တောင်အမေရိကတိုက်မှာရှိတဲ့ ချီလီနိုင်ငံက Gaspar လို့အမည်ရတဲ့ အိမ်မွေးခွေးလေးတစ်ကောင်ဟာ ခရီးသည်တင်လေယာဉ်ပေါ်ကနေမတော်တဆပြုတ်ကျခဲ့ပြီး ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ပါတယ်။ Gaspar ဟာ Atacama သဲကန္တာရထဲမှာ (၆)ရက်တိတိ အစာရေစာ စားသောက်ခြင်းမရှိပဲဦးတည်ရာမဲ့ လျောက်သွားနေခဲ့ပါတယ်။ Atacama ကန္တာရဟာ ချီလီနိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံး ကန္တာရတွေထဲက တစ်ခုဖြစ်ပြီး ဧရိယာအကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၄သောင်းကျော် ကျယ်ဝန်းပါတယ်။ နောက်ဆုံးမှာ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ ကယ်တင်ခြင်းကိုခံရပြီး သူ့သခင်နဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်။
Gaspar ရဲ့ ပိုင်ရှင် JanisCavieres သူတို့အိမ်မွေးတိရိစ္ဆာန်လေးရဲ့ အသက်ကို ကယ်တင်ပေးဖို့အတွက် လူမူကွန်ယက်တွေမှာ အကူအညီတောင်းခံမှုကြောင့် တာဝန်ရှိလေကြောင်းလိုင်းမှ တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ကျေးဇူးကြောင့် သူတို့ခွေးလေးကို အသက်ရှင်လျက်နဲ့ပြန်လည်တွေ့ခဲ့ရတာပါ။ Gasparပြုတ်ကျခဲ့တဲ့ လေယာဉ်လိုင်းကလည်း တာဝန်သိမှု တာဝန်ခံမှု အပြည့်အဝပေးခဲ့ပြီး ဒီကယ်ဆယ်ရေးလုပ်ငန်းတစ်လျောတ် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူူးပေါင်းဆောင်ရွတ်ခဲ့တာမို့ ဒီဇာက်လမ်းလေးဟာ ပျော်ရွှင်စရာဇာတ်သိမ်းခဲ့တာပါ။
ကြမ်းတမ်းတဲ့ Atacama သဲကန္တာရထဲမှာ အစာရေစာမရှိပဲ တစ်ပတ်နီးပါးကြာအောင် အသက်ရှင်နိုင်ဖို့ဆိုတာ တိရစ္ဆာန်တစ်ကောင် မဆိုထားနဲ့ သက်ရှိလူသားတစ်ယောက်တောင် ရပ်တည်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် Dachsund ခွေးအမျိုးအစား Gaspar ကတော့ လေယာဉ်ပေါ်က မတော်တဆ ပြုတ်ကျခဲ့ပြီး တစ်ပတ်နီးပါး ဒီနေရာမှာ ဦးတည်ရာမဲ့လျောက်သွားပြီး ဆက်လက်ရှင်သန်ခဲ့ပါတယ်။ အသက်(၂)နှစ်သားအရွယ်သာ ရှိသေးတဲ့ ဒီခွေးလေးဟာ ကံတရားရဲ့ မျက်နှာသာပေးမှုနဲ့အတူ ကြုံလာသမျှကို ကြံ့ကြံ့ခိုင်ပြီးကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရကနေ လွတ်မြောက်လာနိုင်ခဲ့တာပါ။
Gaspar ရဲ့ ကြီးကျယ်တဲ့ စွန့်စားခန်း ဟာ ဇွန်လ (၂၉)ရက်နေ့မှာစတင်ခဲ့တာပါ။ သူ့သခင်ဖြစ်သူ Janis Cavieres ဟာ သူမချစ်သူနဲ့အတူ ချီလီနိုင်ငံမြောက်ပိုင်းက lquique မြို့ကို ရောက်ရှိနေခဲ့တာပါ။ ဒါကြောင့်သူမနေထိုင်ရာ Santiago မြို့မှာ ရှိတဲ့ သူမ သူငယ်ချင်း Ligia Gallardo ကို ဖုန်းဆက်ပြီး သူမအချစ်တော်ခွေးလေးကို လေယာဉ်နဲ့ခေါ်ဆောင်စေပြီး သူမကိုယ်တိုင် lquique မြို့ ကလေဆိပ်မှာ လာကြိုမယ်ဖြစ်တဲ့အကြောင်းဖုန်းဆက်အကြောင်းကြားထားခဲ့ပါတယ်။ ဒီလိုနဲ့ Gasparကို လေယာဉ်ကုန်ပစ္စည်းတွေတင်တဲ့ အခန်းက အိမ်မွေးတိရစ္ဆာန်တွေကို သီးသန့်ထားတဲ့ လှောင်အိမ်ထဲကို laliga ကိုယ်တိုင်ထည့်ပြီးသယ်ဆောင်လာခဲ့ပါတယ်။
ဒီလိုနဲ့ Ligiaဟာ ဒုတိယအကြိမ်မြောက် Gaspar ရဲ့အခြေအနေကို ကြည့်ရန်လာတဲ့အခါ လှောင်အိမ်တံခါးပွင့်နေတာကိုသာတွေ့ရပြီး လေယာဉ်ဝန်ထမ်းတွေက မတော်တဆမှုတစ်ခုကြောင့် Gaspar ဟာလေယာဉ်ပေါ်ကျသွားခဲ့ပြီးဖြစ်ကြောင်းသူမကိုပြောကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကိုဘယ်သူမှ တိတိကျကျ မမြင်လိုက်ပါဘူး။ လေကြောင်းလိုင်းက တာဝန်ရှိသူတွေကတော့ လေယာဉ်ရဲ့ လှုပ်ရမ်းမှုတစ်ခုကြောင့်Gasparကို ထည့်ထားတဲ့လှောင်အိမ်ဟာ မူလနေရာက ထားတဲ့နေရာကနေ အောက်ကိုကျသွားခဲ့ကာ အောက်ကိုကျသွားတဲ့အရှိန်ကြောင့် လှောင်အိမ်တံခါးဟာပွင့်သွားခဲ့ပြီးGasparဟာအပြင်ကိုထွက်ကျသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ Gaspar ဟာ လေယာဉ်လမ်းကြောင်းရဲ့ အနီးဆုံးဖြစ်တဲ့ Atacama သဲကန္တာရထဲကိုရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ သူ့သူငယ်ချင်းဆီကနေ ဒီသတင်းကိုကြားတဲ့ Gaspar ရဲ့ ပိုင်ရှင် Janis Cavieres ဟာသူမရဲ့အချစ်တော်လေးရဲ့အသက်ကိုကယ်တင်ပေးဖို့အတွက်သက်ဆိုင်ရာအဖွဲ့အစည်းတွေကို လူမူကွန်ယက်တွေမှာ အကူအညီတောင်းခံမှုကြောင့် မကြာခင်မှာပဲဒီလေကြောင်းလိုင်းက သက်ဆိုင်ရာတာဝန်ရှိသူတွေ ချီလီတပ်မတော်သားကယ် ဆယ်ရေးအဖွဲ့တွေစုပေါင်းပြီး သဲကန္တာရအတွင်းက Gaspar ကိုကယ်တင်နိုင်ရေးအစီစဉ်တွေကိုစတင်ခဲ့ပါတယ်။
အစောပိုင်းကယ်ဆယ်ရေးအစီစဉ်တွေမှာ ရှာဖွေရမယ့် ဧရိယာ ကျယ်ပြန့်တာကြောင့် အခက်အခဲတွေရှိခဲ့ပါတယ်။ Gaspar ကိုကယ်ဆယ်နိုင်ဖို့ရာမသေချာတဲ့အနေအထားတွေဖြစ်ခဲ့ပေမယ့် ခြောက်ရက်မြောက်နေ့မှာတော့ အသက်(၂)နှစ်သား ခွေးသက်ပြင်းလေး Gasparကို ကံကောင်းထောက်မစွာနဲ့ ပြန်လည်ရှာတွေ့နိုင်ခဲ့ပြီး သူသခင်ရဲ့လက်ထဲကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကပြန်ထည့်ပေးနိုင်ခဲ့ပါတယ်။ Gasparကို ကယ်တင်တဲ့နေရာအထိ လာရောက်သတင်းယူခဲ့တဲ့ ချီလီသတင်းထောက်ရဲ့ အဆိုအရတော့ Gaspar ဟာထိတ် လန့်နေခဲ့ပြီး အဟာရချို့တဲ့နေတဲ့ ပုံပေါက်နေပါတယ်။ ဒါအပြင် သူပျောက်ဆုံးသွားတဲ့(၆) ရက် အတွင်းပေါင်ချိန် အလွန်ကျဆင်းသွားတယ်လို သိရပါတယ်။
အခုအချိန်မှာတော့ Gaspar လေးဟာ တိရိစ္ဆာန်ဆရာဝန်နဲ့ကုသမှု ကိုခံယူနေပြီဖြစ်ကြောင်း ရုပ်သံကတစ်ဆင့်ပြောကြားခဲ့ပါတယ်။ Gaspar ဟာ မူလကရှိတဲ့ ပေါင်ချိန်ထက်များစွာကျဆင်းခဲ့ပေမယ့် မကြာခင်မှာပဲ အစားအသောက်ပုံမှန်စားတဲ့အတွက် မူလအရွယ်အစားပြန်ဖြစ်လာခဲ့ပါတယ်။ Gasparရဲ့ ဖြစ်စဉ်မှာ အဓိကတာဝန်ရှိတဲ့ လေကြောင်းလိုင်းက ဒီကယ်ဆယ်ရေးအစီစဉ်တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ကိုတာဝန်ယူပေးခဲ့ပြီး တံခါးပွင့်ခဲ့တဲ့ဖြစ်စဉ်ဟာလူရဲ့ပရောဂပါမပါသိရှိဖို့ ဌာနတွင်းစုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်လျှက်ရှိပါတယ်။ ဒီ ၆ ရက်အတွင်း ဒီလိုဆိုးရွားလှတဲ့ ကန္တာရလိုနေရာမျိုးမှာ ဘယ်လိုအသက်ရှင်နေထိုင်ခဲ့သလဲ ဆိုတာကတော့ ခွေးကလေးကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မသိကြပါဘူး။ ခွေးတစ်ကောင်ရဲ့ အသက်ကို ၆ရက်ကြာ တန်ဖိုးထားကယ်ဆယ်ခဲ့သူတွေရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလှပါတယ်။
ာင်းလှပါတယ်။
Discussion about this post