Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြောက်ကိုရီးယားနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
August 12, 2019
Reading Time: 2min read
0
မြောက်ကိုရီးယားနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

မြောက်ကိုရီးယားဟာ အာရှတိုက်အရှေပိုင်းက နိုင်ငံတစ်ခုဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ မြောက်ဘက်စွန်းအပိုင်းမှာ တည်ရှိပါတယ်။ ယခင်က ကွန်မြူနစ်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံ ဖြစ်ပြီး ၂၀၀၉ ခုနှစ်ကနေစပြီး ကွန်မြူနစ် နိုင်ငံမဟုတ်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။

နိုင်ငံရဲ့ တရားဝင်နာမည်ကတော့ ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ မြောက်ပိုင်းမှာ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တောင်ဘက်မှာတော့ တောင်ကိုရီးယားနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နိုင်ငံရဲ့တရားဝင်ရုံးသုံးဘာသာစကားကတော့ ကိုရီးယားဘာသာ စကား ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့က ကောက်ခံထားရှိတဲ့ စာရင်းတွေ အရတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ လူဦးရေဟာ ၂၅,၃၅၀,၃၅၁ ဦးရှိပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ (၉၇)ခု မြောက်အကြီးမားဆုံးနိုင်ငံဖြစ်ပြီး ဧရိယာ စတုန်ရန်းမိုင်(၄၆၅၄၀)မိုင်ကျယ်ဝန်းပါတယ်။  မြို့တော်ကတော့ ပြုံယမ်းဖြစ်ပြီး အကြီးမားဆုံးမြို့တော်လည်းဖြစ်ပါတယ်။ ပြုံယမ်းဟာ (၆၈)မိုင်အရှည်ရှိပြီး အနောက် ကိုရီးယားပင်လယ်ထဲကိုစီးဝင်တဲ့ Taedong မြစ်ရဲ့အထက်ပိုင်းမှာတည်ရှိပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကုန်း၊တောင်တန်းပေါများပြီး နိုင်ငံရဲ့သဘာဝရှုခင်း (၈၀)ရာခိုင်နှုန်းလောက်ဟာ တောင်ကုန်း၊ တောင်တန်းနဲ့ ကုန်းပြင်မြင့်တွေဖြစ်ကြပါတယ်။ နိုငံရဲ့ အနောက်ပိုင်းမှာတော့ ကျယ်ပြန့်တဲ့ ပင်လယ်ကမ်းရိုးတန်းလွင်ပြင်တွေတည်ရှိပြီး မြောက်ကိုရီးယား နိုင်ငံလူဦးရေရဲ့အများစုဟာ ယင်းဒေသမှာ အခြေချနေထိုင်ကြပါတယ်။

မြောက်ကိုရီး ယားနိုင်ငံရဲ့ အမြင့်ဆုံးနေရာကတော့ ကတော့ Mount Paektu မီးတောင်ဖြစ်ပြီး၊ မီးတောင်ရှင်တစ်ခု ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် (၉၀၀၃)ပေမြင့်ပါတယ်။ ဒီတောင်ရဲ့ထိပ်ပိုင်းမှာတော့ ကြီးမားတဲ့မီးတောင်ပေါက်ကွဲမှု ကြောင့်ဖြစ်ပေါ်လာတဲ့ ချိုင့်ကြီးကနေ ကန်တစ်ခုအသွင်ဖြစ်လာတဲ့ နာမည်ကျော် Heaven Lake တည်ရှိပါတယ်။ ဒီကန်ဟာမီးတောင်ပေါက်ဝအနေနဲ့ ဒယ်အိုးပုံသဏ္ဍာန် တည်ရှိပြီး အလွန်လှပတာကြောင့် ဒေသခံတွေကတော့ နတ်ဘုံနတ်နန်းတစ်ခုသဖွယ် တင်စားသတ်မှတ်ထားကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်အနေအထားကတော့ alpine (တောင် ပေါ်ဒေသတွင်ထူထပ်စွာပေါက်ရောက်တဲ့အပင်)တွေ လွှမ်းခြုံထားတဲ့မြင်ကွင်းတွေ၊ စိမ်းစိုနေတဲ့ သစ်ပင်သစ်တောတွေ၊ အဆုံးအစမရှိတဲ့ လယ်ကွင်းပြင်ကျယ်ကြီးတွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအောင်မြင်တဲ့ ရေချိုဒေသတွေ၊ ပင်လယ်နေသတ္တဝါ တွေကောင်းစွာပေါက်ဖွားရှင်သန်နိုင်တဲ့ (Marine ecosystem) တည်ရှိနေတဲ့ ဒေသတွေနဲ့ သာယာလှပတဲ့ မြင်ကွင်းများစွာကို ပိုင်ဆိုင်ထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ ကမ်းရိုးတန်းအရှည်ဟာ (၁၅၅၀)မိုင်ရှည်လျားပါတယ်။ ၂၀၁၂ ခုနှစ်က ကမ္ဘာဘဏ်ရဲ့ တိုင်းတာမှုတွေအရတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ၂.၃၂ ရာခိုင်နူန်းသာ သစ်တောတွေနဲ့ ဖုံးအုပ်လျက်ရှိကြောင်းတွေ့ရပါတယ်။

တရားမဝင်သစ်ခုတ်မှုတွေအပါအဝင် အဓိကအကြောင်းအရင်းကတော့ နောက်ပိုင်းမှာ တရုတ်ပြည်ဈေးကွက်ကို အပြိုင်အဆိုင် သစ်တင်ပို့ဖို့ဆုံးဖြတ်ခဲ့တဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင်တရုတ်သစ်ထုတ်လုပ်ရေး ကုမ္ပဏီများစွာလည်း မြောက်ကိုရီးယားအစိုးရနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကမ္ဘာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (UNESCO)ရဲ့ ကမ္ဘာအမွေအနှစ်အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ အဆောက်အအုံ(၂)ခုရှိ ပါတယ်။ ပထမတစ်ခုကတော့ မြောက်ကိုရီးယားနိုင်ငံ မြောက်ပိုင်းမှာတည်ရှိတဲ့ Complex of Goguryeo ရှေးဟောင်းသချိုင်းဂူတွေဖြစ်ပါတယ်။

၂၀၀၄ခုနှစ်၊ ဇူလိုင်လ မှာတော့ ဒီရှေးခေတ်သချိုင်းဂူတွေဟာ(UNESCO)ရဲ့ ကမ္ဘာအမွေအနှစ်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ ဒီနေရာမှာတော့ ကိုရီးယားမင်းဆက်ရဲ့ တတိယမြောက်မင်းဆက်ဖြစ်တဲ့ ဂိုဂူလျောဘုရင်တွေနဲ့တော်ဝင်မိသားစုရဲ့ ရှေးဟောင်းအုတ်ဂူ(၃၀)ကိုတွေ့မြင်ရမှာပါ။ ဒီရှေးဟောင်းဂူတွေဟာ ဂိုဂူလျောခေတ်က အနုပညာလက်ရာများစွာနဲ့ ဖန်တီးထားပြီး တစ်ဂူချင်းစီဟာ တစ်သီးတစ်ခြားတည်ရှိနေတာပါ။

ဒုတိယအနေနဲ့ တည်ရှိနေတာကတော့ Historic Monuments and Sites in Kaesong ဖြစ်ပြီး ဒီအဆောက်အအုံဟာ သီးခြားစီရပ်တည်နေတဲ့ အစိတ်အပိုင်း(၁၂)ခုပါဝင်ပါ တယ်။ ကိုရီးယားနိုင်ငံကို (၁၀)ရာစုကနေ (၁၄)ရာစုအထိအုပ်စိုးခဲ့တဲ့ Koryo မင်းဆက်ရဲ့ ယဉ်ကျေးမှုအနုပညာလက်ရာတွေကို ဒီနေရာမှာ တစ်စုတစ်ဝေးတည်း မြင်တွေ့နိုင်ပါတယ်။ ယင်းကာလက မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ Kaesong နန်းတော်ဟာ ပုံသေအချိုးနဲ့ တိတိကျကျတည်ဆောက်ထားတာဖြစ်ပြီး ရှေးခေတ်ကိုရီးယားတို့ရဲ့ ဗိသုကာလက်ရာ မြင့်မားပုံကို တွေ့ရှိနိုင်ပါတယ်။

ဒီနေရာမှာပဲ ရှေးခေတ်တက္ကသိုလ်တွေ ၊ သချိုင်းဂူတွေ၊ ကာကွယ်ရေးတံတိုင်း(မြို့ရိုး)တွေ၊ စစ်ဆေးရေးဂိတ်တွေတည်ရှိနေခဲ့ပြီး ရှေးခေတ်ကိုရီးယားလူမျိုးတွေရဲ့ လူမှုစီးပွားရေး၊ အနုပညာ၊ အတွေးအခေါ်နဲ့ ယဉ်ကျေးမှုတွေ မြင့်မားလျက်ရှိခဲ့ကြောင်း သက်သခံလျက်ရှိပါတယ်။ Historic Monuments and Sites in Kaesong ဟာ(UNESCO)ရဲ့ ကမ္ဘာအမွေအနှစ် အဖြစ်(၂၀၁၃)ခုနှစ်မှာသတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

မြောက်ကိုရီးယားရဲ့ထင်ရှားတဲ့နေရာတစ်ခုကတော့ မြို့တော်ပြုံယမ်းမှာတည်ရှိတဲ့ Juche Tower ဖြစ်ပြီး Juche(မိမကိုယ်ကိုယုံကြည်ခြင်း) ဆိုတဲ့နာမည်ကတော့ နိုင်ငံရေးသဘောတရားတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားကိုတည်ထောင်ခဲ့တဲ့ ပထမဆုံးသမ္မတကင်အီဆွန်းရဲ့ အတွေးအမြင် ဖြစ်ပါတယ်။ ဒီသဘောတရားကို မျှော်စင်ရဲ့ထိပ်ဆုံးမှာ ကျောက်ထက် အက္ခရာတင်ထား တာပါတယ်။

ဒီမျှော်စင်ကို ၁၉၈၂ ခုနှစ်၊ဧပြီလ(၁၅)ရက်နေ့က၊ ကင်အီဆွန်းရဲ့ အသက် (၇၀)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ Juche Tower ဟာ (၁၇၀)မီတာခန့် မြင့်ပြီး (၂၂)မီတာလောက်ကိုတော့ အလူမီနီယံသတ္ထု (၄၅) တန်လောက်ကို အသုံးပြုပြီးတည်ဆောက်ထားပါတယ်။ မျှော်စင်ရဲ့ကျန်မျက်နှာပြင်အပိုင်းတွေကိုတော့အလွန်မာကြောတဲ့ ကျောက်ပြား(၇၀)ခန့် အသုံးပြုပြီး တည်ဆောက်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းရဲ့အရှေ့မြောက်ဘက်အပိုင်း မှာတည်ရှိတဲ့ ဆန်းဂူဗိမာန်က ကမ်ဆူဆန်နန်းတော်မှာတော့ မြောက်ကိုရီးယားရဲ့ သမ္မတနှစ်ဦးဖြစ် တဲ့ကင်အီဆွန်း (၁၉၉၄ခုနှစ်ကွယ်လွန်)နဲ့ ၂၀၁၁ခုနှစ်ဒီဇင်ဘာကနှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ကင်ဂျုံအီတို့ရဲ့ ရုပ်အလောင်းတွေကို ပြသထားပါတယ်။

ရုပ်အလောင်းတာရှည်ခံနိုင်ရန်အတွက် ရုရှားနိုင်ငံက ပညာရှင်တွေကူညီခဲ့တာပါ။ ဒီနေရာကိုလာရောက်သူတွေအနေနဲ့ကတော့ဝတ်စားဆင်ယင်မှု၊အနေအထိုင်အပြုအမူကအစ စည်းကမ်းတင်းကျပ်လွန်းပြီး မှန်ခေါင်းတွေထဲမှာ ပကတိရုပ်အသွင်အတိုင်း ယနေ့တိုင်ရှိနေသေးတဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ အလောင်းရှေ့ကို ရောက်ရင်တော့ မဖြစ်မနေဂါဝရပြုရမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ မှာအထူးအလေးပေး ဖော်ပြရမှာတော့ Pyongyang metro(ပြုံးယမ်းမြေအောက်မီးရထားစနစ်) ဖြစ်ပြီး ဒါဟာ မြို့တော်ပြုံယမ်းရဲ့ ထင်ရှားတဲ့ပုံရိပ်လည်း ဖြစ်ပါတယ်။ မီးရထားလမ်းကြောင်းကတော့ နှစ်လိုင်းပဲရှိပြီး ဒီမြေအောက်လမ်းတွေဟာ အမေရိကန်က နျူးကလီးယားလက်နက်နဲ့ တိုက်ခိုက်လာပါက နိုင်ငံသားတွေခိုလှုံရာ ဘန်ကာအဖြစ်လည်းရည်ရွယ်ထားပါတယ်။

မီးရထားဘူတာရုံဟာ မြေအောက်ခပ်နက်နက်မှာတည်ရှိနေပြီး အရေးအကြောင်းဖြစ်ပါ ကပိတ်သွားမယ့် မြေအောက်တံခါးတွေကို မြင်တွေ့ရမှာပါ။ မြောက်ကိုရီးယား ခေါင်းဆောင်တွေဟာ အမေရိကန်ရဲ့လေကြောင်းကနေ နျူးကလီးယားလက်နက်နဲ့ တိုက်ခိုက်မှုကိုကာကွယ်ရန်ပြုံယမ်းမြို့ကို စစ်ဗျူဟာကျကျဖန်တီးထားတာကိုတွေ့ရမှာပါ။

Rungrado 1 st of May Stadium ကို May Day Stadium လို့လည်းခေါ်ဆိုနိုင်ပြီး မြောက်ကိုရီးယားရဲ့ အထင်ရှားဆုံးသော အားကစားကွင်းကြီးဖြစ်ပါတယ်။ ၁၉၈၉ခုနှစ်၊မေလ(၁)ရက်နေ့ကဖွင့်လှစ်ခဲ့ပြီး (၁၃)ကြိမ်မြောက်ကမ္ဘာလူငယ်အားကစားပွဲတော်ကိုလည်း လက်ခံကျင်းပခဲ့ဖူးပါတယ်။ ပြုံယမ်းမှာ တည်ရှိတဲ့ ဒီအားကစားကွင်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးအားကစားကွင်းကြီးဖြစ်ပြီး လူပေါင်း (၁၁၄၀၀၀) ဝင်ဆန့်ကာ ၂၀.၇ ဟက်တာ (၅၁ ဧက)အကျယ်ရှိပါတယ်။

ပြုံယမ်းမြို့တော်မှာရှိတဲ့The Arch of Triumph အထိမ်းအမှတ်အဆောက်အအုံဟာ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ (၁၉၂၅ ကနေ၁၉၄၅) ခုနှစ်အထိဂျပန်တွေရဲ့ ကျူးကျော်စစ်ကို အောင်မြင်စွာဟန့်တားနိုင်တဲ့ အထိမ်းအမှတ် အနေနဲ့တည်ဆောက် ခဲ့တာပါ။ ဒီအဆောက်အအုံကို အဖြူရောင်ကျောက်တွေကိုအသုံးပြုတည်ဆောက်ခဲ့ပြီး ၁၉၈၂ခုနှစ် ဧပြီ(၁၅)ရက်နေ့ကစတင် ဖွင့်လှစ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ The Arch of Triumph ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက်အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာအကြီးဆုံး The Arch of Triumph ကတော့ မြောက်အမေရိကတိုက် မက္ကဆီကိုနိုင်ငံမှာတည်ရှိပြီး (၁၉၇)ပေအမြင့်ရှိကာ (၁၆၄)ပေကျယ်ဝန်းပါတယ်။

တကယ်တော့ မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယားဟာ အစက တပေါင်းတည်းရှိခဲ့တာပါ။ ကိုရီးယားကျွန်းဆွယ် အခုလို နှစ်ပိုင်းကွဲသွားရခြင်းမှာ ဒုတိယကမ္ဘာစစ် မတိုင်မီ ကိုရီးယားကို ကိုလိုနီနယ်အဖြစ် အုပ်စိုးခဲ့သည့် ဂျပန်တို့က ၁၉၄၅ ခုနှစ်တွင် စစ်ရှုံးခဲ့ရသည့် ပယောဂကြောင့်ဆိုလျှင် မှားမည်မထင်ပါ။

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ လောက်က ယော်လတာမြို့၌ ကျင်းပခဲ့သော မဟာမိတ်နိုင်ငံကြီးများ၏ ညီလာခံတွင် ကိုရီးယားအရေး၌ စစ်ဆင်မှုလွယ်ကူစေရန် မြောက်လတ္တီတွဒ် မျဉ်းကြောင်း ၃၈ ဒီဂရီ၏ မြောက်ဘက်ပိုင်းကို ဆိုဗီယက်တပ်များက သိမ်းယူရန်နှင့် တောင်ဘက်ပိုင်းကို အမေရိကန်တပ်များက သိမ်းယူရန် သဘောတူညီခဲ့ကြပါတယ်။

ဤအစီအစဉ်မှာ သေနင်္ဂဗျူဟာနည်းအရ စစ်ဆင်မှု လွယ်ကူစေရန် အကြမ်းဖျင်း ပြဋ္ဌာန်းခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ် ပြီးဆုံးသောအခါ မဟာမိတ်နိုင်ငံကြီးများ၏ အမြင်တိုမှုကြောင့် ထိုနယ်နမိတ်အတိုင်းပင် ကိုရီးယားနိုင်ငံသည် မြောက်ပိုင်း၊ တောင်ပိုင်း ကွဲပြားလျက် ယနေ့တိုင် တည်ရှိနေခဲ့ရပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ (၁၉၄၈)ခုနှစ်မှာလွတ်လပ်ရေးရခဲ့ပြီး ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံကတော့ အသိအမှတ်ပြုခဲ့ခြင်းမရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံကို စတင်တည် ထောင်ခဲ့ချိန်တည်းက သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကင်အီဆွန်းရဲ့ သမ္မတ သက်တမ်းဟာ ကုန်ဆုံးချိန်ဆိုပြီးမရှိခဲ့ပဲ ၁၉၉၄ ခုနှစ်သူကွယ်လွန်ချိန်မှရပ်နားပါတော့တယ်။

ကင်အီဆွန်းဟာ အာဏာရှင်အဖြစ်နိုင်ငံတော်အာဏာကို (၂၃)နှစ်ကြာ အောင်ထိန်းချုပ်ခဲ့ကာ သားဖြစ်သူ ကင်ဂျုံအီထံ လက်ဆင့်ကမ်းခဲ့ပါတယ်။ သူရဲ့အာဏာ ရှင်စရိုက်နဲ့ စစ်ဘက်ရေးရာအလေးပေးတဲ့မူဝါဒတွေကြောင့် မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ယင်းအချိန်တည်းကစတင်ပြီး အထီးကျန်ဆန်လာခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ပြက္ခဒိန်ဟာ အလွန်ထူးခြားပြီး ကင်အီဆွန်းမွေးဖွားချိန်ကနေ့ကနေ စတင်ရေတွက်ပါတယ်။ ဥပမာပြောရရင် မျက်မှောက်ခေတ်က (၂၀၁၈)ခုနှစ် ဖြစ်ပေမယ့် မြောက်ကိုရီးယားမှာတော့ ကင်အီဆွန်းမွေးဖွားချိန်ဟာ ၁၉၁၂ခုနှစ်ကဖြစ်လို့ အဲဒီအချိန်က စတင်ရေတွက်လျှင်မြောက်ကိုရီးယားပြက္ခဒိန်အရ (၁၀၆)နှစ်သာ ရှိနေပါသေးတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ(၂၀၀၉)ခုနှစ်ကနေစပြီး တရားဝင်ကွန်မြူနစ် နိုင်ငံ မဟုတ်ကြောင်းကြေငြာခဲ့ပါတယ်။ ဂျူချီဆိုတဲ့ နိုင်ငံရေးသဘောတရားတစ်ခုကို စတင်ကျင်သုံးခဲ့တယ်လို့ဆိုပါတယ်။ ဂျူချီဆိုတာကတော့ ကင်အီဆွန်းရဲ့အတွေးအမြင် ဖြစ်ပြီး ကိုယ်တိုင်ယုံကြည်မှုကို အခြေခံပါတယ်။ သူရဲ့အုပ်ချုပ်မှုဆိုင်ရာနည်းစနစ်အရ မြောက်ကိုရီးနိုင်ငံရဲ့ ကံကြမ္မာကို မြောက်ကိုရီးယားပြည်သူတွေကသာ ဖန်တီးနိုင် မှာဖြစ်တဲ့ အတွက် နိုင်ငံပြုပြင်ပြောင်းလဲရေး၊ တည်ဆောက်ရေး တော်လှန်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့အဓိကအစားအစာ ကတော့ဆန်ဖြစ်ပြီး၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးတို့နဲ့တွဲဖက်စားသုံးကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံကစားသောက် ဆိုင် အတော်များများမှာ ရိုးရာအစားအသောက်တွေကို ဟင်းပွဲတွေနဲ့အတူချိတ်ဆွဲထားလေ့ရှိပြီး အများစုကတော့ အချိန်တိုအတွင်းချက်ပြုတ်နိုင်ကြကာ ထမင်းနဲ့တွဲဖက်စားသုံးရတဲ့ ဟင်းလျာတွေဖြစ်ပါတယ်။

မြောက်ကိုရီးယားအစားအသောက် တော်တော်များများဟာ တောင်ကိုရီးယားနိုင်ငံနဲ့ သွားတူနေခဲ့ပြီး ဟင်းခတ်အမွှေးအကြိုင်ကို အလေးထားမှုနည်းပါးကာ ခေါတ်ဆွဲပြုတ်၊ကင်ချီစတာတွေကို ရိုးရာအစား အသောက်အဖြစ်သတ်မှတ်စား သုံးကြပါတယ်။

Chollima လို့အမည်ပေးထားတဲ့ ဒဏ္ဍာရီဆန်ဆန်မြင်းပျံရုပ်တုဟာ မြောက်ကိုရီးယားနိုင် ငံရဲ့ အထိန်းအမှတ် တိရိစ္ဆာန်ဖြစ်ပါတယ်။ မြောက်ကိုရီးယားရှေးဟောင်းသုသေသနအဖွဲ့ကတော့ (၂၀၁၂)ခုနှစ်မှာ သူတို့အဖွဲ့ ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀၀၀)လောက်က နာမည်ကျော်စစ်ဘုရင်တစ်ဦးဖြစ်တဲ့ Tongmyung ကိုမြုပ်နှံထားတဲ့အခန်းကို သူစီးတော်ယာဉ်ဖြစ်တဲ့ ဒဏ္ဍာရီလာ ဦးချိုတစ် ဖက်တည်းရှိတဲ့ မြင်းရုပ်ကြွင်းနဲ့ အတူတွေ့ရှိခဲ့တယ်လို့ ကမ္ဘာကို ကြော်ငြာခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ဆေးခြောက်ကိုတရားဝင်အသုံးပြုခွင့်ရှိပြီး ဘေးဖြစ်စေတဲ့ ဆေးဝါးအဖြစ် သတ်မှတ်ထားခြင်းမရှိပါဘူး။ (ဒါပေမယ့် တချို့စစ်တမ်းတွေကတော့ ဆေးခြောက်ဟာ တရားမဝင်ဘူးလို့ ဆိုပါတယ်။ )ခရစ်ယာန်သမ္မာကျမ်းစာပိုင်ဆိုင်ထားခြင်း၊ တောင်ကိုရီးယားဇာတ်ကားများ၊ အနောက် တိုင်းရုပ်ရှင်နဲ့ ညစ်ညမ်းစာပေ၊Videoတွေဖြန့်ဝေခြင်းကိုတော့ မြောက်ကိုရီးယားအစိုးရ ကသေဒဏ်ပေးရမဲ့ လုပ်ရပ်အဖြစ်သတ်မှတ်ထားပါတယ်။

စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ အစိုးရအမှုထမ်းတွေပဲ မော်တော်ကားတွေကို ပိုင်ဆိုင်ခွင့်ရှိပါတယ်။ မြောက်ကိုရီးယား နိုင်ငံမှာတရားဝင်ခွင့်ပြုထားတဲ့ဆံပင်ပုံစံ(၂၈) မျိုးရှိပါတယ်။ အဲဒီစာရင်းက ကျော်လွန်ပြီး ဆံပင်ပုံစံထားပိုင်ခွင့်မရှိပါဘူး။ ဒါအပြင်မြောက်ကိုရီးယားနိုင်ငံမှာ ဂျင်းအဝတ်အစား ဝတ်ဆင်ခြင်းကို ပြင်းထန်စွာတားမြစ်ထားပါတယ်။

ဘာကြောင့်လဲဆိုတော့ ဂျင်းထည် အများစုက အမေရိကန်ပြည်ထောင်စုကတင်သွင်းတာ ကြောင့်ဖြစ်ပါတယ်။ မြောက်ကိုရီး နိုင်ငံကိုနှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ထောင်နဲ့ချီပြီးလာရောက်လည်ပတ်ကြပါတယ်။ စင်ကာ ပူနဲ့မလေးရှားနိုင်ငံ နှစ်နိုင်ငံသာ မြောက်ကိုရီးယားနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့်ရှိကြပါ တယ်။

မြောက်ကိုရီးယားကိုလာရောက်လည်ပတ်သူတွေဟာ အစိုးရရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာစိစစ်ခြင်းကိုခံရပြီး တရုတ်နိုင်ငံ ဘေဂျင်းက တစ်ဆင့်သာ မြောက်ကိုရီးယားနိုင်ငံအတွင်း ဝင်ရောက်ခွင့်ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေ ကိုတော့ဝင်ရောက်ခွင့်ပေးမထားပါဘူး။

မြောက်ကိုရီးယားနိုင်ငံကိုလာရောက်လည်ပတ် သူတွေဟာ အာဏာပိုင်တွေရဲ့ခွင့်ပြုချက် မရပဲ ဒေသခံတွေနဲ့ စကားစမြည်တောင် ပြောခွင့်မရှိပါဘူူး။ မြောက်ကိုရီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးဆိုင်ရာဥပဒေတွေထဲမှာ နိုင်ငံခြားသားတွေနဲ့ စကားပြောခွင့်မရှိပဲ တွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတယ် လို့ ဆိုပါတယ်။

သုတဇုန်

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!