Dettifoss ရေတံခွန်ဟာ အိုက်စလန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်က Vatnajökull အမျိုးသားဥယျာဉ်နယ်မြေထဲမှာ တည်ရှိပြီး ဥရောပရဲ့ရေစီးအားအပြင်းဆုံးရေတံခွန်အဖြစ် နာမည်ကျော်ပါတယ်။ Dettifoss ရဲ့အဓိပ္ပါယ်က ပူပေါင်းထနေသော လို့အဓိပ္ပါယ်ရပြီး ဒီရေတံခွန်ကို ဥရောပရဲ့ နိုင်ဂါရာရေတံခွန်လို့လည်းခေါ်ကြပါသေးတယ်။ ပျမ်းမျှအားဖြင့် တစ်စက္ကန့်ကို ၁၉၃ကုဗမီတာ ရေစီးအားရှိပြီး ရာသီဥတုပြင်းထန်တဲ့အခါ နဲ့ မီးတောင်ပေါက်ကွဲမှုတွေရှိတဲ့ အခါတွေမှာတော့ ၅၀၀ ကုဗမီတာခန့်အထိ ရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ရေတံခွန်ဝန်းကျင်က ကျောက်ဆောင်တွေဟာ ပြင်းထန်စွာတုန်ခါနေလေ့ရှိပါတယ်။
ဒီရေတံခွန်ဟာ Vatnajökull ရေခဲတောင်ကနေ စီးဆင်းနေတဲ့ Jökulsá á Fjöllum မြစ်မှာတည်ရှိတာဖြစ်ပြီး အကျယ်အားဖြင့် မီတာ ၁၀၀ အနက်အားဖြင့် ၄၅မီတာ ရှိပါတယ်။ ရေတံခွန်က ရေတွေဟာ Jökulsárgljúfur ချောက်ထဲကို အဆက်မပြတ်စီးဆင်းနေပါတယ်။ ဒီရေတံခွန်မှာ ဒုတိယရေတံခွန်နှစ်ခုရှိနေပါသေးတယ်။ ဒီရေတံခွန်တွေကတော့ တောင်ဘက်ကီလိုမီတာ အနည်းငယ်မှာရှိနေတဲ့ Selfoss ရေတံခွန် နဲ့ မြောက်ဘက် ကီလိုမီတာ အနည်းငယ်မှာရှိနေတဲ့ Hafragilsfoss ရေတံခွန်တွေဖြစ်ပါတယ်။
ရေတံခွန်က စီးကျနေတဲ့ရေအရောင်ဟာ ပုံမှန် အိုင်စလန်မြစ်တွေကရေအရောင်နဲ့ မတူပဲ ညိုညစ်ညစ်ဖြစ်နေတာကိုတွေ့ရမှာပါ။
ကမ္ဘာလှည့်ခရီးသွားတွေဟာ ဒီရေတံခွန်ရဲ့ မျက်နှာခြင်းဆိုင်ကမ်းပါးပေါ်ကနေ ရေတံခွန်ကိုကြည့်ရင်း ဆူညံနေတဲ့ရေစီးကျသံတွေကို နားထောင်ရတဲ့ အရသာကို အလွန်နှစ်သက်ကြပါတယ်။
VIDEO
Discussion about this post