Written By ရွှေအိမ်စည်
ပြဒါးဟာ အန္တရာယ်ရှိတဲ့ ပစ္စည်းအမျိုးအစား စာရင်းထဲမှာ ပါနေပါတယ်။ အန္တရာယ်ရှိတဲ့ ပစ္စည်းစာရင်း ဆိုတာကလည်း ကုလသမဂ္ဂအောက်က အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအစည်းအရုံးက ပြုစုထုတ်ပြန် ထားတာ ဖြစ်ပါတယ်။ အဲဒီစာရင်းမှာ ပါတဲ့ ပစ္စည်းတွေကို နိုင်ငံတကာ လေကြောင်းလိုင်းတွေမှာ သယ်ဆောင်ခွင့်မပြုကြောင်းကိုလည်း ထုတ်ပြန်ကြေငြာထားပြီး ဖြစ်ပါတယ်။ ပြဒါးကို မသယ်ရဆိုတဲ့နေရာမှာလည်း ပြဒါးကို ဘယ်လောက်လုံခြုံအောင် ထည့်သွင်းထားတဲ့ ပစ္စည်းကိုမဆို သယ်ခွင့် မပြုတာဖြစ်ပါတယ်။
နောက်ပြီး လူနဲ့မကွာ သယ်ဆောင်ထားတဲ့ အိတ်တွေထဲမှာသာမက ဘက်ဂိတ်(ချ်)အနေနဲ့လည်း ခွင့်မပြုပါဘူး။ တကယ်လို့ မဖြစ်မနေ သယ်ရပြီ ဆိုလာရင်လည်း အဲဒီ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အစည်းအရုံး (ICI) ကို လျှောက်ထားပြီး သူတို့ သတ်မှတ်ထားတဲ့ လုံခြုံရေးစည်းကမ်းတွေအတိုင်း လိုက်နာပြီးမှသာ ခွင့်ပြုပါလိမ့်မယ်။
ဘာဖြစ်လို့လည်းဆိုတော့ အင်မတန် သေးငယ်တဲ့ ပြဒါးပမာဏဖြစ်ပါစေ အလွန်ထုထည်ကြီးမားတဲ့ အလျူမီနီယံပစ္စည်းကို ဖျက်ဆီးနိုင်စွမ်းရှိလို့ဖြစ်ပါတယ်။ လေနဲ့ထိလေ ပိုပြီး လောင်ကျွမ်းနိုင်တဲ့ သတ္တိရှိလာလေပါပဲ။ ဒါ့အပြင် ပြဒါးဟာ အပေါ်ယံ ဖုံးအုပ်ထားလေ့ရှိတဲ့ ဘယ်လို အောက်ဆိုဒ်အလွှာမျိုးကိုမဆို ဖျက်ဆီးပစ်နိုင်ပါတယ်။ လေယာဉ်ပျံဆိုတာကလည်း အလျူမီနီယံပစ္စည်းတွေနဲ့ပဲ အများဆုံး တည်ဆောက် ထားတာ ဖြစ်တယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် ပြဒါးလေး တစ်စက် အလျူမီနီယံပေါ်ကျ လိုက်ရင် သေချာပေါက် ဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်။
လေယာဉ်ပေါ်မျာ ပြဒါးသာမိုမီတာမျိုးကိုပင် မတင်ရ၊မသယ်ရဆိုတဲ့ တားမြစ်ချက်ကို ပေါ့ပေါ့တန်တန် သဘောထား၍ မမှတ်ယူသင့်ပါ။ ၁၉၈ ခုနှစ်က ထုတ်ပြန်ထားခဲ့တဲ့ မြို့ပြလေကြောင်း အက်ဥပဒေမှာ အတိအလင်း ပြဌာန်းထားပြီး ဖြစ်ပါတယ်။ လေကြောင်းလိုင်းအားလုံးကိုလည်း အဲဒီ ဥပဒေကို လိုက်နာကြရန် တင်းတင်းကျပ်ကျပ် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။
ပြဒါးက အလျူမီနီယံကို စားလောင်နိုင်တယ် ဆိုတဲ့နေရာမှာ ပြဒါးဆိုတာ ပေါ့ပေါ့ပါးပါး ရွေ့လျားနိုင်တာဖြစ်လို့ တစ်နေရာတည်း ရပ်နေမှာ မဟုတ်ပေ။ ရောက်ရာအရပ်မှာ စားလောင်ပစ်မှာ သေချာပါတယ်။ အဲဒီတော့ အခုခေတ်မှာ အလလျူမီနီယံနဲ့ ပရိဘောဂတွေလုပ်ပြီး အသုံးပြုတတ်တာမို့ ပြဒါးပါတဲ့ ဘယ်လိုဖန်ထည်မျိုးမဆို နီးနီးကပ်ကပ် မထားသင့်ပါ။ ဖန်ထည်ကွဲတာနဲ့ အလျူမီနီယံတွေကို ဖျက်ဆီးပစ်မှာ အသေအချာပါပဲ။
VIDEO – ပြဒါး နဲ့ အလူမီနီယံတို့တွေ့သောအခါ
Discussion about this post