသုံးခဲ့တာဖြစ်ပါတယ်။

Tags: cities

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
နိုင်ငံအလိုက် အချမ်းသာဆုံးနိုင်ငံများ

နိုင်ငံအလိုက် အချမ်းသာဆုံးနိုင်ငံများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!