Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သေဆုံးသူရဲ့ သားအိမ်နဲ့ အစားထိုးကာ ကလေးမွေးနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးဖြစ်စဉ်

by Thutamm
August 14, 2019
Reading Time: 1min read
0
သေဆုံးသူရဲ့ သားအိမ်နဲ့ အစားထိုးကာ ကလေးမွေးနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးဖြစ်စဉ်
Share on FacebookShare on Twitter

သားအိမ်အစားထိုးကာ ကလေးမွေးဖွားနိုင်မှုဟာ အခုမှ စအောင်မြင်ခဲ့တာတော့ မဟုတ်ပါဘူး။ ယခင်က အကြိမ်ပေါင်း ၃၉ကြိမ်လောက် ပြုလုပ်ခဲ့ပြီး ကလေး ၁၁ ယောက်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီခွဲစိတ်မှုအားလုံးမှာ သက်ရှိအမျိုးသမီးတစ်ဦးရဲ့ သားအိမ်နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

အခုလို သေဆုံးပြီး အမျိုးသမီးတစ်ဦးရဲ့သားအိမ်နဲ့ အစားထိုးကာ ကလေးမွေးဖွားမှုကတော့ ပထမဆုံးအကြိမ်အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ယခင်ကလည်း သေဆုံးသူရဲ့သားအိမ်နဲ့ အစားထိုးမှုပေါင်း ၁၀ကြိမ်လောက် စမ်းသပ်ခဲ့ဖူးပေမယ့် ကလေးမွေးနိုင်ခဲ့ခြင်းမရှိတဲ့အတွက် အခုလိုအစားထိုးမှု အောင်မြင်သွားတာဟာ ဆေးလောက အတွက်တော့ဝမ်းသာစရာ သတင်းပါ။

ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့ အမျိုးသမီးကတော့ အသက် ၃၂နှစ်အရွယ် ဘရာဇီးအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမဟာ မွေးဖွားစဉ်ကလည်း သားအိမ်ပါမလာခဲ့သူဖြစ်ပါတယ်။ ဒီလိုသားအိမ်မပါတဲ့ရောဂါကို Mayer-Rokitansky-Küster-Hauser လို့ခေါ်ပြီး အယောက် ၄၅၀၀ မှာ ၁ယောက်ခန့် ဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၆ခုနှစ်မှာ ဦးနှောက်သွေးယိုမှုနဲ့ သေဆုံးသွားတဲ့ အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦးရဲ့ သားအိမ်နဲ့ အစားထိုးကာ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုတက္ကသိုလ်မှာရှိတဲ့ Hospital das Clínicas က ဆရာဝန်တွေက ဒီခွဲစိတ်မှုကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီအစားထိုးခွဲစိတ်မှုဟာ ၁၀ နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ အဲဒီနောက်တော့ အစားထိုးသားအိမ်နဲ့ အမျိုးသမီးဟာ ၈ လ၊ ၃ ပတ်နဲ့ ၃ ရက်ကြာ ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် ကိုယ်အလေးချိန် ၆ပေါင်ရှိတဲ့ သမီးငယ်လေးကို ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့မှာ အောင်မြင်စွာ ဗိုက်ခွဲပြီး မွေးဖွားနိုင်ခဲ့ပါတယ်။

အစားထိုးမှုကို ဦးဆောင်တဲ့ ဆော်ပေါ်လိုဆေးတက္ကသိုလ်က ဒေါက်တာ Dani Ejzenberg ကတော့ “ဒီအောင်မြင်မှုဟာ ကျွန်တော်တို့အတွက်အရေးကြီးသလို သူမအတွက်လည်း အလွန်အရေးပါပါတယ်။ တစ်သက်လုံး ကလေးမရတော့ဘူးလို့ ထင်ထားတာ အခုတော့ သူမပြုံးပျော်နိုင်ပါပြီ ၊ ကလေးတောင် ၁နှစ်ပြည့်ပါတော့မယ်” လို့ ဆိုပါတယ်။

အမျိုးသမီးကို သားအိမ်အစားထိုးကုသမှု ပြုလုပ်ခဲ့ပြီး ၇လ နဲ့ ၁၀ရက်အကြာမှ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ကလေးဟာ မွေးဖွားပြီး ရက် ၂၀မှာတင် ကိုယ်အလေးချိန် ၁၆ပေါင်ရှိလာခဲ့ပြီး အခုလည်း ကျန်းကျန်းမာမာရှိနေပါတယ်။ ဒီအောင်မြင်မှုကြောင့် ဘရာဇီးဆရာဝန်အဖွဲ့ကို ကမ္ဘာတဝန်းက ချီးကျူးနေကြပါတယ်။ အခုအကြောင်းအရာကိုတော့ UK အခြေစိုက် အထင်ကရ ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet က ဖေါ်ပြခဲ့တာပါ။

 

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

Next Post
အလှမယ် (သို့) အစ္စရေးစစ်သမီး (သို့) Wonder Woman

အလှမယ် (သို့) အစ္စရေးစစ်သမီး (သို့) Wonder Woman

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!