Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြောက်ကိုရီးယားနိုင်ငံရဲ့ လူသိနည်းတဲ့ အချက် ၇ ချက်

by Thutamm
August 16, 2019
Reading Time: 1min read
0
မြောက်ကိုရီးယားနိုင်ငံရဲ့ လူသိနည်းတဲ့ အချက် ၇ ချက်
Share on FacebookShare on Twitter

ရေးသားသူ – ချစ်ဖေ(တောင်တွင်းမြေ)

မြောက်ကိုရီးယားက လက်ရှိ ကမ္ဘာမှာ ဗီလိန်လိုလို ဇာတ်ရုပ်နဲ့ နိုင်ငံရေး လောကမှာ ကျင်လည်နေသူ၊ တချို့ကလည်း သဘောကျကြတယ်၊ တချို့ကလည်း မကြိုက်ကြဘူး။ ဒါပေမယ့် သေချာတာကတော့ လူတိုင်း သူ့ကို သိတယ်၊ စိတ်ဝင်စားတယ်၊ ဒါပေမယ့် အခု ပြောမယ့် အချက်လေးတွေကိုတော့ မြောက်ကိုရီးယား နိုင်ငံနဲ့ ပတ်သတ်ပြီး သင် သိထားဦးမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီအကြောင်းလေးတွေ ဖောက်သည်ချ တင်ပြပါမယ်။

(၁) လူဦးရေ မများပေမယ့် စစ်သည်အင်အားကြီးမားလွန်းတယ်

CIA ရဲ့ စာရင်းတွေ အရ မြောက်ကိုရီးယားဟာ လူဦးရေ ၂၅ သန်းကျော်လောက်ပဲ ရှိတယ် လို့ ဆိုပါတယ်။ ကမ္ဘာမှာ လူဦးရေ အများဆုံး နိုင်ငံ အဆင့်မှာ ၅၁ ထိအောင် ရောက်နေ ပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ စစ်သည်အင်အား အကောင်းဆုံး နိုင်ငံတွေထဲက တခုပါ။ Newsweek ရဲ့ ဖော်ပြချက် အရ မြောက်ကိုရီးယားမှာ စစ်အားအား ၁ ဒသမ ၁၉ သန်းလောက် တာဝန်ထမ်းဆောင်နေပါတယ်။ တရုတ်လို လူဦးရေ အများဆုံး နိုင်ငံမှာတောင် လူဦးရေက ၁ ဒသမ ၃ ဘီလီယံ၊ စစ်သားက ၂ ဒသမ ၃ သန်းပဲ ရှိတာပါ။ လူဦးရေ သုည ဒသမ ၁၈ ရာခိုင်နှုန်းပဲ စစ်မှုထမ်းနေတာပါ။ မြောက်ကိုရီးယားကတော့ ၄ ဒသမ ၇ ရာခိုင်နှုန်းထိ စစ်မှုထမ်းနေပါတယ်။

(၂) စကိတ်စီးတာကို နှစ်သက်ကြတယ်

National Geographic ရဲ့ ဓာတ်ပုံဆရာ David Guttenfelder ရဲ့ ပုံတွေနဲ့ ပြောဆိုချက်တွေ အရ မြောက်ကိုရီးယား တနိုင်ငံလုံးက စကိတ်စီးတာကို အထူး နှစ်သက်ကြတယ် လို့ ဆိုပါတယ်။ အထူးသဖြင့် မြို့တော် ပြုံယမ်းမှာ စကိတ်ကွင်းတွေ မရေတွက်နိုင်လောက်အောင် တွေ့ခဲ့ရတယ် လို့ ဆိုပါတယ်။

(၃) မူးယစ်ဆေးသုံးစွဲမှု များတယ်

ခန့်မှန်းချက် အရ မြောက်ကိုရီးယားသား ၃၀ ရာခိုင်နှုန်းလောက်က မူးယစ်ဆေးသုံးစွဲမှု ရှိတယ်လို့ UPI ရဲ့ သတင်းတပုဒ် အရ သိရပါတယ်။ မြောက်ကိုရီးယား အခေါ် Yeoksam ဆိုတဲ့ မူးယစ်ဆေး အမျိုးအစား ကို တရုတ်နယ်စပ်ကနေ ဖြတ်ပြီး တရုတ်နိုင်ငံထဲကိုတောင် တင်ပို့မှုတွေ ရှိသေးတယ် လို့ Radio Free Asia ရဲ့ သတင်း အရလည်း သိရပါတယ်။ Public Radio International ကတော့ မက်သာဖက်တမင်း (Methamphetamines) တွေ ဖြစ်တယ် လို့ ဆိုပြီး နိုင်ငံ တဝှမ်း တရားဝင် ခွင့်ပြုထားတာ မဟုတ်ပေမယ့် အများစုက သုံးနေတာ ဖြစ်တယ် လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အလုပ်သမားတွက အချိန်ကြာ အလုပ် လုပ်နိုင်ဖို့ ဆေးအနေနဲ့ သုံးတာ ဖြစ်တယ် လို့ သိရပါတယ်။

(၄) ကမ္ဘာ့အကြီးဆုံး အားကစားကွင်းရှိတယ်

ပရိတ်သတ် ဆံ့ဝင်မှု ပမာဏနဲ့ တိုင်းတာမယ် ဆိုရင် မြောက်ကိုရီးယားမှာ ရှိတဲ့ May Stadium က ပရိတ်သတ် ၁ ဒသမ ၅သိန်း ဆံ့ပါတယ်။ သူ့ရဲ့ နောက်မှာ ဒုတိယ အကြီးဆုံး အားကစားကွင်းက Ann Arbor’s Michigan Stadium ရှိပြီး ပရိတ်သတ် ၁ ဒသမ ၁၄ သိန်း ဆံ့ပါတယ်။ အခု မေအားကစားကွင်းကို Arirang Festival ကျင်းပဖို့ အဓိက တည်ဆောက်ထားတာပါ။ ဒီပွဲက သြဂုတ်နဲ့ စက်တင်ဘာတွေမှာ မြောက်ကိုရီးယား ရိုးရာ၊ ယဉ်ကျေးမှု အထိမ်းအမှတ်ပွဲ အဖြစ် နှစ်စဉ် ကျင်းပနေတာ ဖြစ်ပါတယ်။

(၅) ၅ နှစ်တကြိမ် ရွေးကောက်ပွဲ ရှိသေးတယ်

အာဏာရှင် နိုင်ငံလို့ သင့် အနေနဲ့ အလွယ်ထင်မှတ် ထားနိုင်ပေမယ့် တကယ်တော့ ၅ နှစ် ၁ ကြိမ် ရွေးကောက်ပွဲ ရှိပါတယ်။ The Economist ရဲ့ ဖော်ပြချက် တခုအရ ပြည်နယ်၊ တိုင်း တနယ်စီ ကနေ ရွေးကောက်ခံလိုသူတွေ ပါဝင် ယှဉ်ပြိုင်နိုင်တယ် လို့ ဆိုပါတယ်။ ကိုယ်နှစ်သက်ရာ ရွေးကောက်ခံသူကို ရွေးမဲလည်း ပေးနိုင်သလို ထူးခြားချက်က ကိုယ် မနှစ်သက်သူကို မနှစ်သက်ကြောင်း ပယ်မဲလည်း ပေးနိုင်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် မဲပေးသူ တယောက်က ရွေးမဲ ဒါမှမဟုတ် ပယ်မဲ တခု၊ တကြိမ်ပဲ ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၆) ကိုယ်ပိုင် စံတော်ချိန် ရှိတယ် 

၂၀၁၅ ခုနှစ် သြဂုတ် ၁၅ ရက်နေ့က မြောက်ကိုရီးယားက သူ့နိုင်ငံရဲ့ ကိုယ်ပိုင်စံတော်ချိန် သတ်မှတ် ပိုင်ဆိုင်ခဲ့တာပါ။ CNN ရဲ့ ဖော်ပြချက်အရ အနီးဆုံး အိမ်နီးချင်းနိုင်ငံရဲ့ စံတော်ချိန်နဲ့ နာရီဝက် ကွာတယ် လို့ ဆိုပါတယ်။ ပြုံယမ်းရဲ့ စံတော်ချိန်ကို GMT+ 08:30 အဖြစ် သတ်မှတ်ထားတာပါ။

(၇) ဆင်းရဲ ချမ်းသာ ကွာဟချက် များတယ်

အများစုသော မြောက်ကိုရီးယား ပြည်သူတွေက နေ့စဉ် နေထိုင်ရေးနဲ့ စားဝတ်နေရေး အတွက် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် အချို့သော လူချမ်းသာနဲ့ အစိုးရ အသိုင်းအဝိုင်း အာဏာပိုင်တွေကတော့ ချမ်းသာမှုတွေ အပြည့်နဲ့ နေရတယ် လို့ NPR ရဲ့ သတင်း အရ သိရပါတယ်။ လူဆင်းရဲတွေမှာ ဖုန်းသုံးဖို့နဲ့ အိမ်တွင်း ဖျော်ဖြေရေး ပစ္စည်းတွေနဲ့ ဝေးနေ တတ်ပေမယ့် လူကုံထံတွေ အတွက်တော့ ရုပ်ရှင်ရုံတွေ၊ အပန်းဖြေ ဥယျာဉ်တွေနဲ့ အချိန်ကုန်စရာတွေ အပြည့်ရှိတယ် လို့ ဆိုပါတယ်။

Ref: www.businessinsider.com

ချစ်ဖေ(တောင်တွင်းမြေ)
Irrawaddy Burmese

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ဓာတ်လှေကား တို့ရဲ့ သမိုင်းကြောင်း

ဓာတ်လှေကား တို့ရဲ့ သမိုင်းကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!