• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အောက်ပိုင်းသေပြီး မျက်မမြင်တစ်ယောက် ဖြစ်နေခဲ့တာတောင် ဘဝကို အရှုံးမပေးသူ

by Thutamm
August 13, 2019
Reading Time: 1min read
0
အောက်ပိုင်းသေပြီး မျက်မမြင်တစ်ယောက် ဖြစ်နေခဲ့တာတောင် ဘဝကို အရှုံးမပေးသူ
Share on FacebookShare on Twitter

ရေးသားသူ – ဗန်းမော်သိန်းဖေ 

မိမိရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ပျက်စီးသွားပြီး အများသူငါလိုမသွားလာနိုင်၊ မလှုပ်ရှားနိုင်လို့ စိတ်ဓာတ်ကျနေသလား။ မျက်စိနှစ်ဖက်စလုံးမမြင်ဘဲ ကိုယ်အောက်ပိုင်းသေနေတာတောင် ဘဝကို အရှုံးမပေး သူလုပ်ချင်တာတွေကို သာမန်လူတွေထက် ထူးထူးကဲကဲ စွမ်းဆောင်ခဲ့တဲ့ မတ်ခ်ပိုးလော့ (Mark Pollock) အကြောင်း ဖတ်ကြည့်လိုက်ပါ။

မတ်ခ်ကို ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ၂၉ ရက်နေ့က မြောက်အိုင်ယာလန်နိုင်ငံ ကောင်တီဒေါင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ အသက် ၅နှစ်သားအရွယ်မှာ ညာဖက်မျက်စိတစ်ဖက် လုံးဝကွယ်သွားပါတယ်။ ကစားကွင်းတစ်ခုမှာ လဲကျလို့ ခေါင်းနဲ့ ကြမ်းပြင် ဆောင့်မိသွားပြီး အားနည်းနေတဲ့ မျက်ကြောလွှာ (retina) ကွာထွက်သွားလို့ပါ။ အဲဒီအချိန်ကစပြီး သူ့မိဘတွေက လူချင်းထိခိုက်နိုင်မဲ့ ကစားနည်းတွေကို မကစားဖို့ပြောထားလို့ သူဝါသနာပါတဲ့ ရပ်ဘီ (Rugby) ကစားတာနဲ့ ဘောလုံးကန်တာကို လုံးဝမကစားတော့ဘဲ လှေလှော်တာနဲ့ရွက်လွှင့်တာကိုပဲ လုပ်တော့တယ်။

သူ အထက်တန်းကျောင်းအောင်တော့ Dublin မြို့က Trinity College မှာ သွားတက်တယ်။ စီးပွားရေးပညာဘာသာရပ် သင်ယူနေရင်း တက္ကသိုလ်လှေလှော်အသင်းမှာ ပါဝင်ခဲ့တယ်။ တက္ကသိုလ်လှေလှော်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ၁၉၉၇ ခုနှစ်မှာ မြောက်အိုင်ယာလန်နိုင်ငံရဲ့ လက်ရွေးစင် လှေလှော်အသင်းမှာပါဝင်ပြီး နိုင်ငံတကာ လှေလှော်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ အဲဒီအချိန်ထိ မတ်ခ်ဟာ မျက်လုံးတစ်ဖက်မမြင်ပေမဲ့ သူ့လက်ရှိဘဝဟာ သာယာလှပနေသလို တက္ကသိုလ်က ဘွဲ့ရပြီးရင် လစာကောင်းတဲ့ အလုပ်အကိုင်ရဖို့ကလဲ သေချာနေတာမို့ သူရဲ့အနာဂတ်ဘဝဟာလဲ သာယာဖြောင့်ဖြူးနေပါတယ်။

ဒါပေမဲ့ ၁၉၉၈ ခုနှစ် ဧပြီလမှာ သူ့ရဲ့ သာယာစိုပြေနေတဲ့ ဘဝကို ရုတ်တရက် အမှောင်ဖုံးလွမ်းသွားပါတော့တယ်။ အဲဒါက မတ်ခ်ဟာ ရုတ်တရက် မျက်စိကြည့်ရတာ မှုန်ဝါးလာတယ်။ ၂ ပတ်အကြာမှာ သူ့ရဲ့ ကောင်းနေတဲ့ ဘယ်ဖက်မျက်လုံးဟာလဲ မျက်ကြောလွှာ ဒုက္ခပေးပြီး လုံးဝကွယ်သွားပြန်တယ်။

ဆရာဝန်တွေက သူ့မျက်စိကို ၂ ကြိမ် ခွဲစိပ်ကုသပေးပေမဲ့ သူ့မျက်စိပြန်မကောင်းလာတော့ဘူး။ မတ်ခ်တစ်ယောက် မျက်စိနှစ်ဖက်စလုံး မမြင်တဲ့ မျက်မမြင်တစ်ယောက် ဖြစ်သွားပြီ။ မတ်ခ်တစ်ယောက် ဘယ်လိုခံစားရမလဲ။ သူ့ဘဝဟာ နေ့ချင်းညချင်း အဆိုးဖြစ်သွားတာမို့ ရုတ်တရက်တော့ စိတ်ဓာတ်အကြီးအကျယ်ကျပြီး ခံစားသွားရတယ်။ သူ့ရဲ့ အနာဂတ်အိပ်မက်ကမ္ဘာကြီး ပြိုလဲသွားပြီ။ သူ့ရဲ့ ဘဝရှေ့ရေး အလုပ်အကိုင် အိမ်ထောင်ပြုဖို့ အစီအစဉ်စိတ်ကူးတွေ လေထဲမှာပျောက်ကွယ်သွားပြီ။

မျက်မမြင်တစ်ယောက်အနေနဲ့ တက္ကသိုလ်ဆက်တက်ဖို့ မဖြစ်နိုင်လို့ တက္ကသိုလ်က နုတ်ထွက်ပြီး သူ့အမေအိမ်ကို ပြောင်းနေလိုက်တယ်။ (သူ့အမေနဲ့အဖေဟာ ကွာရှင်းထားကြတယ်။) မတ်ခ်က အဲဒီအချိန်က အကြောင်းလေးကို ခုလိုပြောပြခဲ့တယ်။ “ရုတ်တရက် မျက်လုံးနှစ်ဖက်စလုံး မမြင်ရတော့ ကျနော် ဘယ်လောက်စိတ်ဆင်းရဲသလဲဆိုရင် ညမအိပ်ခင် ဘုရားဆုတောင်းတယ်။ အခုဖြစ်နေတာ တကယ်ဖြစ်နေတာ မဟုတ်ပါစေနဲ့။ အိပ်မက်တစ်ခုပဲ ဖြစ်ပါစေ။ မနက်မိုးလင်းလို့ အိပ်ယာကနိုးလာတော့လဲ တကယ်ဖြစ်နေတာပါလို့ သိရပြန်တော့ ဝမ်းနည်းပြီး ငိုချင်လာမိတယ်ဗျာ” တဲ့။

ဒါပေမဲ့ မတ်ခ်ဟာ အားကစားသမားတစ်ယောက်ဖြစ်တာကြောင့် စိတ်ဓာတ်ကြံ့ခိုင်တယ်။ သူ့ဘဝကို သူများအပေါ် မမှီခိုချင်လို့ သူ့ဘဝကို သူ့ဘာသာတည်ဆောက်ဖို့ စတင်ကြိုးပမ်းတယ်။

ပထမ သူ့ခွေးလေး လယ်ရီရဲ့လည်ပင်းမှာ ချည်ထားတဲ့ ကြိုးလေးကိုကိုင်ပြီး သူသွားချင်တဲ့နေရာကို သွားတယ်၊ လာတယ်။ နောက်ပြီးတော့ သူအလုပ်လုပ်ချင်လို့ အလုပ်ခေါ်တဲ့ အင်တာဗျူးတွေကို လိုက်ဖြေတယ်။ ကုမ္ပဏီတွေက မျက်မမြင်ဖြစ်နေတဲ့ မတ်ခ်ကို အလုပ်မခန့်ကြပါဘူး။ နောက်ဆုံးမှာ သူ တက္ကသိုလ်တက်တုံးက သူငယ်ချင်းတစ်ယောက်ရဲ့အဖေက သူ့ကိုသနားပြီး သူ့ကုမ္ပဏီမှာအလုပ်ခန့်ပေးလိုက်တယ်။ လုပ်ရတဲ့အလုပ်က ဝန်ထမ်းတွေကို ဖျော်ဖြေရေးပွဲမှာ အစီအစဉ်လုပ်ပေးရတာပါ။

လအတန်ကြာတော့ မတ်ခ်ဟာ သူ့ဘဝကို ဒီလိုဘဝမျိုးနဲ့ပဲ မကုန်ဆုံးသွားစေချင်ဘူး။ ဒါကြောင့် လှေလှော်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ တစ်ယောက်စီး လှေလှော်လေ့ကျင့်တယ်။ ၂၀၀၂ ခုနှစ်မှာ ကျင်းပတဲ့ ဓနသဟာယ အားကစားပွဲတော် (Common Weatlh Games) လှေလှော်ပြိုင်ပွဲမှာ ဒုတိယငွေတံဆိပ်တစ်ခုနဲ့ တတိယကြေးတံဆိပ်တစ်ခု ရလိုက်တယ်။ မျက်မမြင်တစ်ယောက်အနေနဲ့ ဒီလိုကြီးကျယ်တဲ့ အားကစားပြိုင်ပွဲကြီးမှာ ဆုတံဆိပ်ရလိုက်တာ မတ်ခ်အတွက် ဂုဏ်ယူစရာပါ။ ဒါပေမဲ့ သူဟာ ဒီလောက်နဲ့ပဲ မကျေနပ်သေးပါဘူး။ ဒီထက်ကြီးကျယ်တာတွေ ထပ်လုပ်ချင်သေးတယ်။

ဒါ့ကြောင့် မတ်ခ်ဟာ လှေလှော်တာရပ်နားလိုက်ပြီး အခြား အားကစားဖက် ကူးပြောင်းလိုက်တယ်။ ၂၀၀၃ ခုနှစ် တရုတ်ပြည်က နေပူရှိန် အင်မတန်ပြင်းတဲ့အချိန်မှာ ကျင်းပတဲ့ ဂိုဘီသဲကန္တာရ မာရသွန်ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်တယ်။ ၇ ရက်ကြာကျင်းပတဲ့ မာရသွန်ပြိုင်ပွဲ ၆ မျိုးမှာ မျက်စိမြင်တဲ့ အဖော်တစ်ယောက်ရဲ့ ပခုံးကိုကိုင်ပြီး ဝင်ပြိုင်ခဲ့တယ်။ ၂၀၀၄ ခုနှစ်ကျပြန်တော့ မျက်မမြင်တွေအတွက် ကျင်းပပေးတဲ့ မြောက်ဝန်ရိုးစွန်း မာရသွန်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြန်တယ်။

နောက်တစ်ခါ အဲဒီ ၂၀၀၄ ခုနှစ်မှာ ကျင်းပတဲ့ ရေစီးအရမ်းသန်တဲ့မြစ်ထဲမှာ တစ်ယောက်စီး လှေလှော်ပြိုင်ပွဲမှာ ဝင်ပြိုင်တယ်။ ၂၀၀၆ ခုနှစ်မှာ နယူးဇီလန်နိုင်ငံရဲ့ကျွန်းတစ်ခုကနေ နောက်ကျွန်းတစ်ခုဆီသွားရတဲ့ တစ်ယောက်စီးလှေလှော်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပြန်တယ်။ အဲဒီပြိုင်ပွဲမှာ သံမဏိလူသား (Ironman) ဆုရခဲ့ပါတယ်။

မျက်စိမမြင်တဲ့ အားကစားသမားဆိုပြီး မတ်ခ်ရဲ့ ဓာတ်ပုံတွေ သတင်းစာတွေမှာ ဖော်ပြကြတော့ မတ်ခ်က သူနာမည်ကြီးတာ သူ့ရဲ့စွမ်းဆောင်မှုကြောင့်မဟုတ်ဘဲ မျက်စိမမြင်တာကြောင့်လို့ မြင်လာတယ်။ ဒါကြောင့် မတ်ခ်ဟာ သူ့ရဲ့ကြီးမားတဲ့ စွမ်းဆောင်မှုကိုပြသဖို့ စိန်ခေါ်မှုကြီးတစ်ခုမှာ ပါဝင်ရင်ဆိုင် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒါကတော့ အေးခဲလှတဲ့ တောင်ဝန်ရိုးစွန်း ရေခဲပြင်ပေါ်တက်ရမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ တစ်သင်းမှာ ၃ ယောက်ပါဝင်တဲ့ နိုင်ငံပေါင်းစုံက အသင်း ၁၀ သင်းပြိုင်တဲ့ပွဲပါ။ ပြိုင်ပွဲမှာ မတ်ခ်နဲ့ သူ့အဖော်နှစ်ယောက်ဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ မိုင်ပေါင်း ၄၇၀ ရှည်တဲ့ ရေခဲပြင်ကြီးကို ကီလို ၉၀ လေးတဲ့ ပစ္စည်းတွေ လျှောလှည်းနဲ့ဆွဲပြီး သွားရတယ်။ သူတို့ဟာ တစ်နေ့ကို အနည်းဆုံး ၁၂ နာရီကြာနဲ့ ၄၃ ရက်တိုင်တိုင် တောင်ဝန်ရိုးစွန်းထိရောက်အောင် သွားကြရတယ်။

ရာသီဥတုကလဲ လေကြမ်းတွေတိုက်ပြီး အပူချိန်ကလဲ ရေခဲမှတ်အောက် အနုတ် ၅၀ ဒီဂရီထိ ကျနေတယ်။ သူတို့ခြေလက်တွေ ဖူးယောင်ကိုက်ခဲကုန်ကြတယ်။ နားနဲ့ လက်ချောင်းလေးတွေမှာ နှင်းကိုက် (Forst bite) ဖြစ်ကုန်လို့ ထုံကျင်ပြီး အထိအတွေ့ မခံစားရတော့ဘူး။ နောက်ဆုံးတော့ အသင်း ၁၀ သင်းမှာ ၆ သင်းပဲ တောင်ဝန်ရိုးစွန်းကို ရောက်သွားကြတယ်။ မတ်ခ်တို့ရဲ့အသင်းက ပဉ္စမပဲ ရပါတယ်။

ဒါပေမဲ့ သူတို့ မြောက်အိုင်ယာလန်ကို ပြန်လာကြတော့ အိုင်ယာလန် နိုင်ငံသားတွေက သူတို့ကို သူရဲကောင်းတွေအဖြစ် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်။ အဲဒီပြိုင်ပွဲအပြီးမှာ မတ်ခ်ဟာ ဂျော့ဆိုတဲ့ အမျိုးသမီးလေးနဲ့ ချစ်ကြိုက်သွားခဲ့တယ်။ မတ်ခ်အတွက် သူလုပ်ချင်ခဲ့တဲ့ ကြီးမားတဲ့စွမ်းဆောင်မှုကြီးလဲ လုပ်ပြီးသွားသလို ချစ်သူရည်းစားလည်းရပြီမို့ သူ့ဘဝဟာ ပြည့်စုံသွားပြီလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ ကြမ္မာဆိုးရဲ့ ထိုးနှက်မှု တစ်ခု ထပ်မံကြုံလိုက်ရပြန်ပါပြီ။ ၂၀၁၀ ခုနှစ် ဇူလိုင်လ မတ်ခ်ဟာ သူချစ်သူ ဂျော့နဲ့လက်ထပ်ဖို့ ၄ ပတ်အလိုမှာ သူ့အိမ် ဒုတိယထပ်မှာ လမ်းလျှောက်နေရင်း ပြတင်းပေါက်ကနေ ချော်ကျသွားပြီး ၂၅ ပေ မြင့်တဲ့ အမြင့်ကနေ မြေပြင်ကို ထိုးကျသွားတယ်။ ခေါင်းခွံကွဲအက်သွားပြီး ခါးဆစ်ရိုး ၃ နေရာမှာ ကျိုးသွားတယ်။ ခါးဆစ်ရိုး ထိခိုက်သွားလို့ လမ်းလျှောက် မရတော့ဘူး။ ဆေးဝါးကုသမှုတွေ၊ ခွဲစိမ်မှုတွေ လုပ်ပေမဲ့လဲ သူအောက်ပိုင်း သေသွားပြီး လမ်းလုံးဝ မလျှောက်နိုင်တော့ပါဘူး။

ကဲ… မတ်ခ်တစ်ယောက် ဒီတစ်ခါ လုံးဝ စိတ်ဓာတ်ကျသွားပြီလား။ ငါ့လောက် ကုသိုလ်ကံဆိုးတဲ့လူ ဒီလောကမှာ မရှိတော့ဘူးဆိုပြီး ထိုင်ငိုနေမှာလား။ မတ်ခ်ရဲ့ ဘဝအဘိဓာန်မှာ ငိုကြွေးခြင်း၊ အရှုံးပေးလက်မြှောက်ခြင်းဆိုတဲ့ စကားလုံးတွေ မရှိပါဘူး။

သူဟာ သူ့ဘဝဖြစ်စဉ်အကြောင်းကို (လမ်းမလျှောက်နိုင်တော့ လက်တွန်းလှည်းနဲ့ သွားလာရင်း) Making It Happen ဆိုတဲ့ စာအုပ်တစ်အုပ် ရေးတယ်။ ရောင်းကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ခဲ့တယ်။ ကမ္ဘာအနှံ့လှည့်လည်ပြီး လူတွေကို စိတ်ဓာတ်မြှင့်တင်ရေးဟောပြောပွဲတွေလုပ်ရင်း ဝင်ငွေကောင်းလာခဲ့တယ်။ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုထောင်ပြီး စီးပွားရေးလုပ်သလို ခြေလက်မသန်မစွမ်းသူတွေကို ကူညီနေတဲ့ လူမှုရေးလုပ်ငန်းတွေလဲ ဆောင်ရွက်ပေးနေပါတယ်။

သူ တိုက်ပေါ်ကပြုတ်ကျပြီး အောက်ပိုင်းသေသွားတုံးက သူ့ကိုကြင်ကြင်နာနာ ပြုစုပေးခဲ့တဲ့ သူ့ရည်းစားဂျော့နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။ သူ ကျောင်းတဝက်တပျက်ပဲ တက်ခဲ့ရတဲ့ Dublin မြို့က Trinity College က သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးခဲ့သလို Belfast မြို့က Queens University ကလဲ သူ့ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အပ်နှင်းခဲ့ပါတယ်။ နိုင်ငံတကာကလဲ သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ခဲ့ပါတယ်။

ဆရာဗန်းမော်သိန်းဖေ ရဲ့ သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ စာအုပ်မှ

Tags: world people
Next Post
အမေရိကန် သမ္မတတစ်ယောက် လုပ်ခွင့်မရှိသောအရာများ

အမေရိကန် သမ္မတတစ်ယောက် လုပ်ခွင့်မရှိသောအရာများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!