ယနေ့မျက်မှောက်ခေတ်မှာတော့ အွန်လိုင်းမီဒီယာတွေရဲ့ ကျေးဇူးကြောင့် ခေတ်မီနည်းပညာရပ်ပစ္စည်းတွေရဲ့အကြောင်း၊ အသစ်တွေ့ရှိတဲ့နည်းပညာရပ်တွေရဲ့သတင်းတွေကို အချိန်နဲ့တပြေးညီကြားသိနေရပါတယ်။ ခေတ်မီနည်းပညာ ပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ ကွန်ပျူတာ၊ အခြားစက်ကိရိယာအသုံးအဆောင်တွေရဲ့ အခန်းကဏ္ဍတွေဟာ လူသားတွေရဲ့လူနေမှုဘဝတွေအထိတောင် အရေးပါအရာရောက်နေပါပြီ။
ဒါပေမဲ့ လူသားတွေနေ့စဉ်အသုံးပြုနေတဲ့အိမ်သုံးပစ္စည်းတွေရဲ့ အသုံးဝင်အကျိုးပြုခဲ့တာကိုတော့ အများစုက သတိမထားမိကြပါဘူး။ ဒီပစ္စည်းတွေဟာ လူနေမှုစနစ်တစ်ခုကို ဖွံဖြိုးအောင်အဓိကနေရာကနေ ပါဝင်ခဲ့တယ်ဆိုတာကို မေ့လျော့နေကြပုံပါ။ ယခုမျှဝေပေးမှာကတော့ လူသားတွေရဲ့နေအိမ်တွေမှာ ဘိုးဘေးစဉ်ဆက်အသုံးပြုခဲ့ပြီး ယနေ့ထက်တိုင်အသုံးပြုနေဆဲ ဖြစ်တဲ့ အိမ်သုံးကိရိယာ တွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) ပထမဆုံးသော မြတ်ရိတ်စက်ကိုတော့ အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာEdwin Budding က ၁၈၃၀ခုနှစ်မှာစတင်တီထွင်ခဲ့တာပါ။ ပညာရှင်အဆင့်ဆင့်ကဆန်းသစ်ခဲ့ ကြပြီး ပုံမှာတွေ့ရတဲ့မြတ်ရိတ်စက်ကတော့ ၁၉၁၈ လောက်က အမေရိကန်ပြည်ထောင်စု St.Louis မြို့မှာတည်ရှိတဲ့ Missouri ရုက္ခဗေဒ ဥယျာဉ်မှာစတင်အသုံးပြုခဲ့တဲ့မြတ်ရိတ်စက်ဖြစ်ပါတယ်။ အဲဒီမြတ်ရိတ်စက်ဟာဓာက်ဆီအင်ဂျင်ဖြစ်ပြီးရေအားလှည့်ပတ်မှုနဲ့မောင်းနှင်ပါတယ်။
(၂) ကလေးလက်တွန်းလှည်းတွေကို (၁၇၀၀) ခုနှစ်က အင်္ဂလန်လက်မှုအနုပညာရှင် William Kent ကတီထွင်ခဲ့ပါတယ်။ သူရဲ့တီထွင်မှုဟာ အင်္ဂလန်နိုင်ငံသာမက အခြားနိုင်ငံတွေအတွက်ပါတန်ဖိုးရှိတာကြောင့် ယင်းအချိန်ကာလက အင်္ဂလိန်နိုင်ငံရဲ့ သူရဲကောင်းဘွဲ့ခံ အမျိုးအနွယ်တွေဖြစ်တဲ့ Duke of Devonshire မိသားစုက Williamကို ဒီလိုတီထွင်ရတဲ့အကြောင်းအရင်းကို မေးတဲ့အခါမှာတော့ “သူရဲ့ကလေးတွေအဆင်ပြေ ဖို့တီထွင်ရာကနေ စတင်ခဲ့တာပါလို့”ပြန်လည်ဖြေကြားခဲ့ ကြောင်း”သမိုင်းမှတ်တမ်းတွေ ကဖော်ပြကြပါတယ်။
(၃) ဖုန်စုပ်စက်တွေရဲ့ပထမဆုံးပင်မမျိုးဆက်ဖြစ်တဲ့ ကောဇောလှည်းစက်(Carpet sweeper)တွေကိုတော့ (၁၈၆၀)ခုနှစ်မှာ အမေရိကန်နိုင်ငံမှ DanielHess က တီထွင်ခဲ့ပါတယ်။ ပညာရှင်အဆင့်ဆင့်ဆန်းသစ်ခဲ့ကြပြီး နောက်ဆုံးမှာ ဖုန်စုပ်စက်တွေဖြစ် လာပါတယ်။ ပထမဆုံးတီထွင်ခဲ့တဲ့ ဖုန်စုပ်စက်တွေကို စတင်အသုံးပြုတုန်းက ယနေ့အသုံးပြုနေသလိုအဆင်ပြေခဲ့ခြင်းတော့မရှိပါဘူး။ ဒီဖုန်စုပ်စက်ကို လူအားနဲ့လည်ပတ်ရန်အားထုတ်ရပြီး အသုံးပြုရန်အတွက် လူ(၂)ယောက်လိုအပ်ပါတယ်။
(၄) ယနေ့အသုံးပြုနေတဲ့ လျှပ်စစ်မီးပူတွေ မပေါ်ပေါက်ခင်ကာလတုန်းက လူတွေဟာ သံမီးပူကိုအသုံးပြုပြီး အဝတ်အစားတွေကို မီးပူတိုက်ခဲ့ရတာပါ။ ဒီသံမီးပူတွေကိုတော့ မီးသွေးကိုသံအင်တုံထဲမှာမီးလောင်ကျွမ်းစေပြီး ဒီမီးပူတွေကို အသုံးပြုကြရတာပါ။ ဒီမီးပူအသုံးပြုမှုဟာယနေ့ကာလအထိပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး။ ၁၈၈၂ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံသားသင်္ချာပညာရှင် Henry W.Seeley ဆိုသူက ပထမဆုံးသောလျှပ်စစ်မီးပူကို တီထွင်ခဲ့ပါတယ်။
(၅) ဒါကိုဘာလို့ ထင်ပါသလဲ။ ပေါင်မုန့်မီးကင်စက်ပါ။ ဟုတ်ပါတယ် ၊ ၂၀ရာစုက သုံးခဲ့တဲ့ ပေါင်မုန့်မီးကင်စက်ဖြစ်ပါတယ်။ အဲဒီတုန်းက ယနေ့ခေတ်လို ပေါင်မုန့်ကို အလွယ်တကူမကင်နိုင်သေးပဲ တစ်ဖက်ချင်းစီကင်ရတာဖြစ်ပါတယ်။ ယနေ့ခေတ်သစ်ပေါင်မုန့်မီးကင်စက်တွေရဲ့အစဖြစ်ပါတယ်။
(၆) အခုမြင်တွေ့နေရတဲ့ TV ပုံစံတွေကိုတော့ ၁၉၄၆ ခုနှစ်လောက်ကတည်းက ပထမအကြိမ်အဖြစ်ထုတ်လုပ်ပြီးအများအပြားရောင်းချခဲ့ရပါတယ်။ ဒီTVရဲ့ မျက်နှာပြင်အရွယ်အစားဟာ ယနေ့ခေတ်အသုံးပြုနေတဲ့ Ipad အရွယ်အစားလောက်ပဲရှိပါတယ်။
(၇) အစားစရာများကို ရောနှောပေးတဲ့ ပထမဆုံးသော စက်ကို (၁၉၃၀)ခုနှစ်လောက်က ထုတ်လုပ်ခဲ့တာပါ။ ပုံထဲမှာပြထားတဲ့ စက်ထဲကို မလိုင်ပါတဲ့ ပေါင်မုန့်၊ကိတ်မုန့်တွေ ဘယ်လိုထည့်ပြီးရောနှောခဲ့လဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။
(၈) ယနေ့ခေတ်အလွယ်တကူ Selfie ရိုက်သလို တော့ ဒီကင်မရာတွေက လုပ်မပေးနိုင်ပါဘူး။ ဒီကင်မရာရဲ့အနေအထားဟာ ယနေ့ခေတ် ဖုန်းတွေမှာပါတဲ့ကင်မရာတွေနဲ့ အတော်ကြီးကိုကွဲပြားနေလို့ပါ။ ပုံမှာဖော်ပြထားတဲ့ငွေမင်ပလိပ်ပြားနဲ့ပြဒါးငွေ့ကိုသုံး ထားတဲ့ရှေးခေတ်ဓာက်ပုံ ရိုက်ကူးတဲ့ကင်မရာ ကို daguerreotype ကင်ရာလို့ခေါ်ပြီး ၁၈၄၀ခုနှစ်လာက်မှာ ထုတ်လုပ်ခဲ့ပါ တယ်။ ဒီကင်မရာရဲ့ ပုံစံအရ ရှေးခေတ်ကင်မရာအမျိုးအစားတွေကြားထဲမှာတောင် အတော်ကိုရိုးရှင်းတဲ့ပုံသဏ္ဍာန်ရှိပါတယ်။
(၉) (၁၉)ရာစုလောက်က ထုတ်လုပ်ခဲ့တဲ့ မီးဖိုချောင်သုံး ဓာက်မီးဖိုဟာ ယနေ့ခေတ် လျှပ်စစ်မီးဖိုတွေနဲ့ ယှဉ်ကြည့်ရင် အတော်ကို ခြားနားနေတာကိုတွေ့ရပါတယ်။
(၁၀) ပုံမှာတွေ့ရတဲ့ ပစ္စည်းထဲမှာ မင်းရဲ့လျော်ရမဲ့အဝတ်အထည်တွေကို ထည့်ပြီး လျော်နိုင်မယ်လို့ ထင်သလား။ ဒီအဝတ်လျော်စက်တွေဟာ ၁၉၈၀ ဝန်းကျင်ကာလမှာ အသုံးဝင်တဲ့ အိမ်သုံးပစ္စည်းအဖြစ်ရှိနေတာဖြစ်ပြီး များစွာသောမူလီ၊ဝက်အူ တွေ၊အတွင်းပိုင်းပွတ်တိုက်မှုဖြစ်စေတဲ့ကိရိယာတွေအများကြီး သုံးထားတာကိုတွေ့ရပါတယ်။ အဲဒီတုန်းက အသုံးဝင်လွန်းလို့တောင် ဒီအဝတ်လျှော်စက်ရဲ့နာမည်ကို အမျိုးသမီးရဲ့သူငယ်ချင်း (Woman’s Friend) လို့ပေးထားပါသေးတယ်။ အဲဒီတုန်းကအဝတ်လျော်စက်တွေနဲ့ ယနေ့ခေတ် အဝတ်လျော်စက်တွေမတူ ညီတဲ့အချက်က ယင်းကာလက အဝတ်လျော်စက်တွေဟာ လျှပ်စစ်ဓာက်အား မလိုအပ်ပါဘူး။
Discussion about this post