Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရှေးနှစ်ပေါင်းထောင်ပေါင်းများစွာက လူတွေရဲ့မျက်နှာပုံရိပ်အစစ်တွေ

by Thutamm
August 17, 2019
Reading Time: 1min read
0
ရှေးနှစ်ပေါင်းထောင်ပေါင်းများစွာက လူတွေရဲ့မျက်နှာပုံရိပ်အစစ်တွေ
Share on FacebookShare on Twitter

ယနေ့ခေတ်မှာ မှုခင်းဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ ကဏ္ဍဟာ အတော်ကိုလေးနက်ပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ မှုခင်းဖြစ်ပွားရာနေရာမှာ ရှာဖွေတွေ့ရှိတဲ့ သွေး၊အရေပြား၊တံတွေး၊ဆံပင်စတဲ့အရာတွေက DNA တွေကိုအသုံးပြု ပြီး အထူးသဖြင့် လူသတ်မှုတွေမှာ ပြစ်ဒဏ်ကျူးလွန်သူကမည်သူ၊ကျူးလွန်ခြင်းခံရသူ ကမည်သူဖြစ်ကြောင်း အခိုင်အမာရပ်တည်ပေးနေနိုင်တဲ့ လူသားအကျိုးပြုပညာရပ်တွေ ဖြစ်ပါတယ်။

ဒါအပြင် ဆူနာမီဘေးလိုသတဲ့ သဘာဝဘေးကြောင့် အစုလိုက်အပြုံလိုက်သေဆုံးသူပေါင်းများစွာရဲ့ dead body တွေကိုလည်း DNA နည်း နဲ့မည်သူမည်ဝါဖြစ်ကြောင်း အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာက မှုခင်းဆေး ပညာရပ်၊သမိုင်းသုသေသနပညာရပ်၊ပန်းပုပညာရပ်တွေကို အသုံးပြုပြီး လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက အသက်ရှင်နေထိုင်ခဲ့ကြသူတွေရဲ့ ရုပ်ဆင်းသဏ္ဍာန်အမှန်ကို ဖော်ထုတ်စစ်ဆေးတဲ့အကြောင်းအရာဖြစ်ပါတယ်။ ဆွီဒင်သမိုင်းသုတေသီနဲ့ပန်းပုပညာရှင် Oscar Nilsson ကနေ နှစ်ထောင်ပေါင်းများစွာက လူသားတစ်ဦချင်းစီရဲ့မျက်နှာပုံသဏ္ဍာန်ကို တည်ဆောက်ပြခဲ့တာဖြစ်ပါတယ်။

Nilsson ဟာ နာရီပေါင်းများစွာကိုအသုံးပြုပြီးရုပ်တုတစ်ခုစီတိုင်းမှာ ကွဲပြားတဲ့ လုပ်ငန်းပေါင်း(၂၀၀)လောက်ကိုအသုံးပြုခဲ့ပါတယ်။ မူလတူးဖော်တွေ့ရှိတဲ့ ဦးခေါင်းခွံ အရိုးတွေ အပေါ်ကိုပဲအခြေခံပြီး လိုအပ်တဲ့အစိတ်အပိုင်းတွေကိုတော့ သူရဲ့ပန်းပုပညာနဲ့ ထပ်မံ ဖြည့်ဆည်းကာ 3D-printed နည်းနဲ့ရုပ်တုပုံတွေကို ထုတ်လုပ်ခဲ့ရာမှာတော့ ရလဒ် တွေကတော့ အတော်ကိုအံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။

၁၉၉၆ ခုနှစ်ကတည်းက Nilssonဟာ O.D. Nilsson အမည်ရတဲ့ကုမ္ပဏီကိုဖွင့်လှစ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးက ပြတိုက်များစွာနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တူးဖော်တွေ့ရှိခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်း များစွာကမြုပ်နှံခဲ့တဲ့ လူတွေရဲ့မျက်နှာပုံအရိုးတွေကို လိုက်လံစုဆောင်းခဲ့ပါတယ်။ Nilsson က

“လူတွေရဲ့မျက်နှာတွေဟာ သေဆုံးပြီးတာနဲ့အချိန်ကြာလာတာနဲ့အမျှ သိတဲ့အတိုင်းပဲ အဆိုးဘက်ကိုဦးတည်ပြီး ပြောင်းလဲနေပါတယ်။နှစ်ထောင်ပေါင်းများစွာကြာချိန်မှာတော့ သူတို့ရဲ့အရိုးတည် ဆောက် ပုံကိုသာမြင်ရပါမယ်။ အသက်ရှင်စဉ်နေစဉ်ကာထက် အတော် လေးခြားနားနေပေမဲ့ ကျွန်တော်အတွက်တော့ ဒါတွေဟာ စိတ်ဝင်စားစရာကောင်းတုန်း ပဲ။ မျက်နှာပြင်တွေကို ပြန်လည်တည်ဆောက်ရာတာ လေ့လာဆန်းစစ်မှုတစ်ခုထက် အနုပညာတစ်ခုကို ဖန်တီးနေရသလိုပါ။ ခေတ်ကာလအသီးသီးက အရိပ်အငွေ့တွေဟာ သူတို့ပုံရိပ်တွေထဲမှာ ပေါ်နေတုန်းပါပဲ”လို့ ပြောဆိုထားပါတယ်။ သူဖန်တီးထားတဲ့လက်ရာတွေကို ဗဟုသုတအနေနဲ့မျှဝေလိုက်ရပါတယ်။

(၁) Huarmey Queen

(၂၀၁၂)ခုနှစ်ကတော့ ပီရူးနိုင်ငံအနောက်မြောက်ပိုင်းမှာ ရှေးသချိုင်းဟောင်းတစ်ခုကို ပိုလန်နိုင်ငံသားရှေးဟောင်းသုသေသနပညာရှင်တွေကတွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။မြုပ်နှံထားတဲ့ပုံစံကတော့ အိန္ဒိယယဉ်ကျေးမှုဟန် ဆာရီတွေ ပတ်ပြီးလူသေအလောင်းတွေကို စီမံထားပေမဲ့ နောက်ပိုင်းတွေ့ရှိချက်တွေမှာတော့ အင်ကာလူမျိုးတွေရဲ့ ဓလေ့ထုံးစံဖြစ်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တွေ့ရှိတဲ့သချိုင်းအတွင်းမှာ တန်ဖိုးကြီးကျောက်မျက် ရတနာအလျှံပယ်ရှိမနေပဲ ဂုဏ် သရေရှိ၊အသက်အရွယ်အမျိုးမျိုးရှိကြတဲ့ အမျိုးသမီးအလောင်းပေါင်း (၅၈)လောင်း လောက်ကို သူတို့ရဲ့အသုံးအဆောင်ပစ္စည်းအချို့နဲ့တပါတည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။

ယင်းအနက်က Huarmey Queen လို့အမည်ပေးထားတဲ့အမျိုးသမီးကတော့ အထူးခြားဆုံးဖြစ်ပါတယ်။ သူမဟာ လက်ဝတ်ရတနာများစွာနဲ့အတူ အသုံးအဆောင် အတော်များများနဲ့ထည့်သွင်းသဂြိုလ်ခံထားရသူဖြစ်ပြီး သူမနဲ့အတူ တစ်လက်လက် တောက်ပနေတဲ့ ရွှေနားကပ်၊ငွေသောက်ရေခွက်၊ကြေးနီနဲ့ပြုလုပ်ထားတဲ့ ပုဆိန်၊ ယင်း ကာလက တန်ဖိုးမြှင့်အထည်အလိပ်အရောင်အသွေးစုံလင်စွာ ပါရှိနေပါတယ်။ ပညာ ရှင်တွေကတော့ ယင်းကာလက ရွှေ၊ငွေပစ္စည်းတွေထက် ခက်ခက်ခဲခဲ ရက္ကန်းယက်ရာကနေရရှိတဲ့ အထည်အလိပ်တွေကသာ ပိုမိုတန်ဖိုးရှိတယ်လို့ယူဆခဲ့ကြပြီး ယင်း အထည်အလိပ်တွေကို ရက်ကန်းသည်မျိုးဆက်တွေနဲ့ချီပြီး ရက်လုပ်ခဲ့ရတယ်လို့ ဖော် ပြခဲ့ကြပါတယ်။

Nilsson နဲ့သူရဲ့အဖွဲ့ဟာ Huarmey Queenရဲ့မျက်နှာအစိတ်အပိုင်းကို အကောင်းဆုံး တည်ဆောက်ပြသခဲ့ပြီးချိန်မှာတော့ သူမဟာနာမည်ကျော် ရက်ကန်းရုံပိုင်ရှင်တစ် ယောက်ဖြစ်ခဲ့ပြီး သူမရဲ့ဘဝအချိန်တော်တော်များများကို ရက်ကန်းရက်ခြင်းအလုပ်နဲ့ ကုန်လွန်ခဲ့ကြောင်းကို သူမရဲ့ကြွင်းကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအရိုးတွေက ဖော်ပြ နေပါတယ်။ သူမဟာအသက်ရှိစဉ်ကာလအတွင်း သူမရဲ့ကျွမ်းကျင်တဲ့ ရက်ကန်းလုပ် ငန်းကြောင့် တော်ဝင်မျိုးနွယ်တွေရဲ့ မြှောက်စားချီးမွမ်းခြင်းကိုခံခဲ့ရပြီး သူမသေဆုံးချိန် မှာတော့ သူမပိုင်ဆိုင်တဲ့ရက်ကန်းထည်တစ်ချို့တစ်ဝက်လောက်နဲ့ သူမအမြဲသုံးနေတဲ့ လက်ဝတ်လက်စားတွေကို ထည့်သွင်းသဂြိုလ်ခဲ့တာပါလို့ Huarmey Queenရဲ့ရုပ်ပုံ အမှန်နဲ့ သူမဘဝအကြောင်းတစ်စိတ်တစ်ပိုင်းကို သိပ္ပံပညာရပ်နဲ့သိရှိခွင့်ရခဲ့ပါတယ်။

(၂) လွန်ခဲ့တဲ့နှစ်ပေါင်း (၅၅၀၀)ကမိန်းမပျို

ကျောက်ခေတ်ကာလကလို့ပြောရမယ့် ပုံမှာမြင်တွေ့ရတဲ့မိန်းမပျိုဟာ အသက်(၂၀) မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ရင်ဘတ်အနီးမှာလည်း မွေးကင်းစကလေးငယ်တစ်ယောက်ကိုပူးတွဲမြုပ်နှံထားတာကြောင့် သူမဟာမီးဖွားနေချိန်မှာ ကွယ်လွန်ခဲ့တာဖြစ် တယ်လို့ ခန့်မှန်းထားပါတယ်။ အင်္ဂလန်နိုင်ငံ၊ဘရိုက်တန်ဒေသမှာတူးဖော်ရရှိတဲ့ ဒီမိန်း မပျိုလေးရဲ့အသားအရောင်ဟာ လက်ရှိမျက်မှောက်ခေတ်ကာလအရဆိုရင်တော့ မြောက်အာဖရိကနွယ်ဝင်မိန်းမပျိုတစ်ဦးနဲ့ သွားရောက်တူညီနေပါတယ်။

(၃) Estrid Sigfastsdotter

သူမကတော့အေဒီ (၁၁)ရာစုအတွင်းဆွိဒင်နိုင်ငံ စတော့ဟုမ်းမှာနေထိုင်ခဲ့တဲ့ ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးတစ်ယောက်လို့ ယူဆရတယ်။ သူမရဲ့သူမ မိသားစု အကြောင်းအရာအချို့ကိုသူမအလောင်းကိုတူးဖော်တွေ့ရှိခဲ့တဲ့နေရာအနီးမှာ ကျောက်စာပုံစံနဲ့တွေ့ရပါတယ်။ Estrid Sigfastsdotter ဟာ အသက်(၈၀)အရွယ်မှ သေဆုံးခဲ့တာဖြစ်ပြီး ပညာရှင်အချို့ကတော့ (၈)ရာစုကနေ (၁၁)ရာစုကာလအတွင်း စကင်ဒီနေဗီးယန်းခေါ် နော်ဝေး၊ဆွီဒင်၊ဒိန်းမတ်၊အိုက်စလန်ဒေသမှာ အခြေပြုပြီး ဥရော ပမြောက်ပိုင်းနှင် အနောက်တောင်ပိုင်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်လေ့ရှိတဲ့ Viking မျိုးနွယ်စု တွေကြီးစိုးတဲ့ကာလမှာ (၃၅)နှစ်လောက်သြဇာအာဏာနဲ့ပြည့်စုံတဲ့ အမျိုးသမီးတစ် ယောက်ဖြစ်ခဲ့တယ်လို့ Estrid Sigfastsdotter ကို သတ်မှတ်ကြပါတယ်။

ကျောက်စာတိုင်အနီးမှာထပ်မံတွေ့ရှိခဲ့ရတာကတော့ Byzabdtium ကာလက သေဆုံး ခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဘွဲ့ထူး၊ဂုဏ်ထူးတွေဖြစ်ပြီး အချက်အလက်တွေအရ ထိုသူဟာ Estrid Sigfastsdotter ရဲ့အမျိုးသားဖြစ်တယ်လို့သိရပါတယ်။ ယင်းကာလက တည်းက Estrid Sigfastsdotterဟာ သူမရဲ့ရပ်ရွာဒေသအတွင်းမှာလမ်းတံတားများစွာ ကိုဆောက်လုပ်လှူဒါန်းခဲ့တယ်တာဖြစ်ပြီး ဒီအတွက်လည်းသူမဟာ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ အလေးအနက်ထား ကျောက်စာရေးထွင်းဂုဏ်ပြုခံခဲ့ရတာဖြစ်ပါ တယ်။

(၄) Adelasius Elbachus

ပုံမှာတွေ့ရတဲ့ငယ်ရွယ်ပြီး ယောင်္ကျားပီသတဲ့မျက်နှာပိုင်ရှင်ကတော့ အေဒီ(၈)ရာစု တွင်းက ယခုဆွစ်ဇာလန်နိုင်ငံမှာနေထိုင်ခဲ့တဲ့ Adelasius Elbachus အမည်ရတဲ့အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့အရိုးငြမ်းဖွဲ့စည်းပုံတွေအရ ဒီလူငယ်လေးဟာ အစာအဟာရ ချို့တဲ့ ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်ခုကို ကာလကြာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ယောင်္ကျားပီသတဲ့မျက်နှာကျ၊ညီညာတဲ့သွားတန်းတွေ ကြောင့် ဒီလူငယ်ဟာ ယင်းကာလက အတော်ကိုဆွဲဆောင်မှုပြည့်ဝတဲ့သူလို့ပြောနိုင်ပါ တယ်။ ထူးဆန်းတာက သူဟာကာလကြာခံစားခဲ့ရတဲံ့အသက်ရှူလမ်းကြောင်းရောဂါ ကြောင့်မချိမဆံ့ သေဆုံးခဲ့ရပေမဲ့ အပြုံးတစ်ခုကို နောက်ဆုံးအချိန်ယူသွားတာဖြစ်ပါတယ်။

(၅) ဥရောပက ကျောက်ခေတ်လူသား အမျိုးသမီး

(၁၈၄၈)ခုနှစ်ကတည်းက Gibraltar မှာ တူးဖော်ရရှိခဲ့တဲ့ ဒီအမျိုးသမီးရုပ် အလောင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း(၄၀၀၀၀)ကနေ (၅၀၀၀၀)ကြားကာလ မှာနေထိုင်ခဲ့သူဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Oscar Nilsson ကသူရဲ့ Facebook အကောင့်ကနေ နောက်ဆုံးမှာတော့ နှစ်သောင်းပေါင်းများစွာက သက်ရှိလူသားတစ် ယောက်ရဲ့မျက်နှာပုံသဏ္ဍာန်ကိုချပြနိုင်ခဲ့ပါပြီ။ ရုတ်တရက်ကြည့်ရင်ယောင်္ကျားသားတစ်ယောက်လို့ထင်ရပေမဲ့ တကယ်တော့သူဟာအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

မှတ်တမ်းတွေအရဆိုထားသလို ဥရောပဟာ ခေတ်ဦးလူမျိုးစုများစွာအခြေချနေထိုင်ခဲ့ပြီး ကမ္ဘာနေရာအသီးသီးက အခြားလူမျိုး နွယ်စုတွေနဲ့သွေးနှောရာကနေ လက်ရှိအနေအထားဖြစ်လာတာကို လက်ခံရပါမယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ယခုတွေ့ရှိရတဲ့ အမျိုးသမီးဟာ အသက်အရွယ် ကြီးရင့်သွားခဲ့ရင် ဘယ်လိုပုံဖြစိသွားမလဲဆိုတာပါ။

လက်ရှိအနေအထားရ သူမဟာ လူရိုင်းသက်သက်ပဲရှိနေပြီး သွားရေတစ်မြားမြားကျဆင်းလျက်ရှိကာ ကျွမ်းကျင်တဲ့ အမဲ လိုက်မုဆိုးတစ်ယောက်နဲ့တူနေတယ်လို့ရေးသားဖော်ပြခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကနေ DNA နည်းအရနောက်ထပ်ထွက်ပေါ်လာတဲ့ မှန်ကန်ချက်တစ်ခုကတော့ လက်ရှိဥရောသား အားလုံးရဲ့ ၂-၄%လောက်ဟာ ကျောက်ခေတ်လူသားတွေကနေဆင်းသက်လာတယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။

(၆) Viking

ပင်လယ်ဓါးပြတွေလို့သိကြတဲ့ Viking မျိုးနွယ်စုလူသားရဲ့ ပုံရိပ်ကလည်းအတော်ကိုစွဲဆောင်မှုရှိနေပါတယ်။ ပုံမှာတွေ့ရှိရတဲ့ ဆွီဒင်နိုင်ငံက ပင်လယ်ဓါးပြဟာ (၈)ရာစုကာလက အသက်ရှင်နေထိုင်ခဲ့သူဖြစ်ပြီး ပညာရှင်တွေက ဒီပုဂ္ဂိုလ်ရဲ့ပုံရိပ်ကိုတည်ဆောက်စဉ်တုန်းကဆိုရင် DNAနည်းအရ လိုအပ် တဲ့အသားအရေ၊ဆံပင်၊မျက်စိတွေကို တတ်နိုင်သလောက် မူရင်းရုပ်နဲ့ကိုတ်ညီအောင် ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရပါတယ်။

အဲဒီပင်လယ်ဓါးပြဟာ အနီရောင်ဆံပင်၊အပြာ ရောင်မျက်လုံး၊ကြယ်လင်တဲ့ အသားအရေကိုပိုင်ဆိုင်ခဲ့ပြီး အသက်(၄၅)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

(၇) Primitive Neolithic(ကျောက်ခေတ်နှောင်းပိုင်းကလူသား)

Skeletal analysis (အရိုးစုဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းပညာ)နဲ့တည်ဆောက်ခဲ့တဲ့ သွယ်လျတဲ့မျက်နှာနဲ့လူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၅၀၀)ခန့်ကသက်ရှိထင်ရှားရှိခဲ့သူ ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့ နောက်ထပ်အကြောင်းအရာတွေကိုတော့ ဖော်ထုတ်နိုင် ခြင်းမရှိခဲ့ပါဘူး။

(၈) ဗြိတိန်နိုင်ငံမှာနေထိုင်ခဲ့တဲ့ Saxon

Saxon ဆိုတာကတော့ မူရင်းဂျာမနီနိုင်ငံ အနောက်မြောက်ဒေသတွင်နေထိုင် AD ၅ရာုစု၊ ၆ရာစုမှာဗြိတိန်နိုင်ငံကိုပြောင်းရွေအခြေချနေထိုင်တဲ့လူမျိုးနွယ်စုတွေဖြစ်ပါတယ်။ ပုံမှာတွေ့ရှိရတဲ့ Saxon အမျိုးသားဟာ အသက်(၄၅)နှစ်အရွယ်မှာသေဆုံးခဲ့ပြီး သူရဲ့အရိုးဖွဲ့စည်းပုံကြောင့် အလွန်သန်မာတဲ့လူဖြစ်ကြောင်းသိရပါတယ်။

ဒါပေမဲ့သူဟာ အနာတရတစ်ခုကြောင့် သူရဲ့အပေါ်မေးရိုးမှာရှိတဲ့သွားတော်တော်များများဆုံးရှုံးခဲ့ရပါ တယ်။ သူဟာစစ်သားတစ်ဦးဖြစ်ပုံပေါ်ပြီးခန္ဓာကိုယ်အတွင်းမှာပဲ ပြင်းထန်တဲ့ ဒဏ်ရာ တစ်ခုရခဲ့တဲ့ သဲလွန်စတွေအရ သူသေဆုံးရတဲ့အကြောင်းအရင်းကတော့ တိုက်ခိုက်ခံခဲ့ရ လို့ဖြစ်ပါတယ်။

(၉) လွန်ခဲ့တဲ့နှစ်ပေါင်း(၉၀၀၀)လောက်က ဆယ်ကျော်သက်မိန်းကလေး

ခရစ်တော်မပေါ်ခင်နှစ်ပေါင်း(၇၀၀၀)လောက်ကတော့ ပုံမှာတွေ့ရတဲ့ Avgi လို့အမည် ပေးထားတဲ့ မိန်းကလေးဟာ အသက်(၁၈)နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ သူမနေထိုင် ရာနေရာကတော့ ယနေ့ဂရိနိုင်ငံမှာဖြစ်ပြီး သူမရုပ်ကြွင်းတူးဖော်မိရာကနေ စပ်ဆက်ပြီး ယင်းကာလက ရှေးဦးလူတွေရဲ့ အမဲလိုက်လုပ်ငန်းတွေ၊ကုန်ပစ္စည်းရောင်းဝယ်ရေးတွေ၊ လယ်ယာကဏ္ဍဆန်းသစ်တီထွင်မှုတွေကို သိရှိခဲ့ရပါတယ်။

(၁၀) Birger Jarl

ဆွီဒင်နိုင်ငံ Vastergotland က Varnhem Abbey ဘုရားကျောင်းမှာ မြုပ်နှံခဲ့တဲ့ (၁၂၄၈)ခုနှစ်ကနေ (၁၂၆၆)ခုနှစ်အထိ ဆွီဒင်နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ Birger Jarlရဲ့ပုံရိပ် အမှန်ဖြစ်ပါတယ်။ သူဟာ ဒုတိယဆွီဒင်ခရူးဆိတ်စစ်ပွဲကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

သုတဇုန်

Tags: amazingtechworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Next Post
ပိုလန်နိုင်ငံ အကြောင်း သိကောင်းစရာ

ပိုလန်နိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!