ရေးသားသူ – ကောင်းစည်သူ
အကြောင်းအမျိုးမျိုးကြောင့် ရေအောက်တွင်ရောက်ရှိနေကာ မြင်ကွင်းမှပျောက်ကွယ်နေသည့် အဆောက်အအုံများအား ပြန်လည်မြင်တွေ့ရခြင်းကို လူအများက အလွန် စိတ်ဝင်စားကြသည်။ နှစ်ကာလရှည်ကြာစွာ ရေအောက်တွင်ရောက်ရှိနေခဲ့သည့် ယင်းရေမြုပ် အဆောက်အဦများသည် ပျက်စီးမှုများရှိနေသည့်တိုင် အလွန် စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။
၁။ ရေအောက်မှ ဘုရားဝတ်ပြုကျောင်း
မကြာမီက မက္ကဆီကို နိုင်ငံမှ ရေလှောင်တမံတစ်ခုတွင် ရေများကျဆင်းသွားရာမှ ခရစ်ယာန် ဝတ်ပြုကျောင်းကြီးတစ်ခု ပေါ်ထွက်လာသည်ကို အံ့သြဖွယ်မြင်တွေ့ကြရသည်။၂၀၁၅ ခုနှစ်က မက္ကဆီကိုနိုင်ငံတောင်ပိုင်းရှိ ချီရာပါ့စ်ပြည်နယ်တွင်မြစ်ရေ များ နိမ့်ကျသွားရာမှ ကိုလိုနီခေတ်လက်ရာ ကြွင်းကျန်သော ဘုရားဝတ်ပြုကျောင်းတစ်ကျောင်းသည် ရေအောက်မှ ပေါ်ထွက် လာခဲ့ သည်။ ဂရီရျယ်လ်ဗာ အမည်ရှိ မြစ်ကြီးသည် မိုးခေါင်မှုကြောင့် မြစ်ရေများလျော့ကျသွားခဲ့သဖြင့် မြစ်ရေကို အဓိက အမှီပြုထားသည့် ရေလှောင်တမံအတွင်းရေများသည် ၈၂ ပေနိမ့်ဆင်းခဲ့သည်။
ရေအောက်မှ ထွက်လာသော ဘုရားကျောင်းသည် ၁၆ ရာစု အလယ်ပိုင်းတွင် သာသနာပြု ရဟန်းတော်များ တည် ဆောက်ခဲ့သည့် ကျောင်းဖြစ်ပြီး ထိုနေရာသည် ဇိုချီ လူမျိုးများ နေထိုင်ခဲ့သည့် နေရာဖြစ်သည်။ယင်းဘုရားဝတ်ပြုကျောင်းသည် ၁၉၆၆ ခုနှစ်တွင် ထိုဒေသတွင် တည်ဆောက်ခဲ့သော နီဇာဟော်ကိုယိုတီ ရေလှောင်တမံ၏ ရေထုအောက်သို့ ရောက်ရှိနေခဲ့သည်။
၂။ ရေအောက်လိပ်ကျွန်း
တရုတ်နိုင်ငံမှ ထောင်ပေါင်းများစွာသော ခရီးသွားများသည် နှစ်စဉ် ဂျော့ချ်ရေလှောင်တမံရှိရာနေရာသို့ လာရောက်ကာ ရေအောက်မှ ပေါ်ထွက်လာသည့် လိပ်ပုံသဏ္ဍာန်ကျွန်းကို လာရောက်ကြည့်ရှုလေ့ရှိသည်။ထိုကျွန်းသည် မော်ဒေါင်စီ မြစ်အတွင်း တည်ရှိသည်။ တရုတ်လူမျိုးများသည်ရေအောက်မှ နွေလိပ် ထွက်လာခြင်းအခမ်းအနားကို ကိုပျော်ရှင်စွာကျင်းပကြပြီး ထိုသို့ လိပ်ကို မြင်ရခြင်းသည်မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ အသက်ရှည်စေနိုင်ကြောင်း ယုံကြည်ကြသည်။ထိုသို့ လိပ်ကျွန်းကို လာရောက်ကြည့်ရှု ကြခြင်းသည် ဒေသထုံးစံတစ်ရပ် ဖြစ်နေသော်လည်း စင်စစ်တွင်မူ ကျွန်းပေါ်လာစေရန် လူများက လုပ်ဆောင်ပေးနေခြင်း သာဖြစ်ပေ သည်။
အဆိုပါ မောဒေါင်စီမြစ်၏ မြစ်ရေကို ကမ္ဘာကျော် သရီးဂျော့ (Three George Dam)က ထိန်းချုပ်ထားပြီး နှစ်စဉ် နွေရာသီ တွင် ဆည်ရေမှတ်ကို လျှော့ချပေးပြီး ဆည်အောက်ရှိ ဒေသများသို့ ရေများ လွှတ်ပေးလေ့ရှိရာ လိပ်ကျွန်းက တစ်နှစ်လျှင် တစ်ကြိမ် ပေါ်လာမြဲဖြစ်ပေသည်။ လိပ်ကျွန်းပေါ်လာမှုသည် ဆည်ရေများ ကျဆင်းသည့် ပမာဏပေါ်မူတည်သည်။ တစ်နှစ်လျှင် ကိုးလခန့် သည် ဆည်တွင် ရေများပြည့်နေလေ့ရှိသဖြင့် ကျွန်းကို မမြင်နိုင်ကြပါချေ။လိပ်ပုံကျွန်းသည် ဆည်ရေမှတ် ၁၆၃ မီတာ နှင့် ၁၆၈ မီတာ အကြားရှိချိန်တွင်သာ မြင်ကြရသည်။ ရေမှတ်သည် ၁၄၅ မီတာအထိကျဆင်းသွားချိန်တွင် လိပ်ကျွန်းသည်မြေပြင်နှင့် ရောထွေး သွားကာ လှပသော မြင်ကွင်းကို မမြင်နိုင်တော့ပါချေ။
၃။ ရေအောက်မြို့တော်
အာဂျင်တီးနားနိုင်ငံမှ မြို့တစ်ခုသည် ရေအောက်တွင် နှစ်ပေါင်း ၃၀ ကျော် မြုပ်နေပြီးမှ ပြန်လည်ပေါ်ထွက်လာခဲ့ သည်။ ၁၉၂၀ ခုနှစ်တွင်ဗီလာအက်ပီချန် အမည်ရှိ ခရီးသွားလုပ်ငန်းရွာလေးတစ်ရွာကိုအာဂျင်တီးနားနိုင်ငံ လာဂိုအက်ပီချန်ကမ်းခြေတွင် တည်ထောင်ခဲ့သည်။ ယင်းဒေသသည် အာဂျင်တီးနားနိုင်ငံမြို့တော်ဗျူရို့အေရီးမှ ကီလိုမီတာ ၆၀၀ ကွာဝေးသည်။ လာဂိုအက်ပီချန် သည် အခြားသော တောင်ကြားရေကန်များနှင့် တူညီသော်လည်း ယင်းကန်၏ထူးခြားချက်မှာ ရေကန်တွင် ရှိနေသည့် ဆားပျော်ဝင် မှု အဆင့်သည် ပင်လယ်သေပြီးလျှင် ဒုတိယ အများဆုံးဖြစ်သည်။ယင်းကန်တွင် ဆားပျာ်ဝင်နေမှုသည် ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ အားလုံးရှိဆားပါဝင်မှုထက် ၁၀ဆခန့် ပိုမို များပြားသည်။
မြို့နေ လူဦးရေသည် ၁၉၇၀ ပြည့်နှစ်များတွင် အများဆုံးဖြစ်ခဲ့ကာ လူဦးရေ ၅၀၀၀ ကျော်နေထိုင်ခဲ့သည်။လုပ်ငန်းရှင် ဦးရေ ၃၀၀ နီးပါးသည်ထိုဒေသသို့ ပြောင်းရွှေ့လာကြကာ ဟိုတယ်များ၊ လူနေဆောင်များ၊ အလှပြင်ခန်းများ၊ပြတိုက်များ တည်ဆောက် ခဲ့ကြသည်။ထိုစဉ်ကာလများတွင် ရာသီဥတုဖောက်ပြန်ခဲ့ကာ ပုံမှန်ထက် များပြားသော မိုးများက အနီးဝန်းကျင်တောင်တန်းများ ပေါ်သို့ ရွာသွန်းချခဲ့သည်။ လိုဂိုအက်ပီချန်သည် ရေများ အဆမတန်ပြည့်လာပြီး၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အင်အား ကြီးမားသော ရေလုံးများစီးကျ၍ တမံပေါက်သွားခဲ့ပြီး မြို့ကို ရေများ ဖုံးလွှမ်းသွားခဲ့သည်။၁၉၉၃ ခုနှစ်တွင် မြို့ကို ၁၀ မီတာခန့်အထိ ရေများ ဖုံးသွားခဲ့သည်။
၁၉၈၅ ခုနှစ်မှစ၍ နှစ် ၂၅ နှစ်ကြာသည့် တိုင်အောင်ရေများ ရှိနေခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲမှု များကြောင့် ရေက တစ်ဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ဗီလာအက်ပီချန် သည် ပြန်လည်ပေါ်ထွက်လာခဲ့သည်။သို့သော် မြို့သို့ ပြန် လာကြသူ တစ်ဦးသာရှိခဲ့ရာ အသက် ၈၁ နှစ်အရွယ်ရှိ ပါဗလိုနိုဗက်အမည်ရှိ အဖိုးအိုဖြစ်ပေသည်။
၄။ စိန့်နီကိုလတ်စ်
ဘောလ်ကန်ဒေသ၏ အမြင့်ဆုံးရေတံခွန် ၏ မလှမ်းမကမ်းတွင် မက်ဆီဒိုနီးယားနိုင်ငံ၏ အမျိုးသားဥယျာဉ်တစ်ခုဖြစ် သော မက်ဗရိုဗိုကန်ုတွင်ရှိသည်။ ထိုကန်သည် ရေအောက်မှ တစ်ဝက်တစ်ပျက်ထွက်နေသည့် ခရစ်ယာန်ကျောင်းကြောင့် ထင်ရှားသည့် ခရီး သွားနယ်မြေတစ်ခုဖြစ်လာခဲ့သည်။ထိုနေရာတွင် စိမ်းလန်းသော မြက်ခင်းတောင်တန်းများအကြားမှ အသက်ရှူမှားဖွယ်ရှုမျှော်ခင်း များနှင့် အတူနှင်းဖုံးတောင်များကို မြင်နိုင်သည်။ ထိုဒေသအနီးတွင် တည်ဆောက်ထားသည့် ဓာတ်အားပေးစက်ရုံသို့ ရေများ ပေးပို့ နိုင်ရန် တူးဖော်ထားသည့် လူလုပ်ရေကန်ကြောင့် စိန့်နီကိုလတ်စ် ခရစ်ယာန်ဝတ်ပြုကျောင်းသည် ဒုက္ခသည် တစ်ဦးပမာ ရေပြင် တွင် တစ်ဝက် နစ်မြုပ်နေပေသည်။
ဝတ်ပြုကျောင်း၏ အပေါ်ပိုင်းတစ်ဝက်ကို ယနေ့တိုင်မြင်နိုင်သည်။ကျောင်း၏ အပျက်အစီးများပေါ်တွင် မြက်ပင်များ ပေါက် ရောက်နေကာ ခေါင်မိုးများသည်လည်း ပျက်စီးစပြုနေပြီဖြစ်သည်။ထိုပျက်စီးနေသည့် ရေအောက်မှ အဆောက်အအုံသည် လာရောက်ကြည့်ရှုများအား များစွာစိတ်ဝင်စားစေလျက်ရှိကာ နှစ်စဉ် ခရီးသည်များစွာ လာရောက်လည်ပတ်ကြည့်ရှုလေ့ရှိသည်။
၅။ ရေအောက်ဥယျာဉ်
သြစတြီးယားနိုင်ငံ၊ စတိုင်ရီယာဒေသတွင် ကန်စိမ်းဟုခေါ်သည့်အစိမ်းရောင်ရေကန်တစ်ခုရှိသည်။ ကန်အနီးရှိ နှင်းဖုံး တောင်တန်းများမှ ရေများသည် ကန်အတွင်းသို့ တစ်ဖြည်းဖြည်းစီးဝင်လျက်ရှိပြီး လှပသောရှုခင်းများနှင့် အတူ ကန်ရေသည် မြသား ရောင်ကဲ့သို့ စိမ်းနေသည်။ ဆောင်းရာသီတွင် ရေခဲများမပျော်မီ အချိန်၌ ကန်ရေပြင်အနက်သည် တစ်မီတာမှ နှစ်မီတာအထိ သာရှိပြီးထို အချိန်တွင် ကန်၏ ရေမရှိသော နေရာများကို အပမ်းဖြေဥယျာဉ် တစ်ခုအဖြစ်အသုံးပြုလေ့ရှိသည်။
နွေရာသီသို့ ရောက်ချိန်တွင် တောင်တန်းများအောက်ခြေရှိ ချိုင့်ဝှမ်းတွင် ရေများ၁၂ မီတာ အမြင့်အထိ ပြည့်လာကာ အပန်းဖြေ ဥယျာဉ်သည် ရေအောက်ဥယျာဉ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ထိုနေရာသည် လေထုညစ်ညမ်းမှုလုံးဝမရှိသော နေရာတစ်ခုဖြစ်သကဲ့သို့ကမ္ဘာလှည့် ခရီးသည်များ၊ တောင်တက်သမားများ၊ စခန်းချနေထိုင်လိုသူများ၊ စွန့်စားလိုသူများ မျက်စိ ကျသော နေရာတစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်။
၆။ ရေအောက်မှ မြို့ငယ်လေး
တရုတ်နိုင်ငံတွင် မြေငလျင်ကြောင့် ရေမြုပ်ခဲ့သည့် မြို့ငယ်လေးသည် ရေအောက်တွင် ငါးနှစ်ကြာတည်ရှိခဲ့ပြီး ပြန်လည်ပေါ် လာ ခဲ့သည်။၂၀၀၈ ခုနှစ် တွင် တရုတ်နိုင်ငံ စီချွန်ပြည်နယ်၊ ဘိန်ချွန်ရှိ မြို့ငယ်လေးသည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ကာ မြို့ပေါ်ရှိ လူနေ အိမ်များ၊ ရုံးအဆောက်အဦများနှင့် မူလတန်းကျောင်းတစ်ကျောင်းအပါအဝင် အဆောက်အအုံ ၁၀ လုံးသည် ရေအောက်သို့ ရောက်ရှိ သွားခဲ့သည်။ ပြင်းအား ရှစ် ရစ်ချက်စတာစကေးရှိသောငလျင်က မြို့ငယ်လေးကို တားဆီးထားသည့် ရေကန်ကြီးကို ကျိုးပေါက် သွားစေခဲ့သည်။ သို့သော် ငလျင်လှုပ်ခတ်ပြီး ငါးနှစ်အကြာတွင် ရေများကျဆင်းခဲ့သဖြင့် ရေအောက်မှ ပြန်လည်ပေါ်ထွက်လာသော မြို့ ပျက် လေးသည် ထူးခြားသော မြင်ကွင်းပုံရိပ်များကို ပြသလျက်ရှိသည်။
၇။ နီဗာဒါ အောက်မှ ပျောက်ဆုံးနေသာမြို့
လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့်က ကော်လိုရာဒိုမြစ် ရေမျက်နှာပြင်မြင့်တက်ခဲ့မှုကြောင့် စိန့်သောမတ် အမည်ရှိ မြို့ကလေး သည် ရေအောက်သို့ နစ်မြုပ်ခဲ့သည်။ ထိုမြို့ငယ်လေးအနီးတွင် ရေလှောင်တမံတစ်ခုတည်ဆောက်ရန် ရန် မိဒ်ရေကန်ကို ဖန်တီး ခဲ့သဖြင့် ရေအောက်သို့ နစ်မြုပ်ခဲ့ရသော မြို့၏ အပျက်အစီးများကို ယခုအခါ ပြန်လည်မြင်တွေ့စပြုနေပြီဖြစ်သည်။မိုးခေါင်မှုကြောင့် သမိုင်း တစ်လျောက် အနိမ့်ဆုံးရေမှတ်သို့ ကျခဲ့သည့် ယင်းဆည်အတွင်းမှ မြို့ အစိတ်အပိုင်းများထွက်ပေါ်လာသည်။
စိန့်စ်သောမတ်မြို့သည် ၁၈၆၅ ခုနှစ်တွင် နီဗာဒါတောင်ပိုင်း သို့ သာသနာပြုရန်စေလွှတ်ခြင်းခံရသော ခရစ်ယန် ဘာသာ ဝင် များတည်ခဲ့သော ရှေးဟောင်းမြို့တစ်ခုဖြစ်သည်။ယင်းနေရာတွင် ဝါဂွမ်းစိုက်ပျိုးရန်နှင့် ခရစ်ယာန်သာသနာ ဘုရားကျောင်း တစ်ခု တည်ထားနိုင်ရန် မဒ်ဒီ နှင့် ဗာဂျင်မြစ်ဆုံတွင်ထိုမြို့ကို တည်ခဲ့သည်။ ဝေးလံသော နေရာသော ဖြစ်သဖြင့် ၁၉၃၈ ခုနှစ် ၊ ရေလွှမ်း ခံရ ချိန်တွင် မြို့ လူဦးရေသည် ၅၀၀ သာရှိခဲ့သည်။ ရေအောက်တွင်မြုပ်နေသည့် စိန့်သောမတ် ၏ မြို့ပန္နက်ကို ၂၀၀၃ ခုနှစ်တွင် ငါးဖမ်း လုပ်သားများက စတင်တွေ့ရှိခဲ့ သည်။ ယခုအခါတွင် ရေအောက်မြို့ဟောင်း၏ မြင်ကွင်းများက ချုံများဖြင့် ဖုံးအုပ် နေသည်။
၈။ ရေအောက်မှ ၃၃ နှစ်ကြာ ဝတ်ပြုကျောင်း
ဗင်နှီဇွဲလားနိုင်ငံ၊ တာရှီလာဒေသရှိ ဆည်မြောင်းကြီးအတွင်းသို့ ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်းက ငါးဖမ်းသူများနှင့် နေ့ခရီးထွက်ကြသူများသည် လှေများဖြင့် လာရောက်လေ့ရှိခဲ့သည်။ရင်ထိတ်ဖွယ် ရှုခင်းများ၊ရေပြင်မှထွက်ပေါ်နေ သည့် လှပသော နံရံကပ် မှိုပင်များအကြားတွင် ရေအောက်မှ တစ်စုံတစ်ခုတွင် လှေများကို ကျောက်ချရပ်နားလေ့ရှိကြသည်။ ထိုကျောက်ဆူး ချ သည့် နေရာ၏ ရေအောက် အနက်ပိုင်းတွင် ကြီးမားသော အရာတစ်ခုခုတွင် ချိတ်မိနေကြောင်း သတိပြုမိခဲ့ကြသည်။
၂၀၀၈ ခုနှစ်တွင်ကြက်ခြေခတ် ပုံသဏ္ဍာန် အရာတစ်ခုသည် ရေမျက်နှာပြင်နှင့် တဖြည်းဖြည်းနီးကပ်လာကာ နောက်ဆုံး တွင် ဂေါသစ်လက်ရာ အဆောက်အဦ တစ်ခုရေအောက်တွင်ရှိနေကြောင်းသိရှိလာခဲ့ရသည်။ထို ကြက်ခြေခတ်ပုံ အရာသည် အလွန်ကြီးမား သော အဆောက်အဦ တစ်ခုရှိနေကြောင်းပြသနေသည့် သဲလွန်စ တစ်ခုဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ဆည်အတွင်းမှ ရေများ အားလုံးနီးပါးလျော့ကျသွားချိန်တွင်အလွန်ကြီးမားသော ခရစ်ယာန် ဝတ်ပြုကျောင်းကြီးတစ်ခုပေါ်ထွက်လာခဲ့သည်။
ထိုခရစ်ယာန် ဘာသာရေးဝတ်ပြုကျောင်းသည်၁၉၈၅ ခုနှစ်တွင် ရေအားလျှပ်စစ်ဓာတ်အားစီမံကိန်းအတွက် မြို့လုံး ကျွတ် ပြောင်းရွှေ့ပေးခဲ့ရသည့်ပိုတိုစီ မြို့မှ ဝတ်ပြုကျောင်းဖြစ်ကြောင်းတွေ့ရှိကြရသည်။စီမံကိန်းလုပ်ငန်းဆောင်ရွက်ရန် ရေလှောင် တမံ ကြီး တစ်ခုကို တည်ဆောက်ခဲ့ရာမှ ရေအောက်တွင် နှစ်ပေါင်း၂၀ ကြာ မူလအနေအထား အတိုင်း ကျန်ရှိနေသည့် အဆောက် အအုံသည် တစ်ချိန်က မိုးထိုးနေသည်ဟု ယူဆရသည့် ဝတ်ကျောင်းထိပ်မှ ကြက်ခြေခတ် ပင်ဖြစ်ပေသည်။
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၆ ခုနှစ် ဧပြီလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ
Discussion about this post