Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘရုစ်လီအကြောင်း သိကောင်းစရာ

by Thutamm
July 24, 2019
Reading Time: 1min read
0
ဘရုစ်လီအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ရေးသားသူ – ဗန်းမော်သိန်းဖေ

ဘရုစ်လီ (Bruce Lee) ရဲ့ကွန်ဖူးသိုင်း ရုပ်ရှင်ကားတွေကို ကြည့်ဖူးကြမှာပါ။ တကယ်တော့ ဘရုစ်လီရဲ့ ရုပ်ရှင်ကားတွေကြောင့် အနောက်နိုင်ငံနဲ့ ဥရောပကလူတွေ အရှေ့တိုင်းသိုင်းပညာကို သိလာပြီး စိတ်ဝင်စားခဲ့ကြတာပါ။ဘရုစ်လီရဲ့ ဘဝဖြစ်စဉ်လေးကို လေ့လာကြည့်ရအောင်လား။

ဘရုစ်လီကို ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ မွေးဖွားခဲ့လို့ မွေးကတည်းက အလိုအလျောက် အမေရိကန်နိုင်ငံသား ဖြစ်ခဲ့ပါတယ်။ ဘရုစ်ဆိုတဲ့နာမည်ကို ဆေးရုံမှာမွေးပေးတဲ့ သူနာပြုဆရာမတစ်ယောက်က ပေးခဲ့တာပါ။ အမည်ရင်းက “Lee Jun Fan” ပါ။ သူ့အဖေက တရုတ်ရိုးရာကပွဲမှာ သီချင်းဆိုသူတစ်ယောက်ပါ။ ဘရုစ်လီဟာ မွေးချင်း ၃ ယောက်ထဲက အလတ်ပါ။

ဘရုစ်လီကို အမေရိကန်မှာ မွေးပြီး မကြာခင်မှာ သူ့မိဘတွေဟာ ဟောင်ကောင်ကျွန်းက ကောင်လွန်မြို့ကို ပြောင်းရွှေ့သွားကြတယ်။ အဲဒီအချိန်က ဟောင်ကောင်ကျွန်းဟာ ဗြိတိသျှရဲ့အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ ဘရုစ်လီဟာ အသက် ၅ နှစ်အရွယ်မှာပဲ ဟောင်ကောင်က ရုပ်ရှင်ကား ၂၀ လောက်မှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီးပြီ။

သူ အသက် ၁၈ အရွယ်မှာ La Salle College တက်ပါတယ်။ ကျောင်းသားဘဝမှာ ဟောင်ကောင်လမ်းသူရဲတွေရဲ့ ထိုးကြိတ်ရိုက်နှက်တာခံလိုက်ရတယ်။ ဘရုစ်လီဟာ တရုတ်သိုင်းဆရာကြီး “Sifu Yip Man” ဆီမှာ သိုင်းပညာသင်ယူတယ်။ Yip Man ရဲ့ ဝင်ချွန်းသိုင်းပညာကို ဆရာဆီမှာသင်တာ အဲဒီတစ်ခါဘဲရှိပါတယ်။ ဘရုစ်လီဟာ အနောက်တိုင်းအကဖြစ်တဲ့ ချာချာအကကို သင်ယူခဲ့ပြီး အသက် ၁၈ နှစ်အရွယ်မှာ ဟောင်ကောင်နိုင်ငံရဲ့ ချာချာ အကပြိုင်ပွဲမှာ ချန်ပီယံဆု ရခဲ့သေးတယ်။ စိတ်ဆတ်ပြီး သိုင်းတော်တဲ့ ဘရုစ်လီဟာ ဟောင်ကောင်ရဲတွေရယ်၊ ဟောင်ကောင်မှာရှိတဲ့ အင်္ဂလိပ်ကျောင်းသားတွေနဲ့ မကြာခဏ ရန်ဖြစ် ပြဿနာတက်ပြီး လမ်းသူရဲအဖွဲ့ဝင်တစ်ယောက်လဲ ဖြစ်လာခဲ့တယ်။ သူ့နောင်ရေးကို စိုးရိမ်တဲ့ ဘရုစ်လီရဲ့အဖေက သူ့ကိုအမေရိကန်နိုင်ငံကို ပို့လိုက်တယ်။ အဲဒီအချိန်က ၁၉၅၉ ခုနှစ် သူ အသက် ၁၉ နှစ်သားပေါ့။

အမေရိကန်နိုင်ငံရောက်တော့ ဘရုစ်လီဟာ ဆန်ဖရန်စ္စကိုမြို့ရဲ့ချိုင်းနားတောင်းက အသိတစ်ယောက်ရဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်တယ်။ မကြာခင် ဝါရှင်တန်မြို့က တက္ကသိုလ်တစ်ခုမှာ သွားတက်တယ်။ ဒဿနိကဘာသာရပ် ယူပါတယ်။ ကျောင်းဆင်းလို့ ညနေရောက်တဲ့အခါ ကွန်ဖူးသိုင်းကို တစ်ယောက်ထဲ အပြင်းအထန် လေ့ကျင့်တယ်။

အဲဒီမှာ သူ့ကိုယ်ပိုင်သိုင်းပညာတစ်မျိုး ထွင်လိုက်ပြီး Jeet Kung Do (ဂျစ်ကွန်းဒို)လို့ နာမည်ပေးထားတယ်။ ၁၉၆၃ ခုနှစ်ရောက်တော့ တက္ကသိုလ်တဝှမ်းမှာ သူ့ရဲ့ ဂျစ်ကွန်ဒိုသိုင်းကို လူသိများလာတာကြောင့် တက္ကသိုလ်နဲ့ မလှမ်းမကမ်းမှာ သူ့ရဲ့ ကွန်ဖူးသင်တန်းကျောင်းတစ်ခု ဖွင့်လိုက်တယ်။ ကရာတေး၊ ဂျူဒိုပြိုင်ပွဲတွေမှာ ဘရုစ်လီဟာ သူ့ရဲ့ဂျစ်ကွန်ဒိုသိုင်းစွမ်းရည်ကို ပြလေ့ရှိတယ်။ နောက်တစ်နှစ်မှာ သူ့သင်တန်းလာတက်တဲ့ လင်ဒါအင်မာရီနဲ့ လက်ထပ်လိုက်တယ်။

သိုင်းပြိုင်ပွဲတစ်ခုမှာ လာကြည့်သူတွေထဲက ဟောလီးဝုဒ် ရုပ်ရှင်လောကမှာ နာမည်ကြီး ဆံပင်အလှပြုပြင်သူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ အဲဒီမိတ်ဆွေရဲ့ မိတ်ဆက်ပေးမှုကြောင့် တီဗွီရုပ်သံလွှင့်ကုမ္ပဏီတစ်ခုက ထုတ်လုပ်သူနဲ့ သိသွားတယ်။ အဲဒီ တီဗွီရုပ်ရှင်အဖွဲ့က ဘရုစ်လီကို နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ “The Green Hornet” အစီအစဉ်မှာ အဓိက ဇာတ်ဆောင်မင်းသားရဲ့ ကိုယ်ရံတော်အဖြစ် သရုပ်ဆောင်ခိုင်းတယ်။ အဲဒီအချိန်မှာပဲ သူဟာ ဒုတိယမြောက် ကွန်ဖူးသင်တန်းကျောင်းကို ဟောလီးဝုဒ်နဲ့နီးတဲ့ အုတ်ကလင်းမြို့လေးမှာ ဖွင့်လိုက်ပါတယ်။

“The Green Hornet” ရုပ်သံအစီအစဉ်ဟာ တစ်နှစ်ကြာ အပိုင်း ၂၆ ပိုင်းပြသပြီး ရပ်နားလိုက်ပါတယ်။ အဲဒီအခါမှာ ဘရုစ်လီရဲ့ ကွန်ဖူးစွမ်းရည်ကို အမေရိကန်က လူတော်တော်များများ သိသွားကြပြီ။ ဘရုစ်လီရဲ့ သင်တန်းကျောင်းကို ဟောလီးဝုဒ်မှာ နာမည်ကြီးနေကြတဲ့ အက်ရှင်မင်းသားတွေလဲ လာတက်ကြတယ်။ ဘရုစ်လီဟာ နောက်ထပ် တီဗွီအစီအစဉ်တချို့မှာလဲ သရုပ်ဆောင်ခဲ့ပါတယ်။ ဘရုစ်လီရဲ့ဘဝကို ရုတ်တရက်ပြောင်းလဲသွားစေခဲ့တာက ၁၉၇၁ ခုနှစ်မှာပါ။ သူဟာ သူ့မိဘတွေရှိတဲ့ ဟောင်ကောင်ကျွန်းကို အလည်ပြန်လာခဲ့တယ်။

ဟောင်ကောင်ရုပ်ရှင်လောက,ကနာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ရေမွန်ချောင်က ဘရုစ်လီကို ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်ဖို့ ကမ်းလှမ်းတယ်။ ဘရုစ်လီက လက်ခံလိုက်ပြီး “The Big Boss” ဆိုတဲ့ ကွန်ဖူးသိုင်းရုပ်ရှင်ကားကိုငွေကြေးများများ မသုံးဘဲ ရိုက်ဖြစ်တယ်။ အဲဒီရုပ်ရှင်ကားကို ဟောင်ကောင်မှာ ရုံတင်တင်ချင်း ကြည့်သူတွေ အရမ်းများပြီး ဝင်ငွေကောင်းတဲ့ ရုပ်ရှင်ကားတစ်ခုဖြစ်ခဲ့တယ်။ ဘရုစ်လီတစ်ယောက်လဲ သူ့သိုင်းစွမ်းရည်ကြောင့် နေ့တွင်းချင်း နာမည်ကြီးဟောင်ကောင်မင်းသား ဖြစ်သွားခဲ့တယ်။

ဒါကြောင့် ရေမွန်ချောင်က ဘရုစ်လီနဲ့ “The Fist of Fury” ဆိုတဲ့ ရုပ်ရှင်နောက်တစ်ကား ထပ်ရိုက်တယ်။ ဒီကားကို ငွေကြေးအတော် အကုန်အကျခံ ရိုက်လိုက်တယ်။ အဲဒီကားလဲ အရမ်းအောင်မြင်သွားပြန်လို့ ဘရုစ်လီလဲ နာမည်ပိုကြီးလာခဲ့တယ်။ နောက်တစ်ကားဖြစ်တဲ့ “Way of the Dragon” ရုပ်ရှင်ကားကို ၁၉၇၂ ခုနှစ်မှာ ရိုက်ပြီး ဟောင်ကောင်မှာသာမက အမေရိကန်နိုင်ငံက ရုပ်ရှင်တွေမှာ ပြခဲ့တယ်။ ရုပ်ရှင်ကားကောင်းသလို ဘရုစ်လီရဲ့ သိုင်းစွမ်းရည်ကို အနောက်နိုင်ငံက သိလာခဲ့ကြတယ်။

နောက်ဆုံးတော့ ဟောလီးဝုဒ်က ရုပ်ရှင်ကုမ္ပဏီကြီးတွေက ဘရုစ်လီကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာခဲ့ကြတယ်။ “Enter the Dragon” စတဲ့ သိုင်းကားကို ဟောလီးဝုဒ်က ဒေါ်လာတစ်သန်း အကုန်ခံရိုက်ခဲ့တာ ဝင်ငွေ ဒေါ်လာသန်း (၂၀၀) ရသွားခဲ့တယ်။ ဘရုစ်လီတစ်ယောက်အရမ်းနာမည်ကြီး တက်လာချိန်မှာပဲ ရေတိမ်နစ်သွားခဲ့ရတယ်။ ၁၉၇၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ဟောင်ကောင်မှာ ရုပ်ရှင်တစ်ကားလာရိုက်ရင်း ဟောင်ကောင်ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့အိမ်မှာ ခေါင်းကိုက်လို့ အကိုက်အခဲပျောက်ဆေးသောက်ပြီး သတိလစ်သွားတယ်။ ဆေးရုံကို အမြန်ပို့ပေမဲ့လဲ ဘရုစ်လီတစ်ယောက် ကွယ်လွန်ဆုံးပါးသွားခဲ့တယ်။

သူရဲ့ဈာပနကို ချစ်ခင်ကြတဲ့ ဟောင်ကောင်ပရိသတ် (၃)သောင်းကျော် တက်ရောက်ကြပြီး သူ့ရုပ်ကလပ်ကို လိုက်ပါပို့ဆောင်ခဲ့ကြတယ်။ အမေရိကန်မှာရှိတဲ့ ဟောလီးဝုဒ် ရုပ်ရှင်လောက,က လူတွေကလဲ သူ့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ လုပ်ခဲ့ကြတယ်။ ဘရုစ်လီ ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ဇနီး လင်ဒါရယ်၊ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့တယ်။

သူ့သား ဘရင်ဒန်လီဟာလဲ ကွန်ဖူးသိုင်းရုပ်ရှင်မှာ သရုပ်ဆောင်ရင်း ရိုက်ကွင်းမှာသေနတ်ကျည်ဆံ မတော်တဆထိမှန်ပြီး ကွယ်လွန်သွားခဲ့ပြန်တယ်။ ဘရုစ်လီကြောင့် အရှေ့တိုင်းသိုင်းပညာကို ကမ္ဘာက သိလာခဲ့တာပါ။ သူ့ရုပ်ရှင်ကားတွေ ကြည့်ဖူးပြီး သူ့ကိုချစ်တဲ့လူတွေဟာ သူ့ကို ယနေ့တိုင် လွမ်းဆွတ်နေကြဆဲပါ။

(ဆရာဗန်းမော်သိန်းဖေ ရဲ့ သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ စာအုပ်မှ)

Tags: world people
Next Post
စင်ကာပူနိုင်ငံ အကြောင်း သိကောင်းစရာ

စင်ကာပူနိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!